အပိုင်း ( ၇၉ ) - ရှောင်ကလန်၏ တန်ပြန်တိုက်စစ်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated by Kaung Myat
ရှောင်ယွင်၏ လှျှို့ဝှက်အကူအညီဟုလည်း ဆိုနိုင်သော အနာကျက်ဆေးပုလင်းမြောက်များစွာကို တိုးတိုတ်စွာ ရရှိထား ပြီးဖြစ်သည့်အပြင် ရှောင်ကလန်သည် ဆေးပုလင်းသတင်းအား လုံးဝ အပြင်ကို မပေါက်ကြားစေဘဲ လျှို့ဝှက်ထားကြသည်။ ဂျားလီကလန်အား တန်ပြန်တိုက်စစ်ဆင်ရန်အတွက် ပြင်ဆင်စရာရှိ သည်များကို လျှို့ဝှက်စွာဖြင့် စတင်လုပ်ဆောင်ထားကြသည်။
အစည်းအဝေးခန်းမအတွင်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စအား လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားကြဖို့ကိုလည်း ရှောင်ကျန်း နှင့် အကြီးအကဲသုံးယောက်က အမိန့်ပေးထားသည်။ အထူးသဖြင့် အနာကျက်ဆေးနှင့် ပတ်သတ်သည့် အရာအားလုံးကို ပြင်ပလူတစ်ယောက်ယောက်ကိုအား လုံးဝကို ပြောပြမိခြင်း မပြုရပါဘူး။ ပြောခဲ့မိ၍ သတင်းပေါက်ကြားသွားခဲ့လျှင် ထိုလူကိုယ်တိုင်အား မျိုးနွယ်စည်းမျဉ်းနှင့်အညီ အပြစ်ဒဏ် စီရင်ခြင်းခံရမည်။
ရှောင်ကလန်က တိတ်ဆိတ်ငြိမ်ဝပ်နေလေ ဂျားလီကလန်၏ အပြုအမူတွေက ပိုပိုပြီး မောက်မာလာခဲ့သည်။ ရှိသမျှနည်းလမ်း ပေါင်းစုံတွေအား အသုံပြုကာ ရှောင်မျိုးနွယ်၏ ဖောက်သည်မျာကို ပင် သိမ်းသွင်းဖြားယောင်းကြလေသည်။ သို့ပေမဲ့ ရှောင်ကလန်က တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ရှောင်ကလန်က လှုပ်ရှားမှုမရှိဘဲ ထိုင်ကြည့်နေသည်ကို မြင်သည့် အခါ တချို့သော စီးပွားရေးမိတ်ဖက်ငယ် တို့သည် စိတ်ပျက်လာကြ ကာ သူတို့ကိုယ်သူတို့ စီးပွားရေး ကာထေမိရန်အတွက် တိတ်တဆိတ်စွာ အကွက်တွေ ရွှေ့လာကြတော့သည်။
အနေအထားမှာ ပုံမှန်ထက် အနည်းငယ်ထူးဆန်းနေသည်ဟုဆိုရ မည်။ နောက်ထပ် နေ့ရက်နှစ်ရက်သည် တိတ်ဆိတ်စွာဖြင့် ကုန်လွန် သွားပြန်သည်။
နောက်နေ့မနက်တွင် နေရောင်များ ထွန်းလင်းတောက်ပနေကာ နေသာသော နေ့တစ်နေ့ဟုပင် ဆိုနိုင်သည်။ ဂျားလီကလန်၏ ဈေးဆိုင်နေရာများတွင် ထုံးစံအတိုင်းပင် ပူပူအိုက်အိုက်ဖြင့် ဈေးဝယ်သမားများ ပြည့်နှက်နေလျက်ရှိသည်။ ဈေးလမ်းမကြီးတွင် လူများ တိုးဝှေ့နေကြပုံမှာ ရေစီးဆင်းနေသည့်အလား ထင်မှတ်ရ တော့သည်။ နွေဦးပြန်လာခြင်းဆေးကို ရောင်းသည့်ဈေးတန်းတွင်မူ လူတွေမှာ ပို၍ပင် များပြားကြပ်သိပ်နေလျက်ရှိသည်။ အော်ဟစ်သံ၊ အော်ငေါက်သံများ လုံးထွေးသတ်ပုတ်သံများပင် တစ်နေရာထဲတွင် ပဲ စုဝေးထွက်ပေါ်နေသကဲ့သို့ ရှိ၏။ နားကွဲလုမတတ် ဆူညံသံများ သည် အထက်ဘဝဂ်တိုင်အောင် ထိုးဖောက်ပျံ့နေသည်အလား ရှိနေသည်။
အညိုရောင်ဆေးရောင်းကောင်တာ၏ အနောက်တွင် ဂျားလီကလန် လူယုံဖြစ်သော ဆေးရောင်းသမားတစ်ယောက်သည် ဆေးလုံးရရန် အတွက် ဆေးဆိုင်အဝင်ဝတွင် ငြင်းခုံအခြေအတင်ဖြစ်နေကြသော ကြေးစားအမဲလိုက်သမားများကို ကြည့်နေလေသည်။ သူ့၏ မျက်နှာတွင် ပြုံးနေသော အပြုံးမှာ ဂုဏ်ယူနေသည့်ဟန် ရှိနေပေ၏၊ ဆေးလုံးကို ရောင်းပေးမဲ့သူတစ်ယောက်အတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ သူသိပြီးသား ဖြစ်ပေလိမ့်မည်။
ဂျားလီကူ ဆိုသည်မှာ ဂျားလီကလန်၏ အတွင်းလူစစ်စစ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ဂျားလီကလန်၏ လူအစည်ကားဆုံး ဈေးဆိုင်နေရာမှာ တာဝန်ချထားခြင်း ခံရသည်။
ဆေးဆိုင်ခန်းမ၏ ဒုတိယအထပ်မှာ မတ်တပ်ရင်နေရင်း ဂျားလီကူသည် လမ်းမကြီပေါ်တွင် စည်းကားစွာ ရှိနေသော လူအုပ် ကို အပေါ်စီးကနေ ကြည့်နေလျက်ရှိသည်။ အဆီတဝင်းဝင်းနှင့် အစ်ထနေသော မျက်နှာမှာလည်း အားရကျေနပ်နေသော အပြုံးများက ပြည့်တင်းနေလျက် ရှိသည်။
အခုတလောမှာ နွေဦးပြန်လာခြင်းဆေးလုံးမှာ သူတို့တွက်ချက်ထား သည်ထက်ပင် ပို၍ ရောင်းကောင်းနေသည်။ အမြတ်အစွန်းများစွာ ရရှိလာ၍ ဂျားလီကလန်သည် လောဘအတောမသတ်နိုင်လောက် အောင် ဖြစ်လာကာ ဆေးလုံးဈေးနှုန်းကိုလည်း ရွှေဒင်္ဂါး တစ်ရာက နေ သုံးရာအထိ တိုးမြှင့်ရောင်းချလိုက်ခဲ့ကြသည်။
ပထမတော့ ကြေးစားအမဲလိုက်သူတို့သည် ဈေးနှုန်းတိုးသွားခြင်း ကြောင့် မကျေမနပ်ဖြစ်သွားကြပေမဲ့လည်း နွေဦးပြန်လာခြင်း ဆေးကို ရောင်းချပေးသူ တခြားမရှိ၍ အချိန်တစ်ခုလောက်သာ စီစိညံညံ ဖြင့် အတွန့်တက်ခဲ့ကြသည်။ နောက်တွင်တော့ သူတို့သည် ဈေးနှုန်း ကို လက်မခံချင်ဘဲ လက်ခံလိုက်ရတော့သည်။
ဂျားလီကူသည် သံစဉ်တစ်ခုကို တိုးတိုးလေး ညည်းညူနေရင်း လူအုပ်ကြီးအား မျက်စိတဆုံးကြည့်လိုက်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“ မင်းမဝယ်ရင်လည်း တခြားသူတွေက ဝယ်ကြမှာပဲလေ.. ”
ဂျားလီကူသည် နေရောင်ကို အဆီများဖြင့် ဝတစ်နေသော လက်တံတိုဖြင့် ကာလိုက်ရင်း ဆေးဆိုင်ဒုတိယအထပ်မှာ ဆက်လက် မနေနိုင်တော့ပါဘူး။ နဖူးပြင်က ချွေးအား သုတ်လိုက်ရင်း ညည်းလိုက်သည်။
“ အမလေး.. ပူလိုက်တဲ့ နေ့တစ်နေ့ပါလား.. ဒီညတော့ အေးမြသွားအောင် ငါ့ရဲ့ ပူလောင်စိတ်တွေကို ထုတ်လွှတ်ဦးမှပါ.. ဟိဟိ.. ပြီးခဲ့တဲ့အခေါက်က မိန်းကလေးငယ်ငယ်ချောချော တွေ ငယ်ရွယ်တက်ကြွပြီး ကျေနပ်စရာပဲ.. ”
ဂျားလီကူ ထိုနေရာအကြောင်းကို ပြန်တွေးမိလိုက်ရာ စိတ်မရှည်သလိုပင် ဖြစ်လာသည်။ နဖူးက ချွေးစက်များကို တစ်ခါ ပြန်သုတ်လိုက်သည်။ ထိုစဉ် ဆေးဆိုင်အ၀င်တွင် ရုတ်တရက် ဆူဆူညံညံ ဖြစ်ပွားခဲ့ရာ သူ မျက်မှောင်ကြုတ်လိုက်သည်။
“ အာ.. ချကြပြန်ပြီးလား..? ဒီကောင်တွေတော့ ဗလပဲရှိပြီး ဦးနှောက်လည်း မရှိကြဘူး..ဒီပစ္စည်းတွေ ကျိုးပဲ့သွားခဲ့ရင် ဘယ်လောက် လျော်ရမလဲဆိုတာ မသိကြဘူးလား.. ”
ရုတ်ရုတ်သဲသဲ ဖြစ်နေသောနေရာဆီကို ကြည့်ရင်း ဒေါသတကြီး ဖြင့် ဆဲရေးလိုက်သည်။
“ ရှောင်ကလန်ရဲ့ ဈေးဆိုင်တွေမှာလည်း အနာကျက်ဆေးတွေ စရောင်းနေပြီးကွ ”
ဂျားလီကူတစ်ယောက် ရုတ်ရုတ်သဲသဲ ဖြစ်နေရာဆီကို အစောင့်များ အား လွှတ်ပြီး ထိန်းခိုင်းရန် ဟန်ပြင်လိုက်သည့်အချိန်၌ လမ်းမကြီး ပေါ်ကနေ ကျယ်လောင်သော အော်သံတစ်ခုကို ရုတ်တရက် ကြား လိုက်ရသည်။
ရုတ်တရက်အော်လိုက်သော အသံကို ဂျားလီကူ ကြားလိုက်ရသည့် အချိန်တွင် သူ့တစ်ကိုယ်လုံးရှိ အဆီပြင်များ ပင်လယ်ရေလှုပ်ခတ် သည့်အခါ တုန်ခါသွားသည်။ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့ပေမဲ့ ခဏမျှအကြာတွင် သူသည် လှောင် ပြောင်ကာ ပြောလိုက်သည်။
“ ကြည့်ရတာ ရှောင်ကလန်မှာ မျှော်လင့်ချက်ကုန်နေပြီးပုံပဲ.. ဒီလိုလှည့်ကွက်နဲ့ လုပ်ရဲတယ်.. သေချင်နေကြတာ ဖြစ်မယ်.. ”
ထိုသို့သော အော်သံကြောင့် လမ်းမထက်က ပူညံလှုပ်ရွနေသော လူအုပ်ကြီးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။ ထို့နောက် တုန်လှုပ်ချောက်ချားဟန်ဖြင့် တစ်ယောက်ချင်းစီကို ကြည့်လိုက်ကြ ကာ လူအုပ်ကြီးသည် တဖန် အော်ဟစ်ဆဲရေးလိုက်ကြသည်။
“ ခွေးသားတွေ ဒီလိုညစ်ပတ်တဲ့ နည်းလမ်းနဲ့ ငါ့နေရာကို လုဖို့ ကြံစည်နေတာလားဟေ့ ငါတန်းစီနေရတာ နေ့တစ်ဝက်ရှိနေပြီးကွ ”
အော်ဟစ်ဆဲဆိုလိုက်ကြပြီးနောက် လူအုပ်ကြီးသည် နွေဦးပြန်လာ ခြင်းဆေးလုံးအား တိုးကြိတ်စောင့်ဆိုင်းနေကြပြန်သည်။
ဒါပေမဲ့ လူတိုင်းတော့ ထိုအတွေးမျိုး မရှိပါဘူး။ ဂျားလီကလန်၏ တင်စီးသော လုပ်ရပ်တွေကြောင့် ဖျားနာပြီး ပင်ပန်းနေသော ကြေးစားအမဲလိုက်သအချို့က သွားကြည့်ကြဖို့ ဆုံးဖြတ်ကြသည်။ ခနတာမျှ တွေဝေနေကြပြီးနောက် သူတို့သည် လမ်းမဘက်ကို တိုးထွက်ကာ ရှောင်ကလန်၏ ဈေးဆိုင်ဘက်ကို သွားကြသည်။ တချို့က မယုံသင်္ကကာ ဖြစ်နေကာ တချို့ကတော့ ယုံကြည်ကြသည်။
အပေါ်ထပ်ကနေ ရပ်ကြည့်နေသော ဂျားလီကူသည် လမ်းမပေါ် တွင် ယခုအထိ တိုးကြိတ်များပြားနေဆဲ ရှိနေသာ လူအုပ်ကို ကြည့်ကာ ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ပြီး ပြောသည်။
“ ရှောင်ကလန်.. ဟားဟား.. မင်းတို့ဘယ်လောက်အထိ ကြိုးစားဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့.. နောက်ဆိုရင် ဝူတန်မြို့မှာ ငါတို့ ဂျားလီကလန်ကပဲ အကြီးဆုံးကလန် ဖြစ်လာ တော့မှာကွ.. ဘာတဲ့ အင်အားတူ ကလန်ကြီးသုံးခု.. ဟားဟား… အဲ့ဒါတွေ အတိတ်မှာ ကျန်ခဲ့တော့မှာဟ.. ”
ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကြားထဲမှာ အော်ဟစ် သွားသောအသံ၏ အကျိုးသက်ရောက်မှုကား ကျယ်ပြောလှသော ပင်လယ်ထဲကို သစ်ခက်တစ်ခက် ပြုတ်ကျသွားသည့်နှယ်ပင်။ ဂျားလီကလန်၏ ရောင်းကောင်းနေမှုကို တုတ်တုတ်မျှပင် လှုပ်ခတ် စေခြင်းငှား မတတ်စွမ်းနိုင်ခဲ့ပါဘူး။
အော်ဟစ်လိုက်သည့်အသံ ပြီးနောက် နောက်နာရီဝက်အကြာတွင် ကြေးစားအမဲလိုက်ဝတ်စုံ ဝတ်ဆင်ထားသော တုတ်ခိုင်သန်မာသည့် လူအနည်းငယ်တို့သည် ဂျားလီကလန်ဈေးဆိုင် နေရာဝင်ပေါက်ဆီကို ရောက်လာကြသည်။ ကြမ်းတမ်းစွာဖြင့် ဈေးထဲကို တရကြမ်းတိုးဝင်သွားကြပြီး အစောင့်တွေဆီကိုလည်း တိုးဝင်တွန်းတိုက်လိုက်ကြသည်။ ထို့နောက် ရွှင်မြူးနေသာ မျက်နှာဖြင့် လက်ထဲက ကျောက်စိမ်းပုလင်းများကို လေထဲမြှင့် မြှောက်လိုက်ကြပြီး တစ်ပြိုင်နက်လိုလိုပင် အသံတူ အော်ဟစ် လိုက်ကြရာ လူအများ၏ ဆူညံပွက် လော်ရိုက်ခတ်သံတို့အား ကျော်လွန်ဖုံးလွှမ်းသွားချေသည်။
“ ရှောင်ကလန်မှာလည်း အနာကျက်ဆေးတွေ ရောင်းနေပါပြီး.. ”
ညီညီညာညာ ပြိုင်တူအော်ဟစ်လိုက်သံက ဈေးတစ်ခုလုံးကို တိတ်ကျသွားစေခဲ့သည်။ လူအားလုံးတို့သည် အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြပြီနောက် သူတို့မျက်ဝန်းတွင် နားလည်လိုက် သည့် အငွေ့အသက်များ ဖြတ်သန်းသွားခဲ့ကြသည်။
အစောပိုင်းက တရကြမ်းတိုးဝင်လာကြသော ကြေးစားအမဲလိုက် သမားများထဲမှ တစ်ယောက်သည် ဘေးနားရှိ ကျောက်တုံးကြီး တစ်တုံး အပေါ်ဆီကို ခုန်တက်လိုက်သည်။ ချွင်း ဆိုသော အသံနှင့်တူ ခါးဘေးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်ယူ လိုက်ကာ အံကို ကြိတ်ပြီး သူ့လက်မောင်းအား ဓားဖြင့် လှီးချ လိုက်သည်။ ထိုအခါ သွေးစိမ်းရှင်ရှင်များသည် လက်မောင်းကနေ တစ်ဆင့် သွေးစီးကြောင်းများ ဖြစ်ကာ တရစပ် စီးကျလာခဲ့သည်။
ထို့နောက် သွေးထွက်နေသာ လက်မောင်းကို လူအများအား မြင်သာအောင် မြှောက်ပြလိုက်ပြီးနောက် တခြားလကတစ်ဖက်တွင် ဆုပ်ကိုင်ထားသော ကျောက်စိမ်းပုလင်းအား စောင်းငဲ့လိုကှ်ု ပျစ်နှစ်စေးကပ်သော ကြက်သွေးအရောင်အရည်အား သူ့ဒဏ်ရာ အပေါ်ကို တဖြည်းဖြည်း လောင်းချလိုက်သည်။
လူအများ စောင့်ကြည့်နေသော အကြည့်အောက်မှာပဲ ပျစ်နှစ်စေး ကပ်သော ကြက်သွေးရောင် အရည်သည် ဒဏ်ရာအား ဖုံးလွှမ်း သွားသည်။ မကြာမီမှာပဲ တိုးထွက်နေသော သွေးစီးကြောင်းသည် တဖြည်းဖြည်း အထွက်နှေးလာကာ အများ၏ အံ့သြနေသော အကြည့်များအောက်မှာပဲ ထွက်ရှိနေသော သွေးများသည် ဓားဒဏ်ရာအပေါ်တွင် အလွှာတစ်ခုလို ခြောက်ကပ်သွားသည်။
လမ်းမကြီးပေါ်တွင် ယင်းအဖြစ်ကို မျက်လုံးဖြင့် တပ်အပ်မြင်လိုက် သူအပေါင်းတို့သည် ရုတ်ခြည်းပင် စိတ်အားထက်သန်သွားကုန် ကြသည်။ ဒီလို အနာကျတ်နှုန်း မြန်ဆန်နေခြင်းက ဘယ်တိုက်ပွဲ မှာမဆို လိုအပ်တဲ့ အရာပဲ။
“ ဒီဆေးက ရှောင်ကလန်ရဲ့ ဈေးဆိုင်နေရာတွေမှာ ရောင်းချနေတဲ့ ဆေးအသစ်ပဲ.. သွေးတိတ်ဆေးလို့ခေါ်တယ်.. ဆေးအစွမ်းက လည်း ပိုထက်တယ်.. ဈေးနှုန်းကလည်း နွေဦးပြန်လာခြင်းဆေးလုံး ထက် တစ်ဝက်သက်သာတယ်.. ဟေ့ မင်းတို့ ဘာရပ်စောင့်နေကြ ဦးမှာလဲ.. အရူးတွေလို ငွေညှစ်ခံနေရတာကို ပျော်နေကြတာလား.. မသွားကြသေးဘူးလား.. ”
သန်မာတောင့်တင်းသော ကြေးစားအမဲလိုက်သူတွေဟာ ကျောက်စိမ်း ပုလင်းကို ကိုင်ပြထားပြီး ပါးစပ်အကျယ်ကြီးဖြင့် အားပါတရ ရယ်မောလိုက်ကြသည်။
လမ်းမကြီးတစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဈေးထဲသို့ ဝင်လာခါစ ကြေးစားအမဲလိုက်သူတစ်ယောက်ဟာ သန်မာတောင့်တင်းသော ကြေးစားအမဲလိုက်သမားလက်ထဲက ကျောက်စိမ်းပုလင်းကို ငေးကြည့်ရင်းက ရုတ်ခြည်းပင် အနောက်လှည့်ပြီး ပြေးထွက်သွားလေသည်။
ဈေးကနေ ရုတ်ခြည်းပင် ပြေးထွက်သွားသော လူ၏နောက်ကျော ကို ငေးကြည့်ရင်း ဈေးထဲက လူအုပ်သည် လှုပ်လှုပ်ရွရွဖြစ်လာကြ ပြီး ထို့နောက် ကျယ်လောင်စွာဖြင့် တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက် ကြသည်။ သူတို့ ခပ်သုတ်သုတ် ခြေလှမ်းများက မြေပြင်ကိုပင် တုန်ခါစေလျက် ဈေးဆိုင်နေရာကနေ ဆောင့်နင်း၍ ထွက်သွားကြ သည်။
ကသုတ်ကရိုက်ဖြင့် ထွက်သွားကြသော လူအုပ်ကြီးကို ကြည့်ရင်း ကျောက်တုံးကြီးပေါ်ရှိ သန်မာတောင့်တင်းသော ကြေးစားအမဲလိုက် သမား၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးက ဖြစ်ပေါ်လာ၏။ ထိုစဉ် လေပြေကလည်း ထိုအမဲလိုက်သမား၏ အင်္ကျီကြားထဲကို တချက်ချက် တိုးဝင်တိုက်ခတ်နေရာ အင်္ကျီကြားထဲရှိ ရှောင်ကလန် တံဆိပ်က မသိမသာ ပေါ်နေလျက်ရှိသည်။
များပြားလှသော လူအုပ်.. ဆူညံပွက်လောရိုက်နေသော ဈေး..ယခုတော့ တိတ်ဆိတ်လျက်..။ တုံဏှိဘာဝေ ဖြစ်နေဆဲ ကုန်သည်တချို့နှင့် ဈေးလမ်းမကြီးပေါ်မှာ လူတစ်ယောက်တလေ သာ ရှိနေတော့သည်။
“ ရှောင်ကလန်… သူတို့ တန်ပြန်တိုက်စစ် စလိုက်ပြီးဟ ”
ဈေးလမ်းမကြီးပေါ်မှာ ကျီးဖုတ်ဖုတ် ရုတ်ခြည်းဖြစ်သွားသော အဖြစ်ကို ကြည့်ရင် ယင်းအတွေးတွေက ကုန်သည်တွေခေါင်းထဲကို ဝင်လာခြင်းဖြစ်သည်။
အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ထို့နောက် ခေါင်းကိုမော့ကာ အပေါ်ထပ်ရှိ ဂျားလီကူ ကို ကြည့်လိုက်သည်။ အမြဲတမ်း ရွှင်မြူနေသည့် ဖတ်တီးကြီးက ယခုတော့ ရပ်နေသော နေရာတွင် မလှုပ်မယှက်ဖြင့် မျက်နှာမှာ လည်း လူသေကောင်လို့ ဖြူဖျော့နေသည်။
ထိုအချိန်အတောအတွင်းမှာလည်း တခြားသော ဂျားလီကလန်ပိုင် ဈေးဆိုင်နေရာတွေမှာလည်း ထိုအဖြစ်မျိုး အလားတူ ဖြစ်ပွားနေကြ သည်။
++++++++
No comments:
Post a Comment