Followers

Chapter 40

40. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 40: အကြီးအကျယ်ထိတ်လန့်ခြင်း

.............

ဧည့်သည်တွေရော မျိုးနွယ်ထဲက လူတွေပါ တိတ်ဆိတ်
သွားကြသည်။ 

အားလုံးရဲ့မျက်လုံးတွေက အနက်ရောင်ကျောက်တိုင်
အပေါ်က ရွှေရောင်စာလုံး လင်းထွက်နေတာကို ငေး
ကြောင်ပြီ ကြည့်နေကြသည်။ ဧည့်သည်စင်မြင့်ပေါ်မှာ
လည်း ရေနွေးခွက် ကျကွဲသံတွေ စူးရှစွာ ထွက်ပေါ်လာ
သည်။ ဖိတ်ကြားထားတဲ့ ဝူတန်မြို့မှ ပုဂ္ဂိုလ်များဟာ အံ့
သြမှင်တက်နေပြီ မျက်နှာမှာလည်း မယုံကြည်နိုင်မှုတွေ 
ထင်ဟပ်လျက် ရှိသည်။ 

ယနေ့ ရှောင်မျိုးနွယ်ကို လာရောက်တယ်ဆိုတာ ကောလာ
ဟလအတိုင်း ရှောင်ယွင် တနှစ်တာအချိန်အတွင်း အဆင့်
လေးဆင့် တကယ်ပဲ ရောက်ခဲ့တာလားဆိုတာ မှန်မမှန် 
သူတို့ကိုယ်တိုင် မျက်မြင်လာရောက်ကြည့်ရှုပြီး အတည်ပြု
လိုခြင်း ဖြစ်သည်။ 

ဒါပေမဲ့ သူတို့ကိုယ်တိုင် မြင်လိုက်ရတာကတော့ ကောလာ
ဟလသတင်းက မှန်နေရုံသာမက သူတို့မျှော်လင့်ထား
သည်ထက်ပင် ကျော်လွန်နေသေးသည်။ 

တစ်နှစ်အတွင်း အဆင့်လေးဆင့်?? အခု အဆင့် ငါးဆင့်
ဖြစ်သွားပြီ.. ဒီလိုအလျင်မျိုးကို ဖော်ပြဖို့ စကားလုံးတစ်
လုံးပဲရှိတယ်.. အဲဒါက "အရမ်းကြောက်ဖို့ကောင်းတယ်.. "

" ရှောင်မျိုးနွယ်က နောက်တကြိမ် အောင်မြင်ခဲ့ပြီး.."
ဧည့်သည်တွေ တီးတိုးရေရွတ်လိုက်ကြသည်။ 
တစ်နှစ်အတွင်း အဆင့် ၅ ဆင့် ရောက်သွားနိုင်ခဲ့သည့်
မျိုးနွယ်သား တစ်ယောက်ရှိနေပြီမို့ ရှောင်မျိုးနွယ်
အနာဂတ်ဟာ တောက်ပလာတော့မည်။ 

" တကယ်လို့ ဒီနှုန်းအတိုင်းသာ ဆက်သွားနေရင် နောက်
ထပ် ၁၀ နှစ်လောက်ကျရင် ရှောင်မျိုးနွယ်မှာ Dou 
Huang တစ်ယောက် ရှိလာလိမ့်မယ်.. "
ဧည့်သည်စင်မြင်ပေါ်က ဧည့်သည်တွေဟာ တစ်ယောက်
မျက်နှာ တယောက်ကြည့်ပြီ အဲ့ဒီအတွေးတွေနှင့်အတူ 
 ရင်ထဲ လေးလံသွားကြသည်။ 

Dou Huang... ဂျားမာအင်ပါယာအတွင်း မည်သည့်မျိုး
 နွယ်တွင်မဆို အင်အားကြီးတဲ့ Dou Huang တစ်ယောက်
ရှိနေပြီဆိုရင် အဲ့ဒီမျိုးနွယ်ဟာ ဘာပဲပြောပြော အင်ပါယာ
အတွင်း ထိပ်ဆုံးကို ရောက်ရှိသွားမှာ ဖြစ်သည်။ အင်ပါယာ
အတွင်း အကြီးဆုံးမျိုးနွယ်စု ဖြစ်ကြတဲ့ ဂျားမာအင်ပါယာ 
မိသားစု၊ ပထမတန်းမိသားစု၊  နာလန်မိသားစု နှင့် မီအာ
မိသားစုတွေကတောင် လေးစားသွားရမည်ဖြစ်သည်။ 
ဂျားမာအင်ပါယာအတွင်းမှာ Dou Huang အဆင့် ရှိတဲ့သူ
တွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိသည်။ Dou Huang 
အဆင့်ရောက်ရှိနေသူ တစ်ယောက်၏ စွမ်းအားဟာဆို
လျှင် ကောင်းကင်ကနေ သမုဒ္ဒရာအထိ ဘယ်အရာမဆို ပြို
လဲစေနိုင်ပြီ ရန်သူတစ်သောင်းကိုပင် အလွယ်တကူ ရင်
ဆိုင်နိုင်သည်။ ဦးနှောက်မရှိတဲ့ အင်ပါယာတွေမှသာ ရလဒ်
အကျိုးဆက်ကို မတွေးဘဲ Dou Huang တစ်ယောက်ကို 
စော်ကားရဲမှာဖြစ်သည်။ 

လွန်ခဲ့သော အနှစ်သုံးရာအချိန်က ဂျားမာအင်ပါယာ၏ 
တစ်ဦးတည်းသော Dou Huang အဆင့် ကျင့်ကြံသူ
တစ်ယောက်၏ မိသားစုဟာ စစ်ပွဲကြောင့် သေဆုံးခဲ့ကြရ
သည်။ အကျိုးဆက်အားဖြင့် အဲ့ဒီ Dou Huang က
သူတစ်ဦးတည်းဖြင့် ရန်သူစစ်တပ်၏လက်ရွေးစင် စစ်သည်
တစ်သောင်းကို ဒေါသတကြီးဖြင့် အစုလိုက်အပြုံးလိုက်
သုတ်သင်သတ်ဖြတ်လိုက်သည်။ ဒီလို သွေးချောင်းစီးရ
ခြင်းကြောင့် နှစ်ဖက်စလုံးက အင်ပါယာသခင်တွေလည်း
အံ့သြတုန်လှုပ်သွားခဲ့ကြသည်။ အဲ့ဒီအချိန်ကစပြီး ဒိုချီကုန်း
မြေပေါ်က မည်သည့်အင်ပါယာမဆို Dou Huang တစ်
ယောက်ကို စော်ကားရန်စဖို့ မရဲကြတော့ချေ။ Dou
Huang တစ်ယောက်၏ စွမ်းအားက ဘယ်လောက်တောင်
ကြောက်ဖို့ကောင်းသလဲဆိုတာပါ သိသွားကြသည်။ 

ဒါကြောင့် ရှောင်ယွင်ရဲ့ အစွမ်းအစပါရမီကို တွေ့သွားကြ
တဲ့အခါ ရှောင်မျိုးနွယ်ကို ကြီးစွာ မနာလိုဖြစ်ကြကုန်သည်။
စင်မြင့်အလယ်နေရာမှာ ရှိနေတဲ့ ရှောင်ကျန်းဟာ အနက်
ရောင်ကျောက်တိုင်ပေါ်က ရွှေရောင်စာလုံးကို ကြည့်ရင်း
မျက်ဝန်းတွေ အနည်းငယ်စိုစွတ်လာသည်။ ခနအကြာမှာ
သက်ပြင်းရှည် ချလိုက်ပြီး အနက်ရောင်အဝတ်နဲ့သူ့သား
ကို ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်နေလိုက်သည်။ 
" ငါ့ဘဝမှာ ကျေးဇူးတင်ရမှာက ယွင်လေးနဲ့  ငါ ကတောက်
ကဆဖြစ်အောင် မလုပ်ခဲ့မိတာပဲ.. "

ရှောင်ယွင်အဖေအနေဖြင့် ရှောင်ကျန်းဟာ သူ့သားရဲ့
ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသတိပြုမိခဲ့သည်။
ရှောင်ယွင် မွေးပြီးလို့ သိပ်မကြာခင်မှာပဲ သူ့ကို ဂရုမစိုက်
အလေးမထားခဲ့တဲ့ ရှောင်ယွင်ရဲ့ ကလေးဘဝအချိန်ကို 
သူမှတ်မိနေပါသေးသည်။ ရှောင်ယွင်ဟာ သူ့ကို သူစိမ်း
တစ်ယောက်လိုပဲ အေးစက်စက်ကြည့်တတ်ပြီး အဖေဟု
ပင် မှတ်ယူထားဟန် မရှိချေ။ 

ကံကောင်းထောက်မစွာဖြင့် နှစ်အနည်းအငယ်ကြာသွား
တဲ့အချိန် ရှောင်ကျန်းရဲ့ ဂရုစိုက်ပြီး ချစ်ပြခဲ့တဲ့ အမူအရာ
အောက်မှာ  အေးစက်ပြီး သူစိမ်းဆန်စွာ ကြည့်တတ်တဲ့
ရှောင်ယွင်အကြည့်တွေက တဖြည်းဖြည်းနွေးထွေးလာခဲ့
သည်။ 

ရှောင်ယွင် ငယ်ဘဝအကြောင်းကို ပြန်ပြောင်းတွေးမိ၍
ရှောင်ကျန်း တုန်ရီစွာဖြင့် မျက်နှာအပြည့် အပြုံးကြီး ပြုံး
ထားနေမိသည်။ 

" မျိုးနွယ်ခေါင်းဆောင်ရှောင်.. သခင်လေးရှောင်ယွင်ရဲ့
အရည်အချင်းကတော့ တကယ့်ကို ကြက်သီးထစရာပဲ...
တချိန်ကျရင် ရှောင်မျိုးနွယ်မှာ တကယ့်ကို အံ့သြဖို့
ကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ ဒိုချီလေ့ကျင့်သူတစ်
ယောက်ရှိလာတော့မယ်... "

ရှောင်ကျန်းဘေးနားမှာရပ်နေတဲ့ မိန်းကလေးရဖေးဟာ
သူမရဲ့ လှပတဲ့ မျက်ဝန်းက ရှောင်ယွင်ကိုသာ ငေးကြည့်
နေရင်းပြောလိုက်သည်။ သူမအတွေးကို ထုတ်ပြောနေ
တဲ့အချိန်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာမှာ အနည်း
ငယ် နီမြန်းလျက်ရှိသည်။ 

ရှောင်ကျန်း အားပါးတရ ကျယ်လောင်စွာ ရယ်မောလိုက်
သည်။ သူ့မျက်နှာမှာ ဂုဏ်ယူနေတာတွေ.. စိတ်လှုပ်ရှား
နေတာတွေ အထင်းသား ပေါ်လွင်နေသည်။ လက်နှစ်ဖက်
ကို ဆုပ်၍ ရဖေးကို ယဉ်ကျေးစွာ ကြည့်လိုက်ပြီ

" ရဖေး.. ဒီကလေးရဲ့ အရည်အချင်းက တခါတရံ လုံးဝကို
အံ့သြဖို့ကောင်းပြီး တခါတလေကျတော့လည်း လုံးဝကို 
စိတ်ပျက်စရာကောင်းတယ်.. မိန်းကလေးလည်း သိမှာပါ..
လွန်ခဲ့တဲ့ သုံးနှစ်အချိန်ကဆို ထိပ်ဆုံးနေရာကနေ ပြုတ်ကျ
သွားပြီတော့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်..
အဲ့တုန်းကဆို သူဒီလို သူ့ရဲ့ စွမ်းရည်ကို ပြန် ပိုင်ဆိုင်နိုင်
မယ်လို့ ဘယ်သူမှ မတွေးခဲ့မိကြဘူး.. ဒါပေမဲ့.. သူ ပြန်
ရယူနိုင်ခဲ့ပြီး..  ဟူးးး " 

ရဖေး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလိုက်ရင်း သူမမျက်ခုံးဟာ
အနည်းငယ် တွန့်သွားသည်။ ရှောင်ယွင်ရဲ့ အရည်အချင်း
က ခနတာ ဟုတ်မဟုတ် သူမ မသိပါဘူး။ ဒါပေမဲ့ အခုခါ
သူမအတွက် အရေးကြီးဆုံးက ရှောင်ယွင်ရဲ့ အလားလာ
ပဲ ဒါဟာ သူမအတွက် လုံလောက်သည်။ 

အရှေ့တူရူကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင် ကြည့်
လိုက်ရင်း ရဖေး ခေါင်းထဲမှာ အစီအစဉ်တစ်ခု ဆွဲထား
လိုက်ပြီ ဖြစ်သည်။ အနာဂတ်မှာ သူမ ရှောင်မျိုးနွယ်ဆီ
ကို သေချာပေါက်လာပြီး အကျိုးတူစီးပွားရေး ပူးပေါင်း
လုပ်ရလိမ့်မည်။ 

……

အခမ်းအနားစင်မြင့်အောက်မှာ ရှောင်ယု ပါးစပ်ကြီးဟလို့
လူသေကောင်မျက်နှာနဲ့.. အသက်ရှုသံပြင်းထန်စွာ အနက်
ရောင်ကျောက်တိုင်ကို တအံ့တသြကြီး ငေးကြည့်နေမိလေ
သည်။ ရုတ်တရက် ရှောင်နင်ကို အသံမာဆတ်ဆတ်ဖြင့်
" နင်ပြောတော့ သူက အဆင့်၇ ဆို..??? ဘာဖြစ်လို့ ပိုမြင့်
သွားရတာလဲ.. ?? "

ရှောင်နင် ပါးစပ် ဟလိုက်ပေမဲ့ စကားစရှာမရ၍ နောက်ဆုံး
ရိုးရိုးသားသားပဲ ဗလုံးဗထွေး ပြောချလိုက်သည်။ 
" ပြီးခဲ့တဲ့လတုန်းက သူက အဆင့် ၇ ပဲ... ဒီလကျတော့
ဧကန္တ သူ အဆင့်တက်သွားတာလား.. ? "

" အဆင့် ၇ ကနေ အဆင့် ၈ ကို တစ်လတည်းနဲ့... 
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူ့စွမ်းရည်တွေ ပြန်ရခဲ့ပြီး
ဆိုရင်တောင်.. သူ ဒီလောက်အထိ မမြန်ဆန်နိုင်ဘူး.. "
ဟု  ရှောင်ယု အံအားသင့်စွာပြောလိုက်၏။ 
" အဆင့် ၅ ဆင့် ကို တစ်နှစ်တည်းနဲ့ ဆက်တိုက် ရောက်
သွားနိုင်တယ်?? ဒီခွေးကောင်လေးကတော့ သေသင့်တယ်
ဒီလိုအမြန်နှုန်းက ဂျားနန်ကျောင်းတော်က ဟိုမွန်းစတား
မိန်းကလေးနဲ့တောင် ယှဉ်လို့ရနေပြီ.. "

" ငါ ဘယ်လိုလုပ် သိမှာလဲ.. "
ရှောင်နင် အောင့်သက်သက်ဖြင့် ပြုံးလိုက်ပြီး အဝေးက 
ရှင်းအာ လေးကို ငေးကြည့်လိုက်သည်။ ရှင်းအာလေးက 
ရှောင်ယွင်ကိုကျတော့ သဘောကျလေးစားသည့် အကြည့်
နဲ့ တစိုက်မတ်မတ် ကြည့်နေပြီး သူ့ကိုကျတော့ တစ်ချက်
ကလေးမှ လည့်မကြည့်ဘူး။ 

" သောက်အယုတ်တမာကောင် " 

သူများတွေထက် အလေးပေးထားတဲ့ မိန်းကလေးက သူ့
ကို လျစ်လျူရှုထားခြင်းကြောင့် ရှောင်နင်ရဲ့ နှလုံးသားမှာ 
မနာလိုမှုတွေနဲ့ မီးလောင်ကျွမ်းနေသည်။ သူ ခေါင်းမော့
လိုက်ပြီ ရှောင်ယွင်ကို ရက်စက်တော့မည့် အကြည့်ဖြင့် 
ကြည့်လိုက်သည်။ 

......

နားပါပြီ...  အပိုင်း ၁ ကနေ ၄၀ အထိ အားပေးလာခဲ့လို့
ကျေးဇူးအထူးတင်ရှိပါတယ်...

Chapter 39

39. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 39.  အခမ်းအနားဆိုင်ရာ စစ်ဆေးခြင်း

အရွယ်ရောက်ခြင်းအခမ်းအနားက အစီအစဉ်များစွာ 
ခွဲထားပြီ အရမ်းရှုပ်ထွေးမှုကြောင့် ခေါင်းကိုပင် နာကျင်
ကိုက်ခဲစေနိုင်သည်။ 

စင်မြင့်အောက် အနားမှာ  ထိုင်ပြီးတော့ ရှောင်ယွင် 
တစ်ယောက် စင်မြင့်ပေါ်မှာ လူငယ်လေးတွေ အရုပ်တရုပ်
လို  ပတ်ပတ်လည် လှည့်နေတာကို ကြည့်ပြီး ရှောင်ယွင် 
နဖူးပြင်ကို မတတ်နိုင်ဘဲ နှိပ်နယ်နေရပြီ ဘေးနားက 
ရှင်အာကိုလည်း ပြောလိုက်မိသည်။ 

" ဒီအရွယ်ရောက်ခြင်းအခမ်းအနားက တကယ့်ကို 
ဝဋ်ဒုက္ခလိုပဲ.. "

စိတ်ညစ်နေတဲ့ ရှောင်ယွင်ကို ကြည့်လိုက်ပြီ ရှင်းအာ ပြုံး
လိုက်ကာ " ဘာမှ မတတ်နိုင်ဘူးလေ..ဒါက ဟိုရှေးရှေး
ကတည်းက ကျင့်သုံးလာတဲ့ ထုံးတမ်းအစဉ်အလာတွေပဲ...
ရှောင်ဦးလေးလည်း ဒါကို ပြောင်းလဲဖို့ လုပ်ရဲမှာ မဟုတ်
ဘူး.. "

ရှောင်ယွင်လည်း အသက်ပြင်းချပြီး ခေါင်းကို လေးပင်စွာ 
ညိတ်လိုက်သည်။ ခနအကြာတွင် သူ အိပ်ပျော်လုလု ဖြစ်
ခါနီးဆဲဆဲအခိုက်မှာ တစ်ယောက်ယောက်က သူ့ကို စိုက်
ကြည့်နေသည်ဟုခံစားလိုက်ရသောကြောင့် မျက်လုံးက 
ပြန်ပွင့်လာသည်။ မျက်လုံးကို ကျဉ်းပြီ စင်မြင့် ဘယ်ဘက်
ခြမ်းကို ကြည့်လိုက်သည်။ 

အဲ့မှာ မတ်တပ်ရပ်နေတဲ့ ရှောင်နင်ကို တွေ့ရပြီး မနာလိုမှု
အပြည့်နဲ့ ရှောင်ယွင်နဲ့ ရှင်းအာ ကို စောင့်ကြည့်နေသည်။ 
ရှောင်ယွင် ပြန်ကြည့်တာကို မြင်သောအခါ ရှောင်နင် သူ့
လက်သီးကို ဆုပ်ပြီး ရှောင်ယွင်ကို ရန်လိုတဲ့ အမူအရာဖြင့်
ခပ်မြန်မြန် လက်သီးကို ထောင်ပြလိုက်လေ၏။ 

" အရူး.. " ဟု တီးတိုးရေရွတ်လိုက်ပြီး ဘေးဘက်ကို ရွှေ့
ကြည့်လိုက်ပြန်သည်။ ရှောင်နင်ဘေးနားမှာ ရပ်နေတဲ့သူ
က ရှောင်ယုဖြစ်သည်။ရှောင်ယွင်လည်း ဆက်ပြီး သူမ၏ 
ရှည်သွယ်ပြီး ဆွဲဆောင်မှုရှိလှတဲ့ ခြေတံရှည်ကို မျက်နှာ
ပြောင်တိုက်ပြီး ငမ်းကြည့်နေလိုက်ရာ သူမ မျက်နှာမှာ
ဒေါသအိုး ပေါက်ကွဲလုဆဲဆဲ ဖြစ်ခါနီးအချိန်ကျတော့မှ 
အေးစက်စက်ပြုံးလိုက်ပြီအဝေးကိုပဲ မျက်နှာလွှဲကြည့်
နေလိုက်သည်။ 

ရှောင်ယွင် ဘေးနားက ရှင်းအာလည်း ရှောင်ယွင်ရဲ့ 
နောက်တီးနောက်တောက် ပုံစံကို ကြည့်ပြီ သူမကိုယ် 
သူမ ပြန်ရယ်မိသလို အကူအညီမဲ့သလိုလည်း အနည်းငယ် 
ခံစားလိုက်ရသည်။ ရှောင်ယုကို နောက်ပြောင်သည့်အခါ
ရှောင်ယွင်ဟာ သူ့ရဲ့ ပင်ကိုယ်တည်ငြိမ်မှု ပျောက်ဆုံးနေ
သလိုပဲ ရှောင်ယုကို လုံးဝအရူးတစ်ယောက်လို ဖြစ်တဲ့အထိ
နောက်တီးနောက်တောက်လုပ်တတ်သည်။

ရှောင်ယွင် ထိုင်နေသော သစ်သားထိုင်ခုံမှာ နောက်ကို မှီ
လိုက်ပြီး ဘေးနားမှာ ထိုင်နေတဲ့ မိန်းမပျိုလေး၏ ချိုအီအီ
မွှေးရနံ့ကို ဂန္ဓာအာရုံ ခံစားရင်း မျက်စိမှိတ်ကာ စောင့်
ဆိုင်းနေလေသည်။ 

အရွယ်ရောက်ခြင်းအခမ်းအနားပွဲအစီအစဉ် တစ်ဝက်
လောက် ရောက်ပြီ အချိန်မှာ ရှောင်ယွင် အလှည့် ရောက်
ရှိလို့ လာသည်။

စင်မြင့်ပေါ်ကနေ အော်ဟစ်လိုက်သံကို ကြားလိုက်ရတဲ့
အခိုက်မှာ စင်မြင့်ပေါ်က ဧည့်သည်တွေရော အားလုံးက
လည်း ရှောင်ယွင်ကို သိချင်စိတ်ပြင်းပြင်းပြပြဖြင့် သံသယ
မျက်လုံးနှင့်ပါ ကြည့်ကုန်ကြလေသည်။ 

ဧည့်သည်တွေအများစုဟာ  ဒီနေ့ သူတို့ ရှောင်မျိုးနွယ်၏ 
အရွယ်ရောက်ခြင်းအခမ်းအနားကို လာရောက်ရှိနေရခြင်း
၏ အဓိက ရည်ရွယ်ချက်က ဝူတန်မြို့တစ်ခုလုံးကို အုတ်
အော်သောင်းတင်း ဖြစ်စေခဲ့သော လူငယ်လေးကို ကော
လာဟလထဲကအတိုင်း ဟုတ်မဟုတ် ကြည့်ရှုအကဲဖြတ်
လိုကြခြင်းပဲ ဖြစ်ကြ၏။ ရှောင်ယွင် ဖြေးဖြေးလေး မျက်လုံး
ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အားလုံးက သူ့ကို တိရစ္ဆာန်ရုံ
ထဲက မျောက်တစ်ကောင်လို ကြည့်နေကြတာကို မြင်နေ
ရ၍ ခေါင်းကို ယမ်းပြီး စိတ်အားတင်းလိုက်ရသည်။ 

အသက်ကို ခပ်ဖွဖွလေး ချလိုက်ပြီ တည်ငြိမ်တဲ့ မျက်နှာ
ထားဖြင့် ပရိသတ်အားလုံးရဲ့ အကြည့်အောက်မှာပဲ
စင်မြင့်ပေါ်ကို ပုံမှန်အေးဆေးစွာ တက်သွားလိုက်သည်။

အရွယ်ရောက်ခြင်းအခန်းအနားကို တာဝန်ခံကျင်းပပေးသူ
က ဒုတိယအကြီးအကဲဖြစ်သူ ရှောင်ရင် ဖြစ်သည်။ ဒုတိယ
အကြီးအကဲဟာ ရှောင်ယွင်နဲ့ မတည့်ပေမဲ့ ဒုက္ခဖြစ်အောင်
လည်း အနှောင့်အယှက်ပေးတာမျိုး မရှိခဲ့ပါဘူး။  ပြီးတော့ အဆင့်စစ်ဆေးခြင်း အကြိုနေ့ ပြီးသွားတဲ့နေ့ကတည်းက 
ဒုတိယအကြီးအကဲဟာ သူ့အပေါ်သဘောထား ပျော့
ပျောင်းလာခဲ့သည်။ ယုတ်ဆွဆုံး အရင်တုန်းက သူ့မျက်နှာ
ပေါ်မှာ ထင်းထင်းရှားရှား မြင်ရတဲ့ အထင်သေး အမြင်
သေးတွေလည်း အခုတော့ မတွေ့ရတော့ပါဘူး။ 

ရှောင်ရင်မျက်ဝန်းမှာ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေနဲ့ 
ရင်ဘက်ထဲမှာ လေးလေးပင်ပင် အသက်ပြင်းချပြီးတော့
သူ့ဘဝကို သူ အံ့သြဖွယ်ရာ ပြောင်းလဲပစ်နိုင်ခဲ့တဲ့ လူ
ငယ်ကိုကြည့်နေမိသည်။ သူ့မျက်နှာမှာ အနည်းငယ် 
ထိတ်လန့်သွားဟန် ဖြစ်သွာပြီးနောက် အရွယ်ရောက်ခြင်း
အခမ်းအနားမှာ သုံးရတဲ့ ပစ္စည်း တချို့ကို ကောက်ယူပြီး
ရှောင်ယွင်ဆီကို လျှောက်သွားလိုက်သည်။ 

ဒုတိယအကြီးအကဲ သူ့ဆီ လှမ်းလာနေသည်ကို မြင်ရ၍ 
ရှောင်ယွင်  မနှစ်က ပြီးသွားခဲ့သည့် ပကာသန တွေနှင့်
ပျင်းရိစရာကောင်းသည့် အခမ်းအနားမှာ ခေါင်းကိုက်ခဲ့
ရသည်ကို ပြန်သတိရလိုက်သည်။ ခါးသက်သက် ပြုံးလိုက်
ပြီ မျက်လုံးကို မှိတ်လိုက်ကာ သူ၏ ကံကြမ္မာကို အသင့်
စောင့်နေလိုက်လေသည်။ 
….

အားလုံးရဲ့ မျက်စိအောက်မှာ ရှောင်ယွင် အရူးတစ်ယောက်
လို နာရီဝက်မျှ ရပ်နေရပြီ နောက်ဆုံးမှာတော့ ရှုပ်ထွေးလှ
တဲ့ အခမ်းအနားအခင်းအကျင်းတွေ ပြီးဆုံးသွားခဲ့ပြီ။ ရှောင်
ယွင် စိတ်နှလုံးပေါ့ပါးသွားပြီ မျက်လုံးကိုလည်း ဖွင့်လိုက်
သည်။ ပြီးတော့ သူ့တစ်ကိုယ်လုံးကို ပတ်လည်ဝိုင်းထားတဲ့ 
အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်တွေကို ညိုးငယ်
စွာ ကြည့်ပြီ မျက်လုံးလေး ကလယ်ကလယ်ဖြင့် စိတ်ဓာတ်
ကျကာ သွားသည်။ 

ရှုပ်ထွေးပွေလီလှတဲ့ အခမ်းအနားထုံးတမ်းတွေ ပြီးသွားပြီ
အချိန်မှာ ဒုတိယအကြီးအကဲဟာ သူ့ နဖူးပြင်ပေါ်က ချွေး
စေးကို သုတ်လိုက်ပြီး အဆင့်စမ်းသပ်တဲ့ အနက်ရောင်
ကျောက်တိုင်ဆီကို သွားကာ အခမ်းအနားပွဲဆိုင်ရာ
အဆင့်စစ်ဆေးသပ်ခြင်းဟု အော်ဟစ်လိုက်သည်။ 

အခမ်းအနားနှင့်ဆိုင်သော အဆင့်စစ်ဆေးခြင်းဆိုတာ 
ပြီးခဲ့သည့် လတုန်းက ကျင်းပခဲ့သည့် အကြိုအဆင့်စမ်း
သပ်ခြင်းနှင့် အတူတူပဲ ဖြစ်သည်။ အကြိုအဆင့်စမ်းသပ်
ရခြင်း၏ အကြောင်းရင်းက မျိုးနွယ်၏ထူးချွန်သူတွေကို
ရွေးထုတ်ပြီး အရွယ်ရောက်ခြင်းအခမ်းအနားကို တက်
ရောက်စေခြင်း ဖြစ်သည်။ ကျန်သည့် အဆင့်မမှီခဲ့သည့်
သူတွေကို ပုံမှန်ရိုးရိုးအခမ်းအနားသာ ကျင်းပပေးပြီ ၎င်း
မှာ သိပ်မထူးခြားလှပေ။ 

အခမ်းအနားအချိန်အတွင်း အဆင့်စစ်ဆေးခြင်းကို အကြို
အဆင့်စမ်းသပ်ပွဲကထက် ပိုပြီး တိတိကျကျ တင်းကြပ်ထား
သည်။ အဆင့်စစ်ဆေးခြင်းကိုလည်း Da Dou Shi ကြယ်
နှစ်လုံးအဆင့်သမားဖြစ်သော ရှောင်မျိုးနွယ်၏ ဒုတိယ
အကြီးအကဲ ကိုယ်တိုင်စစ်ဆေးမည်ဖြစ်သည်။ ဒါဟာ 
အရွယ်ရောက်ခြင်းအခမ်းအနားကို အလေးထားသလဲ
ဆိုတာ ပြသရာလည်း ရောက်သည်။ 

( Dou Zhi Qi >> Dou Zhe >> Dou Shi>> Da Dou Shi>> Dou Ling >> Dou Wang>> Dou Huang>>
Dou Zong>>Dou Zun>> Ban Sheng>>Dou Sheng
>> Dou Di .. ဤကာ ဒိုချီအဆင့်များဖြစ်ကြသည်။ )

ဒုတိယအကြီးအကဲ အော်လိုက်တဲ့အသံကြောင့် ငြီးငွေ့ပျင်း
ရိနေကြတဲ့သူတွေဟာ ချက်ချင်းဘဲ အာရုံစူးစိုက်လိုက်ကြ
ပြီ စင်မြင့်ပေါ်ကို ကြည့်လိုက်ကြသည်။ ဧည့်သည်စင်မြင့်
ပေါ်ကလူအားလုံးလိုလို အနက်ရောင်အဝတ်နဲ့ ရှောင်ယွင်
ကို ငေးကြည့်သွားကြသည်။ သူတို့၏ ဒီနေ့ တက်ရောက်
လာခဲ့ရသည့် ရည်ရွယ်ချက်က လွန်ခဲ့တဲ့ လေးနှစ်အခါက
ဝူတန်မြို့ကို ဂယက်ရိုက်နိုင်ခဲ့တဲ့ လူငယ်လေးက ဒီတကြိမ်
မှာရော ပြန်ပြီး စွမ်းဆောင်နိုင်ဦးမလားဆိုတာ အတည်ပြု
ဖို့ပါပဲ... 

ပူလောင်ပြင်းထန်တဲ့ အကြည့်တွေကို လျစ်လျူရှုလိုက်ပြီး
ရှောင်ယွင် တည်ငြိမ်စွာဖြင့် အနက်ရောင်ကျောက်တိုင်ဆီ
ကို လျှောက်သွားလိုက်သည်။ 

အေးဆေးတည်ငြိမ်တဲ့ရှောင်ယွင်ကို ကြည့်ပြီ ဒုတိယအကြီး
အကဲသည် အနက်ရောင်ကျောက်တိုင်ကို စစ်ဆေးဖို့
အတွက် သူ့၏ ခြောက်ကပ်နေတဲ့ လက်ကို အနက်ရောင်
ကျောက်တိုင်ဆီ ထိကပ်လိုက်ပြီ သူ့၏ ဒိုချီအတွင်းစွမ်းအင်
အမျှင်တန်းတစ်ခုကို သွင်းလိုက်သည်။ ထို့နောက် ဘေး
ဘက်ကို ရွှေ့လိုက်ပြီ အားလုံးနှင့်အတူ ရှောင်ယွင်ကို 
ရပ်ကြည့်နေလိုက်သည်။ ပြီးခဲ့သည့် အကြိုအဆင့်စမ်းသပ်
ခြင်းပွဲမှာ သူရှိနေပေမဲ့လည်း အခုထိ အံ့သြမိနေဆဲပဲ..
ဒီကလေး တကယ်ပဲ အဆင့် ၇ ရောက်သွားတာလား..??

ရှောင်ယွင် ပြသသွားတဲ့ အဆင့်တွေကြောင့် ဒုတိယအကြီး
အကဲလည်း ထိတ်လန့်ခဲ့ရသည်မို့ သူကိုယ်တိုင် အရွယ်
ရောက်ခြင်းအခမ်းနားကို တာဝန်ယူဖို့ တောင်းဆိုခဲ့ပြီး ဒါမှ
သာလျှင် ရှောင်ယွင်ကို ကိုယ်တိုင်စစ်ဆေးအတည်ပြုနိုင်
မည်ဖြစ်သည်။ 

ဒုတိယအကြီးအကဲ၏ အဖြေသိချင်နေတဲ့ အကြည့်ကို 
လျစ်လျူရှုလိုက်ပြီး ရှောင်ယွင် အနက်ရောင်ကျောက်တိုင်
ကို ဖြေးဖြေးလေး ထိကပ်လိုက်သည်။ 

ရှောင်ယွင် အနက်ရောင်ကျောက်တိုင်ကို ထိကပ်နေတာ
ကို  ကြည့်ပြီး ရှောင်ယု မျက်မှောင်ကြုံ့လိုက်ရင်း ရှောင်နင်
ဘက်ကို ခေါင်းလှည့်လိုက်ကာ လေသံတိုးတိုးဖြင့် 
" ရှောင်ယွင်က အဆင့်၇ ကို တကယ်ရခဲ့တာလား.. ?? "

ဘာဖြစ်လို့လဲဆိုတော့ အရွယ်ရောက်ခြင်းအခမ်းအနား
မတိုင်မီ နှစ်ရက်အလိုမှ ရှောင်ယု အိမ်ကို ပြန်ရောက်တာ
ဖြစ်၍ ရှောင်ယွင် အကြိုအဆင့်စမ်းသပ်ခြင်းတုန်းက သူမ
မရှိနေခဲ့ခြင်းကြောင့် ရှောင်ယွင် ရလဒ်အဖြေကို စိတ်ဝင်
တစား သိချင်စိတ် ဖြစ်ပေါ်နေသည်။ 

အစ်မက မေးနေ၍ ရှောင်နင် မအီမအာ ခေါင်းညိတ်လိုက်
ကာ " ဟုတ်တယ်.. အဲ့ဒီကောင် ဆေးတခုခုကို စားပြီး 
အဲဒါက သူ့ကို တစ်နှစ်အတွင်း အဆင့်၎ ဆင့် ခုန်ကူးနိုင်
အောင် ကူညီပေးလိုက်တာဖြစ်မယ်.. " 

သူမ မေးခွန်း၏ အဖြေမှာ ပိုသေချာသွားသည်မို့ ရှောင်ယု
 နှုတ်ခမ်းစူပြီး မကျေမနပ် ခြေကို ဆောင့်လိုက်သည်။ 
စင်မြင့်ပေါ်က လူငယ်ကို ဒေါသထွက်စွာ စိုက်ကြည့်နေ
သည်။ လှပတဲ့ သူမမျက်နှာမှာလည်း ခေါင်းမာတဲ့ ဟန်
ကို ပြသနေပြီ သူမအတွေးမှာတော့
" ငါ ကိုယ်တိုင် မမြင်ရသရွေ့ ဒီ ဒုက္ခိတကောင် ပြန်ကောင်း
သွားပြီဆိုတာ ငါ မယုံဘူး.. " 

အသက်ကို ပြင်းပြင်းရှိုက်လိုက်ပြီး ရှောင်ယွင်ကို ကြည့်ရင်း
လှောင်ရယ်ပြီ သရော်လိုက်သည်။ 

" ဒီကောင်လေး ပြီးခဲ့တဲ့ ပွဲတုန်းက တခုခုလုပ်ထားတာ
ဖြစ်မယ်... ဒါပေမဲ့ အခု ဒုတိယအကြီးအကဲ ကိုယ်တိုင် 
စစ်တယ်ဆိုတော့.. ငါ့ထင်တဲ့အတိုင်း.... "

ဒါပေမဲ့ သူမ အပြောလေး မပြီးဆုံးခင်မှာပဲ... ရှောင်ယု 
မျက်နှာ မာတင်းသွားပြီ ကျန်တဲ့ စကားလုံးမျာက လည်
ချောင်းမှာ ဆို့တစ်သွားသည်။

သစ်သားစင်မြင့်ပေါ်က အနက်ရောင်ကျောက်တိုင်ဟာ
စူးရှစွာ တောက်ပလာပြီး ရွှေရောင်စာလုံးတွေ ထွက်ပေါ်
လာခဲ့သည်။ 
[ Dou Zi Qi အဆင့် ၈ ]

Chapter 38

38 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 38.    ဒီိကောင်လေးက သာမန်တော့မဟုတ်ဘူး

ရှောင်ယွင်စကားက ရှောင်ယုအရှိုက်ကို တည့်တည့်ထိုး
လိုက်သလိုဖြစ်သွားခဲ့သည်။ သူမ အံကို ကြိတ်လိုက်ပြီး
လက်တစ်ဖက်က ခါးမှာ ရှိတဲ့ ဓားဆီကို ရောက်သွားသည်။

ရှောင်ယွင် တချက်လှောင်ရယ်လိုက်ပြီး သစ်ပင်ကို မှီလိုက်
ပြီတော့ ပျင်းရိစွာဖြင့် 
" တိုက်ခိုက်ချင်လို့လား.. "

" အဲ့ဒီတော့ ဘာဖြစ်ချင်လဲ.. "
ရှောင်ယု ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီ ဓားအိမ်ကနေ 
ဆွဲမထုတ်မိဖို့ စိတ်ဆန္ဒကို အတင်းထိန်းထားရသည်။ 
သူမ တစ်ချက်လှောင်ရယ်ချလိုက်ပြီ 
" မင်းရဲ့အရည်အချင်း ပြန်ရလာတော့ရော ဘာအရေးလဲ...
ပြီးခဲ့တဲ့ သုံးနှစ်တုန်းက ငါ ရှောင်ယု မင်းကို ဖနောင့်နဲ့ 
တင်ပါး တစ်သားတည်း ထွက်ပြေးရလောက်အောင် လုပ်
ခဲ့ဖူးတယ် အခုလည်း မင်းကို လုပ်ပေးနိုင်တုန်းပဲ... "

ရှောင်ယွင် မျက်ခုံးမြင့်တက်သွားပြီး သူမ၏ ခရမ်းဖျော့ဖျော့
ကျောင်းဝတ်စုံရင်ဘက်အပေါ်က ရွှေကြယ်သုံးလုံးကို လှမ်း
ကြည့်လိုက်သည်။ ကြယ်သုံးလုံးက ရှောင်ယုရဲ့ ခွန်းအား
ကို ဖော်ပြနေသလို Dou Zhe ကြယ်သုံးလုံးအဆင့်ဆိုတာ
ကိုလည်းရည်ညွန်းထားပါသည်။ သူမ ကျောင်းတော်မှာ 
အကျိုးမဲ့ မနေခဲ့ဘူးပုံပဲ.. ။ 

" မင်းရဲ့ ရွံ့စရာကောင်းတဲ့ မျက်လုံးက ဘယ်နေရာကို 
ကြည့်နေတာလဲ.. ? "
ရှောင်ယွင် ငေးစိုက်ကြည့်နေတာကို မြင်၍ ရှောင်ယု
မျက်နှာက မည်းမှောင်သထက် မည်းလာသည်။ 

" နင် အထဲမှာ  မဝတ်ထားဘူးမလား ဒါကြောင့် လူတွေ 
သတိထားမိတာပေါ့.. "
ရှောင်ယွင် နှာခေါင်း ရှုံ့ခနဲ ပွတ်လိုက်ပြီ ပြောလိုက်၏။ 
အေးအေးဆေးဆေးပဲ ပြောလိုက်ပေမဲ့ ရှောင်ယုမှာ 
ထခုန်မိမတက် ဒေါသထွက်သွားလေ၏။ 

" ခွေးကောင်.. "
အံသွားကြိတ်လိုက်ပြီး.. ဒေါသကို ဆက်လက်မထိန်းထား
 နိုင်တော့၍ ဓားကို ချွမ်းခနဲ ဆွဲထုတ်လိုက်သည်။ ရှောင်
ယွင်ကို ဓားဦးဖြင့် ထိုးချိန်လိုက်ပြီး 
" နင့် လျှာကို မဖြတ်ရဲဘူးလို့ထင်နေတာလား.. "

အရှေ့မှာ ရောက်နေတဲ့ ချွန်မြမြ ဓားဖျားကို ကြည့်ပြီး 
ရှောင်ယွင် မျက်တောင်ပင် မခတ်ရဲတော့ချေ။ 

" ဒါဆို ဘာလို့ မဖြတ်သေးတာလဲ.. "

ရှောင်ယွင် ပြန်ပြောလိုက်တဲ့အခိုက်မှာပဲ သူ့ညာလက်က
အနည်းငယ်ဆုပ်ထားပြီ တုန်ခါနေတဲ့ ဝဲကတော့တစ်ခု နှေး
ကွေးစွာ ဖြစ်ပေါ်လာသည်။ သူ့ထံတွင် ရွှင်းအဆင့် ဒိုချီသိုင်း
သုံးသိုင်း ရှိနေ၍ Dou Zhe ကြယ်သုံးလုံးအဆင့်ရှိသူကို 
ရင်ဆိုင်တိုက်ခိုက်ဖို့ မကြောက်ရွံချေ။ 

ပေါက်ကွဲလုနီးနီး ဖြစ်နေကြသော နှစ်ယောက်သားကို 
ကြည့်ပြီ ရှင်းအာ စိတ်ပျက်စွာ ခေါင်းယမ်းနေမိတော့သည်။ 
ထိုအခိုက် အဝေးတစ်နေရာကို လှမ်းမြင်၍ ပြုံးသွားကာ
ရန်စောင်းနေတဲ့ နှစ်ယောက်ကို သတိပေးလိုက်သည်။ 

" ရှောင်ဦးလေးနဲ့ သူတို့တွေ လာနေကြပြီ "

ရှင်းအာ စကားကို ကြားလိုက်ရသောအခါ ရှောင်ယု မျက်ခုံး
တွန့်သွာပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ကြောက်မက်
ဖွယ်ကောင်းတဲ့ မျက်နှာထားနှင့် ရှောင်ကျန်း အလော
တကြီး လာနေသည်ကို မြင်လိုက်ရသည်။

" ဟွန့်.. မင်း ကြာကြာ ကံကောင်းမနေနိုင်ပါဘူး.. "

အေးစက်စက် ကြိမ်းမောင်းလိုက်ပြီ ဓားကို ဓားအိမ်ထဲ
ပြန်သွင်းလိုက်သည်။ အနောက်လှည့်ပြီ အရှေ့ကို ခြေလှမ်း
ကျဲကျဲဖြင့် ထွက်သွားမည့်အခိုက်မှာ ရှင်အာကို ခနရပ်ပြီး
စကားပြောလိုက်သည်။ 
" ညီမလေး ရှင်းအာ... ညီမလေးက အရည်အချင်းရော အလှအပမှာပါ ထိပ်တန်းအဆင့်မှာရှိတယ်... ဒါပေမဲ့ 
တချို့လူတွေနဲ့ ဝေးဝေးမှာ နေဖို့လိုတယ်.. မဟုတ်ရင်
အကျင့်ဆိုးတွေ ကူးစက်ကုန်လိမ့်မယ်.. အဲ့ဒီအခါမှ
နောင်တရရင် နောက်ကျသွားလိမ့်မယ်.. "

ရှောင်ယုရဲ့ အကြံပေးစကားကြောင့် ရှင်းအာ ပြုံးလိုက်ပြီ
စကားဆိုလိုက်သည်။ 
" အစ်မ ရှောင်ယုရဲ့ သတိပေးစကားကြောင့် ကျေးဇူတင်ပါ
တယ်.. ဒါပေမဲ့ ရှင်းအာအတွေးမှာတော့ အကိုရှောင်ယွင်က
အကောင်းဆုံးပဲ... "

ရှင်းအာ ပြောလိုက်သော စကားထဲက အဓိပ္ပါယ်ပါတဲ့ 
စကားလုံးကြောင့် ရှောင်ယု မျက်နှာမှာ အရောင်ပြောင်း
လဲသွားသည်။ ပြုံးလျက်ကြည့်နေသည့် ရှင်းအာကိုလည်း
သေသေချာချာ အကဲခတ်ဆန်းစစ်ကြည့်လိုက်လေသည်။ 
နောက်ဆုံးတွင်တော့ ရှောင်ယု  လေးနက်စွာဖြင့်..
" တချိန်ကျရင် ဒီမျိုးနွယ်ကနေ ထွက်ခွာချိန်တန်ခဲ့ရင်
အပြင်လောကကြီးက ဘယ်လောက်ကျယ်ပြန့်သလဲ
ဆိုတာ သိလာပါလိမ့်မယ်... သူ့ထက် ပိုပြီး အရည်အချင်း
ရှိတဲ့သူတွေ မရေတွက်နိုင်လောက်အောင် ဆုံတွေ့ပါလိမ့်
မယ်... တယောက်ယောက်က ညီမနှလုံးသားကို လှုပ်ခါနိုင်
ခဲ့ရင်.. ပြီးတော့.. "

" အစ်မရှောင်ယု တွေးတာ အရမ်းများနေပြီ.. အဲလိုအဖြစ်
မျိုး ဖြစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ရှင်းအာ ယုံကြည်
တယ်.." 
ရှင်းအာရဲ့ နီရဲရဲ နှုတ်ခမ်းလွှာလေးကို စူပုတ်လိုက်ပြီး 
ရှောင်ယု စကားကို ကြားဖြတ်ပြောလိုက်သည်။ 

ရှင်းအာ အပြတ်ဖြတ်ပြောလိုက်ခြင်းကြောင့် ရှောင်ယု
ကသိကအောက် ရှက်တက်တက်ဖြစ်သွားပြီ ရှောင်ယွင်
ကို နောက်ဆုံးအကြိမ် မျက်စောင်းထိုးကြည့်လိုက်ခါ 
လှည့်ထွက်သွားသည်။ 

ရှောင်ယု ဒေါသတကြီး လှည့်ထွက်သွားတာကို မြင်မှပဲ
ရှောင်ယွင် အသက်ကို ပေါ့ပါးစွာ ရှုလိုက်ရသလို အမြင်
ကပ်နေတဲ့မျက်နှာထားကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ 
အသက်ပြင်းချလိုက်ပြီ " ငါသူ့ကို တကယ်ကြည့်မရဘူး.."

ဒါကို ကြားလိုက်ရတဲ့အချိန်မှာ ရှင်းအာ ရယ်မောလိုက်ပြီး
ပါးစပ်လေးကို လက်ဖြင့် အုပ်ထားရသည်။ 
" သူက ဘာလို့ အကိုရှောင်ယွင်ကို အမြဲလိုလို အမြင်ကပ်
နေရသလဲဆိုတာကို သိချင်လိုက်တာ.. သူရေချိုးတဲ့နေရာ
ကို မတော်တဆ အမှတ်မထင် ကြုံကြိုက်သွားခဲ့ရင်လည်း
သူ ဒီလို မလုပ်သင့်ပါဘူးနော့..ဟုတ်တယ်မလား.. "

" ငါ ဘယ်လိုလုပ်ပြီး သိပါ့မလဲ.. "
ရှောင်ယွင် သဘောရိုးဖြင့် ပခုံးတွန့်ဖြေလိုက်ပြီး သူ့ဆီကို
လာနေသည့် ရှောင်ကျန်းနှင့် လူသုံးယောက်လောက်ကို 
ကြည့်နေလိုက်သည်။

" ယွင်လေး... အဆင်ပြေလား.. ရှောင်ယုကော..?? "

အလျင်အမြန် လမ်းလျှောက်လာပြီ ဘာထိခိုက်ဒဏ်ရာမှ
မရသည့် ရှောင်ယွင်ကို မြင်လိုက်ရ၍ ရှောင်ကျန်း စိတ်
အေးသွားရသည်။ 

ရှောင်ယွင် ပခုံးတွန့်ပြီး ရယ်ရယ်မောမောဖြင့်
" အဆင်ပြေပါတယ်.. အဲ့ဒီမိန်းမက သွေးနားထင်ရောက်
နေတာပါ... " 

" သူ့ကို နည်းနည်းရှောင်နေသင့်တယ်.. ဒီမိန်းခလေးက
စိတ်ဆတ်တယ်... ပြီးတော့ သူက အခု Dou Zhe ကြယ်
သုံးလုံး အဆင့်ရောက်နေပြီ.. သူ့နဲ့ ရန်ဖြစ်မယ်ဆိုရင်လည်း 
အဆုံးမှာ သား ရှုံးလိမ့်မယ်.. နောက်တချက်က ရန်ဖြစ်လို့
အပြစ်ပေးရမယ်ဆိုရင်လည်း သူက ပထမအကြီးအကဲရဲ့
မြေးမလေးဆိုတော့ သူ့ကိုအပြစ်ပေးဖို့ကလည်း အခြေ
အနေမကောင်းဘူး.. " ဟု ရှောင်ကျန်း အားကိုးရာမဲ့စွာ 
ဖျောင်းဖျလေသည်။ 

ရှောင်ယွင် နှာခေါင်းကို လက်မနဲ့ ပွတ်လိုက်ပြီ ပြုံးလိုက်
သည်။ ရှောင်ကျန်းကိုလည်း ခေါင်းမညိတ်ပြချေ။ 

" အော် ဒီမှာ.. ယွင်လေး.. သူကတော့ ပထမတန်းလေလံ
အိမ်က လေလံအခမ်းအနားမှူး မိန်းကလေး ရဖေး တဲ့...
သားအတွက် အခြေခံဆေးလုံးကို သူ့ဆီကနေပဲ လေလံ
ဆွဲခဲ့တာလေ.. "
ရှောင်ကျန်း ဘေးရွှေ့လိုက်ပြီး နောက်ကွယ်မှာ ရှိနေတဲ့
အနီရောင်မိန်းကလေးကို မိတ်ဆက်ပေးလိုက်သည်။

လှပချောမော၍ အပြုအမူတိုင်းမှာ ရင့်ကျက်ခြင်းတွေ ပြည့်
စုံနေတဲ့ မိန်းကလေးကို ကြည့်ပြီ ရှောင်ယွင် ရှက်ကိုးရှက်
ကန်း ပြုံးလိုက်ကာ နှုတ်ဆက်လိုက်သည်။ 
"အစ်မ ရဖေး.. "

ရှောင်ယွင်ကို ဆွဲဆောင်မှုရှိသောအကြည့်ဖြင့် စေ့စေ့ကြည့်
လိုက်သည်။ ရှောင်ယွင် အခေါ်အဝေါ်ကြောင့် သူမ၏ လှပ
တဲ့ မျက်နှာမှာ အပြုံးများ ထင်ဟပ်သွားပြီ ရှောင်ယွင်ကို 
မေးလိုက်သည်။ 

" သခင်လေးရှောင်ယွင်က တစ်နှစ်တည်းနဲ့ အဆင့်၎ ဆင့်
မြှင့်တက်ခဲ့တယ်လို့ ကြားမိတယ်.. ဟင်ဟင် ဒီသတင်းက
ဝူတန်မြို့မှာ ပြန့်ပြီ နာမည်ကြီးနေမှာပဲ... ဒါနဲ့ အဲဒါက အမှန်
ပဲလားဟင်.. "

ရှောင်ယွင် ခေါင်းစောင်းပြီ ရှိုးတိုး ရှန့်တန့်ဖြင့် 
" ဒါတွေက အဖေ ဝယ်ပေးထားတဲ့ အခြေခံဆေးအစွမ်း
တွေကြောင့်ပါ.. " ဟု ဝန်ခံလိုက်သည်။ 

ရှောင်ယွင် သွယ်ဝိုက်ဝန်ခံလိုက်သလို ကြားရမိတဲ့အခါ 
ပင်ကိုက တည်တည်ငြိမ်ငြိမ် ဓာတ်ခံရှိတဲ့တဲ့ ရဖေး 
တစ်ယောက် ပင့်သက်ချလိုက်မိတော့သည်။ စပ်စုခြင်း
စိတ်နှင့် စိတ်ဝင်စားခြင်းတို့က သူမမျက်ဝန်းမှာ ဖြတ်ပြေး
သွား၏။ သူမအတွေးထဲမှာတော့ 
" အဆင့်လေးဆင့်ကို တစ်နှစ်တည်းနဲ့ ရောက်သွားတယ်..
ဒီလိုအမြန်နှုန်း.. ဒါတော်တော်လေးကို ကြောက်ဖို့ကောင်း
တဲ့ အရှိန်နှုန်းမျိုးပဲ... ပြီးတော့ အခြေခံဆေးလုံးဆိုတာကို 
ငါ လေ့လာကြည့်ရသလောက်တော့  သူ့ရဲ့ အစွမ်းက 
လေ့ကျေင့်ခြင်းအလျင်နှုန်းကို နည်းနည်းလေးပဲ တိုးပေး
 နိုင်တာ.. ဒီလို အဆင့် ၄ ဆင့်ကို တိုးပေးတာဆိုတာ
လုံးဝ မဖြစ်နိုင်ဘူး..."

 နှစ်ယောက်စလုံးကို မိတ်ဆက်ပေးသွားပြီးပြီမို့ ရှောင်ကျန်း
လည်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရှောင်ယွင်ပခုံး
ကို ပုတ်လိုက်ကာ ပြုံးလိုက်သည်။ 
" ကဲ.. အရွယ်ရောက်ခြင်းအခမ်းအနားက စတော့မယ်... 
အဖေ နည်းနည်းပါးပါး ပြင်ဆင်စရာရှိသေးတယ်..
တော်ကြာ ငါ့ကို ငြူစူနေကြမယ်.. "

ရှောင်ယွင် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ 

ရှောင်ကျန်းအနောက်ကို လိုက်သွားရင်း ရဖေး အနောက်
လှည့်ပြီ ရှောင်ယွင်ကို တချက် ခိုးကြည့်လိုက်သည်။ 
လေလံအိမ်မှာ နှစ်အတော်ကြာ နေခဲ့သည်မို့ မည်မျှသေး
ငယ်သည့် အရာကိုမဆို သူမ သတိပြုနိုင်ခဲ့သည်။ ကောင်
လေး၏ မျက်လုံးကို ကြည့်ခဲ့အချိန်မှာ သူ့ပုံစံက ရှက်ရွံ့
ဟန်ရှိပေမဲ့ သူ့မျက်ဝန်းနက်နက်မှာတော့ ဘာခံစားချက်
မှ မတွေ့ခဲ့ရပေ။ အလွန်ဝေးကွာတဲ့နေရာက ရေကန်လိုပဲ
တည်ငြိမ်လှသည်။ အရွယ်ငယ်ငယ်နှင့် စိတ်ခံစားချက်ကို
ထိန်းချုပ်နိုင်တယ်ဆိုတာ ဒီကောင်လေးက သာမန်တော့
မဟုတ်ဘူး။ ဒီအတွေးတွေက ရဖေး ခေါင်းထဲမှာ ဖြစ်ပေါ်
နေခြင်းဖြစ်သည်။ 

............

Chapter 37

37 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 37.    ရှောင်ယု

မျိုးနွယ်တစ်စုဟာ နှစ်ပေါင်းများစွာ တည်တံ့တိုးတက်
ချင်ရင် အရေးကြီးဆုံးအချက်က မျိုးနွယ်တစ်ခု၏ 
အားမာန်အသက်ဝင်မှုပဲ ဖြစ်သည်။ မျိုးနွယ်၏ အားမာန်
အသက်ဝင်မှုဆိုတာ မျိုးနွယ်၏ မျိုးဆက်သစ် လူငယ်များ
ကို ဆိုလိုခြင်း ဖြစ်သည်။ မျိုးနွယ်လူငယ်သစ်များ၏ စဉ်
ဆက်မပြတ် အထောက်အပံ့ဖြင့် မျိုးနွယ်၏ ကြီးမားတဲ့
တာဝန်ယန္တရား ကိုပင် လွယ်ကူချောမွေ့စွာ မောင်းနှင်
 နိုင်လေ၏။ ဒါကြောင့် ရှောင်မျိုးနွယ်အပါအဝင် တခြား
မျိုးနွယ်အများစုအတွက် အရွယ်ရောက်ခြင်းအခမ်းအနား
ကအင်မတန် အရေးကြီးတဲ့ အခမ်းအနားပဲ ဖြစ်သည်။ 

ရှောင်မျိုးနွယ်က ဝူတန်မြို့၏ အင်အားကြီး မျိုးနွယ် သုံးစု
အထဲက တစ်ခုဖြစ်သည်နှင့်အညီ ရှောင်မျိုးနွယ်၏
အရွယ်ရောက်ခြင်းအခမ်းအနားက ဝူတန်မြို့နေ လူထုကို 
အာရုံ တော်တော်ဆွဲဆောင်မှုရှိလေသည်။ ရှောင်မျိုးနွယ်
 နှင့် ရင်းနှီသည့် တချို့ပုဂ္ဂိုလ်များကတော့ တမင်တကာပင်
ကိုယ်တိုင်လာရောက် ကြည့်ရှုကြလေသည်။ 

............

သစ်ပင်ကြီးတစ်ပင်၏ အရိပ်အာဝါသအောက်မှာ ရှောင်
ယွင် ရှင်းအာကို အဖော်ပြုပေးရင်း အေးအေးလူလူ ထိုင်
နေလျက် ရှိသည်။ 
ပြီးတော့ လေ့ကျင့်ရေးကွင်းအလယ်တွင် တည်ဆောက်
ထားသောကြီးမားတဲ့ စင်တခုကို မျက်စိကျဉ်း၍ စူးစိုက်
ကြည့်နေ၏။ ဒီစင်မြင့်ကို ကြီးမားသော သစ်တိုင်လုံးများ
ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အရွယ်ရောက်ခြင်း
အခမ်းအနားအတွက် အထူးဆောက်လုပ်ထားခြင်းဖြစ်၏။

စင်ပေါ်တွင် ဘယ်သူမှ မရှိသေးသည့် သစ်စင်မြင့်ကို 
ဆက်မကြည့်တော့ဘဲ အရွယ်ရောက်ခြင်းအခမ်းအနား
အတွက် ရောက်ရှိလာသော မျိုးနွယ်ဝင်မဟုတ်သည့်
လူအများကို ထပ်ကြည့်လိုက်သည်။ 

" လူတွေ တော်တော်များတာပဲ " 

ဟု ညည်းတွားပြောဆိုလိုက်၏။ 

ရှောင်ယွင်၏ မပျော်မရွှင်ဖြစ်နေသည့် မျက်နှာကို ကြည့်ပြီ
ရှင်းအားကား ရှောင်ယွင်အကြောင်းကို သိနေသူမို့ ကျေနပ်
စွာ ကျယ်ကျယ်လေး ရယ်မောမိလေသည်။ သူမ၏ ရယ်
မောသံထွက်ပေါ်လာသလို ရှောင်ယွင်၏ အပြစ်တင်သည့်
အကြည့်က ဒိုင်းခနဲ ရောက်လာသည်မို့ သူမပါးစပ်လေးကို 
ကမန်းကတန်း ပိတ်လိုက်ရသည်။ထိုအခိုက် ရှောင်ယွင် 
ကို အကဲခတ်ကြည့်လိုက်ရာ သူမမျက်ဝန်းတွင် ရွှေရောင်
ဖျော့ဖျော့အလင်းတစ်ခုဖြတ်ပြေးသွားလေပြီ 
" အကိုရှောင်ယွင် အဆင့်၈ ရောက်သွားတယ်..?? "

ဒါကိုကြားလိုက်သောအခါ ရှောင်ယွင် ခေါင်းကိုစောင်းငဲ့၍ 
ရှင်းအာကို ကြည့်လိုက်သည်။ သူမသာ အနားမှာ ရှိနေလျှင်
မည်သည့်လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်ထားလို့ မရနိုင်မှန်း 
နားလည်လိုက်သည်။ ထို့ကြောင့် အသာ ခေါင်းညိတ်ပြ
လိုက်သည်။ 

" ဝါးးး.... တစ်လတောင် တင်းတင်းမပြည့်သေးဘူး... 
အဆင့်၈ ရောက်သွားပြီး.. ဒီလိုအမြန်နှုန်းက လန့်စရာပဲ.."

ရှောင်ယွင် ခေါင်းညိတ်ဝန်ခံတာကို ကြည့်ပြီး တည်ငြိမ်
သောသဘာဝ ရှိတဲ့ ရှင်းအာကိုယ်တိုင်တောင်မှ အံ့သြတဲ့
မျက်နှာ ဖြစ်သွား၏။

ရှင်းအာကို မျက်ဖြူလှန်ကာ အရှုံးပေး ဝန်ခံပြလိုက်ပြီး 
ရှောင်ယွင် မျက်နှာ ရုတ်တရက် လွှဲလိုက်သည်။ သစ်သား
စင်မြင့်အနီးအနားမှာ မိန်းမပျိုလေးတစ်ဦး အနီရောင်
လွှမ်းတဲ့ အင်္ကျီကို ဝတ်ဆင်ထား၍ အနီးရှိလူတွေနှင့်
စကားပြောဆိုနေလျက်ရှိနေသည်။ သူမနေရာတွင် လူတွေက ပတ်လည်ဝိုင်းလျက်ရှိနေ၍ အစည်ကားဆုံးလူအစု
အဖွဲ့ကြီး ဖြစ်နေ၏။

လူအများ ဝိုင်းဝိုင်းလည်နေသည့် အနီရောင်အဝတ်နဲ့ မိန်း
ကလေးကို ရှောင်ယွင် အရင်က တွေ့ဖူးပါသည်။ သူမကား
ပထမတန်းလေလံအိမ်၏ လေလံအခမ်းအနားမှူး ဖြစ်သည့်
မိန်းကလေး ရဖေး ဖြစ်သည်။ 

" တကယ်ကို လှတာပဲ... " 
မြွေလိုမျိုး သေးသွယ်လှပတဲ့ ရဖေးမိန်းကလေး၏ ထွာဆိုင်
လေးကို မခွဲနိုင်မခွာရက် ငေးကြည့်နေမိရင်း ရှောင်ယွင် 
စိတ်ထဲမှာ တိတ်တိတ်လေး အမှတ်ပေးနေမိပြန်သည်။ 

ရဖေးထံတွင် ရှောင်ယွင်အကြည့်တို့သည် အချိန်အတော်
ကြာ  တဝဲလည်လည်ရောက်နေတဲ့အခါ ဘေးနားကနေ 
ရှင်းအာ၏ စိတ်အလိုမကျသည့် ချောင်းဟန့်အသံက 
ထွက်ပေါ်လာသည်။ 

" အဟမ်း.. " 
ရှောင်ယွင် ရဖေးထံမှအကြည့်ကို ချက်ချင်းလွှဲဖယ်လိုက်ပြီး
မျက်လုံးလေး ကလယ်ကလယ်ဖြင့် ရဖေးကို ငေးမကြည့်
ခဲ့ဖူးသည့်အလား သရုပ်ဆောင်လိုက်သည်။ စိတ်အလိုမကျ
နေသည့် ရှင်းအာကို ပြုံးပြလိုက်ပြီ
" ဒီနေ့ အရွယ်ရောက်ခြင်းအခမ်းအနားကို ပထမတန်းလေ
လံအိမ်တော်က လာတယ်ဆိုတာ သိလား.. ?? "

ဘာမှ မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေသည့် ရှောင်ယွင်ကို 
မျက်စောင်းထိုးလိုက်ပြီ ရှင်းအာ ခံစားချက်မပါသည့်အသံ
ဖြင့် " ရှောင်မျိုးနွယ်စုနဲ့ ပထမတန်းလေလံအိမ်က ကောင်း
မွန်တဲ့ ဆက်ဆံရေးရှိကြတယ်.. ရဖေးက ဒီကို လာတာ 
အရောင်းအဝယ် အပေးအယူ လုပ်ဖို့အတွက်လား..?
ပြီးတော့ သူမရဲ့ဆက်ဆံပေါင်းသင်းအပြောအဆိုတွေက အံမခန်းလောက်အောင် ကျွမ်းကျင်တယ်ဆိုတာ ဝူတန် 
တမြို့လုံးသိတယ်.. သူမရဲ့အလှအပမှာ စွဲငြိသွားတဲ့ 
သခင်လေးနှစ်ယောက်ဆိုရင် ပိုက်ဆံတွေ အများကြီးဖြုန်း
ပြီး သူမကို ပိုးပန်ခဲ့တာတောင် နောက်ဆုံး ဘာမှ မရလိုက်
ကြဘူး... သူ့ကို အကိုရှောင်ယွင် ပိုးချင်တယ်ဆိုရင် သတိ
ထားပါလို့ပဲ မှာချင်တယ်.. ပြီးတော့ ပိုးပန်းတဲ့ကိစ္စအတွက် 
ရှင်းအာ ပိုက်ဆံတပြားမှ ထုတ်ချေးမှာ မဟုတ်ဘူး..။ 

ရှင်းအာပြောစကားကြောင့် ရှောင်ယွင် အောင့်သက်သက်
ဖြင့် ပြုံးလိုက်ပြီ 
" ပိုးပန်ဖို့ စဉ်းစားမယ်ဆိုရင်တောင် သူ့ ငါ့ကို အသိအမှတ်
ပြုဖို့ လိုသေးတယ်လေ.. ပြီးတော့ သူက ငါ့ထက် အသက်
၇ နှစ် ၈ နှစ်လောက် ကြီးတယ်ဆိုတာ သိတယ်မလား.. "

" တချို့မိန်းမတွေက အဲဒါကို မကြိုက်လို့လား.. "
ရှင်းအာ ပြောနေရင်း ပြုံးသွားလေသည်။ 

ရှောင်ယွင် ခြောက်ကပ်ကပ် ရယ်လိုက်ပြီး အရှုံးပေးလိုက်
သည်။ ဝိုင်းဝိုင်းလည်နေသည့် အဖွဲ့ကိုလည်း လှည့်မကြည့်
တော့ပေ။ 
 
ရှောင်ယွင် အဲ့ဒီနေရာကို ထပ်မကြည့်တော့တာ မြင်ပြီး 
ရှင်းအာလည်း ထပ်ပြီး မပြောတော့ချေ။ ခနတာ တိတ်
ဆိတ်သွားပြီနောက် ရှင်းအာ၏ အာမေဋိတ်အသံက 
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ 

" ဟမ်း... သူမ ဘာလို့ ပြန်လာတာလဲ..?? "

" ဘယ်သူလဲ.. " 
ရှင်းအာကြည့်နေသည့်နေရာကို လှည့်ကြည့်လိုက်သော
အခါ ရှောင်ယွင် နဖူးရှုံ့လိုက်မိသည်။ 

 နှစ်ယောက်သား အကြည့်က ကျောင်းသူဝတ်စုံ ဝတ်ဆင်
ထားသည့် မိန်းကလေးဆီကို ရောက်သွားသည်။ သူမကား
သစ်ပင်တစ်ပင်မှာ မှီလျက်ရှိနေပြီး ဓားတစ်ချောင်းကလည်း
ခါးမှာ ချိတ်ဆွဲထားသည်။ အရပ်ကအတော်ပင် ရှည်၍
အထူးခြားဆုံးက သူမ၏ ခြေတံရှည်ပင် ဖြစ်သည်။ 
သူမ၏ ခြေတံရှည်က အလွန်ပင် ညှို့ငင်အားကောင်းလှပြီး
ရဖေး၏ ခြေတံနှင့် ယှဉ်ကြည့်ပါက ရဖေး၏ ခြေတံအလှပင်
မှေးမှိန်သွားလောက်သည်။ 

" ရှောင်ယု ?? " 
အရပ်မြင့်မြင့် မိန်းကလေး ကို ငေးကြည့်နေရင်း ရှောင်ယွင်
က 
" သူ ဂျားနန်ကျောင်းတော်ကို ပညာသင်ဖို့ သွားတာမလား.
ဘာဖြစ်လို့ ပြန်လာတာလဲ..?? "

ရှင်းအာ ချစ်ဖွယ်ကောင်းအောင် ပခုံးတွန့်၍ စနောက်ချင်
သော လေသံဖြင့် 
" အကိုရှောင်ယွင် ဒီတကြိမ်ကျရင် အကို ဒုက္ခရောက်ပြီထင်
တယ်... "

ရှောင်ယွင် ပါးစပ် ဟသွားပြီး နေလောင်ထားတဲ့ နဖူးပြင်
ကို ပွတ်လိုက်ရင်း ပြောလိုက်သည်။ 
" ဒီမိန်းကလေးက  အရမ်းကို စိတ်ပျက်ဖို့ကောင်းတာပဲ..
သူ့ကို ငါ ဘာလုပ်မိလို့လဲ??? အားလုံး ငါလုပ်မိတာက 
အနောက်ဘက်တောင်က သူ့ရေချိုးတဲ့နေရာကို အမှတ်
မထင်တွေ့မိသွားတယ်...ပြီးတော့ သူ့ခြေထောက်ကို 
ထိရုံလေးပဲ... အဲဒါနဲ့ပတ်သတ်ပြီ ငါ့ကို တစ်နှစ်လုံး တွေ့
တိုင်း လိုက်သတ်တော့တာပဲ.. " 

" ဟီဟီ... မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ထိချင်
တိုင်း ထိလို့မရဘူးလေ.. "
ရှောင်ယွင်ရဲ့ ပုံပြင်ကို ကြားရတော့ ရှင်းအာ ပါးစပ်ကို 
လက်ကလေးဖြင့် ပိတ်၍ တခစ်ခစ် ရယ်လေသည်။ 
အရင်တုန်းက ရှောင်ယွင် သူမအခန်းထဲကို ခိုးဝင်လာပြီ
ကူညီပေးခဲ့တာကို ရုတ်တရက် သတိရလိုက်သည်။ 
ကူညီခဲ့စဉ်အခိုက်မှာ သူမခန္ဓာကိုယ်ကို ထိတွေ့ခဲ့တာတွေ
ပြန်မြင်ယောင်လာ၍ သူမမျက်နှာတွင် ရှက်သွေး ဖြန်းခနဲ
နီရဲလာသည်။ 

ရှောင်ယွင် နှုတ်ခမ်းမဲ့လိုက်၍ အေးစက်စက် ပြံးလိုက်သည်။ 
" ဒီမိန်းမက ရှောင်နင်ရဲ့ အစ်မမို့လို့လား မသိဘူး..နှစ်
ယောက်စလုံးက ကောင်းတဲ့သူ တွေမဟုတ်ဘူး... ဒီကောင်
ရဲ့ ရန်လိုနေတာတွေက သူ့အစ်မကြောင့်လည်း ပါတယ်.. "

အဝေးက ရှောင်ယု သူမအကြောင်းကို နှစ်ယောက်သား 
ထိုင်ပြောနေတာ ခံစားမိတယ်ထင့်ရဲ့ လှည့်ပတ်ကြည့်ရာ
တခြားသစ်ပင်အောက်မှာ ထိုင်နေတဲ့ ရှောင်ယွင်တို့ကို 
လှမ်းမြင်လိုက်သည်။ ခနလေး အံ့သြသွားပြီး မနှစ်မြို့ဖွယ်
မျက်ခုံးတွန့်ချိုးထား၍ မျက်နှာက မတူမတန် ပုံစံလေး 
ပြောင်းသွားသည်။ မကြာခင်မှာပဲ သူမ၏ ခြေတံရှည်ကို 
လှမ်း၍ ရှောင်ယွင်ဆီ လမ်းလျှောက်လာခဲ့သည်။ 

ရှောင်ယု လမ်းလျှောက်လာနေသည်ကို မြင်၍ ရှောင်ယွင် 
သဘောမကျသည့်ဟန် စိတ်မရှည်စွာ မျက်ခုံးကို ရှုံ့ထား
သည်။ 

" ဟဟ ရှောင်ယွင်... အရင်အခြေအနေရောက်ပြီ ဒီနေ့လို
မင်းကို တွေ့ရလိမ့်မယ်လို့ တကယ်မတွေးထားမိဘူး... 
တကယ့်ကို အံ့သြစရာပဲ..."
ရှောင်ယွင်နေရာဆီကို  နီးကပ်လာသည်နှင့်အမျှ သူ့၏
စိတ်ပျက်ပြီး သဘောမကျသည့်အကြည့်ကြောင့် ရှောင်
ယု လှောင်ရယ်လိုက်သည်။ 

" နင့်အပူ မပါဘူး... "
ရှောင်ယွင်က ရှောင်ယုအပေါ် သိသိသာသာ သဘောမကျနေသည်မို့  ပုံမှန်အေးဆေးနေတတ်သော ရှောင်ယွင်
ရဲ့ စကားကလည်း ပေါ့ပြက်ပြက်လေသံ ပြောင်းနေသည်။ 

" မင်းစကားလုံးတွေက ဒီလိုပဲ စွာပြီး အမြဲစိတ်ပျက်ဖို့
ကောင်းတာပဲ.... ကြည့်ရတာ ပြီးခဲ့တဲ့သုံးနှစ်က မင်းရဲ့
အပြောအဆိုတွေကို ယဉ်ကျေးအောင် မလုပ်ပေးလိုက်
ဘူးထင်တယ်... " 
ရှောင်ယွင်ကို အပေါ်စီးကနေ ကြည့်ပြီး ဆရာမလေသံဖြင့်
ဆိုဆုံးမပါလေတော့သည်။ 

" ဒီလေသံမျိုး လာပြန်ပြီးဟ"
ရှောင်ယွင် စိတ်ပျက်စွာ တွေးလိုက်မိပြန်သည်။ ရှောင်ယွင်
အပေါ်မော့ကြည့်လိုက်ပြီး တစ်နှစ်လောက်မတွေ့ဖြစ်ခဲ့တဲ့
ရှောင်ယုကို အနီးကပ် ကြည့်လိုက်သည်။ သူမခြေထောက်
ဆီကို အကြည့်ရောက်သွားတဲ့အခိုက် ရှောင်ယွင် နှာခေါင်း
ပွတ်လိုက်ရင်း မေးလိုက်သည်။ 
" မင်းရဲ့ ခြေတံလေးတွေ ရှည်ပြီး လှနေတုန်းပဲနော်.. 
ဟိုတခေါက်ပြီးတော့ နောက် တခြားယောင်္ကျားတွေ ထိ
ခဲ့သေးလား.. ထိခဲ့မိရင် ငါ ဝမ်းသာမှာပဲ.. " 

ရှောင်ယွင်ပြောစကားကြောင့် လှောင်ပြုံးရယ်နေတဲ့ ရှောင်
ယုမျက်နှာ ချက်ချင်းပဲ မည်းမှောင်သွားခဲ့သည်။ 

.............

Chapter 36

36 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 36.  ရယ်ချင်ဖွယ် အဆင့်တက်လှမ်းခြင်း

  လှပကြော့ရှင်းပြီး ချောမောလှတဲ့ ရှင်းအာက ဒီလို
မိန်းကလေးဆန်တဲ့ စကားကို ပြောလိုက်တယ်ဆိုတာ 
ယုံကြည့်ဖို့ ခက်လှသည်။ သူမ၏ ဆွဲဆောင်မှုကြောင့် 
ရှောင်ယွင် စိတ်က ယိုင်နဲ့နဲ့ ဖြစ်သွားလေ၏။ 

သူ့ကိုယ်သူ တိတ်တဆိတ် အပြစ်တင်လိုက်ရင်း
သဲသဲကွဲကွဲမကြားရသော လေသံဖြင့် ပြန်ဖြေလိုက်၏။
ပြီးသည်နှင့် ရှင်းအာ၏ ပြုံးနေသော အကြည့်အောက်တင်
ထွက်ပြေးသွား၏။ 

ရှောင်ယွင် ထွက်ပြေးသွားတာကိုကြည့်ရင်း သူမ ပါးစပ်
ကလေးကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်ချေ၏။ 
ထို့နောက် မျက်ခုံးလေး တွန့်ထားပြီး မနီးမဝေးက 
ရေကန်ဆီကို လျှောက်သွားသည်။ 

ရေကန်၏ ရောင်ပြန်ဟပ်မှုကြောင့် လှပတဲ့မျက်နှာနှင့်
တောက်ပတဲ့မျက်လုံးနဲ့ သွားဖြူလေးတွေက ကန်ရေ
ပြင်မှာ ထင်ဟပ်နေသည်။ သူမ၏ အမူအရာတိုင်းမှာ 
ထူးထူးခြားခြား ကျက်သရေရှိခြင်းဟာ လွှမ်းမိုးထားသည်။

" အရမ်း သာယာတာပဲ.. "
ကိုယ်ကို တပတ် ချာလည်လှည့်လိုက်ပြီ ကျေနပ်နှစ်သက်
တဲ့ အပြုံးလေးတွေ သူမနှုတ်ခမ်းမှာ ဖြစ်ပေါ်လာသည်။ 

ထိုအခိုက် မနီးမဝေး နေရာတွင် စွန့်စားခရီးထွက်ပြီး
နောက် မျိုးနွယ်ဆီကို ပြန်လာခဲ့သည့်  ငယ်ရွယ်သည့်
ယောင်္ကျားလေးနှစ်ယောက်ဟာ ခြေလှမ်းရပ်ပြီး ပါးစပ် 
ကြီး ဟလျက်..  မိုးမခပင်အောက်က မိန်းကလေးကို
အံ့အားသင့်စွာ ငေးကြောင်ကြည့်နေသည်။
သူတို့၏ မျက်လုံးမှာ အံ့သြနေတာတွေနဲ့ .....

............

အခန်းဆီကို ကမန်းကတန်းပြန်ပြေးလာ၍ အခန်းတံခါးပိတ်
လိုက်ပြီ ရှောင်ယွင် အသက်ပြင်းချလိုက်လေသည်။ 
နဖူးပြင်ပေါ်က ချွေးစေးတွေကို သုတ်လိုက်ပြီ ခါးသက်စွာ
ပြုံးလိုက်သည်။ 
" ဒီကောင်မလေး..နောက်ဆိုရင်  လေလံအိမ်က ရဖေး
ထက်အောင် ပိုလှလာမယ်.. "

ထိုင်ခုံတစ်ခုပေါ် ထိုင်လိုက်ပြီး ရေနွေးကို ပါးစပ်အပြည့် ဂွပ်
ခနဲ သောက်လိုက်သည်။ စိတ်ထဲမှာလည်း ရှင်းအာကိုပဲ 
စွဲနေသည်။ ရှင်းအာ၏ လှပတဲ့ မျက်ဝန်းကို ပြန်မြင်ယောင်
မိတော့ သူ့နှလုံးသားထဲ လောင်မြိုက်နေတာကို ရုတ်တ
ရက် ခံစားလိုက်ရ၏။ 

ရှောင်ယွင် ခေါင်းကို လှုပ်ယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်
ကျိန်ဆဲလိုက်သည်။ နောက်ဆုံးတွင် တဖြည်းဖြည်း ပြန်
တည်ငြိမ်လာခဲ့သည်။ 

ထို့နောက် လက်မောင်းကို အညောင်းပြေ လွှဲယမ်းလိုက်
ရင်း အခန်းထောင့်ကို သွားလိုက်သည်။ အခြေခံဆေး
ရည်အပြည့်နဲ့ သစ်သားစည်ပိုင်းကို ဆွဲထုတ်လာပြီး 
စည်ပိုင်းအထဲ ဝင်ထိုင်လိုက်လေသည်။ 

အေးစက်စက် ဆေးရည်တွေနဲ့ ခန္ဓာကိုယ် ထိတွေ့တဲ့
အခိုက်မှာ ခပ်နွေးနွေး အနွေးဓာတ်တစ်ခုက ခန္ဓာကိုယ်
တလျှောက် ဖြန့်ကျက်လာသည်။ ခန္ဓာကိုယ်အတွင်း
အားအင်ကုန်ခမ်းခဲ့တာကို ဖြည်းညှင်းစွာ အားပြန်ဖြည့်ပေး
လေသည်။ 

ရှောင်ယွင် သစ်သားစည်ပိုင်း မှီချလိုက်သည်။ အသက်ရှု
တာလည်း နှေးကွေး တည်ငြိမ်လာသည်။ 

ဒီနေ့ လေ့ကျင့်ကွင်းထဲမှာ လူတွေရဲ့ အထိတ်တလန့် 
အံ့အားသင့်နေကြသော မျက်နှာပုံစံကို ပြန်မြင်ယောင်သွား
၍ ရှောင်ယွင် ပြုံးလိုက်မိတော့သည်။ စွမ်းအား.. စွမ်းအား... 
ဒီလောကမှာ အရေးကြီးဆုံးက စွမ်းအားပဲ....

နားထင်စပ်ကို ဆွဲသပ်လိုက်တဲ့အခိုက်မှာ  အေးစက်ပေမဲ့
လှပတဲ့ မျက်နှာပုံရိပ်တစ်ခုက မမျှော်လင့်ဘဲ အတွေးထဲ 
ပေါ်လာသည်။   

နာလန် ရိရွမ်!!!! 

ရှောင်ယွင် မျက်လုံး ကျဉ်းသွားပြီး အသံတိတ် ရေရွတ်
လိုက်သည်..။ 
" နောက်ထပ် ၂ နှစ်?? ငါလာရှာမှာမို့ မင်းကြိုတင်ပြင်ဆင်
ထားတာ ပိုကောင်းမယ်.. "

စကားလုံးအတွင်းက အေးစက်မှုကိုသာ မခံစားလိုက်ရဘူး
ဆိုရင် ရှောင်ယွင် စကားက ချစ်တဲ့သူကို ပြောနေသလို 
မည်သူမဆို ထင်ကြလိမ့်မည် နားကျည်းရတဲ့ ပြိုင်ဖက်
တစ်ယောက်ကို ပြောနေသည်ဟု ယူဆကြမည်မဟုတ်ချေ။

ခန်းမကြီးထဲတွင် နလန်ရိရွမ်၏ ပြုမူသွားသော မထီမဲ့မြင်
ပုံစံနှင့် စကားလုံးတွေကို ပြန် သတိရလာပြီး လက်သီးကို 
တင်းတင်းဆုပ်ထားမိသည်။ အရှက်တွေ ကြုံတွေ့ခဲ့ရတာ
တွေဟာ သူ့ရင်မှာ တံဆိပ်နှိပ်ထားသကဲ့သို့ ရှိနေသည်။ 

" ဟားဟား ငါ အနားယူနေလို့မရဘူး... သူက မာနကြီးပေမဲ့ 
တိမ်မြူဂိုဏ်းရဲ့ ခေါင်းဆောင်လောင်းအဖြစ် ရွေးချယ်ထား
တယ်ဆိုတော့ သူ့ရဲ့အရည်အချင်းက ပေါ့သေးသေးတော့
မဟုတ်ဘူး... "
ရှောင်ယွင် နှုတ်ခမ်းက အေးစက်စက်ပြုံးလိုက်သည်။ 

ရှောင်ယွင် အသက်ပြင်းချလိုက်သည်။ သူ နာလန်ရိရွမ်
အကြောင်း တွေးလိုက်တိုင်း သူ့အတွက် တွန်းအားအသစ်
တွေရရှိသလို ခံစားရသည်။ ချက်ချင်းပဲ ပျင်းရိစွာ ထိုင်နေ
တဲ့ ပုံစံကို ပြင်လိုက်ပြီး ကျောရိုးမတ်ပြီး သစ်သားစည်ပိုင်း
မှာ ပြင်ထိုင်လိုက်သည်။ အတွေးတွေကို မောင်းထုတ်လိုက်
ပြီး လက်ကို သင်္ကေတပုံစံတခု ဝှေ့ယမ်းလိုက်ကာ
လေ့ကျင့်ခြင်း စတင်ဖို့ ဟန်ပြင်လိုက်သည်။ 
.............

အဆင့်စစ်ဆေးခြင်း ပြီးဆုံးပြီ နောက်နေ့များတွေမှာ 
မျိုးနွယ်ထဲက လူတွေရဲ့ အကြည့်တွေကို ရှောင်ယွင်
သတိထားမိသည်။ သူတို့ရဲ့အကြည့်တွေက လှောင်
ပြောင်မှုတွေ မရှိတော့ဘဲ အဲ့ဒီအစား လေးစားခြင်း
တွေနဲ့ ကြည့်လာကြသည်။

ထို​ ​ပြောင်းလဲသွား​သောအကြည့်​များ.. လွန်​ခဲ့​သောသုံးနှစ်
က သူကြုံခဲ့ဖူးပြီး ဖြစ်​သည်​။ ​ရှောင်​ယွင်​ လူအများ​လေးစားခံ
ရခြင်းအတွက်​လည်း ဘဝင်​မမြင့်​​တော့.. မတုန်​မလှုပ်​ တည်
တည်​ငြိမ်​ငြိမ်​သာ ရှိ​တော့သည်

အဆင့်စစ်ဆေးပြီး နောက်တစ်နေ့မှာ ပေးထားတဲ့ ကတိ
အတိုင်း ရှောင်ယွင် ရှင်းအာနဲ့ အဖော်လိုက်၍ ဝူတန်မြို့
ရဲ့ လှပတဲ့ ရှုခင်းတောင်တန်းတွေကို အတူတူ လည်ပတ်
ခဲ့သည်။ သူ့အဖေ ရှောင်ကျန်းက လွဲပြီး မျိုးနွယ်ထဲမှာ 
အရင်းနှီးဆုံးလူဆိုလို့ ရှောင်ယွင်ပဲ ရှိတာမို့  ရှောင်ယွင်
အနေဖြင့် သူမ တောင်းဆိုတာ မှန်သမျှ မငြီးမညူ လုပ်
ဆောင်ပေး မြဲ...

နောက်နေ့မှာတော့ အနားယူလိုက်ပြီးနောက် ရှောင်ယွင်
နေ့စဉ်ဘဝက တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီး အစီအစဉ်
အတိုင်း စနစ်တကျ ဆက်လက်ရွှေ့လျားလေ၏။

ဒိုချီသိုင်းကို မနက်စောစောအချိန်တွင် မျိုးနွယ်အိမ် 
အနောက်ဘက်ရှိ တောင်အနောက်ခြမ်း၌ လေ့ကျင့်ပြီး
ကျန်သည့်အချိန်တွင် သူ့အခန်း၌ ဆက်လက်လေ့ကျင့်
ခဲ့သည်။ ရံဖန်ရန်ခါ အဖေနှင့် ရှင်းအာ တို့နှင့် တွေ့ဆုံ
စကားပြောသည်။  သူ့ဘဝက ရိုးရှင်းပြီ ဇယားအတိုင်းပဲ
သွားသည်။ အပြင်တွင် လမ်းလျှောက်ရင်လည်း ရံဖန်ရံ
ခါ ရှောင်မိန်နှင့်ပင် ဆုံမိပြီ အကိုရှောင်ယွင် ဟု နူညံတဲ့
ခေါ်သံလည်း ကြားရချေသေးသည်။ ထိုအခါမျိုးမှာဆို ပြံး
ပြပြီ အကြောင်းပြချက်ရှာကာ ရှောင်ပြေးမြဲပင်..။ အခက်
အခဲဒုက္ခရောက်အချိန်မှာ စွန့်ပြေးသွားတဲ့ သူကို ရှောင်ယွင် 
ဘယ်တော့မှ ပြန်ရင်းနှီးဖို့ စိတ်ကူးမရှိဘူး။ 

အသစ်တဖန် မွေးဖွာလာသော သူ့အရည်အချင်းကြောင့်
ဒီလို လေးစားမှုတွေနဲ့ ရင်းရင်းနှီးနှီး ရုတ်တရက်ဖြစ်လာ
ကြတာကို သူသိနေသလို တကယ်၍ သူ့အရည်အချင်း
ဟာ ပြန်ပျောက်ဆုံးသွားပါက သူ့ကို သူစိမ်းတစ်ယောက်
လို အချိုးပြောင်းပြီး ဆက်ဆံမှာ သိနေသည်။ ဒီလို နောက်
ကျော ဓားနဲ့ထိုးတာမျိုး တခါကြုံဖူးပြီးမို့ သူ့အတွက် လုံ
လောက်နေပါပြီ..။ 

...........

အချိန်တွေ တဖြည်းဖြည်း ဖြတ်ကျော်လာလို့ အရွယ်ရောက်
ခြင်း အခမ်းအနားကျင်းပအချိန် ရောက်ဖို့ ၇ ရက်သာ ကျန်
တော့သည်။ အဆင့်စစ်ဆေးခြင်း ပြီးဆုံးသွားတဲ့နေ့ ကနေ 
ယနေ့အထိ အချိန်များစွာ ကုန်လွန်သွားပေမဲ့ အဆင့် ၈ ကို
ရောက်ဖို့ မျှော်လင့်ထားပေမဲ့ ယခုအထိ အဆင့် ၈ ရောက်
ဖို့ သူ့မှာ အရိပ်အယောင် မပြသေးချေ။ နောက် ၂ ရက် 
အထိ ကြိုးစားနေသေးပေမဲ့ အဆင့်၈ မတက်နိုင်သေး၍
ရှောင်ယွင် စိတ်ပျက်သွားလေသည်။ လေ့ကျင့်ခြင်းကိုပဲ
စိတ်အေးအေးပဲ ထားပြီး ဆက်ကျင့်နေလိုက်သည်။ ဒါမှ
အရွယ်ရောက်ခြင်းအခမ်းအနားအတွက် အကောင်းဆုံး
အခြေအနေမှာ ရှိလိမ့်မည်။ ဒါပေမဲ့ အဆင့် ၈ ကို ကူး
ပြောင်းသွားဖို့ မမျှော်လင့်ပေမဲ့လည်း အံသြစရာတစ်ခုက
ရောက်ရှိလာခဲ့သည်။ 

အရွယ်ရောက်ခြင်းအခမ်းအနားမတိုင်မီ နှစ်ရက်အလိုမှာ 
ရှောင်ယွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်..။ အိပ်မော
ကျနေရာကနေ ရုတ်တရက် ခုန်ထလာသည်။ သူုပုံစံက 
အိပ်ပျော်နေရင်း လမ်းလျှောက်တတ်သူလို ဖြစ်နေသည်။ 
မျက်လုံးလည်း မပွင့်ဘဲ အဝတ်အစားကို ချွတ်ချလိုက်ပြီး 
ဆေးရည် နည်းနည်းပဲ ရှိတော့သည့် သစ်သားစည်ပိုင်း
အထဲ ဝင်ထိုင်လိုက်သည်။ 

ညတဝက်လောက် ရုန်းကန်အချိန်ကုန်သွားခဲ့ပြီနောက်
နောက်ဆုံးတွင် ရှောင်ယွင် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို
ဖွင့်လိုက်လေသည်။ ထို့အတူ သူအိပ်ပျော်နေစဉ်အတွင်း 
 နှစ်လ သုံးလလောက် ကြိုးစားတိုက်ခိုက်နေရတဲ့ နာမည်
ကြီး အဆင့် ၈ ကို ရောက်ရှိနေသည်ကို တွေ့လိုက်သည်။

နောက်ပြောင်နေသလား ထင်မှတ်ရသည့် အဆင့်မြင့်တက်
သွားခြင်းကြောင့် ရှောင်ယွင် ခေါင်း ရှုပ်သွားပေမဲ့  တဖန်
ပြန်အံ့သြသွားပြီ ပျော်ရွှင်စွာ အာမေဋတ်အသံသာ ပြုမိနိုင်
တော့သည်။ 

" တကယ်ကြီးပေါ့လေ.. " 

.............

Chapter 35

35 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 35.      မလုံမလဲ

ရှင်းအာ ပြောစကားကြောင့် ရှောင်မိန် တွေဝေသွားပြီး 
သူမစိတ်ကူးကိုလည်း ပြန် ချိုးနှိမ်လိုက်လေသည်။ တကယ်
၍ မျိုးနွယ်ထဲက တခြားမိန်းကလေးသာ ဖြစ်ပါက သူမ၏
အလှအပနှင့် အရည်အချင်းကြောင့် အပေါ်စီးကနေ ဆက်
ဆံလိုက်မည် ဖြစ်ပေမဲ့ ရှင်းအာဖြစ်နေသောကြောင့် သူမ
မငြင်းသာစွာ လက်လျှော့လိုက်ရလေသည်။ 

ရှောင်ယွင်ရဲ့ မသိကျိုးကျွန်လုပ်ထားသည့် မျက်နှာကို ထပ်
ကြည့်ပြီ ရှောင်မိန် အပြုံးယဲ့ယဲ့လေးသာ ပြုံးနိုင်ကာ လက်
လျှော့၍ ပြန်လှည့်ထွက်သွားလေသည်။ 

ရှောင်ယွင်ကို မှီထားသည့် ရှင်းအာကို မြင်လိုက်ရတဲ့
သကာလမှာ လေ့ကျင့်ကွင်းထဲက လူငယ်ယောင်္ကျားလေး
တွေ အားလုံး ရင်ဘက်ထဲမှာ အောင့်သက်သက်ဖြင့် မနာ
လိုခြင်း ကြီးစွာ ဖြစ်ကုန်ကြလေသည်။ မျိုးနွယ်တစ်စုလုံးမှာ
အတောက်ပဆုံး ပုလဲလုံးလေးက တခြားယောင်္ကျာလေး
တစ်ယောက်နဲ့ ဒီလောက်တောင် ရင်းနှီးနေတာလား..??

ရှောင်ယွင် ရှက်ကိုးရှက်ကန်းဖြင့် အဝေးကို လျှောက်သွား
လိုက်သည်ကို ကြည့်ပြီး ရှောင်ယွင် အံ့အားသင့်စိတ်ဖြင့်
ပြုံးပြုံးလေး ပြုံးနေတဲ့ ရှင်းအာကို လှည့်ကြည့်ပြီး စနောက်
ပြီး မေးလိုက်လေသည်။ 
 
" ကောင်မလေး... ဘာလုပ်လိုက်တာလဲ.. ?? "

ရှင်းအာ ရှောင်ယွင်လက်မောင်းကို ဖက်ထားဆဲ ဖြစ်သည်။
သူမဆီကို ငေးကြည့်နေဆဲ လူအများကို မျက်စိတစ်ချက်
ဝေ့ကြည့်လိုက်ရင်း သဘောရိုးဖြင့် 
" အကိုရှောင်ယွင်က ငြင်းဖို့ လုပ်နေတာပဲ မဟုတ်လား.. "

ရှင်းအာ ပြောစကားကြောင့် ရှောင်ယွင် စိတ်လေသွားသလို
ဖြစ်သွားသည်။ သူတွေးထားတဲ့ အကြောင်းပြချက်နဲ့  ရှင်း
အာ သူမအတွေးအတိုင်း လုပ်လိုက်တဲ့ ပုံစံနဲ့ လုံးဝကွဲပြား
နေသည်။ ရှက်သွားတဲ့ ရှောင်မိန်ပုံစံကို မြင်ယောင်မိပြီး 
စိတ်တိုင်းမကျစွာဖြင့် ခေါင်းကို ခါလိုက်ပြီး ရှင်းအာ ရည်
ရွယ်ချက်ရှိရှိ လုပ်လိုက်တာများလား ဟုပင် တွေးလိုက်မိ
လေသည်။ 

" သူ အပြောင်းအလဲမြန်တာကို ရှင်းအာ သဘောမကျဘူး
ဟဟ  မနက်ဖြန် ဒိုချီခန်းမမှာ သိုင်းအတူတူသင်မယ်ဆိုပဲ.. 
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာသူ ဒီလို တခါမှ မခေါ်ဖူးဘူး.."

ရှောင်ယွင်ကို လေ့ကျင့်ရေးကွင်းအပြင်ဘက်သို့ ဖြည်းဖြည်း ဆွဲခေါ်သွားပြီး သူမကို ကြည့်နေတဲ့ အကြည့်ပေါင်းစုံကို
လည်း လျစ်လျူရှုထားလိုက်သည်။ ဆွဲခေါ်သွားတဲ့ လမ်း
တလျှောက်မှာလည်း ပွစိပွစိနဲ့ အပြောင်းအလဲမြန်တဲ့
ရှောင်မိန်ကို သူမ တကယ် သဘောမကျကြောင်း သိသာ
လှလေ၏။ 

ပခုံးကို တွန့်ပြီး အောင့်သက်သက်အပြုံးနဲ့ ရှင်းအာပြော
တာကို ရှောင်ယွင် သဘောတူမိသည်။ လွန်ခဲ့တဲ့ သုံးနှစ်
မတိုင်ခင်က ရှောင်ယွင်အနားကို ရှောင်မိန်ကပ်နေခဲ့သလို
အမှိုက်ကောင်နာမည်ကို ရှောင်ယွင် ရရှိသွားခဲ့တဲ့အချိန်မှာ 
ရှောင်မိန် ဘယ်လောက် လက်တွေ့ဆန်သလဲဆိုတာ သူ
မြင်ခဲ့တာပဲ... 

ရှောင်ယွင်နဲ့ ရှင်းအာ ကွင်းအပြင် ထွက်ခွာသွားတာကို 
ကြည့်ပြီး ရှောင်နင် မျက်နှာ ရှုံ့မဲ့သွားပြီး လက်သီးကို 
တင်းကျပ်စွာ ဆုပ်ထားလို့ လက်အဆစ်မြည်သံကိုပါ
ကြားနိုင်သည်။ မနာလိုမှုကြောင့် သူ့မျက်လုံးဟာ နီရဲ
လျက်ရှိသည်။

"  နောက်တစ်လကျရင် မင်း သွားကို အကုန်ရိုက်ချိုးပစ်မယ်"
ရှောင်နင် ဒေါနဲ့မောနဲ့ ဆဲဆိုပြီး ကွင်းထဲနေ ဒေါသတကြီး 
ထွက်ခွာသွားသည်။ 

စင်မြင့်ပေါ်က ရှောင်ကျန်းလည်း ပြန်ဖို့ လုပ်နေတဲ့အချိန်
မှာ ရှောင်ယွင်နဲ့ ရှင်းအာ အတူတူထွက်ခွာသွားတာကို မြင်
ပြီး စိုးရိမ်စိတ်ကလေး ဖြစ်ပေါ်လာသည်။ 

"ယွင်လေးက ရှင်းအာလေးကို ကြိုက်နေတာလား.. ??
ရှင်းအာနောက်ခံအသိုင်းအဝိုင်းက နာလန်ရိရွမ်တောင်
မယှဉ်သာအောင် တောင့်တင်းလွန်းတယ်.. ပါရမီရှင် 
အဆင့်နဲ အရည်အချင်းရှိနေရင်တောင်မှ သူမ နောက်
ကွယ်က အင်အားကြီးတွေဆီကနေ အသိအမှတ်ပြုခံရဖို့က
ခက်ခဲလွန်းနေသေးတယ်.."

ရှောင်ကျန်း အချိန်အတော်ကြာ စဉ်းစားနေပြီ အသက်ပြင်း
လေးပင်စွာ ချရင်း ထွက်ခွာသွားလေသည်။
..............

 နှစ်ယောက်သား လမ်းလျှောက်နေခိုက်မှာ ရှောင်ယွင် စော
စောက အဖြစ်အပျက်တွေကို ပြန်တွေးမိသောအခါ ခေါင်း၌
ထူပူသွားပြီး ဘာမှ တွေးမရအောင် ဖြစ်သွား၏။

ထောင့်ချိုးအကွယ်တခု ရောက်သွားသောအခါ  ရှင်းအာ 
ရုတ်တရက် ရှောင်ယွင်လက်ကို မျက်နှာနီနီဖြင့် လွှတ်ချ
လိုက်သည်။ သူမက နှုတ်ခမ်းစူ၍ ရှောင်ယွင်ကို စွပ်စွဲချင်
သောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

သူ့ကိုဆွဲ​ခေါ်လာသည့်​အရှိန်​ ရုတ်​တရက်​ရပ်​တန့်​သွားမှုနှင့်
အတူ ​ရှောင်​ယွင်​ ဘာလုပ်​ရမှန်းမသိဖြစ်​သွားသည်​။ 
အကြောင်းပြချက်​မရှိ သက်​ပြင်းပင်​ ချလိုက်​မိ၏။ သူမျက်​လုံးများက ရှင်းအာဆီ​ရောက်​သွားပြီး သူမ ဘာဆိုလိုချင်​တာလဲ ဟု စဉ်းစား​နေမိ၏

ရှောင်ယွင် ငေးကြောင်နေမှုကြောင့် ရှင်းအာ မျက်နှာလေး
မှာ နီရဲတက်လာသည်။ ရှောင်ယွင်ကိုလည်း လက်ညိုး 
အလိုလိုထိုးမိပြီ   " အကိုရှောင်ယွင်... အကို... " ဟု ပြော
လိုက်၏။

" အဟမ့် အဟမ်း.. "
ရှောင်ယွင် ငေးမောနေရာကနေ အသိပြန်ဝင်လာ၍ ကိုးရိုး
ကားရား ချောင်းဟန့်မိလေသည်။ မျက်နှာမှာ အနည်းငယ်
နီမြန်းသွားပြီး
" ကိုယ့်ညီမလေးကို ပြန်တွေးနေမိအောင် ငါ ဘယ်အချိန်
ကတည်းက နိမ့်ချသွားခဲ့သလဲ.. " ဟု တွေးလိုက်၏။ 

ရှောင်ယွင်နဲ့ ရှင်းအာတို့သည် သွေးမတော်သားမစပ်ခဲ့ကြ
ပေမဲ့ ငယ်စဉ်ကတတည်းက အတူတူနေထိုင်လာခဲ့သည်
ဖြစ်၍ မောင်နှမအရင်းတွေထက် မလျော့တဲ့ ရင်းနှီးမှု ရှိခဲ့
ကြသည်။ အဲ့ဒါကြောင့် ရှောင်ယွင်က ရှင်းအာကို သူ့ညီမ
လေးလို တွေးထားတာ အံ့သြစရာတော့ မဟုတ်ပေ။ ထို့
ကြောင့် သူ့အတွေးကို သူပြန်သတိထားတဲ့အခါမှာ မလုံမ
လဲ အပြစ်ရှိသလို ခံစားရပြီ သူ့ကိုယ်သူလည်း ရွံ့ရှာမိသည်။

ရုတ်တရက် နားလည်သွားခြင်းနှင့်အတူ နှစ်ယောက်သား
အတော်လေး အနေရခက်သွားလေသည်။ 

ရှင်းအာ သူမ၏ခေါင်းကို ငုံ့လိုက်သည်။ တည်တည်တန့်
တန့်အမြဲနေတတ်သည့်ပုံစံက ယခုမူ မိန်းကလေးဆန်စွာ
ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ အရှေ့သို့ တည့်တည့်
လျှောက်နေတဲ့ ရှောင်ယွင်ကို ရံဖန်ရံခါ ခေါင်းလေးစောင်း
ပြီး ဘေးတိုက် ခိုးချောင်းကြည့်သည်..။
 
အိုးတိုးအမ်းတမ်းဖြစ်​​နေသည့်​ အ​ခြေ​အ​နေ​အောက်​တွင်
သိပ်​မရှည်​လှ​သောလမ်းသည်​ ခက်ခက်ခဲလျှောက်လှမ်း ပြီး
မှ အဆုံးရောက်ရသည့် အောင်ပွဲတစ်ခုလို ခံစားစေရသည်။ 

ထိုလမ်းက မည်​မျှပင်​ ရျှည်​ရှည်​ အဆုံးတစ်​ခု​တော့ ရှိ၏။ 
ထိုအဆုံးတွင်​​တော့ ဆန့်​ကျင်​ဘက်​ လမ်းနှစ်​ခွ...။ ထို
နေရာ၌ ​ရှောင်​ယွင်​.. အသာအယာ နှုတ်​ဆက်​လက်​ပြ၍
ထွက်​​ပြေးသွားသည်။ 

" အကို ရှောင်ယွင်.. "
ထိတ်ထိတ်ပျာပျာ ဖြစ်နေတဲ့ ရှောင်ယွင်ကို ကြည့်၍ ထို
မြင်ကွင်းကြောင့် ရှင်းအာ အံ့သြသွားပြီး ရှောင်ယွင်ကို 
လှမ်းခေါ်လိုက်သည်။ 

" ဟင်.. "
ရှောင်ယွင် ခြေလှမ်းရပ်၍ မိုးမခအပင်အောက်မှ ရပ်နေတဲ့
ရှင်းအာ ကို လှည့်ကြည့်လိုက်သည်။ သူ့နှလုံးက တဒိန်းဒိန်း
ရင်ခုန်သံမြန်လာပြန်သည်။ 

အစိမ်းရောင်ဝတ်စုံနဲ့ ရှင်းအာ...
လေထဲတဖျတ်ဖျတ်လွင့်နေတဲ့ ခရမ်းရောင်ခါးပတ်လေးနဲ့... 
သူမနဲ့  အနောက်က မိုးမခပင် နဲ့
အပြစ်အနာအဆာမရှိတဲ့ ပန်းချီကားတချပ်လိုပါပဲ...

" မနက်ဖြန် ရှင်းအာနဲ့ အတူတူအဖော်လိုက်ပေးမှာလား.. "

မိုးမခပင် အကိုင်းအောက်မှာ...
မိန်းကလေး၏ မျက်နှာမှာ ရှက်သွေးဖြာလို့
ကျောက်စိမ်းဥလို သူမသွားများက 
ပန်းသွေးရောင်နှုတ်ခမ်းဖူးဖူးလေးကို ကိုက်ထားသည်..။
လှပတဲ့ မျက်ဝန်းက ရှောင်ယွင်ကို မျှော်လင့်ချက်နဲ့
ကြည့်နေလျက်....

Chapter 34

34 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 34.      ပြန်လှည့်သွားပြီး 

အေးဆေးဆေးဆေးပဲ လက်ကို အနောက်ပစ်ထားတဲ့ 
ရှောင်ယွင်ကို ကြည့်ပြီး လေ့ကျင့်ကွင်းထဲလူတွေ ဆွံ့အ
သွားပြန်သည်။ 

စင်မြင့်ပေါ်က ရှောင်ကျန်းလည်း တဖြည်းဖြည်းပြုံးလာပြီ
နောက် တဟားဟားဖြင့် ရယ်မောလေသည်။ 

ရှောင်ကျန်းရဲ့ အားပါတရ ရယ်သံကို ကြားမိသော်လည်း
အကြီးအကဲသုံးယောက်မှာ ဆိုစရာစကားမရှိဘဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း အသက်ပြင်းကိုယ်စီ ချ
လိုက်သည်။ ရှောင်ယွင်ကို ဆန့်ကျင်ပြီး တစ်ခုခု လုပ်ဖို့
လည်း မကြိုးစားတော့ပါဘူး။ ရှောင်ယွင် ပြသွားတဲ့ အစွမ်းပပကားတွေက သူတို့အတွက် ရှုံးနိမ့်မှုကို နိမိတ်ပြသွားသကဲ့
သို့ ခံစားစေရသည်။ ၁ နစ်အတွင်း အဆင့်၎ ဆင့်.. ဒါဟာ
မည်သူ့ကိုမဆို အလန့်တကြားဖြစ်စေမှာပါ။ ပြီးတော့ 
သူတို့ရဲ့ သားဒါမှမဟုတ် မြေး တွေမှာတောင် ဒီလို အမြန်
နှုန်းမျိုး ရှိဖို့ မျှော်မှန်းမိမှာ မဟုတ်ဘူး။ 

 ရှောင်ကျန်းစိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ပြီး ပွဲရလဒ် 
ကို စတင်ကြေညာသည်။ 
" တူလေး ရှောင်ခွန်း ရှုံးနိမ့်သွားပါတယ်... ဆက်လက် ကြိုး
စားပြီး လေ့ကျင့်သွားဖို့ မျှော်လင့်ပါတယ်... "

ကြေညာသံကို နားထောင်ရင်း လေ့ကျင့်ကွင်းထဲက ရှောင်
ခွန်း စိတ်ဓာတ်ကျပြီ ခေါင်းငိုက်စိုက်ကျသွားသည်။ သူနဲ့ 
သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူ
ငယ်ကို ကြည့်လိုက်ရင်း  ပြီးခဲ့တဲ့ တစ်နှစ်တုန်းက အမှိုက်
ကောင်လို့ သူကိုယ်တိုင် စော်ကားပြီ ခေါ်ခဲ့တဲ့အကြောင်းကို
ပြန်သတိရလာသည်။ အခု တစ်နှစ်အတောအတွင်းမှာ 
အမှိုက်ကောင်လို့ သူခေါ်ခဲ့တဲ့ ရှောင်ယွင်က မျိုးနွယ် ထိပ်
ပိုင်းကို ရောက်သွားပြီး သူ့ထက်ပင် အဆင့်ကျော်တက်သွား
ခဲ့ပြီ။ အခြေအနေ အရမ်းပြောင်းလဲသွားခြင်းက သူ့ကို ပြီးခဲ့
တဲ့တစ်နှစ်တုန်းက ခန်းမဆောင်ကြီးထဲမှာ ရှောင်ယွင် ပြောခဲ့တဲ့ စကားကို ပြန်အမှတ်ရစေလေသည်။

"အခု ငါအားနည်းနေလို့  ငါ့ကို လွယ်လွယ်လေး ထင်သလို
အနိုင်ကျင့်လို့ရတယ်လို့ မတွေးလိုက်နဲ့... "

သူ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းကို ယမ်းလိုက်သည်။ 
ခက်ခဲစွာ မတ်တပ်ရပ်လိုက်ပြီး ရှောင်ယွင်ဆီကို ဦးညွတ်
လိုက်၍ မာနကင်းတဲ့ လေသံဖြင့် ပြောလိုက်လေ၏။

" အကိုကြီး ရှောင်ယွင်က နိုင်ပါတယ်... စွမ်းအားတွေ 
ပြန်လည်ရရှိသွားလို့လည်း ဂုဏ်ယူပါတယ်... "

ရှောင်ယွင အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ကွင်း
ထဲက လူတွေဆီကို ဖြန့်ကျက်ပြီး စူးစိုက်ကြည့်လေသည်။ 
သူ့အကြည့်နဲ့ ဆုံတဲ့သူတိုင်းဟာ ကြောက်ရွံ့သွားကြပြီး
စိုးရိမ်စွာဖြင့် တဖက်ကို မျက်နှာလွှဲလိုက်ကြသည်။

သူ့ကို ငေးကြည့်နေသည့် ရှောင်မိန်ကိုလည်း လှမ်းမြင်
လိုက်သည်။ ဒါပေမဲ့ ဆက်ပြီး အဆင့်ရှုံးနိမ့်သည့် မျိုးနွယ်
လူငယ်တွေကို သေချာကြည့်ပြီး ပြုံးလိုက်ကာ
" စိန်ခေါ်ချင်တဲ့ သူများ ကျန်သေးလား.. "

ပထမတုန်းက စိန်ခေါ်ဖို့ စိတ်အား ထက်သန်နေတဲ့ မျိုးနွယ်
လူငယ်တွေဟာ အခုအခါမှာတော့ ပါးစပ်ပိတ်နေကြပြီး
ရှောင်ယွင်စကားက သူတို့နဲ့ မသက်ဆိုင်နေသလိုမျိုးနဲ့ 
အကြည့်လွှဲထားကြသည်။ မည်သူမှလည်း အရှေ့ထွက်ပြီး စိန်မခေါ်ရဲတော့ဘူး။ 

အရူးလို ဟန်ဆောင်နေသည့် ကလေဆန်တဲ့ အပြုအမူတွေ
ကို တွေ့ရလို့  ရှောင်ယွင် ပခုံးတွန့်လိုက်ပြီး သူ့နေရာဆီကို
ပြန်လှည့်လာခဲ့လိုက်သည်။ 

ဘေးနားကို ရောက်ချလာတဲ့ ရှောင်ယွင်ကို ကြည့်ပြီး
ရှင်းအာ ပြုံးပြလိုက်သည်။ ကွင်းပြင်အခြေအနေကို အကဲ
ခတ်ကြည့်၍ ရှောင်ယွင်ကို
" အကိုရှောင်ယွင်... လွန်ခဲ့တဲ့ သုံးနှစ်ကလိုမျိုး အကြည့်
တွေနဲ့ အကို့ကို ကြည့်နေကြပြီး.. " ဟု ပြောလိုက်သည်။ 

ရှောင်ယွင် နှာခေါင်းပွတ်လိုက်ပြီး ရယ်ရယ်မောမောဖြင့်
" အဲ့ဒီသုံးနှစ်တုန်းက သူတို့ရဲ့ လေးစားပြီး ကြောက်ရွံ့နေ
ကြတဲ့ အကြည့်တွေကြောင့် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်..
ဒါပေမဒီနေ့ကျတော့ ဘာမှသိပ်မခံစားရတော့ဘူး.. "

" အကိုရှောင်ယွင်က ရင့်ကျက်နေပြီးပဲ.. " 
ရှင်းအာ နောက်ပြောင်ဟန်ဖြင့် မျက်တောင်လေး တဖျတ်
ဖျတ် ခတ်ရင်း ပြောလိုက်သည်။ 

" ဒါပေမဲ့ ညီမထက်တော့ ပိုပြီး မရင့်ကျက်သေးပါဘူး... 
တခါတလေကျရင် ညီမ ကိုယ်ထဲမှာ မွန်းစတားအကောင်
တစ်ထောင်လောက် ရှိနေတယ်လို့ ခံစားရတယ်.. "

သူ့ကို အရွယ်ရောက်ရင့်ကျက်နေပြီး ဟု ကောင်မလေးတစ်
ယောက်က ပြောနေ၍ ရှောင်ယွင် မရယ်ဘဲ မနေနိုင်အောင်
ဖြစ်သွားရပြီး ရှင်းအာ ခေါင်းလေးကို ရင်းရင်းနှီးနှီး ပွတ်သပ်
ပြီး ပြုံးလိုက်၏။

ရှောင်ယွင်စကားကြောင့် ရှင်းအာ မျက်စောင်းလေး ထိုးပစ်
လိုက်ပြီး မျက်နှာမှာလည်း စိတ်ကောက်သွားဟန် ဖြစ်သွား
လေ၏။ ဘယ်လောက်ပဲ ပွင့်လင်းသည့် မိန်းကလေးဖြစ်နေ
ပါစေ မွန်းစတားအကောင်နဲ့ နှိုင်းပြောတာ ကြိုက်တဲ့ မိန်းကလေးရှိလို့လား... 

ရှင်းအာ စိတ်ကောက်သွားတဲ့ပုံစံက ချစ်ဖို့ကောင်းလွန်းလို့
ဘေးပတ်ဝန်းကျင်က ယောင်္ကျားလေးများ မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေသလို တချို့ မိန်းကလေးတွေကပါ ငေးကြည့်မိလေသည်။ 

" ဒီကောင်.. သောက်ကြီးသောက်ကျယ်နဲ့.. "

တခြားလူလိုပဲ ရှင်းအာရဲ့ စိတ်ကောက်တဲ့ပုံစံကို ရှောင်နင်
လည်း သဘောကျသွားပေမဲ့ သူမနှင့် ရှောင်ယွင် ရင်းရင်း
 နှီးနှီး စကားပြောနေတာတွေကို ကြည့်ပြီး  မနာလိုခြင်းမီး
တောက်ဟာ သူ့ကိုယ်တွင်းမှာ လောက်ကျွမ်းလာသည်။ 
မျိုးနွယ်တခုလုံးမှာ သူသာလျှင် ရှင်းအာနှင့်ထိုက်တန်
သည်ဟု သူ့စိတ်ကို ဘယ်လိုပဲ လှည့်စားနေပါစေ.. 
တကယ်တမ်း ပြန်စဉ်းစားကြည့်လျှင် သူဘယ်လောက်ပဲ 
ကြိုးစားကြိုးစား သူ့ကြောင့် ရှင်းအာ ပြုံးသွားသည်မှာ ရှား
ပါးလှသည်။ ဒါပေမဲ့ အမှိုက်ကောင် ရှောင်ယွင်ကတော့
ရှင်းအာကို ရယ်မောနေအောင် အမြဲလုပ်နိုင်သည်။ ဒီလို 
ကွဲပြားတာကို တွေးပြီး ရှောင်နင် အံကို တင်းတင်းကြိတ်
လိုက်လေသည်။ 

" အေး အခုတော့ ဂျိုကြွထားပေါ့ကွာ အရွယ်ရောက်ခြင်း
အခမ်းအနားကျရင် ရှင်းအာ အရှေ့မှာ ရှိသမျှသွားတွေ
ကျွတ်ထွက်သွားအောင် လုပ်ပေးမယ်.. "

ရှောင်နင် လက်သီး တင်းတင်းဆုပ်ထားပြီး ရှောင်ယွင်ကို 
စိုက်ကြည့်နေလိုက်သည်။

ရှောင်ယွင်ရဲ့ လေ့ကျင့်မှုအမြန်နှုန်းကြောင့် သူလည်းပဲ 
အထိတ်တလန့်ဖြစ်သွားပေမဲ့ သူ့ရဲ့ မာနကြီးတဲ့ အပြုအမူ
ကိုတော့ တပြားသားမှ မလျှော့ချေ။ ပြီးတော့ မျိုးနွယ်လူ
ငယ်တွေမှာ ရှင်းအာနဲ့ နှိုင်းယှဉ်စရာ လူဆိုလို့ သူ့ကိုယ်သူ
မှတ်ယူထားသည်မဟုတ်လား.. 

ရှောင်ယွင် ထုတ်ပြလိုက်တဲ့ စွမ်းအားကြောင့် အန္တရာယ်
တစ်ခုလို ခံစားမိသည်။ ဒါကြောင့် ရှောင်ယွင် မသန်မာလာ
ခင် သင်ခန်းစာ ကောင်းကောင်းပေးရမည်။ အကောင်းဆုံး
နည်းလမ်းကတော့ ဒဏ်ရာရတဲ့အထိ သင်ခန်းစာ ပေးပြီး
ရှောင်ယွင် လေ့ကျင့်မှုကို ရပ်ဆိုင်းစေသွားအောင် လုပ်ရမည်။ 

ကောတ်ကျစ်တဲ့အတွေးကို တွေးနေရင်း ရှောင်ယွင် နှုတ်
ခမ်းက အလိုလိုပြုံးလာသည်။ ရှောင်ယွင်က အဆင့် ၇
ဖြစ်နေပေမလည်း သူ့ရဲ့ အဆင့်၈ ကို သူယုံကြည်ထား
သည်။ အဆင့်၇ နဲ့ အဆင့်၈ မှာ ကွာဟချက် ကြီးမားသေး
သည်မို့ ရှောင်နင် ယုံကြည်ချက်ရှိသည်မှာ မဆန်းပေ။

ထိုအချိန်မှာ ရှင်းအာနဲ့ တိုးတိုးလေး စကားပြောနေရင်း 
ရှောင်ယွင်မျက်လုံးက ကွင်းဘက်ဆီကို ရောက်သွားသေးရာ ကွင်းတဖက်ခြမ်းမှာ ပြုံးလျက်ရှိနေသည့်  ရှောင်နင်ကို 
လှမ်းမြင်လိုက်ရသည်။ ဘာကြောင့်လဲဆိုတာ တချက် စဉ်း
စားလိုက်ပြီးနောက် ရှောင်နင်အပြုံးရဲ့ နောက်ကွယ်က 
အဓိပ္ပါယ်ကို တွေးမိပြီး တယောက်တည်း ပြုံးလိုက်မိသည်။ 
မိမိ၏ ခံစားချက်ကိုတောင် မထိန်းချုပ်နိုင်တဲ့သူက တခြား
သူတွေကို ဘယ်ကဲ့သို့ ကြောက်ရွံ့ခြင်း ဖြစ်ပေါ်စေနိုင်မှာလဲ
...............

ရှောင်ခွန်း ရှုံးနိမ့်ပြီးသွားကတည်းက မည်သူမှ ရှောင်ယွင်
ကို ထပ်ပြီး စိန်မခေါ်ရဲတော့ချေ။ ရှောင်ယွင်အစား တခြား
သူတွေကိုသာ ခြေဦးလှည့်တော့သည်။ တခြား စိန်ခေါ်ပွဲ
များ ပြီးဆုံးသွားပြီတဲ့အခါမှာ လူနှစ်ယောက်သာ ကံကောင်း
မှုများနှင့် သူတို့၏ ဒိုချီသိုင်းကို ကျွမ်းကျင်နေခြင်းကြောင့်
ပြိုင်ဖက်ကို အနိုင်ယူနိုင်ခဲ့ပြီး အရွယ်ရောက်ခြင်း အခမ်း
အနားအတွက် တက်ရောက်ခွင့်ရသွားခဲ့သည်။ 

တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားလေတဲ့
ကွင်းထဲက လူငယ်တွေကို ကြည့်ရင်း ပြုံးနေတဲ့ ရှောင်ကျန်း
က မတ်တပ်ရပ်လိုက်ပြီး ပွဲရလဒ်ကို ကြေညာလိုက်ရင်း 
အရွယ်ရောက်ခြင်းအခမ်းအနားအကြောင်းကိုလည်း
နှစ်ကြိမ်တိုင်တိုင် ထည့်သွင်းသတိပေးလိုက်ပါသေး၏။ 

ပွဲပြီးသွားပြီမို့ ရှောင်ယွင် အေးဆေးသက်သာစွာ မတ်တပ်
ရပ်လိုက်ပြီး စင်မြင့်ပေါ်မှာ ပျော်ရွှင်နေပြီး အရည်အချင်းရှိ
တဲ့သူ့သားကို လက်မထောင်ပြနေဖို့ မတွန့်တိုတတ်တဲ့ 
သူ့အဖေ ရှောင်ကျန်းဆီကို လှမ်းပြုံးပြလိုက်သည်။

ရှောင်ယွင် သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်
အောင် ဖုန်ခါနေလိုက်ရင်း သင်းပျံ့တဲ့ ရနှံ့တစ်ခုကို ရ
လိုက်လေသည်။ 

နဖူးပြင် တွန့်ခနဲဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ
အရှေ့မှာ ရပ်နေတဲ့ ရှောင်မိန်ကို မြင်လိုက်ပြီး 
" ဘာ အလိုရှိလဲ.. " ဟု မေးလိုက်လေသည်။ 

ခံစားချက်ကင်းမဲ့ပြီး အေးစက်စက်ဖြစ်နေတဲ့ ရှောင်ယွင်ရဲ့
မျက်နှာကို မြင်ရတော့ ရှောင်မိန် အထစ်ထစ်အငေါ့ငေါ့
ဖြစ်သွားပြီး အားတင်းပြုံးလိုက်ရင်း 

" အကိုကြီးရှောင်ယွင်... ဂုဏ်ယူပါတယ်... "

" ကျေးဇူးပဲ.. " 
ဟု ပြန်ပြောလိုက်ရင်း ခေါင်းတချက်ညိတ်လိုက်ပြီး ဘေး
နားက ရှင်းအာကို တချက် ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ 

" အကိုကြီးရှောင်ယွင်... မနက်ဖြန်ကျရင် အဖေကိုယ်တိုင်
အဆင့်မြင့် ဟွာင်းသိုင်းတခုကို ဒိုချီခန်းမဆောင်မှာ သင်ပြ
ပေးမယ်တဲ့.. ညီမနဲ့ အတူတူသွားင်ကြမလား.. "
သူမ၏ သိမ်မွေ့ပြေပြစ်ခြင်း နဲ့ ဆွဲဆောင်မှုအားကောင်း
ကောင်းတို့နဲ့ ပေါင်းစပ်ပြီး ငြင်းပယ်လို့ မစွမ်းသာလောက်
အောင် အပြုံးဖြင့် မေးလိုက်လေသည်။ 

ရှောင်မိန် ဖိတ်ခေါ်မှုကြောင့် ရှောင်ယွင် မျက်ခုံး အနည်း
ငယ် မြင့်တက်သွားသည်။ 

ယဉ်ကျေးစွာ ငြင်းပယ်နိုင်ဖို့ ရှောင်ယွင် ဆင်ခြေ အကြောင်း
ပြချက်တခု စဉ်းစားနေစဉ်မှာပဲ  ဖြူဥနုနယ်တဲ့ လက်တစ်
ဖက်က သူ့လက်မောင်းမှာ လာပြီး ချိတ်ဆွဲ၍ ဖက်လိုက်
လေသည်။

ရှောင်ယွင် အလန့်တကြားဖြင့် သူ့လက်မောင်းကို ဖက်၍
ချိတ်ထားတဲ့ ရှင်းအားကို လှည့်ကြည့်လိုက်မိသည်။

" တကယ်တောင်းပန်ပါတယ် အစ်မရှောင်မိန်...
ရှင်းအာ အကိုရှောင်ယွင်ကို မနက်ဖြန် ဝူတန်မြို့ထဲ လိုက်
လည်ဖို့ ပြောထားပြီးပြီ အဲ့ဒါကြောင့် အကိုရှောင်ယွင်က 
အစ်မရှောင်မိန်နဲ့  ဒိုချီခန်းမကို အတူသွားဖို့ အဆင်မပြေ
နိုင်တော့ဘူး.. "

အားလုံး အံသြမှင်တက်နေဆဲမှာပဲ ရှောင်ယွင်လက်မောင်း
ကို ဖက်မှီနေရင်း နုနယ်တဲ့ သူမမျက်နှာပေါ်မှာ အားနာမှု
တွေနဲ့ ခြယ်သထားသည်။ 

...................

Chapter 33

33 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 33   သက်သေ

ပထမဆုံးသွားရောက်စိန်ခေါ်လိုက်သူကို ကြည့်ပြီး ကျန်တဲ့ 
တခြားအဆင့်မမီသူတွေဟာ ညှိုးငယ်စွာ အသက်ပြင်းချပြီး
နောင်တရနေကြ၏။ ရှောင်ယွင်အရှေ့က ဗလတောင့်
တောင့် လူငယ်ကိုလည်း မနာလိုစွာ ကြည့်မိကြသည်။ 

ရှောင်ယွင် မျက်စိကို ကျဉ်း၍ သူ့အရှေ့က လူငယ်ကို 
သေချာကြည့်မိသည်။ မျိုးနွယ်ထဲက လူငယ်တော်တော်
များများကို မသိပေမဲ့ သူ့အရှေ့က လူငယ်နဲ့ ပတ်သတ်ပြီး 
သူ့မှာ အတိတ်ဟောင်း ရှိလေသည်။ 

သူမှတ်မိသလောက်ဆိုရင် အရှေ့ကလူငယ်နာမည်က
ရှောင်ခွန်း ဖြစ်ပြီး ပထမအကြီးအကဲ၏ နောက်လိုက်တစ်
ယောက်ဖြစ်၏။ ပုံမှန်အချိန်ဆိုရင် ရှောင်နင်ရဲ့ လူယုံတစ်
ယောက်အဖြစ် လိုက်ပါလေ့ရှိပြီး တဖန် ရှောင်ယွင် ပါရမီ
ရှင်အဖြစ်ကနေ ကျဆင်းခဲ့တဲ့အချိန်မှာ သူ့အပေါ် သနား
ညှာတာမှု မရှိဘဲ သူ့ကို လှောင်ရယ်ခဲ့သူဖြစ်လေ၏။

မှတ်ဉာဏ်ဟောင်းတွေကို သတိရသွားတဲ့အချိန်မှာ ရှောင်
ယွင်နှုတ်ခမ်းထောင့်က အန္တရာယ်အရိပ်အငွေ့ပါတဲ့ အပြုံး
တခုသို့ တွန့်ကွေးပြောင်းလဲသွားချေပြီ... 

ထို့နောက် သူ့ကို ပြုံးကြည့်နေသည့် ရှင်းအာ ကို လှည့်
ကြည့်လိုက်ပြီး အပြုံးတစ်ချက် ပြုံးပြလိုက်ကာ ခေါင်း
ညိတ်လိုက်ပြီးနောက် ရှောင်ခိုးကို ပြန်ကြည့်လိုက်ကာ

" ကောင်းပြီး.. စိန်ခေါ်မှုကို လက်ခံတယ်.. "

 ရှောင်ခွန်း မျက်မှောင်ကျုံ့လိုက်ရင်း သူ့၏ စိန်ခေါ်မှုကို 
ရှောင်ယွင် အလွယ်တကူ လက်ခံလိုက်တာကို ကြည့်ပြီး 
သူ့နှလုံးသားအတွင်းအထိ ကြောက်ရွံ့မှုတွေ စိမ့်တက်လာ
သည်ကို ခံစားလိုက်ရ၏။ တံတွေးကို ခြောက်ကပ်စွာ မျို
ချလိုက်ရင်း သူ့၏ မဆင်မခြင် ရွေးချယ်လိုက်မှုကို နောင်တ
ရစပြုလာ၏။ 

သူဘယ်လောက်ပဲ နောင်တရနေပါစေ.. နောက်ဆုတ်လို့ 
မရတော့ပေ..... ဆက်ပြီး အရှေ့တိုးရန်သာ ရှိတော့သည်။ 

' ဘယ်လိုမှ မဖြစ်နိုင်ဘူး... တစ်နှစ်အတွင်း... အဆင့်လေး
ဆင့် ခုန်တက်သွားတာ မဖြစ်နိုင်တဲ့ကိစ္စပဲ... ဒီကောင် 
မဟုတ်တရုတ် နည်းလမ်းတွေ သုံးပြီး အားလုံးကို အရူးလုပ်
နေတာပဲ... ငါ သူ့ကို လုံးဝ တိုက်ခိုက်အနိုင်ယူပြမယ်... '

အသံတိတ် သူ့ကိုယ်သူ အားတင်းလိုက်ရင်း ရှောင်ယွင်ကို
ပြုံးကြည့်လိုက်၍

" ဒါဆိုရင် ကျွန်တော်တို့ ယှဉ်ပြိုင်ပြီး အကိုကြီးရှောင်ယွင် 
ဘယ်လောက်သန်မာလာလဲဆိုတာ ကြည့်လိုက်ရအောင်.."

ရှောင်ယွင် ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ မတ်တပ်
ရပ်လိုက်၍ ကွင်းအလယ်ဆီကို လျှောက်သွားလိုက်ပြီး 
ရှောင်ခွန်း ကို ရပ်စောင့်နေလိုက်၏။ 

တည်တည်ငြိမ်ငြိမ် ရှိနေသည့် ရှောင်ယွင်ကို ကြည့်ပြီး 
ရှောင်ခွန်း နှလုံးက ဒုန်းခနဲဆောင့်ခုန်သွားသည်။ သူအနိုင်
ရဖို့မသေချာတော့မှန်း တဖြည်းဖြည်းခံစားလာရ၏။ မျက်နှာ
ကို အတင်းပြုံးလိုက်ပြီး ခြေလှမ်းက မာဆတ်ဆတ်ဖြင့်
ကွင်းအလယ်ဆီကို လျှောက်သွားလိုက်လေသည်။ 

ကွင်းအလယ်ထဲမှာ လူနှစ်ယောက်...
အဆင့်နိမ့်တဲ့လူတွေကပင် ရလဒ်ကို ကြိုတင်တွက်ချက်
နေကြပီး ပွဲကြည့်ပရိသတ်အကြည့်တွေက လူနှစ်ယောက်
ဆီကနေ မျက်နှာမလွှဲနိုင်လောက်အောင် စိတ်ဝင်စားနေကြ
သည်။ 

စင်မြင့်ပေါ်တွင်... 
ခေါင်းဆောင် ရှောင်ကျန်း သူ့အတွက်ယူလာပေးတဲ့ 
လက်သုတ်ပုဝါဖြင့် လက်တွင်ကပ်ကျန်နေဆဲ ရေနွေးကြမ်း
အရည်တွေကို သုတ်နေရင်း စိတ်တင်းကြပ်စွာ ကွင်း
အလယ်ကို စူးစိုက်ကြည့်နေသည်။ 

တကယ်တမ်းပြောရရင် ရှောင်ယွင်ရဲ့ အောင်မြင်မှုအပေါ်
ကို  မျိုးနွယ်လူငယ်တွေက သံသယရှိနေကြသကဲ့သို့ 
ရှောင်ကျန်းလည်း တင်းပြည့်ကျပ်ပြည့် မယုံကြည်နိုင်သေး
ချေ။ ဒါဟာ သူ့သားကို မယုံကြည်တာ မဟုတ်ဘဲ တစ်နှစ်
အတွင်း ဒိုချီအဆင့် ၄ ဆင့် အထိ ရောက်အောင် လုပ်ပြ
လိုက်တဲ့  မယုံကြည်ဖွယ်ရာ စွမ်းဆောင်မှုကြောင့် ဖြစ်၏။ 
မယုံနိုင်လောက်အောင် ထူးခြားတဲ့ အောင်မြင်မှုအကြောင်း
ကို တခြားသူကို သူတို့ပြောပြခဲ့ရင်လည်း မည်သူ့မှ 
ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ 

ဒါပေမဲ့ အကြံအဖန်လား အစစ်အမှန်လား.ယုံသည်ဖြစ်စေ
မယုံသည်ဖြစ်စေ  ရှောင်ယွင် တိုက်ခိုက်ယှဉ်ပြိုင်သည်နှင့် 
သူ့၏တကယ့်အစစ်အမှန်ခွန်းအားကို တွေ့မြင်ရတော့မည်။
အဲဒီအခါကျရင် သူတို့အတွေး မှန်လား မှားလားဆိုတာ 
သေချာပေါက် သိကြရပေလိမ့်မည်။ 

ရှောင်ကျန်း ဘေးနားက အကြီးအကဲသုံးယောက်လည်း
အသက်ရှုသံမြန်ဆန်နေပြီး ထိုင်နေတဲ့ ထိုင်ခုံလက်တန်း
ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လေ့ကျင့်ရေးကွင်း
အလယ်ကို စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်နေ၏။ 

အစိမ်းရောင်ကျောက်သားခင်းလေ့ကျင့်ကွင်းရှိ ပရိသတ်
အားလုံးရဲ့ အကြည့်က ကွင်းအလယ်က လူနှစ်ယောက်ဆီ
မှာ လုံးဝငြိတွယ်လျက်ရှိသည်။ ရှောင်ယွင် နှင့် ရှောင်ခွန်း
ယှဉ်ပြိုင်မှုပြီးသွားပါက အဖြေ ရှင်းရှင်းလင်းလင်း ပေါ်သွား
မည်။ 

" ဒါ လုံးဝကို အကြံအဖန်လုပ်ထားတာ  "
လေ့ကျင့်ကွင်းအစွန်းအနားက ရှောင်နင်တစ်ယောက် 
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး
ဒေါသဖြစ်စွာ ရေရွတ်လိုက်သည်။ 

" ဒါက အစစ်အမှန် တကယ်ဟုတ်လို့လား?? "
လူအများကြားထဲက ရှောင်မိန်လည်း သူမနှုတ်ခမ်းကို ဖိ
ကိုက်ထားသည်။ သုံးနှစ်လုံးလုံး ဒုက္ခိတ ဖြစ်ခဲ့ရသူက ဒီလို 
ကြောက်ခမန်းလိလိ အရည်အချင်းနဲ့ အောင်မြင်မှုကို 
ထုတ်ပြလိမ့်မည်ဟု သူမ လုံးဝ မထင်ထားမိခဲ့ချေ။ 

ကွင်အလယ်မှာ မျက်နှာချင်းဆိုင်နေသော 
လူနှစ်ယောက်.....

ပြိုင်ဘက်ကို အသိအမှတ်ပြုသောအားဖြင့် အပြန်အလှန် 
ခါးညွတ် အရိုအသေ ပေးလိုက်ကြပြီးနောက် ယှဉ်ပြိုင်မှုကို 
စတင်လိုက်ကြသည်။ 

ရှောင်ခွန်း သူ့ရဲ့ လက်နှစ်ဖက်ကို အထက်ဘက် ခပ်စောင်း
စောင်းလေးမြှောက်လိုက်တဲ့အချိန်မှာ အလင်း ဒိုချီစွမ်းအင် 
ထွက်ပေါ်လာပြီး သူ့ လက်ဖျံနှစ်ဖက်စလုံး၏ ပတ်လည်မှာ
စတင်လှည့်ပတ်လာကြ၏။။ အသက်ပြင်းပြင်းရှုသွင်းလိုက်
ပြီး မြေကြီးကို အားပါပါ ဆောင့်ကန်နင်းယူလိုက်ကာ 
ရှောင်ယွင်ဆီကို အရှိန်အဟုန်ဖြင့်ပြေးဝင်လာသည်။ 

အဆင့်နိမ့်တိုက်ခိုက်မှုတွေမှာ ရှုပ်ထွေးတဲ့ ကိုယ်ဟန်သိုင်း
ကွက် မပါဝင်ဘဲ ရိုးရှင်းတဲ့ တိုက်ခိုက်မှုဖြင့် ပေါင်းစပ်ထား
သည်။ 

" တောင်ဖြို လက်သီး..!!!! "

တဒင်္ဂအတွင်းမှာပဲ ရှောင်ယွင်အနားကို လျင်မြန်စွာ ရောက်
ရှိသွားပြီး ဒိုချီစွမ်းအင်ကို သူ့ညာလက်သီးတွင် လျင်မြန်စွာ
စုစည်းလိုက်ကာ ရှောင်ယွင် ရင်ဘက်နေရာကို ကန့်လန့်
ဖြတ် ထိုးချလိုက်သည်။ 

[ကျောက်တောင်ဖြိုခွဲလက်သီးဆိုတာ ဟွာင်းအဆင့် 
အလယ်လတ်သိုင်းတစ်ခုဖြစ်ပြီး ဒိုချီအဆင့် ၅ နှင့် အထက်
ရှိတဲ့ မျိုးနွယ်အဖွဲ့ဝင်တွေမှသာ ကျင့်ခွင့်ရှိသည်။]

ရုတ်တရက်တိုးဝင်လာတဲ့ လေအဟုန်ကြောင့် မျက်နှာ
အရှေ့မှာ ခပ်ဝဲဝဲကျနေတဲ့ ဆံပင်တွေ အနောက်ဘက် 
လွင့်သွားသလို သူ့ရဲ့ မျက်ဝန်းနက်တစ်စုံ ဖျတ်ခနဲ ဖွင့်
လိုက်ပြီး ပြေးဝင်လာတဲ့ လက်သီးကို မလွတ်တမ်း စူးစိုက်
ကြည့်နေလိုက်သည်။ 

ရှောင်ခွန်း၏ လက်သီးက သူ့၏ ပုခုံးဆီကို ထိလုနီးပါး 
ရောက်ခါနီးသွားတဲ့အခိုက်မှာ ဘေးဘက်ကို ခြေတစ်လှမ်း
လှမ်း၍ ပညာသားပါပါ ရှောင်လိုက်၏။ တစ်နှစ်ပတ်လုံး
လေ့ကျင့်သား ပြည့်ဝနေခြင်းကြောင့် ရှောင်ယွင် လှုပ်ရှားမှု
က မယုံနိုင်ဖွယ် လျင်မြန်လှ၏။ 

ခြေလှမ်း တစ်လှမ်းဖြင့် ရှောင်ခွန်းလက်သီးချက်ကို ရှောင်
လိုက်ပြီး တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို ဘေးတစောင်း
အနေအထားဖြင့် ယိမ်းနွဲ့လိုက်၍ သူ့၏ လက်ဝါးက ရှောင်
ခွန်း လက်မောင်းကို ကျော်ဖြတ်လို့ ပခုံးဆီကို တည့်တည့်
ရောက်သွားပြီး တဆက်တည်းမှာပင် လက်ဝါးဖြင့် ပခုံးကို
အထက်ကနေ အောက်ရိုက်ချလိုက်ရာ သစ်ပင်ဆီက 
သစ်ရွက်တရွက်ကို အားနဲ့  ခူးခြွေချလိုက်သကဲ့သို့.....

" ကျောက်တုံးကွဲကြေ လက်ဝါး..!! " 

[ကျောက်တုံးကွဲကြေ လက်ဝါးက အဆင့်နိမ့် ဟွာင်းအဆင့်
သိုင်းတစ်ခုဖြစ်ပြီး ဒီသိုင်းကို အသုံးပြုဖို့ ဒိုချီအဆင့်၃ သာ 
လိုအပ်သည်။]

" ဗြန်း..!! "
ရှောင်ယွင် လက်ဝါးရိုက်ချက်က ထိထိမိမိ ရိုက်ချနိုင်သွား
သလို ဒုတ်ခနဲ ခပ်အုပ်အုပ် အသံတစ်ချက်ကလည်း ရှောင်
ခွန်းပခုံးဆီကနေ ထွက်ပေါ်လာသည်။ ရှောင်ခွန်းမျက်နှာမှာ 
နီမြန်းတဲ့အရောင်ကနေ ရုတ်ချည်း ဖြူဖျော့သွား၍ သူ့ပါးစပ်
ကနေ အင့်ခနဲညည်းသံထွက်ပေါ်လာပြီ ခြေတစ်လှမ်းစာ
လောက် ဒယိမ်းဒယိုင်ဖြင့် နောက်ဆုတ်လိုက်ရ၏။
ထို့နောက် ကိုယ်ဟန်ကို မထိန်းနိုင်ဘဲ ခြေထောက်ပျော့ခွေ
သွားကာ မြေပြင်ပေါ်ကို ဗိုင်းခနဲ လိပ်တစ်ကောင်လို 
မှောက်လဲကျသွားတော့သည်။ 

ရှောင်ခွန်း မှောက်လဲကျသွားခြင်းနှင့်အတူ ကွင်းတစ်ခုလုံး
လည်း တိတ်ဆိတ်သွားခဲ့သည်။ ရှောင်ခွန်းကို အနိုင်ယူပြ
လိုက်ခြင်းဟာ သံသယတွေကို ကင်းရှင်းသွားစေနိုင်ပြီ။ 

ပြိုင်ဘက်ကို လက်ဝါးတစ်ချက်ဖြင့်သာ အနိုင်ယူလိုက်ရ၍
ရှောင်ယွင် ခေါင်းကို စိတ်ပျက်စွာ ယမ်းနေမိသည်။တကယ်
တမ်းဆို ဒီလိုလူမျိုးက ရှောင်ယွင်၏ ပြိုင်ဖက်တစ်ယောက်
ပင် ဖြစ်ဖို့ မထိုက်တန်ချေ။ ရှစ်ဆပြင်းထန်သိုင်းကို ထုတ်
သုံးဖို့ မဆိုထားနှင့်.. အားတစ်ဝက်ပင် ထုတ်မသုံးလိုက်ရချေ။ 

စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ရှောင်ယွင်နှင့် ပြောင်းပြန်
ပဲ.. တစ်ကွင်းလုံးရှိ ပရိသတ်အားလုံး အံ့အားသင့်လျက် ရှိ
နေကြသည်။ အများစုဟာ ခေါင်းငိုက်စိုက်ကျသွားလေပြီ။ 
အဆင့် ၆ သမားဖြစ်တဲ့ ရှောင်ခွန်းကို အလွယ်တကူ အနိုင်
ယူဖို့ဆိုတာ  ရှောင်ယွင်က အနည်းဆုံး အဆင့် ၇ ရှိနေပြီး
ဖြစ်ကြောင်း သိရှိလိုက်ရ၍ဖြစ်၏။ 

ဒါတွေ ပြန်စဉ်းစားမယ်ဆိုရင် ရှောင်ယွင်၏ မယုံနိုင်ဖွယ်ရာ
အဆင့် ၄ ဆင့် ခုန်တက်သွားတာ သေချာသွားခဲ့ပြီး။

တစ်နှစ်ထဲမှာ အဆင့်လေးဆင့်... 
ဒါဟာ အံဖွယ်ရာထဲကမှ ထပ်ဆင့်အံဖွယ်ရာပဲ... 

စင်မြင့်ပေါ်က ရှောင်ကျန်းလည်း ဟင်းခနဲ အသက်ပြင်း
ချလိုက်မိသလို သူ့ရင်ထဲက လေးလံနေတာတွေလည်း 
ပေါ့ပါးသွားခဲ့သည်။ 

" အိုး တကယ်ပဲ အဆင့် ၇ ဆိုတာ... "

ရှောင်ခွန်းကို အနိုင်ယူလိုက်တာကို ကြည့်ပြီး ရှောင်မိန်
အံ့သြခြင်းကြီးစွာဖြင့် ဟနေသော သူမနှုတ်ခမ်းလေးကို 
လက်ဖြင့်ကွယ်လိုက်၍ ပင့်သက်ရှိုက်ရင်း ဝန်ခံလိုက်ရ
လေသည်။ 

.........

Chapter 32

32 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 32      စိန်ခေါ်မှု

တိတ်ဆိတ်...
တလောကလုံး လူအသေကောင်လို... တိတ်ဆိတ်သွား
သည်...

ရှိသမျှ လူအားလုံး အနက်ရောင်ကျောက်တိုင်ပေါ်က 
စာလုံးငါးလုံးကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။ သူတို့
မျက်နှာပြင်မှာ ခံစားချက်မျိုးစုံဖြတ်ပြေးသွားကြပြီး ကွင်း
အနှံ့ အသက်ပြင်း ပင့်သက်ရှိုက်လိုက်သံတွေ ဟိန်းထွက်
သွားသည်။

" ခွမ်းးး!! "
စင်မြင့်ပေါ်ရှိ ရှောင်ကျန်းလက်ထဲက ကျောက်စိမ်းရေနွေး
ခွက်လေး မှုန့်မှုန့်ညက် ကွဲကြေသွားပြီး ရေနွေးနှင့်အတူ 
ရှောင်ကျန်း လက်ကြားထဲ စီးကျသွားသည်။ 

" အဆင့် ၇... ယွင်အာ.. သားလေး မင်း လုပ်ပြနိုင်ခဲ့ပြီး.. "

အနက်ရောင်ကျောက်တိုင်အနားက ရှောင်ယွင်ကို ကြည့်
ရင်း ရှောင်ကျန်း မျက်ဝန်းမှာ မျက်ရည်စများ ဝေ့တက်လာ
ခဲ့ပြီ။ အဆင့်၇ သို့ ရောက်ရှိသွားအောင် သူ့သား ရှောင်ယွင်
မယုံကြည်နိုင်လောက်အောင် အစွမ်းကုန် ကြိုးစအားထုတ်
ထားသည်ဆိုတာကို သူသိခဲ့ပြီ။ 

ရှောင်ကျန်းဘေးနားက အကြီးအကဲသုံးယောက်တို့က
လည်း အလွန်အမင်း မယုံကြည်နိုင်ဖွယ် ဖြစ်နေကြ၏။ 
တစ်နှစ်အတွင်း အဆင့် ၃ ကနေ အဆင့် ၇ ကို ရောက်ဖို့
ဒါဟာ မဖြစ်နိုင်တာပဲ..!!! 

" ဟားဟား.. ခေါင်းဆောင်ပေးလိုက်တဲ့ အခြေခံဆေးလုံး
က အရမ်းအစွမ်းထက်တာပဲ... ဟီဟီ.. "
ဒုတိယအကြီးအကဲ တံတွေးကို ခြောက်ကပ်စွာ မျိုချလိုက်
ပြီး ရိသဲ့သဲ့ပြောခွင့် မရတော့သည့်အတွက် အြံ့သသလိုနှင့်
ရယ်ဖွယ်ရာ ဖြစ်အောင် ပြောလိုက်ပြန်သည်။ 

ရှောင်ကျန်း စိတ်အရမ်းလှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဒုတိယအကြီးအကဲ... အခြေခံဆေးလုံးက ဒီလောက်
အစွမ်းထက်မယ်လို့ ခင်ဗျား တကယ်ယုံထားတာလား.. "

ဒုတိယအကြီးအကဲ တွေဝေသွားပြီး ခေါင်းခါလိုက်သည်။
သူဟာ အသိဉာဏ်မဲ့သူတစ်ယောက်မဟုတ်ပါ။ အခြေခံ
ဆေးက လူတစ်ယောက်၏ လေ့ကျင့်မှုနှုန်းကို လျင်မြန်စေ
ပေမဲ့လည်း တစ်နှစ်အတွင်း အဆင့် ၃ ကနေ အဆင့် ၇ 
အထိ ရောက်သွားစေနိုင်လောက်တဲအထိ မဖြစ်နိုင်စေမှန်း 
သူသိသည်။ 
.............

အနက်ရောင်ကျောက်တိုင်ဘေးနားက စစ်ဆေးရေးလူကြီး
သည် အံ့သြခြင်းကြီးစွာဖြင့် ကျောက်တိုင်ပေါ်က စာလုံးကို
ငေးကြည့်မိသည်။ တည်ငြိမ်လှတဲ့ သူ့မျက်နှာမှာ ယခုတော့
တုန်လှုပ်ခြင်းအပြည့်နှင့် ရှိနေသည်။

" ရှောင်ယွင်.. Dou Zi Li အဆင့် ၇  အဆင့်မြင့် "

စစ်ဆေးရေးလူကြီး အသက်ကို တဝရှုလိုက်ပြီး စိတ်ကို
တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ့အသံကို ဘယ်လို
ပင်တည်ငြိမ်အောင် ကြိုးစားထိန်းထားပေမဲ့ တချက်ချက် 
တုန်ရီသွားတဲ့အသံ ဝင်နေသည်။

စစ်ဆေးရေးလူကြီး၏ ကြေညာလိုက်တဲ့အသံကို ကြား
လိုက်ရတဲ့အခိုက်မှာ နဂိုတိတ်ဆိတ်နေမှုဟာ ပိုလို့တောင်
တိတ်ဆိတ်သွားသည်။ အင်္ကျီလှုပ်ခါသွားလို့ ထွက်ပေါ်
လာတဲ့ အသံပင် မကြားရပေ။

လူအုပ်ထဲက ရှောင်မိန်လေးဟာ သူမ၏ နှုတ်ခမ်းကို လက်
ဝါးဖြင့်အုပ်ထားပြီး သူမမျက်နှာမှာလည်း မယုံနိုင်ဖွယ်ရာ
အံ့သြနေမှုဖြင့် အတန်ကြာအထိ အထိတ်တလန့် အေးခဲ
တောင့်တင်းနေသည်။

အဆင့်၎ ဆင့်ကို တစ်နှစ်အတွင်း ခုန်တက်သွားနိုင်သည့်
အဖြစ်ဟာ ဒဏ္ဍာရီပုံပြင်မှာသာ ကြားနိုင်မည့် စိတ်ကူးယဉ်
မှုတစ်ခုသာ ဖြစ်သည်။  လွန်ခဲ့သုံးနှစ်က ရှောင်ယွင်၏ 
အကောင်းဆုံးအမြန်နှုန်းနှင့်တောင်မှ ဒီလိုအချိန်တိုအတွင်း
အဆင့် ၄ ဆင့် ရောက်သွားနိုင်အောင် မလုပ်နိုင်ခဲ့ပေ။ 

ဒါပေမဲ့ ဒီလို ဒဏ္ဍာရီဆန်တဲ့ အမြန်နှုန်းမျိုးက အားလုံးရဲ့
အရှေ့မှောက်မှာ  အမှိုက်ကောင်ဆီကနေ ထွက်ပေါ်လာ
ချေပြီ။ 

............

အနက်ရောင်ကျောက်တိုင်ပေါ်က ရွှေရောင်စာလုံးကို 
ကြည့်ပြီး ရှောင်ယွင် စိတ်သက်သာရာရစွာ လေပူကို ဖွဖွ
လေး မှုတ်ထုတ်လိုက်သည်။ ခံစားချက်မျိုးစုံရောပြွန်းနေတဲ့
အကြည့်တွေ သူထံ စိုက်ကြည့်နေတာကို ပြန်ကြည့်ပြီး 
လွန်ခဲ့သော သုံးနှစ်က ရွှေရောင်တောက်ပခဲ့တဲ့ နေ့ရက်များ
ကို သတိရလိုက်မိသည်။

ယခုဆိုရင် သူ့၏ အရည်အချင်း အစွမ်းအစများ ပြန်လည်
ရရှိခဲ့ပြီ.. ထို့အတူ ရင့်ကျက်တဲ့ စိတ်ဓာတ်နဲ့ အလျှော့မပေး
မဆုတ်မနစ်ကြိုးစားမှုလည်း ပိုင်ဆိုင်ခဲ့လေပြီ။

သူ့၏ ကံကြမ္မာကို တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်း
မဟုတ် သုံးကြိမ်တိုင်တိုင် ဆုံးဖြတ်ပေးခဲ့တဲ့ အနက်ရောင်
ကျောက်တိုင်ကို အဓိပ္ပါယ်လေးနက်စွာ ကြည့်ပြီး အသာ
အယာပြုံးလိုက်သည်။ သူ့၏ တည်ငြိမ်ပြီး မတုန်လှုပ်တဲ့ 
အမူအရာက လွန်ခဲ့တဲ့သုံးနှစ်က ပျော်ပျော်ရွှင်ရွှင်နေတတ်
တဲ့ပုံစံနဲ့ ဘာမှမဆိုင်တော့.. လုံးဝပြောင်းလဲသွားချေပြီ။ 

လေကို ပင့်ရှုလိုက်ပြီး ထိုးဖောက်လုမတတ် ကြည့်နေသော
အကြည့်တွေအောက်မှာပဲ ပြန်လှည့်လျှောက်လာခဲ့ပြီး ရှင်း
အာ ဘေးနားမှာ ထိုင်ချလိုက်သည်။ 

" အဟမ်းဟမ်း.. "
စင်မြင့်ဆီက ရှောင်ကျန်း ပျော်ရွှင်စွာ မတ်တပ်ရပ်လိုက်၍
ချောင်းကို ဟန့်လိုက်ကာ ပရိသတ်အားလုံး၏ အာရုံစိုက်မှု
ကို ဆွဲဆောင်ယူလိုက်သည်။ 

" အဆင့်စစ်ဆေးခြင်းက ပြီးဆုံးပါပြီ... နောက်ထပ် ယှဉ်
ပြိုင်ပွဲတစ်ခု ကျန်ပါသေတယ်... အဆင့်ရှုံးနိမ့်ခဲ့သူတစ်
ယောက်က အဆင့်အောင်မြင်သွားသူကို စိန်ခေါ်ခွင့်ရှိ
တယ်.. မှတ်ထားပါ...တစ်ခါပဲ ကြိုးစားခွင့်ရှိတယ်.. " 
ဟူ၍ ရှောင်ကျန်း အပြုံးဖြင့် စကားပြောလိုက်လေသည်။ 

ရှောင်ကျန်း ပြောလိုက်ပြီးသည်နှင့်  လေ့ကျင့်ရေးကွင်းမှာ 
အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။ ဒိုချီအဆင့် ၇
ရောက်ခါနီး အနည်းငယ်ပဲ လိုတော့သည့် အဆင့်ရှုံးနိမ့်
ခဲ့တဲ့သူတွေက စိန်ခေါ်လိုစိတ် ပြင်းထန်စွာဖြင့် အဆင့်
အောင်မြင်ခဲ့သူတွေကို ပြင်ထန်းစူးရှတဲ့ အကြည့်တို့ဖြင့် 
ကြည့်လိုက်ကြသည်။ 

စိန်ခေါ်လိုသည့်အကြည့်တွေ ရောက်ရှိလာပေမဲ့လည်း 
အဆင့်အောင်မြင်တဲ့သူတွေဟာ မထီမဲ့မြင်မျက်နှာထားဖြင့်
ခေါင်းကို မော့ထားကြသည်။ အဆင့်၆ သမား နဲ့ အဆင့်၇ 
သမားကြားထဲမှာ စွမ်းအား အလွန်ကွာခြားပြီး ထူးခြားတဲ့
အခြေအနေ ဒါမဟုတ် အဖြစ်အပျက်ကြောင့်သာ မဟုတ်ခဲ့
လျှင် အဆင့်၇ သမားကို တိုက်ခိုက်လို့ပင် ရမှာမဟုတ်ချေ။ 

အဆင့် ၆ သမားက ဒါကို ကောင်းကောင်းသိနေပေမဲ့လည်း
မျိုးနယ်အတွင်းစည်းအသိုင်းအဝိုင်းထဲက လူဖြစ်ဖို့အတွက်
ဒါဟာ သူတို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကံကောင်းခြင်းတွေ
ပိုင်ဆိုင်နိုင်ဖို့လည်း သူတို့ မျှော်လင့်ထားကြသည်။ 

 ရှောင်ကျန်းပြောလိုက်တဲ့ စကားကြောင့် လေ့ကျင့်ရေး
ကွင်းမှာ တမျိုးတမည်ပြောင်းလဲလာကြသည်။ စိတ်အား
ထက်သန်တဲ့အကြည့်တွေဟာ ကွင်းအနှံ့ လှည့်ပတ်ကြည့်
နေကြပြီး တိုက်ခိုက်ရအလွယ်ကူဆုံး အားအနည်းဆုံးလူ 
တွေကို ရှာဖွေနေကြသည်။ 

ကွင်းပြင်ထဲမှာ ထိုင်နေရင်း ရှောင်ယွင် ရုတ်တရက် အံသြ
သွားဟန် ဖြင့် မျက်လုံးကို မော့ကြည့်လိုက်သည်။ အကြည့်
တွေအများစုဟာ သူ့ဆီကိုပဲ တိုက်ရိုက် လာနေသည်ကို
မြင်လိုက်ရ၏။ 

" ငါ့ပုံစံက လွယ်လွယ်တိုက်ခိုက်လို့ရတဲ့ပုံစံမျိုး ပေါက်နေ
လို့လား...?? "
ရှောင်ယွင် တအံ့တသြဖြစ်သွားပြီး စိတ်ထဲမှာလည်း ကျိတ်
ရယ်မောသွား၏။

" အကိုရှောင်ယွင်က တနှစ်အတွင်း အဆင့်လေးဆင့် ခုန်
တက်သွားတော့ ဒါဟာ အင်မတန်ထိတ်လန့်ဖွယ်ကောင်း
ပေမဲ့ သူတို့က ဒါကို မယုံချင်ကြဘူး... ဒါကြောင့် သူတို့က
အကိုရှောင်ယွင်ကို ယှဉ်ပြိုင်ဖို့ အလွယ်ကူဆုံးပြိုင်ဖက် လို့ 
တွေးလိုက်ကြတာ.. " 
ဘေးနားမှာ ထိုင်နေတဲ့ ရှင်းအာက ရှင်းပြလိုက်သည်။

ရှောင်ယွင် အေးဆေးစွာ ပခုံးတွန့်လိုက်ပြီး သူ့ အဝတ်မှာ 
ကပ်နေတဲ့ ဖုန်တွေကို လက်ဖြင့် သပ်ခါချလိုက်ရင်း

" သူတို့ မယုံချင်ပေမဲ့လည်း မကြာခင် သူတို့ တွေ့ရမှာပေါ့.

ရှင်းအာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

အချိန်တခုအထိ ဘယ်သူမှ မတ်တပ်မရပ်ကြသေးချေ...
နောက်ဆုံးမှာတော့..
ဗလတောင့်တောင့်လူငယ်တစ်ယောက်..
အားလုံးက ကြည့်နေဆဲမှာပဲ ရှောင်ယွင်အရှေ့ကို လျှောက်
သွားပြီး ကျယ်လောင်စွာဖြင့်

" အကိုကြီး ရှောင်ယွင်... ကျေးဇူးပြု၍... "

ရှောင်ယွင် မျက်နှာချင်းဆိုင်က လူငယ်မှာ လေးစားမှုရှိဟန်
ပြသနေပါသော်လည်း သူ့မျက်လုံးတွင် မယုံကြည်သည့် 
အရိပ်အယောင် ဖြစ်ပေါ်နေ၏။ ဒီအပြင် မာနရှိပြီး မထီလေး
စားဟန်က သူ့မျက်နှာမှာ ပေါ်လွင်လျက်ရှိသည်။ ကြည့်ရ
တာ ရှောင်ယွင်ရဲ့ အမှိုက်ကောင်နာမည်က သူ့စိတ်ထဲမှာ 
ရှိနေဆဲဟု ထင်မှတ်ရသည်။

Chapter 31

31 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 31.  Dou Zhe ကြယ် ၁ ပွင့်အဆင့်

အစိမ်းရောင်ဖျော့ဖျော့ဝတ်စုံနဲ့မိန်းကလေး အရှေ့ကို တည်
ငြိမ်စွာ လျှောက်ထွက်လာသည်ကို ကြည့်ပြီး လေ့ကျင့်ရေး
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားကာ သူမထံကိုပဲ ကြည့်
နေကြသည်။ စင်မြင့်ပေါ်က အရေးပါတဲ့ မျိုးနွယ်အဖွဲ့ဝင်
တွေလည်း စကားပြောဆိုနေတာတွေ ရပ်လိုက်ပြီး မျိုးနွယ်
ရဲ့ ပုလဲလုံးလေး(ရှင်းအာ) ကို အာရုံစိုက်ကြည့်လိုက်ကြ
သည်။ 

ရှောင်ကျန်းနဲ့ အကြီးအကဲသုံးယောက်လည်း လေးနက်တဲ့
မျက်နှာထားနှင့် သိချင်စိတ်ပြင်းပြနေကြသည်။ ရှောင်မျိုး
 နွယ်လူငယ်မျိုးဆက်သစ်တွေရဲ့ နံပတ်တစ်က လေ့ကျင့်
မှုတစ်နှစ်အကြာပြီးမှာ မည်သည့်အဆင့်သို့ ရောက်ရှိနေမ
လဲဆိုတာကို အမှန်ပင် သိချင်ကြ၏။
.................

အားလုံးက ရှင်းအာ အနက်ရောင်ကျောက်တိုင်ဆီကို မနှေး
မမြန် ခြေလှမ်းနဲ့ လှမ်းသွားနေသည်ကို မျက်တောင်ပင်
မခတ်ဘဲ စေ့စေ့စပ်စပ် ကြည့်နေကြ၏။ ရှင်းအာ သူမ၏
အင်္ကျီလက်ရှည်ကို ဆွဲတင်လိုက်ပြီး လက်ကို မြှောက်
လိုက်ရာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးတဲ့ အသားအရည်ကို လှစ်ဟ
ပြလိုက်သကဲ့သို့...... 

သူမလက်ကလေးကို အနက်ရောင်ကျောက်တိုင်ကြီးအား
ထိကပ်လိုက်၍ မျက်လွှာကို ဖြည်းဖြည်း မှိတ်ချလိုက်ပြီး
ကိုယ်တွင်းရှိ ဒိုချီစွမ်းအင်တွေကို နှိုးဆွလိုက်သည်။ 

ငြိမ်သက်နေတဲ့ အနက်ရောင်ကျောက်တိုင်ဟာ တိုးဝင်လာ
တဲ့ ဒိုချီစွမ်းအင်ကို လက်ခံပြီးအချိန်မှာတော့ အလင်းရောင်
စူးရှစွာ တောက်ပလာခဲ့သည်။

"  One Star Dou Zhe .. "

ကွင်းအလယ်၌ရှိသော အနက်ရောင်ကျောက်တိုင်ပေါ်က 
တောက်ပနေတဲ့ စာလုံးလေးလုံးကို မြင်လိုက်ရအချိန်မှာ 
လူတွေအားလုံး ရုတ်ချည်း တိတ်ဆိတ်သွားကြ၏။
ခနအကြာမှာ ဝေါခနဲ  အောင်ပွဲခံသံတွေ ပွက်လောညံသွား၏။ 

" ရှောင်ရှင်းအာ....   ကြယ်အဆင့် ၁ Dou Zhe!! "

စာလုံးလေးလုံးကို ကြည့်ပြီး ပွဲကြေညာသူက အံ့သြစွာ
ခေါင်းကို ယမ်းလိုက်မိသည်။

" ဟဟ .. ၁၅ နှစ်နဲ့  Dou Zheအဆင့်ရောက်တယ်.. သူမ
က တကယ်ကို.... "
ကြေညာသံကို နားထောင်ပြီးနောက် ရှောင်ကျန်း အသက်
ဖွဖွလေး ပင့်ရှုလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့စကားအဆုံးသတ်
လေးမှာ အသံနစ်ဝင်သွားပြီး .... 

အကြီးအကဲသုံးယောက်လည်း အံ့သြခြင်းကြီးစွာ ခေါင်းကို
ညိတ်နေကြသည်။ ရှောင်ယွင်၏ အသက် ၁၂ နှစ်နှင့် Dou
Zhe အဆင့် ရောက်ခဲ့တဲ့ စံချိန် ကို လိုက်မမှီပေမဲ့ သူမ၏ 
လေ့ကျင့်နှုန်းက ကြောက်ခမန်းလိလိဟု သတ်မှတ်နိုင်သည်။ 

ကွင်းအလယ်ထဲက ရှောင်မိန်... အားလုံးက အားကျလေး
စားရတဲ့ မိန်ကလေး...  အခုတော့ အနက်ရောင်ကျောက်
တိုင်ပေါ်က စာလုံးလေးလုံးကြောင့် ခေါင်းနောက်ကျိနေ
သည်။ ကျောက်တိုင်ကိုကြည့်နေရင်း သူမ စိတ်ဓာတ်
ကျသွားသည်။ အသက် ၁၅ နှစ်ဖြင့် Dou Zhe အဆင့်
ရောက်ရှိခဲ့တဲ့ ရှင်းအာရဲ့ အောင်မြင်မှုက သူမကို မျက်စိပြာ
သွားစေသည်။ ပြောင်မြောက်သော  ရှင်းအာ၏ စွမ်းရည်ကို
သူမ လျှော့တွက်ခဲ့မိပြီ။ 

လူအများ၏ နောက်ဆုံးမှာ ထိုင်နေတဲ့ ရှောင်ယွင်လည်း 
စိတ်လှုပ်ရှားနေသည်။ ရှင်းအာ Dou Zhe ဇုန်ထဲဝင်နိုင်ရုံ
သာမက ကြယ် ၁ ပွင့်အဆင့်အထိ ရောက်နေမည်ဟု သူ
မထင်ထားပေ။ သူမ၏ အမြန်နှုန်းက သူ အခြေခံဆေးလုံး
သုံးပြီး အရှိန်မြှင့်ထားသည့် အမြန်နှုန်းနှင့်ပင် နှိုင်းယှဉ်လို့
ရသည်။ 

ရှင်းအာ တခြားလူတွေကို လျစ်လျူရှုထားပြီး အများ၏
အာရုံစိုက်စိတ်ဝင်စားနေသည်ကို သဘောမကျဟန် မျက်
ခုံးကို တွန့်ချိုးထားသည်။ ပြီးနောက် ရှောင်ယွင် ဘေးနေရာ
ကို ပြန်လျှောက်လာခဲ့ပြီး  ရှောင်ယွင် အံ့သြနေတာကို
မြင်ရ၍  နောက်ပြောင်ပြီး ပြုံးလိုက်သည်။

" သိပ်ပြီးတော့လည်း ဂုဏ်ယူမနေနဲ့လေ...ငါ မျှော်လင့်ထား
သလိုပဲ ရှင်းအာရဲ့အရည်အချင်းနဲ့ဆို ဒီလိုအောင်မြင်မှုရ
မယ်ဆိုတာ သိနေတယ်လေ... Dou Zhe အဆင့်မရောက်
ဘူးဆိုမှသာ ငါက အံ့သြနေရမှာ.. " 
ရှောင်ယွင် ပခုံးနှစ်ဖက်ကို တွန့်လိုက်ပြီး အရွှန်းဖောက်
လိုက်၏။

အဲ့ဒီစကားကို ကြားရတော့ ရှင်းအာ၏ မျက်နှာငယ်ကလေး
မှာ ဝမ်းနည်းဟန် ဖြစ်သွားပြီး ခနတာမျှ ရှောင်ယွင်ကို ငေး
စိုက်ကြည့်မိ၏။ 

ရှင်းအာကို လှမ်းဆွဲလိုက်ပြီ ဖျာပေါ်မှာ ထိုင်ခိုင်းလိုက်ပြီး
နောက် ရှောင်ယွင် ပျင်းရိလာ၍ တခြား မျိုးနွယ်လူငယ်တွေ 
ဆက်ပြီး အဆင့်စမ်းသပ်နေတာကို လေ့လာကြည့်၏။ 

မကွယ်ဝှက်တမ်းပြောရရင် အသက် ၁၅ မတိုင်ခင် ဒိုချီ 
အဆင့် ၇ ရောက်ဖို့ဆိုတာ အရည်အချင်း အတော်လေး 
ကောင်းမွန်မှ အောင်မြင်မည်။ ဒါပေမဲ့ ဒီလို အရည်အချင်းရှိ
တဲ့သူဆိုတာ ထင်သလောက် မရှိပါဘူး။ ရှောင်မျိုးနွယ်တခု
လုံးတွင်ရှိ လူငယ်အရေအတွက် ၁၀ ပုံမှာ အဲလိုအရည်
အချင်းရှိသူတွေက  ၂ ပုံမှ ၃ ပုံလောက်ပဲ ရှိသည်။ 

အချိန်တွေ ကြာလာသည်နှင့်အမျှ ဒိုချီအဆင့်မမှီတဲ့သူတွေ
လည်း တဖြည်းဖြည်းများလာပြီး လေ့ကျင့်ခန်းကွင်းပြင်မှာ 
တက်ကြွမှုမရှိ ငြီးငွေ့ဖွယ်ရာပင် ကောင်းလာသည်။ အဆင့်
စမ်းသပ်မှု၌ ပယ်ချခံထိထားတဲ့သူတွေက စိတ်ပျက်လက်
ပျက်မရွှင်မပျ ဖြစ်နေပေမဲ့ သူတို့လိုပဲ ပယ်ခံထိတဲ့သူတွေ
ကို မြင်ရတော့ မျက်နှာမှာ မသိမသာနှင့် ပြုံးသွားကြသည်။ 

မြေပြင်မှာ ထိုင်ရင်း ရှောင်ယွင် အဆင့်စမ်းသပ်မှုကို ဆက်
လက် အကဲခတ်ကြည့်နေလျက်ရှိသည်။ လူအယောက်တစ်
ရာကျော်လောက် ပြီးသွားတဲ့အချိန်မှာ ရှောင်မိန်လို အဆင့် 
၈ ရောက်ရှိတဲ့သူ နှစ်ယောက်သာ ရှိသေးပြီး အဆင့် ၉
သမားနှင့် Dou Zhe အဆင့် ရောက်ရှိနေသူမှာ ရှင်းအာ
က လွဲ၍ တခြားလူ မရှိသေးချေ။ 

လေ့ကျင့်ရေး ကွင်းပြင်မှာ အဆင့်စမ်းသပ်တဲ့သူအရေ
အတွက်ဟာ တတိတိနဲ့ လျော့နည်းလာပြ်ီး ရှောင်ယွင်နဲ့ 
လူအချို့သာ ကျန်ပါတော့သည်။

မကြာမီ အဆင့်စစ်ဆေးရမဲ့လူငယ်အချို့ဟာ ကိုယ့်ကိုယ်ကို 
အဆင့်မမီမှန်း သိနေပါသော်လည်း စိတ်ဓာတ်ကျစွာဖြင့်
မတ်တပ်ရပ်ပြီး အနက်ရောင်ကျောက်တိုင်ဆီ သွားရောက်
စမ်းသပ်ကြရသည်။ 

နောက်ဆုံးတွင် လူ တစ်ဒါဇင်ကျော်လောက် ကျန်သွားနေ
သးသည်။ ဒီလူတွေဟာ မျိုးနွယ်ရဲ့ အဆင့်နိမ့်ဆုံးလူငယ်
တွေဖြစ်ကြပြီး တကယ်၍ တရားမျှတမှုရှိစွာ စစ်ဆေးရခြင်း
ကြောင့်သာမဟုတ်ခဲ့လျှင် သူတို့ဟာ အဆင့်စမ်းသပ်မှု
လုပ်နေစရာမလိုဘဲ အဆင့်နိမ့်ဟု သတ်မှတ်လိုက်မှာ  သေချာသည်။ 

" ရှောင်ယွင်..!! " 

အနက်ရောင်ကျောက်တိုင်ဘေးနားမှာ ရပ်နေရင်း စစ်ဆေး
ရေးလူကြီးဟာ ရှောင်ယွင်နာမည်ကို ဝန်လေးစွာဖြင့် ခက်
ခက်ခဲခဲ ခေါ်လိုက်သည်။ 

" အကိုရှောင်ယွင်အလှည့်ရောက်ပြီး.. "
ရှင်းအာ ညင်သာစွာ ပြောလိုက်ပြီး ရှောင်ယွင်လက်ကို 
ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ 

ရှောင်ယွင် ခေါင်းကို အနည်းငယ်မော့လိုက်ကာ မျက်လုံး
ဖွင့်လိုက်ပြီး လေ့ကျင့်ကွင်းအနှံ့ကို ကြည့်လိုက်သည်။ 
သူ့၏ ရှုံးနိမ့်မှုကို စောင့်စားနေသည့် အကြည့်တွေကို မြင်
တဲ့အခါ ကျိတ်ရယ်မိသည်။ 

ဖြည်းလေးစွာ မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ဘက်ကို လှည့်
လျှောက်သွားပြီး ရှောင်ကျန်းကို ပြုံးရယ်လိုက်သည်။ 

ရှောင်ကျန်း သူ့သားက ပြံးရယ်ရင်း သူ့ဆီ လျှောက်နေ
သည်ကိုကြည့်ပြီး ရွှင်ပျစွာ ခေါင်းညိတ်ပြလိုက်ပြီး လက်
တစ်ဖက်က ရေနွေးကြမ်းပန်းကန်လုံးကို မြှောက်ပြလိုက်
ရင်း  သက်တောင့်သက်သာ ပြန်ထိုင်လိုက်သည်။ 

ရှောင်ယွင် အသက်ကို ကျိတ်ရှုလိုက်ပြီး အနက်ရောင်
ကျောက်တိုင်ဆီကို ရဲဝံ့စွာ ပြန်လျှောက်သွားသည်။ သူ့၏ 
မျက်လုံးမှာလည်း ထူးထူးခြားခြား တောက်ပနေပြီး တိုးတိုး
တိတ်ကျိတ် ရယ်နေသူတွေကို မျက်လုံးပြူးကျယ်သွားစေ
သည်။ 

စိတ်ရှုပ်ထွေးစွာ ကြည့်နေကြတဲ့ အကြည့်တွေရဲ့ အောက်
မှာပဲ ရှောင်ယွင် အနက်ရောင်ကျောက်တိုင်ဆီကို ရောက်
သွားခဲ့ပြီး။ 

သူ့အရှေ့က အနက်ရောင်ဝတ်စုံနှင့်လူငယ်ကို ကြည့်ရင်း
စစ်ဆေးရေးလူကြီး ကျိတ်ပြီး အသက်ပြင်းချမိသည်။ 
ရှောင်ယွင် အဆင့်စမ်းသပ်ခြင်းမှာ ပထမဆုံး Dou Zhe 
ဖြစ်ခဲ့စဉ်က အသိသက်သေအဖြစ် သူရှိနေခဲ့သည်။ 
လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ပါရမီရှင်လေး၏ ဝမ်း
နည်းဖွယ်ရာ အဆင့်စမ်းသပ်ခြင်း ရှုံးနိမ့်မှုမှာလည်း သူ 
အသိသက်သေအဖြစ် ရှိနေခဲ့ရပြန်သည်။ တကယ်လို့ ဒီနေ့
မှ ရှောင်ယွင် အံသြဖွယ်ကောင်းလောက်အောင် အစွမ်းမပြ
 နိုင်ခဲ့ရင်တော့ ဒီတစ်ကြိမ်ဟာ သူ့အတွက် နောက်ဆုံး
အဆင့်စမ်းသပ်ခြင်း ဖြစ်သွားပေလိမ့်မည်။ 

အဲ့ဒီအချိန်မှာ လူတွေအားလုံးဟာ အနက်ရောင်ကျောက်
တိုင်ဆီကို အပြည့်အဝ အာရုံစိုက်ကြည့်နေကြသည်။ 
တခါက သူ့၏ ဒိုချီအဆင့်စမ်းသပ်မှုကြောင့် ဝူတန်မြို့ကို 
သိမ့်သိမ့်တုန်သွားစေသွားလောက်အောင် ဖြစ်စေခဲ့တဲ့
ပါရမီရှင်လေး၏ နောက်ဆုံးအကြိမ် အဆင့်စမ်းသပ်မှု ဖြစ်
သွားနိုင်သည်ကို သူတို့ သိထားကြသောကြောင့် မျက်
တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြသည်။

အနက်ရောင်ကျောက်တိုင်ဟာ ခနတာ ငြိမ်သက်နေရာမှ 
စူးရှတောက်ပတဲ့ အလင်းရောင် ဖောက်ထွက်လာပါတော့
သည်။ 

" Dou Zi Li... အဆင့် ၇ " 

တိတ်ဆိတ်..... တလောကလုံး လူသေကောင်လို တိတ်
ဆိတ်သွားလေသည်။

Chapter 30

30 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 30.   ဝဋ်ဆိုတာ လည်တတ်ပါတယ်

ရှင်းအာနှင့်အတူ လျှောက်ဝင်လာတဲ့ ရှောင်ယွင်ကို ကြည့်
ပြီး လေ့ကျင့်ရေးကွင်း ထဲက ယောင်္ကျားလေးများ အားလုံး
ဟာ မနာလိုပြီး အထင်သေးတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြ၏။
မျိုးနွယ်တစ်ခုလုံးမှာ ရှင်းအာနှင့် အရင်နှီးဆုံးလူက နာမည်
ကြီးအမှိုက်ကောင် ဖြစ်နေသည်မဟုတ်လား.. ။ 

ကွင်း၏ အစွန်းမှာ အရွယ်တူကောင်လေးများက ဝန်းရံ
လျက်ရှိနေသည့် ရှောင်နင်တစ်ယောက် မျက်လုံးမှာ ဒေါသ
အခိုးအငွေ့တွေနဲ့ ရှောင်ယွင်ကို စိုက်ကြည့်နေ၏။

" ကောင်စုတ်လေး... ဒီနေ့ စမ်းဆေးပွဲပြီးသွားရင် နောက်
နေ့ ရှင်းအာကို မျက်နှာပြရဲဦးမလားဆိုတာ ကြည့်ရသေး
တာပေါ့... "

ကောက်ကျစ်စွာ ရေရွတ်လိုက်ပြီး ရှောင်ယွင်ဆီကို ကျ
ရောက်တော့မည့် ကံဆိုးမှုအကြောင်းကို တွေးလိုက်ကာ 
ပြုံးလိုက်၏။ 

ဒေါသအကြည့်တွေ မနာလိုတဲ့အကြည့်တွေ အားလုံးကို 
လျစ်လျူရှုပြီး ရှောင်ယွင် ရှင်းအာကို အနောက်ဘက်ခြမ်းကို
ကို ခေါ်ဆောင်သွားပြီး နှစ်ယောက်သား အေးဆေးစွာဖြင့်
စကားပြောဆိုနေ၏။

ပေါ့ပေါ့ပါးပါး ဖြစ်နေသည့် ရှောင်ယွင်ကို ကြည့်ပြီး စင်မြင့်
ပေါ်ကလူတွေဟာ အံ့သြသွားကြသည်။ ဒီစစ်ဆေးပွဲဟာ
သူ့အနာဂတ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သူမသိဘူးလား...

" ဟီဟီ... ရှုံးမယ်ဆိုတာ သိနေလို့နေမှာပေါ့ "
ဒုတိယအကြီးအကဲက တမင်တကာ ပြောလိုက်၏။

ရှောင်ကျန်း သူ့အပေါ် ဒေါသ ထိန်းမရ သိမ်းမရ ထွက်လိမ့်
မည်ဟု ဒုတိယအကြီးအကဲ တွေးထင်ထားပေမဲ့ အချိန်
အတော်ကြာအထိ ရှောင်ကျန်းဆီက စကားတစ်ခွန်းမှ 
မထွက်လာ၍ ထိတ်လန့်သွားပြီး ရှောင်ကျန်းကို စောင်းငဲ့
ကြည့်လိုက်မိ၏။

" ဒုတိယအကြီးအကဲ  သင် အခုလိုမှန်းဆပြောနေမဲ့အစား
ရလဒ်ကိုပဲ စောင့်ကြည့်နေသင့်တယ်... အဲလိုမှ မလုပ်ဘဲ
တောင်ပြောမြောက်ပြောနေမယ်ဆိုရင်  အချိန်ကျလာတဲ့
အခါ သင် မျက်နှာပျက်နေလိမ့်မယ်.. "

နေရောင်အောက်မှာ အေးအေးဆေးဆေးရှိနေသည့် ရှောင်
ယွင်ကို ရှောင်ကျန်း စူးစိုက်စွာ ဆက်ကြည့်နေလိုက်သည်။ 

ဒုတိယအကြီးအကဲဟာ မျက်နှာပျက်သွားပြီးနောက် ပြန်
ပြောလိုက်၏။
" အဲလိုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်.. အံ့သြဖွယ်ရာတွေ
ကို သူယူဆောင်နိုင်ပါစေလို့ မျှော်လင့်နေပါတယ်.. " 

" ကဲ အချိန်ရောက်ပြီး ... စလိုက်ရအောင်... "
ပထမအကြီးအကဲက ထပြီး စကားဖြတ်ပြောလိုက်သည်။

ရှောင်ကျန်း ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ကွင်း
ထဲမှာ တိတ်ဆိတ်သွားတဲ့ လူတွေကို ကြည့်ပြီး အသံဝါကြီး
ဖြင့်  
" မင်းတို့ဟာ ငါတို့မျိုးနွယ်ရဲ့ သွေးသစ်တွေပဲ ဖြစ်တယ်..
ဒါကြောင့် ဒီစမ်းသပ်ပွဲ အရေးကြီးတာကို သိသင့်တယ်...
စမ်းသပ်ပွဲမှာ အဆင့် ၇ နဲ့ အထက်ရရင် စမ်းသပ်မှု အောင်
မြင်ပြီး..တကယ်၍ မရခဲ့ရင်လည်း စည်းမျဉ်းအရ အဆင့်၇ 
နဲ့ အထက် မည်သူကိုမဆို စိန်ခေါ်ယှဉ်ပြိုင်နိုင်တယ်... 
မင်းတို့ နိုင်ခဲ့ရင် စမ်းသပ်မှုကို မင်းတို့အောင်မြင်တယ်.. "

" ကဲ စည်းမျဉ်းကို အခု သဘောပေါက်ကြပြီးဆိုတော့ စမ်း
သပ်ပွဲကို စလိုက်ရအောင်.. "

ရှောင်ကျန်း ရဲ့ မိန်းခွန့်နဲ့အတူ လေ့ကျင့်ကွင်းထဲက လူငယ်
အားလုံး စိတ်လှုပ်ရှားသွားကြသည်။

အနက်ရောင်ကျောက်တိုင်ဘေးမှာ အဆင့်တိုင်းတာခြင်းကို
ဆောင်ရွက်ပေးမည့် လူတစ်ယောက် အရှေ့လှမ်းထွက်
လာပြီး စာရွက်တစ်စောင်ကို ထုတ်ယူလိုက်သည်။ အဆင့်
တိုင်းတာမည့်သူတွေရဲ့ နာမည်အကုန်လုံး ၎င်းစာရွက်တွင်
ရေးမှတ်ထားသည်။ တစ်ယောက်ချင်း၏ နာမည်ကို ခေါ်
လိုက်သည့် သူ့၏ အေးစက်စက်အသံက သေမင်းခေါ်သံ
အလား နာမည်ခေါ်ခံထိသူတွေကို ထင်ယောင်စေ၏။ 

သန့်ရှင်းပြီး ပြန့်ပြူးတဲ့ မြေပြင်မှာ တင်ပျဉ်ခွေထိုင်လျက်
ရှောင်ယွင် တည်ငြိမ်စွာဖြင့် စမ်းသပ်မှုမအောင်မြင်ဘဲ ငိုမဲ့
မဲ့ ဖြစ်နေသူတွေကို ကြည့်နေသည်။ ထိုသူတွေအတွက် 
မသနားမိဘဲ အေးစက်စွာဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။ 
သူ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ထိုသူတွေဟာ 
သူတို့ထက် အဆင့်နိမ့်တဲ့သူတွေ အထူးသဖြင့် တချိန်က 
ပါရမီရှင်ဖြစ်ခဲ့ပြီး ယခုအခါ အမှိုက်ကောင်လို့  လှောင်ပြောင်
ခံရတဲ့ သူကို နှိမ့်ချလှောင်ပြောင်ဖို့ သဘောကျကြသည်ကို 
သူ ကိုယ်တွေ့ကြုံခဲ့ရသည်။

သူတို့ထက် ဒိုချီအဆင့်မမြင့်တဲ့သူတွေကို လှောင်ပြောင်ခဲ့
စဉ်က သူတို့ဆီကို ဝဋ်ပြန်လည်လိမ့်မည်ဟု တွေးမိလိမ့်
မည်မဟုတ်မှာ သေချာသည်။ 

သူတပါးကို အရှက်ခွဲခဲ့တဲ့သူတွေက  အဆုံးသတ်မှာ 
သူတို့ကိုယ်တိုငိ အရှက်ကွဲနေရပြီဖြစ်သည်။ 

ရှောင်ယွင်ဘေးနားမှာ ထိုင်နေတဲ့ ရှင်းအာလည်း ဘာမှ 
စိတ်အနှောင့်အယှက် မဖြစ်ဟန်ရှိသည်။ ကြာပွင့်ကဲ့သို့
ဘေးပတ်လည်က ရွှံ့နွံတွေကြောင့် မညစ်ညူးသကဲ့သို့ ..။ 
သူမ ခေါင်းကို ဖြည်းဖြည်းလှည့်ပြီး ရှောင်ယွင်ကိုသာ ခိုးခိုး
ကြည့်သည်။

" ရှောင်မိန်..!! "

ခံစားချက်ကင်းမဲ့စွာ အေးစက်စက် နာမည်ခေါ်သံကြောင့် 
ရှောင်ယွင် မျက်ခုံးပင့်တက်သွားပြီး ဖြည်းညှင်းစွာ မျက်လုံး
ကို ဖွင့်လိုက်သည်။

ရှောင်ယွင် အပြုအမူကြောင့် ဘေးနားကနေ စိုက်ကြည့်
နေတဲ့ ရှင်းအာ နှာခေါင်းရှုံ့လိုက်သည်။

ဟွန့် အကိုရှောင်ယွင်နဲ့ ရင်းနှီးအောင် ကြိုးစားခဲ့သူပဲ...

ရှင်းအာ မျက်လုံးကျဉ်းမြောင်းကာ ဝတ်စုံအနီနဲ့မိန်ကလေး
ကို ငေးကြည့်လိုက်၏။

မကြာမီပဲ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လိုက်ပြီး 
ရှောင်ယွင်ကို စောင်းငဲ့ကြည့်လိုက်ကာ 

" ဒီနေ့ အကိုရှောင်ယွင်အပေါ်မှာ သူ ဘယ်လိုသဘောထား
မလဲဆိုတာ သိချင်စိတ် ပြင်းပြနေတယ်.. "

ရှောင်ယွင် ပခုံးတွန့်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြော
လိုက်၏။

" အရာတခုဟာ ဖျက်ဆီးခံရပြီးရင် အမြဲပျက်စီးသွားမှာပဲ..
ပြန်ပြင်လိုက်ရင်တောင် အက်ကွဲရာကတော့ ကျန်နေမှာပဲ 
မျိုးနွယ်ထဲမှာ ငါ ယုံကြည်ရတဲ့ လူတွေက သိပ်တော့
မများပါဘူး... "

" အကိုရှောင်ယွင် မှတ်ထားတာလား.. ?? "

ရှင်းအာရဲ့ နှုတ်ခမ်းက ကျီစယ်ဟန် ပြုံးလိုက်ပြီး ရှောင်ယွင်
ကို မေးလိုက်၏။

" ဟုတ်တယ်... "    ရှောင်ယွင် ပြန်ဖြေလိုက်ပြီးနောက် 
ရှင်းအာရဲ့ ဆံနွယ်မျှင်တွေကို လက်ချောင်းဖြင့် ညင်ညင်
သာသာ ဆွဲယူပြီး ပြန်လွှတ်လိုက်ရာ လက်ချောင်းကြားထဲ
ကနေ ပြန်လျှောကျသွားသည်။ ကွက်လပ်ဗလာနေရာ
တစ်ခုကို ငေးကြည့်နေသကဲ့သို့ သူမ၏ လှပတဲ့မျက်လုံး
အစုံဟာ လှပတဲ့ ဆန်းသစ်လလို မှေးကျသွားသည်။ ယခု
မြင်ကွင်းကြောင့် သူမကို မြင်ရတာ ဆွဲဆောင်မှုရှိလှ၏။ 

' ငါတို့နှစ်ယောက် ငယ်တုန်းက သူက ငါ့ရဲ့အခန်းကို ခိုးဝင်
လာပြီး ငါ့ရဲ့ ခန္ဓာကိုယ်သန်မာကောင်းမွန်စေဖို့ ကူညီပေး
ခဲ့တယ်။ ဒါတွေ ပြန်စဉ်းစားကြည့်ရင် သူကူညီပေးခဲ့တဲ့
နည်းလမ်းက သိပ်မကောင်းပေမဲ့  အဲ့ဒီတုန်းက သူလည်း
နည်းလမ်းကောင်း လို့ ထင်မှာမဟုတ်ဘူး။ အဲဒါနဲ့တောင်
၂ နှစ်ကြာတဲ့အထိ သူကူညီပေးခဲ့တယ်... '

ရှင်းအာ တွေးရင်း ပြုံးလိုက်ရာ မျက်နှာပေါ်မှာ ချစ်စရာ ပါး
ချိုင့်လေး နှစ်ခု ပေါ်လွင်သွားသည်။ ကျောက်တိုင်ဘက်
ကို ခေါင်းပြန်လှည့်ကြည့်လိုက်ပြီး စိတ်ထဲမှာ တွေးလိုက်၏။ 

" မျိုးနွယ်တစ်စုလုံးမှာ ရှင်းအာ ယုံကြည်ရတဲ့သူ မရှိပါဘူး..
အကိုကလွဲလို့ပေါ့.. "

ရှင်းအာနှင့် ရှောင်ယွင် အနီးကပ်စကားလက်ဆုံကျနေ
သည်ကို အဝေးက ရှောင်နင် မြင်တွေ့သွားပြီး သူ့မျက်
 နှာဟာ ရှုံ့မဲ့သွားသည်။ မနာလိုမှုတွေက နှလုံးသားထဲမှာ
ဟုန်းဟုန်းတောက်နေပြီး ပြီးပြည့်စုံသော မြင်ကွင်းအား 
သွားရောက်ဖျက်စီးလိုစိတ်ကို မနည်း ထိန်းချုပ်နေရသည်။ 

Dou Zi Li  အဆင့် ၈ !!!        ( Dou Zi Li နဲ့ ဒိုချီက အတူ
တူပါပဲ... )

အနက်ရောင်ကျောက်တိုင်မှာ တောက်ပတဲ့ စာလုံးက ဖြာ
ထွက်နေသည်။ 

" ရှောင်မိန်...Dou Zi Li  အဆင့် ၈/ အဆင့်မြင့်!!! "
 
စစ်ဆေးတဲ့လူက အနက်ရောင်ကျောက်တိုင်ကို တချက်
လှမ်းကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်ကာ 
ရလဒ်ကို ကြေညာလိုက်၏။ 

ရလဒ်ကို ကြေညာလိုက်တာကို ကြားလိုက်ရတဲ့အခါ ရှောင်
မိန် စိတ်တင်းကျပ်တာ ပြေလျော့သွားပြီး မျက်နှာမှာလည်း
ဂုဏ်ယူတဲ့ဟန် ဖြစ်ပေါ်သွားသည်။ တစ်နှစ်အတွင်း အဆင့် 
၇ မှ အဆင့်၈ သို့ ရောက်ရှိနိုင်ခဲ့တဲ့ အောင်မြင်မှုက သူမကို
မျိုးနွယ်၏ ထိပ်တန်းလူငယ် ၅ ယောက်ထဲ ပါဝင်စေနိုင်ခဲ့ပြီ။ 
အထင်ကြီးစရာကောင်းတဲ့ ရလဒ်ကြောင့် သူမ အရမ်းစိတ်
လှုပ်ရှားနေတာ အံ့သြစရာမဟုတ်ပေ။ 

လေ့ကျင့်ရေးကွင်းပြင်အနှံ့ စစ်ဆေးတဲ့လူ၏ ကြေညာ
လိုက်တဲ့အသံက ပျံ့နှံ့သွားပြီး သူမဆီကို မနာလိုတဲ့
အကြည့်တွေ ရောက်ရှိလာသည်။ 

" တစ်နှစ်အတွင်း ဒိုချီအဆင့် ၁ ဆင့် မြှင့်တင်နိုင်တယ်ဆို
တော့ မဆိုးပါဘူး... "
ရှောင်ယွင် ၎င်း၏နှာခေါင်းကို ပွတ်လိုက်ပြီး မှတ်ချက်ချ
လိုက်သည်။ 

" အင်း "
ရှင်းအာ သူမ၏ ဆံပင်ကို ဆွဲလိမ်ကစားနေရင်း မင်းသား
တစ်ပါးလို အနားမှာရှိနေတဲ့ ရှောင်ယွင်ကို ပူပင်ကြောင့်ကြ
မဲ့စွာ ဖျတ်ခနဲ ကြည့်လိုက်၏။ 

ရှောင်မိန်အလှည့်ပြီးနောက် လူနောက်ထပ်အယောက် 
တစ်ဒါဇင်ကျော်ပြီးသွားပေမဲ့လည်း တစ်ယောက်သာ 
အဆင့် ၇ ရပြီး ကျန်တဲ့သူတွေက အဆင့်မမှီချေ။ 

" ရှောင်ရှင်းအာ..!! "
ရှင်းအာ နာမည်ခေါ်လိုက်တဲ့အလှည့်မှာတော့ တည်ငြိမ်လှ
တဲ့ စစ်ဆေးသူ လူကြီး၏ အသံမှာပင် စိတ်လှုပ်ရှားနေမှု ပါ
ဝင်နေ၏။ 

" အကိုရှောင်ယွင်... သိပ်အံ့သြမသွားနဲ့နော်... "
ရှင်းအာ မတ်တပ်ရပ်လိုက်ကာ ရှောင်ယွင်ဘက် လှည့်ပြီး
စနောက်တဲ့ အပြုံးဖြင့် ပြောလိုက်၏။

ရှောင်ယွင် မျက်ခုံး တွန့်သွားပြီး ထွက်ခွာသွားတဲ့ ရှင်းအာ၏ 
လှပတဲ့ နောက်ပိုင်းကောက်ကြောင်းကို ငေးကြည့်ရင်း ရေ
ရွတ်လိုက်မိ၏။

" ရှင်းအာ Dou Zhe အဆင့်ကို ရောက်သွားပြီးလား!!!! "

............

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...