Followers

Chapter 70

အပိုင်း ( 70 )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

ရှောင်ယွင်သည် ရှင်းအာကို နှုတ်ဆက်လမ်းခွဲထွက်လာခဲ့ပြီးနောက် ကလန်ကနေ တိတ်တခိုးလေး ပြန်ထွက်လာခဲ့သည်။ ခြေလှမ်းရပ်ပြီး လျင်မြန်စွာ စဉ်းစားလိုက်ပြီးနောက် ဂျားလီကလန်ပိုင်ဆိုင်သည့် အနီးဆုံးဈေးနေရာကို သွားဖို့ ဆုံးဖြတ်လိုက်သည်။

ကလန်အကြီးအကဲတွေ ရင်ဆိုင်နေရသည့် ပြဿနာတွေကို ကူညီပေးဖို့ သူ စိတ်မ၀င်စားပေမဲ့ သူ့အဖေကိုတော့ တတ်နိုင်သလောက်တော့ ကူညီချင်သည်။ အကူအညီပေးနိုင်ဖို့အတွက် သူ ပထမဆုံးစဉ်းစားလိုက်သည့်အရာက ဂျားလီဈေးကို သွားလေ့လာရန်ဖြစ်သည်။ 

ဂျားလီကလန် ပိုင်ဆိုင်ထားသည့် ဈေးငယ်မှာ အစွန်းအဖျားကျပြီး လူအနည်းငယ်လောက်သာ စည်းကားတတ်သည့် နေရာသာ ဖြစ်သည်။ ဒါပေမဲ့ ရှောင်ယွင် ဈေးထဲကို လျှောက်ဝင်သွားသည့် အချိန်မှာတော့ ဈေးလမ်းမှာ လူများ ပြည့်ကျပ်နေလျက်ရှိပြီး ဆူညံအော်ဟစ်သံများ နားမခံအောင် ဆူညံလို့နေသည်။ 

လမ်းမကျယ်တွင် လူများ တွန်းတွန်းတိုက်တိုက်ဖြင့် တိုးဝှေ့နေကြသည်။ တချို့ ဗလတောင့်တောင့်နှင့် လူတွေကျတော့ အော်ဟစ်ပြီးတော့ လူအုပ်ကြားထဲကို အတင်းပင် လမ်းဖယ်ခိုင်းပြီး တိုးဝင်နေကြပြန်သည်။ ထိုလူကြီးတွေထံမှ သွေးစိမ်းနံ့ ခပ်ပြင်းပြင်းလေး ရနေ၍ သူတို့သည် သေချာပေါက် ကြေးစားအမဲလိုက်မုဆိုးများ ဖြစ်ကြမည်။ အသက်အန္တရာယ်နှင့် အမြဲတစေ ကြုံတွေ့နေကြသူမို့ သူတို့သည် အသက်ကယ်ဆေးများကို အရမ်းသဘောကျကြသည်။ အန္တရာယ်ကြီးမားသော နယ်မြေတွင် သူတို့၏ ရဲဘော်တွေ၏ အသက်ဘေးအတွက် အနာကျတ်ဆေးဆိုသည်မှာ အမှန်ကန်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။

ဈေးအ၀င်ပေါက်နေရာတွင် မတ်တပ်ရပ်နေရင်း ရှောင်ယွင်သည် အချို့သော အမဲလိုက်သူများ သစ်သေတ္တာငယ်များကို ပိုက်ပြီး လူအုပ်ကြားထဲကနေ မြူးတူးစွာ တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။

“ အင်း အဲ့ဒီ သေတ္တာတွေက နွေဦးပြန်လာခြင်း ဆေးကို ထည့်ထားတာဖြစ်ရမယ်.. ”

ရှောင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ဈေးလမ်းထဲ ၀င်ပြီး လူအုပ်ကြားထဲကို အစွမ်းကုန်ပဲ တိုးဝင်သွားလိုက်သည်။ နွေဦးပြန်လာခြင်းဆေးကို ရွှေဒင်္ဂါး ၁၀၀ တိတိသုံးပြီး တစ်သေတ္တာစာ ၀ယ်လာခဲ့လိုက်သည်။

ဆေးသတ္တာကို ပိုက်ပြီး နောက်တဖန် လူအုပ်ကြားထဲကနေ တစ်ခါ ဒုက္ခသုက္ခခံပြီး တိုးထွက်လာခဲ့ပြန်သည်။ နောက်ဆုံးမှာတော့ ရှောင်ယွင် ပေါ့ပါးစွာ အသက်ရှုလို့ ရသွားခဲ့သည်။ မျက်နှာက မာကျောပြီး စိတ်မရှည်လှသော ဆေးရောင်းသမားမျက်နှာကို ပြန်တွေးပြီး ရှောင်ယွင် စိတ်ထဲကနေ ဒေါပွပွဖြင့် ဆဲပေးလိုက်သည်။ 

“ ခွေးမသားတွေ.. နေရာယူပြီးတော့ သူများကို အနိုင်ကျင့်တဲ့ကောင်တွေ ”

ဆေးသေတ္တာကို ပိုက်ပြီး ရှောင်ယွင် ဈေးကနေ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ထို့နောက် ဆေးသေတ္တာအဖုံးကို ဖွင့်လိုက်ပြီး ကြည့်လိုက်သည်။ အထဲတွင် အကြမ်းထည်ဆန်သော ပစ္စည်းဖြင့် လုပ်ထားသော ပုလင်းငယ် ၁၀ လောက်ကို တွေ့လိုက်ရသည်။ အရည်အသွေးနိမ့်သော ကျောက်စိမ်းအသားဖြင့် လုပ်ထားသော ပုလင်းမှန်း သိသာသည်။ ဒီလို ပစ္စည်းမျိုးဖြင့် လုပ်ထားသော ပုလင်းဖြင့် ဆေးအစွမ်းကို အကောင်းဆုံး အချိန်ကြာကြာ ထိန်းပေးနိုင်မှာ မဟုတ်ပါဘူး။

ပုလင်းတစ်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ အထဲမှာ အလွန်အားနည်းသော ဆေးအနံ့ထွက်နေသည့် အစိမ်းပျော့ပျော့အရောင် ဆေးအရည်ကို တွေ့လိုက်ရသည်။ 

“ ဆရာရေ.. ဒီလိုဟာကို ဆေးလို့ နာမည်တပ်ခေါ်လို့ ရလို့လား.. ”

အာနိသင်ပင် သိပ်မရှိလှသော ဆေးကို ကြည့်ပြီး ရှောင်ယွင် မနေနိုင်ဘဲ ရင်ထဲမှာ မေးလိုက်မိသည်။ 

“ အင်း..  ဒဏ်ရာကျက်စေတဲ့ အာနိသင် နည်းနည်းပဲပါတဲ့ အဆင့်နိမ့် အနာကျတ်ဆေးလို့ သတ်မှတ်ရမှာပဲ.. ဒီလိုဆေးမျိုးက ဖော်ရတာ ဘာမှ မခက်ဘူး.. ရိုးရှင်းတယ်.. ဈေးပေါပေါနဲ့ပဲ ရောင်းလို့ရမယ်... အဲဒါကြောင့် အချို့ အဆင့် ၁ မှော်ဆေးပညာရှင်တွေတောင် ဒီလိုဆေးမျိုး ဖော်စပ်ရောင်းချဖို့တောင် စိတ်မပါကြဘူး.. ”

“ ဟုတ်တယ်.. ဒါက တကယ်ကို ဈေးပေါတာပဲ.. ဆယ်ပုလင်းကို ရွှေဒင်္ဂါး ၁၀၀ ဆိုတော့ တစ်ပုလင်းမှ ၁၀ ပဲ.. ဒီလို ဈေးနှုန်းက မှော်ဆေးပညာရှင်တစ်ယောက်အတွက် ရှက်စရာပါပဲ.. ”

ရှောင်ယွင်က ခေါင်းတညိတ်ညိတ်ဖြင့်.. နေပြီးနောက် ခနအကြာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ 

“ ဆရာ.. ဒီဆေးထက် နည်းနည်းပိုကောင်းတဲ့ ဆေးမျိုး ရှိလား.. ”

“ အများကြီး.. ဒါပေမဲ့ ဒီဆေးတွေက အဆင့်အများကြီး နိမ့်နေလို့ ဒါမျိုးကို ဖော်စပ်ပြီး မရောင်းဖူးပေါင်.. ”

ရွဲ့လော်က ခနရပ်လိုက်ပြီး ဆက်ပြောသည်။ 
“ အဲ့ဒီဆေးတွေကို ရှောင်ကလန်အတွက် ဖော်စပ်ပေးချင်လို့လား.. ကောင်းတယ် မင်းက ဒိုကျဲအဆင့်ရောက်နေပြီးဆိုတော့ အဆင်ပြေတာပေါ့.. ကဲ ဆေးအချို့တွေကို မင်းလက်နဲ့ ဖော်စပ်ကြည့်ဖို့ အချိန်ရောက်ပြီးပေါ့… ”

“ ဟမ်… ကျွန်တော်ဖော်ရမှာလား..?”
ရွဲ့လော်စကားကြောင့် ရှောင်ယွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ ဒီလိုဆေးမျိုးတွေကိုတောင် မင်းက ငါ့ကို ကိုယ်တိုင်လုပ်စေချင်လို့လား. ”

ရွဲ့လော်က မပျော်ရွှင်စွာဖြင့် မျက်နှာကို ရှုံ့မဲ့လိုက်ပြီးနောက် ညွန်ကြားချက်တွေကို ပြောပြလိုက်သည်။ 

“ ပထမဆုံး.. လေလံအိမ်ကိုသွား.. အရည်အသွေးကောင်းတဲ့ ဆေးမီးအိုးတွေ သွားရှာလာခဲ့.. ပြီးတော့ အခြေခံဆေးအမယ်တွေကို အများကြီး ၀ယ်ဖို့လိုတယ်. မှော်ဆေးပညာရှင်အသစ်တစ်ယောက်အနေနဲ့ အစပိုင်းမှာ အတွေ့အကြုံရဖို့ ဆေးတွေ များများ ဖော်စပ်စီရင်ရမယ်…  ”

ရှောင်ယွင်သည် စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်လာကာ နှုတ်ခမ်းကို သပ်လိုက်သည်။ ဆေးသေတ္တာကိုလည်း မြောင်းဘေးထဲ လွှင့်ပစ်လိုက်သည်။ ထို့နောက် လေလံအိမ်ဆီကို ဦးတည်ကာ ခပ်သုတ်သုတ်ဖြင့် သွားလိုက်လေသည်။

လေလံအိမ်သို့ မရောက်ခင်မှာလည်း  လူမမြင်ရသည့် ထောင့်ချိုးနေရာတစ်ခုကို ၀င်ကာ အနက်ရောင်ဝတ်ရုံကို ထုတ်ဝတ်လိုက်ပြန်သည်။ ထို့နောက် လေလံအိမ်ဆီကို ဖြေးလေးစွာဖြင့် သွားလိုက်သည်။

လေလံအိမ်မှာ  ရှိနေသည့် အလုပ်သမားများသည် ရှောင်ယွင်၏ ပုံပန်းသဏ္ဍာန်နှင့် ရင်းနှီးနေပြီးသား ဖြစ်နေလေရာ အဝေးကနေ အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက် ဖြေးလေးစွာ လှမ်းလာနေသည်ကို မြင်သည်နှင့် အလုပ်သမားတစ်ယောက်က လေလံအိမ်ထဲကို လှစ်ခနဲ ပြေးဝင်သွားပြီ ကုနီနှင့် ရဖေးကို သွားအကြောင်းကြားလိုက်သည်။ 

သူတို့၏ အလုပ်သမားထံမှ အကြောင်းကြားလိုက်သည်နှင့် ကုနီနှင့် ရဖေးတို့ နှစ်ယောက်စလုံး လုပ်လက်စအလုပ်များကို ချက်ချင်းပဲ ရပ်လိုက်ပြီ လေလံအိမ်တံခါးဆီကို သွားကြကာ ရှောင်ယွင်ကို အပြုံးဖြင့် ကြိုဆိုလိုက်ကြပြီ ဧည့်ခန်းဆီကို ခေါ်ဆောင်သွားလိုက်ကြသည်။ 

“ ဒီတစ်ခေါက်လာတာက အရည်အသွေးကောင်းတဲ့ ဆေးမီးအိုးတစ်လုံးလောက် လိုချင်လို့ပါပဲ.. ”

အိုမင်းသော အသံက အနက်ရောင် အ၀တ်အောက်ကနေ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လက်နှစ်ဖက်က ရေနွေးခွက်ကို ယူလိုက်ပြီး မှုတ်သောက်လိုက်သည်။

တစ်ဖက်လူ၏ ဂုဏ်ဒြပ်ကို သိနေပြီးမို့ ၎င်း တောင်းဆိုချက်ကို ရဖေး မအံ့သြတော့ပါဘူး။ ချိုသာစွာ ခေါင်းညိတ်လိုက်ပြီး အစေခံမလေးတစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။ ထို့နောက် အစေခံမလေးကို ခပ်တိုးတိုးလေး ညွန်ကြားပေးလိုက်ပြီး လက်ခါပြ သွားခိုင်းလိုက်သည်။ 

“ ဟားဟား.. လူကြီးမင်းကတော့ အချိန်အခါကောင်းကို ရောက်လာခဲ့တာပဲ.. မနက်တုန်းကပဲ မီးတောက်ပြင်းနဲ့ သန့်စင်ထားတဲ့ ဆေမီးအိုးတစ်လုံး လေလံအိမ်ကို ရောက်လာပါတယ်.. အဲ့ဒီဆေးမီးအိုးကို ဂျားမာအင်ပါယာမှာ နာမည်ကျော်ကြားတဲ့ ဆရာဟီအာ ဆိုတဲ့ ပန်းပဲဖိုဆရာတစ်ယောက်က ပြုလုပ်ထားတာ… ဒီဆေးမီးအိုးက ဒိုချီမီးတောက်ကို အားမြှင့်ပေးရုံတင်မကဘူး.. ရှားပါးတဲ့ သတ္တုမျိုးကို အသုံးပြုထားလို့ ဆေးဖော်စပ်တဲ့နေရာမှာ အောင်မြင်ဖို့အခွင့်အလမ်းလည်း ပိုများတယ်..အဲဒီနေ့ကဆို ဂျားမာအင်ပါယာ တော်ဝင်မှော်ဆေးပညာရှင်တွေတောင် တော်တော် ချီးကျူးကြသေးတာ.. ”

ရဖေးက ပြုံးကာ ရှင်းပြလိုက်၏၊ သူမမျက်လုံးတွေက ညှို့ဓာတ်အပြည့်ဖြင့် ဆွဲဆောင်လို့ နေသည်။ 

“ အင်းး.. ”
အိုမင်းတဲ့အသံမှာ အနည်းငယ်ကျေနပ်သွားသည့် လေသံပေါက်နေသည်။ အနည်းငယ်ဟန်ုပြင်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။ 

“ ဒါဆိုရင်..ကျွန်တော့်အတွက် အဆင့်နိမ့် သိုလှောင်လက်စွပ်လေးတစ်ခု လုပ်ပေးပါ.. အဲ့ဒီအထဲမှာ အခုပြောမဲ့ ဆေးအမယ်တွေ ထည့်ပေးပါ.. သွေးခဲမြက်ရိုး အခု ၅၀၀.. အရိုးကြိးထွားပန်းပွင့် က အပွင့် ၆၀၀ … ဘိန်းပန်းက အပွင့် ၅၀၀.. နောက် အသက်ဝင်သစ်သီး.. အလုံး ၅၀၀.. နောက်….”

တောင်းဆိုသည့်အရာတွေကို ကြားလိုက်သည့်အခါမှာတွင်တော့ ကုနီမှာ မျက်လုံး အနည်းငယ် ပြူးသွားလေသည်။ အဆင့်နိမ့် သိုလှောင်လက်စွပ်တစ်ခုသည် အနည်းဆုံး ရွှေဒင်္ဂါး ၇၀၀၀၀ ကနေ ၈၀၀၀၀ အထိ တန်ဖိုးရှိသည်။ တဖန် နောက်ဆက်တွဲ ပြောလိုက်သော ဆေးအမယ်တွေမှာ မရှားလှသည့် ဆေးအမယ်တွေ ဖြစ်သော်လည်း မမာဏများစွာ မှာယူသည့်အခါမှာတော့ ကုန်ကျမည့် ငွေကြေးအရေအတွက်က ရွေှ့ဒင်္ဂါး တစ်သိန်းအောက်ထက်တော့ လျော့နည်းမှာ မဟုတ်ပါဘူး။ နောက်ဆုံး ရဖေး လေလံဆွဲခဲ့သည့် ဆေးမီးအိုးတောင်မှ ရွှေဒင်္ဂါး တစ်သိန်းခွဲလောက် ကျသင့်မည်။ အားလုံးပေါင်းလိုက်ရင် ရွှေဒင်္ဂါး သုံးသိန်းမရှိဘဲနှင့် တာဝန်ယူ လုပ်ဆောင်ပေးဖို့ ခက်လှသည်။ 

ရဖေးသည်လည်း ၎င်းတောင်းဆိုချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒီလေလံအိမ်တော်ကို သူမတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ သူမမှာ အကျိုးအမြတ်များနှင့် အရောင်းအ၀ယ်စာရင်းများကို ဋ္ဌာနချုပ်သို့ သတင်းပို့ရချေသေးသည်။ အရံငွေထဲမှာ ရွှေဒင်္ဂါး သုံးသိန်းကို တစ်ဦးတည်းအတွက် သုံးဖို့က ဘယ်လိုမှ မဖြစ်နိုင်သည့်အရာပင်။ သုံးခဲ့ရင်လည်း သူမအထက်လူကြီးများက သေချာပေါက် တွေ့သွားပေလိမ့်မည်။

သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ကာ အချိန်အနည်းငယ်ယူ စဉ်းစားလိုက်သည်။ အဆင့် ၄ မှော်ဆေးပညာရှင်တစ်ယောက်ဆီက ရရှိလာမည့် အကျိုးအမြတ်ကို ချိန်ထိုးစဉ်းစားလိုက်ပြီးနောက် ရဖေးသည် အေးဆေးသက်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ 

“ ဆရာကြီးရှင့်… တစ်နာရီအတွင်း အားလုံးကို ပြင်ဆင်လိုက်ပါ့မယ်ရှင့် ”

“ ဟားဟား .. ကောင်းတယ်.. ”

ဒါဟာ ပထမဆုံးအကြိမ် ရဖေးအရှေ့တွင် ရွဲ့လော်၏  ပြောင်းလဲခြင်းမရှိသည့် လေသံနေရာမှာ စိတ်ကျေနပ်သည့် ရယ်မောသံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

နူညံ့သည့် လက်က အနက်ရောင်ဝတ်ရုံအောက်မှာ တိုးထွက်လာကာ အပြာရောင် ကျောက်စိမ်းကတ်တစ်ခုကို စားပွဲပေါ်တင်လိုက်သည်။ ရွဲ့လော်က ပြုံးရင်း ပြောလိုက်သည်။

“ ဒီပိုက်ဆံက လုံလောက်ရဲ့လား ဆိုတာ ငါလည်း သေချာမသိဘူး.. ဒါပေမဲ့ ချီစုစည်းဆေးလုံးအတွက် ဆေးအမယ်တစ်စုံကိုလည်း ပေါင်းထည့်ပေးပါဦး ”

ပြောလိုက်သည့်စကားကို ကြားလိုက်တော့ ကုနီ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားချေသည်။ ချီစုစည်းဆေးလုံးအတွက် နောက်ထပ် ဆေးအမယ်တစ်စုံလား.. အဲဒါဆို နောက်ထပ် ရွှေဒင်္ဂါး ၅၀၀၀၀ ဖိုး မဟုတ်ဘူးလား..?

ရဖေး၏ နှုတ်ခမ်းသည် အနည်းငယ်ဟ သွားပြီ ဒေါသလည်း အနည်းငယ် ထွက်သွားခဲ့သည်။ ဒါပေမဲ့လည်း တောင်းဆိုသည့်သူက အဆင့် ၄ မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်နေသည်။  ဒါက အရမ်းကို လွန်လွန်းလှသည်။ 

သူမသည် ဒေါသထွက်သွားခဲ့ပေမဲ့ ခံစားချက်ကို ရင်ထဲ သိမ်းထားလိုက်သည်။ အနည်းငယ်ပင် သူမမျက်နှာပေါ်မှာ  မပေါ်လွင်စေခဲ့ပါဘူး။ အပြုံးမျက်နှာကိုသာ ပန်ဆင်ထားလိုက်သည်။ သူမကိုယ် သူမပြန်တွေးလိုက်ကာ စိတ်ထဲ ခါးသီးစွာ ရယ်မောလိုက်ချေသည်။ တစ်ခါတစ်လေတော့ ကောင်းမွန်သည့် အရာအတွက် စွန့်လွှတ်ရသည်ဟု သူမကိုယ် သူမ သတိပေးနေလိုက်သည်။ သူမမှာ ရွေးချယ်စရာတော့ မရှိပါဘူး။ ပင့်သက်ရှိုက်ကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ 

“ ဟဟ.. ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက် နားလည်မှုလွဲနေတယ် ထင်တယ်.. အဲဒီ ဆေးအမယ်တစ်စုံက ကျွန်တော့်အတွက် မဟုတ်ပါဘူး.. ခင်ဗျာတို့က ကူညီပေးတဲ့အတွက် ချီစုစည်းဆေးလုံးကို ဖော်စပ်ပေးဖို့ စဉ်းစားလိုက်တာပါ.. ဒီဆေးအမယ်တန်ဖိုးကို ခင်ဗျားတို့နှစ်ယောက် စိုက်ရတာ တန်ဖိုးသိပ်မများပါဘူးနော်.. ”

အိုမင်းသော ရယ်မောသံက အေးစက်စွာ ထွက်ပေါ်လာသည်။

အနည်းငယ် မှင်တက်သွားပြီးနောက် လှပသော မျက်နှာငယ်လေးမှာ ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်။ ကျေနပ်ဖွယ်ကောင်းသော အံ့သြစရာကြောင့် ရဖေး တစ်ချက်တော့ အသိစိတ်လွတ်သွားခဲ့သည်။ အချိန်အနည်းငယ်အတွင်းမှာပဲ ရဖေးသည် မြူးရွှင်သွားသည့် သူမမျက်နှာကို ထိန်းချုပ်လိုက်နိုင်ကာ ပြန်တည်လိုက်ခဲ့သည်။ သူမလိုပင် ပျော်ရွှင်နေသည့် ကုနီနှင့် မျက်လုံးချင်း တွေ့ဆုံလိုက်ကာ ထို့နောက် သာယာသော အသံဖြင့် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ 

“ ဒါဆိုရင် လူကြီးမင်းကို ကျေးဇူးအထူးတင်ရှိပါတယ်.. ”

Chapter 69

69. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
×××××××××××××××××××××××
Chapter 69.  စိတ်ဆိုးနေတဲ့ ရှင်းအာ

အားလုံးနေသားတကျဖြစ်ပြီးမှ ရှောင်ယွင်သည် ဂူထဲကနေ ထွက်လာခဲ့တော့သည်။ တောင်ပတ်လမ်းအတိုင်း ပတ်လျှောက်လိုက်ပြီးနောက် တောင်ထိပ်ပေါ်ကို ခိုးကြောင်ခိုးဝှက်ဖြင့် တက်လိုက်သည်။ ထို့နောက် အနီးပတ်ဝန်းကျင်တွင် လူအရိပ်အယောင်များ ရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။ လူသူတစ်ယောက်မှ မတွေ့၍ သက်သာရာ ရစွာ အသက်ပြင်းချလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် တောင်အောက်ရှိ မျိုးနွယ်ဝင်းဆီကို ဆင်းလာခဲ့သည်။ 

အေးအေးဆေးဆေးပင် မျိုးနွယ်အိမ်ဆီကို ပြန်နေသည့်အချိန်တွင် ရှောင်ယွင်သည် ခြံဝင်းအရှေ့တွင် အလောတကြီးထွက်လာသော မျိုးနွယ်အကြီးအကဲနှင့် အမှတ်မထင်ပင် တွေ့ဆုံ၍ ပခုံးချင်းပင် တိုက်မိသွားခဲ့သည်။ ရှောင်ယွင်သည် ခြေလှမ်းရပ်လိုက်ကာ  မျက်နှာများ သုန်မှုန်၍ ဒေါသထွက်နေသော မျိုးနွယ်အကြီးအကဲ သုံးယောက် ထွက်ခွာသွားတာကို ကြည့်ပြီး ခေါင်းထဲမှာ အတွေး များသွားခဲ့သည်။ 

“ ဘယ်သူကများ သူတို့ကို ရန်စသွားပါလိမ့်.. ”  
ရှောင်ယွင် အံ့သြစွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး အနောက်လှည့်လိုက်ရာ လမ်းတစ်ဖက်တွင် မတ်တပ်ရပ်နေသော ကျစ်လစ်သွယ်လျပြီး ကျက်သရေနှင့် ပြည့်စုံသည့် အစိမ်းရောင်အ၀တ်နှင့် မိန်းမပျိုလေးကို တွေ့လိုက်သည်။ 

မျက်နှာတွင် အပြုံးများ ပန်ဆင်ထားသော ချစ်စရာကောင်းသည့် ရှင်းအာကို မြင်လိုက်ရသည့်အခိုက်တွင် ရှောင်ယွင်၏ နှလုံးသားသည် ဒိန်းခနဲ တစ်ချက် ဆောင့်ခုန်သွားလေသည်။ ဂူငယ်ထဲတွင် ရွဲ့လော် မေးထားသည့် အကြောင်းကို ပြန်စဉ်းစားမိသည့်အခါတွင် သူ့မျက်နှာသည် တရှိန်းရှိန်းဖြစ်လာပြီး မလုံမလဲဖြစ်စွာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တစ်ခုခု အတွေးဝင်ဟန် ပုံဖမ်းလိုက်သည်။

ရှောင်ယွင်၏ မူမမှန်သော အပြုအမူကြောင့် ရှင်းအာမှာ တစ်ချက်ကြောင်သွားကာ ခေါင်းကို ခါယမ်းလိုက်ပြီး ဘာကြောင့် ရှောင်ယွင် ဗြုန်းစားကြီး ဒီလိုဖြစ်သွားရခြင်းအကြောင်းကို မတွေးတတ်တော့သည်။ အရှေ့ကို တိုးလျှောက်လာပြီး ရှောင်ယွင်ကို သေချာကြည့်လိုက်ရာ သူမ၏ နုနယ်ချောမွေ့သော မျက်နှာပြင်ပေါ်ဝယ် အံ့သြခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ သူမ လက်နှစ်ဖက်ကို တင်ပါးနောက်ဘက်ကို ပို့ထားလိုက်ပြီးနောက် အရှေ့ကို ဆက်တိုးလာခဲ့ရာ ရှောင်ယွင်နှင့် တစ်လက်မပင် မပြည့်တော့သည့် နီးနီးလေး အကွာအထိ ရောက်ပြီးမှ သူမသည် ပြုံးလိုက်ကာ မေးလိုက်သည်။
“ အကိုရှောင်ယွင်က ဒိုကျဲအဆင့်ကို ရောက်သွားပြီးလား.. ”

“ ငါ့ကိုယ်ငါ အထင်ကြီးပြီ စိတ်ကျေနပ်သွားအောင် ဘာလို့ ငါကို အရင်ပြောပြခွင့် မပေးရတာတုန်း.. ”

ဒါကို ကြားလိုက်သည့်အခါမှာ ရှင်းအာမှာ မျက်လုံးများ မှိတ်ကျသွားသည်အထိ ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ ချောမွေ့ပျော့ပျောင်းသော လက်ဖြင့် ရှောင်ယွင် အ၀တ်ပေါ်က ခေါက်ကျိုးရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်ချပေးသည်။

အရင်တုန်းကလည်း ရှောင်ယွင်ကို ရှင်းအာက ဒီလိုမျိုးလုပ်ပေးခဲ့သည်အခါတိုင်း သူ စိတ်ထဲသိပ်မတွေးဖြစ်ခဲ့..။ သို့သော် ဒီနေ့တွင် သူ့နှလုံးသားထဲက ခံစားချက်ကို ရွဲ့လော်က နှိုးဆွပေးထား၍ ယခု ရှင်းအာ အပြုအမူကြောင့် ရှောင်ယွင်မှာ ရုတ်တရက် နည်းနည်း စိတ်လှုပ်ရှားသွားမိသည်။

ရှောင်ယွင်တို့ ရပ်နေသာ လမ်းမှာ မျိုးနွယ်လူတွေ မကြာခဏ ဖြတ်သန်းသွားလာနေသာ လမ်းပင် ဖြစ်သည်။ ရှင်းအာက ရှောင်ယွင်၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ဇနီးမယားသဖွယ် ပြုပြင်နေသည်ကို မြင်ကြလေရာ သူတို့သည် မနာလိုခြင်းတွေနှင့် ပြည့်နှက်သွားကြလေသည်။ 

ရှောင်ယွင်သည် ခေါင်းကို ငုံ့လိုက်ပြီး ချောမောပြီး အပြစ်မထင်သည့် မျက်နှာလေးကို ကြည့်လိုက်သည်။ အနက်ရောင် ဆံနွယ်တွေက သူမ၏ နဖူးပြင်မှာ ၀ဲကျလို့နေသည်။ ရေပြင်လေးကဲ့သို့ ကြည်လဲ့နေသော မျက်ဝန်းဝိုင်းဝိုင်းလေးကို ပို၍ပင် ကြည့်မိလိုက်သည်။

ရှင်းအာကို မျက်တောင်မခတ်မိဘဲ ငေးမောကြည့်နေရင်း ရှောင်ယွင်၏ အသက်ရှုသံများ တဖြည်းဖြည်းမြန်ဆန်လာသလို ပါးနှစ်ဖက်မှာလည်း အပူရှိန်များ မြင့်တက်လို့ လာသည်။

“ အကိုရှောင်ယွင်.. ဘာလို့ အဲလိုကြည့်နေရတာလဲ.. ”
ရှင်းအာသည် ရှောင်ယွင်အ၀တ်ကို သပ်သပ်ရပ်ရပ် ပြုပြင်ပေးနေရင်း တိုးတိုးလေး ညည်းညူပြောလိုက်သည်။ သူမသည်လည်း ရှောင်ယွင်၏ စိတ်လှုပ်ရှားနေသော အကြည့်ကို ရိပ်မိသွားလေရာ သူမ ပါးနှစ်ဖက်တွင်လည်း နီရဲလာခဲ့သည်။ 

“ ဟမ်… အော်.. ”
အသိတချက်လွတ်ရာကနေ ပြန်သတိရလာ၍ ရှောင်ယွင်မျက်နှာသည် ပန်းရောင်သန်းသွားသည်။ တော်သေးသည်.. သူမျက်နှာအရေးပြားက ရှင်းအာလို ပါးပါးလေး မဟုတ်၍ တော်သေးသည်။ ချောင်းနှစ်ခါလောက် ဟန့်လိုက်ပြီး ခပ်တည်တည်ဖြင့် 
“ ဘာမှတော့ မဟုတ်ပါဘူး.. ရှင်းအာက တစ်နေ့တခြား ပိုပိုပြီး လှပလာနေလို့လေ.. ”

ဒီစကားကြောင့် ရှင်းအာ စကားပင် မပြောနိုင်တော့ဘဲ ချစ်စရာကောင်းအောင် နှာခေါင်းလေးကို ရှုံ့လိုက်သည်။ ဒါပေမဲ့ သူမ၏ နှင်းဆီဖူး နှုတ်ခမ်းလေးက ကျေနပ်သည့်အမူအရာဖြင့် ထော်ထားသည်

“ အော် ဒါနဲ့.. ”
တစ်စုံတစ်ခုကို သတိရလိုက်၍ ရှင်းအာက ရှောင်ယွင် ခန္ဓာကိုယ်ကို တစ်ချက် ပြန်ကြည့်လိုက်ပြန်ကာ ညင်သာစွာဖြင့် မေးလိုက်သည်။ 
“ အကိုရှောင်ယွင်က ဒိုကျဲအဆင့်ကို ရောက်သွားပြီဆိုတော့ ချီကျင့်စဉ်လည်း လိုလာပြီးပေါ့.. ”

ရှောင်ယွင်အမူအရာမှာ မာတောင့်သွားပြီး ရှက်တက်တက်ဖြင့် ခေါင်းညိတ်လိုက်သည်။

ရှင်းအာသည် သူမ၏ နှင်းပွင့်လို ဖြူဆွတ်သည့် မေးဖျားလေးကို လက်ချောင်းသွယ်သွယ်လေးဖြင့် ပွတ်သပ်လိုက်ကာ မေးလိုက်သည်။

“ အင်း ချီကျင့်စဉ်က ဘယ်အဆင့်လဲဆိုတာ ရှင်းအာကို ပြကြည့်ပါလား..”

“ အဟမ်း.. အာ ချီကျင့်စဉ်ဆိုတာ.. ပစ္စည်းတစ်ခုပဲလေ.. အဲ ပြီးတော့ ကြိုးစားလေ့ကျင့်ရင်လည်း ဖြစ်တာပဲ.. အဆင့်ဆိုတာ လိုလို့လား.. ”
ရှောင်ယွင်မှာ ခြောက်ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဖြေလိုက်သည်။

ရှောင်ယွင်၏ အမူအရာကို အကဲခတ်ကြည့်ကာ ရှင်းအာ၏ မျက်ဝန်းမှာ အန္တရာယ်အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ ဒါပေမဲ့လည်း သူမလေသံက ညင်သာနေဆဲပင်.. ။ 
“ အကိုရှောင်ယွင်.. ရှင်းအာကို တစ်ချက်လောက် ပေးကြည့်ပါ.. ”

ခေါင်းမာတတ်ပြီး အလျှော့မပေးတတ်သော ရှင်းအာကို ကြည့်ပြီး ရှောင်ယွင် ကူကယ်ရာမဲ့စွာဖြင့် ပခုံးကို တွန့်လိုက်သည်။ ထို့နောက် လက်ကို ဆန့်တန်းပြလိုက်သည်။ မကြာခင်မှာပဲ .. အားနည်းသော အ၀ါဖျော့ဖျော့အလင်းက ထွက်ပေါ်လာခဲ့သည်။ 

“ အကိုရှောင်ယွင်.. ဒါက အကိုပြောဖူးတဲ့ ပိုကောင်းတယ်ဆိုတဲ့ ကျင့်စဉ်ဆိုတာက ဒါလား.. ”

အချိန်မရွေး ငြိမ်းသေသွားနိုင်သည်ဟု ထင်ရသည်အထိ အားနည်းလှသော အ၀ါရောင်ဖျော့ဖျော့အလင်းကို ကြည့်ရင်း ရှင်းအာ၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ သူမ၏ နှင်းဆီရောင် နှုတ်ခမ်းဖူးမှာ စူထားပြီးတော့ ဒေါသထွက်နေသည့်ပုံစံကို လုပ်ပြထားသည်။ 

ရှောင်ယွင်မှာ အားတောင့်အားနာဖြင့် ရယ်မောလိုက်သည်။ ရှင်းအာကို မည်ကဲ့သို့ ရှင်းပြရမည်နည်း..

“ အစောပိုင်းအဆင့်တွေမှာ အဆင့်မြင့်ချီကျင့်စဉ်တွေကို လေ့ကျင့်ထားနိုင်ခဲ့ရင် အနာဂတ်မှာ အကိုရဲ့ လေ့ကျင့်ခြင်းတွေမှာ အရမ်းအကျိုးရှိစေတယ်ဆိုတာ အကိုရှောင်ယွင်လည်း ကောင်းကောင်းသိနေတာပဲ.. ဟုတ်တယ် အကိုရှောင်ယွင်က ရှင်းအာပေးတဲ့ ကျင့်စဉ်ကို ငြင်းခဲ့တယ်.. ရှင်းအာကလည်း နောက်ထပ် ပေးဖို့ မစဉ်းစားတော့ဘူး..  နောက် ကျင့်စဉ်က မှားခဲ့ရင်လည်း အကိုရှောင်ယွင်က နောက်ထပ်အသစ်တစ်ခုရခဲ့ရင် ပြောင်းကျင့်လို့ရတာပဲ.. အဲလိုပဲ တွေးခဲ့တာ.. ဒါပေမဲ့ အကိုရှောင်ယွင်က အဆင့်အနိမ့်ဆုံးကျင့်စဉ်ကို ကျင့်နေတယ်.. ဒါက ရှင်းအာကို မုန်းလို့ တမင်တကာ လုပ်နေတာမလား.. ”

ရှင်းအာသည် မျက်လုံးပြူးပြီး ရှောင်ယွင်ကို ဒေါသဖြင့် ကြည့်နေလိုက်သည်။ သူမ၏ ရှည်လျားကော့ညွတ်သော မျက်တောင်စွန်းတွေမှာ မျက်ရည်စများ စိုစွတ်စ ပြုနေပါပြီး။ 

ပင်ကိုသဘာဝကိုက အေးဆေးတည်ငြိမ်သော ရှင်းအာသည် ယခုလို အပြုအမူနှင့် ပြောဆိုနေပုံအရ ရှောင်ယွင်၏ အပြုအမူက ရှင်းအာကို မည်မျှအထိ စိတ်ဆိုးဒေါသထွက်စေခဲ့သလဲဆိုတာ တွေးကြည့်လို့ ရသည်။ 

နှုတ်ခမ်းဖူးဖူးလေးကို ဖိကိုက်ရင်း သူ့ဆီက အဖြေကို ခေါင်းမာစွာ စောင့်မျှော်နေသည့် ရှင်းအာကို ကြည့်ကာ ရှောင်ယွင် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။  ထို့နောက် အတင်းပြုံးလိုက်ကာ လေသံတိုးတိုးဖြင့် 
“ ငါတို့တွေ အတူတူနေလာခဲ့ကြတာ ဆယ်နှစ်ကျော်ပြီး အခုထိ ငါ့ကို နားမလည်သေးဘူးလား… ငါက အဆင့်မြင့်ကျင့်စဉ်တစ်ခုကို မယူဘဲ အဆင့်နိမ့်ကျင့်စဉ်ကိုပဲ ယူကျင့်တဲ့ ငတုံးတစ်ကောင်လို့ ငါ့ကို ထင်နေလား.. ”

“ ဒါပေမဲ့လည်း အကိုရဲ့ ကျင့်စဉ်ကလည်း လုံးဝကို အဆင့်နိမ့် ဟွာင်းအဆင့်ကျင့်စဉ်ပဲလေ.. ရှင်းအာ အဲဒါကို ခံစားလိုက်ရတယ်လေ.. ”
ရှင်းအာမှာ ရှောင်ယွင်အဖြေကို ကြားရပြီးသော်လည်း ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောသည်။ သူမမျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တော့ အနည်းငယ် ပြေလျော့သွားသည်။

“ စာအုပ်တစ်အုပ်ကို  မျက်နှာဖုံးကြည့်ပြီးတော့ မဆုံးဖြတ်လိုက်ပါနဲ့တဲ့.. လောလောဆယ်မှာတော့ အကြောင်းပြချက်တွေကို အသေးစိတ်ပြောပြဖို့ကတော့ အဆင်မပြေသေးဘူး..ဒါပေမဲ့ တစ်နေ့ကျရင် ရှင်းအာ နားလည်သွားမှာပါ.. အကိုက ဆုံးဖြတ်ချက်ကို ခံစားချက်သက်သက်နဲ့ မချပါဘူး.. ”

ရှောင်ယွင် ပြုံးရင်း ဆိုလိုက်သည်။ 

“ တကယ်လား.. ”  
ရှောင်ယွင်ကို တည်တည်တံ့တံ့လေး ကြည့်ပြီး ရှင်းအာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မယုံမရဲဖြင့် မေးလိုက်သည်။

“ ဒါပေါ့… တကယ်ပါ.. တကယ်ကြီးပါ.. ” 
ရှောင်ယွင် ခပ်သွက်သွက်လေး ခေါင်းညိတ်လိုက်သည်။ သူမ နောက်ထပ် မေးမြန်းလာမည်ကို စိုးရိမ်လာ၍ မြန်မြန်ပင် ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။ 
“ အခု ကလန်မှာ ဘာဖြစ်နေကြတာလဲ..? ဘာဖြစ်လို့ အမျိုးအနွယ်အကြီးအကဲတွေက မျက်နှာ မသာမယာ ဖြစ်နေကြတာလဲ..”

“ အော်.. သိပ်မကြာခင်တုန်းက ဂျားလီကလန်က ဘယ်ကမှန်းမသိတဲ့ အဆင့် ၁ မှော်ဆေးပညာရှင်တစ်ယောက်ကို ရအောင် ဖိတ်နိုင်ခဲ့တယ်လေ.. လောလောဆယ် သူတို့ရဲ့ ဈေးဆိုင်တွေမှာ နွေဦးပြန်ရောက်ခြင်းဆေးလုံးအသစ်တစ်မျိုး တင်ပြီးရောင်းချနေတယ်.. အဲဒီဆေးက ဈေးလည်းပေါတယ် အစွမ်းလည်းထက်တယ်.. ၀ူတန်မြို့က စစ်သည်တွေတော့ ဒီဆေးကို အရမ်းကို သဘောကျပြီး ၀ယ်လည်း ၀ယ်သုံးကြတယ်.. ”

ရှင်းအာက ခေါင်းညိတ်လိုက်ပြီး မျက်ခုံးကို တွန့်ချိုးထားလျက် ဆက်လက်ပြီး ရှင်းပြနေပြန်သည်။

“ နွေဦးပြန်လာခြင်းဆေးလုံးကြောင့် ရှောင်ကလန်ရဲ့ ဈေးတွေမှာ လူအသွားအလာ ကျဲသွားတယ်.. အဲဒါကြောင့်မို့  ကုန်သည် ဈေးဆိုင်ရှင်တွေကလည်း ဂျားလီကလန်ပိုင် ဈေးနေရာတွေဆီကို ရွှေ့သွားကြတယ်လေ.. ဒါက ရက်အနည်းငယ်ပဲ ရှိသေးတယ် ရှောင်ကလန်အနေနဲ့ အတော်လေးကို ထိခိုက်နေပြီး… ဦးလေးရှောင်ကလည်း ဒီအဖြစ်အပျက်ကြောင့် အတော်လေးကို စိုးရိမ်နေတယ်.. ”

ရှင်းအာ ရှင်းပြတာကို နားထောင်ပြီ ရှောင်ယွင် သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဒါကြောင့်မို့ အကြီးအကဲ မျက်နှာတွေက မသာမယာ ဖြစ်နေကြတာကိုး..

ရှောင်ယွင် မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ရင်း နှာခေါင်းကို ပွတ်လိုက်သည်။ စိတ်ထဲမှာလည်း တိုးတိုလေး ရေရွတ်လိုက်မိသည်။ 
“ အဆင့် ၁ မှော်ဆေးဆရာတစ်ယောက်လောက်နဲ့များ… ဂျားလီမျိုးနွယ် ကတော့ ပြန်တိုက်ခိုက်လို့ ရနေပြီးလို့ ထင်နေတယ်ပေါ့လေ.. ”

……………..

Chapter 68

68. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potato
_______________________________

Chapter 68.   နှလုံးသားကြွေဆင်းမီးတောက်

ကျဉ်းမြောင်းတဲ့ ဂူအတွင်းမှာ မျက်လုံးမှိတ်ပြီ ဒိုချီကျင့်နေသော ရှောင်ယွင်ကို ရွဲ့လော်က စောင့်ကြည့်ပေးနေသည်။ ရွဲ့လော်သည် နီရဲနေသော မျက်လုံးကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။ အန္တရာယ်များတဲ့ ကျင့်စဉ်ကို ရှောင်ယွင် ရွေးလိုက်တဲ့ အကြောင်းပြချက်ထဲမှ သူဟာ တစ်ခု ဖြစ်ကြောင်း ရွဲ့လော် ရှင်းလင်းစွာ သိသည်။  ရွဲ့လော်ရင်ဘက်ထဲမှာ နွေးထွေးမှုတွေ ခံစားနေရသည်။ အသက်ပြင်းချပြီး ကောင်းကင်ကို ကြည့်လိုက်ကာ လေသံတိုးလျစွာဖြင့်

" ဘာမှ စိတ်မပူနဲ့... ဒီကမ္ဘာမှာ အတော်ဆုံးမှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာအောင် ငါ မင်းကို လေ့ကျင့်ပေးမှာပါ.. " 

လူတစ်ယောက်က ဒိုကျဲအဆင့်ကို ရောက်သွားပြီးဆိုလျှင် ဒိုချီကျင့်စဉ်ကျင့်ဖို့လည်း အခွင့်ရပြီးဖြစ်သည်။ ထိုအခါ ခန္ဓာကိုယ်အတွင်းမှ အဖြူထည်သက်သက် ဒိုချီစွမ်းအင်သည် ဒိုချီကျင့်စဉ်နှင့် လျော်ညီသော ဂုဏ်သတ္တိရှိသည့် ဒိုချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ 

ဒိုချီစွမ်းအင်၏ ပထမဆုံးပြောင်းလဲမှုအတွက် အချိန်အများကြီး မလိုအပ်ပါဘူး။ နှစ်နာရီမျှသာ အချိန်ယူရသည်။ ထိုအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော ရှောင်ယွင်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ 

သိုင်းကျင့်လိုက်ပြီး၍ ရှောင်ယွင်မှာ အရင်ထက် ပိုပြီး အားမာန်တက်ကြွမှု ပိုရှိလာသည်။ ကလေးဆန်သော သူ့မျက်နှာမှာ နွေးထွေးမှုနှင့် စိုပြေနုညံ့နေပြီး စွမ်းအင်တွေ ပြည့်ဝနေသကဲ့သို့ ရှိနေသည်။ 

ရှောင်ယွင်သည် မျက်တောင်ကို အကြိမ်အနည်းငယ် ဖွင့်ပိတ်လုပ်ကာ ပြင်ပအလင်းရောင်နှင့် ချိန်ညှိလိုက်သည်။ သူ ခပ်သာသာလေး ပြုံးလိုက်သည်။ ဒိုချီကျင့်စဉ်ကို ကျင့်လိုက်သည့်အတွက်ကြောင့် အရင်ကထက် ခံစားတွေ့မြင်မှု ပိုကောင်းမွန်လာသောကြောင့် ဖြစ်သည်။ 

" အဆင်ပြေလား.. "   အပြုံးလေးတစ်ခုနှင့် ရွဲ့လော် မေးမြန်းလိုက်သည်။ 

" ဟုတ်ကဲ့.. " 

ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး လက်ဝါးကို ထုတ်ပြလိုက်သည်။ ကိုယ်တွင်းရှိ ချီဝဲကတော့မှာ ရစ်ပတ်လှည့်နေသော အဝါဖျော့ဒိုချီစွမ်းအင်တွေဟာ စီးကြောင်းတစ်ခု ဖြစ်လာပြီး နောက်ဆုံးတွက် သူ့ လက်ဝါးပြင်ရှိ သွေးကြောကွက်ဆုံမှတ်တစ်ခုတွင် ရပ်တန့်သွားသည်။ 

ဒိုချီစွမ်းအင်ကို ထုတ်ဖော်ပြနိုင်ဖို့ဆိုတာ အနည်းဆုံး ဒဒိုရှီ အဆင့်ကိုရောက်နေမှသာ တတ်စွမ်းနိုင်မည်။ ယခု ရှောင်ယွင် အဲ့ဒီအဆင့်ကို မရောက်သေး၍ သူ့၏ ဒိုချီစွမ်းအင်မှာ လက်ဝါးပြင်ရှိ သွေးကြောကွက်၏ အတားအဆီးကို ဖောက်နိုင်စွမ်း မရှိသေးချေ။ ထို့ကြောင့် ဒိုချီစွမ်းအင်တွေသည် သူ့လက်ဝါးပြင်၌သာ စုဝေးနေပြီ တဖြည်းဖြည်းနှင့် ရှောင်ယွင်လက်ဝါးပြင်သည် အဝါဖျော့ဖျော့အလင်းများတောင်ပလာကာ ဖယောင်းတိုင်မီးလို အမှောင်ထဲမှာ ခပ်ဖျော့ဖျော့လေး လင်းနိုင်လေသည်။ 

အဝါဖျော့ဆိုသည်မှာ အဆင့်နိမ့် ဟွာင်းအဆင့် ချီကျင့်စဉ်၏ မီးသတ္တိအရောင်ပင် ဖြစ်သည်။ ချီကျင့်စဉ်အဆင့်မြင့်လာလေ အရောင်မှာ ပိုရင့်လာလေ ဖြစ်သည်။ 

လက်ဝါးပြင်ထက်က အဝါဖျော့ဖျော့အရောင်ကို ကြည့်ပြီး ရှောင်ယွင် စိတ်ပျက်သွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ အပြုံးတစ်ခုကို အတင်းပြုံးလိုက်ကာ 

" မီးတောက်မန္တရားက အဆင့်မတိုးသရွေ့တော့ ကျွန်တော်ရဲ့ ဒိုချီက သူများတွေထက် အဆင့်နိမ့်နေဦးမှာပဲ.. အဆင့်မြင့်သမားတွေကို မပြောနဲ့ဦး ရွှင်းအဆင့် ချီကျင့်စဉ်ကျင့်ထားတဲ့ အဆင့်တူသမားတွေကိုတောင် အနိုင်ရဖို့ မလွယ်သေးဘူး.. " 

" မီးတောက်မန္တရားက အဆင့်နိမ့် ဟွာင်းအဆင့်ဖြစ်ပေမဲ့ သူ့အစွမ်းက အလယ်ဆင့် ဟွာင်းအဆင့်သမားကိုတော့ ရှုံးမှာ မဟုတ်ပါဘူး.. ပြီးတော့ ချီကျင့်စဉ်က နိမ့်တယ်ဆိုပေမဲ့ မင်းမှာ ဒိုသိုင်းတွေ ရှိသေးတယ်လေ.. ရွှင်းအဆင့် ဒိုသိုင်း သုံးမျိုးနဲ့  ချီကျင့်စဉ်အားနည်းတာကို ကာမိပါတယ်.. " 

ရွဲ့လော် ပြုံးကာ ဆိုလိုက်ရင်း ရှောင်ယွင်ကို နှစ်သိမ့်လိုက်သည်။ ပြီး နောက်ထပ် ဆိုလိုက်ပြန်သည်။ 

" အခု ချီကျင့်စဉ်က သူများတွေထက် နိမ့်နေတယ်ဆိုတော့ ဒါဟာ သူများတွေထက် ပိုပြီး ခံနိုင်ရည်မရှိဘူးလို့ အဓိပ္ပါယ်ရတယ်.. ဒီတော့ အနာဂတ်မှာ တိုက်ပွဲတွေ ရင်ဆိုင်လာခဲ့ရင် မင်းဟာ ပိုပြီး အစွမ်းထက်နေဖို့လိုတယ်.. မလိုတဲ့ ရွေ့လျားမှုတွေကို လျှော့ချပစ်ရမယ်.. လှုပ်ရှားမှုတိုင်းမှာ မင်းရဲ့ အားအင်အကုန် ပါဝင်နေရမယ်.. တိုက်ပွဲကို အမြန်ဆုံး အပြီးသတ်နိုင်ရမယ်..  " 

ရှောင်ယွင် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပါသည်။ ဒါပေမဲ့လည်း စိတ်ဖိစီးသည့်အမူအရာနှင့် မျက်နှာက ရှုံ့မဲ့နေသည်။ 

ရှောင်ယွင် အမူအရာကို ကြည့်ပြီး ရွဲ့လော်မှာ အကြောင်းသိသူမို့ စိတ်ရှုပ်စွာ ခေါင်းကို ခါလိုက်သည်။ တခြားနည်းလမ်းမရှိ၍ ရှောင်ယွင်ကို တစ်ခုခုတော့ ပေးရတော့မည်။ 

" အင်း အခုလက်ရှိ သင်ပေးထားတဲ့ ဒိုသိုင်းသုံးမျိုးကို ကျွမ်းကျင်သွားခဲ့ရင် နောက်ထပ် ဒိုသိုင်းအသစ်တစ်ခုကို ပေးမယ်.. ပြီးတော့ ကိုယ်စားနိုင်တာထက် ပိုမစားသင့်ဆိုတဲ့ စကားအဓိပ္ပါယ်ကို သိတယ်မလား.. " 

" အင်း..ဒါနဲ့  ဒိုသိုင်းက ဘာအဆင့်လဲ.ဟင် " 

ရှောင်ယွင် မျက်လုံးက တောက်ပသွားပြီး သေချာစွာ မေးလိုက်သည်။ 

ရွဲ့လော်မှာ စိတ်ပျက်သွားဟန်ဖြင့် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး 

" ငါသင်ပေးမဲ့ ဒိုသိုင်းက  ရှစ်ဆပြင်းထန်သိုင်းထက်တော့ မနိမ့်ကျပါဘူးကွာ.. " 

ဒီစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် မျက်နှာက နေလုံးကြီး တောက်ပသည့်အလား ဖြစ်သွားသည်။ ရှစ်ဆပြင်းထန်သိုင်းက အဆင့်မြင့် ရွှင်း(အနက်) ဒိုသိုင်းတစ်ခုပါ.. ဒီထက်တောင် အဆင့်မြင့်တာဆိုတော့..?? 

ဒီအဆင့်များလား.. ( ဒီ ဆိုတာ မြေကြီးအဆင့် ) 

ဒီအဆင့်ဆိုတာ ရွှင်းအဆင့်နှင့် အဆင့်တစ်ဆင့်သာ ကွာခြားပေမဲ့လည်း အဆင့် နှစ်ဆင့်၏ ကွာခြားချက်က ချောက်ကြီးနှစ်ခုကြားထဲကလိုပါပဲ။ ချမ်းသာပြီး ကံကောင်းမှသာ အဆင့်မြင့်လေလံပွဲကနေ ဒီအဆင့် ဒိုသိုင်းကို ရနိုင်မည်။ သို့သော် သေချာရမည်ဟု မပြောနိုင်ပေ။ ဒီအဆင့် ဒိုင်သိုင်ကျမ်းတစ်ခု၏ မှောင်ခိုဈေးအရဆိုရင် ဂျားမာအင်ပါယာ မြို့တော်မှာ ဒီအဆင့် ဒိုသိုင်းတစ်ခု၏ ဈေးနှုန်းသည် မိုးထိလုမတတ် မြင့်မားလေသည်။ ၎င်း၏ တန်ဖိုးမှာ ဆယ်သန်းအထိ တန်ဖိုးရှိလေရာ ဂျားမာအင်ပါယာ၏ တစ်နှစ်စာ အခွန်အခနှင့် ညီမျှလေသည်။ 

အဆင့် တစ်ဆင့်သာ ခြားပေမဲ့လည်း ဈေးနှုန်းကွာခြားချက်က အဆတစ်ရာမက ကွာဟလွန်းပါသည်။ ထို့ကြောင့် ရွှင်းအဆင့် နှင့် ဒီအဆင့် ဒိုသိုင်းနှစ်ခု၏ တန်ဖိုးရှိပုံမှာ လုံးဝ ကွာခြားနေသည်ကို တွေ့နိုင်သည်။ 

ဒဏ္ဍာရီအဆင့်တစ်ခုလို တည်ရှိနေသော ဒိုသိုင်းအဆင့်အကြောင်းကို တွေးမိရင်း ရှောင်ယွင်စိတ်ထဲမှာ ဆူပွက်လာသလို ခံစားလိုက်ရသည်။ ရွဲ့လော်အား အခုချက်ချင်းပင် အတင်းသင်ခိုင်းစေချင်သည်အထိ လိုချင်စိတ် ပြင်းပြသွားသည်။ ဒါပေမဲ့ နှစ်ယောက်စလုံး၏ အခြေအနေနှင့် ဆက်ဆံမှုကို တွေးလိုက်မိ၍ ရူးကြောင်မူးကြောင်အတွေးကို မောင်းထုတ်ပစ်လိုက်သည်၊ 

ဒီအဆင့် ဒိုသိုင်းကျမ်းအကြောင်းတွေကို ခနဖယ်ထားလိုက်ပြီးနောက် ရှောင်ယွင် နောက်မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။ 

" ဆရာ.. ကျွန်တော့်ကို ဘယ်တော့ မှော်ဆေးပညာသင်ပေးမှာလဲ..? "

" မှော်ဆေးပညာရပ်ဆိုတာ ကလန်သေးသေးလေးထဲမှာ နေပြီ လေ့လာလို့ မရဘူး..  " 

ရွဲ့လော် ခေါင်းခါလိုက်ရင်း ဖြေလိုက်သည်။ ပြုံးလိုက်ရင်း စကားဆက်ပြောလိုက်ပြန်သည်။ 
 
" မင်းနဲ့ နာလန်ရိရွမ်ကြားထဲက သုံးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာက တစ်ဝက်လောက်ကို ကုန်သွားခဲ့ပြီး။ ဝူတန်မြို့မှာပဲ ဆက်နေဖို့က အရမ်းမိုက်မဲရာကျသွားမယ်.. ဒီမှာနေရင် လေ့ကျင့်တဲ့ နှုန်းက အရမ်းနှေးတယ်.. ပြီးတော့ ရှုပ်ထွေးပြီး ပြောရခက်တဲ့ အကြောင်းတချို့ကြောင့် တချို့လေ့ကျင့်တဲ့နည်းတွေကို သင်ပေးလို့မရဘူး ဖြစ်နေတယ်.. အဲဒါကြောင့် မင်းကို တစ်နှစ်ကျော်ကျော်လောက် လေ့ကျင့်ရေးခရီးထွက်ဖို့ ခေါ်သွားချင်တယ်.. " 

" တစ်နှစ်ကျော်လောက်..?? " 

ရွဲ့လော်အကြံစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင် တွေဝေသွားခဲ့သည်။ ဒါပေမဲ့ မောက်မာမာန်တက်သော နာလန်ရိရွမ်အကြောင်းကို တွေးလိုက်သည့်အခါမှာတော့ ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်ပြီး  အဖြေပေးလိုက်သည်။ 

" ကောင်းပြီ.. တစ်နှစ်ကျော်ပေါ့.. ဘယ်တော့ သွားကြမလဲ.. " 

" နှစ်လလောက် စောင့်ရမယ်.. " 
ရွဲ့လော် ပြုံးရင် ဖြေလိုက်သည်၊ 

" ဟင်...  ဘာလို့ အကြာကြီးစောင့်ရတာလဲ..? " 
ရှောင်ယွင် ဇဝေဇဝါဖြင့် မေးလိုက်သည်။ 

" ဘာလို့လဲဆိုတော့ နောက်တစ်လဆိုရင် ဂျားမာအကယ်ဒမီကျောင်းတော်ကနေ ကျောင်းသားအသစ်ရွေးဖို့ စာရင်းလာကောက်ကြတော့မှာ... အဲ့ဒီအချိန်ကျရင် မင်း စာရင်းသွင်းဖို့ လုပ်ရမယ်...  " 

ရှောင်ယွင်မှာ မျက်လုံးပေကလက်ပေကလက် ဖြစ်သွားကာ ယောင်ယမ်းပြုံးလိုက်မိပြီး မေးလိုက်သည်။ 

" အဲ့မှာ လေ့လာဖို့ မပြောထားဘူးလေ.. " 

ရွဲ့လော်သည် ရှောင်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက် မျက်ခုံးကို ရှုံ့လိုက်ပြီး လေသံကို နှိမ့်ပြီး ပြောလိုက်သည်။

" မင်း ဂျားမာကျောင်းတော်ကို သွားတက်ဖို့ လိုတယ်ကွ.. အဲ့ဒီမှာ နှလုံးသားကြွေဆင်းကောင်းကင်ဘုံမီးတောက်ကို ရှာရမယ်..ငါအရင်ကတည်းက ဂျားမာကျောင်းတော်နဲ့ ပတ်သတ်ပြီး သတင်းအချို့ကို ရထားပြီးပြီ... ဂျားမာကျောင်းတော်မှာ နှလုံးသားကြွေဆင်းမီးတောက် ရှိကိုရှိတယ်..ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက်စာရင်းထဲမှာ နှလုံးသားကြွေဆင်းမီးတောက်က အဆင့် ၁၄ ချိတ်တယ်ကွ.. ဒီ နှလုံးသားကြွေဆင်းမီးတောက်ကို ရခဲ့ရင် မင်းရဲ့ မီးတောက်မန္တရားကျင့်စဉ်က အဆင့်တိုးမြင့်သွားမှာပဲ.. " 

" နှလုံးသားကြွေဆင်းမီးတောက်?? "

မီးတောက်နာမည်ကို တိုးတိုးလေး ရေရွတ်လိုက်ရင်း ရှောင်ယွင် မျက်ဝန်းများ တောက်ပလာခဲ့တော့သည်။ 

...........

Chapter 67

67.  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
____________________________
Chapter 67.  ရွေးချယ်မှု

ကောင်းကင်မန္တရားနှင့် ပတ်သတ်ပြီး ရှောင်ယွင် ဒီကျင့်စဉ်အား တကယ်ကို မပယ်ချင်ပါဘူး။ တျန်းအဆင့်ချီကျင့်စဉ်အထိ အဆင့်တိုးမြှင့်ပြောင်းလဲနိုင်သော ချီကျင့်စဉ်တစ်ခုမို့ ၎င်း၏ ဂုဏ်သတ္တိက အရမ်းကို ဆွဲဆောင်လွန်းသည်။ ဤကျယ်ပြောလှသော ဒိုချီကုန်မြေဒေသမှာ တျန်းအဆင့်ချီကျင့်စဉ်ဆိုတာ အစွမ်းအားအကြီးဆုံးသူတစ်ယောက်ဖြစ်ဖို့အတွက် လက်မှတ်တစ်ခုလိုပါပဲ။

ချီကျင့်စဉ်က အင်မတန်ကို စွမ်းအားကြီးသည် မှန်သော်လည်း ယင်း၏ အောင်မြင်မှု ရာခိုင်နှုန်းမှာ ၂၀ ပင် မရှိချေ။ ဤအချက်ကြောင့် လူအများကို စိတ်ပျက်စေသည်။ ရှောင်ယွင်သည် လက်ဆယ်ချောင်းကို တင်းတင်းဆုပ်ထားရင်း သူ့မျက်နှာလည်း အမျိုးမျိုးပြောင်းလဲနေသည်။ တွေဝေခြင်းနှင့် သောက ကြားထဲမှာ စဉ်းစားရခက်နေသည်။

စိုးရိမ်သောကပွားနေသော ရှောင်ယွင် မျက်နှာကို ကြည့်ပြီး ရွဲ့လော်၏ အမူအရာကလည်း ရှုပ်ထွေးလာခဲ့သည်။ ခဏအကြာမှာ သူ တိုးညှင်းစွာ အသက်ပြင်းချလိုက်ပြီ

“ ဒီရွေးချယ်ခြင်းက မင်းတစ်ယောက်တည်းပဲ ဆုံးဖြတ်ရမှာ.. ငါ ကြားထဲကနေ ၀င် မစွက်ဖက်ချင်ပါဘူး.. ဒါပေမဲ့ တစ်ခုတော့ မေးကြည့်ချင်တယ်.. မင်း မိန်းကလေး ရှင်းအာကို ဘယ်လို ခံစားနေရလဲ.. ”

“ အာ?”
ရွဲ့လော်က သူ့ကို ငေးကြည့်ပြီ မေးမြန်းလိုက်သည့် ကိစ္စတွေကြောင့် ရှောင်ယွင်၏ မျက်နှာက တစ်မျိုးတစ်မည် ဖြစ်သွားလေသည်။ ပါးစပ်က ဟပြဲသွားပြီ အတင်းပြုံးလိုက်ကာ ပြန်မေးလိုက်သည်။ 

“ ဆရာ… ဘာဖြစ်လို့ ဒီကိစ္စကို မေးရတာလဲ.. ရှင်းအာက ကျွန်တော့်ရဲ့ ညီမလေးတစ်ယောက်ပါပဲ.. သူ့ဆီကို ကျွန်တော် ဘာခံစားချက်ရှိရမှာလဲ.. ”  
နောက်ဆုံးစကားလုံးကို ပြောသည့်အချိန်မှာ အနည်းငယ် တိုးဖျော့သွားသည်။

“ ဟီဟီ ညီမလေးလို… မင်းနဲ့သူနဲ့ သွေးမတော်သားမစပ်ဆိုတာ မင်းလည်းသိပါတယ်.. ဒီမိန်းမလှလေးက အသက် ၁၅ ၁၆ နှစ်ပဲ ရှိသေးတယ်... ပြီး ရှောင်မျိုးနွယ် လူငယ်ပိုင်းတွေကလည်း သူမကို အသေရရ အရှင်ရရ သဘောကျနေကြတာ.. ကဲ .. ကောင်းမလေးကသာ နောက်ထပ် အရွယ်ထပ်ကြီးလာခဲ့ရင် ဘယ်ပြောကောင်းမလဲ… ”

ရွဲ့လော်ပြောနေရင်း ရှောင်ယွင်ဆီကို တစ်ချက် မျက်စောင်းထိုးကြည့်ပြီး မထိတထိလေး ပြုံးလိုက်ကာ ဆက်ပြောသည်။ 

“ အင်း တကယ်လို့ တစ်နေ့နေ့မှာ တစ်ခြားလူတစ်ယောက်က သူ့ကို လက်ထပ်လိုက်မယ်ဆိုပါစို့.. မင်း ဘယ်လိုခံစားရမလဲ.. ”

အပြုံးခပ်ယဲ့ယဲ့လေး အတင်းပြုံးလိုက်ပြီ မျက်ခုံးကို ရှုံ့ကာ စဉ်းစားကြည့်လိုက်သည်။ ပြီးနောက် အသက်ပြင်းလေး ချလိုက်ပြီး 

“ အင်း ကြည့်ရတာ နည်းနည်းတော့ လက်ခံရ ခက်နေသလိုပဲ.. ”

“ ဟီဟီ.. မင်းရင်ထဲမှာ လက်ခံဖို့ ခက်တယ်လို့ ခံစားနေရတာဟာ အဲဒါ သူ့ကို မင်းညီမလေးလို့ မတွေးထားလို့ပဲ.. ”
ရွဲ့လော်သည် ပြုံးနေသလို မပြုံးသလို မျက်နှာပေးဖြင့် ပြောလိုက်သည်။

ရှောင်ယွင်၏ မျက်နှာသည် နောက်တစ်ကြိမ် နီရဲသွားပြန်သည်။ ရှောင်ယွင်ဆီက ဘာစကားမှမထွက်လာတော့။ ထို့နောက် သူလက်မောင်းကို အားမရှိစွာ ဖြန့်ကားလိုက်ရင်း အတင်းပြုံးလိုက်ကာ မေးလိုက်သည်။

“ ဆရာပြောချင်တဲ့စကားက.. ??  ”

“ ဒါတွေအားလုံးက သူ့အပေါ် မင်းရဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းသိအောင် လုပ်ချင်တဲ့သဘောပဲ.. မင်းနဲ့ ကောင်မလေးမှာ မရိုးသားတဲ့ အတွေးတွေ ရှိနေရင်တော့ မင်းရဲ့ ခွန်းအားနဲ့ တိုးတက်နိုင်ခြေကို ဆုံးဖြတ်ရတော့မယ်.. ”

ရွဲ့လော်၏ မျက်နှာသည် ခပ်တည်တည်ဖြစ်သွားပြီး တံတွေးကို မျိုချလိုက်ပြီးနောက် သံသယလေသံဖြင့် ပြောလိုက်သည်။ 

“ ဒီကောင်မလေးရဲ့ နောက်ခံက နည်းနည်းကြောက်ဖို့ ကောင်းတယ်ကွ.. သူ့ရဲ့ နောက်ခံအကြောင်းကိုတော့ ငါလည်း သေသေချာချာမသိဘူး.. အင်း ရှောင်ကလန်လို ကလန်သေးသေးလေးတစ်ခုက သူတို့နဲ့ တစ်ခုခုတော့ ပတ်သတ်နေရမယ်.. ထားလိုက်ပါ.. ဒါပေမဲ့ မင်းနဲ့ သူနဲ့ ကြားမှာ ကွာဟချက်က အရမ်းကြီးလွန်းတယ်.. ဖြည့်လို့တောင်မလွယ်ဘူး.. အရမ်းကို ကွာဟလွန်းပါတယ်လေ.. အဲ့ဒီကောင်မလေးက မင်းကို သဘောကျနေရင်တောင် ကောင်မလေးအနောက်က လူတွေက ဘယ်လိုနဲ့မှ သဘောတူမှာ မဟုတ်ဘူး.. ”

ရှောင်ယွင် မျက်လုံးမှိတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။ 

“ ဒီလောကကြီးဟာ အင်အားရှိတဲ့သူတွေကို အလေးထားကြတယ်.. အင်အားရှိတယ်ဆိုတာ ဂုဏ်သိက္ခာ ရှိတာနဲ့ အတူတူပဲ.. အရင်တုန်းက မင်း နာလန်ရိရွမ်ကို တွေ့ခဲ့တယ်မလား.. အဲဒီကောင်မလေးက မာနလည်း ကြီးနိုင်တယ် မင်းကိုလည်း အထက်စီးက ကြည့်နိုင်တယ်.. ဘာလို့လဲ အဲဒါ သူ့ရဲ့ နောက်ခံအင်အားကြောင့်ပဲ.. ကောင်မလေးရဲ့အင်အားက မင်းထက် သာတယ်လေ.. ” 

ရှောင်ယွင်၏ ပုံသဏ္ဍာန်ကို ကြည့်ပြီး ရွဲ့လော် တည်ငြိမ်ပြီး လေးနက်သော စကားတွေကို ပင့်သက်ရှုသံဖြင့် ပြောလိုက်သည်။

“ ရှင်းအာရဲ့ နောက်ကွယ်က အင်အားကတော့ တိမ်မြူဂိုဏ်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်ကွ.. အဲဒါကြောင့် သူတို့မျက်လုံးထဲမှာ မင်းက ပိုးမွှားတစ်ကောင်သာသာပဲ.. မင်းရဲ့ ထူးချွန်တဲ့ အရည်အချင်းကြောင့်လည်း သူတို့က မင်းကို အရေးကြိးတယ်လို့ မြင်မှာ မဟုတ်ဘူး.. ဟုတ်တယ်.. သူတို့ဟာ နှစ်ပေါင်းများစွာ အရည်အချင်းအရမ်းရှိတဲ့သူတွေကို မြင်ဖုးခဲ့ကြတယ်လေ.. ဒီတော့ မင်းရဲ့ စွမ်းအားနဲ့သာ သူတို့ကို ခန့်ညားအောင် လုပ်နိုင်ခဲ့ရင်တော့ မင်းဖြစ်ချင်တဲ့ ဆန္ဒက ဖြစ်လာရမှာပေါ့ကွာ.. ”

ရှောင်ယွင် နှာခေါင်းကို ပွတ်လိုက်ပြီး ပခုံးတစ်ချက်တွန့်လိုက်ကာ မယုံကြည်ဟန်ဖြင့် တိုးတိုးလေး မေးလိုက်သည်။ 

“ ဒါဆို မီးတောက်မန္တရားကို လေ့ကျင့်မယ်ဆိုရင်ရော အဲလိုစွမ်းအားမျိုး ရလာမှာလား.. ?” 

“ ဒါပေါ့..မီးတောက်မန္တရားကိုသာ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ရင်ပေါ့. ဒီစွမ်းအားတွေက ရလာရမှာပေါ့.. ”
ရွဲ့လော်က ခေါင်းခါလိုက်ပြီး ရှောင်ယွင်ကို ငေးကြည့်လိုက်ပြန်သည်။

ရှောင်ယွင်သည် အသက်ပြင်းကို ချလိုက်ပြီး သူ့မေးစေ့ကို ပွတ်သတ်ကာ စဉ်းစားနေလိုက်သည်။ အရင်နေ့တုန်းက သူ့ကို ပြုံးပြနေခဲ့သော မိန်းကလေး၏ အပြုံးလေးများကို သူ့မျက်လုံးများတွင် ပြန်မြင်ယောင်လာခဲ့သည်။ ငွေဆည်းလည်းသံကဲ့သို့ သာယာချိုလွင်သော အသံများက သူ့နားထဲတွင် ပြန်ကြားယောင်လာသည်။ 

အသက်ပြင်းကို အရှည်ကြီးချလိုက်ပြီးနောက် ရှောင်ယွင် ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ 

“ ဆရာက  ဒီလောက်အများကြီး ပြောနေပြီးတော့ အဲဒါကိုတောင် အခုအထိ ကျွန်တော့်ဆုံးဖြတ်ချက်ကို ၀င်မစွက်ချင်ဘူးလို့ ပြောချင်နေတုန်းပဲလား.. ”

“ ဟားဟား ”
ရွဲ့လော်သည်း ကိုးရိုးကားရားဖြင့် ရယ်မောလိုက်ချေသည်။ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီးနောက် 

“ ဟုတ်ပါပြီး ငါ ၀န်ခံပါတယ်.. မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တွန်းအားပေးချင်ခဲ့တယ်ဆိုတာ.. ဒါပေမဲ့ ငါ့အမြင်မှာတော့  ငါ မင်းကို မီးတောက်မန္တရား ကျင့်စဉ်ကို တကယ်ကျင့်စေချင်တာပါပဲ.. ”

“ ငါက အခုဆိုရင် ၀ိညာဉ်တစ်ကောင်သာသာ လောက်ပဲ ရှိတယ်ဆိုတာ မင်းသိတယ်မလား.. ” 
ရွဲ့လော်က လက်နှစ်ဖက်ကို ဖြန့်ကားပြီးတော့ မေးလိုက်သည်။

ရှောင်ယွင် ခေါင်းညိတ်လိုက်ပါသည်။

“ တခြားသူတွေဆိုရင် သေရင် သေသွားနိုင်တယ်.. ဒါပေမဲ့ ငါရဲ့ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက သူများတွေထက် ပိုပြီး ထက်မြက်တယ်လေ.. အဲဒါကြောင့် အခုလိုပုံစံနဲ့ ငါကိုယ့်ငါ ထူးဆန်းစွာနဲပဲ အသက်ဆက်ခဲ့ရတာပေါ့ကွာ.. ”

ရွဲ့လော် ခါးသီးစွာ ပြုံးလိုက်ရင်း သူကိုယ်သူ လှောင်ပြီး သရော်လိုက်သည်။ 

“ ငါ ဒီလိုနေရတာ မကြိုက်ပါဘူး.. နေ့ရက်တိုင်းက ငါ့အတုအယောင်တွေလိုပဲ ခံစားနေရတယ်.. ငါ ကိုယ်တိုင်ကိုယ်ကျ ပြီးမြောက်အောင် လုပ်ရမဲ့ အရာကိစ္စတွေ ရှိနေတုန်းပဲ.. အဲဒါကြောင့် ငါ ဒီ ၀ိညာဉ်ပုံစံကနေ လွတ်မြောက်အောင် လုပ်ဖို့ လိုနေတယ်. ”

“  ဆရာက ပြန်ရှင်သန်ချင်တာလာ.. ? ”

ရှောင်ယွင် မယုံနိုင်စွာ အထိတ်တလန့် ဖြစ်သွားပြီး 
“ ဒီကမ္ဘာမှာ သေပြီးလို့ ရှိရင် ပြန်ရှင်သန်အောင် လုပ်လို့ မရတော့ဘူးမလား.. ? ”

“ ပုံမှန်အခြေအနေမှာဆိုရင် အဲ့လိုပဲပေါ့.. ” 

ရွဲ့လော် ခေါင်းညိတ်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားသည့် အမူအယာများ ဖြစ်ပေါ်လာပြီး ဆက်ပြောလိုက်ပြန်သည်။ 

“ အင်း.. မီတောက်မန္တရားကျင့်စဉ်ရဲ့ သိပ်မထင်ရှားတဲ့ အညွန်းတစ်ခုအရ ဆိုရင် တကယ်၍ ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့ရင် ကောင်းကင်မီးတောက် သုံးလေးမျိုးကို လိုသလိုရောစပ်ပြီး ၀ိညာဉ်တစ်ကောင်အတွက် နေအိမ် ပြောရရင် ခန္ဓာကိုယ်တစ်ခုကိုပေါ့.  ပြုလုပ်ဖန်တီးလို့ရတယ်တဲ့.. ပြောရရင် ခန္ဓာကိုယ်တစ်ခုကို ရယူဖို့ဆိုတာ ငါ့အတွက် ပြန်လည်မွေးဖွားခြင်းလို့တောင် ပြောလို့်ရတယ်.. ”

“ ဒီလက်စွပ်ထဲမှာ ငါဟာ အလင်းရောင်မရှိတဲ့ လောကတစ်ခုမှာ နှစ်ပေါင်းများစွာ တောင့်ခံပြီး နေထိုင်ခဲ့တယ်.. တစ်နေ့ကျရင် ငါဟာ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းမြင့်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ချက်နဲ့ပေါ့.. နောက်ဆုံးတော့ ငါ ကံကောင်းစွာနဲ့ မင်းနဲ့ ဆုံတွေ့ခဲ့တယ်.. ” 
 
နက်ရှိုင်းစွာ ၀မ်းနည်းနေသောအရိပ်အရာသည် ရွဲ့လော်၏ အသက်ကြီးပြီး အရေးအကြောင်းထင်နေသော မျက်နှာမှာ ဖြစ်ပေါ်နေသည်ကို မျက်စိရှင်သော လူမျာသာ သတိပြုမိမှာ ဖြစ်သည်။ 

ရှောင်ယွင်၏ နက်မှောင်သော မျက်ဝန်းထဲကို စူးစိုက်စွာ ကြည့်လိုက်ပြီး မချိပြုံးလိုက်ကာ ရွဲ့လော်ကို ဆက်ပြောလိုက်သည်။ 
“ အဟမ်း.. ဒီစကားတွေက အဘိုးကြီးတစ်ယောက်ရဲ့ ပေါက်တရ မြည်တမ်းတဲ့ စကားတွေပါကွာ.. အာရား ၀င်မစွက်တော့ဘူးလို့ ပြောပြီးမှ နောက်ဆုံးတော့လည်း ငါပြောမိတာပါပဲ.. ငါ တကယ်ကိုပဲ.. ”

ရွဲ့လော် ၀မ်းနည်းစွာ ခေါင်းကို ခါယမ်းလိုက်ပြီး သူ့၏ အရေတွန့်ကြမ်းတမ်းနေသော လက်ကို အရှေ့ထုတ်လိုက်သည်။ လှိှု်င်းငယ်လေးနှင့်အတူ အနက်ရောင်နှင့် အနီရောင် စာလိပ်နှစ်ခုက သူ့လက်ပေါ်မှာ ရောက်ရှိလာခဲ့သည်။ 

“ အနီရောင်စာလိပ်က မီးဓာတ်အထူးပြု အဆင့်နိမ့် ဒီအဆင့် ဒိုချီကျင့်စဉ်ပဲ .. အနက်ရောင်ကတော့ မီးတောက်မန္တရားပဲ.. ”
ရွဲ့လော် ပြုံးလိုက်ရင်း သူ့လက်နှစ်ဖက်ကို မြှောက်ပင့်ပြလိုက်သည်။ သူ၏ မျက်နှာသည် အနည်းငယ် ပြေလျော့သွားသွား ညင်သာစွာ ပြောသည်။
“ ကိုယ်ပိုင်ရွေးချယ်မှုကို လုပ်ရတော့မယ်.. မင်း အဓိကဖြစ်ချင်တဲ့ အချက်ကို စဉ်းစားရမယ်.. မှတ်ထားရမှာက မင်း ဘာကိုပဲ ရွေးချယ်ရွေးချယ် မင်းက ငါ့ရဲ့ တပည့်ပါပဲ.. အနီရောင်ကို ရွေးလိုက်လို့ ငါ မင်းကို ဘယ်တော့မှ အပြစ်တင်မှာမဟုတ်ဘူး… ”

ရှောင်ယွင် မေးကို လက်ထောက်လိုက်ပြီး သူအရှေ့က ခမ်းနားထည်ဝါသော စာလိပ်နှစ်ခုကို ငေးကြည့်နေလိုက်သည်။ အချိန်အတော်ကြာမှ နှုတ်ခမ်းကို လျှာသပ်လိုက်ပြီး ခါးကို မတ်မတ်ဆန့်လိုက်ကာ ပြုံးလိုက်ပြီးနောက်

“ သေမှာကို ကြောက်ပေမဲ့လည်း စွမ်းအားမရှိရင် လေးစားခြင်းမရှိဘူး.. နာလန်ရိရွမ်က နောက်တစ်ကြိမ် အထင်သေးစော်ကားမှာကို လက်မခံနိုင်ဘူး.. ပြီးတော့ ဒါက မအောင်မြင်ခဲ့ရင်လည်း ငါနောက်ထပ် ဒိုချီကျင့်စဉ်တစ်ခုကို ပြောင်းလိုက်လို့ ရတာပဲလေ.. ”

ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရှောင်ယွင်၏ နုနယ်သော မျက်နှာမှာ တောက်ပသော အပြုံးတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ ရွဲ့လော်၏ အနည်းငယ် နီရဲ ပြီး စိုစွတ်နေသာ မျက်လုံးအောက်မှာပဲ ရှောင်ယွင်ဟာ အနက်ရောင် စာလိပ်ကို လှမ်းယူလိုက်လေသည်။ 

ရှောင်ယွင်ဟာ စာလိပ်ကို ထိလိုက်ချင်းမှပဲ .. ၎င်းစာလိပ်ဟာ အချက်အလက်စီးကြောင်းတစ်ခုသို့ ပြောင်းလဲသွားပြီး သူ့ခေါင်းထဲကို တိုက်ရိုက် စီးဆင်းသွားခဲ့လေသည်။ 

…………..

Chapter 66

66. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potato
_______________________________

Chapter 66.  မီးတောက်မန္တရား

ရေခဲတမျှ အေးစက်နေသော ကျောက်သားမြေပြင်ပေါ်တွင် အချိန်အတော်ကြာအထိ လဲလျောင်းနေလိုက်ရင်း ရှောင်ယွင်၏ အသက်ရှုပုံမှာ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော အပျော်ရိပ်များမှာလည်း ဖုံးကွယ်ထားလို့မရလောက်အောင် ပေါ်လွင်နေသည်။ ထုံကျင်အေးစက်နေသော ခြေထောက်အောက်ပိုင်းကို စမ်းသပ်လှုပ်ရှားလိုက်ပြီးနောက် နောက်တစ်ကြိမ် တရားထိုင်ဖို့အတွက် ပြင်ထိုင်လိုက်ပြန်သည်။ 

ရှောင်ယွင်သည် အသက်ကို ညင်သာစွာ ရှုသွင်းလိုက်ပြီးနောက် မျက်လုံးနှစ်ဖက်ကိုလည်း မှိတ်လိုက်သည်။ ထို့နောက် သူ၏ အတွေးကို ခန္ဓာကိုယ်အတွင်းကို ပို့ထားလိုက်သည်။ ကိုယ်အတွင်းသို့ မြင်နိုင်ခြင်းသည် ဒိုကျဲအဆင့်နှင့် သူ့အထက်အဆင့်တွေကို ရောက်ရှိမှသာ အသုံးပြုနိုင်သည့် ပညာရပ်အရာတစ်ခု ဖြစ်ပေသည်။ စွမ်းအား ပိုကြီးမားလာလေ.. အတွင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း မြင်ရလေ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းကျဆုံးနေရာအထိသို့ပင် ထိုးထွင်းသိမြင်နိုင်သည်။

သူ့၏အတွေးအာရုံဟာ ၀မ်းဗိုက်အပိုင်းနေရာဆီကို ထိုးထွင်းဝင်ရောက်သွားခဲ့ပြီး ထိုနေရာတွင် နို့နှစ်ရောင်ရှိသော လက်တစ်ဝါးစာ အရွယ်ရှိသည့် ၀ဲကတော့တစ်ခုဟာ ဖြည်းညှင်းစွာ လည်နေလျက် တည်ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ ညဉ့်နက်ကောင်းကင်ယံထက်တွင် တည်ရှိနေသော ကြယ်တာရာအစုအဝေးကဲ့သို့ ဖြစ်နေသော နို့နှစ်ရောင် ဒိုချီစွမ်းအင်တွေသည် ၀ဲကတော့ပတ်လည်တွင် ရစ်ပတ်၍ နေသည်။

အတွေးအာရုံဖြင့် ၀ဲကတော့ကို လေ့လာကြည့်ပြီးနောက် ရှောင်ယွင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ၀ဲကတော့မှာ သေးငယ်နေပေမဲ့လည်း ၎င်းတွင်ပါဝင်နေသော စွမ်းအင်မှာ သူ အဆင့်၉ တွင် ရှိနေသည့်စွမ်းအင်ထက် ဆယ်ဆ ပိုများပြားသလို ပိုအစွမ်းထက်လေသည်။ 

ဒိုကျဲအဆင့်နှင့် အဆင့်၉ ဆိုသည့် အဆင့်၂ မျိုးမှာ ပင်ကိုအားဖြင့် ကွဲပြားနေသည်။ ဒိုကျဲအဆင့်ကို ဒိုစီချီဟုလည်း ခေါ်ကြသည်။ ဒိုကျဲအဆင့်ကို ရောက်ရှိနေသော ထိုသူ၏ စွမ်းအင်ကို တကယ့်အစစ်အမှန် ဒိုချီစွမ်းအင်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဤအဆင့်၂ ခုမှာ နာမည်သာ မတူညီရုံလေးဆိုပေမဲ့ တကယ့်ကွဲပြားခြားနားမှုကတော့ မိုးကောင်းကင်နှင့် မြေကြီးအလား လုံးဝကို ကွဲပြားခြားနား၍ နေသည်။

ရှောင်ယွင်မှာ ၀ဲကတော့ကို သူ့အတွေးအာရုံဖြင့် အဆက်မပြတ်ထိန်းချုပ်နေသည်။ သူ့၏ ထိန်းချုပ်မှုအောက်တွင် နို့နှစ်ရောင် ဒိုချီစွမ်းအင်အမျှင်တန်းကို ၀ဲကတော့အတွင်းမှာ ဆွဲနှုတ်ပြီ ဘေးပတ်လည်တွင် လည့်လည်ခိုင်းလိုက်သည်။

ဒိုချီစွမ်းအင်ကို ၀ဲကတော့အတွင်းမှ ဆွဲထုတ်လိုက် ပြန်စုပ်ယူခိုင်းလိုက်နှင့် ရှောင်ယွင် ၀ဲကတော့ကို ဆက်တိုက် ထိန်းချုပ်နေရင်း သူ့၏ ကျွမ်းကျင်မှုကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ စိတ်ကျေနပ်သွားမှသာ ရှောင်ယွင် လေ့ကျင့်နေတာကို ရပ်လိုက်ပြီး အတွေးတွေကို ခန္ဓာကိုယ်အတွင်းမှ ဆုတ်ထွက်လိုက်သည်။ တင်းကြပ်စွာ မှိတ်ထားသော မျက်လုံးကို ချက်ချင်းပဲ ဖွင့်လိုက်သည်။ ရှောင်ယွင်၏ မျက်ဆံငယ်ထဲတွင် နို့နှစ်ရောင်အလင်းရောင်သည် ဆယ်စက္ကန့်မျှ ရှိနေပြီးမှ ပျောက်ကွယ်သွားသည်။ 

ရှောင်ယွင် ပါးစပ်ဟလိုက်ပြီး  နံဟောင်နေသော လေဆိုးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ သူ့၏ အသားအရေမှာလည်း သိသာထင်ရှားစွာ ပို၍ တောက်ပလာခဲ့သည်။ ခေါင်းကို ဘယ်ညာစောင်းပြီး အရိုးအဆစ်များကို ဆန့်ထုတ်ပစ်လိုက်ရာ အရိုးအက်ကွဲသံကဲ့သို့ တဂျွတ်ဂျွတ်နှင့် မြည်ထွက်လာသည်။ 

ထို့နောက် ဂူအပြင်ဘက်တွင် လေပေါ် ပေါလောပေါ်နေသော ၀ိညာဉ်လိုလို ခန္ဓာကိုယ်နှင့် ရွဲ့လော်ကို မော့ကြည့်လိုက်ပြီး  ရှောင်ယွင် တောက်ပစွာ ပြုံးလိုက်ကာ ပြောလိုက်သည်။ 

“ အောင်မြင်သွားပြီ ”

“ အင်း.. ပထမအကြိမ် ကြိုးစားကြည့်တာနဲ့ ချီဝဲကတော့ကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့တယ်ဆိုတော့ ဒါဟာ မင်းရဲ့ ကောင်းတဲ့ ကံကြမ္မာပဲ.. ”

ရွဲ့လော် ခေါင်းညိတ်လိုက်ပြီ အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။

“ ဟမ်.. ဒါ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်လေ.. ”
ရှောင်ယွင် မျက်နှာ ရှုံ့မဲ့ပစ်လိုက်သလို ပခုံးလည်း လျော့ရဲကျသွားသည်။ 

ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်၍ သူ့မျက်နှာက မျက်နှာလိုမျက်နှာရ အမူအယာက ဖြစ်ပေါ်လာသည်။ လက်ဝါးကို ဖြန့်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။

“ ဆရာ… အခုဆိုရင် ကျွန်တော် ဒိုကျဲအဆင့်ကို ရောက်နေပါပြီး.. ဟဲဟဲ ကျွန်တော်ကို ဒိုသိုင်းပေးဖို့ အချိန်ရောက်ပါပြီး ”

ဒီစကားကို ကြားလိုက်ရတော့ ရွဲ့လော် မျက်ဖြူလန်ပြလိုက်ပြီး သူ့ခန္ဓာကိုယ်ဟာ ဂူအတွင်းကို မျောလွင့်ဝင်လာခဲ့သည်။  ရှောင်ယွင် အရှေ့မှာ ထိုင်ချလိုက်ကာ ခနတာမျှ စဉ်းစားနေပြီးနောက် တည်ငြိမ်သော အမူအရာဖြင့်
“ဘယ်လို ဒိုသိုင်းကို လိုချင်လဲ..??”

“ အဟမ်း.. အဲဒါက ကောင်းကင်အဆင့် သိုင်းပညာတွေနဲ့လည်း ကွဲပြားရမယ်.. အဆင့်တိုးပြောင်းလဲနိုင်တဲ့ဟာလေး.. ”
ရှောင်ယွင် ခေါင်းကုတ်ပြီ ရှက်နေသော လေသံဖြင့် တောင်းဆိုလိုက်သည်။

ရှောင်ယွင်တောင်းဆိုသည့်အရာကို ကြားလိုက်သည်အခါမှာတော့ ရွဲလော်မျက်နှာမှာ စိတ်ရှုပ်ထွေးသည့်ဟန် တချက်ဖြစ်ပေါ်လာပြီး ထူးဆန်းစွာဖြင့် ရွဲ့လော်သည်စကားမပြောသေးဘဲနေနေသည်။

“ ဆရာ.. ဘာဖြစ်လို့လဲ.. အဲ့ဒီဒိုသိုင်းနဲ့ပတ်သတ်ပြီး ဆရာလိမ်နေတာမလား.. ” 

ရွဲ့လော်၏ အမူအရာကို မြင်လိုက်သည့်အခါ ရှောင်ယွင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ မင်းကို ပြောပြခဲ့ဖူးတဲ့ ဒိုသိုင်းက တကယ်ကို အဆင့်မြှင့်ပြောင်းလဲနိုင်ပါတယ်.. ငါ မင်းကို မလိမ်ပါဘူးကွာ. ”

ရွဲ့လော်က သူ၏ မေးခွန်းကို အတည်ပြုပေးလိုက်၍ ရှောင်ယွင် ပျော်သွားသည်။ လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ဂရုတစိုက်ဖြင့် မေးလိုက်သည်။ 
“ အဲ့ဒီသိုင်းကို လေ့ကျင့်လို့ရမလား.. ”

“ အင်း အဲ့ဒီသိုင်းက အရမ်းထူးဆန်းတယ်.. အဆင့်တိုးမြှင့်ပြောင်းလဲနိုင်ပေမဲ့လည်း အရမ်းစွန့်စားရတယ်.. ”

ရွဲ့လော် အချိန်အတော်ကြာအထိ ငြိမ်သက်နေပြီးမှ ရှင်းပြလိုက်သည်။

ဆရာဖြစ်သူ၏ အမူအရာကို မြင်၍ ရှောင်ယွင် လက်နှစ်ဖက်ကို အောက်ပြန်ချလိုက်ပြီး မေးလိုက်ပြန်သည်။

“ ဘယ်လိုစွန့်စားရတာလဲ.. ”

ရွဲ့လော် ခါးသီးစွာ ပြုံးလိုက်ပြီ 
“ ငါ့ဘ၀မှာ ဒီဒိုင်သိုင်းကို တစ်ယောက်ယောက်က လေ့ကျင့်နေတာမျိုး.. ဒီသိုင်းကို တစ်ယောက်ယောက်က ထုတ်သုံးလိုက်တာမျိုး တစ်ခါမှ မကြားဖူးခဲ့ဘူး.. အဲဒါကြောင့် ဘယ်လောက်စွန့်စားရသလဲဆိုတာ ငါလည်း မသိခဲ့ဘူး.. ဒါပေမဲ့ ငါရဲ့ အတွေ့အကြုံနဲ့ အခုဒိုသိုင်းရဲ့ ခက်ခဲပုံအရ အောင်မြင်မှုရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်ဆိုတာလောက်ပဲ ငါပြောနိုင်တယ်. ” 

“ ၂၀ ရာခိုင်နှုန်း? ” 
ရှောင်ယွင် မျက်နှာ ပျက်သွားသည်။
“ အဲ့လောက်ပဲ နည်းရလား.. ”

ရွဲ့လော် အသက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်။ 
“ အဲ့လောက်နည်းတာကို ငါလည်း စိုးရိမ်မိပါတယ်.. ”

ရှောင်ယွင် ခါးသီးစွာ ပြုံးလိုက်ပြီး သူ့နဖူးကို နှိပ်နယ်လိုက်ရသည်။ အဆင့်တိုးမြှင့်ပြောင်းလဲနိုင်သော ဒိုသိုင်းကို လေ့ကျင့်ဖို့ အခွင့်အရေးကို သူ အရှုံးမပေးလိုပါဘူး။ ကောင်းကင်အဆင့်ထိ တိုးမြင့်နိုင်သည့် ဒိုသိုင်းက အရမ်းကို ဆွဲဆောင်နေသည်။

“ ဆရာ အဲဒီ ဒိုသိုင်းအကြောင်းကို နည်းနည်းပြောပြပါလား.. ”

ရွဲ့လော်သည် သူ့လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး 
“  ဒီဒိုသိုင်းရဲ့ အဆင့်တိုးမြှင့်ပြောင်းလဲခြင်းက အရင်က ပြောပြခဲ့ဖူးတဲ့ ကောင်းကင်ဘုံမီးတောက်နဲ့ ဆက်စပ်နေတယ်.. ”

ရွဲ့လော် မျက်လုံးကို မှေးလိုက်ပြီး ငြိမ်သက်သွားပြန်သည်။ 
“ အင်း.. ငါ ဒီသိုင်းကို မတော်တဆ ရလာခဲ့တယ်ကွ.. ဒီသိုင်းမှာ နာမည်တော့ မရှိခဲ့ဘူး.. အဲဒါကြောင့် ငါ နာမည်တစ်ခုပေးခဲ့တယ်.. မီးတောက်မန္တရား တဲ့.. " 

ဒါကို ပြောနေတဲ့အချိန်မှာ ရွဲ့လော်၏ အမူအရာက လျှို့ဝှက်ထားပုံရသည်။ ဒိုသိုင်းတစ်ခုခုကို ရဖို့ဆိုတာ ရွဲ့လော် ပြောသလောက် လွယ်ကူမည်မှာ မဟုတ်ချေ။ 

“ မီးတောက်မန္တရားက တကယ်ပဲ အဆင့်တိုးမြှင့်ပြောင်းလဲနိုင်တယ်. ဒါပေမဲ့ သူ့ရဲ့ မရှိမဖြစ် လိုအပ်ချက်က ကောင်းကင်မီးတောက်ပဲ.. သူရဲ့ အဆင့်တိုးမြှင့်ခြင်းမှာ လိုအပ်တာက ကောင်းကင်မီးတောက်ကို မြိုချခြင်းပဲ.. ”
ရွဲ့လော်၏အသံက ပိုပြီး မသာမယာ ဖြစ်လာခဲ့သည်။ 

“ မင်းသိတဲ့အတိုင်းပဲ ကောင်းကင်မီးတောက်ဆိုတာ ဒီကမ္ဘာပေါ်မှာ အရိုင်းဆန်တဲ့ စွမ်းအင်တစ်ခုပဲ.. တကယ်လို့ ကောင်းကင်မီးတောက်ကို ရှာတွေ့ခဲ့ရင်တောင် အဲ့ဒီမီးတောက်ကို မြိုချနိုင်မယ်လို့ ပြောလို့မရဘူး.. အတိတ်တုန်းက ငါ အရိုးအေးစိမ့်မီးတောက်ကို ရှာတွေ့တုန်းက ငါဟာ မီးတောက်ကြောင့် ဘာမှမကျန်တော့သလောကို လောင်ကျွမ်းခံခဲ့ရတယ်.. ”

“ ဒီသိုင်းရဲ့ အဆိုးဆုံးက ကောင်းကင်မီးတောက်အမျိုးမျိုးကို မြိုရတာပဲ.. ကောင်းကင်မီးတောက်ဆိုတာကလည်း ဒိုဟောင်အဆင့်လောက်ရှိတဲ့သူကိုတောင် သေစေနိုင်တယ်.. တကယ်လို့ ကောင်းကင်မီးတောက်နှစ်မျိုးလောက်ကို မြိုချလိုက်မယ်ဆို သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ဘယ်လိုဖြစ်နေမလဲဆိုတာ ငါ မတွေးရဲဘူး.. ”

ရွဲ့လော်၏ ခက်ခဲနက်နဲသော ပုံစံကို ကြည့်ပြီး ရှောင်ယွင်လည်း အရမ်းကို အထိတ်တလန့် ဖြစ်သွားရသည်။ 

“ အဆင့်တိုးမြှင့်ဖို့အတွက် ကောင်းကင်မီးတောက်ကို မြိုချရတာလား.. ဘုရားရေ.. မီးတောက်ကိုပဲ မြိုချနိုင်မှာလား ဒါမှမဟုတ် မီးတောက်ကပဲ ကိုယ့်ကို ပြန်မြိုချသွားမှာလား.. ဒီသိုင်းကို ထွင်တဲ့ ပုဂ္ဂိုလ်ကတော့ ရူးနေတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်.. ”

“ ဒီသိုင်းက မင်းတွေးတာထက် ပိုပြီး အန္တရာယ်ကြီးမားတယ်ဆိုပေမဲ့ သူ့ရဲ့ အစွမ်းပကားကိုတော့ ငါ သံသယမရှိဘူး.. ဒီသိုင်းကိုသာ ပိုင်ဆိုင်တတ်မြောက်သွားခဲ့ရင်.. ဒီကုန်းမြေဒေသမှာ တချို့ချို့သော သူတွေကလွဲပြီး မင်းကို ဘယ်သူမှ မယှဉ်တော့မှာ သေချာတယ်.. ”

ရွဲ့လော် အသက်ပြင်းချပြီး ပြောလိုက်သည်။ 

ရှောင်ယွင် ခေါင်းညိတ်လိုက်ပါသည်။ မီးတောက်မန္တရားသိုင်း၏ အစွမ်းပကားကိုလည်း လေးစားသွားသည်။ လူတစ်ယောက်ယောက်က ကောင်းကင်မီးတောက် သုံးလေးမျိုးကို ထိန်းချုပ်ထားနိုင်ခဲ့ရင် ဒိုဟောင်(ဒိုဧကရာဇ်အဆင့် ) တောင် လွယ်လွယ်ကူကူနှင့် ရန်စရဲတော့မှာ မဟုတ်ချေ။ ဒါပေမဲ့လည်း ဒါက ကောင်းကင်မီးတောက်ကို အရင် မြိုချထားမှ… 

ရှောင်ယွင်တစ်ယောက် မျက်လုံးကလယ်ကလယ် ဖြစ်နေသည်။ ရွဲ့လော်သည် အချိန်အတော်ကြာအထိ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။

“ ဘယ်လိုလဲ.. မင်း သင်ချင်သေးလာ.. ? ”

ရှောင်ယွင် အနည်းငယ် တုန်ယင်သွားပြီး ငြိမ်သက်သွားသည်။ 

……………

Chapter 65

65. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battel Through the Heavens
By Heavenly Silkworm Potao
_______________________
Chapter 65.  ဒိုကျဲအောင်မြင်မှု

ဒိုချီဆေးလုံးကို လက်ဝယ် ရရှိပြီးဖြစ်သော်လည်း ရှောင်ယွင် ဆေးလုံးကို ချက်ချင်း မသောက်သေးပါဘူး။ သူဟာ အသက်ပြင်းကိုသာ ချလိုက်ပြီး စိတ်မရှည်ဖြစ်နေတာကို အတင်းချိုးနှိမ်ထားလိုက်သည်။ ထို့နောက် အိပ်ရာပေါ်တက်ပြီး အနားယူအိပ်စက်လိုက်ပါသည်။

ဒီအချိန်မှာ ဒိုကျဲအဆင့်ကို တက်ရောက်ဖို့ သူ စတင်လုပ်ဆောင်ခဲ့ရင် မအောင်မြင်ဖို့ အခွင့်အလမ်းက ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ကို ရှောင်ယွင် ကောင်းကောင်း သဘောပေါက်ထားသည်။ ဒိုချီစုစည်းဆေးလုံးကို ရွဲ့လော်က အလွယ်တကူ ပြန်ဖော်စပ်ပေးနိုင်ပေမဲ့လည်း ရှောင်ယွင် မလိုအပ်ဘဲနဲ့ မစွန့်စားချင်ပါဘူး

ဒိုကျဲအဆင့်ကို သွားချင်နေသည့်စိတ်အား ထိန်းချုပ်နိုင်ခဲ့သည့် ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် စိတ်ကျေနပ်စွာဖြင့် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်လေသည်။ မျက်နှာပေါ်တွင်လည်း ကျေနပ်အားရသည့်အမူအရာနှင့် သူ့၏ ခန္ဓာကိုယ်ဟာ တချက် လှုပ်ခါသွားပြီးနောက် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ရှောင်ယွင်လက်ချောင်းပေါ်က လက်စွပ်ဆီကို ပြေးဝင်ပျောက်ကွယ်သွားလေသည်။

…………….

ဒိုချီစုစည်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီး နောက်နေ့ရက်တွေများမှာ ရှောင်ယွင်၏ လေ့ကျင်းခြင်းတွေမှာ တဖြည်းဖြည်း ပုံမှန် ဖြစ်လာခဲ့သည်။ နေ့တိုင်း ဒိုချီစွမ်းအင်ကို တစ်နာရီလောက် လေ့ကျင့်ပြီး မျိုးနွယ်အနောက်ပိုင်းတွင် ရှိသော တောင်အနောက်ဘက်ကို သွားကာ ဒိုသိုင်းကို လေ့ကျင့်ပြန်သည်။ အားလပ်ခဲ့ရင်လည်း ရှင်းအာနှင့်အတူ ၀ူတန်မြို့ထဲကို လည်ပတ်သွားလာလိုက်သည်။ ပြောရရင် အရမ်းကို သာယာသည့် ဘ၀တစ်ခုလို ဖြစ်နေသည်။
နေ့ရက် ၅ ရက်လောက်ကို အေးဆေးသာယာစွာ ဖြတ်သန်းကုန်လွန်ပြီးနောက် ရှောင်ယွင်သည် သူဟာ အကောင်းဆုံးအခြေအနေကို ရောက်နေပြီးဖြစ်ကြောင်းကို ခံစားလိုက်ရသည်။ ယခုလို ခံစားလိုက်ရသည့် အချိန်သည် ဒိုကျဲအဆင့်ကို သွားဖို့ အကောင်းဆုံးအချိန် ဖြစ်ပေသည်။

…………

ရှောင်မျိုးနွယ်၏  အနောက်ဘက်နယ်မြေတွင်ရှိ တောင်တန်းတစ်ခုတွင်ဖြစ်သည်။ ထိုတောင်တန်းဘက်တွင် ကျောက်ထရံတစ်ခု၏ အောက်နေရာ၌ လျှို့ဝှက်ဂူတစ်ခုရှိနေသည်။ ယင်းဂူသည် အကျယ် ၁ မီတာလောက်ကျယ်ဝန်းပြီး ဤနေရာကို သူ၏ ကိုယ်ပိုင်လေ့ကျင့်သည့်နေရာအဖြစ် ရှောင်ယွင် ရွေးချယ်ထားခြင်းဖြစ်သည်။ ကျောက်ထရံ၏ အရှေ့တွင် တိမ်မြူတိမ်ဆိုင်များ ဖုံးလွှမ်းနေကာ ယင်းတိမ်မြူများ၏ အောက်တွင်မူ  မှော်တောရိုင်းကောင်တောင်တန်းကြီးက တည်ရှိနေသည်။ ယင်းတောင်တန်းကြီးတွင် များပြားလှသော ကြောက်မက်ဖွယ်ရာကောင်းသည့် တောရိုင်းကောင်များ ပုန်းခိုကျက်စားနေကြသည်။ ယင်းကျောက်ကမ်းပါး၏ အောက်ခြေတွင် နက်ရှိုင်းလှသော ချောက်နက်ကြီးက ရှိနေ၍ ယင်း၏ အနက်ကိုပင် မမြင်ရလောက်အောင် နက်ချေသည်။ ယင်းကျောက်ဂူသို့ ၀င်ရာ တစ်ခုတည်းသော လမ်းသွယ်ကိုလည်း ရှောင်ယွင်က ကျောက်တုံးကျောက်ခတ် သစ်ကိုင်းခြောက်များဖြင့် ပုံဖျက်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤနေရာကို အဆင့်တက်လှမ်းခြင်းအတွက် အကောင်းဆုံးနေရာအဖြစ် ရှောင်ယွင် သတ်မှတ်လိုက်သည်။ အဆင့်တက်လှမ်းသည့်အချိန်တွင်လည်း ဘယ်သူမှ နှောင့်ယှက်ပေးနိုင်မဟုတ်ဟု သူ ယူဆလိုက်သည်။ 

အသက်ကို ဖြေးညှင်းစွာ ရှုသွင်းလိုက်ပြီးနောက် ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။ ဆေးပုလင်းကို ဖွင့်ပြီး စောင်းငဲ့လိုက်သည့်အခါ အပြာရောင်ယှက်သန်းနေသာ အစိမ်းရောင်ဆေးလုံးက ထွက်ကျလာသည်။

ဖန်သားအရောင်ထပြီး ချောမွေ့သော ဒိုချီစုစည်းဆေးလုံးကို ကြည့်ပြီ ရှောင်ယွင် မျက်နှာပေါ်မှာ အပြုံးငယ်လေးတစ်ခုကို ပြုံးလိုက်သည်။ ဆေးလုံး၏ ရနှံ့ကို အဆုတ်ထဲအထိရောက်အောင် သူ နောက်တစ်ကြိမ် ရှုသွင်းလိုက်ပြန်သည်။ နှုတ်ခမ်းကို လျှာသပ်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိဘဲ ဆေးလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ 

ပါးစပ်ထဲကို ဒိုချီဆေးလုံး ၀င်သွားသည်နှင့် အေးစက်စက်အရသာက ပါးစပ်အတွင်းတစ်ခုလုံးကို ပျံနှံ့သွားလေသည်။ နောက်ထပ် ၁ စက္ကန့်အကြာတွင် ပူနွေးပြီ သန့်စင်သော စွမ်းအင်အဆီအနှစ်များဟာ ပါးစပ်ကနေတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို စတင်စီးဆင်းသွားပြီး ရှောင်ယွင်တစ်ကိုယ်လုံးကို ကြမ်းတမ်းစွာ ဆွဲကိုင်လှုပ်လာခဲ့သည်။ တည်ငြိမ်သော အမူအရာဖြင့်ပင် ရှောင်ယွင်၏ လက်နှစ်ဖက်က လျင်မြန်စွာဖြင့် ဒိုချီစွမ်းအင်ကို စုပ်ယူစေမည့် လက်ဟန်ကို ဖော်ထုတ်လိုက်သည်။ သူ့၏ အသက်ရှုခြင်းသည် တည်ငြိမ်သွားပြီး ခန္ဓာကိုယ်တွင်းရှိ ဒိုချီစွမ်းအင်တွေကလည်း သူ့အတွေးကို သိသည့်အလား ဆေးလုံးမှ ထွက်ရှိလာသော စွမ်းအင်အဆီအနှစ်တွေကို လျင်မြန်စွာ ရောနှောပူးပေါင်းပြီ ၎င်းစွမ်းအင်တွေကို ကိုယ်ပိုင်ဖြစ်အောင် အလျင်အမြန် သန့်စင်စုပ်ယူလိုက်သည်။ 

သေးငယ်သော ဂူလေးထဲတွင် မူလက ငြိမ်သက်သာယာနေသော လေထုမှာ ရုတ်တရက် လေထဲတွင် စုစည်းလာခဲ့သော ဒိုချီစွမ်းအင်အမျှင်တန်းတွေနှင့် ပြည့်နှက်လေးလံလာကာ ရှောင်ယွင်ခန္ဓာကိုယ်ဆီသို့ အဆက်မပြတ် ထိုးဖောက်ဝင်သွားခဲ့ကြသည်။ 

ရှောင်ယွင် နှုတ်ခမ်းကို နာကျင်စွာ ဖိကိုက်လိုက်မိသည်။ စွမ်းအင်နှစ်ခုမှာ သူ့ခန္ဓာကိုယ်အတွင်းတွင် ပွတ်တိုက်ထိခတ်မှုများ ဖြစ်နေကြပြီး နာကျင်မှုလှိုင်းများ ခန္ဓာကိုယ်တစ်လျှောက် ပြေးလွှားသွားကြသည်။ ကံကောင်းသည်က ရှောင်ယွင်၏ ဒိုချီစီးဆင်းရာသွေးကြောလမ်းကြောင်းမှာ သာမန်လူတွေထက် များစွာ အကြမ်းခံနိုင်၍ ယင်းနာကျင်မှုကြောင့် သူ့ကို များစွာ မထိခိုက်စေခဲ့ပါဘူး။

သူ့၏ ခန္ဓာကိုယ်အတွင်းတွင် သန့်စင်သော အစိမ်းရောင်စွမ်းအင်အဆီအနှစ်ကို ဒိုချီစွမ်းအင်များက ၀န်းရံထားလျက်ရှိပြီ လျင်မြန်စွာ သန့်စင်ပေးနေလျက်ရှိသည်။ အစိမ်းရောင်စွမ်းအင်များဟာ အဖြူရောင်ဒိုချီစွမ်းအင်ဆီသို့ အဆက်မပြတ် ပြောင်းလဲနေပြီ အသစ်ရရှိလာသော ဒိုချီစွမ်းအင်များနှင့် ရှောင်ယွင် ခန္ဓာကိုယ်အတွင်းတွင် ဒိုချီစွမ်းအင်များ အဆက်မပြတ် တိုးပွားလာခဲ့ရာ နောက်ဆုံးတွင် ပကတိမျက်လုံးဖြင့် မြင်နိုင်လောက်သည်အထိ အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ 

ဆေးလုံးထံမှ သန့်စင်သော စွမ်းအင်ကို အဆက်မပြတ် မရပ်မနား သန့်စေနေပေမဲ့လည်း စွမ်းအင်အဆီအနှစ်များ အဆုံးမရှိ ဆက်လက် စီးဆင်းနေဆဲပင် ဖြစ်သည်။ ဒိုချီစွမ်းအင်တွေဟာ ဆေးလုံးစွမ်းအင်တွေကို ပိုပြီး သန့်စင်လေ များပြားပြီး အသစ်သစ်သော အစိမ်းရောင်စွမ်းအင်များ ပိုပြီး ထွက်ရှိလာလေပင် ဖြစ်ခဲ့သည်။

ခန္ဓာကိုယ်အတွင်းမှာလည်း အဆက်မပြတ် သန့်စင်နေသလို အပြင်လောကမှလည်း စုပ်ယူနေ၍ ရှောင်ယွင် ကိုယ်အတွင်းက သွေကြောလမ်းကြောင်းခွဲတမ်းတွေမှာ တဖြည်းဖြည်းနှင့် ဒိုချီစွမ်းအင်များ ပြည့်တင်းလို့ လာခဲ့သည်။

ထို့နောက်တွင်တော့ သန့်စင်သည့် လုပ်ငန်းက ဆက်လက်ဖြစ်ပွားနေ၍ နောက်ဆုံးတွင်တော့ ဆေးလုံး၏ အဆီအနှစ်များ စတင်ယုတ်လျော့လာခဲ့သည်။ ရှောင်ယွင်မှာ ဒိုချီစွမ်းအင်တွေကို များစွာ အလျင်အမြန် စုပ်ယူနေရာကနေ နောက်ဆုံး သူဟာ နောက်ဆုံး ဂိတ်ဆုံးအထိ ဒိုချီစွမ်းအင်ကို စုပ်ယူထားပြီးမှန်း  ရုတ်တရက် သူ နားလည်လိုက်သည်။ နောက်ထပ်လည်း ဒိုချီစွမ်းအင်တွေကို မစုပ်ယူနိုင်တော့ချေ။ တိုးများလာသော ဒိုချီစွမ်းအင်တွေကြောင့် ရှောင်ယွင်၏ သွေးကြောများကို တွန့်လိမ်စေပြီး နာကျင်မှုကြောင့် ရှောင်ယွင် နှုတ်ခမ်းထောင့်များ ရှုံ့မဲ့သွားချေသည်။

“ မြန်မြန်… ဒိုချီဝဲကတော့ ကို မြန်မြန် စုစည်းလိုက်တော့ မဟုတ်ရင် ပေါက်ကွဲကုန်လိမ့်မယ်..”

ရွဲ့လော် အော်ဟစ်လိုက်သံက မိုးထစ်ချုန်းသံကဲသို့ပင် ရှောင်ယွင်နားထဲတွင် ကြားလိုက်ရသည်။ ရှောင်ယွင် လေအေးများကို တ၀ ရှုသွင်းလိုက်ပြီး ချက်ချင်း သဘောပေါက်စွာဖြင့် လက်ဟန်ကို ချက်ချင်း ပြောင်းလဲပုံဖော်လိုက်သည်။ လက်မနှင့် လက်ခလယ်ထိပ်ကို ထိကပ်လိုက်ပြီး ကျန်သည့် လက်ချောင်းများက ဘာမှန်းမသိသော ထူးထူးဆန်းဆန်း လက်ဟန်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ရှောင်ယွင် အရင်အချိန်က ဤအဆင့်ကို လုပ်ဖူးခဲ့သည်ဖြစ်၍ ယခုလည်း လုပ်ရသည်ဖြစ်ရာ သူ့၏ လက်ရွေ့လျားပုံမှာ ရေအလျဉ်ကဲ့သို့ ချောမွေ့ပြီး အမှားမရှိချေ။ 

ပြောင်းလဲလိုက်သော လက်ဟန်နှင့်အတူ သူ့ကိုယ်အတွင်းမှ ထိုးထွက်နေသော ဒိုချိစွမ်းအင်များမှာ ၀မ်းဗိုက်သားနေရာကနေ ဖြစ်ပေါ်လာခဲ့သည့် ပြင်းထန်ပြီး ကြမ်းတမ်းသည့် စုပ်ယူအားအတွင်းကို ရုတ်တရက် ၀င်ရောက်သွားခဲ့သည်။ ၀မ်းဗိုက်သားနေရာတွင် ဒိုချီစွမ်းအင်အားလုံးများ စုစည်းလာခဲ့ပြီးအချိန်တွင် အဖြူရောင်ဒိုချီစွမ်းအင်များဟာ နို့နှစ်အရောင်သို့ ပြောင်းလဲသွားသည်။ 

“ ဒိုချီတွေကို မြန်မြန် ဖိသိပ်လိုက်တော့.. မင်းရဲ့ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်ခြင်းကို သုံးပြီး ဖိသိပ်လိုက် .. တကယ်လို့ အဲ့ဒီ ဒိုချီစွမ်းအင်တွေကို ၀ဲကတော့ထဲကို မစုစည်းနိုင်ခဲ့ရင် အဆင့် ၈ ကို ပြုတ်ကျသွားလိမ့်မယ်.. ” 

ရွဲ့လော်အော်သံက သူ့နားထဲမှာ နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ ခေါင်းကို ညိတ်လိုက်ပြီး ရှောင်ယွင် စိတ်အာရုံကို စုစည်းလိုက်ပြီး စတင်လုပ်ဆောင်လိုက်သည်။ ခဏအကြာတွင် သူ့၏ ထက်မြက်သော စိတ်အာရုံဖြန့်ကျက်ခြင်းက  ဒိုချီစွမ်းအင်ကို ထိန်းချုပ်နိုင်ခဲ့သည်။ သွက်လက်သော ဖိသိပ်ခြင်း စတင်လေပြီး..

နို့အနှစ်အရောင် ရှိနေသော ဒိုချီစွမ်းအင်သည် ရှောင်ယွင်၏ စိတ်အာရုံ၏ အထိန်းအကွပ်မှုအောက်ကို ခုခံနေပြီး ကြမ်းတမ်းစွာဖြင့် ရုန်းကန်လှုပ်ရှားတိုးထွက်နေသည်။ 
 
၎င်းတို့၏ ခုခံခြင်းမှာ အရမ်းကို ပြင်းထန်ပေမဲ့လည်း ယင်းကို ထိန်းကွပ်ထားနိုင်သည့်  ရှောင်ယွင်၏ စိတ်အာရုံဖြန့်ကျက်နိုင်စွမ်းကို ရွဲ့လော်ပင် အထိတ်တလန့် ဖြစ်သွားရချေသည်။ ထို့ကြောင့် ဒိုချီစွမ်းအင်၏ ခုခံနေခြင်းမှာ ကားတစ်စီးကို တားဖို့ကြိုစားသည့် ရှိခိုးကောင်ကဲ့သို့ပင် အလားသဏ္ဍာန်နှင့် တူနေတော့သည်။ ထို့ကြောင့် မကြာခင်မှာပဲ ဒိုချီစွမ်းအင်တွေသည် အနည်းငယ်သာ ခုခံနိုင်ခဲ့ပြီး ရှောင်ယွင်၏ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားခဲ့သည်။

ဒိုချီစွမ်းအင်ကို လက်ဝါးပြားအရွယ်လောက်အထိ ဖိသိပ်ခံရပြိးနောက် ၎င်းဟာ အေးခဲသွားပြီး လှုပ်ရှားမှုလည်း မရှိတော့ပေ။ 

“ နောက်တစ်ကြိမ် ထပ်ဖိသိပ်လိုက်.. ” 
ရွဲ့လော် အော်ပြောလိုက်ပြန်သည်။ 

ရှောင်ယွင် အံကို တင်းတင်းကြိတ်ပြီး မျက်လုံးကို အတင်းမှိတ်ထားလိုက်သည်။ အဖြူရောင်ဒိုချီစွမ်းအင်အနားတွင် ၀ိုင်းပတ်ထားသော စိတ်အာရုံဖြန့်ကျက်နေမှုသည် ရုတ်ခြည်း စွမ်းအားတိုးသွားပြီး ဒိုချီစွမ်းအင်ကို ရက်စက်စွာ ဖိချလိုက်သည်။ 

“ ဘန်း.. ”

ဆူညံသံ တိုးတိုးများ ရှောင်ယွင် ခန္ဓာကိုယ်အတွင်းကနေ ထွက်ပေါ်လာခဲ့သည်။ ဒိုချီစွမ်းအင်များ၏ ရုန်းကန်ခုခံမှုကြောင့် ရှောင်ယွင်မှာ အင်မတန်ကို မောဟိုက်နေပြီး ဖြစ်သည်။

အသက်ပြင်းကြီး ချလိုက်ပြီး ရှောင်ယွင် မြေပြင်ပေါ် အားမရှိစွာ လှဲချပစ်လိုက်သည်။ မောပန်းကြီးနေ၍ အသက်ကို ပြင်းပြင်းထန်ထန် ရှုနေရရာ သူ့ရင်ဘက်မှာ ဖောင်းလိုက် ပိန်လိုက်နှင့်..။

အေးစက်နေသော မြေသားပေါ်မှာ လှဲလျောင်းနေရင်း လွန်ခဲ့သော လေးနှစ်ကတည်းက ပျောက်ကွယ်သွား၍ မခံစားရတာ ကြာပြီးဖြစ်သည့် စွမ်းအင်များကို ခံစားကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးစများ တွဲခိုလာခဲ့သည်။ ထို့နောက် တဖြည်းဖြည်း  ကျယ်ကျယ်ပြုံးလိုက်ပြီး နောက်ဆုံးမှာ သူ အားပါးတရကို ရယ်မောလိုက်တော့သည်။

Chapter 64

64 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________

Chapter 64: ဒိုချီစုစည်းဆေးလုံးဖော်စပ်ခြင်း

" အရိုးအေးစိမ့်မီးတောက်ကို ရဖို့အတွက် ငါဟာ မှောင်မဲတဲ့  နေရာတစ်ခုမှာ အလင်းရောင်မရှိဘဲ ၈ နှစ်တိတိစောင့်နေခဲ့ရတယ်.. ပြီးတော့ မီးတောက်ကို လက်ခံယူသွင်းတဲ့အချိန်မှာလည်း ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားပေးမဲ့ ငါဟာ ပြာဖြစ်လုနီးပါးကို လောင်ကျွမ်းခံခဲ့ရတယ်.. " 

ရွဲ့လော် အသက်ပြင်းချပြီး ခေါင်းကို ယမ်းလိုက်မိသည်။ အမြဲလိုလို တည်ငြိမ်ဆေးအေးသည့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့်အရိပ်အယောင်ကို ရှားရှားပါးပါး မြင်တွေ့နေရသည်။ ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်သည် ယခုထိ ရွဲ့လော်အပေါ် နက်နက်ရှိုင်းရှိုင်းကို လွှမ်းမိုးနေဆဲဟု မြင်ရသည်။ 

" ဟားဟား.. အရိုးအေးစိမ့်မီးတောက်ကို ယူရတာ အရမ်းကို အန္တရာယ်များပေမဲ့လည်း နောက်ဆုံးတော့ ငါ ရခဲ့တာပဲ...  ပေးဆပ်ရတာနဲ့ ထိုက်တန်ပါတယ်လေ..." 

ရွဲ့လော် လက်ထဲက အဖြူရောင်မီးတောက်ကို ဂုဏ်ယူစွာဖြင့် ဝှေ့ယမ်းမြှောက်လိုက်ပြီးနောက် ပြုံးလိုက်သည်။ 

" ကောင်းကင်ဘုံမီးတောက်သာ ရှိမယ်ဆိုရင် ဆေးလုံးကို ပိုပြီး အရည်အသွေးကောင်းအောင် ဖော်စပ်နိုင်သလို အဆင့်ချင်းတူတဲ့ ရန်သူတစ်ယောက်နဲ့ ယှဉ်ပြိုင်မယ်ဆိုရင်တောင် အဲ့ဒီလူက မင်းကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး.. " 

အဲ့ဒီစကားကို ကြားလိုက်ရသည့်အခါမှာ ရှောင်ယွင်တစ်ယောက် အဖြူမှိုင်းမှိုင်းအရောင်ဖြင့် တောင်လောင်နေသော မီးတောက်ကို ကြည့်ပြီး သူ့မျက်နှာမှာ မနာလိုခြင်းတွေ ဖြစ်ပေါ်လာခဲ့သည်။

ရှောင်ယွင်မျက်နှာပေါ်က မနာလိုခြင်းတွေကို မြင်လိုက်သည့်အခါမှာ ရွဲ့လော် တစ်ချက်ရယ်မောလိုက်လေသည်။ ထို့အပြင် သူ့မျက်နှာမှာလည်း ခပ်ညစ်ညစ်အမူအရာအချို့ ဖျတ်ခနဲ ဖြစ်ပေါ်လာခဲ့သည်။ လေသံမှာလည်း ပြောင်းလဲသွားကာ .. 

" ကောင်းကင်ဘုံမီးတောက်ဆိုတာ မင်းနဲ့ အလှမ်းဝေးနေသေးတယ်.. အခုလောလောဆယ် အရေးကြီးဆုံးက မင်း ဒိုကျဲအဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်ဖို့ပါပဲ.. " 

ရှောင်ယွင် စိတ်မကောင်းဖြစ်စွာနဲ့ပဲ ခေါင်းညိတ်လိုက်သည်။ လောလောဆယ် ကောင်းကင်ဘုံမီးတောက်အား သွားရည်ယိုနေခြင်းကို နောက်ဆုတ်ပြီး တကယ့်လက်တွေ့ဘဝကို ရင်ဆိုင်ဖို့ စိတ်ကို ပြင်ဆင်ထားလိုက်သည်။ 

ရှောင်ယွင်၏ အသိသတိပြန်ဝင်လာသည်ကို ကြည့်၍ ရွဲ့လော် အသာအယာပြုံးလိုက်သည်။ ထို့နောက် သူ့လက်ဖဝါးပြင်ကနေ အဖြူရောင်မီးတောက်သည်တဟူးဟူး အုံကြွ တိုးထွက်လာပြန်ပြီး မီးတောက်စငယ်များ လေထဲ ကွယ်ပျောက်သွားခဲ့သည်။ 

သူ့၏ တခြားလက်တစ်ဖက်က မင်နက်အရောင် ကြာပင်ခိုင်ကို ယူလိုက်ပြီး မီးတောက်ထဲကို ညင်သာစွာ ထည့်လိုက်သည်။ အရိုးအေးစိမ့်မီးတောက်နှင့် ထိတွေ့လိုက်သည့် ခဏအတွင်းမှာပဲ ကြာပင်မှာ ချက်ချင်း လောင်ကျွမ်းသွားပြီး မီးတောက်ကြားထဲမှာ မင်ရည်လုံးကဲ့လို့ နက်မှောင်ရွှန်းစိုသော အရည်လုံးသဏ္ဍာန်ပြောင်းလဲသွားသည်။ 

အဖြူရောင်မီးတောက်မှာ တဖြည်းဖြည်း သိပ်သိပ်သည်းသည်းဖြင့် လှုပ်ရှားထကြွလာခဲ့သည်။ အဖြူရောင်မီးတောက် ပတ်ဝန်းကျင်မှာလည်း ထူးဆန်းစွာ တဖြည်းဖြည်းအေးစိမ့်လာသည်ကို ရှောင်ယွင် သတိထားမိသည်။ 

ရွဲ့လော်သည် သူ၏စိတ်အာရုံအားလုံးကို စုစည်းလိုက်ပြီး လက်ဝါးပြင်က မီးတောက်၏အပူချိန်ကို ကိုင်တွယ်ထိန်းချုပ်နေသည်။ မီးတောက်အပူအချိန်သာ အနည်းငယ် မြင့်တက်သွားပါက မင်ရည်ကဲ့သို့ အနက်ရောင် အရည်အလုံးမှာ ဘာမှမကျန်တော့သည်အထိ အငွေ့ပြန်သွားပေလိမ့်မည်။ 

မီးတောက်၏ အပူချိန်သည် တိကျသောအမှတ်တစ်ခု၌ 
အချိန်တစ်ခုအထိ တည်ငြိမ်စွာ ရှိနေပြီးနောက် ရုတ်တရက် အဝါရောင်အညစ်အမှုန်တွေဟာ အနက်ရောင် အရည်အလုံးပ်ါတွင် ထွက်ပေါ်လာခဲ့သည်။ အဝါရောင်အညစ်အမှုန်တွေကို စူးစိုက်ကြည့်ရင် ရွဲ့လော် ခေါင်းကို သာသာလေး ညိတ်လိုက်သည်။ လက်ဖျောက်တချက် တွက်လိုက်ရာ အဝါရောင်အညစ်အမှုန်တွေဟာ အနက်ရောင်အရည်အချို့နှင့်အတူ သေးငယ်သော အရည်အလုံးအဖြစ်သို့ စုစည်းခံလိုက်ရပြီး မူလအရည်အလုံးထံကနေ ဖယ်ရှားပစ်လိုက်သည်။ 

ယင်းအဝါရောင်အညစ်အကြေးတွေကို ဖယ်ရှားပြီးသည်နှင့် နောက်ထပ် အဝါအမှုန်ငယ်လေးတွေ ထပ်ထွက်လာခဲ့ပြန်သည်။ ရွဲ့လော်လည်း ပထမနည်းတူစွာ အညစ်အမှုန်တွေကို စုစည်းပြီး ဖယ်ရှားလိုက်ပြန်သည်။ 

အဖြူရောင်မီးတောက်သည် ဆက်လက်လောင်ကျွမ်းလို့နေသည်။ မီးတောက်အတွင်းမှာ အနက်ရောင်အရည်အလုံးသည်လည်း မူလသည် လက်သီးဆုပ်ထက်ဝက် အရွယ်အစားလောက်ရှိရာမှ ယခုအခါ လက်မ သာသာလောက်ပဲ ကျန်တော့သည်။ 

အဖြူရောင်မီးတောက်အတွင်းရှိ နက်မှောင်ရွှန်းစိုသော အရည်အလုံးမှာ တည်ငြိမ်ထူးခြားပြီ ပုလဲနက်တစ်လုံးကဲ့သို့ ထင်မှတ်ရသည်။ 

ပထမဆုံး မည်းနက်သော ကြာပင်အရွက်ခိုင်သည် လက်မအရွယ်အစားလောက် ရောက်သည့်အခါမှာ ရွဲ့လော် မီးပြင်းတိုက်တာကို ရပ်လိုက်သည်။ ထို့နောက် နောက်ထပ် အရွက်ခိုင် ၄ ခိုင်ကို မီးတောက်ထဲ ဆက်ထည့်လိုက်သည်။ အားလုံးကို မီးဖြင့်အပူပေးလိုက်ပြီးအခါမှာတော့ ပုလဲနက်လုံးကဲ့သို့ နောက်ထဲ အနက်ရောင် အရည်အလုံး ရလာခဲ့သည်။ 

အရိုးအေးစိမ့်မီးတောက်ဖြင့် အချိန်အတော်အကြာအထိ အပူပေးသန့်စင်ပြီးအခါမှာတော့ အရည်လုံး ၅ လုံးသည် အတူတကွ ပေါင်းစပ်သွားခဲ့သည်။ ပေါင်းစပ်သွားသည့်အခါမှာ ၎င်း၏ အရွယ်အစားမှာ ချက်ချင်းပင် ကြီးကားသွားပေမဲ့ တစ်စက္ကန့်အချိန်အတွင်းမှာပဲ လက်မအရွယ်အစားလောက်ကို ပြန် ကျုံ့ဝင်သွားခဲ့သည်။ 

အဖြူရောင်မီးတောက်အတွင်းတွင် အချိန် နောက်ထပ် အတော်ကြာအထိ အပူပေးမီးပြင်းတိုက်ပြီးတဲ့အခါတွင် မင်ရည်ကဲ့သို့ အရည်နက်နက်အထဲတွင် အဖြူရောင်မီးတောက်ငယ်လေးတစ်ခု ကခုန်နေသည်ကို တွေ့ရလေသည်။ 

ဒါကို မြင်လိုက်သည့်နှင့် ရွဲ့လော်သည် စားပွဲပေါ်က မြွေအဆိပ်အသီးကို လျင်မြန်စွာဖြင့် ကောက်ယူလိုက်ပြီး မီးတောက်အထဲကို ပစ်ထည့်လိုက်သည်။ 

မြွေအဆိပ်အသီးသည် မီးတောက်ထဲ ဝင်သွားသည်နှင့် ချက်ချင်းပင် အစိမ်းရင့်အရည်အဖြစ်သို့ ပြောင်းလဲသွားပြီ အေးစိမ့်သော အငွေ့များထွက်လာသည်။ အစိမ်းရောင်အရည်အတွင်းမှ အညစ်အကြေးများကို ဖယ်ထုတ်လိုက်ပြီး ရွဲ့လော်သည် အစိမ်းရောင်အရည်လုံးအပေါ်ကနေ အနက်ရောင်အရည်လုံးကို ဖုံးလွှမ်းကာကွယ်ပေးထားလိုက်သည်။

" ဖျစ်... ဖျစ်.. "

မတူညီကွဲပြားသော ဂုဏ်သတ္တိကိုယ်စီရှိကြသည့် အရည်အလုံး နှစ်ခု တွေ့ဆုံသွားသည့်အချိန်မှာ ထူးဆန်းသည့် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီ အဖြူရောင်အခိုးအငွေ့များကလည်း မီးတောက်ကနေ ထွက်လာခဲ့သည်။ 

အဖြူရောင်အခိုးအငွေ့များ တဖြည်းတဖြည်း လျော့ပါးသွားအချိန်မှာတော့ ဆေးလုံးကဲ့သို့ အရာတစ်ခု မီးတောင်အတွင်းမှာ ဖြစ်ပေါ်လာခဲ့သည်။ 

ဆေးလုံးပုံစံ ဖြစ်ပေါ်လာခဲ့သည်ကို တည်ငြိမ်စွာ စူးစိုက်ကြည့်ရင်း ရွဲ့လော် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် ဝိညာဉ်ပေါင်းစည်းမြက်ပင်နှင့် ရေဂုဏ်သတ္တိပါဝင်သော မှော်ကျောက်တုံးကိုလည်း မီးတောက်အတွင်း ထည့်လိုက်ပြန်သည်။ 

အရည်အဖြစ်သို့ ပြောင်းလဲခြင်း၊ အညစ်အကြေးများကို ဖယ်ရှားခြင်း၊ အားလုံးပေါင်းစည်းခြင်း  ဤသုံးမျိုးသည် အရမ်းကို ခက်ခဲရှုပ်ထွေးသည် အဆင့် ၃ ဆင့်ဖြစ်ပြီး အရမ်းကို အသေးစိတ်အားထုတ်ရသည်။ ဒါပေမဲ့ ရွဲ့လော်သည် ဤအဆင့်များကို တစ်ချက်မှပင် မနားဘဲ အေးဆေးသက်သာစွာ လုပ်သွားခဲ့သည်။ ရွဲ့လော်၏ ရှင်းလင်းတိကျစွာ လုပ်ဆောင်သွားတာကို မြင်သည့်အခါ မှော်ဆေးပညာရပ်နှင့် အစိမ်းသက်သက်ဖြစ်နေသော ရှောင်ယွင်ပင် စိတ်ထဲမှာ ချီးကျူးမိနေတော့သည်။ 

မှော်ကျောက်တုံးအတွင်းမှ အရိုင်းဓာတ်ကို ဝိညာဉ်ပေါင်းစည်းမြက်ပင်ဖြင့် ထိန်းကွပ်ပြီးအခါတွင် အပြာနုနုစွမ်းအင်တစ်ရပ်သည် ထွက်ပေါ်လာပြီး ဆေးလုံးပုံစံ ဖြစ်ခါနီး အရည်လုံးအတွင်းသို့ ဝင်သွားလေသည်။ 

အပြာရောင်စွမ်းအင် နောက်ဆုံးလက်ကျန်တစ်စက်ဟာ ဆေးလုံးအတွင်းသို့ ဝင်သွားပြီးအချိန်မှာတော့ ကြမ်းတမ်းသည့် ဆေးလုံးပုံစံကနေ ချောမွေ့လုံးပြောင်သည့် ပုံစံသို့ ပြောင်းလဲသွားသည်။ တဖန် ဝင်းလက်တောင်ပသော အပြာရင့်အရောင်က ဆေးလုံးကို ဖုံးအုပ်သွားနေရာ အင်မတန်ကို ခန့်ညားပြီ ကြည့်လို့ မဝအောင် လှပသော ဆေးလုံးတစ်လုံးဖြစ်လာခဲ့သည်။ 

အဆင့် အားလုံးပြီးသွားပေမဲ့ ရွဲ့လော် မရပ်နားသေးပါဘူး။ ဆေးလုံးကို ဆယ်မိနစ်မျှ မီးတောက်ပင် အပူပေးလိုက်ပြီးနောက် လက်ဝါးပြင်က မီးတောက်ကို တဖြည်းဖြည်း  ငြိမ်းသတ်လိုက်သည်။ မီးတောက် သေသွားသည်တစ်ပြိုင်နက် ရွဲ့လော် ဘယ်လက်ဖဝါးက စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းတစ်လုံးကို ဆွဲစုပ်ယူလိုက်ပြီး တစ်ဆက်တည်းမှာပဲ  ဆေးလုံးကို ပုလင်းထဲ ထည့်သိမ်းလိုက်သည်။ ဆေးလုံး၏ အစိမ်းရင့်အရောင်နှင့် အပြာနုနုအရောင်များသည်  ကျောက်စိမ်းပုလင်းအတွင်းတွင် အရောင်ပြန်ထွက်နေသည်။ 

" ဟူးးး " 

ရွဲ့လော် အသက်ပြင်းချလိုက်ပြီးနောက် ရှောင်ယွင်ကို ကျောက်စိမ်းပုလင်းအား ပစ်ပေးလိုက်သည်။ တိုးဖျော့သောအသံဖြင့် ပြောလိုက်သည်။ 

" ကြည့်လိုက်.. " 

ရှောင်ယွင် ပုလင်းအဖုံးကို သေချာစွာ ဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်  နှာခေါင်းအောက် ထေ့လိုက်ပြီ အနံ့ကို ရှုသွင်းလိုက်သည်။ ရင်းနှီးနေသော ရနံ့က တိုးဝင်လာပြီ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ပုလင်းအတွင်းရှိ အစိမ်းတသွယ်အပြာတဖက် ရောယှက်နေသော ဆေးလုံးကို ကြည့်ရင်း သူ့၏ စိတ်ဝိညာဉ်အာရုံခံစားမှုကို အသုံးပြုလိုက်သည်။ သူ့၏ ထက်မြက်သော စိတ်ဝိညာဉ်အာရုံခံစားမှုကြောင့် ယခုဆေးလုံးသည် နာလန်ရိရွမ် ယူလာခဲ့သည့် ဆေးလုံးထက် အရည်အသွေးရော အစွမ်းထက်မြက်မှုမှာပါ သာလွန်နေကြောင်း သူ သိလိုက်သည်။ 

ဆေးလုံးကို ဟန်ပါပါ ကိုင်ထားသော နာလန်ရိရွမ်၏ အကြည့် အပြောအဆိုတွေကို ပြန်မြင်ယောင်လာ၍ ရှောင်ယွင် လှောင်ပြုံး ပြုံးလိုက်မိသည်။ 

ထို့နောက် ခေါင်းကို ခါလိုက်ပြီး ရှောင်ယွင်သည် ပူနွေးနေသည့် ကျောက်စိမ်းပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး လေးပင်စွာ အသက်ပြင်းချလိုက်သည်။ လေးနှစ်တောင်ရှိခဲ့ပြီး... အခုတော့ အရင်အဆင့်ကို နောက်တစ်ကြိမ် ပြန်ရောက်ရတော့မည်။

Chapter 63

63 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 63 -  ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက် 

ထမင်းစားစာပွဲခုံတွင် ထိုင်နေကြသည်။ ရှောင်ယွင်မှာ သူ့အရှေ့မှာ ထိုင်နေပြီ ဒေါသထွက်ထွက်ဖြင့် ထမင်းစားနေသော ရှောင်ယုကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှောင်ယုမှာ ဒေါသထွက်ထွက်နှငံ အံကြိတ်ပြီး ထမင်းကို အသံမြည်အောင် စားနေသည်။ သူမကိုကြည့်ပြီး  ရှောင်ယွင် နှုတ်ခမ်းကို မဲ့လိုက်သည်။ထို့နောက် အခန်းတွင်းမှာ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ပြန်ပြောင်း သတိရလိုက်၍ သူ့ရဲ့ လက်ဝါးပြင်ကို ညာလက်ချောင်းဖြင့် စမ်းသပ်ပွတ်သပ်မိလေသည်။

ထိုစဉ် ရှောင်ယွင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှောင်ယုမှာ တချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေ၍ ရှောင်ယွင် ဘာလုပ်လိုက်တာကို မြင်လိုက်လေရာ သူမ၏ မျက်နှာနုနုမှာ ရှက်သွေးဖြာသွားလေသည်။

ရှင်းအာမှာ  ရှောင်ယု အံကြိတ်နေတာကိုရော ရှောင်ယွင်၏ ခပ်တည်တည်မျက်နှာထားကိုလည်း မြင်လေရာ  သူမသည် မျက်ခုံးကို တွန့်ချိုးထားမိလိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး အစားအသောက်ကို တို့ကနန်းဆိတ်ကနန်းဖြင့် ဆက်စားလေသည်။

ရှောင်ယွင်သည် ရှောင်ယုကို ကြည့်နေရာကနေ ရှောင်နင်ဆီကို ရောက်သွားလေသည်။ ရှောင်နင်မှာ အတော်ပျော်နေဟန်ရှိသည်။ မျက်နှာမှာလည်း နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေသည်။ သူ့ကို ကြည့်ရင်း ရှောင်ယွင်မှာ စားပွဲခုံးစောင်းလေးကို လက်ခေါင်းဖြင့် ခေါက်ကစားလိုက်ကာ သူတစ်ပါး ကံဆိုးမိုးမှောင်ရောက်တော့မည့်အကြောင်းကို ၀မ်းသာစွာဖြင့် တွေးလိုက်လေသည်။

“ ဒီကောင်ကတော့ အခြေခံဆေးလုံးကို ရသွားပြီနဲ့တူပါတယ်.. အခြေခံဆေးလုံးဆိုတာ အဆင့် ၈ နဲ့အထက်အဆင့်တွေမှာ အသုံးမ၀င်ဘူးဆိုတာ ဒီကောင် သိတောင်သိရဲ့လားဟ..”

ရှောင်ယွင် စိတ်ထဲတွင် ကျိတ်ရယ်မောလိုက်သည်။ ထို့နောက် ပျင်းရိဟန်ဖြင့် နောက်ထပ်လူတွေကို ထပ်ကြည့်လိုက်သည်။ ပြုံးရယ်နေသော သူ့အဖေကို မြင်သည့်အခါ ရှောင်ယွင် စိတ်စနိုးစနောင်း ဖြစ်သွားသည်။ 

“ မိသားစုစုံညီစားပွဲက တချို့အားလပ်ရက်တွေမှာ လုပ်တာမဟုတ်လား..? ဘာလို့ ဒီနေ့ လုပ်ရတာလဲ.. ပိုက်ဆံတွေ အများကြီးသုံးပြီး အခြေခံဆေးလုံးဝယ်တဲ့ကိစ္စက အခမ်းအနားကျင်းပ အောင်ပွဲခံရလောက်တဲ့ပွဲ မဟုတ်လောက်ဘူး ထင်ရတာပဲ.. ” 

သူ့ခေါင်းထဲမှာ အတွေးများ ယောက်ယက်ခတ်သွားသည်။ အနက်ရောင်ဝတ်ရုံနှင့် လူကြီးက ရှောင်ကလန်နှင့် အခွင့်အရေးရပါက အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဆိုသော ဂတိက၀တ်စကားကြောင့် ဤမိသားစုစုံညီစားပွဲကို ရည်ရွယ်ချက်ရှိရှိ ကျင်းပမှန်း ရှောင်ယွင်တစ်ယောက် လုံးလုံး မသိလိုက်ပါချေ။

အဆင့် ၂ မှောင်ဆေးပညာရှင်တစ်ယောက်နှင့် အတူတကွ လုပ်ကိုင်ရ၍ ရလာမည့် အကျိုးအမြတ်သည် လူအများကို မျက်လုံးနီရဲစေသည်အထိ မနာလိုဖြစ်စေလောက်သည်။ ဒါ့အပြင် ထိုအကျိုးအမြတ်သည် ကျန်သည့် ကလန်ကြီးနှစ်ခုထက် ပိုပြီ အဆင့်မြင့်သည့် အဆင်အတန်းတစ်ခုအထိ ရှောင်ကလန်ကို ခုန်တက်စေသွားနိုင်သည်။ ထို့ကြောင့်ပင် အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး ခပ်တည်တည်နေတတ်သော သူ့အဖေမှာ အရမ်းကို ပျော်ရွှင်နေသည်မှာ အံ့သြစရာတော့ မဟုတ်တော့ချေ။ ပြီးတော့ တခြားသော ကလန်အကြီးအကဲများမှာလည်း ထိုနည်း၎င်းပင် အပျော်လွန်၍ နားရွက်တက်ချိတ်လုမတတ် ပြုံးနေကြသည်။ မျက်လုံးပင် ကောင်းကောင်းမပွင့်နိုင်လောက်တဲ့အထိ ပြုံးဖြဲနေသော  သူတို့ကို ကြည့်ရသည်မှာ ကောင်းကင်ကနေ ကံကောင်းခြင်းများ ပြုတ်ကျလာ၍ အံ့သြမင်သက်ကာ ပျော်မြူးနေသကဲ့သို့ သိသာလွန်းလှသည်။ 

မိသားစုစုံညီစားပွဲတွင် ပျော်ရွှင်ခြင်းလည်း တဖြည်းဖြည်း အနယ်ထိုင်လာခဲ့သည်။ သူ့အဖေ၏ စားပွဲကနေ နှုတ်ဆက်ထွက်ခွာလက်ပြတာကို မြင်လိုက်ရသည့်အခါ ရှောင်ယွင် ချက်ချင်းပင် ထိုင်ခုံကနေ ထကာ စားပွဲခန်းမကနေ ပြေးထွက်သွားပြီနောက် သူ့၏ အခန်းဆီကို ပြေးလွှားသွားလေသည်။ 

ရှောင်ယွင် ပြေးထွက်သွားသည်နှင့် ရှောင်ယုသည် အံကိုကြိတ်ကာ အနောက်ကနေ ကမန်းကတန်း ပြေးလိုက်သွားသော်လည်း ရှောင်ယွင်၏ အရိပ်ကိုပင် မတွေ့တော့ချေ။ စိတ်ဆိုးဆိုးဖြင့် ခြေကိုဆောင့်လိုက်သည်။ သူမ ရင်ထဲမှာလည်း ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။ 

……………

အခန်းကို ပြန်ရောက်သည်နှင့် ရှောင်ယွင်သည် ရွဲ့လော်ကို ဆေးလုံးဖော်စပ်ဖို့ အစမဖော်သေးချေ။  ရှောင်ယု သင်ပြသွားသော အတွေ့အကြုံကို သူ ကောင်းကောင်း သဘောပေါက်သွားခဲ့ပါပြီ။ တံခါးနှင့် ပြတင်းပေါက်ကို သေချာစွာ ပိတ်လိုက်ပြီးနောက် အိပ်ရာပေါ် တက်ပြီး လူးလှိမ့်နေလိုက်သည်။ ထို့နောက် ယောင်ချာချာဖြင့် နောက်ဆုံး အိပ်ပျော်သွားလေသည်။

ညဥ့်အတော်နက်သည့်အချိန်… လူအားလုံးလည်း အိပ်ရာပေါ်လဲလျောင်းကာ အိပ်စက်နေကြသည့်အချိန်တွင် ရှောင်ယွင် မျက်လုံးနှစ်လုံး ပွင့်လာခဲ့သည်။ အိပ်ရာပေါ်ကနေ စိတ်အားထက်သန်စွာ ထထိုင်လိုက်ပြီးနောက် ဘီရိုထဲတွင် ၀ှက်ထားသော ဆေးပင်ဆေးရွက်တွေကို ထုတ်ယူလိုက်ကာ ဂရုတစိုက်ဖြင့် စားပွဲတစ်ခုပေါ်ကို တင်ထားလိုက်သည်။ ထို့နောက် အခန်းကြမ်းခင်းပေါ်မှာ ပေါလောမျောနေသော ရွဲ့လော်ကို လှည့်ကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ ဆရာ.. ဘယ်လိုလဲ.. အဆင့်သင့်ဖြစ်ပြီးလား…”

ရွဲ့လော်သည် စားပွဲခုံဆီကို လျှောက်သွားပြီး သူ၏ တစ္ဆေဆန်လှသောလက်ဖြင့် ဆေးပင်တွေကို ကိုင်ကွယ်ထိတွေ့လိုက်သည်။ ခေါင်းကိုလည်း သာသာလေး ညိတ်လိုက်ပြီနောက် အနည်းငယ် ပြင်းထန်သော ဆုံးမစကားကို မတိုးမကျယ်အသံဖြင့် ပြောလိုက်သည်။ 

“ အင်း… ဆေးလုံးဖော်စပ်ဖို့အတွက် အင်မတန်ကို အနှောင့်အယှက်ကင်းတဲ့ ပတ်ဝန်းကျင်အနေအထားမျိုး လိုတယ်ဆိုတာ မင်း ကောင်းကောင်းသိသွားပြီး.. တကယ်လို့ အဲ့ဒီအချိန်မှာ အနှောင့်အယှက်ဖြစ်သွားလို့ရှိရင် အကျိုးဆက်က အရမ်းကို ကမောက်ကမဖြစ်သွားမယ်.. အခုအချိန်မှာ ဘာမှ တန်ပြန်ထိခိုက်မှုကိုမှ မရှိစေလိုဘူး.. နောက်ပိုင်းကျရင် မင်း မှော်ဆေးပညာကို စတင်လေ့လာယူတော့အချိန်ကျရင်.. ဒီလိုပဲ ဂရုမစိုက်ဘဲ နေသွားမယ်ဆိုရင်. အနှေးနဲ့အမြန် မင်း အသက်ဆုံးရမှာကို ငါစိုးရိမ်မိတယ်.. ”

ရှောင်ယွင်မှာ ရှက်ရွံစွာဖြင့် ခေါင်းကို ငုံ့လိုက်ကာ ခေါင်းကုတ်ပြီး နားထောင်နေလိုက်သည်။ 

ရှောင်ယွင် နာခံမှုကို မြင်ရသည့်အခါမှာ ရွဲ့လော် စိတ်အေးစွာဖြင့် အသက်ပြင်းချလိုက်သည်။ ထို့နောက် အေးဆေးသော ဟန်ပန်ဖြင့် လက်ဝါးပြင်ကို ဖြန့်လိုက်ရာ အဖြူရောင်မီးတောက်တစ်ခုက ဟုန်းခနဲ ထွက်လာသည်။ 

မီးတောက်၏ အပူချိန်ကို သူ့၏ စိတ်ဝိညာဉ်ဖြင့် အဆက်မပြတ်ထိန်းချုပ်ထားပြီးနောက် ရွဲ့လော်သည် အချိန်အားလပ်နေသည်ကို အသုံးချချင်သဖြင့် သူ့၏လက်ဝါးပြင်ကနေ ထွက်ပေါ်နေသော အဖြူရောင်မီးတောက်ကို ငေးကြည့်နေသည့် ရှောင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရွဲ့လော်သည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“ မှော်ဆေးပညာရှင်ရဲ့ အဆင့်ကို သူတို့ရဲ့ မီးတောက်အရောင်ကို ကြည့်ပြီး  ခွဲလို့ ရတယ်ကွ.. ”

“ သာမန်မှော်ဆေးပညာရှင်တွေမှာ အ၀ါဖျော့ဖျော့အရောင် မီးတောက်တွေ ရှိကြတယ်.. သူတို့ရဲ့ အဆင့်က မြင့်တက်လာခဲ့ရင် မီးတောက်အရောင်ကလည်း ရင့်နက်လာခဲ့မယ်.. မီးတောက်ရဲ့အစွမ်းကလည်း ထက်မြက်လာခဲ့မယ်.. ”

ယင်းစကားကို ကြည့်ရသည့်အခါမှာတော့ ရှောင်ယွင်သည် မျက်လုံးလေး ပေကလတ်ပေကလတ်ဖြင့် ရွဲ့လော်၏ လက်ဝါးပြင်ရှိ မီးတောက်ကို လက်ညိုးထိုးပြီး မေးလိုက်ချေသည်။

“ ဒါဆို ဆရာရဲ့ မီးတောက်က ဘာဖြစ်လို့ အဖြူရောင် ဖြစ်နေတာလဲ.. ?”

“ ဟားဟား… ငါပြောသွားတာက ပုံမှန်တွေ့နေကျ မှော်မီးတောက်တွေကို ပြောသွားကွ..  ဒါပေမဲ့လည်း မှော်ဆေးပညာရှင်နယ်ပယ်မှာပေါ့  ဒိုချီစွမ်းအင်ကို မီးစာအနေနဲ့ သုံးပြီး မီးတောက် ဖြစ်အောင် လုပ်ရတဲ့နည်းအပြင် နောက်ထပ်နည်းလမ်းလည်း ရှိပါသေးတယ်လေ.. ” 

ရွဲ့လော်သည် ဤစကားကို ပြောသည့်အချိန်တွင် သူ့လေသံတွင်  ဂုဏ်ယူနေသည့်လေသံမျိုး ပါဝင်နေသည်။

“ အဲ့ဒီနည်းလမ်းကတော့ မီးတောက်ကို မွေးစားခြင်းပဲ.. ” 

“ မီးတောက်ကို မွေးစားခြင်း..?? ”  

ဒီစကားက ရှောင်ယွင် မရင်းနှီးသော စကားလုံးများ မဟုတ်ပါဘူး။  ဒီစကားလုံးတွေ၏ အဓိပ္ပါယ်ကို ရှောင်ယွင် ကောင်းကောင်းသိပါသည်။ ဒါပေမဲ့ သူ ဘာပြောရမှန်း မသိဖြစ်သွားသည်။ မီးတောက်တစ်ခုကို မွေးစားပြီး ဆေးလုံးဖော်စပ်လို့ရတယ်တဲ့လား..???

" ဟုတ်တယ်.. မီးတောက်ကို မွေးစားတာ ချေးငှားတဲ့ သဘောပဲ.. "  

ရွဲ့လော် ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး ရယ်လိုက်သည်။ 

" အနားသတ်မဲ့တဲ့ ဟောဒီလောကကြီးထဲမှာ ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်ပေါ်လာတဲ့ ကောင်းကင်ဘုံမီးတောင်တွေ ရှိခဲ့တယ်... ကောင်းကင်ကနေ ပြုတ်ကျလာခဲ့တဲ့ ဥက္ကာခဲကနေ ဖြစ်လာတဲ့ မီးတောက်ပဲဖြစ်ဖြစ် .. ဒါမှမဟုတ် မီးတောင်ရဲ့ အောက်နက်နက်မှာ နှစ်ထောင်ပေါင်းများစွာကနေ ဖြစ်တည်လာခဲ့တဲ့ မီးတောက်ပဲဖြစ်ဖြစ်  အဲ့ဒီကောင်းကင်ဘုံမီးတောက်လို့ ခေါ်တဲ့ မီးတောက်မီးလျှံတွေဟာ ဒိုချီစွမ်းအင်ကနေ တောက်လောင်လာတဲ့ ရိုးရိုးမီးတောက်တွေထက် အဆများစွာ ပိုပြီး အစွမ်းကြီးတယ်.. ကောင်းကင်ဘုံမီးတောက်တွေနဲ့ ဆေးဝါးဖော်စပ်ခဲ့ရင်လည်း ဆေးအစွမ်းက ပိုပြီး ထက်မြက်စေတယ်.. တစ်ခုပဲ... အဲ့ဒီကောင်းကင်ဘုံမီးတောက်က အရမ်းကို အရိုင်းဆန်တယ် ထိန်းရခက်တယ်.. ပြီးတော့ ဒီမီးတောက်တစ်ခု ဖြစ်ပေါ်လာဖို့ကလည်း အရမ်းခက်ခဲတယ်... တကယ်လို့ ကောင်းကင်ဘုံမီးတောက်ကို တွေ့ခဲ့ရင်တောင် သူ့ကို ထိန်းချုပ်ဖို့က အရမ်းကို ခက်ခဲတာ.. " 

" အင်း... မှော်ဆေးပညာရှင်အများစုဟာ သူတို့ဘဝတစ်လျှောက်လုံးနီးပါးကို ကောင်းကင်ဘုံမီးတောက်ကို လိုက်ရှာဖွေကြရင်းနဲ့ပဲ အချိန်ကုန်သွားခဲ့ကြတယ်.. ဒါတောင်မှ မီးတောက်တစ်ခုမှ ရှာမတွေ့ခဲ့ကြဘူး.. နောက်ပြီးတော့ ကောင်းကင်ဘုံမီးတောက်ကို ထိန်းချုပ်ပုံက အဲ့ဒီမီးတောက်ကို ခန္ဓာကိုယ်ထဲ သွင်းရတယ်.. ဒါပေမဲ့ မီးတောက်ရဲ့ သဘာဝက အရမ်းရမ်းကို ဖျက်စီးအားကောင်းတာ.. အမာဆုံးသတ္တုလို့ ဆိုကြတဲ့ မှော်ရွှေစိန်တောင်မှ ဒီကောင်းကင်မီးတောက်ရဲ့ အပူချိန်ကို မခံနိုင်ဘူး... မင်းရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်နဲ့ဆိုရင်တော့ အရှင်လတ်လတ်ကို မီးလောင်သွားမှာပဲ.. အဲဒါကြောင့် အင်မတန်ကို ကံကောင်းတဲ့လူအချို့ကပဲ ကောင်းကင်ဘုံမီးတောက်အနည်းငယ်လောက်ကို သန့်စင်ပြီး ထိန်းချုပ်နိုင်ခဲ့ကြတာ.. ကောင်းကင်ဘုံမီးတောက်ကို ခန္ဓာကိုယ်အတွင်းမှာ ထိန်းချုပ်နိုင်ပြီးဆိုရင်လည်း အဲ့ဒီလူတွေဟာ မှော်ဆေးပညာရှင်လောကမှာ အကြွင်းမဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေကြတယ်.. " 

ရှောင်ယွင် အချိန်အတော်ကြာလောက် အံသြမင်သက်နေမိသည်။ ထို့နောက် သူ့နှုတ်ခမ်းကို သပ်လိုက်ကာ ရွဲ့လော်လက်ဖဝါးပြင်ထက်က မီးတောက်ဆီကို တိုးကပ်ပြီး ကြည့်လိုက်သည်။ ရေခဲတုံးလို အေးစိမ့်စိမ့်ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။ 

" ဆရာ့ရဲ့ မီးတောက်က ကောင်းကင်ဘုံမီးတောက်အမျိုးအစားထဲကပဲ ဟုတ်တယ်မလား... " 

ရှောင်ယွင် စပ်စုကြည့်လိုက်သည်။ 

" ဟီဟီ "    ရွဲ့လော် သူ့လက်ဖဝါးက မီးတောက်ကို ပိုအားကောင်းအောင် မြှင့်တင်လိုက်ရာ သူ့မျက်နှာကို အလင်းဖျော့ဖျော့က ပို၍ အရောင်ပြန်ဟပ်လေသည်။ သူ့မျက်လုံးက စူးရှတောက်ပစွာဖြင့် ဆက်ပြောသည်။ 

" ဒိုချီကုန်းမြေမှာ ငါတို့ ဒီမှော်ဆေးပညာရှင်အသိုင်းအဝိုင်းထဲမှာ ကောင်းကင်ဘုံမီးတောက်တွေကို အဆင့်သတ်မှတ်ထားတာရှိတယ်.. အဲဒါကို ကောင်းကင်ဘုံမီးတောက်အဆင့်သတ်မှတ်ချက်လို့ခေါ်တယ်.. ကောင်းကင်ဘုံမီးတောက်ဟာ စုစုပေါင်း ၂၃ မျိုးရှိတယ်.. ငါ့ရဲ့ မီးတောက်က အဆင့် ၁၁ မှာရှိတယ်.. အရိုးအေးစိမ့်မီးတောက်လို့လည်း လူတွေ သိကြတယ်.. ဒီမီးတောက်တွေဟာ နှစ်ပေါင်းတစ်ရာပြည့်မှပေါ်လာကြတာ.. ဘယ်အချိန်လဲဆိုတော့ နေ ဒါမှမဟုတ် လကြတ်တဲ့အချိန် .. အင်မတန်ကို အေးမြပြီး ယင်ဓာတ်တွေ အများဆုံးရှိနေတဲ့အချိန်ပဲ... " 

" အရိုးအေးစိမ့်မီးတောက်ဆိုပါလား..??  " 

လူးလွန့်ပင့်တက်နေသော အဖြူရောင်မီးတောက်ကို မျက်တောင်ပင် မခတ်ဘဲ ငေးကြည့်ရင်း ရှောင်ယွင် ရေရွတ်မိလေသည်။ 

.....

Chapter 62

62 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 62 -  ရိုက်ခြင်း

လေလံအိမ်ကနေ ထွက်လာခဲ့ပြီးတော့ ရှောင်ယွင်က လမ်းပေါ်မှာ ဟိုသည်လှည့်ရင်း အချိန်ဖြုန်းနေလိုက်တယ်..။ ပတ်ဝန်းကျင်မှာ လူတွေ သိပ်မရှိတော့တာကို မြင်ရတော့မှ အနီးအနားက လမ်းကြားတစ်ခုထဲကို ပြေးဝင်လိုက်တယ်..။ ပြီးတော့ ရှောင်ယွင် ညည်းညူပြောလိုက်တယ်..

“ ဆရာဗျာ..ဆရာလုပ်တာနဲ့  ပေါ်ကုန်တော့မှာပဲ... ”

“ ဟီဟီ.. ငါ ဘာလုပ်လို့လဲ.. ငါလုပ်ပေးတာ မင်းဖြစ်ချင်နေတဲ့ ဆန္ဒတွေပဲ မဟုတ်လား..? ”  

ပုံစံက ရိုးရိုးစင်းစင်းဖြစ်နေတဲ့ အနက်ရောင်လက်စွပ်ကနေ ရွဲ့လော်ရဲ့ ရယ်သံ ထွက်ပေါ်လာတယ်..။

ဒီစကားကြောင့် ရှောင်ယွင်မှာ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်…။ သူ့အဖေကိုလည်း နည်းနည်း အားနာနေသလိုမျိး ခံစားနေရတယ်..။ သူ နှစ်ခါစလုံး လေလံတင်လိုက်တိုင်း သူ့အဖေဆီကပဲ ပိုက်ဆံကို ဖြုန်းခိုင်းနေသလို ဖြစ်နေတယ်..။ အနက်ရောင်ဝတ်ရုံကို မြောင်းထဲ ကန်ထည့်လိုက်ပြီတော့ တိုးတိုးလေး ပြောလိုက်တယ်.. 

“ ရှောင်ကလန်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှာပြီ သူ့ကို ပြန်လျော်ပေးရမယ်.. ဒါဆိုရင် သူ့အတွက် နည်းနည်းတော့ အမြတ်ထွက်မှာပါ..”

လက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို သူ့ရဲ့ အင်္ကျီရင်ဘက်ထဲကို ဖိသိပ်ပြီ သွင်းလိုက်တယ်..။ ပြီတော့ လမ်းကြားကနေ ထွက်လာခဲ့ပြီ ရှောင်ကလန်ရဲ့ အိပ်ဆောင်ဆီကို ကမန်းကတန်း ပြန်သွားတယ်..။

 ရှောင်ကျန်းနဲ့ တခြားသူတွေက ပြန်မရောက်ကြသေးလို့ ကလန်ထဲမှာ လူတွေ သိပ်မရှိကြဘူး..။ တံခါးဝမှာ စောင့်ကြပ်နေတဲ့ အစောင့်တွေကလည်း သူတို့ကလန်ရဲ့ စူပါပါရမီရှင် သခင်လေးကို မြင်တဲ့အခါ သူ့ကို မဟန့်တားရဲကြတော့ပါ။ အစောင့်တွေရဲ့ အပြုအမူကို မြင်လိုက်ရတော့ ရှောင်ယွင် တချက်ပြုံးလိုက်ပြီ အထဲကို ၀င်သွားလိုက်တယ်။ 

ထို့နောက် ခပ်သုတ်သုတ်လေး ပြေးသွားလိုက်ပြီ ရှောင်ယွင်က သူ့အခန်းကို ပြန်ရောက်သွားခဲ့တယ်..။ သူ့ရင်ဘက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို ထုတ်လိုက်တယ်..။ ဒီ ဆေးပင်တွေကို ရတနာတစ်ပါးလို သူ သဘောထားပြီတော့ ကိုင်တွယ်တယ်။ ဆေးပင်နဲ့ အခြားပစ္စည်းတွေကို လက်နှစ်ဖက်နဲ့ သေချာမယူပြီ စားပွဲပေါ် တင်လိုက်တယ်..။
 
ပထမဆုံးတစ်ခုက အရွက်တွေက မှင်ရည်လိုမျိုး မည်းနက်တဲ့ အရွက်နဲ့ နည်းနည်း ၀ါကျင့်ကျင့် ဖြစ်နေတဲ့ အပင်ဖြစ်တယ်..။ ဒီအပင်ကို မှင်အရွက် ကြာပင်လို့ခေါ်တယ်..။ အပင်ရဲ့ အရွက်က အပင် သက်တမ်း ၁၀ နှစ်ရှိနေတာကို ပြောပြနေသလိုပဲ။ 
 
 မြွေအဆိပ်သစ်သီးကတော့ လုံးဝိုင်းတယ်..။ အရွယ်အစားကလည်း လက်သီးဆုပ်တစ်ဝက်လောက် ရှိတယ်..။ အစိမ်းနက်အရောင်ရှိတဲ့ ဒီသစ်သီးကို အနံ့ခံပြီ ရှုကြည့်လိုက်ရင် ချိုမွှေးတဲ့အနံ့ နဲ့ ချဉ်စူးတဲ့အနံ့ကို ရလိမ့်မယ်..။ မြွေအဆိပ်သစ်သီးဆိုတာ တော်တော်ကို ရှားပါတယ်..။ ဒီသစ်သီးကို အဆင့်၅ ဒါမှမဟုတ် ဒီထက်ပို အဆင့်မြင့်တဲ့ မှော်မြွေ သားရဲတွင်းကနေပဲ ရနိုင်တယ်။ ဒီသစ်သီးက မြွေတွေနဲ့ ဆက်နွယ်နေလို့ သစ်သီမှာ အေးမြတဲ့ ယင်သဘာဝတွေ အများကြီးပါဝင်ပါတယ်..။ အဲဒါကြောင့်မို့ ဆေးဖော်စပ်တဲ့အခါမှာ ဆေးအစွမ်းထက်ဖို့ ကြားခံအနေနဲ့ သူ့ကို မကြာခဏ သုံးကြပါတယ်။ 

ဝိညာဉ်ပေါင်းစည်းမြက်ပင်ဆိုတာကလည်း ကြည့်လိုက်ရင် သာမန်မြက်ပင်ပုံစံမျိုးပါပဲ..။ သေးသွယ်ပြီတော့ အဖျားမှာ အ၀ါရောင်အလင်း ရှိနေတယ်..။ အလင်းက ထင်ရှားလေ မြက်ပင်ရဲ့စွမ်းအင်ကလည် ပိုပြီသန့်စင်လာလေ ဖြစ်တယ်။ 

ဆေးပင်တွေကို တစ်ခုပြီတစ်ခု ကြည့်လိုက်ပြီတဲ့အခါမှာတော့ ရှောင်ယွင်က အသံကို နှိမ့်လိုက်ပြီ စိတ်မရှည်တော့တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်..။

“ ဆရာ.. ပစ္စည်းတွေ အားလုံးလည်း ရှိနေပြီ.. ကျွန်တော်တို့ စလိုက်တော့မလား.. ”

“ ဘာဖြစ်လို့ စိတ်မရှည် ဖြစ်နေရတာတုန်း.. မသိလို့ရှိရင် ဒီဆေးပင်က သူ့ဘာသာ  ခြေထောက်ပေါက်ပြီ ထပြေးတတ်တာကျနေတာပဲ.. ငါတို့ ဆေးကို သန့်စင်တဲ့အချိန်ကျရင် လုံးဝကို အနှောင့်အယှက်ရှိလို့မရဘူး.. အပြင်မှာ အလင်းရောင် ရှိနေတုန်းပဲ.. တကယ်လို့ တစ်ယောက်ယောက်က ၀င်လာခဲ့ရင် ငါတို့ အနှောင့်အယှက်ခံရရင် ဘယ်လိုလုပ်မလဲ… ငါတို့အကြောင်းကို သိသွားမယ်.. ဒီ ဆေးပစ္စည်တွေကလည်း ပျက်စီးသွားလိမ့်မယ်..”

လက်စွပ်ထဲကနေ ရွဲ့လော်အသံက နောက်ထပ် ထွက်လာတယ်။ 

“ ညကျမှ လုပ်တာ ပိုကောင်းတယ်.. ”

ဒီစကားကို ကြားရတော့ ရှောင်ယွင် စိတ်ဓာတ်ကျပြီ အသက်ပြင်းချလိုက်ပြီတော့ ခေါင်းခါလိုက်တယ်..။ ဆေးပင်ဆေးရွက်တွေကို ဘီရိုထဲ ဖွက်ထားပြီးတော့ တခြား သူဘာလုပ်လို့ရမှာလဲ.. အိပ်ယာမှာ လှဲပြီတော့ ညရောက်တဲ့အထိ စောင့်ရမှာလား..? 

နာရီဝက်လောက် သူ အိပ်ရာထဲ လှဲနေတဲ့အချိန်မှာပဲ သူ့အခန်းတံခါးကို တစ်ယောက်ယောက်က ဘန်းခနဲ ကန်ဖွင့်လိုက်တယ်..။ 

ဆွဲဆောင်မှုရှိပြီ သွယ်ပျောင်းတဲ့ ခြေတံတစ်စုံက အခန်းထဲ လျှောက်ဝင်လာတယ်..။ ၀င်လာတဲ့သူက ရှောင်ယုပဲ ဖြစ်တယ်..။ သူမက အခန်းထဲကို ကြည့်လိုက်တော့ အခန်းထဲမှာ ငိုက်မြည်းနေတဲ့ ရှောင်ယွင်ကို တွေ့လိုက်တယ်..။ 

သူမက အေးစက်တဲ့ လေသံနဲ့  ခပ်ရွဲ့ရွဲ့လေး ပြောလိုက်တယ်..။

 “ သခင်လေး.. ညနေစာကို လာမစားဘူးလား.. ညနေစာလာစားဖို့ လာခေါ်မှာကို မျှော်နေတာလား.. ”

ရှောင်ယွင်မှာ ငိုက်မြည်းနေရာကနေ အလန့်တကြားဖြစ်သွားတယ်..။ အိပ်ရာကနေ  ထထိုင်လိုက်ပြီ ရှောင်ယုကို ကြက်သေသေပြီ ကြည့်နေလိုက်မိတယ်..။ ခဏနေကျမှ ရှောင်ယွင် ချွေးစီးပြန်သွားကာ

“ သေစမ်းဟ.. တော်သေးတာပေါ့.. ဒီအချိန်မှာ ဆရာ ဆေးသန့်စင်တာကို မလုပ်လိုက်မိတာ..ဒီမြေခွေးမကတော့..”

တကယ်လို့ ရှောင်ယုက တွေ့သွားခဲ့ရင်..!! ရှောင်ယွင် စိတ်ကူးကြည့်လိုက်တာနဲ့တင် ရင်တုန်ပန်းတုန် ဖြစ်သွားတယ်..။ ရှောင်ယွင် ဂလုခနဲ တံတွေးမျိုချလိုက်တာကို တစ်ယောက်ယောက်ကတောင် ကြားနိုင်တယ်..။ ဒါပေမဲ့ သူ ရှောင်ယုကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဒေါသက သူ့ရင်ထဲမှာ ဆူပွက်လာတယ်..။

သူ့ရဲ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်..။ ရှောင်ယွင် အသက်ပြင်း အရှည်ကြီးချလိုက်ပြီတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်..။ သိပ်မကြာခင်က သူ့ရင်ထဲမှာ ကြောက်လန့်သွားတဲ့နေရာမှာ အမျက်ဒေါသက ရောက်လာတယ်..။ 

“ ငတုံးမ.. လူမှုကျင့်ဝတ်ကိုတောင် နင် မသိဘူးလား.. အခန်းထဲကို ၀င်လာလို့ရပါတယ်.. ဒါပေမဲ့ တံခါးခေါက်ရတယ်ဆိုတာ မသိဘူးလား.. သွန်သင်ဆုံးမတာ မခံခဲ့ရဘူးလား.. ”

ရှောင်ယွင် ထိန်းမနိုင်သိမ်းမနိုင် ဒေါသတကြီး ဖြစ်နေတာကို ပထမဆုံးအကြိမ် ရှောင်ယု မြင်ဖူးခြင်း ဖြစ်တယ်..။ ရှောင်ယွင်က သူမကို ငတုံးတစ်ကောင်လို ကြည့်နေပါတယ်။ ဆက်တိုက်ကို ကြမ်းကြမ်းတမ်းတမ်းပြောပစ်လိုက်တဲ့ ရှောင်ယွင်စကားကြောင့် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာက ဖျော့တော့သွားပြီ တစ်ချိန်တည်းမှာပဲ သူမက အံကြိတ်လိုက်တယ်..။

“ ကောင်စုတ်..ငါ မင်းရဲ့ အခန်းတံခါးကို ကန်တယ်ကွာ.. ဘာဖြစ်လဲ.. ဒီနေ့ကစပြီ မင်းရဲ့ အခန်းတံခါးကို ငါ နေ့တိုင်းလာကန်မယ်.. ”

ရှောင်ယုက သူ့ကို စော်ကားနေလေရာ ရှောင်ယွင်မျက်နှာက ဖြူဖျော့သွားတယ်..။ ထို့ကြောင့် သူ လက်သီးကို မြှောက်ပြီ ဆုပ်လိုက်တယ်..။
“ လေဟာနယ်လက်ဝါး..”

ပြင်းထန်အားကောင်းတဲ့ စုပ်လေအားက ရှောင်ယွင်လက်ဝါးပြင်ကနေ ထွက်ပေါ်လာပြီ ရှောင်ယုကို ဆွဲယူလိုက်တယ်..။ရှောင်ယုမှာ ယက်ကန်ယက်ကန်ဖြင့်  အိပ်ရာအရှေ့မှာ မတ်တပ်ရပ်လျက်သား ရောက်သွားစေခဲ့ပြီတော့ ရှောင်ယွင်က သူမကို အိပ်ရာပေါ် ဆွဲလှဲပစ်လိုက်တယ်..။ 

အဆင့် ၉ ကို ရောက်သွားပြီနောက်ပိုင်းမှာ ရှောင်ယွင်ရဲ့ လေဟာနယ်စုပ်အားက အနည်းငယ် တိုးတက်လာခဲ့တယ်..။ အရင်ရက်တုန်းကဆိုရင် လူတစ်ယောက်ရဲ့အလေးချိန်ကို ရွေ့အောင်လုပ်ဖို့ဆိုတာ သူ့အတွက် ခက်ခဲပါတယ်..။ ဒါပေမဲ့ အခုတော့ တော်တော်လေး အဆင်ပြေနေပါပြီ..။

တိုးတက်လာတဲ့ စွမ်းရည်ကြောင့် ရှောင်ယွင် အနည်းငယ် အံ့သြသွားလိုက်ပေမဲ့လည်း ဒီခံစားချက်က သိပ်အကြာကြီး မခံလိုက်ဘူး..။ ဒေါသက ပြန်ဝင်လာတယ်..။ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီတော့ ရှောင်ယုရဲ့ ညှို့ငင်အားကောင်းလှတဲ့ ခြေထောက်နှစ်ချောင်းကို ဖမ်းချုပ်လိုက်ပြီ သူမရဲ့ ချပ်ရပ်ပြီ ချော့မွေ့တဲ့ ဗိုက်သားကို တက်ဖိထားလိုက်တယ်..။ ပြီးတော့ ခပ်မြန်မြန်ပဲ အရှေ့တက်ပြီ သူမရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်ထားလိုက်တယ်..။ 

ရှောင်ယွင်နဲ့ သူမ ကိုးရိုးကားရား ပုံစံကြီး ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူမ အရမ်းကို ထိတ်လန့်တွေဝေသွားတယ်..။ 
ခဏနေကျမှ သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ပါးပြင်က နီရဲလာပြီိ ပြင်းပြင်းထန်ထန်ကို ရုန်းထွက်ဖို့ ကြိုးစားပါတော့တယ်..။ အံကိုကြိတ်ပြီတော့ အော်ဟစ်လိုက်တယ်..။ 
 
" ခွေးကောင်.. ဖယ်စမ်း.."

ရှောင်ယုရဲ့ လက်နှစ်ဖက်ကို အတော်လေး ဖိချုပ်ထားနေရလို့ ရှောင်ယွင်မှာ တုန်လှုပ်လာခဲ့တယ်..။ ရှောင်ယုရဲ့ နောက်ထပ် ရုန်းကန်လိုက်တဲ့အချိန်မှာ ရှောင်ယွင်က ထပ်မဖိတော့ဘဲ သူမလက်ကို ဆွဲယူပြီတော့ ကောက်လှန်ပစ်လိုက်တယ်..။ 

သူမ ခန္ဓာကိုယ်က မှောက်ခုံဖြစ်သွားတာကြောင့် ရှောင်ယုရဲ့ နောက်ကျော... မောက်မို့နေသော တင်သား...လှပတဲ့ ခြေတံရှည်.. စတဲ့ ကောက်ကြောင်းလှိုင်းပြေတွေက  ပြက်ပြက်ထင်ထင်ကို ပေါ်လွင်နေတော့တယ်..။ 

ဒါပေမဲ့ ရှောင်ယွင်မှာ ဒါတွေကို မကြည့်အား..။ အံကိုကြိတ်လိုက်ပြီ လက်ဝါးကိုလည်း မြှောက်လိုက်ပြီးတော့ လုံးဝကို မစဉ်းစားနေတော့ဘဲနဲ့ သူမရဲ့ လုံးတင်းနေတဲ့ တင်ပါးကို အားကုန် ရိုက်ချလိုက်တယ်..။ 

" ဖြန်းးး " 

အသံပြတ်တစ်ခုက ထွက်ပေါ်လာပြီ အခန်းအထဲမှာတောင် ပဲ့တင်သံတောင် ဖြစ်သွားတယ်..။ 

" မှတ်ပြီးလား.. နောက်တစ်ခါ အခန်းထဲဝင်ချင်ရင်.. တံခါးအရင်ခေါက်ရတယ်.. " 

...........

Chapter 61

61 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 61 -  ရုပ်ဖျက်ခြင်း

မျိုးနွယ်စု သုံးဖွဲ့သည် လေလံခန်းမ၏ ၀င်ပေါက်ကနေ ထွက်ခွာတော့မည့်အချိန်တွင် မျိုးနွယ်ခေါင်ဆောင်တွေအချင်းချင်းတွေဟာ တစ်ယောက်ကို တစ်ယောက် အတုအယောင်အပြုံးများ သာယာဖွယ်မရှိသော ရယ်သံများဖြင့် နှုတ်ဆက်လိုက်ကြသည်။ မမြင်ကွယ်ရာမှာ သူတို့၏ မျက်နှာတွေသည် ရန်လိုခြင်း.. လှောင်ပြောင်ခြင်းတွေက သူတို့မျက်နှာမှာ ဖြစ်ပေါ်နေသည်။

မျိုးနွယ်စုသုံးစုသည် ဟိတ်ဟန်ထုတ်ပြီ  ခန်းမကို ကျော်ဖြတ်၍ လမ်းလျှောက်ထွက်လာရာ လမ်းတစ်လျှောက်မှာ ရှိသောလူတွေက အလျင်အမြန်ပဲ ဘေးကို ကပ်လျှောက်လိုက်ကြသည်။ ၀ူတန်မြို့မှာ မျိုးနွယ်စုသုံးစုကို ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ စွမ်းအားရှင်ဆိုတာ မရှိပါဘူး။

ထိုအခိုက် အနားမှာရှိနေတဲ့ အော့ပါးဘာကို ရှောင်ကျန်းက စကားလှမ်းပြောလိုက်တဲ့အချိန်မှာ ရုတ်တရက် ရှောင်ကျန်းသည် လမ်းလျှောက်နေတာ တုံ့ခနဲ ဖြစ်သွားပြီ သူ့ခြေလှမ်းက ရပ်တန့်သွားသည်။

ရှောင်ကျန်းရပ်တန့်သွားတာကို ကြည့်ုပြီး အားလုံးက ရှောင်ကျန်းကြည့်ရာဘက်ကို လိုက်ကြည့်လိုက်ကြသည်။ ကြည့်မိလိုက်သည်ခဏမှာ သူတို့ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်လှုပ်သွားပြီ ဂျားလီဘီနှင့် အော့ပါးဘာတို့တောင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ 

သူတို့ မြင်လိုက်ရသည်က ခန်းမ၏ တခြားသော ၀င်ပေါက်ကနေ လူသုံးယောက်ဟာ ပုံမှန် လမ်းလျှောက်ထွက်လာကြသည်ကိုပင် ဖြစ်သည်။ အရှေ့က ဦးဆောင်လာသောလူမှာ လူတိုင်း မမျှော်လင့်ထားသည့် ပထမတန်းလေလံအိမ်၏ လေလံမှူး ရဖေး ဖြစ်နေသည်။  လေလံအိမ်ကို မကြာခဏရောက်နေတတ်ကြသည့် ဖောက်သည်တွေမို့ ရှောင်ကျန်းနှင့် အားလုံးဟာ ရဖေး၏ အတွင်းစိတ်အမှန်ကို သိထားကြသည်။ ဒီမိန်းမဟာ အမြဲတမ်းပြုံးရွှင်နေသော မျက်နှာထားဖြင့် နေတတ်ပါသော်လည်း အမှန်မှာ သူမဟာ အင်မတန်ကို မာနကြီးသူတစ်ယောက်ပါ။ 

ဒီမတိုင်ခင်အချိန်မှာလည်း အော့ပါးဘာသည် သူမကို ကျွေးမွေးချင်လို့ ဖိတ်ခေါ်ပါသော်လည်း ယဉ်ကျေးစွာ ငြင်းပယ်ခြင်းကို တစ်ခါတည်း ခံလိုက်ရသည်။ ဒီအဖြစ်အပျက်ကြောင့် သူမဟာ အပြင်မျက်နှာမှာ ချိုသာသလောက် ချဉ်းကပ်ဖို့ မလွယ်မှန်း လူတွေ သဘောပေါက်လိုက်ကြသည်။  

ဒါပေမဲ့ ဒီလောက် ဘ၀င်ခေါင်ခိုက်နေသည့် အမျိုးသမီးက ဒီနေ့မှာတော့ လုံးဝကို ပြောင်းပြန်ပဲ.. သူမဟာ ဧည့်သည်ကို ရိုသေလေးစားစွာဖြင့် အရှေ့ကနေ လမ်းပြပေးနေသည်။ ဒီမြင်ကွင်းက ရှောင်ကျန်းနှင့် လူအများကို မှင်တက်သွားစေခဲ့သည်။

သူတို့သုံးယောက်အနက် နောက်ဆုံးလူသည် လေလံအိမ်၏ မှော်ဆေးပညာရှင်ဖြစ်သူ အကြီးအကဲကုနီဖြစ်ပြီ သူဟာ ပြုံးဖြီးနေလျက် ထူးဆန်းစွာ အနက်ရောင်အ၀တ်ကို ခြုံထားသော လူကြီး၏ နားကို ကပ်တိုးပြီ စကားပြောနေသည်။ အပြုံးတွေက သူ့မျက်အနှာအပြည့် ရှိနေပြီ ၀မ်းသာနေကာ အနက်ရောင်လူကြီးကို  မျက်နှာချိုသွေးနေသည်ကို သူတို့ မြင်လိုက်ရသည်။

တကယ်၍ ရဖေး၏ ရိုသေလေးစားနေသည့် ပုံစံက ရှောင်ကျန်းတို့ လူစုကို အံ့အားစေခဲ့သည်ဆိုလျှင် ကုနီ၏ ပုံစံက သူတို့ကို ထိတ်လန့်စေပြီ ကြက်သေ သေစေသည်။

ကုနီမှာ ၀ူတန်မြို့၏ အဆင့်မြင့်ဆုံး မှော်ဆေးပညာရှင်ဖြစ်သည့်အားလျော်စွာ မျိုးနွယ်သုံးစု၏ ခေါင်းဆောင် သုံးယောက်သာ သူကို တိုက်ရိုက် တွေ့နိုင်သည်။ တွေ့ဆုံသည့်အခါမှာလည်း လေးစားစွာ ဆက်ဆံရပြီ နည်းနည်းလေးတောင်မှ မထီမဲ့မြင် မပြုရဲကြပါဘူး။ 

အဆင့်၂ မှော်ဆေးပညာရှင်အနေဖြင့် ကုနီဟာ မှော်ဆေးပညာရှင်ဖြစ်ရတာကို အရမ်းကို ဂုဏ်ယူနေသူတစ်ယောက်ပါ။ စကားပြောဆိုသည့်နေရာမှာလည်း ဂရုမစိုက်ဟန်ဖြင့် ပြောဆိုတတ်ပြီ တစ်ခြားသူတွေကို သူ့အပေါ် ရိုသေလေးစားအောင်လည်း လုပ်တတ်သည်။ 

ဒါပေမဲ့ ဒီလိုအကျင့်ရှိသည့် လူမျိုးက ယခုအခါမှာတော့ လုံးဝကို ရိုသေလေးစားဟန်ပြနေပြီ သူ့၏ ဖြစ်ပေါ်နေသာ အပျော်မျက်နှာကိုပင် လုံးဝ ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ချေ။ 

( ဒီ.. ဒီလူကြီး.. ကျေးဇူးအတင်ခံရဖို့ ကြံစည်နေတာပဲ.. ဟိုလူကြီးကရော ဘယ်သူများလဲ.. ??)

ဒီမြင်ကွင်းက သူတို့ကို လုံးဝ အံ့သြစေခဲ့သည်။ ထို့နောက် သူတို့ အကြည့်က အလယ်မှာ ရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးဆီကို ရောက်သွားသည်။

ထောင်ထောင်မောင်းမောင်းအရပ်အမြင့်နှင့် လူပုံရိပ်ကို မြင်လိုက်ရတဲ့အခါမှာ ရှောင်ကျန်းခမျာ စိုးရိမ်စွာ တွေးလိုက်မိသည်။ 

“ ဒီလူကြီးက ဘယ်သူများလဲ.. ပထမတန်းလေလံအိမ်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေတောင်မှ အလေးပေးဆက်ဆံနေရတယ်.. ဒီလိုအဆင့်မြင့်တဲ့ လူတစ်ယောက်က ၀ူတန်မြို့ကို ဘာလာလုပ်တာလဲ.. ”

ရှောင်ကျန်းသည် ခြောက်သွေ့နေသော သူ့နှုတ်ခမ်ကို လျှာဖြင့် သပ်လိုက်ပြီနောက် ဘက်ညာ ဘေးနှစ်ဖက်ကိုလည်း ကြည့်လိုက်ရာ သူ့လိုပင် ဂျားလီဘီနှင့် အော့ပါးဘာလည်း သူ့လိုပင် သိချင်စိတ်ပြင်းပြနေပြီတော့ အံ့သြနေတာကို တွေ့လိုက်သည်။

ထို့နောက် ရှောင်ကျန်းသည် လှမ်းလာနေသော လူသုံးယောက်ကို မျှော်လင့်ချက်ဖြင့် မော့ကြည့်လိုက်ပြီနောက် အရှေ့ကို နှစ်လှမ်း လှမ်းလိုက်ပြီ ပြုံးရွှင်စွာဖြင့်

“ မိန်းကလေးရဖေး.. အကြီးအကဲကုနီ.. ဟားဟား.. ခင်ဗျားတို့နှစ်ယောက်ကို အတူတူတွေ့ရဖို့ဆိုတာ ကြုံဖို့ မလွယ်ဘူးနော်..”

“ ဟားဟား.. ကျွန်တော်တို့က ဧည့်သည်ကို လိုက်ပို့တာပါ.. ဒါလေးပါပဲ.. ” 
မိန်းကလေး ရဖေးက အသာအယာ ရယ်မောပြီ ပြောလိုက်သည်။

“ အိုး..ဟားဟား..” 
 
ဂျားလီဘီလည်း အနားတိုးလာပြီ ရယ်မောလေသည်။ ထို့နောက် ရဖေးကို ကြည့်နေရာကနေ အနက်ရောင်အ၀တ်ရုံနဲ့ လူကြီး ကိုကြည့်လိုက်ပြီ အရောတ၀င်ဖြင့် မေးလိုက်သည်။

“ ဟားဟား.. ဒီလူကြီးမင်းကိုတော့ မမြင်ဖူးဘူးခင်ဗျ.. ၀ူတန်မြို့ကပဲလား.. ဟဟ..ခင်ဗျားကိုတော့ ကျုပ် မရင်းနှီးသလိုပဲ.. ”

“ အဟမ်း.. ဂျားလီမျိုးနွယ်ခေါင်းဆောင်.. ဒီလူကြီမင်းက ပထမတန်းလေလံအိမ်ရဲ့ အဖိုးတန်ဧည့်သည်ပါ.. .. ” 
 
အကြီးအကဲကုနီသည် မျက်မှောင်ကြုတ်လိုက်ပြီ ဂျားလီဘီကို လက်လွတ်စပယ် မေးခွန်းမမေးဖို့ ချောင်းဟန့်ပြီ သတိပေးလိုက်သည်။

ကုနီ၏ သတိပေးသည့် လေသံကို ကြားလိုက်ရသည့်အခါမှာ ဂျားလီဘီ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီ လေသံတိုးတိုးဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်။

“ အကြီးအကဲ ကုနီတောင်မှ ဒီလောက် စိုးထိတ်နေတာ... ဒီပုဂ္ဂိုလ်က ဘယ်သူများပါလိမ့် ”

 ဂျားလီဘီပင် ရှိုးတိုးရှန့်တန့် ဖြစ်သွားတာကို မြင်သောအခါ ရှောင်ကျန်မှာလည်း သူ ၀င်ပြောမည့်စကားကို ပြန်မျိုချလိုက်သည်။ အကြီးအကဲကုနီ၏ သတိပေးပုံကို ထောက်ရှု့ရသော် အနက်ရောင်ဝတ်စုံနှင့် လူကြီဟာ သူတို့ထက်ပင် အဆင့်မြင့်နေသည်ဆိုတာ သေချာနေပါပြီ။ ထို့ကြောင့် ရှောင်ကျန်းလည်း ဘာမှ ဆက်မပြောတော့ဘဲ အနည်းငယ် ရယ်မောလိုက်ကာ  လိမ္မာပါးနပ်စွာ အနောက်ကို ဆုတ်လိုက်သည်။

“ သင်က ရှောင်မျိုးနွယ်က ရှောင်ကျန်းလား..??” 
ရှောင်ကျန်း အနောက်ဆုတ်မည်ကို မြင်၍ တိတ်ဆိတ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူကြီးက အက်ကွဲသော လေသံဖြင့် ရုတ်တရက်မေးလိုက်သည်။ 

ထိုလူကြီး၏ မေးမြန်းအသံကို ကြားလိုက်ရသောအခါ ရှောင်ကျန်းမှာ တချက် ကြောင်အသွားသည်။ ခဏတာမျှ တွေဝေသွားပြီ သူ ခေါင်းညိတ်လိုက်သည်။

“ မင်းရဲ့ မျိုးနွယ်ထဲက သခင်လေးတစ်ယောက်ဟာ အခြေခံဆေးလုံးကို သုံးပြီ အဆင့် ၉ ကို ရောက်သွားတယ်လို့ ငါကြားခဲ့တယ်… ဟားဟား.. ဒါဟာ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ.. ”

အနက်ရောင်ဝတ်စုံနှင့် လူကြီးက ပုံမှန်လေသံဖြင့် ပြောလိုက်ပြီ ရယ်မောလိုက်လေသည်။

ထိုလူကြီးက ဖော်ရွေစွာ စကားပြောလာ၍ ရှောင်ကျန်းမှာ ၀မ်းမြောက်သွားပြီ ပြုံးရယ်လိုက်ကာ “ ကျွန်တော့်သားက ကံကောင်းတာပါ ”

အနက်ရောင်ဝတ်ရုံနှင့် လူကြီးဟာ သူ့လက်ကို အသာအယာ ယမ်းပြလိုက်ပြီ ပြုံးရင်းပြောလိုက်သည်။ 
“ကံကောင်းခြင်းဆိုတာ စွမ်းအားရဲ့ တစ်စိတ်တစ်ဒေသပဲ.. တကယ်လို့ အခွင့်အရေးတွေ ရှိလာခဲ့ရင် သူနဲ့ ဆုံတွေ့ချင်သေးတယ်.. အင်း သူက မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်ချင်ရင် ဖြစ်လာနိုင်တယ်.. ”

မှင်တက်သွားသော ရှောင်ကျန်းမှာ ထိုလူကြီး ပြောသွားတဲ့ အဓိပ္ပါယ်ကို နားမလည်နိုင် ဖြစ်သွားသည်။

“ ဟုတ်ပါပြီ.. နောင် အနာဂတ်မှာလည်း အခွင့်အလမ်းရခဲ့ရင် ရှောင်ကလန်နှင့် အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ လာခဲ့ပါဦးမယ်..”

အနက်ရောင်ဝတ်ရုံနှင့်လူကြီးဟာ ပြုံးလိုက်ပြီနောက် ကုနီနှင့် ရဖေး ကို လှည့်ကြည့်လိုက်ပြီ
“ လိုက်မပို့ပါနဲ့တော့.. ငါ့မှာ လုပ်စရာအချို့ကျန်သေးတယ်.. ကဲ   အရင်သွားတော့မယ်.. ”

ပြောပြီတာနဲ့ ချက်ချင်းပဲ သူတို့၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ခြေလှမ်း ခပ်ကျဲကျဲဖြင့် လေလံအိမ်အပြင်ဘက်ကို ရှောင်ယွင် ထွက်လာခဲ့တော့သည်။ 

ရှောင်ကျန်းမှာ အီလည်လည်ဖြင့် ခေါင်းကုတ်လိုက်ပြီ ခေါင်းကို လှည့်လိုက်ရာ ကုနီနှင့် ရဖေး တို့သည် သူ့ကို မနာလိုသော မျက်နှာထားဖြင့် ကြည့်နေသည်ကို တွေ့လိုက်သည်။

“ ရှောင်ခေါင်းဆောင်.. ဒီလူကြီးကို သိလို့လား.. ??” 
မိန်းကလေး ရဖေးက မေးမြန်းလိုက်သည်။

“ အင်း.. ဒါ ပထမဆုံးအကြိမ် သူတို့ တွေ့ဖူးတာပဲ..” 
ထူးဆန်းသော အမူအရာ ဖြစ်နေသော ကုနီနှင့် ရဖေးကို ရှောင်ကျန်းသည် အတင်းပြုံးလိုက်ပြီ ခေါင်းကို ခါယမ်းပြလိုက်သည်။ 

“ အင်းး… ရှောင်မိသားစုတော့ ဘုရားမတာပဲ ”

ကုနီမှာ ခေါင်းကို အသာအယာ ယမ်းလိုက်သည်။ အခြေခံဆေးလုံးကို ရတနာတစ်ပါးလို ရင်ခွင်ပိုက်ထားသော ဂျားလီဘီကို တစ်ချက်ကြည့်လိုက်ပြီ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ အဲဒီဆေးတွေကို ဖော်စပ်တဲ့သူက သူပဲ..”

မျိုးနွယ်ခေါင်းဆောင်သုံးယောက်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားသည်။

ခဏအကြာမှာ ရှောင်ကျန်း၏ မျက်နှာက ၀င်းပသွားလေသည်။ အနက်ရောင်ဝတ်ရုံနှင့် လူကြီးက မှော်ဆေးပညာရှင်ဖြစ်လိမ့်မည်ဟု သူမထင်ထားမိချေ။ စောစောက ဖြစ်ပျက်သွားသော ကုနီ၏ အမူအရာကို ကြည့်ပြီ ထိုလူကြီးမှာ ကုနီထက် ပိုပြီအဆင့်မြင့်နေသည်မှာ သေချာလေပြီ။

အဆင့်၂ မှော်ဆေးပညာရှင်တောင်မှ ဒီလောက် သြဇာအာဏာရှိပြီ ခန့်ညားနေတာ.. အဆင့် ၃ .. အဆင့် ၄ မှော်ဆေးပညာရှင်ဆိုရင် ဘယ်လိုများ ဖြစ်နေမလဲ..

ဘုရားမတာပဲ.. သူ့ရဲ့ ကလန်မျိုးအနေနဲ့ ဒီလို အဆင့်မြင့် မှော်ဆေးပညာရှင်နဲ့ တွေ့ဆုံနိုင်ဖို့ဆိုတာ ဘယ်လိုမှ အဆင့်မမှီပါဘူး.

အနက်ရောင်ဝတ်စုံနှင့် လူကြီးက နောင်အခါ သူ့ကလန်ကို လာပြီ အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဆိုတာကို ပြန်တွေးမိတဲ့အခါ ရှောင်ကျန်း မျက်လုံးများက ပြူးကျယ်သွားကာ သတိလက်လွတ် အသံထွက် ရေရွတ်လိုက်မိသည်။
“ ငါတို့ တော့ ကံကောင်းပြီဟ..” 

ဘေးဘက်မှာ ရှိနေတဲ့ ဂျားလီဘီနှင့် အော့ပါးဘာ မှာ  အံ့သြနေတဲ့ အရိပ်အယောင် ပျောက်ကွယ်သွားပြီ အဲ့ဒီအစား သူတို့ မျက်လုံးတွေက မနာလိုခြင်းကြောင့် ယုန်မျက်လုံးကဲ့သို့ နီမြန်းသွားလေသည်။ 

………

Chapter 60

60 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 60 -  ပါဝင်ပစ္စည်းရပြီ

လေလံပွဲ ပြီးတော့မည်ကို မြင်သောအခါ ရှောင်ယွင် လစ်ထွက်သွားဖို့ လမ်းစရှာလေသည်။

လေလံခန်းမကနေ ဂရုတစိုက်နှင့် ထွက်ခွာလာပြီ နီးစပ်ရာလမ်းသွယ်တစ်ခုကို ၀င်၍ အတော်တန်လျှောက်လာခဲ့ပြီးမှ ထောင့်ချိုးတစ်ခုထဲကို ကွေ့ဝင်လိုက်သည်။ ၀င်လိုက်ပြီသည်နှင့် သူ့၏ အနက်ရောင်ဝတ်ရုံကြီးကို ထုတ်ပြီ ကောက်ဝတ်လိုက်သည်။ တကိုယ်လုံးကို အနက်ရောင်အ၀တ်ဖြင့် လုံခြုံစွာ ၀တ်ဆင်လိုက်ပြီမှ လေလံခန်းမဆီကို ဖြည်းညှင်းစွာ ပြန်လှည့်လာခဲ့သည်။

သူ့ကို အဆင့်၎ မှော်ဆေးပညာရှင်ဟု ရဖေးက တွေးထင်ထားပြီမို့ သူမဟာ အစောင့်တစ်ယောက်ကို လေလံခန်းမအနားမှာ အစောင့်ထားထားပြီ ထူးခြားတဲ့ လူကြီး၏ အရိပ်အယောင်ကို စောင့်ကြည့်ခိုင်းထားလေသည်။ ထို့ကြောင့် မကြာမီ ရှောင်ယွင် ရောက်လာသည်ကို တွေ့သည်နှင့် ချောမောပြီ လှပသည့် အစောင့်မိန်းကလေးက သူ့ကို အနောက်ခန်းဆီကို ခေါ်ဆောင်သွားပြီ သူ့အနားမှာ စောင့်ရပ်နေသည်။

အခန်းထဲမှာ တိတ်ဆိတ်စွာဖြင့် ထိုင်ခုံမှာ ထိုင်စောင့်နေရင်း ရှောင်ယွင် အရှေ့က စားပွဲပေါ်က လက်ဖက်ရည်ပန်းကန်လုံးကို ယူပြီ စုပ်သောက်လိုက်သည်။ ဘေးနားမှာ ရပ်စောင့်ပေးနေသော အစောင့်မိန်းကလေးကို ဖျတ်ခနဲ ကြည့်လိုက်ပြီ ခေါင်းကို ညိတ်ပြလိုက်သည်။ ထိုအချိန်တွင် ရှောင်ယွင်၏ နှုတ်ခမ်းက မလှုပ်ရှားဘဲနဲ့ ရွဲ့လော်၏ လူကြီးအသံက ထွက်လာသည်။ 

“ လေလံပွဲပြီးဖို့ ဘယ်လောက်ကြာဦးမလဲ?”

“ ရှင်.. ”

ရုတ်တရက်မေးလိုက်သော မေးခွန်းက အစောင့်မိန်းကလေးကို လန့်ဖြန့်သွားစေသည်။ အနက်ရောင်အ၀တ်ဖြင့် ဖုံးလွှမ်းထားသော ရှောင်ယွင်ကို အစောင့်မိန်းကလေးက တိတ်တခိုး ကြည့်နေ၍ ဖြစ်သည်။ မိန်းကလေးက  ဖြူဖျော့နေသော မျက်နှာ..ပြီးတော့ သူမလက်သေးသေးလေးကို တင်းကျပ်စွာ အပြန်အလှန် ဆုပ်ကိုင်ထားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ဖြေလိုက်သည်။

“ လူကြီးမင်းရှင်.. လေလံပွဲက ပြီးသွားပါပြီ.. သခင်မလေး ရဖေးက ပိုက်ဆံ လွှဲပြောင်းပေးဖို့ လုပ်ထုံးလုပ်နည်းတွေကို အရင်ဆောင်ရွက်နေလို့ပါရှင့်.. ”

ယုန်ဖြူတစ်ကောင်လို ကြောက်ကြောက်လန့်လန့်ဖြစ်နေသော မိန်းကလေးငယ်ကို ကြည့်ပြီ ရှောင်ယွင် စိတ်များ နောက်ကျရှုပ်ထွေးသွားလေသည်။
ငါက ဒီလောက်တောင် ကြောက်စရာကောင်းနေလို့လာဗျာ.. မတတ်နိုင်ဘူးလေ.. ဒီဟာကြီးကို လက်မခံချင်ဘဲ လက်ခံရတော့မယ်ပေါ့..ဟူးး 

ရှောင်ယွင် ခေါင်းကိုခါယမ်းလိုက်ပြီ တိတ်တိတ်ပဲ နေလိုက်တော့သည်။

မိန်းကလေးဟာ ရှောင်ယွင် ဘေးနားမှာ တိတ်တိတ်လေး ကိုယ်ကို ညွတ်ထားပြီ ရပ်နေလိုက်သည်။ ရှောင်ယွင်ကို နောက်တကြိမ် တိတ်တိတ်လေး ချောင်းကြည့်လိုက်ပြန်ကာ အသက်ပြင်းလေး တကြမ် ခိုးချလိုက်မိသည်။ 

ထူးခြားသော လူကြီးက တကယ်လို့ “အပိုကိစ္စ” ကို တောင်းဆိုလာခဲ့လျှင် အတတ်နိုင်ဆုံး စိတ်ကျေနပ်အောင် ဖင်လေးတွဲ့မှုမရှိဘဲ ဆောင်ရွက်ပေးဖို့ အကြီးအကဲကုနီက သူမကို တာဝန်ပေးစဉ်အခါက သေချာ သတိပေးမှာထားသည်။

လေလံအိမ်တွင် အလုပ်လုပ်လာသည်မှာ တစ်နှစ်မျှ ရှိနေပြီမို့ မိန်းကလေးငယ်လေးဟာ “ အပိုကိစ္စ ” ဆိုတာကို သေချာစွာ သဘောပေါက်ထားသည်။ ဒါကြောင့်မို့ ရှောင်ယွင် စကားစပြောလိုက်တိုင်း မိန်းကလေးဟာ ခေါင်းအစ ခြေအဆုံး တဆတ်ဆတ် တုန်ယင်သွားခြင်း ဖြစ်သည်။ သူမအကြောက်ဆုံးက အဲ့ဒီ ထူးခြားသော လူကြီးက “ အပိုကိစ္စ” ဆိုတာကို တောင်းဆိုလာမည့်ကိစ္စ ဖြစ်သည်။

မိန်းကလေးဟာ ၁၀မိနစ်နီးပါးမျှ တုန်ရီစွာ မတ်တပ်ရပ်စောင့်နေရပြီနောက် တံခါးအ၀ အပြင်ဘက်ကနေ ခြေလှမ်းသံတွေကို ကြားလိုက်ရချေသည်။ နောက်ဆုံးတော့ သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

“ အိုးး လူကြီးမင်းက စောစောရောက်နေတာပဲ.. ရွှယ်လီက ကောင်းကောင်း ဖျော်ဖြေခဲ့သေးရဲ့လားရှင်.. ”

ရဖေးဟာ သေးသွယ်သော ထွာဆိုင်ငယ်လေးကို လှုပ်ခါလျက် ညှို့ယူသိမ်းသွင်းစေနိုင်သော အမူအရာဖြင့် အခန်းအတွင်းကို ၀င်လာခဲ့သည်။ သူမ၏ ကော့ညွတ်လှပသော ခန္ဓာကိုယ်ကောက်ကြောင်း.. ရှိုက်ဖိုကြီးငယ်အသွယ်သွယ်က  ယောာင်္ကျားသားတွေရဲ့ ရုန်းကြွလာသော အားမာန်တက်ကြွသည့် စိတ်ဆန္ဒငယ်လေးကို အမှန်ပင် နိုးထလာစေသည်။ 

“ နတ်ဆိုးမ ”

ရှောင်ယွင် နှလုံးသားက နောက်တဖန် အော်ဟစ်လိုက်လေသည်။ အနောက်ကိုလည်း ဆုတ်လိုက်ပြီ မသိမသာဖြင့် ခေါင်းညိတ်လိုက်သည်။

(( နတ်ဆိုးမဆိုတာ အိပ်နေသော ယောင်္ကျားနှင့် ကာမစပ်ယှက်တတ်သည်ဟု အဆိုရှိသော ဒဏ္ဍာရီလာ နတ်ဆိုးမ succubus ကို ဆိုလိုခြင်းဖြစ်သည် ))

ရှောင်ယွင် ခေါင်းညိတ်လိုက်တာကို ကြည့်ပြီ ဘေးနားက ရပ်နေသော မိန်းကလေးငယ်မှာ 
နောက်ထပ် စိတ်လက်ပေါ့ပါးစွာ အသက်ပြင်းချလိုက်သည်။ ထို့နောက် လေးစားစွာ ဦးညတ်လိုက်ပြီ လျင်မြန်စွာ ထွက်သွားလေသည်။

ရှောင်ယွင်၏ သွင်ပြင်ကို ကြည့်ပြီ စိတ်မကျေမနပ် ဖြစ်နေဟန် မရှိတာကို မြင်ရ၍ ရဖေး စိတ်အေးသွားသည်။ ကောင်းကင်၏ တင့်တယ်မှုကို ပေါင်းစပ်ထည့်ထားသလား မှတ်ရသည့် အပြုံးမျိုးကို ရှောင်ယွင်အား ပြုံးပြလိုက်သည်။ 

သူမ၏ အပြုံးက ရှောင်ယွင်ကို ရင်ထဲမှာ လှိုက်ခနဲ ဖြစ်စေကာ ဗြောင်းဆန်သွားစေသည်။ စွဲမက်ဖွယ် ညှို့ဓာတ်ပိုင်ရှင် မိန်းမလှလေးနှင့် ဆက်ဆံပြောဆိုသည့်အခါမှာ ရှောင်ယွင် လုံးဝ သတိလက်မလွတ်ရဲချေ။ ၀တ်ရုံအောက်မှာ သူ့လက်က ပုံတုံးတုံး အနက်ရောင်လက်စွပ်ကို ပွတ်သပ်လိုက်ပြီ စကားပြောဆိုရမည့်တာဝန်ကို ရွဲ့လော်ဆီကို ကမန်းကတန်း လွှဲပေးလိုက်သည်။ 

“ လေလံပွဲက ပြီးသွားပြီလား..?” 

“ ဟုတ်ကဲ့ ” 
ရဖေးက ပြုံးပြီးတော့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမလက်ကို လှုပ်လိုက်ရာ အပြာနုရောင် ကျောက်စိမ်းကတ်ပြားလေးတစ်ခုက  သူမလက်ပေါ် ရောက်လာသည်။ ထို့နောက် သူမရယ်မောလိုက်ချေကာ.. 
“ လူကြီးမင်းရဲ့ အခြေခံဆေးပုလင်း ၇ လုံးကို လေလံဆွဲလိုက်တာ စုစုပေါင်း ရွှေဒင်္ဂါး ၂၈၅၀၀၀ ရခဲံတယ်.. အခွန်တွေ နှုတ်ပြီ ကျန်တဲငွေတွေက ကတ်ထဲမှာပါ.. ”

ရှောင်ယွင်က အရှေ့တိုးပြီ ကျောက်စိမ်းကတ်ပြားလေးကို ယူလိုက်သည်။ လက်ပေါ်မှာတင်ကြည့်လိုက်ပြီနောက် ဒီရဖို့က တော်တော်ခက်တာပဲဟု စိတ်ထဲ တွေးလိုက်သည်။ ကျောက်စိမ်းကတ်ပြားလေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီ ခေါင်း တဆတ်ဆတ် ညိတ်လိုက်သည်။

ရှောင်ယွင်၏ ငယ်ရွယ်ပြီ ချောမွတ်သော လက်ဝါးပြင်ကို ကြည့်ုပြီ ရဖေး နောက်တကြိမ် ထူးဆန်းသော ခံစားချက်ကို ပြန်ခံစားလိုက်ရသည်။

“ ငါထင်ထားတာထက် ပိုပြီ ဈေးကောင်းရတာပဲ.. ငါ အရမ်း စိတ်ကျေနပ်တာပဲ.. ”

ရွဲ့လော်စကားက ရဖေးကို တော်တော် ပျော်သွားစေခဲ့သည်။ ထူးဆန်းတဲ့ အတွေးမျိုးကိုလည်း ဆက်မတွေးတော့ဘဲ လွှင့်ပစ်လိုက်သည်။ ဆွဲဆောင်မှုရှိသောမျက်လုံးဖြင့် ငေးကြည့်လိုက်ပြီ သူမ၏ နှုတ်ခမ်းလေးကို စူကာ ရယ်မောလိုက်ကာ 
“ နောင်အခါကျရင် ဆေးဝါးတွေ လေလံတင်ချင်ရင်တော့ ပထမတန်းလေလံအိမ်ကို ကြွလာခဲ့ပေးပါရှင်.. ဈေးအသက်သာဆုံးနဲ့ ရောင်းချပေးပါမယ်.. ”

ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီ ကျောက်စိမ်းကတ်ပြားကို သိမ်းလိုက်သည်။ ခဏမျှ တုံ့ဆိုင်းနေလိုက်ပြီနောက် ရွဲ့လော်အသံက ထွက်လာပြီ မေးမြန်းလိုက်သည်။ 
“ မှာထားတဲ့ ဆေးပစ္စည်းတွေ ရှာတွေ့ပြီးလား.. ”

“ ဟုတ်ကဲ့ပါ.. လူကြီးမင်းမှာထားတဲ့ ဆေးပစ္စည်းကို ကျွန်မတို့ လေလံအိမ်ကနေ ပြီးပြည့်စုံအောင် လုပ်ထားပေးပြီးပါပြီ.. ”

ရဖေး လက်ခုပ်တီးလိုက်ရာ ကုနီကိုယ်တိုင် ကျောက်စိမ်းလင်ဗန်းတစ်ခုကို ကိုင်ပြီ အရှေ့တက်လာသည်။ ရှောင်ယွင်ဘေးမှာ ရပ်လိုက်ပြီ ဦးညွတ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းလင်ဗန်းကို စားပွဲပေါ်တင်လိုက်ပြီ..
“ ဒါတွေက လူကြီးမင်းမှာလိုက်တဲ့ ဆေးပစ္စည်း အကုန်လုံးပါပဲ.. ”

စားပွဲပေါ်ရှိ ကျောက်စိမ်းလင်ဗန်းပေါ်မှာ ဆေးပင်ဆေးရွက်တွေ အပြည့်ရှိနေတာကို မြင်လိုက်ရတဲ့အခါမှာ ရှောင်ယွင် သူ့မျက်ခုံးက ပင့်တက်သွားပြီ ပျော်ရွှင်သွားလေသည်။ ဒီလေလံအိမ်၏ အစွမ်းအစက မနည်းလှပါလား.. ။တကယ်၍ ဒီ ဆေးပစ္စည်းတွေသာ ကိုယ်တိုင် ရှာရလို့်ရှိရင် အချိန်ရော အားရော အများကြီး ကုန်သွာလိမ့်မည်။ ဒါပေမဲ့ လေလံအိမ်ကတော့ ဒီဆေးပင်တွေကို ရှာဖို့ အချိန်တစ်ရက်ပဲ ယူလိုက်ရသည်။ မြန်မြန်ဆန်ဆန်ရလိမ့်မည်ဟု မမျှော်လင့်ထားမိ၍ ရှောင်ယွင် အတော်လေးကို ပျော်ရွှင်သွားလေသည်။

“ အဟမ်.. အခုလို ဒုက္ခပေးရလို့ တောင်းပန်ပါတယ်.. ” 

ဒိုချီစုစည်းဆေးလုံးဖော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းအမယ်တွေ စုံစုံလင်လင် ရောက်နေတာကို မြင်ရတော့ ရွဲ့လော်ရဲ့ ပုံမှန်လေသံတောင် အနည်းငယ် ပျော့ပျောင်းသွားသည်။ 

လေလံအိမ်မှာ လူအများကြီးနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်မို့ ရွဲ့လော်၏ လေသံ နူးညံ့သွားတာကို ရဖေး ကောင်းကောင်း သတိပြုမိလိုက်သည်။ သူမ အရမ်းကို အံ့သြပြီ ကျေနပ်သွားသည်။ အင်း… ဒီလိုလုပ်လိုက်တာ သိပ်မှန်တဲ့ ဆုံးဖြတ်ချက်ပဲ.. 

“ ဒီအတွက်လည်း သင်တို့ဆီကနေ အမြတ်မယူချင်ပါဘူး.. ဒီ အမယ်ပစ္စည်းတွေအတွက် တန်ဖိုးကို ဒီကတ်ထဲကနေ ပြန်နှုတ်လိုက်ပါ.. ”

ရှောင်ယွင် ကတ်ပြားကို နောက်တကြိမ် ထုတ်ယူတော့မှာကို မြင်လိုက်ရတဲ့အခါမှာ ရဖေးမှာ ချက်ချင်းပဲ ရယ်ပြီပြောလိုက်သည်။

“ လူကြီးမင်း.. ဒီဟာတွေကို ကျွန်မတို့က တိုက်ရိုက်သွားဝယ်လာတာပါ..ဈေးကလည်း အပြင်မှာရောင်းနေတာထက် ပိုပြီ ဈေးပေါပါတယ်.. ပြီတော့ လူကြီးမင်းရဲ့ လေလံပွဲ နှစ်ပွဲကြောင့်  ကျွန်မတို့ လေလံအိမ်အတွက် အရမ်းကို နာမည်ကြီးစေပါတယ်..အဲဒါကြောင့် ဒီပစ္စည်းတွေအတွက် ကျွန်မတို့ ဘယ်လိုလုပ်ပြီ ပိုက်ဆံယူရဲရမှာလဲ.. ”

“ ကောင်းပြီးလေ.. မင်းပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြတာပေါ့.. တကယ်လို့ နောက်ထပ် ဆေးပင်အမယ်တွေ ငါ ထပ်လိုအပ်လာခဲ့ရင် ငါရဲ့ ဆေးလုံးတွေနဲ့ လဲလှယ်ကြတာပေါ့.. ” 

ရွဲ့လော် ခေါင်းညိတ်လိုက်သည်။ အကင်းပါးပြီ ဥာဏ်ကောင်းသောသူမို့ သူမက ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နေလိုကြောင်း သိလိုက်သည်။ သူမနှင့် ထပ်ပြီ မငြင်းဆန်တော့ဘဲ ရှောင်ယွင် ကျောက်စိမ်းလင်ဗန်းပေါ်က ဆေးအမယ်တွေကို သိမ်းလိုက်သည်။ 

“ ကောင်းပြီ.. ငါ နောက်ထပ် အလုပ်ကိစ္စတစ်ခု လုပ်ဖို့ ရှိသေးတယ်..ဆက်ပြီ မနေတော့ဘူးနော်.. ”

ဆေးအမယ်တွေ အားလုံးသိမ်းလိုက်ပြီသည်နှင့် ရှောင်ယွင် မတ်တပ်ရပ်လိုက်ပြီနောက် လက်နှစ်ဖက်ကို ခါချလိုက်ပြီနောက် အပြင်ဘက်ကို ဦးတည်သွားလိုက်သည်။ 

“ လူကြီးမင်း..ရဖေး လိုက်ပို့ပါရစေ.. ” 

ရဖေးမှာ ကုနီကို မျက်စ ခတ်ပြလိုက်ပြီနောက် သူတို့နှစ်ယောက်က လမ်းပြပေးဖို့ လျှောက်လာခဲ့ကြသည်။ 

ရှောင်ယွင်မှာ လေလံအိမ်အကြီးအကဲနှစ်ယောက်၏ ယဉ်ကျေးစွာ လမ်းပြမှုအနောက်မှာ လိုက်ပါလာခဲ့သည်။ အခန်းအပြင်ကို ထွက်လာခဲ့တဲ့အချိန်မှာတော့ သူ ခေါင်းကို မော့လိုက်ပြီး ခြေလှမ်းနှေးလိုက်သည်။

အခန်းကနေ အပြင်ရောက်ချင်းမှာပဲ လေလံခန်းမကနေ ထွက်လာသော သုံးယောက်တစ်အုပ်စုအဖွဲ့နှင့် သူတို့ ဆုံမိကြလေသည်။ ထို လူသုံးယောက်ကို ဝေ့ကြည့်လိုက်တဲ့အခါမှာတော့ ရှောင်ယွင် သူ့ဝတ်ရုံကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားမိသည်။ လူသုံးယောက်ထဲမှာ အလယ်ကလူက သူ့အဖေ ရှောင်ကျန်း ဖြစ်နေတာကို သူတွေ့လိုက်ရ၍ ဖြစ်သည်။

“ ကျေးဇူးပြုပြီ ငါ့ကို မတွေ့မိပါစေနဲ့… ”     ရှောင်ယွင် ကျိတ်ပြီ ဆုတောင်းလိုက်သည်။

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...