အပိုင်း ( ၈၀ ) - မှော်ဆေးပညာရှင် လျိုစီး
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
Translated By Kaung Myat
အလင်းရောင်များ တောက်ပနေသာ ခန်းမအတွင်းမှာ ပတ်ဝန်းကျင် အခြေအနေက အသက်ရှုပ်ကြပ်ချင်စရာ စိတ်ဖိစီးစရာ ဖြစ်နေသည်။
ခန်းမအလယ်တွင် စာပွဲခုံတစ်လုံးနှင့် ၎င်းအပေါ်တွင် ကျောက်စိမ်းပုလင်းတစ်လုံးကို တင်ထားသည်။ ယင်းဆေးပုလင်း ကနေ ဆေးရနံ့သင်းသင်းလေး မွှေးကြိုင်လို့နေသည်။
ခန်းမအတွင်းတွင် လူများစွာ ထိုင်နေကြလျက် ရှိသည်။ ထိုသူတွေ၏ ဝတ်စားထားပုံအရ ဂျားလီကလန်၏ အကြီးပိုင်း ပုဂ္ဂိုလ် တွေမှန်း သိသာထင်ရှားသည်။ ထိုအထဲတွင် ဂျားလီကူလည်း ထိုင်နေလျက်ရှိသည်။
ခန်းမအထဲတွင် ဘယ်ဘက်အစွန်ဆုံးရှိ နေရာတွင် အဖြူရောင်ဝတ် လူငယ်တစ်ယောက်သည် ထိုင်ခုံနောက်ကျောကို ပျင်းရိစွာဖြင့် မှီထိုင်နေလျက်ရှိသည်။ အမှန်ပြောရမည်ဆိုလျှင် ထိုလူငယ်၏ ပုံဟန်မှာ အတော်လေးကို ဆွဲဆောင်မှုရှိသည်ဟု ပြောရမည်။ သို့သော် သူ့မျက်လုံးတွင် တချက်ချက် ဖြတ်သန်းသွားသော ရမ္မက်သွေးကြွသည့် အရိပ်အယောင်က သူ့ပုံရိပ်ကို အောက်တန်း ကျစေသည်။ ထိုင်ခုံနောက်ကျောတွင် မှီထိုင်နေရင်း သူ့လက်တစ် ဖက်က ဘေးနားတွင် ထိုင်နေသော လှပသည့် အစေခံမလေး၏ အဝတ်အောက်ကို ဖြည်းဖြည်းဖြင့် တိုးဝင်နေသည်ကို ကောင်းစွာ မြင်ရသည်။ သူ့ဘေးနားတွင် လူများစွာ ရှိနေသည်မှာ မှန်သော် လည်း ထိုလူငယ်က ထိုကဲ့သို့ ပြုမူနေသည်ကို မည်သူမှ ဂရုမစိုက်ကြချေ။
ထိုလူငယ်၏ ရဲတင်းသော အပြုအမူကြောင့် လှပသည့် အစေခံမလေး၏ ပါးပြင်မှာ နီရဲတွက်လျက်ရှိသည်။ သို့သော် သူမက အသံတစ်ချက်ပင် မထွက်ရဲပေ။ ဒါပေမဲ့ သူမမျက်ဝန်းတွင် စိုးရိမ်ထိတ်လန့်နေပြီး ချုပ်တည်းထားသည့် အကြည့်များ ရောပြွမ်းနေလျက် ရှိကာ တစ်ကိုယ်လုံးမှာလည်း တစ်သိမ့်သိမ့် တုန်ယင်နေလျက်ရှိသည်။
" ဒီဆေးက ရှောင်ကလန်ကနေ ရုတ်တရက် ထုတ်ပြလိုက်တဲ့ သွေးတိတ်ဆေးပဲ.. အခု ငါတို့ ဈေးတွေမှာ ဆေးဝယ်လိုအားတွေ ဇောက်ထိုးကျနေပြီး.."
ဂျားလီဘီ၏ အကြည့်က စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းငယ်ဆီကို ရောက်နေသည်။ သူ့မျက်နှာက အလိုမကျနေသည်။ သူ့ပုံစံက အဖြူရောင်ဝတ်လူငယ်၏ ရိုင်းစိုင်းသော အပြုအမူကို မမြင်သကဲ့သို ပြုမူနေသည်။
" ရှောင်ကလန်က အနာကျတ်ဆေးတွေ ဘယ်လိုရလာသလဲ? သူတို့ဆီမှာလည်း မှော်ဆေးပညာရှင်တစ်ယောက် ရှိနေပြီးလား.. "
ရှောင်ယွင်နှင့် မကြာခဏ ထိပ်တိုက်ဖြစ်ဖူးသည့် ဂျားလီယောင်က သူ့ဘေးနားရှိ အဖြူရောင်ဝတ်လူကို တစ်ချက် မျက်စောင်းထိုးကြည့် ပြီး မျက်မှောင်ကုတ်၍ မေးလိုက် သည်။
ဂျားလီဘီက အရေးအကြောင်းထင်နေသော မျက်လုံးကို စွေကြည့် လိုက်ပြီး သူ့မျက်နှာကလည်း တင်းမာစွာဖြင့်..
" လေလံအိမ်မှာတုန်းက ထူးခြားတဲ့ မှော်ဆေးပညာရှင်တစ်ယောက် နဲ့ ဆုံတွေ့ခဲ့ဖူးတာ မှတ်မိကြသေးလား.. အဲ့ဒီအချိန်တုန်းက ရှောင်ကလန်ကို သူ မျက်နှာသာပေးချင်တဲ့ပုံပဲ.. တကယ်လို့ သွေးတိတ်ဆေးကိုသာ အဲ့ဒီမှော်ဆေးပညာရှင်က ဖော်စပ်ပေးထား တယ်ဆိုရင် ငါတို့အတွက် တကယ့်ပြဿနာကြီးတစ်ခုပဲ.. မင်းတို့လည်း သိကြမှာပါ.. အဲဒီပုဂ္ဂိုလ်က အဆင့်၃ မှော်ဆေးပညာ ရှင်ဆိုတာ.. "
အဆင့်၃ မှော်ဆေးပညာရှင်ဆိုသော စကားကို ကြားလိုက်ရသည် နှင့် အဖြူရောင်ဝတ်လူငယ်သည် အစေခံမလေး၏ ခန္ဓာကိုယ်အား ဆော့ကစားနေသော သူ့လက်အား ရပ်ချလိုက်သည်။ ထို့နောက် အရှေ့တိုးလိုက်ကာ စာပွဲခုံပေါ်က ကျောက်စိမ်းပုလင်းအား ကောက် ယူလိုက်သည်။ အဖုံးဖွင့်ခါ အနံရှုလိုက်ပြီးနောက် ဆေးအနှစ်အနည်း ငယ်အားလည်း လက်ဝါးပြင်ပေါ်သို့ လောင်းချလိုက်သည်။ ထို့နောက် လက်ချောင်းကြားထဲတွင် ပွတ်သပ်လိုက်ပြီး နှာခေါင်း တစ်ချက် ရှုံ့လိုက်ကာ မှတ်ချက်ချလိုက်သည်။
" အဆင့်၃ မှော်ဆေးပညာရှင်? ရယ်စရာပဲ.. ဒီသွေးတိတ်ဆေးက နွေဦးပြန်လာခြင်းဆေးမှုန့်ထက် ပိုအစွမ်းထက်တယ်ဆိုပေမဲ့ အရည်အသွေးကို ကြည့်လိုက်မယ်ဆိုရင် ဒီဆေးဖော်စပ်တဲ့သူက ကျွန်တော်ထက်တောင် အဆင့်နိမ့်တဲ့သူပဲ.. ပြီးတော့ ဒီဆေးအစွမ်းထက်တယ်ဆိုတာလည်း သူ့ရဲ့ ထူးခြားတဲ့ ဆေး အညွန်းကြောင့်ပဲ.. "
ဒါကို ကြားလိုက်ရတဲ့အခါမှာ ထိုင်နေကြသူများဟာ ပေါ့ပါးစွာ အသက်ပြင်းချလိုက်ကြသည်။ ရှောင်ကလန်ကသာ အဆင့်၃ မှော်ဆေးပညာရှင်အကူအညီသာရခဲ့လျှင် ဂျားလီကလန်မှာ သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
" ကျွန်တော့်အတွေ့အကြုံအရ ရှောင်ကလန်က မှော်ဆေးပညာရှင် ဟာ လုံးဝကို လူသစ်ဖြစ်ဖို့များတယ်.. ပြီးတော့ ဆေးအညွန်းကို လည်း တစ်နေရာရာကနေ ချေးငှားလာတာလည်း ဖြစ်ဖို့များတယ်.. သွေးတိတ်ဆေးထုတ်လုပ်တဲ့နေရာကိုတော့ ဘုရားမှပဲ သိနိုင်မယ်.."
အဖြူရောင်ဝတ်လူငယ်၏ မျက်နှာမှာ စိတ်မဝင်စား၍ မထီမဲ့မြင် အမူအရာသာ ရှိသည်။
" ဟီဟီ.. ဆေးပုလင်းငယ်လေး တစ်လုံးကနေပြီးတော့ ဆေးဖော်စပ်တဲ့သူရဲ့ ကျွမ်းကျင်မှုကိုပါ ခန့်မှန်းလို့နိုင်တယ်ဆိုတော့ အကိုကြီးလျိုစီးရဲ့ အမြင်ကတော့ တကယ့်ကို အံ့မခန်းပါပဲ.. "
မျက်နှာချိုသွေးသည့် အမူအရာဖြင့် ဂျားလီယောင် ပြုံးလိုက်သည်။
" ဒါက မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ အခြေခံကျွမ်းကျင်မှု သာသာလေး တစ်ခုပါပဲ.. "
လျိုစီးနာမည်ကို အထင်ကြီးစွာဖြင့် မြှောက်ပင့်နေသည်ရာ အဖြူရောင်ဝတ်လူငယ်သည် အိနြေ္ဒရစွာဖြင့် ခေါင်းကို ယမ်းခါလိုက်သည်။ သို့ပေမဲ့ သူ့မျက်နှာပေါ်တွင် မထင်မရှား ဖြစ်နေသော ကျေနပ်ခြင်းအရိပ်အယောင်ကိုသည် သူ့ဘေးနားတွင် ထိုင်နေကြသော မြေခွေးစဉ်းလဲအိုတွေ၏ အကြည့်အောက်မှာ မလွတ်မြောက်နိုင်ပါချေ။
" အရည်အသွေးအရဆိုရင် ငါတို့နွေဦးပြန်လာခြင်းဆေးက သွေးတိတ်ဆေးထက် ကွာဟမှုက သိပ်အများကြီး မရှိပါဘူး.. ငါတို့ ဈေးကွက်ဝယ်လိုအားကျဆင်းသွားရခြင်းရဲ့ အဓိကအကြောင်း အရင်းက ငါတို့ ဆေးဈေးနှုန်းကို အများကြီး တိုးမြှင့်လိုက်လို့ပဲ.. ဝယ်လိုအားတက်လာလို့ ဈေးနှုန်းကို တိုးမြှင့်လိုက်ပေမဲ့ ဈေးပြန်ချ ဖို့ကတော့ စိန်ခေါ်မှုတစ်ရပ်ပဲ.. ပြီးတော့ သွေးတိတ်ဆေးက ဖောက်သည်တော်တော်များများကို ငါတို့ကနေ ထွက်ခွာသွားစေ တယ်.. ကြည့်ရတာ အနာဂတ်မှာ ရှောင်ကလန်က ဝူတန်မြို့ရဲ့ ဆေးဈေးကွက်မှာ ခြေကုပ်ရတော့မယ်တူပါတယ်.. "
ဂျားလီဘီ အသံနိမ့်နိမ့်ဖြင့် ပြောဆိုရေရွတ်နေခြင်း ဖြစ်သည်။
" ဈေးနှုန်းကို ပြန်ပြင်မယ်.. "
ဒီစကားကြောင့် လျိုစီးက မျက်မှောင်ကြုတ်လိုက်ပါသည်။ ဆေးလုံးတန်ဖိုးအား ကြီးကြီးမားမားရပြီးကတည်းက သူ့အနေဖြင့် ဈေးနှုန်းပြန်ချဖို့ကို မလိုလားပါဘူး။ လျိုစီး၏ မျက်နှာအမူအရာအား ကြည့်ရင်း ဂျားလီဘီ အတွင်းကြိတ်ပြီး လှောင်ရယ်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ လိုက်လိုက်လျောလျောဖြင့် ရှင်းပြလိုက် သည်။
" ဆရာလျိုစီး.. အခု ဈေးကွက်အခြေအနေက အရင်လိုမဟုတ် တော့ဘူး.. အရင်ကဆို ဝူတန်မြို့ရဲ့ ဆေးဈေးကွက်တစ်ခုလုံးကို တစ်ဦးတည်းအပိုင်သိမ်းထားလို့ရတယ်.. ဒါပေမဲ့ အခုတော့ အဲလိုမဟုတ်တော့ဘူး.. အဲဒါကြောင့် ဈေးနှုန်းလျှော့ချပြီးတော့ ဝယ်လိုအားကို ပြန်ထိန်းရမယ်.. "
လျိုစီးသည် တွန့်တိုဟန်ဖြင့် ခေါင်းကို ယမ်းခါလိုက်သည်။ နှုတ်ခမ်းအား ကိုက်လိုက်ရင်း ပြောလိုက်သည်။
" စိတ်ကြိုက်သာ လုပ်တော့.. ဒါပေမဲ့ တစ်ခုမှတ်ထားပါ.. ဈေးနှုန်းကို လျှော့လိုက်ရင်တောင် အရင်တုန်းက ဈေးနှုန်း ရွှေဒင်္ဂါး ၃၀၀ ဖြစ်တုန်းကအတိုင်း ဝေပုံကျကို ကျွန်တော့်ကို ပေးရမယ်.. "
ဂျားလီဘီ၏ မျက်နှာသည် ကွက်ခနဲပျက်သွားကာ ဒေါသမိုးတိမ်များ စတင်ဆင်းသက်လာခဲ့သည်။ သို့သော် အသက်ပြင်း ရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ မျက်နှာမှာ အပြုံးကို မပျက်စေအောင် ထားသည်။ သို့သော် အနည်းငယ်တော့ အေးစက် နေသည်။
" ဟဟ.. ကောင်းပါပြီ.. ကျွန်တော်တို့ ပြောထားတဲ့အတိုင်း လျိုစီးရဲ့ ဝေပုံကျအတိုင်း ပေးပါ့မယ်.. "
" အင်း.. "
ကျေနပ်သွားသော အမူအရာဖြင့် လျိုစီး ခေါင်းညိတ်လိုက်သည်။ တဖန် သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ အရင်ပုံစံအတိုင်းပင် အစေခံမလေးကို သူ့ပေါင်ပေါ်တွင် ဆွဲတင်ထားလိုက်သည်။
" ဆရာလျိုစီး.. ငါတို့မှာ နွေဦးပြန်လာခြင်းဆေးက သိပ်မကျန်တော့ ဘူး.. စောစောကပဲ ပထမတန်းလေလံအိမ်ကို ဆေးအမယ်ဝယ်ဖို့ လူလွှတ်လိုက်တယ်.. အဲဒီအချိန်ကျရင် ဆရာလျိုစီးကို ဒုက္ခပေးရဦး မှာပေါ့.."
ဂျားလီဘီက ထပ်ပြုံးလိုက်ကာ..
" ပြီးတော့ တန်ဖိုးကြီးတဲ့ တာကောအာကန္တာရမြွေမိန်းမနှစ်ယောက် ကိုလည်း မနေ့က ဝယ်ခိုင်းထားပြီးပြီ.. ပြီးတော့ ဆရာ့အခန်းကို လည်း ပို့ဆောင်ထားပြီးပြီ.. "
ဆေးဖော်စပ်ပေးရမည့်အကြောင်းကို ကြားသည်နှင့် လျိုစီးမျက်နှာ မှာ စိတ်မရှည်သည့်အမူအရာက ဖျတ်ခနဲ ဖြတ်သန်းသွားသည်။ တဖန် မြွေမိန်းမဟူသော စကားနှစ်လုံးကို ကြားလိုက်ရပြန်သော အခါ စိတ်မရှည်သည့်အမူအရာက ချက်ချင်းပင် ပြောင်းလဲသွား သည်။ မျက်လုံးအတွင်းတွင် တဏှာရမ္မက်မီးတောက်က ဟုန်းခနဲ ထတောက်သွားသည်။ ထို့နောက် ခေါင်းကို ညိတ်လိုက်ကာ
လက်ခံလိုက်သည်။
" ဆေးအမယ်သာ လုံလုံလောက်လောက်ရှိရင် နွေဦးပြန်လာခြင်း ဆေးကို ဖော်စပ်ဖို့ကို ကလန်ခေါင်းဆောင် စိတ်ပူစရာမလိုပါဘူး.. "
သိမ်းသွင်းရလွယ်ကူသော လျိုစီးကို ကြည့်ကာ ဂျားလီဘီ၏ နှုတ်ခမ်းထောင့်သည် အထင်အမြင်သေးဟန်သို့ တွန့်ကွေးသွား၏။ စိတ်အတွင်းမှာလည်း လှောင်ပြောင်လိုက်၏
" ခေါင်းထဲမှာ တဏှာကာမအကြောင်းပဲ သိတယ်.. မှော်ဆေး ပညာရပ်သိတာကလွဲရင် ဘာမှကောင်းတဲ့အချက်မရှိဘူး.."
ဂျားလီဘီ ခေါင်းကို ယမ်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ပန်းကန်ကို ယူကာ သောက်လိုက်ရင်း လျိုစီး အင်မတန် စိတ်ဝင်စားသော ဖိုမရမ္မက်အကြောင်းကို တွေးလိုက်ကာ ခဏမျှ ပြုံးလိုက်မိသည်။
ထို့နောက် လျိုစီး နှင့် စကားစမြည်ဆက်လက်ပြောဆိုနေဆဲအချိန် တွင် မျိုးနွယ်အဖွဲ့သားတစ်ယောက်က ခန်းမအထဲကို ခပ်သုတ်သုတ် ဝင်ရောက်လာခဲ့သည်။ ထို့နောက် ဂျားလီဘီအနားသို့ သွားပြီး ခေါင်းကို နှိမ့်၍ အသံတိုးတိုးဖြင့် နားအနားကပ်ခါ ပြောလိုက်သည်။
မျက်နှာက ပြုံးပြုံးဖြင့် အဖွဲ့သား သတင်းပို့ထားကို နားထောင်နေ သည့် ဂျားလီဘီ၏ မျက်နှာသည် ခဏအကြာတွင် မာကြောလာ ခဲ့သည်။ ခွမ်း.. ဆိုသော အသံနှင့်အတူ လက်တွင်းက လက်ဖက်ရည်ပန်းကန်ခွက်ကိုလည်း အမှုန့်ခြေလိုက်ရာ ရေနွေးနှင့် အမှုန့်များက လက်ချောင်းကြားထဲကနေ ကြမ်းပြင်ပေါ် ယိုစီးသွား သည်။
" ဒီ သောက်သုံးမကျတဲ့ ပထမတန်းလေလံအိမ်.. ငါ့ကို ဒီလို လှည့်စားတာပေါ့လေ.. "
ဒေါသထွက်နေသော မျက်နှာဖြင့် ဂျားလီဘီသည် ရုတ်ခနဲ ထရပ် လိုက်ပြီး ဒေါသတကြီးဖြင့် အော်လိုက်သည်။ ပေါက်ကွဲထွက်လာ သော ချီစွမ်းအင်များအာ သူ့ကိုယ်တွင်းကနေ အပြင်ပွင့်ထွက်လာ ကာ လေထဲတွင် လေပွေအသေးစားလေး ဖြစ်လာပြီး တရှူးရှူးအသံ ဖြင့် မြည်နေလျက်ရှိသည်။
ဂျားလီဘီနှင့် အနီးဆုံးထိုင်နေသာ ဂျားလီယောင်လည်း သူ့အဖေ ထံမှ ထွက်ပေါ်နေသော အရှိန်အဝါပြင်းသည့် ချီစွမ်းအင်ကြောင့် အသက်ရှုရန်ပင် ခက်ခဲလာကာ အနောက်ဘက်ကို ကမန်းကတန်း ဆုတ်လိုက်သည်။ စိုးရိမ်တကြီးဖြင့်လည်း အော်ဟစ်လိုက်သည်။
" အဖေ.. "
ဂျားလီယောင်၏ အော်ဟစ်သံက ဂျားလီဘီကို ဆွဲလှုပ်လိုက်သလို ဖြစ်သွားသည်။ သူ့မျက်နှာက အနည်းငယ် တင်းမာနေကာ ထိုင်ခုံပေါ် တောင့်တောင့်ကြီး ပြန်ထိုင်ချလိုက်သည်။
" ပထမတန်းလေလံအိမ်က ငါတို့ ဂျားလီကလန်ကို ဘာဆေးအမယ်မှ မရောင်းတော့ဘူးလို့ ငြင်းလိုက်တယ်.. "
ထိုစကားအား သူပြောလိုက်ပြီးပြီးချင်းမှာပဲ ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသသည်။ တစ်ယောက်ကို တစ်ယောက်လည်း ကြောက်လန့်တကြားဖြင့် ကြည့်လိုက်မိကြ သည်။ သူတို့မျက်နှာပေါ်တွင်လည်း စိုးထိတ်မှုတွေ အထင်းသား ပေါ်လွင်နေကြသည်။
" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?.. ပထမတန်းလေလံအိမ်ဆိုတာ အမြဲတမ်းကြားနေတာပဲ မဟုတ်လား.. ရုတ်တရက်ကြီး ဘာဖြစ်လို့ သူတို့က ဂျားလီကလန်နဲ့ ဆန့်ကျင်ဘက်ကို ရွေးလိုက်တာလဲ.. ? "
ဂျားလီဘီစကားကြောင့် ဂျားလီကူ၏ အမူအရာများမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ယင်းအတွေးများက သူ့စိတ်ထဲမှာ အသံတိတ် မြည်ဟည်းနေခြင်းပေ။
" ကောင်းကောင်းလေ မြူဆွယ်ထားရင် ဘယ်သူက အကျိုးမရှိဘဲ အကြာကြီး ကြားနေဦးမှာလဲ..? "
ဂျားလီဘီက နှာတစ်ချက်မှုတ်လိုက်ရင်း ပြောလိုက်ပြီး ဖြည်းလေးစွာ အသက်ပြင်းချလိုက်သည်။ ထို့နောက် သူ ထုတ်လွှတ်လိုက်သော ချီစွမ်းအင်ကြောင့် ဒုက္ခရောက်သွားသော လျိုစီးကိုလည်း တစ်ချက် ကြည့်လိုက်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
" ဒီကိစ္စမှာ ရှောင်ကလန်နဲ့ ဆက်နွယ်နေတယ်လို့ ငါထင်တယ်.. "
" ဟင်.. ပထမတန်းလေလံအိမ်က ကျွန်တော်တို့ကို ဆေးအမယ် ရောင်းပေးဖို့ ငြင်းပယ်ရလောက်အာင် ရှောင်ကလန်က အဲလို တွန်းအားပေးနိုင်တဲ့ အခြေအနေမရှိပါဘူး.. "
ဂျားလီယောင်က ရေရွတ်ပြောဆိုလိုက်သည်။
" ဟွန့်..ပထမတန်းလေလံအိမ်နဲ့ သူတို့ ဘယ်လိုအခြေအနေ ရှိနေပြီးလဲဆိုတာ ဘယ်သူသိမှာလဲ.. "
ဂျားလီဘီက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ့စိတ်အတွင်းမှာ လည်း အကြောင်းပြချက်ရေရေရာရာ မရှိဘဲ မသက်မသာ ခံစားနေရသည်။
" ငါတို့ ဘာလုပ်ကြမှာလဲ.. ဆေးအမယ်တွေ လုံလုံလောက်လောက် မရှိရင် မကြာခင်မှာပဲ နွေဦးပြန်လာခြင်းဆေးက ကုန်မှာပဲ..အဲ့ဒီ အချိန်ကျရင်. လူသူမရှိတဲ့ ဈေးဆိုင်မျိုးကို ငါတို့ ကြုံရမဲ့ အလှည့် ရောက်တော့မယ်. "
ဂျားလီကူက ပူပန်စွာဖြင့် ပြောသည်။
ဂျားလီဘီက အံကိုကြိတ်ကာ အေးစက်စက်ဖြင့် ပြောသည်။
" ငါတို့ဘက်မှာ ရပ်တည်ပေးမဲ့ တချို့ပရဆေးဆိုင်တွေ ရှိသေးတယ် ပထမဆုံး လူလွှတ်ပြီး ဆေးအမယ်တွေ အကုန်ဝယ်ရမယ်.. ဒီအချိန်အတောအတွင်း ငါတို့ကို တတ်နိုင်သမျှ ထောက်ပံ့ခိုင်းရမယ် တကယ်လို့ ငါတို့ မတောင့်ခံနိုင်သေးရင် တခြားမြို့ဆီကို သွားပြီး ဆေးအမယ်တွေ ဈေးကြီးကြီးနဲ့ ဝယ်ရလိမ့်မယ်.. ရှောင်ကလန်ရဲ့ သက်ရောက်မှုက အဲ့ဒီမြို့အထိရောက်နိုင်မှာ မဟုတ်ဘူး.. "
ထိုစကားအား ပြောလိုက်ပြီးနောက် ဂျားလီဘီသည် နောက်ထပ် လက်ဖက်ရည်ခွက်အား လှမ်းယူလိုက်သည်။ ဒါပေမဲ့ သူလက်က အနည်းငယ် တုန်ယင်နေသည်ကိုပါ မြင်လိုက်သည်။ ပါးစပ်အပြည့် မှုတ်သောက်လိုက်ရင်း သူ့စိတ်ထဲတွင် မဖော်ပြတတ်သော ခံစားချက်အား ခံစားလိုက်ရသည်။
ငါ့ရဲ့ ဂျားလီကလန်တော့ ဘယ်တော့မှ မကြုံဖူးခဲ့တဲ့ အဖြစ်မျိး ကြုံရတော့မှာလား......
=======================================
No comments:
Post a Comment