အပိုင်း ( ၁၂၁ )
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အရှိန်ပြင်းစွာ ကျဆင်းနေသော ရေတံခွန်မှာ အောက်ခြေ က ကျောက်တုံးတွေကို အငြိုးကြီးစွာဖြင့် ရိုက်ချလို့ နေ သည်။ရေခိုးရေငွေ့တို့သည်လည်း တောင်ကြားငယ်ထဲက နေ တထောင်းထောင်း လွင့်ပျံတက်နေသည်။
ရေတံခွန်အောက်က မြေကွက်လပ်တွင် အထက်ပိုင်း ဗလာကျင်းထားသော လူငယ်တစ်ယောက်က ကြည့်ရတာ ထူးဆန်းလှသော ဓားနက်ကြီးကို သယ် ဆောင်ထားပြီ လွှဲယမ်းနေသော သစ်လုံးများ၏ ရှုပ်ပွေ လီသော တိုက်ခိုက်မှုများကို တည်ငြိမ်သော မျက်နှာ ထားဖြင့် ရှောင်ရှားလို့နေသည်။ ရံဖန်ရံခါ ခုန်ပျံလိုက်.. လျင်မြန်စွာ ရှောင်တိမ်းလိုက်ဖြင့် မျောက်လွှဲကျော် တစ်ကောင်လို သွက်လက်လွန်းလှသည်။ နေရောင်ခြည် အောက်တွင် ထိုလူငယ်၏ အရပ်မြင့်မြင့် သန်သန်မာမာ ခန္ဓာကိုယ်က ကြည့်ရသည်မှာ ပေါ့ပါးလန်းဆန်းနေသလိုပင်။
ဤ တောင်ကြားထဲကို ရှောင်ယွင် ရောက်လာခဲ့သည်မှာ တစ်လ ရှိပြီးဖြစ်သည်။ ထိုကာလအတွင်း သူ့၏ အချိန်နီး ပါး အားလုံးကို သစ်တိုင်လုံးများဖြင့် အချိန်ကုန်ခဲ့ရသည်။ အကြိမ်ပေါင်းများစွာ ပြုတ်ကျခဲ့ရသလို ခန္ဓာကိုယ်တွင် လည်း ဒဏ်ရာဒဏ်ချက်များဖြင့် အခါခါ ပွန်းပဲ့ခဲ့ရသည်။
သို့သော် ကြိုးစားသလောက် အရာထင်လာခဲ့သည်။ လက်ရှိ ရှောင်ယွင်အခြေအနေမှာ သစ်လုံး ဆယ့်နှစ်လုံး တို့ကို တစ်ပြိုင်နက် ရှောင်လို့ ရနေပြီး ဖြစ်သည်။ လွန်ခဲ့ သည့် တစ်လအချိန်နှင့် နှိုင်းယှဉ်ကြည့်ပါလျှင် တိုးတက်မှု အတော်လေး ကြိးမားသည်ဟု ဆိုနိုင်သည်။ လွန်ခဲ့သည့် တစ်လအချိန်တွင် သစ်လုံး ငါးလုံးပင် မကျော်ရသေးဘဲ အရှက်တကွဲ ဒလိမ့်ခေါက် ပြုတ်ကျခဲ့ရသည်မဟုတ်လား။
ထို သစ်တိုင်လုံးစိုက်ထူထားသော ဧရိယာအပြင်ဘက် တွင် ကြီးမားသော ကျောက်တုံးတစ်တုံးထက်တွင် ရွဲ့လော်က ထိုင်လျက် ရှိနေကာ သစ်တုံး ဆယ်နှစ် တုံးကျော်တို့အား ရှောင်ယွင်က ရှောင်တိမ်းနေသည်ကို ခပ်ပြုံးပြုံးဖြင့် လေ့လာအကဲခတ်ကြည့်နေသည်။ ရွဲ့လော် က ခေါင်းကို အသာညိတ်လိုက်ပြီးနောက် အင်္ကျီလက်ရှည် ကို တစ်ခါ လွှဲယမ်းလိုက်သည်။ ထိုအခါ ချိတ်ဆွဲထား သော သစ်လုံး သုံးလုံးက ရုတ်တရက် ရှောင်ယွင်ဆီကို ပြင်းထန်စွာ ပြေးဝင်လာသည်။
မမျှော်လင့်ထားသည့် တိုက်ခိုက်မှုကြောင့် သစ်လုံး ဆယ့်နှစ်လုံးနှင့် ဟန်ချက်မျှနေသော ရှောင်ယွင်အား ကမောက်ကမဖြစ်သွားစေခဲ့သည်။ ရှောင်ယွင် ရှောင်နိုင် တိမ်းနိုင်သော နေရာလွတ်အား ယင်း သစ်လုံး သုံးလုံးက အပြည့်အဝ ပိတ်တားလိုက်တော့သည်။
ရှောင်ယွင်၏ မျက်နှာက ပိုပြီး လေးနက်လာပြီး မျက်စိ ကလည်း ဦးတည်ရာပေါင်းစုံကနေ ပြေးဝင်လာနေသော သစ်လုံးအသစ် သုံးလုံးတို့အာ အကြည့်မလွတ်စေဘဲ ရှိနေစေသည်။ ခဏအတွင်းမှာပဲ သစ်လုံးတစ်လုံးက သူ့အနား နီးကပ်လာခဲ့သည်။ ပြင်းထန်လှသော အရှိန် ပါသောကြောင့် ရှောင်ယွင်မှာ အသက်ပင် အောင့်ထား မိတော့သည်။
သို့သော် အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ကာ ခန္ဓာကိုယ်ထဲမှလည်း ဒိုချီစွမ်းအင်များ ဆထက်ထမ်းပိုး ပေါက်ကွဲထွက်လာပြီးနောက် ကိုယ်လုံးကို လှည့်လိမ် လိုက်ရာ ဦးတည်လာသော သစ်လုံးနှစ်လုံးကို ပွတ်ကာ သီကာ ရှောင်ရှားလိုက်နိုင်သည်။
တဖန် ထိုအနေအထားမှ သစ်တိုင်လုံးထိပ်ဆီသို့ ပြန် အကျတွင် ခြေထောက်က ချက်ချင်း ဆောင့်ကန်လိုက် ကာ နောက်ထပ် သစ်တိုင်လုံးထိပ်တစ်ခုဆီသို့ ခုန်ကူး လိုက်သည်။ တစ်ဆက်တည်းမှာပဲ ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်သည့်အချိန်တွင် နောက်ထပ် သစ်လုံး တစ်ခုက နားရွက်အနားကနေ အန္တရာယ်ပြင်းထန်လွန်းစွာ အနားကပ်ဖြတ်သန်းသွားသည်။
ပြောရရင် ရှောင်ယွင်၏ ရှောင်တိမ်းနိုင်သည့်စွမ်းရည်က လွန်ခဲ့သည့် တစ်လအချိန်ကနှင့် ဘာမှ မဆိုင်တော့ချေ။ သစ်လုံး ဆယ့်နှစ်လုံးတို့အား အန္တရာယ်များပြားစွာ ကျဉ်း ကျဉ်းမြောင်းမြောင်းဖြင့် ရှောင်တိမ်းနေရပါသော်လည်း ရှောင်ယွင်၏ ခန္ဓာကိုယ်ကို ထိသွားအောင် ထိုသစ်လုံး ဆယ့်နှစ်လုံးတို့လည်း မတတ်စွမ်းနိုင်တော့ပါဘူး။
အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်လာသော သစ်လုံးတို့အား အနီးကပ် ပွတ်ကာသီကာဖြင့် ရှောင်တိမ်းနေရသော ကြောင့် ပွတ်ဆွဲသွားသော လေအားက အသားအရေကို စပ်ဖြင်းဖြင်း ဖြစ်သွားစေသည်။ သို့သော် ရှောင်ယွင်မှာ ခန္ဓာကိုယ်ကို အကာအကွယ်ပြုဖို့ မည်သည့် ဒိုချီစွမ်း အင်ကိုမှ အသုံးမပြုပါချေ။ ထိုအချိန်ကာလအတွင်း ရှိသမျှ ဒိုချီစွမ်းအင်တွေကို အရေးကြီးသည့်နေရာမှာသာ အသုံး ပြုသင့်သည်မလား။ သို့မဟုတ်လျှင် ဒိုချီစွမ်းအင်တွေ ကုန်ခမ်းသွားခဲ့ပါလျှင် သူ့အတွက် စောင့်ကြိုနေသည့် သစ်တိုင်လုံးကနေ ပြုတ်ကျသွားစေလောက်သည့် ကြောက်စရာကောင်းသော ဆောင့်ကန်ချက်ပင် ဖြစ်လေ သည်။
အဆင့်နိမ့် ဟွာင်းအဆင့် ချီကျင့်စဉ်က ရှောင်ယွင် သုံး သမျှကို အထောက်အပံ့မပေးနိုင်ပါဘူး။ ထို့ကြောင့် ရှောင်ယွင်မှာ တတ်နိုင်သမျှ ခြိုးခြံချွေတာပြီ ထုတ်သုံးရ မည့် ဒိုချီစွမ်းအင်ပမာဏကိုပါ တစ်ခါတည်း ဆုံးဖြတ်ရလေ သည်။
“ တကယ်လို့ ချီကျင့်စဉ်က အဆင့်မြင့်တိုးတက်သွားခဲ့ရင် ငါ ချွေတာနေစရာ မလိုတော့ဘူး.. ”
ဆယ့်တစ်ကြိမ်မြောက်သစ်လုံးကို ရှောင်ရှားလိုက်ပြီး နောက်တွင် ထိုအတွေးအား ရှောင်ယွင် တွေးလိုက်မိခြင်း ဖြစ်သည်။
သစ်လုံးက ရှောင်ယွင်အနား နီးနီးကပ်ကပ် ဖြတ်သွားပြီး နောက်တွင် ဆယ့်နှစ်လုံးမြောက်သစ်လုံးက ရှောင်ယွင် ဆီကို ပြေးဝင်လာနေပြန်သည်။ သို့သော် ရှောင်ယွင်မှာ ကြိုတင်ပြင်ဆင်ထားပြီးမို့ သစ်တိုင်လုံးထိပ်တွင် ခြေ ထောက်ကို ကွေးညွတ်ချလိုက်သည်။ ခြေထောက်ထိပ် သည်သာ သစ်တိုင်လုံးထိပ်တွင် စွဲကပ်ထားပြီ ခန္ဓာကိုယ် တစ်ခုလုံးအား ထူးခြားစွာ ထောင့်ချိုးအတိုင်း လှဲချလိုက် သည်။
“ ရှုးး ဝူးး ”
သစ်လုံးက ဝီခေါ်သံပင် ထွက်ပေါ်လာလျက် ရှောင်ယွင် ခန္ဓာကိုယ်အထက်မှ တစ်လက်မပင် မပြည့်သည့် အကွာ ကနေ ဖြတ်သွားသည်။ တဖန် ပြင်းထန်လှသော လေတိုး သွားခြင်းကြောင့် နာကျင်လှရာ ရှောင်ယွင် မျက်နှာက ရှုံ့မဲ့သွားသည်။
ဆယ့်နှစ်လုံးမြောက် သစ်လုံး၏ နောက်ပိတ် ဖြတ်သန်း သွားပြီးတဲ့ အချိန်တွင် ရှောင်ယွင်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့၏ အနောက်တွင် နောက်ထပ် သစ်လုံးတစ်လုံးက သူ့ဆီကို ခေါင်းတည် လာနေပြီ ပိုမို လျင်မြန်သော အရှိန်.. ပြင်းထန်သော အားဖြင့် ပြေးလာ နေခြင်းလည်း ဖြစ်သည်။
ရှောင်ယွင်မှာ သစ်လုံး ဆယ့်နှစ်လုံးတို့ကို ရှောင်ရှားနိုင်ဖို့ အတွက် ရက်ပေါင်း နှစ်ဆယ်ကျော် အချိန်ယူပြီ သစ်လုံး တို့၏ အချိန်ကိုက်မှုနှင့် တိုက်ခိုက်လာတတ်သည့် ပုံစံတို့ ကို လေ့လာထားရခြင်း ဖြစ်သည်။ ယခု ရွဲ့လော် ထပ် ထည့်လိုက်သော ဆယ့်သုံးလုံးမြောက် သစ်လုံးကြောင့် ရှောင်ယွင်မှာ ရှုံးနိမ့်တော့မလိုလို ဖြစ်သွားသည်။
တဖြည်းဖြည်း တိုးဝင်လာသော လေပြင်းကို ခံစားမိရ သော်အခါ ရှောင်ယွင်သည် စိတ်ထဲကနေ ကျိတ်ပြီး အသက်ပြင်းချလိုက်သည်။ သူသည် ရုတ်တရက် မျက်လုံး ကို မှိတ်ချလိုက်သည်။ ပြီးလျှင် သူ့အနောက်က လေတိုး သံတွေကို နားစိုက်ထောင်လိုက်သည်။ နောက်ကျောပြင် က မွှေးညှင်းပေါက်တို့မှာ လက်တံကဲ့သို့ လှုပ်ယမ်းခါ သွားသည်။
လေတိုးသံတွေအား နားစိုက်ထောင်လိုက်ပြီးအခါတွင် သစ်တိုင်လုံးတို့၏ ရွေ့လျားတိုက်ခိုက်နေသည့် လမ်း ကြောင်းက မျက်စိမှိတ်ထားသော ရှောင်ယွင်၏ စိတ်ထဲ တွင် ရုပ်လုံးပေါ်လာသည်။ ထိုကဲ့ ပီပြင်လှသည့် စိတ်အာ ရုံနယ်ပယ်ထဲတွင် ရှောင်ယွင်သည် သစ်လုံးတို့၏ သွားရာ လမ်းကြောင်းနှင့် အရှိန်တို့ကို တစ်ခါတည်း မှန်ဆလို့ ရသွားသည်။ ပြီးလျှင် အကောင်းဆုံး ရှောင်ရှားရမည့် ပုံစံ တို့ကိုပါ စိတ်ထဲတွင် တွက်ထုတ်ပြီးသားလည်း ဖြစ်သွား သည်။
အပြင်ဘက်မှမူ ရွဲ့လော်သည် ရှောင်ယွင် ရုတ်တရက် မျက်လုံးပိတ်ချလိုက်သည်ကို မြင်သောအခါ သူ့မျက်လုံး က ရုတ်တရက် ပြူးကျယ်တောက်ပသွားသည်။ ပြီးလျှင် အံ့သြသွားသော လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိ ပြန်သည်။
“ ဒီကောင်လေးက သူ့ရဲ့ စိတ်ဝိညာဉ်အာရုံခံစားသိတာ ကို ဘယ်လိုသုံးရမလဲဆိုတာ သိသွားတာပါလား.. ”
ထိုစဉ် ရှောင်ယွင် စိတ်ထဲတွင် သစ်လုံး၏ ပုံသဏ္ဍာန် ထင်ရှားစွာ ထင်မြင်လာပြီးနောက် သူ့ခန္ဓာကိုယ်ကလည်း ထူးခြားစွာ တွန့်လိမ်ပြောင်းလဲလိုက်သည်။ လက်နှစ်ဖက် က ခေါင်းကို ကိုင်ထားကာ ဒေါင်လျက်သား အနေအထား ဖြင့် ခန္ဓာကိုယ်က လှဲချလိုက်သည်။ လှဲချလိုက်သည့် အချိန်တွင် ကြီးမားသည့် သစ်လုံးကလည် မျက်နှာအနား ကနေ နီးကပ်စွာ ဖြတ်သွားသွားတော့သည်။ ဖြစ်ပေါ်လာ သော လေတိုးအားကြောင့်လည်း ရှောင်ယွင်၏ နားမှာ အနည်းငယ် အူထွက်သွားသည်။
ထိုကဲ့သို့ ဆယ့်သုံးလုံးမြောက် သစ်လုံးကို အန္တရာယ်များ စွာ ရှောင်လိုက်ပြီးနောက် ရှောင်ယွင်၏ ခြေဖျားက တိုင် လုံး၏ ဘေးတစောင်းကို လှမ်းကန်လိုက်ကာ မြေကြီးပေါ် ခုန်ဆင်းလိုက်သည်။ ပြီးလျှင် အင်္ကျီကို လှမ်းယူပြီ ကိုယ် ပေါ်မှာ တင်ထားလိုက်သည်။
ရှောင်ယွင်သည် အသက်ပြင်းချလိုက်ပြီ မြေကြီးပေါ် ထိုင် ချလိုက်သည်။ ချက်ချင်းဘဲ သိုလှောင်လက်စွပ်ကနေ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်အဖုံး ဖွင့်ပြီး လက်ဖဝါးအပေါ် သွန်ချလိုက်ရာ ဆေးလုံးနှစ်လုံး က လိမ့်ဆင်းလာသည်။
“ ဟူးးး.. စွမ်းအင်ပြန်လည်ဖြည့်တင်းတဲ့ဆေးလုံးက ဘာမှ သိပ်မကျန်တော့ပါလား.. ကြည့်ရတာ ဆေးပင်တွေ သွား ရှာရတော့မယ်ထင်တယ်.. ”
ဆေးလုံး နှစ်လုံးပဲ ကျန်တော့သည့်အတွက် ရှောင်ယွင် စိတ်ပျက်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီ ခပ်မြန်မြန် ပဲ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
မြေကြီးမှာ ထိုင်နေလျက် ရှောင်ယွင်မှာ ကျင့်ကြံသည့် အနေအထားသို့ အလျင်အမြန်ပဲ ကူးပြောင်းသွားသည်။ တစ်လနီးပါး လေ့ကျင့်ခဲ့ပြီးနောက်တွင် ရှောင်ယွင်သည် သူ့၏ ဒိုချီစွမ်းအင်များ ကုန်ခမ်းနေသည့် အချိန်သည် ကျင့်ကြံဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိ နားလည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ သူ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းများနှင့် ကြွက်သားများ က ဒိုချီစွမ်းအင်ကို ပုံမှန်အချိန်ထက် ပိုပြီ ငတ်မွတ်နေကြ သည် မဟုတ်လား။
ရှောင်ယွင်မှာ ထိုင်ပြီ ကျင့်နေလိုက်ပြီးနောက် အသက်ရှု နှုန်းကလည်း တည်ငြိမ်လာခဲ့သည်။ ထိုအခါ ဘေးပတ် လည်ကနေ စွမ်းအင်လေစီးကြောင်းများ စတင်ဖြစ်ပေါ် လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သိုင်းဖွဲ့၍ လာသည်။ ထိုစွမ်းအင်တွေက ခန္ဓာကိုယ်အရေပြားနှင့် ထိတွေ့လိုက် သည်နှင့် အရေပြားတို့က အငမ်းမရ စုပ်ယူကြလေသည်။ ရေမြုပ်တုံးတစ်တုံးက ရေကို စုပ်ယူလိုက်သကဲ့သို့ပင် ဖြစ် သည်။
ထိုသို့ ဆက်လက်ကျင့်နေပြီး ဘေးပတ်ဝန်းကျင် စွမ်းအင် ထုမှာလည်း တစ်စစ ပိုမို သိပ်သည်းလာကာ လျော့ပါး သွားမည့် အရိပ်အယောင်လည်း မမြင်ရသေးချေ။
ရွဲ့လော်မှာ ကျောက်တုံးတစ်တုံးကို လက်ချောင်းဖြင့် ခေါက်နေရင်း ရှောင်ယွင် လေ့ကျင့်နေသည့် အချိန်ကို ရေတွက်နေသည်။ ရှောင်ယွင်၏ လေ့ကျင့်နေသည့် အချိန်က ပုံမှန်ထက် ကြာမြင့်လာသည့်အခါ ရွဲ့လော်က မျက်မှောင်ကြုတ်လိုက်သည်။
“ သူက အဆင့်တက်အောင် လုပ်နေပြီး ဒိုကျဲအဆင့် ကြယ် ၆ လုံး ဖြစ်လာအောင် လုပ်နေတာလား.. ?? ”
ကျောက်တုံးအား ခေါက်နေခြင်းကို ရုတ်တရက် ရပ်ချ လိုက်သည်။ ပြီးလျှင် ပြုံးလိုက်ပြီ ညင်သာစွာ ပြောလိုက် သည်။
“ မဆိုးဘူးပဲ.. ငါ ခန့်မှန်းထားတာက ဒိုကျဲအဆင့် ကြယ် ၆ လုံးကို ရောက်ဖို့က အချိန် တစ်လခွဲ.. အခု ကြည့်ရတာ က ဒီကောင်လေးက အချိန် ၁၅ ရက်တောင် မလိုအပ်ဘူး ပဲ.. ကောင်းပါ့.. ကြည့်ရတာ ဒီကို လာတုန်းက တိုက်ခိုက် ခဲ့တာတွေက သူ့အတွက် အကျိုးရှိသွားတဲ့ပုံပဲ.. ”
မျက်လုံးမှိတ်နေသော ရှောင်ယွင်ကို ငေးကြည့်နေရင်း စူးရှသော အမြင်ရှိသည့် ရွဲ့လော်သည် တစ်ခုခု လိုအပ် နေသည်ကို သတိထားမိလိုက်သည်။
မျက်မှောင်ကြုတ်လိုက်ရင်း
“ အင်း အဆင့်တက်ဖို့ နည်းနည်း အားစိုက်နေရသလိုပဲ လား.. ကြည့်ရတာ ပြင်ပအကူအညီတစ်ခုခုတော့ လိုအပ် နေပြီပဲ.. ”
ထိုအချိန် ခဏအကြာ တိတ်ဆိတ်နေရင်း ရွဲ့လော်သည် လက်ချောင်းတစ်ချောင်းကို မြှောက်လိုက်လျှင် လေပြင်း တစ်ခုက လက်ချောင်းကနေ ထွက်သွားသည်။ ၎င်းသည် ရှောင်ယွင်၏ ဦးခေါင်းဆီသို့ ထိမှန်သွားသည်။ ချက်ချင်း ပင် ရှောင်ယွင် လေ့ကျင့်နေတာကို လှုပ်နိုးလိုက်သလို ဖြစ်သွားသည်။
လေ့ကျင့်နေတာ အနှောင့်အယှက်ဖြစ်သွား၍ ရှောင်ယွင် က ချက်ချင်းပဲ မျက်လုံး ဖွင့်လိုက်ပြီ ရွဲ့လော်ကို စိတ်ဆိုး ဆိုးဖြင့် လှမ်းကြည့်လိုက်သည်။ အဆင့်တက်ဖို့ အခွင့် အရေး ရလာဖို့ဆိုတာ အလွယ်တကူ ဖြစ်လာနိုင်သည့် အရာ မဟုတ်ချေ။
“ အရူး.. မင်းက အဆင့်တက်ဖို့ အတင်းအားစိုက်နေတယ် အခု မင်း ဒိုကျဲအဆင့် ကြယ် ၆ လုံးကို ရောက်သွားရင် တောင် တစ်လလောက် အနားယူခံထိနေဦးမယ်.. သိလား ”
ထိုစကားကို ကြားလိုက်ရသည်အခါ ရှောင်ယွင် ချက်ချင်း ပဲ စိတ်ဓာတ်ကျသွားသည်။ အဆင့်တက်သွားဖို့အတွက် အချိန်တစ်လနှင့် အလဲအလှယ်လုပ်ရသည့်က တကယ် ကို အဆုံးအရှုံးများသည့် အရာပင် ဖြစ်သည်။ ရှောင်ယွင် မှာ အသက်ပြင်းချ၍ ဝမ်းနည်းစွာဖြင့် ညည်းတွားလိုက် သည်။
“ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကွာ.. ”
ထိုအခါ ရွဲ့လော်သည် စိတ်ပျက်ဟန်ဖြင့် အော်ငေါက် လိုက်သည်။
“ အခွင့်အရေး မရှိတော့ဘူးလို့ ငါပြောမိလို့လား.. အခု သစ်တိုင်လုံးတွေဆီကို ချက်ချင်း ပြန်သွားလိုက်.. ရှိသမျှ သစ်လုံး ဆယ့်ငါးလုံးကို အသုံးပြုလိုက်မယ်.. ”
“ ဆယ့်ငါးလုံး?? ”
ရှောင်ယွင်၏ နှုတ်ခမ်းက မဲ့ရွဲ့သွားကာ ရွဲ့လော်ကို လက်ခလယ်ပင် ထောင်ပြချင်စိတ်ပေါက်သွားသည်။ သူ့၏ အကန့်အသတ်က ဆယ့်သုံးလုံးပဲ ရှိသေးသည်။ ဆယ့်ငါး လုံးဆိုလျှင် ချက်ချင်း သစ်တိုင်လုံးထိပ်ကနေ ပြုတ်ကျ သွားမှာ ဧကန်ပင်။
“ အရူး.. ကြီးမားလေးလံ ရွှင်းပေတံကို ဘယ်လို ဖယ်ရှား ရမလဲ ဆိုတာ မသိဘူးလား.. ”
ထိုင်မြဲ ထိုင်နေဆဲ ဖြစ်သော ရှောင်ယွင်က သစ်တိုင်လုံး ဆီကို သွားဖို့ ဝန်လေးနေသည်ကို မြင်လျှင် ရွဲ့လော်က စိတ်ရှုပ်ထွေးသွာပြီး အားမလိုအားမရစွာဖြင့် ကြိမ်းမောင်း လိုက်ပြန်သည်။
“ အခု မင်းလိုနေတာက အခွင့်အရေးပဲ.. မင်း သေချာ ပေါက် အဆင့်တက်သွားလိမ့်မယ်.. အီးရောအီးရော လုပ်နေတာ ရပ်လိုက်တော့.. ”
ကြီမားလေးလံ ရွှင်းပေတံအား ဖယ်ရှားခွင့်ပြုကြောင်း ကြားလိုက်သည့်အခါ ရှောင်ယွင် မျက်လုံးက တောက်ပ သွားသည်။ ချက်ချင်းပဲ ဒူးထောက်လိုက်ပြီ တစ်ချက် အားစိုက်လိုက်ကာ ပေတံ၏ လက်ကိုင်ရိုးအား ဆုပ်ကိုင် ပြီ ဆွဲထုတ်လိုက်ပြီး ရှိသမျှ ခွန်အားဖြင့် မြေကြီးပေါ် ထိုးစိုက်လိုက်သည်။
ခန္ဓာကိုယ်မှာ ကြီးမားလေးလံ ရွှင်းပေတံ မရှိတော့သည့် နှင့် ရှောင်ယွင်သည် သူ့ခန္ဓာကိုယ်က လေထဲ ပေါလော ပေါ်နေသလို ချက်ချင်း ခံစားလိုက်ရသည်။ ဒိုချီစွမ်းအင် တို့ကလည်း မီးတောက်ပေါက်ကွဲလာသို ချီလမ်းကြောင်း ထဲ တဟုန်ထိုး ပြေးထွက်စီးဆင်းသွားသည်။ ရုတ်တရက် တိုးပွားလာသော ခွန်အားက ခန္ဓာကိုယ်တစ်လျှောက် ပြန့် နှံ့သွားပြီ တစ်ဆက်တည်းမှာပဲ အရိုးအဆစ်ကွဲအက်သံ များ ဆက်တိုက်ထွက်လာသည်။
ထိုအခါ ရှောင်ယွင်သည် နောက်တစ်ကြိမ် မွေးဖွားလာ သလို ခံစားလိုက်ရပြန်သည်။ ပြောရလျှင် ပူအိုက်သော နေ့တွင် အငတ်ပြေ ရေသောက်လိုက်ရသလို ဖြစ်သည်။ ရှိသမျှ မွှေးညှင်းပေါက်တို့ကနေ လန်းဆန်းတက်ကြွခြင်း တို့ အတွင်းမှ လှိုက်တက်လာသလိုပင် ခံစားစေရသည်။
မြေကြီးပေါ် နင်းလျှောက်ရသည်မှာလည်း သူ့ခန္ဓာကိုယ် က ငှက်မွေးတောင်တစ်ခုလို့ ပေါ့ပေါ့ပါးပါး ဖြစ်နေတာကို လည်း ခံစားရသေးသည်။ ရှောင်ယွင် ခေါင်းမော့ပြီ လေထဲ တွင် ချိတ်ဆွဲထားသော သစ်လုံး ဆယ့်ငါ့းလုံးကို မော့ ကြည့်လိုက်သည်။ ရှောင်ယွင်သည် ပြုံးရွှင်စွာဖြင့် မြေကြီး ကို နင်းဆောင့်ကာ သစ်တိုင်လုံးထိပ်ပေါ်သို့ အမြှောက် ပစ်လိုက်သလို ခုန်တက်လိုက်ပြီ တိုင်လုံးထိပ်ပေါ်တွင် မတ်မတ် ရပ်လိုက်သည်။
“ လာစမ်းပါ.. ”
ရှောင်ယွင်က လက်ကို ဖြန့်ကား၍ ရွဲ့လော်ကို လက်ယပ် ပြလိုက်သည်။ အနှောင်းအဖွဲ့က လွတ်သွားပြီးနောက်တွင် ရှောင်ယွင်မှာ သစ်လုံး ဆယ့်ငါးလုံးတို့ ဆက်တိုက် လာတိုက်ခိုက်လာရင်လည်း ရှောင်တိမ်းနိုင်မည်ဟု ယုံကြည်ချက် ရှိလေသည်။
“ ကောင်းလိုက်တဲ့ ခံယူချက်ပဲ.. ”
ရှောင်ယွင်က ယုံကြည်ချက် တိုးပွားလာသည်ကို ကြည့်ပြီ ရွဲ့လော် ပြုံးလိုက်မိသည်။ လက်ကို တစ်ချက် ဝှေ့ယမ်း လိုက်ရာ ပြင်းထန်အားကောင်းသော လေပွေတစ်ခုက တိုက်ခတ်လာပြီ သစ်လုံး ဆယ့်ငါးလုံးတို့အား လွှဲယမ်း စေတော့သည်။ ခဏအကြာတွင် လေပွေနှင်ရာအတိုင်း လိုက်ပါလာကြကာ ရှောင်ယွင်ဆီသို့ ဦးတည်ချက်ပေါင်း စုံကနေ ထိုးနှက်လာကြတော့သည်။
သစ်လုံးတွေက လေထုကို ထိုးခွဲ၍ သူ့ဆီကို တိုက်ခိုက် လာသည်ကို ကြည့်ရင်း ရှောင်ယွင် နှုတ်ခမ်းကို တင်းတင်း စေ့ထားမိသည်။ သစ်တိုင်လုံးထိပ်ကို နင်းထောက်လိုက် ပြီး အရှေ့သို့ ကြိုတင်နေရာယူထားလိုက်သည်။
ရွဲ့လော်၏ ထိန်းချုပ်မှုအောက်တွင် သစ်လုံး ဆယ့်ငါးလုံး တို့သည် ဟာကွက် လုံးဝမရှိဘဲ တိုက်ခိုက်မှု ပုံစံတစ်ရပ် ကို ဖော်ဆောင်နေကြသည်။ ဆက်တိုက် အဝင်အထွက် မျှစွာ တိုက်ခိုက်လာသည်ဖြစ်ရာ လေပြင်းတွေပင် ဖြစ်ပေါ် လာ၍ ဘေးပတ်ဝန်းကျင်က သစ်ရွက်များ၊ မြက်ပင်များ မြေကြီးကနေ ကျွတ်ထွက်ကုန်ကာ လေထဲ လွင့်စင် သွားကုန်ကြသည်။
ရှောင်ယွင်မှာလည်း ကြီးမားလေးလံရွှင်းပေတံဓားကြီး မရှိတော့၍ လှုပ်ရှားမှုအလျင်လည်း နှစ်ဆခွဲအထိ တိုး မြင့်လာပြီး ဖြစ်သည်။ ရှောင်ပုံရှားပုံမှာ သဘောဝကျစွာ ဖြင့် ခြေထောက်အောက်က ကော်စေးနက်ကလည်း သူ့အား တုံ့ဆွဲထားခြင်း မပြုနိုင်စွမ်းတော့ပါဘူး။
သစ်တိုင်လုံးတို့၏ ရက်စက်ပြင်းထန်စွာ တိုက်ခိုက်မှု အောက်တွင် ရှောင်ယွင်၏ ခန္ဓာကိုယ်သည် ပေါ်သွား လိုက် ပျောက်သွားလိုက်ဖြင့်..သစ်လုံး ဆယ့်ငါးလုံးတို့၏ အဆက်မပြတ် တိုက်ခိုက်မှုမှာ ဖိနှိပ်ထားခြင်း မရှိတော့ သည့် ရှောင်ယွင်အား ဖိအား မည်သို့မျှ မပေးနိုင်တော့ သည်။
နောက်ဆုံး သစ်လုံးအား ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက် ပြီးလျှင် သစ်လုံး ဆယ်လုံးကျော်တို့သည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားပြီ လေထဲမှာပဲ ရုတ်ချည်း ရပ်တန့် သွားသည်။
ထိုအခါ ရှောင်ယွင်လည်း အသက်ပြင်းချလိုက်ပြီ ၎င်း တိုင်လုံးထိပ်မှာပဲ ဒေါက်တိုင်ကဲ့သို့ မတ်မတ်ရပ်လိုက်ကာ နောက်ဆုံးလက်ကျန် စွမ်းအင်ဖြည့်တင်းသည့် ဆေးလုံး ကို ထုတ်သောက်လိုက်သည်။ ခဏအကြာတွင် ခပ်ပါးပါး စွမ်းအင်တစ်ခုက ရုတ်တရက် စီးဆင်းလာကာ ထူးဆန်း စွာဖြင့် သူ့အနားတွင် ရစ်ပတ်နေပြီးမှ သူ့ခန္ဓာကိုယ် အတွင်းသို့ တရကြမ်း တိုးဝင်သွားကြသည်။
ရှောင်ယွင်သည် စွမ်အင်တွေကို ပိုပိုပြီး သန့်စင်လိုက်လေ တဖြည်းဖြည်းဖြင့် အဝါကျဲကျဲ အလင်းတစ်ခုက သူ့ခန္ဓာ ကိယ်ကနေ ထွက်ပေါ်လာသည်။ သူ့၏ ချောမောခန့်ညား သော မျက်နှာကလည်း အဝါရောင်သန်းသည့် ကျောက် စိမ်းအပိုင်းလို ဖြစ်နေသည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည့် အခါတွင်လည်း မျက်လုံး သူငယ်အိမ်အတွင်းမှာ အလင်း စက်တစ်ခုက လင်းလက်သွားသည်။
ရှောင်ယွင်သည် အသက်ပြင်းရှည်တစ်ချက် ရှိုက်သွင်း လိုက်ပြီးနောက် အနောက်ဘက်မှာ ရှိနေသည့် ရွဲ့လော် ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက အရမ်းကို တောက်ပသည့် အပြုံးဖြင့် ရှိနေသည်။
“ ကျွန်တော် အဆင့်တက်သွားပြီ.. ”
ရွဲ့လော်လည်း ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်က စိတ်ကျေနပ်နေသယောင်ပင်။
ဒိုကျဲအဆင့် ကြယ် ၆ လုံးသို့ ရောက်သွားပြီးမို့ ရှောင်ယွင် ၏ ခွန်အားမှာ နောက်တစ်ကြိမ် ဆထက်ထမ်းပိုး တိုးတက် သွားလေပြီး။ ထပ်ပြောရလျှင် နောက်ထပ်သုံးရက်မြောက် နေ့တွင် ရှောင်ယွင်သည် ကြီးမားလေးလံ ရွှင်းပေတံကို သယ်ဆောင်ထားပြီးတော့ သစ်လုံး ဆယ့်ငါးလုံးကို ကောင်းကောင်း ရှောင်လို့ ရနေပါပြီး။ သိသာထင်ရှား သော တိုးတက်မှုကြောင့် ရှောင်ယွင်မှာ တော်တော်လေး ပျော်ရွှင်နေသည်။
သစ်လုံး ဆယ့်ငါးလုံးဖြင့် တိုက်ခိုက်မှုအား ရင်းနှီးကျွမ်းဝင် လာသည့်အခါတွင် ရှောင်ယွင်သည် အရင်တုန်းကလို အေးဆေးသက်သာစွာ ရှောင်တိမ်းလို့ ရသွားသည်။ သာယာအဆင်ပြေသွားသည့် နေ့ရက်များက ရှောင်ယွင် အား အတော်လေး စိတ်ချမ်းသာသွားစေသည်။
***
သစ်ပင်များ ထူထဲအုပ်ဆိုင်းနေသည့် တောအုပ်ထဲတွင် ရှောင်ယွင်သည် ကျောထက်တွင် ရွှင်းပေတံဓားကြီးအား ကျောထက်တွင် လွယ်ထားရင်း လမ်းလျှောက်လာနေ သည်။ ဘေးပတ်ဝန်းကျင်ကို အကြည့်တစ်ချက်မှ အလွတ် မပေးခဲ့ပေ။ တစ်နေ့တာ လေ့ကျင့်ခြင်းပြီးနောက်တွင် သူသည် တောင်ကြားထဲမှ ထွက်လာကာ စွမ်းအင်ပြန် လည့်ဖြည့်တင်းသည့် ဆေးလုံးအတွက် ဆေးအမယ်တွေ အရှာအဖွေထွက်လာခြင်း ဖြစ်သည်။
စွမ်းအင်ဖြည့်တင်းဆေးလုံးမှာ ရှောင်ယွင်အတွက် လေ့ကျင့်သည့်နေရာတွင် အရေးကြီးသော ဆေးလုံး ဖြစ်သည်။ ထိုဆေးလုံးဖြင့် ရှောင်ယွင်သည် ကုန်ခမ်းသွား သော ဒိုချီစွမ်းအင်အား ပြန်လည်ဖြည့်တင်းရသည့် အချိန် အား တစ်ဝက်မျှ သက်သာသွားစေမည် ဖြစ်သည်။ ရှောင် ယွင်အတွက် အရေးကြီးဆုံးက အချိန်ပဲ မဟုတ်လား။
ရှောင်ယွင်မှာ စွမ်းအား တိုးတက်လာသည်နှင့်အမျှ အဆင့် ၁ မှော်ဆေးပညာရှင် ဖြစ်လာပါသော်လည်း စွမ်းအင်ဖြည့်တင်းဆေးလုံးမှာ အဆင့် ၂ ဆေးလုံး ဖြစ်နေရာ ထိုဆေးလုံးသန့်စင်ဖော်စပ်ဖို့အတွက် ရွဲ့လော် ကို အားကိုးရလေသည်။
တကယ်တမ်း ပြောရလျှင် စွမ်းအင်ဖြည့်တင်းဆေးလုံး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးအမယ်မှာ အလွန် ရှားပါးလှသည်။ ဝူတန်မြို့တွင် ရှိစဉ်က ဆေးလုံး ၁၀ လုံးစာအထိလောက်ပဲ ဆေးအမယ် ရခဲ့သည်။ ပုံမှန် အခြေအနေအရ ဆေးအမယ်ရှာဖွေသည့် ကိစ္စက ရှောင်ယွင်အတွက် အချိန်တော်တော်ပုပ်လေသည်။
သို့သော် မှော်သားရဲကောင်တောင်တန်းမှာ ဆေးပင် ဆေးအမယ်တို့မှာ ပေါများလှ၍ ရှောင်ယွင်အတွက် စိတ်သက်သာရာတော့ ရခဲ့သည်။ စွမ်းအင်ဖြည့်တင်း ဆေးလုံး ဖော်စပ်ရန်အတွက် ဆေးအမယ် ၅ မျိုး လိုအပ် လေရာ ယခုတွင် ရှောင်ယွင်သည် ၄ မျိုးကို ပေါပေါသီသီ ရထားပြီး ဖြစ်သည်။ ကျန်သည့် ၁ မျိုးဖြစ်သော အရေး ကြီးဆုံးလည်း ဖြစ်သော အနီရောင် စိတ်ဝိညာဉ် ဖြည့် တင်းသစ်သီးကိုသာ ရခဲ့ပါလျှင် ရှောင်ယွင်အတွက် လုံလောက်သည့် ဆေးလုံးပမာဏကို ဖော်စပ်နိုင်တော့ မည် ဖြစ်သည်။
အနီရောင် စိတ်ဝိညာဉ်ဖြည့်တင်းသစ်သီး ဆိုသည်မှာ စွမ်းအင်များ သိပ်သည်းသည့် နေရာတွင်သာ ရှိသည်။
အမြဲရှိသည်မဆိုလို.. သို့သော် ရှောင်ယွင်အတွက် တခြား နေရာတွေမှာ ရှိဖွေသည်ထက် စွမ်းအင်သိပ်သည်းသည့် နေရာတွင် ရှာဖွေသည်က ရနိုင်ခြေများသည် မဟုတ်လား
ရှောင်ယွင်သည် သူ့၏ ထက်မြက်သော စိတ်ဝိညာဉ်အာရုံ ခံနိုင်စွမ်းကို ထုတ်သုံးလိုက်လျှင် ပတ်ဝန်းကျင်တွင် မည်သည့်နေရာက စွမ်းအင်သိပ်သည်းနေသလဲဆိုတာက အကြမ်းဖျင်း သိရှိနိုင်သည်။ ယခု သူ ဦးတည်နေသည့် နေရာက စွမ်းအင်အသိပ်သည်းဆုံး နေရာဆီသို့ ဖြစ်လေ သည်။
နေ့လယ်ခင်း အချိန်သည် မှော်သားရဲကောင်များ အပြင် မထွက်လိုသည့် အချိန်ဖြစ်သည်။ ထိုဟာကို သဘော ပေါက်၍ ရှောင်ယွင်သည် နေ့လယ်အချိန်ကိုမှ ရွေးပြီ ဆေးအမယ် အရှာထွက်လာခြင်းလည်း ဖြစ်သည်။ သို့သော် ထွက်လာသည့်လမ်းတွင် တချို့မှော်သားရဲ ကောင် အစာရှာထွက်လာသည့်အခိုက်နှင့် ကြုံတောင့် ကြုံခဲ ဆုံခဲ့မိသေးသည်။ ရံဖန်ရံခါ တွေ့လိုက်သည့်အခါ တိုင်း ရှောင်ယွင် ရှောင်ထွက်သွားမြဲပင်။
ရှောင်ယွင်သည် ခြုံပုတ်တွေကို လက်ဖြင့် ဖယ်ရှားရင်း အရှေ့ဆက်တိုးသွားသည်။ ထိုသို့ ဆက်သွားလျှင် ကျောက်ကျိုးပုံတစ်ပုံကို မြင်လိုက်ရသည်။ ၎င်းကျောက်ပုံ အနောက်တွင် တောင်နံရံတစ်ခုရှိနေပြီး နွယ်ပင်စိမ်းပင် များ တွယ်ကပ်ပေါက်ဖွားနေလျက် ရှိသည်။
ထိုကျောက်ပုံကို ကြည့်ရင်း ရှေုာင်ယွင် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ သူ့၏ စိတ်ဝိညာဉ်အာရုံခံချက်အရ ဒီနေရာတစ်ဝိုက်တွင် စွမ်းအင်များ စုဝေးနေသည်မှာ ဤ တောတစ်ဝိုက်တွင် အသိပ်သည်းဆုံး ဖြစ်နေကြောင်း သိလိုက်သည်။
ကျောက်ပုံအား ကြည့်နေသည့် ရှောင်ယွင်သည် ဘေးပတ်ဝန်ကျင်ကို လည့်ပတ်ကြည့်လိုက်သည်။ အတန်ကြာလျှင် တောင်နံရံထက်တွင် ခရမ်းရောင် ပင်ပျိုတစ်ပင်ကို တွေ့လိုက်သည်။ ၎င်း ပင်ပျိုသည် တောင်နံရံတွင် ကပ်ပေါက်နေခြင်း ဖြစ်သည်။ ထိုအပင် သည် အစိမ်းရောင်နှင့် အနီရောင် ရောယှက်နေကာ အစိမ်းရောင်သစ်ရွက်များက အနီရောင်သစ်သီးများကို ဖုံးကွယ်ထားပေးနေသည်။ ယင်းသစ်သီးတို့သည်ကလည်း ရနှံ့သင်းသင်းလေး မွှေးပျံ့နေသည်။
“ အနီရောင် စိတ်ဝိညာဉ်ဖြည့်တင်းသစ်သီးပဲ.. ”
ထိုအပင်အား ငေးကြည့်နေရင်း ရှောင်ယွင် ပြုံးလိုက်ပြီ စိတ်ထဲမှာ ပေါ့သွားသည်။ နှစ်ရက်ဆက်တိုက် ရှာဖွေပြီး နောက်တွင် နောက်ဆုံး တွေ့ရလေပြီး။
လိုချင်နေသည့် ဆေးအမယ်က အရှေ့တွင် ရှိနေပါသော် လည်း ရှောင်ယွင် အလောတကြီးဖြင့် မသွားလိုက်ချေ။ ဤနေရာတွင် စွမ်းအင်တို့ သိပ်သည်းနေကာ ရှားပါးလှ သော ဆေးအမယ်တွေလည်း ရှိနေပြန်၍ မှော်သားရဲ ကောင်တစ်ကောင်က သေချာပေါက် စောင့်ကြပ်နေမှာကို ရှောင်ယွင် သတိရသွား၍ ဖြစ်သည်။
ရှောင်ယွင် ဘေးပတ်ဝန်းကို စေ့စေ့စပ်စပ် ထပ်မံ ကြည့်ရှု လိုက်ပြန်သည်။ သို့သော် မှော်သားရဲကောင်၏ အရိပ် အယောင်ကို မမြင်ချေ။ ရှောင်ယွင် မျက်မှောင်ကြုတ် လိုက်ပြီး ခဏအကြာတွင် ပုန်းကွယ်နေသည့် နေရာမှ တဖြည်းဖြည်း ထွက်ကြည့်လိုက်သည်။ သို့သော် သားရဲကောင် အရိပ်အယောင်ကို မမြင်ရသေးချေ။ ထို့ကြောင့် တဖြည်းဖြည်းဖြင့် ခရမ်းရောင် အပင်ပျိုငယ် ဆီသို့ သတိထားပြီ လှမ်းသွားလိုက်သည်။
သူ့ ခြေလှမ်းများက အပင်နား နီးလာလေ ရုတ်တရက် အေးစက်သည့် အရသာတစ်ခုကို နှလုံးသားကနေ ခံစား လိုက်ရသည်။ ခြေလှမ်းကို တိခနဲ ရပ်လိုက်ကာ မျက်မှောင်အား တွန့်ချိုးလိုက်ရင်း အနောက်လှည့်ပြီး ချက်ချင်း ပြန်ပြေးလေသည်။
“ ဘုန်း.. ”
ရှောင်ယွင် အနောက်လှည့်သည့်အချိန်တွင် ကြီးမားသည့် အဖြူရောင်ပုံရိပ်က ရုတ်တရက် တောင်နံရံထိပ်ကနေ ခုန်ဆင်းလာပြီ မြေပြင်ပေါ် အရှိန်ဖြင့် ကျလာသည်။ ၎င်း သည် တောင်ကုန်းငယ်တစ်ခုလို ရှောင်ယွင် အနောက် ဆုတ်သည့် လမ်းကြောင်းကို ပိတ်ကာထားလိုက်သည်။
ရုတ်တရက် မြင်လိုက်ရသော ကြီးမားသည့် သားရဲဆိုး ကောင်ကြောင့် ရှောင်ယွင်မှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ ထိုနေရာမှာပဲ မတ်တတ်ရပ်နေရင်း တစ်ကိုယ်လုံး အေးခဲသွားကာ နည်းနည်းလေးပင် မလှုပ်ရဲတော့ချေ။
ရှောင်ယွင်အရှေ့တွင် ရောက်လာသည့် သားရဲကောင်မှာ ကြီးမားသည့် မှော်မျောက်ဝံဖြူကြီး ဖြစ်သည်။ ယင်း မှော်မျောက်ဝံဖြူကြီးမှာ နှစ်မီတာမှ သုံးမီတာ အကြား ပျမ်းမျှ မြင့်လေပြီး တစ်ကိုယ်လုံးလည်း နှင်းပွင့်ကဲ့သို့ ဖြူဆွတ်သည့် အမွှေး များ ဖုံးလွှမ်းလျက်ရှိသည်။ အစွယ်ဖြူဖြူကလည်း ကြောက်စရာကောင်းစွာ တငေါငေါဖြင့် ပါးစပ်ကြီးကနေ ရှည်ထွက်နေသည်။ ထို့အပြင် သွေးကဲ့သို့ နီရဲသော မျက်လုံးအစုံလည်း ရှိကာ ရက်စက်ရိုင်းစိုင်းသည့် အရိပ်အသက်လည်း ထွက်ပေါ် နေသည်။
ရှောင်ယွင်မှာ မှော်မျောက်ဝံဖြူကြီးကို ကြည့်နေရင်း လေအေးတစ်ချက် ရှုလိုက်သည်။
“ အဆင့် ၂ မှော်သားရဲကောင် နှင်းမုန်တိုင်း မှော်မျောက် ဝံကြီးလား..”
“ ဘုန်း.. ဘုန်း.. ”
မှော်သားရဲကောင်မှာ ပြင်းထန်သည့် အသက်ရှုအသံ ကလည်း ပြင်းထန်လှသလို သူ့၏ သွေးကဲ့သို့ နီရဲသော မျက်လုံးကလည် သူ့နယ်မြေထဲ ကျူးကျော်လာသော လူသားကို စိုက်ကြည့်နေသည်။ ကြီးမားသော လက် သည်းက မြေကြီးကို ရိုက်ခတ်လိုက်ရာ ကျောက်တုံးတို့ ပင် အမှုန့်ကြေသွားသည်။
နည်းနည်းလေးပင် အန္တရာယ်အငွေ့အသက်ကို ဖုံးကွယ် ထားခြင်း မပြုထားသည့် မှော်မျောက်ဝံကြီးကို ကြည့်ပြီ ရှောင်ယွင် တံတွေးသာ မျိုချမိသည်။ အဆင့်၂ မှော်သား ရဲကောင် ဖြစ်သည်မို့ ၎င်း၏ ခွန်အားသည် ဒိုရှီအဆင့် ရှိသည် လူသားတစ်ယောက်နှင့် ညီမျှသည်။ ယခု ရှောင်ယွင်က အဆင့်၂ မှော်သားရဲကောင်ကို တိုက်ခိုက် မည်ဆိုလျှင် သူ့သေတွင်းကို သက်ဆင်းလိုက်သည်ဟု ပြောလို့ရသည်။
“ ဆရာရေ.. ”
ရှောင်ယွင်မှာ စိတ်ထဲကနေ အော်ခေါ်လိုက်သည်။ သို့သော် မည်သည့် တုံ့ပြန်မှုမှ ထွက်မလာချေ။ ရှောင်ယွင် မျက်နှာက ပိုပြီ ခါးသီးလာတော့သည်။
“ အရူးလုပ်နေတာ ရပ်ပါတော့.. အဲဒါက အဆင့် ၂ မှော်သားရဲကောင်ကြီးလေ.. ”
အကူအညီတောင်းခံလိုက်ပါသော်လည်း တစ်စုံတရာ အကြောင်းမထူး၍ ရှောင်ယွင်လည်း မှော်မျောက်ဝံကြီး ကို သေချာပြန်ကြည့်လိုက်သည်။ ပြီးလျှင် သေချာ ထပ်လေ့ လာကြည့်လိုက်ပြန်သည်။ ထိုအခါ မှော်မျောက်ဝံကြီး၏ ဝမ်းဗိုက်နေရာတွင် ဟက်တက်ကွဲ ဒဏ်ရာတစ်ခုကို မြင်လိုက်ရသည်။
ပြင်းထန်စွာ ရထားသည့် ဒဏ်ရာ အခြေအနေအရ ကြမ်းကြုတ်ရက်စက်သည့် သတ္တဝါတစ်ကောင်၏ လက်သည်းကြောင့် ရလာဟန် ရှိသည်။ ဒဏ်ရာ ရထား၍ ဒေါသထွက်နေသာ မှော်သားရဲကောင်တစ်ကောင်၏ နယ်မြေအတွင်းကိုမှ ရှောင်ယွင် ဝင်သွားလိုက်ခြင်းသည် အတော်လေး ကံဆိုးသည်ဟု ပြောရမည်။
ရှောင်ယွင်မှာ မျက်လုံးကို ကျဉ်းမြောင်းထားပြီးလျှင် နက်ရှိုင်းစွာ ကုတ်ဖဲ့ခံထားရ၍ သွေးစိမ်းများ ယိုစိးကျနေ သေးသည့် ဒဏ်ရာကို စူးစိုက်ကြည့်လိုက်သည်။ ထိုအခိုက် အကြံတစ်ခုက ခေါင်းထဲ ရောက်လာသည်။ ပုံမှန် အခြေအနေတွင် အဆင့် ၂ မှော်သားရဲကောင်ကို အနိုင်မယူနိုင်ပေမဲ့ ယခုအခြေအနေအရ ကံကြမ္မာက သူ့ဘက်ပါပုံ ရသည်။
“ ဟဲ့ကောင်.. မင်း ဒါကို မြည်စမ်းကြည့်လိုက်..”
ရှောင်ယွင်မှာ ဒေါသတကြီးဖြင့် အော်ဆဲလိုက်ပြီ ကြီးမားလေးလံ ရွှင်းပေတံကို ဆွဲထုတ်လိုက်ကာ မြေကြီးထဲ ထိုးစိုက်လိုက်သည်။ အခြေအနေက သူ့ကို အနောက်ဆုတ်ခွင့် မပြုထားတော့သည်။
ရှောင်ယွင်၏ အပြုအမူက ဘာမှ မဟုတ်ပေမဲ့ ဒေါသထွက် နေသော မှောက်မျောက်ဝံကြီးအား စိန်ခေါ်လိုက်သလို ဖြစ်နေသည်။ ချက်ချင်းပင် မျောက်ဝံကြီးမှာ ရင်ဘတ်ကို လက်သီးဖြင့် ထုနှက်ပြီ တဘုန်းဘုန်း အသံကို ပြုလေ သည်။
ပြီးလျှင် မှော်မျောက်ဝံကြီးသည် ရှောင်ယွင်ဆီကို ပြေးဝင် လာသည်။ နီရဲသည့် မျက်လုံးကလည်း ရှောင်ယွင်ကို စိုက်ကြည့်ထားသည်။ မှော်မျောက်ဝံကြီး၏ လက်သည်း တွင် အဖြူရောင်စွမ်းအင်များ စုစည်းလာသည်။ ချက်ချင်း ပင် ဘေးပတ်လည်က လေထုအား အေးစိမ့်သွားစေ သည်။
ရှောင်ယွင်လည်း မြေကြီးကို အသာဆောင့်ကန်ကာ ခုန်တက်လိုက်ရင်း အော်ဟစ်လိုက်သည်။
“ ခရမ်းတိမ်တောင်ပံ.. အသက်ဝင်စမ်း.. ”
ထွက်ပေါ်လာသည့် အော်သံနှင့်အတူ ကျောပြင်က အနက်ရောင် စွန်ရဲတောင်ပံလည်း နှစ်မီတာကနေ သုံးမီတာအထိ ဝုန်းခနဲ ဆန့်ထွက်လာသည်။ တောင်ပံက စတင် လှုပ်ခတ်လာပြီ ၎င်းအဟုန်ဖြင့် ရှောင်ယွင်လည်း မြေပြင်ထက်နေ ဆယ်မီတာအကျော်ထိ မြင့်တက်သွား သည်။
“ ဝူးးးး ”
မှော်မျောက်ဝံကြီး၏ အားနှင့် အင်နှင့် အော်မြည်လိုက် သည်။ အဖြူရောင်စွမ်းအင်သည်လည်း ဘောလုံးတစ် လုံးကဲ့သို့ စုစည်းလာနေပြီ။ မှော်မျောက်ဝံကြီးက ၎င်း ဘောလုံးကို လွှတ်ပေးလိုက်လျှင် ရှောင်ယွင်ဆီသို့ ပြေး ဝင်လာပါတော့သည်။
သို့သော် ရှောင်ယွင်မှာ သွက်လက်လျင်မြန်မှု လေ့ကျင့် ခန်းကို တစ်လအကြာ လေ့ကျင့်ထားသူမို့ မျောက်လွှဲ ကျော်တစ်ကောင်လို သွက်လက်လွန်းနေပါပြီး။ သူသည် ဘေးဘက်သို့ ကပ်ခါ မှော်မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်ရှားလိုက်သည်။
ထိုသို့ ရှောင်လိုက်ပြီးနောက် ရှောင်ယွင်သည် လက်သီး ကို ဆုပ်ထားလိုက်ပြီ မှော်မျောက်ဝံကြီး၏ ဝမ်းဗိုက်က ဒဏ်ရာနေရာကို ကောက်ကျစ်စွာဖြင့် ထိုးချိန်လိုက်ကာ အေးစက်သော လေသံဖြင့် အော်ဟစ်လိုက်ပြန်သည်။
“ လေဟာနယ် လက်ဝါး.. ”
ထိုသို့ အော်လိုက်ပြီးနောက် ပြင်းထန်လှသည့် စုပ်ယူအား က လက်ဝါးပြင်ကန ထွက်ပေါ်လာသည်။ ကွဲကြေနေ သော ကျောက်တုံးတို့သည်ပင် စုပ်ယူအားကြောင့် ဆွဲစုပ်ခံလိုက်ရကာ ရှောင်ယွင်ဆီသို့ ပြေးဝင်သွားသည်။
“ ဝေါ.. ”
ပြင်းထန်သည့် စုပ်ယူအားကြောင့် မှော်မျောက်ဝံကြီးမှာ အရှေ့သို့ ယိုင်လဲမတတ် ဖြစ်သွားသည်။ သို့သော် ကိုယ်ဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်သည့်အခါတွင် ဝမ်းဗိုက်နေရာကနေ နာကျင်လာ၍ ငုံ့ကြည့်လိုက်သည်။ ထိုအခါ ဝမ်းဗိုက်ဒဏ်ရာကနေ သွေးတို့သည် ရေလိုပင် ယိုစီးကျလာနေသည်ကို တွေ့လိုက်ရသည်။
မခံမရပ်ဖြစ်လောက်အောင် နာကျင်သွားခြင်းကြောင့် မှော်မျောက်ဝံကြီးမှာ သွေးရူးသွေးတန်းပင် ဖြစ်လာသည်။ ၎င်း၏ ခြေလှမ်းက မြေကြီးကို တုန်ခါစေလျက် ရှောင်ယွင် ဆီကို ဒေါသပြင်းထန်စွာဖြင့် ဒုန်းစိုင်းပြေးလာပါတော့ သည်။
ရှောင်ယွင်မှာ ရှောင်ကာ တိမ်းကာဖြင့် မှော်မျောက်ဝံကြီး ၏ တိုက်ခိုက်မှုအားလုံးကို ချေဖျက်နိုင်ခဲ့သည်။ လက်ဝါး ကနေ စုပ်ယူအားကိုလည်း အလျဉ်သင့်သလို ထုတ်ထုတ် သုံး၍ မှော်မျောက်ဝံကြီး၏ ဒဏ်ရာမှ သွေးပိုထွက်အောင် တိုက်ခိုက်နေသည်။
ကျောက်ပုံအပေါ်တွင် ထူးခြားလှသည့် မြင်ကွင်းတစ်ခု.. အလွန်တရာ ဒေါသထွက်နေသော မှော်မျောက်ဝံကြီးမှာ သူ့ဘေးနားက သေးငယ်သည့် လူသားအား ဒေါသတကြီး ဖြင့် ထုနှက်နိုင်ဖို့ ကြိုးစားနေသည်။ ဒေါသထွက်လွန်း၍ မစဉ်းစားနိုင်တော့သည်ဖြစ်ရာ သာမန်မျောက်ဝံကြီး တစ်ကောင်နှင့် သိပ်မခြားနားတော့ချေ။ သူ့ဘေးနားက လူသားကတော့ မှော်မျောက်ဝံကြီးထံမှ သွေးတွေကို လက်ဝှေ့ယမ်းကာဖြင့် ခြင်တစ်ကောင်လို စုပ်ယူနေသည်။
ကျောက်ပုံတစ်ခုလုံးမှာလည်း သွေးစိမ်းရှင်ရှင်များဖြင့် ဖုံးလွှမ်းနေကာ မြင်ရသူတိုင်း ကြောက်စရာမြင်ကွင်း တစ်ခုလို ဖြစ်စေသည်။ မှော်မျောက်ဝံကြီးအနားတွင် လှည့်ပတ်ပြေးနေရင်း ရှောင်ယွင်မှာ သူ့အကန့်အသတ် သို့ ရောက်ရှိလာပြီး ဖြစ်သည်။ နောက်ထပ် စုပ်ယူအား တစ်ခုကို ထုတ်သုံးလိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် မှော်မျောက်ဝံကြီးထံမှ သွေးများများ ပိုစုပ်ထုတ်လိုက် သည်။
နောက်ဆုံး အသက်ထွက်စေသည့်အထိ တိုက်ခိုက်ခံ လိုက်ရသည့်အခါ မှော်မျောက်ဝံကြီးသည် အော်ဟစ် ကြုံးဝါးနေရင်း သေသွားရတော့သည်။ တစ်ကိုယ်လုံး လဲကျပုံမှာ တောင်ငယ်တစ်လုံး ပြိုကျသလိုပါပဲ။ နီရဲသည့် မျက်လုံးက ဖွင့်လျက်သား။
မှော်မျောက်ဝံကြီး လဲကျသွားသည်နှင့် မကြာချေ ရှောင်ယွင်၏ အားနည်းနေပြီးဖြစ်သော ခန္ဓာကိုယ် သည်လည်း မြေကြီးပေါ် လဲကျသွားသည်။ မြေကြီးမှာ သွေးတွေ စိုရွှဲနေပါသော်လည်း ဂရုမစိုက်တော့ပေ။ မြေကြီးကို စောင်အခင်းမှတ်ပြီ လဲအိပ်လိုက်ကာ လေကို အမောတကောဖြင့် ရှုသွင်းနေလိုက်သည်။
မြေကြီးထက်တွင် အချိန်အတော်ကြာ လဲအိပ်နေလိုက်ပြီး နောက် နောက်ဆုံးတွင် ရှောင်ယွင်သည် ခွန်အားအချို့ ပြန်လည် ရရှိလာသည်။ မနီးမဝေးက မှော်မျောက်ဝံကြီး အလောင်းကို ကြည့်လိုက်သည်။ စိတ်ထဲမှာ ကြောက်ရွံ့ ခြင်းကို ခံစားနေရဆဲပါ။ သူသာ ဒိုကျဲအဆင့် ကြယ် ၆ လုံး မဟုတ်ခဲ့လျှင်.. မှော်မျောက်ဝံကြီးကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် မရထားခဲ့လျှင် ထိုနေရာတွင် သေရမည့် သူက သူကိုယ်တိုင်ပဲ ဖြစ်သွားပါလိမ့်မည်။
“ ကောင်လေး.. ကြည့်စမ်း.. အဆင့်၂ မှော်သားရဲကောင် ကို သတ်လိုက်နိုင်တာပဲ.. တကယ်ကို အံ့သြစရာပဲ.. ”
ရွဲ့လော်က လက်စွပ်ကနေ ထွက်လာကာ ကြီးမားသည့် မှော်မျောက်ဝံကြီးအလောင်းကို ကြည့်လိုက်ကာ ရှောင်ယွင်ကို ပြုံးလျက် ပြောလိုက်သည်။
သို့သော် ပြုံးရွှင်နေသည့် ရွဲ့လော်ကို ရှောင်ယွင် မကျေမချမ်းဖြင့် ကြည့်လိုက်သည်။ ဘောက်ဆတ်ဆတ် ဖြင့် ကုန်းထလိုက်ပြီးနောက် လေ့ကျင့်သည့် ကိုယ်ဟန် ပြင်ထိုင်လိုက်ပြီ ရွဲ့လော်ကို ပြောလိုက်သည်။
“ စောင့်ကြည့်ထားပေး.. ”
ပြီးလျှင် ကုန်ခမ်းသွားသော ဒိုချီစွမ်းအင်အား ပြန်လည် ဖြည့်တင်းနေလိုက်သည်။
ရှောင်ယွင်က မျက်စိမှိတ်ပြီ စွမ်းအင်ပြန်လည်ဖြည့်တင်း နေသည်ကို ကြည့်ပြီ ရွဲ့လော်လည်း လေထဲတွင် ရပ်နေကာ အစောင့်လုပ်ပေးသည်။
နာရီဝက်ကြာသွားသည့်အခါတွင် ရှောင်ယွင် မျက်လုံးကို ဖွင့်လိုက်သည်။ သူ့လက်က အနည်းငယ် ထုံကျင်နေသေး သော်လည်း ဒိုချီစွမ်းအင်ကို ကောင်းကောင်း ဖြည့်တင်း ထားပြီ ဖြစ်သည်။
“ ဒီနေရာမှာ စွမ်းအင်တွေက တကယ် ပြည့်ဝနေတာပဲ.. ”
ရှောင်ယွင်က ရေရွတ်လိုက်ရင်း မတ်တတ်ရပ်လိုက်သည်။ ထုံကျင်နေသော လက်ကို ပွတ်သပ်လိုက်ရင်း မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
“ အခု မီးတောက်မန္တရားကျင့်စဉ်က တကယ့် အသုံးမကျ တာပဲ.. ဒိုချီစွမ်းအင်တွေ ဆယ်မိနစ်ပဲ ခံတယ်.. တကယ် လို့ မှော်မျောက်ဝံကြီးသာ နည်းနည်း အချိန်ကြာနေခဲ့ရင် အရင်သေသွားမယ့်သူက ကျွန်တော်ပဲ.. ”
“ ဟွန့်တယ်.. သိပ်ဟုတ်တာပေါ့.. အသုံးမကျတာပဲ.. ”
ထိုအချက်နှင့် ပတ်သတ်၍ ရွဲ့လော် ဝန်ခံရလိမ့်မည်။ မီးတောက်မန္တရားက ကြီးမားသည့် အလားလာ ရှိနေ သော်လည်း ၎င်း၏ တာရှည်ခံနိုင်စွမ်းနှင့် တောင့်ခံနိုင်စွမ်း က တိုက်ပွဲအတွက် အားနည်းလွန်းလှသည်။
“ ဟူးး.. ကျွန်တော်အတွက် သင့်တော်တဲ့ ကောင်းကင်ဘုံ မီးတောက်ကို ဘယ်မှာသွားရှာရမလဲ.. ”
ရှောင်ယွင်မှာ ကောင်းကင်ကို မော့ကြည့်ပြီ အသက်ပြင်း ချလိုက်သည်။ မီးတောက်မန္တရား၏ အစောပိုင်းအဆင့် တွေက သူ့အတွက် အချိန်ကြာမြင့်စွာ ရှိနေဦးမည့် အားနည်းချက် ဖြစ်နေသည်။
ရှောင်ယွင် အသက်ပြင်းချလိုက်ကာ အစိမ်းရောင် အပင်ပျိုဆီသို့ လျှောက်သွားလိုက်သည်။ အနီရောင် စိတ်ဝိညာဉ်ဖြည့်တင်းသစ်သီး အလုံးသုံးဆယ်ကျော်ကို ဆွတ်ခူးလိုက်ပြီ ကျောက်စိမ်းပုလင်းထဲ ထည့်လိုက်ကာ သိုလှောင်လက်စွပ်အထဲသို့ ထပ်မံ ထည့်သိမ်းလိုက်သည်။
အနီရောင် စိတ်ဝိညာဉ်သစ်သီးကို သေချာစွာ သိမ်းဆည်း လိုက်ပြီနောက် သိုလှောင်လက်စွပ်ကနေ ဓားမြှောင်တစ် ချောင်းကို ထပ်ထုတ်လိုက်သည်။ ပြီးလျှင် မှော်မျောက်ဝံ ကြီးအလောင်းဆီသို့ သွားလိုက်သည်။ မျောက်ဝံကြီး ခေါင်းကို ဓားဖြင့် ဖွင့်လိုက်သည်။
“ ဟမ်.. မှော်အမြူတေ ရှိနေတယ်.. ”
မှော်မျောက်ဝံကြီး၏ ခေါင်းကို ဖွင့်လိုက်သည်နှင့် နှင်းပွင်ခဲ လို ဖြူနုသည့် မှော်ကျောက်တုံးက အေးစက်သည့်အငွေ့ အသက်ဖြင့် ရှိနေသည်ကို မြင်လိုက်ရသည်။
ရှောင်ယွင်လည်း ပျော်ရွှင်စွာဖြင့် မှော်အမြူတွေကို ထုတ် ယူလိုက်သည်။ ဒါက သူ ပထမဆုံး ရခဲ့ဖူးသည့် အဆင့်ရှိ မှော်အမြူတေ ဖြစ်ပေသည်။ စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ် ကြည့်လိုက်ပြီ လက်ထဲတွင် ဆုပ်ကိုင်ထားရာ အေးစက် သည့် ခံစားချက်ကြောင့် ရှောင်ယွင် အနည်းငယ် အချမ်း တုန်သွားသည်။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲ အလျင် အမြန် ထည့်သိမ်းလိုက်သည်။
“ သွားကြစို့.. ”
ရှောင်ယွင်လည်း ပစ္စည်းများ သိမ်းဆည်းလိုက်ပြီးနောက် ရွဲ့လော်ဘက်ကို လက်ချောင်း ဆန့်ထုတ်ပေးလိုက်သည်။ ရွဲ့လော်လည်း လက်စွပ်ဆီသို့ ပြန်လည် ဝင်ရောက်သွား သည်။
ရှောင်ယွင်လက်ထဲက ပုံတုံးတုံးလက်စွပ်ကို ပွတ်သပ် ကြည့်လိုက်သည်။ ထို့နောက် ကြီးမားလေးလံ ရွှင်းပေတံ ဓားကြီးအား ကျောနောက်ပို့လိုက်ကာ ခိုင်မြဲစွာ ချည် နှောင်လိုက်ပြီနောက် လာခဲ့သည့်လမ်းအတိုင်း တဖြည်း ဖြည်း ပြန်ဆင်းသွားလိုက်သည်။
ကျောက်ပုံနေရာကနေ ထွက်ခွာလာပြီ တောနက်နက် ကို ဖြတ်သန်းလာကာ တောင်ကြားဆီသို့ လျင်မြန်စွာ ပြန်လာ သည်။ တိုက်ပွဲကြောင့် ရှောင်ယွင်မှာ တစ်ကိုယ်လုံး သွေး တွေနှင့် ပေကျံနေ၍ မြက်ရွှံများဖြင့် တစ်ကိုယ်လုံး သုတ်လိမ်းကာ သွေးညှီအနံ့ကို ဖျောက်ထားရသည်။ တောထဲမှာနေလျှင် ဒါတွေက အရေးကြီးသည့် အရာများ ဖြစ်သည်။
ထိုသို့ လမ်းခရီးတစ်လျှောက် တိတ်တဆိတ်ဖြင့် ဖြတ်သန်းလာခဲ့ရင်း ရုတ်တရက် ရှောင်ယွင် ခြေလှမ်း ရပ်တန့်လိုက်သည်။ ဘယ်ဘက်ခြမ်းဆီကနေ အသံဗလံ များကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။
ရှောင်ယွင် မျက်မှောင်ကုတ်ထားလိုက်ပြီ ဘေးပတ်ဝန်း ကျင်ကို တစ်ချက်ကြည့်လိုက်ရာ သစ်ပင်ကြီးတစ်ပင် အနောက်သို့ ပြေးဝင်ပုန်းကွယ်နေလိုက်သည်။ ပြီးလျှင် မြက်ပင်းကြားထဲကနေ ဘေးပတ်ဝန်းကျင်ကို မသိမသာ လှည့်ပတ်ကြည့်လိုက်သည်။
ရှောင်ယွင် ပုန်းကွယ်နေလိုက်ပြီး မကြာချေ.. လူနှစ်ယောက်က ရှောင်ယွင် မြင်ကွင်းထဲကို တဖြည်း ဖြည်း ရောက်ရှိလာသည်။ တဖန် ထိုလူနှစ်ယောက်၏ ရင်ဘတ်တံဆိပ်ကို လှမ်းကြည့်လိုက်သည့်အခါတွင် ရှောင်ယွင် မျက်နှာအနည်းငယ် ပျက်သွားသည်။ စိတ်ထဲတွင်လည်း အေးစက်စွာ ရေရွတ်လိုက်သည်။
“ သူတို့က ဝံပုလွေခေါင်းကြေးစားအဖွဲ့ကပါလား.. ”
“ ငါထင်တာတော့ ငါတို့ ဒီမှာ ရပ်လိုက်ရင် ကောင်းမယ် ထင်တယ်.. ဆက်သွားနေရင် မှော်သားရဲကောင်တောင် တန်းရဲ့ အတွင်ပိုင်းအထဲကို ရောက်သွားလိမ့်မယ်.. မှော်သားရဲကောင်တွေက လက်တစ်ခြမ်း ယမ်းလိုက်ရုံနဲ့ ငါတို့နှစ်ယောက် သေသွားနိုင်တယ်ကွ.. ”
တဖြည်းဖြည်း လမ်းလျှောက်လာနေရင်း ကြေးစားစစ် သည် တစ်ယောက်က စိုးရိမ်မကင်းသော လေသံဖြင့် အကြံပေးလိုက်သည်။ သူ့မျက်နှာတွင်လည်း စိတ်ပူနေ သည့်ဟန် ရှိသည်။
အဖော်ဖြစ်သူ၏ စကားကြောင့် ကျန်တစ်ယောက်မှာ လည်း ခေါင်းညိတ်ပြီ လက်ခံလိုက်ရသည်။
“ တကယ်ပဲ.. ဟိုကောင်လေးက ဘယ်မှာပုန်းနေတာလဲ မသိဘူး.. ခေါင်းဆောင်က တွေ့တာနဲ့ အသေသတ်ဖို့ အမိန့်ထုတ်ထားပြီးသား.. ”
“ ဖြစ်နိုင်တာက မှော်သားရဲကောင်တစ်ကောင်က သူ့ကို စားပစ်လိုက်ပြီး ထင်တာပဲ..အဟက်..ဟက်.. ”
“ ဟား.. မင်းပြောတာ ဖြစ်နိုင်တယ်ကွ.. သူ့အသက်ကို လည်း ကြည့်ဦးလေ.. ပြီးတော့ သူ့အသက်အရွယ်နဲ့ တောအုပ်အကြောင်းလည်း ကောင်းကောင်းသိပုံမရဘူး.. ထားလိုက်တော့.. ဒီနေ့ ရှာဖွေတာ နားတော့မယ်.. ပြန်ပြီး သတင်းပို့ပြီးတော့ မနက်ဖြန် ဆက်ရှာကြတာပေါ့..”
ကြေးစားစစ်သည်တစ်ယောက်က မျက်မှောင်ကြုတ်ထား လျက် ထိုကဲ့သို့ ပြောလိုက်သည်။ ခြေလှမ်းကို ရပ်လိုက် ကာ မည်းမှောင်နေသော တောအုပ်အထဲကိုလည်း လှမ်းမျှော်ကြည့်လိုက်သည်။
“ အင်း.. တော်တော်ဆိုးဝါးတာပဲ..အဲဒီကောင်လေးက ရွှေဒင်္ဂါး ၈၀၀၀ ထောင် တန်တယ်ကွ.. သူ့ကို တွေ့ခဲ့ရင် ငါတို့နှစ်ယောက်ကလည်း ဒိုကျဲ ကြယ် ၅ လုံးဆိုတော့ သူ့ကို ဖမ်းဖို့က ဘာမှ မခက်ဘူး.. ”
နောက်ထပ်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး သူ့အတွေးကို အားမလိုအားမရဖြင့် ပြောလိုက်သည်။
“ ဟွန့်.. သူ ကံကောင်းနေလို့ပေါ့.. ထားပါ.. သွားကြရ အောင်.. ”
ကြေးစားစစ်သည်တို့ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သို့ သော် အနောက်လှည့်လိုက်သည့်အချိန်တွင် သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။ လျှပ်စီးလို လျင်မြန်စွာ ဖြင့် အနောက်လှည့်ကြည့်လိုက်သည့်အခါတွင် စူးရှသည့် ချီစွမ်းအင်နှင့် လက်သီးက တည့်တည့်လာနေသည့်ကို မြင်လိုက်ရသည်။
ရုတ်တရက် တိုက်ခိုက်မှုကြောင့် ကြေးစားစစ်သည်ကို အလိုလို လက်သီးထိုးလိုက်မိစေကာ ဝင်လာသော လက်သီးဖြင့် တွေဆုံသွားလိုက်သည်။ သို့သော် တိုက် ခိုက်လာသည့် အင်အားက သူ ထင်မှတ်ထားသည်ထက် များစွာ ပိုလွန်နေသည်။
လက်သီးချင်း ဆုံတွေ့လိုက်သည့် တစ်ခဏအတွင်း ကြေးစားစစ်သည်၏ မျက်နှာက သေလုမတတ် ဖြူဖျော့သွားကြသည်။ ရင်ဘက်က ထိုးအောင့်လာကာ သွေးတစ်လုတ်ထိုးအန်လိုက်ပြီ အနောက်ဘက်သို့လည်း လွင့်စင်သွားသည်။
“ သူ့ကို သတ်.. ”
စက္ကန့်ပိုင်းအတွင်း အနောက်သိုလွင့်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ရုတ်တရက် ဖြစ်ပွားသွားသော အဖြစ်အပျက်ကြောင့် ကြောင်ငေးနေသည့် သူ့အဖော်အား လှမ်းအော်ပြောလိုက် သည်။
သို့သော် သူ့အော်သံမှာ တစ်ပိုင်းတစ်စနှင့် ရပ်တန့်သွား သည်။ အနောက်သို့ လွင့်နေသည့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် အားပြင်းထန်သော စုပ်ငင်အားကြောင့် အရှေ့သို့ ပြန်လည် ဆွဲယူခြင်း ခံလိုက်ရပြန်သည်။
လေထဲမှာပဲ ရှိနေသည့် ကာလအတွင်း ပုံရိပ်တစ်ခုက လျှပ်လက်သလို ရောက်ရှိလာသည်။ ထိုပုံရိပ်က ကြေး စားစစ်သည်အနားရောက်သည်နှင့် သူ့တံတောင်က ကြေးစားစစ်သည်၏ လည်မျိုကို အားကုန် ရိုက်ချလိုက် သည်။ ချက်ချင်းပင် တိတ်ဆိတ်နေသော တောအုပ်ထဲမှာ ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံများ မြည်ဟီး သွားလေသည်။
“ ဘုန်း..”
လေထဲတွင် ရှိနေဆဲ ခန္ဓာကိုယ်က မြေကြီးပေါ် ဘုန်းခနဲ ကျသွားသည်။ အရှိန်ပြင်းစွာ ကျလာခြင်း ဖြစ်၍ ဖုန် တထောင်းထောင်း ထသွားသည်။
ရုတ်တရက် တိုက်ခိုက်ခြင်းအစမှ သေဆုံးခြင်းအဆုံး အထိ ကြာမြင့်ချိန်မှာ ခုနှစ် ရှစ် စက္ကန့်လောက်သာ ကြာသည်။ ထိုအချိန်တွင် အဖော်နောက်တစ်ယောက်က သတိပြန်ဝင်လာသည့်အချိန်တွင် သူ့သူငယ်ချင်းက မြေကြီးပေါ်တွင် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။
ကျန်ရှိနေသူမှာ တအံ့တသြဖြစ်သွားပြီ အထိတ်တလန့်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သွေးများ ဖုံးလွှမ်းနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၍ ထစ်ထစ်ငေါ့ငေါ့ ဖြင့် အော်မေးလိုက်သည်။
“ မင်းဘယ်သူလဲ.. မင်း..မင်း ဘယ်သူလဲ.. ”
“ ဟွန့်.. မင်းတို့ ငါ့ကို ရှာနေကြတယ်မလား.. ”
ထိုလူက ခေါင်းမော့ပြီး မေးလိုက်ရာ ငယ်ရွယ်သည့် လူငယ်တစ်ယောက်၏ အပြုံးမျက်နှာကို မြင်လိုက်ရသည်။
“ မင်း..မင်း.. ရှောင်ယွင်? ”
ကြေးစားစစ်သည်၏ သူငယ်အိမ်က ကျဉ်းမြောင်းသွား ကာ သူ့နာမည်အား အော်ဟစ်လိုက်သည်။ ချက်ချင်းပဲ အနောက်လှည့်ကာ ပြေးလေသည်။ လက်ကနေလည်း အချက်ပြမီးတိုင်တစ်ခုကို ချက်ချင်းဆွဲထုတ်လိုက်သည်။ မီးရှို့လိုက်ဖို့ ရွယ်လိုက်သည့်အချိန်တွင် သူ့အနောက် ကနေ စုပ်ယူအားက ပြင်းထန်စွာ ဖြစ်ပေါ်လာကာ သူ့လက်ထဲက အချက်ပြီးမီးတိုင်အား ဆွဲယူသွားလိုက် သည်။
အချက်ပြမီးတိုင်အား အေးဆေးစွာ ဖမ်းယူလိုက်ပြီး ရှောင်ယွင် တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။ ပြီးလျှင် ခြေကို အသာနင်းထောက်လိုက်လျှင် ကြေးစားစစ်သည်အနား သို့ ရောက်ရှိသွားသည်။
ရုတ်ခြည်း အနားရောက်ရှိလာသော ရှောင်ယွင်ကို ကြည့်ရင် ကြေးစားစစ်သည်မှာ ကြောက်စိတ်မွှန်သွားခဲ့ သည်။ ရွှမ်းခနဲ ခါးမှ ဓားကို ထုတ်ယူလိုက်ကာ ရှောင်ယွင် အား ဒေါသတကြီးဖြင့် လွှဲခုတ်လိုက်သည်။
ရှောင်ယွင်မှာ ဘေးတစ်ဖက်ကို အသာလေး ရို့လိုက်ပြီ ကြေးစားစစ်သည်၏ တိုက်ခိုက်မှုကို အသာလေး ရှောင် လိုက်သည်။ ခဏအတွင်းမှာပဲ ရှောင်ယွင် ဘယ်ခြေ ထောက်က ရက်စက်စွာ ကန်လိုက်ရာ ကြေးစားစစ်သည် ၏ ဝမ်းဗိုက်သို့ ထိမှန်သွားသည်။
ဝမ်းဗိုက်အောက်ခြေကနေ ထိုးတက်လာသော နာကျင်မှု ကြောင့် ကြေးစားစစ်သည်မှာ သူ့နှုတ်ခမ်းထောင့်ကနေ သွေးစီးကြောင်း ယိုစီးကျလာသည်။ အနောက်ဘက်သို့ ခြေလှမ်းဆုတ်လိုက်ရပြီး ထိုအချိန်တွင် အရှေ့က လူ သည် သူ့လက်ထဲက ဓားအား ဆွဲယူလိုက်တာကို မြင် လိုက်ရသလို သူ့လည်ပင်းကို အေးစက်သော ဓားက လာထောက်လိုက်သည်ကို သိရှိလိုက်သည်။
“ မင်း နောက်ထပ် လှုပ်လိုက်တာနဲ့ မင်းလည်ပင်းကို ပြတ်သွားအောင် ခုတ်လိုက်မယ်.. ”
နူးညံ့ပေမဲ့ မကောင်းဆိုးဝါးဆန်လှသည့် အသံက ကြေးစားစစ်သည်၏ နားတွင် ကြားလိုက်ရသည်။ ချက်ချင်းပဲ တောင့်ခနဲရပ်သွားပြီ မလှုပ်ရဲတော့ချေ။
“ မင်း.. မင်း.. ငါ့ကို သတ်ရင်လည်း ဝံပုလွေခေါင်း ကြေးစားအဖွဲ့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး. ”
နဖူးပြင်ကနေ ချွေးတွေက ယိုစီးကျလာပါသော်လည်း တုန်ယင်နေသော အသံဖြင့် ခြိမ်းခြောက်လိုက်သည်။
“ ဟဟ.. ငါ့ကို အလွတ်မပေးဘူး.. ဟုတ်လား.. မင်းတို့ အားလုံး ငါ့ကို အလွတ်ပေးချင်နေတာမှ မဟုတ်တာ.. ”
ရှောင်ယွင်က လှောင်ပြောင်ပြီ ရယ်မောလိုက်သည်။ ထို့နောက် ခံစားချက်ကင်းမဲ့သည့် လေသံဖြင့် ပြောလိုက် သည်။
“ ကဲ မေးခွန်းနည်းနည်းလောက် ဖြေရမယ်.. ”
“ ငါဖြေရင်ရော မင်းက ငါ့ကို လွှတ်ပေးမှာလား ”
“ မင်းမှာ အပေးအယူလုပ်ခွင့်မရှိဘူး.. ”
ရှောင်ယွင်က ပြုံးလိုက်ပြီ ဓားကို ပိုပြီး ဖိကပ်လိုက်သည်။
“ မယုံဘူးလား.. မင်းခန္ဓာကိုယ်ကို ဆယ်ပိုင်း ပိုင်းပြီ အသာစားပုရွက်ဆိတ်တွင်းထဲ ပစ်ထည့်ပေးရမလား.. ”
ထိုစကားကို ကြားလိုက်ရသည့်အခါ ကြေးစားစစ်သည်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြန်သည်။ ဒူးတွေက အဆက်မပြတ် တုန်ယင်လာသည်။ အရှေ့က လူငယ်က ဒီလောက်အထိ ရက်စက်မယ်မှန်း မတွေးလိုက်မိသည်ကို နောင်တရသွားသည်။
“ မင်းက ဘာမေးချင်တာလဲ.. ”
“ ဂူထဲက ကျောက်သေတ္တာအထဲကနေ မုလီ ဘာရသွား လဲ..? သူ့မှာ သော့မရှိဘူးမလား.. ”
ရှောင်ယွင်က ရက်စက်စွာ ပြုံးလိုက်ပြီ မေးမြန်းခြင်း အစပြုလိုက်သည်။
“ ခေါင်းဆောင်မုလီက ကျောက်သေတ္တာရော ကျောက်စားပွဲပါ သယ်သွားတယ်.. အထဲမှာ ဘာပါလဲ ဆိုတာ ကျွန်တော်လည်း သိခွင့်မရှိဘူး.. ”
ကြေးစားစစ်သည်ကို တည့်တည့်ကြည့်လိုက်ရာ အမှန် ပြောပြနေသည့် ပုံစံတွေ့ရ၍ ရှောင်ယွင် မျက်မှောင်ကြုတ် ထားတာ အနည်းငယ် ပြေလျော့သွားသည်။
“ ဝံပုလွေခေါင်းကြေးစားအဖွဲ့က ငါ့ကို ဘယ်လောက်ကြေး နဲ့ ဆုငွေထုတ်ထားသလဲ.. ”
“ ဂလု.. ”
ကြေးစားစစ်သည်မှာ တံတွေးကို မျိုချပြီး ခေါင်းကို ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်ရင်း
“ သခင်လေး ပြန်ရောက်လာတော့ ခေါင်းဆောင်က ဘယ်သူမဆို မင်းအကြောင်းကို သတင်းပေးနိုင်ရင် ဝံပုလွေခေါင်းကြေးစားအဖွဲ့ကနေ ဆုကောင်းကောင်း ချမယ်လို့ အမိန့်ထုတ်လိုက်တယ်.. ”
“ ဟဟ.. သူတို့က ငါ့ကို ဒီလောက်အထိ သေစေချင်မှန်း တကယ်ကို မယုံနိုင်စရာပါလား.. ”
ရှောင်ယွင်မှာ ရယ်မောလိုက်ပါသော်လည်း သူ့မျက်နှာ တွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်က ထွက်ပေါ် နေသည်။
“ နောက်ဆုံးမေးခွန်း.. နတ်မိမယ်သမားတော်မလေး ကရော ဘာဖြစ်သေးလဲ.. ”
“ ဘာမှ မဖြစ်ဘူး.. ကျွင်းရှန်မြို့ကို ပြန်ရောက်တာနဲ့ နတ်မိမယ်သမားတော်မလေးက ဆေးတစ်ထောင် အိမ် တော်ကနေ မခွာတော့ဘူး.. ခေါင်းဆောင်နဲ့ ကျန်တဲ့သူ တွေလည်း ဘာမှ မလုပ်ရဲကြဘူး.. ”
“ အိုး.. ”
ရှောင်ယွင်က အသာအယာ ခေါင်းညိတ်လိုက်ပြီ မျက်မှောင်ကြုတ်လိုက်သည်။ ရက်စက်သည့် အပြုံးတစ်ခု က မျက်နှာမှာ ချက်ချင်းပေါ်လာပြီ..
“ ကြည့်ရတာ ငါက မင်းကို အသက်ရှင်ခွင့်မပေးဘူးဆို တာ မင်း ရိပ်မိနေသလိုပဲ.. ”
“ မင်း သေပေတော့.. ”
မကောင်းသည့် အငွေ့အသက်က ကြေးစားစစ်သည်၏ မျက်ဝန်းတွင် ရိပ်ခနဲ ဖြစ်သွားပြီ သူ့လက်က ဓားမြှောင် တစ်ချောင်းသည် ရှောင်ယွင်၏ ရင်ဘက်ဆီသို့ ထိုးချ လိုက်သည်။
သို့သော် ရှောင်ယွင်မှာ အေးစက်သည့်အပြုံးဖြင့် အနောက်သို့ ဆုတ်လိုက်သည်။ လက်ထဲက ဓားရှည် လည်း ကြေးစားစစ်သည်၏ လည်ပင်းအား ပွတ်ဆွဲပါ လာကာ ဓားမျက်နှာပြင်တွင် သွေးစွန်းလာခဲ့သည်။
ခန္ဓာကိုယ်က တွန့်လိမ်ကာ လဲကျသွာသော ကြေးစား စစ်သည်ကို ကြည့်ပြီ ရှောင်ယွင် တစ်ချက် နှာခေါင်းရှုံ့ လိုက်သည်။ ထိုလူအား လွှတ်ပေးပြီ ထိုလူကလည်း သတင်းပို့ ပြီးလျှင် လူတစ်အုပ်တစ်မကြီးကို ခေါ်လာပြီ ဒီနေရာတစ်ဝိုက်ကို ပိုက်စိပ်ရှာခွင့်ကို ရှောင်ယွင် အမှား ပြုလိုက်မှာ မဟုတ်ဘူး။
“ ကျွတ်စ်.. ကျွတ်စ် ကြည့်ရတာ ဝံပုလွေခေါင်းကြေးစား အဖွဲ့က ရက်စက်ပြီ စေ့စပ်တဲ့လူ ဖြစ်ရမယ်.. ဒါကြောင့် မူလီက သူ့အဖေအတိုင်းပဲ ဖြစ်ရမယ်.. ဘာမှ အံ့သြစရာ မရှိဘူး.. ”
မျက်နှာက ညိမှောင်နေပြီး အေးစက်သော လေသံဖြင့် ရှောင်ယွင် ရေရွတ်ပြောဆိုလိုက်သည်။
ထိုကြောင့် ထိုနေရာတစ်ဝိုက်တွင် သွေးစသွေးနများ ရှင်းလင်းလိုက်ရာ လူသေအလောင်းနှစ်လောင်းကိုလည်း ဆွဲသွားပြီ ချောက်ထဲသို့ ပစ်ချလိုက်သည်။
“ ဆရာ.. ကြည့်ရတာ.. ကျွန်တော်တို့ လေ့ကျင့်တဲ့ အချိန်ဇယားကို တင်းကြပ်ဖို့ လိုနေပြီ ထင်တယ်.. တစ်လပဲ ရှိသေးတယ်.. သူတို့ ဒီနေရာကိုတောင် ရောက် လာကြတယ်.. နောက်ထပ် ရက်အနည်းငယ်ဆိုရင် ကျွန်တော်တို့ နေရာကို ရှာတွေ့သွားလိမ့်မယ်.. ”
ရှောင်ယွင်က ထိုသို့ ပြောလိုက်ပြီ နက်ရှိုင်းလှသော ချောက်အောက်သို့ ချောင်းကြည့်လိုက်သေးသည်။ ထို့နောက် လက်နှစ်ဖက်က အညစ်အကြေးများကို ပွတ်သပ်ဖယ်ခါလိုက်သည်။
“ အင်း.. ဟုတ်တယ်.. ငါတို့ အချိန်ဇယားကို ပြန်ပြင်မှ ရမယ်.. ”
လက်စွပ်ကနေ ရွဲ့လော်အသံက ထွက်ပေါ်လာသည်။
ရှောင်ယွင်က မျက်လုံးကို ပေကလတ်လုပ်ကာ လက်ချောင်းအဆစ်ကို တဂျွတ်ဂျွတ် ချိုးလိုက်ရင်း မျက်နှာငယ်ကလေးဖြင့် မေးလိုက်သည်။
“ ဆရာ.. ဆရာ ကတိပေးထားဖူးတဲ့ ဒီအဆင့် ဒိုသိုင်းကို ဘယ်တော့ ထုတ်ပြမှာလဲဟင်.. ”
“ ဟားဟား.. ကောင်စုတ်ကလေး.. ဒီအဆင့် ဒိုသိုင်းဆို တာ ရွှင်းအဆင့် ဒိုသိုင်းတို့နဲ့ အဆင့်တူတယ်များ မှတ်နေ လားမသိဘူး.. အဲဒါကို လေ့လာချင်ရင် နာကျင်ဒဏ်ရာ ရမှာကို ကြိုတင်ပြင်ဆင်ထားရမှာပေါ့.. ”
ရွဲ့လော်က အကြံဆိုးဖြင့် ရယ်မောလိုက်သည်။
“ ဒါဆို ဆင်းရဲဒုက္ခဒဏ်ကို ကျွန်တော် မကျော်လွှားရသေး ဘူးပေါ့.. ”
ရွဲ့လော်၏ မျက်နှာအမူအရာကို သဘောပေါက်စွာဖြင့် ရှောင်ယွင် ပြုံးလိုက်ပြီ တောင်ကြားဆီသို့ ဦးတည်သွား လိုက်တော့သည်။
“ အဲဒီ ဒီအဆင့်ဆိုတဲံ ဒိုသိုင်းပညာရပ်ကို စောင့်နေမယ်.. အဲဒါက ဘယ်လောက်အထိ စွမ်းအားပြင်းထန်နေ လိုက် မလဲ..?? ”
==============================
အိမ်း.. မြန်မာပြည်က ရှမ်းမလေးတွေ တယ်ချောပါလားကရို့ နေရပ်တောင် ပြောင်းချင်လာပြီး
No comments:
Post a Comment