Followers

Chapter 41

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 41.   ဒိုချီအဆင့်တိုးမြှင့်ဆေးလုံး

" ဒုတိယအကြီးအကဲ.. စမ်းသပ်တာက ပြီးသွားပြီနော်.. "
အနက်ရောင်ကျောင်တိုင်ပေါ်က ရွှေရောင်စာလုံးကို ကြည့်
ပြီ ဒုတိယအကြီးအကဲကို အေးဆေး မေးလိုက်သည်။ 
အနက်ရောင်ကျောင်တိုင်ဆီကနေ လက်ကို ဖယ်လိုက်ပြီး
အာရုံထွေပြားနေတဲ့ ဒုတိယအကြီးအကဲကို ကြည့်လိုက်၏။ 

" ဪ အေး.. ပြီးပြီ.. ပြီးပြီ "
ရှောင်ယွင် အသံကြားမှသာ ဒုတိယအကြီးအကဲ သတိပြန်
ဝင်လာသည်။ ခေါင်းကို ကသုတ်ကရိုက်နဲ့ ညိတ်လိုက်ပြီး
မျက်လုံးကလည်း ဟိုကြည့် ဒီကြည် ကြောင်တောင်တောင်
ဖြစ်နေသည်။ ကြည့်ရတာ အကြီးအကျယ်ကို ထိတ်လန့်
ပြီး လောကနဲ့ ကင်းကွာနေပုံရသည်။
ဟမ်.. တစ်နှစ်တည်းနဲ့ အဆင့် ၅ ဆင့်?? ဘယ်လိုတောင်
မြန်လိုက်တဲ့ လေ့ကျင့်တာ မျိုးလဲ?? တကယ်ကို ကြောက်
စရာပဲ..  
ဒုတိယအကြီးအကဲဟာ အတွေးတွေနဲ့ ချာချာလည်နေ
တုန်းပဲ.. အရှေ့က လူငယ်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေ
သေးသည်။ ဒါပေမဲ့လည်း အဖြစ်မှန်ရဲ့ ရှေ့မှောက်မှာ 
သူရဲ့ မျက်ဝန်းအိုမှာ သံသယတွေတော့ လွင့်စပြုနေပါပြီး။

ရွှေရောင်စာလုံးတွေက ကျောက်တိုင်ပေါ်မှာ တဖြည်းဖြည်း
မှေးမှိန်သွားပြီ ကျောက်တိုင်လည်း နဂိုမူလ အနက်ရောင်
ပြန်ရောင်သွားသည်။ ရွှေရောင်စာလုံး မရှိတော့ပေမဲ့လည်း
ပရိသတ်တွေကတော့ ငြိမ်သက်နေဆဲပဲ.. အားလုံး အားလုံး
က အခုထိ အလွန်အမင်း ထိတ်လန့်နေဆဲပဲ ဖြစ်သည်။ 

" အဟမ်း ဟမ်း.. "
စင်မြင့်ပေါ်က ဒုတိယအကြီးအကဲ ချောင်းဟန့်လိုက်ပြီး
ပရိသတ်အာရုံကို ပြန်လည် ဆွဲဆောင်လိုက်သည်။ 

" အခမ်းအနားနှင့်ဆိုင်တဲ့ အရည်အချင်းစစ်ပွဲက အောင်
မြင်စွာ ပြီးဆုံးသွားပါပြီ..  ဒီနေ့ အခမ်းအနား စည်းကမ်း
အရ ရှောင်ယွင်က စိန်ခေါ်ပွဲတစ်ခုကို လက်ခံယှဉ်ပြိုင်ရ
ပါမယ်.. ဒိုကျယ်အဆင့် ( Dou Zhe ) အဆင့်အောက်က
မည်သူမဆို သူ့ကို စိန်ခေါ်လို့ရပါတယ်.. ကဲ ဘယ်သူ 
အရှေ့ထွက်ပြီး ပြိုင်ချင်ပါသလဲ?? " 
ဒုတိယအကြီးအကဲက လူငယ်ထုကို လွှမ်းခြုံကြည့်လိုက်
ရင်း အော်ပြောလိုက်သည်။

တကယ်လို့ အရွယ်ရောက်ခြင်းအခမ်းအနားက ဒိုချီအဆင့်
ကို စမ်းသပ်သည့်ပွဲဟု ဆိုပါက ယခုစိန်ခေါ်ပွဲသည် သူ့၏
သိုင်းပညာကျွမ်းကျင်မှုကို စမ်းသပ်သည်ဟုလည်း ပြောနိုင်
သည်။ အထူးသဖြင့် သေရေးရှင်ရေးတိုက်ပွဲတွေမှာ 
သိုင်းပညာကျွမ်းကျင်မှုက အဖြေရလဒ်အတွက် အဆုံး
အဖြတ်မှာ အခရာဖြစ်လေသည်။ သိုင်းပညာကျွမ်းကျင်မှု
အပေါ် မျိုးနွယ်၏ အာရုံစိုက်မှုက ဒိုချီလေ့ကျင့်မှုရဲ့ ဒိုချီ
အဆင့်ကို စိတ်ဝင်စားမှုထက် မလျော့ပေ။ 

ဒုတိယအကြီးအကဲ ကြေညာမှုကို ကြားလိုက်ရတဲ့အခါမှာ 
ပရ်သတ်ထဲမှာ အနည်းငယ် ဆူညံသွားသည်။ ရှောင်မျိုး
နွယ် လူငယ်တွေလည်း တစ်ယောက်ကို တစ်ယောက်
ကြည့်မိပြီ သတ္တိနည်းစွာ ပါးစပ်ကို တင်းတင်းစေ့ထားကြ
၏။ အနက်ရောင်ကျောက်တိုင်ပေါ်က ရွှေရောင်စာလုံး
တွေက သူတို့စိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေသည်။ 
လွယ်လွယ်လေး အနိုင်ယူဖို့ အတွေးတွေကလည်း ဆုတ်
ဖြဲပစ်လိုက်သလိုပဲ နောက်တွန့်ကုန်ကြသည်။ 

ဒီအချိန်မှာ ရှောင်ယွင်နဲ့ တိုက်ခိုက်ပြီး သူတို့ခွန်အားကို
ကိုယ်ရည်သွေးပြဖို့ အဆင့်မမှီသေးပါဘူး။ ရှောင်ယွင်
စင်မြင့်ပေါ်မှာ တိတ်ဆိတ်စွာဖြင့် ရပ်နေပြီးတော့ အရွယ်တူ
လူငယ်များကို တည်ငြိမ်စွာနဲ့ စိုက်ကြည့်နေလိုက်သည်။
သူ့အကြည့်နဲ့ ဆုံမိတဲ့ လူငယ်များ မိန်းကလေးဖြစ်ပါစေ
ယောကျာင်္းလေးဖြစ်ပါစေ အလျင်အမြန်ပဲ နောက်ဆုတ်မိ
ကြသည်။ 

" ဟွန့်.. ငကြောက်တစ်အုပ်တွေပဲ.. 
ကြောက်ရွံ့နေကြတဲ့ မျိုးနွယ်လူငယ်တွေကို ကြည့်ပြီး 
ရှောင်နင် လှောင်ပြီး ငေါက်ပြောလိုက်သည်။ ခေါင်းကို ငဲ့
ပြီး စင်ပေါ်က အနက်ရောက်အဝတ်လူငယ်ကို စိန်ခေါ်လို
သည့် အကြည့်နဲ့ ကြည့်လိုက်ပြီ စင်မြင့်ပေါ်ကို တက်ဖို့ 
ခြေလှမ်းစပြုလိုက်တဲ့ အချိန်မှာပဲ သေးသွယ်တဲ့ လက်တစ်
စုံက သူ့ကို ဆွဲတားလိုက်သည်။ 

မျက်မှောင်ကြုတ်ပြီးတော့ ရှောင်နင် သူ့အစ်မကို လှည့်
ကြည့်ပြီးတော့ မပျော်မရွှင်ဖြင့် " ဘာဖြစ်လို့လဲ.. "

ရှောင်ယု အသက်ပြင်းချပြီး ပြောလိုက်သည်။ 
" သူက အဆင့်၈ ရောက်နေပြီး.. သူ့ကို နိုင်ဖို့ မလွယ်တော့
ဘူး.. "

ရှောင်နင် နှုတ်ခမ်း အနည်းငယ် ရွဲ့လိုက်ပြီး အနည်းငယ် 
တွေဝေသွားသည်။ သူ့မျက်လုံးကိုလည်း ရှင်းအာဆီကို
လှည့်ကြည့်လိုက်သည်။ ကြိုဆိုနေသည့်မြင်ကွင်းက 
ရှောင်ယွင်ကို နှစ်လိုဖွယ် နူးညံ့သော မျက်နှာထားဖြင့်
ငေးကြည့်နေသည့် ရှင်းအာ ရဲ့ ပုံစံ ဖြစ်နေပြီး ဒီလိုအကြည့်
တွေက သူ့ဆီိကို ဘယ်တော့မှ မရောက်ခဲ့ဘူးပေ။ 

အံသွားကို တင်းတင်းကြိတ်လိုက်ပြီ မနာလိုဝန်တိုစွာဖြင့်
ရှောင်ယုလက်ကို ပုတ်ချလိုက်ကာ ကလေးဆန်နေသေး
သည့် မျက်နှာမှာ ဒေါသအရိပ်အယောင်ဖြင့်
" အဲဒါတော့ ဘာဖြစ်လဲ.. ငါ အဆင့် ၈ ကို သူ့ထက် ၁ နှစ်
စောပြီး ရောက်ခဲ့တယ်.. အခုမှ အဆင့် ၈ ရောက်ခါစ
လူကို မနိုင်ဘူးလို့ ထင်နေလား.. "

မျက်နှာမှာ ခေါင်းမာမှုနဲ့ မနာလိုမှုတွေနဲ့ ပြည့်နေတဲ့ ရှောင်
နင်ကို ကြည့်ပြီး ရှောင်ယု သိလိုက်သည်။ သူမ တားလို့ မရ
တော့ဘူးဆိုတာ.. ။ ခနတာ ငြိမ်သွားပြီးနောက် သူမ အစိမ်း
ရောင် မှော်ဆေးလုံးကို ထုတ်ယူလိုက်ပြီး ဝန်လေးစွာဖြင့်
ဆေးလုံးကို ပွတ်သပ်နေပြီးနောက် ရှောင်နင်လက်ထဲကို
ကောက်ထည့်ပေးလိုက်သည်။ လေသံတိုးတိုးဖြင့်..
" ဒါက အဆင့် ၂ ရှိတဲ့ ဒိုချီတိုးမြှင့်ဆေးပဲ.. ဒိုချီလေ့ကျင့်
သူတစ်ယောက်ကို အချိန်ခနလောက်ကို စွမ်းအားတိုးစေ
တယ်.. အကျိုးဆက်ကတော့ ဆေးလုံးသောက်ပြီးရင် 
နောက်တလလောက်ကို အိပ်ရာကနေ မထနိုငိဘူးဖြစ်
သွားမယ်.. မလိုအပ်ဘဲ မသုံးနဲ.. "

ဒါကို ကြားလိုက်ရတော့ ရှောင်နင် ဆေးလုံးကို ဝမ်းသာ
အားရ ကောက်ယူလိုက်ပြီ " ဒီဆေးလုံးနဲ့ဆို ဒီကောင်ကို 
သေချာပေါက် သင်ခန်းစာ ကောင်းကောင်းပေးလို့ ရပြီ"

ရှောင်ယု မျက်မှောက်ကုတ်ပြီး သူ့ကို သတိပေးလိုက်ပါ
သည်။ 
" အရမ်းကြီး မဆင်မခြင် မလုပ်နဲ့.. နည်းနည်းလေးပဲ ပညာ
ပေးလိုက်ပါ.. လုံးဝ ဒဏ်ရာအကြီးအကျယ် မဖြစ်စေနဲ့ 
မဟုတ်ရင် အဘိုးကတောင် နင့်ကို ကာကွယ်ပေးနိုင်မှာ 
မဟုတ်ဘူး.. အခု သူက အရင်ကလို အမှိုက်ကောင် 
မဟုတ်တော့ဘူးဆိုတာ သိထားပါ.. "

" ဟုတ်ပြီ.. ဟုတ်ပြီ .. ငါသိပြီးသား.. "
ရှောင်နင် အေးဆေးပဲ ပြောပြီ ခေါင်းအနည်းငယ် ညိတ်ပြ
လိုက်သည်။ ခနဲ့တဲ့တဲ့ အပြုံးနဲ့ ရှင်းအာကို ကြည့်လိုက်ပြီ
စိတ်ထဲမှာ ဂုဏ်ယူစွာနဲ့ ပြောလိုက်မိသည်။ 
" အဲ့ဒီကောင်က အလှပန်းထိုးထားတဲ့ ခေါင်းအုံးသာသာ
လောက်ပဲရှိတယ်ဆိုတာ ငါ မင်း ပြပေးမယ်.. "
( သဘောက အပြင်ပိုင်းသာ ဆွဲဆောင်မှုရှိပြီး အသုံးမကျ
တဲ့ လူဆိုတာကို ဆိုလိုခြင်း ဖြစ်သည်။ )

သူ အေးစက်စက် ပြုံးလိုက်ပြီ ရှောင်ယုလက်ကို ခွာချလိုက်
ပြီနောက် စင်မြင့်ပေါ်ကို ခုန်တက်လိုက်သည်။ ပြီးတော့ 
ကျယ်လောင်စွာ " ငါ မင်းကို စိန်ခေါ်ချင်တယ်.. " 

ဒီစကားသံကို ကြားလိုက်ရတဲ့အခါမှာ အားလုံးရဲ့ အကြည့်
က သူ့ဆီကို ရောက်သွားသည်။ အားလုံးရဲ့ အာရုံက သူ့
ဆီကို ရောက်လာနေသည်မို့ သူ့မျက်နှာမှာ ပိုပြီး ပိုပြီး ဝင့်
ကြွားစွာ ဂုဏ်ယူနေသည်။ 

ရှောင်နင် ကို ကြည့်ပြီ ဒုတိယအကြီးအကဲ မျက်ခုံးများ တွန့်
ချိုးသွားသည်။ ဧည့်သည်ထိုင်ခုံပေါ် လှည့်ကြည့်လိုက်ရာ 
မျှော်လင့်ထားသည့်အတိုင်းပင် ပထမအကြီးအကဲက သူ့
ကို ကျဉ်းထဲကျပ်ထဲရောက်တော့မည့် အကြည့်နဲ့ ကြည့်နေ
တာကို မြင်လိုက်ရသည်။ သူ့စိတ်ထဲမှာလည်း..
" ဘဝင်မြင့်နေတဲ့ အရူးကောင်.. ရှောင်ယွင် က အရင်က
လို အမှိုက်ကောင် ဖြစ်နေတုန်းပဲလို့ ထင်နေတာလား..  "
ဟု ကြိမ်းမောင်းအပြစ်တင်လိုက်သည်။ 

ရှောင်နင်ကတော့ ဒုတိယအကြီးအကဲ မျက်မှောင်ကြုတ်
နေတာကို သတိမထားမိပါဘူး။ အရှေ့ကို ဝင့်ကြွားစွာနဲ့ 
ခြေတစ်လှမ်း တိုးလိုက်ပြီး ပြုံးရယ်လိုက်ပြီး..
" ရှောင်ယွင်.. ကဲ မင်းရဲ့ ပြောင်မြောက်တဲ့ တိုက်ခိုက်စွမ်း
ရည်ကို ကြည့်လိုက်ရအောင်.. "

အရှေ့က ရှောင်နင်ကို အေးဆေးပဲ ကြည့်နေလိုက်ပြီး 
ရှောင်ယွင် ခွန်းတုံ့ပြန်စကားတောင် မဆိုချေ။ ရှောင်နင်
စင်မြင့်အလယ်ကို ရောက်နေပြီးမို့ ဒုတိယအကြီးအကဲ
လည်း ဘယ်လိုမှ လုပ်လို့မရတော့ဘဲ ကျယ်လောင်စွာနဲ့ 
ကြေညာရတော့သည်။ 

" ရှောင်နင်က ရှောင်ယွင်ကို စိန်ခေါ်လိုက်ပါပြီး.. 
ရှောင်နင် စိန်ခေါ်မှုကို လက်ခံမှာလား.. ? "

အင်္ကျီလက်ရှည်ထဲက ဆေးလုံးကို ဖွက်ကိုင်ထားရင်း 
ရှောင်နင်မှာ ယုံကြည်မှုတွေ တိုးလာသည်။ စင်အောက်
က လှပပြီး တည်ငြိမ်တဲ့ မိန်းကလေးကို တချက်ကြည့်
လိုက်ပြီးတော့ ရှောင်ယွင်ကို အေးစက်စွာ ပြောလိုက်
သည်။ 
" ငါ့ရဲ့ စိန်ခေါ်မှုကနေ ထွက်မပြေးနဲ့နော်..ဟဲဟဲ ရှင်းအာ
ကလည်း ကြည့်နေတယ်ဆိုတော့ မင်း သူ့ကို  စိတ်တော့
ပေးမပျက်စေနဲ့ ပေါ့ကွာ.. "

" အရူး.. " ရှောင်ယွင် စိတ်ထဲကနေ လှမ်းကျိန်ဆဲလိုက်
သည်။ အားလုံးရဲ့ အရှေ့မှာတော့ ခေါင်းညိတ်လိုက်ပြီ
တည်ငြိမ်စွာဖြင့် 
" ကောင်းပြီ .. လက်ခံပါတယ်.. " ဟု ပြောလိုက်သည်။ 

ရှောင်ယွင် ခေါင်းညိတ်လက်ခံတာကို ကြည့်ပြီး ဒုတိယ
အကြီးအကဲ ဒုတိယအကြိမ် သက်ပြင်းချလိုက်မိသည်။ 
လက်ကို ဝှေ့ယမ်းလိုက်ပြီးတော့ စင်ပေါ်ကနေ ဆုတ်ခွာ
မဆင်းမှီ အသံကို လျှော့ချလိုက်ပြီး နှစ်ယောက်စလုံးပဲ
ကြားနိုင်တဲ့ အသံဖြင့် ပြောလိုက်သည်။ 
" မှတ်ထားပါ.. ကိုယ့်ရဲ့ ခွန်အားကို ထိန်းချုပ်ပါ.. 
တစ်ယောက်ကို တစ်ယောက် ဒဏ်ရာမရစေနဲ့.. "

ရှောင်နင် နှုတ်ခမ်းသပ်လိုက်သည်။ ရှောင်ယွင်လည်း အေး
ဆေးပဲ ပခုံးတွန့်ပြလိုက်သည်။ 

ဒုတိယအကြီးအကဲ စင်ပေါ်ကနေ ထွက်ခွာသွားပြီနောက်
အခြေအနေက တင်းမာလာသည်။ မကြာခင် တိုက်ပွဲတစ်
ခု စတင်တော့မည်။ 

( ဘယ်သူသွားကျွတ်မလဲဆိုတာ ခန့်မှန်းလို့ ရမယ်ထင်ပါ
တယ်..😀😀)

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...