49 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 49. ဒိုချီကျင့်စဉ်တစ်ခုကို ရွေးချယ်ခြင်း
အနက်ရောင်တံခါးမကြီးကို ကျော်၍ အနည်းငယ်လျှောက်
ဝင်လာခဲ့လေရာ အတွင်းတွင် အနည်းငယ် မှောင်မိုက်နေ
သည်။ နံရံပေါ်တွင် ချိတ်ဆွဲထားသော မီးပုလဲများထံမှ
ခပ်ဖျော့ဖျော့လေး အလင်းရောင် ဖြာလင်းနေရာ ဂေဟာ
အတွင်းမြင်ကွင်းမှာ လေးနက် တိတ်ဆိတ်နေတော့သည်။
ဂေဟာအတွင်းမှာ ကြီးမားတဲ့ ဝင်ပေါက်လမ်းကြောင်းများ
စွာ ရှိပြီ လမ်းကြောင်းအားလုံးဟာ ပင်မဝင်ပေါက်တံခါးကြီး
မှနေ ဖြန့်ခွဲရှိနေကြသည်။ ဝင်ပေါက်လမ်းမှာလည်း ကြီးမား
တဲ့ စာလုံးများကလည်း ဝင်လမ်းနှင့်သက်ဆိုင်သော မူလ
အရင်းအမြစ်သဘာဝကို ဖော်ပြထားရှိသည်။
ဝင်ပေါက်လမ်းကြောင်းတွေကို သေချာကြည့်လိုက်ပြီ
နောက် နောက်ဆုံးမှာ ရှောင်ယွင်တို့နှစ်ဦး ဘယ်ဘက်
အစွန်းရှိ မီး နှင့် သက်ဆိုင်သော လမ်းကြောင်းဝင်ပေါက်
အရှေ့မှာ ရပ်လိုက်ကြသည်။ နှာခေါင်းကို ရှုပ်ခနဲ ပွတ်
လိုက်ပြီ ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ ရှက်သွေးဖြာ
ကာ မျက်နှာနီမြန်းနေသော ရှင်းအာက သူ့မြင်ကွင်းထဲ
ဝင်လာသည်။
ရှောင်ယွင် အံအားသင့်ပြီ မေးလိုက်သည်။
" ရှင်းအာ... ဘာဖြစ်တာလဲ? "
" ဟမ်?? "
ရှောင်ယွင်အသံကြောင့် သတိပြန်ဝင်လာဟန်ရှိသည်။
ပန်းနုရောင်သမ်းနေတဲ့ သူမမျက်နှာမှာ ပိုပြီး နီရဲသွားသည်။
အရှက်ပြေသွားဖို့ အချိန်ခဏ ယူလိုက်ရပြီ နှာခေါင်းရှုံ့၍
ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
" ဘာမှ မဟုတ်ပါဘူး.. မြန်မြန်သွားစို့.. ဒိုချီ ကျင့်စဉ်တွေ
မြန်မြန်ရှာရအောင်.. "
ရှောင်ယွင် စိတ်စနိုးစနောင့် ဖြစ်သွားသည်။ ဒါပေမဲ့
ပြုံးလိုက်ပြီ မီး ဝင်ပေါက်လမ်းကြောင်းကို လက်ညိုးညွန်
ပြလိုက်ကာ ပြောလိုက်သည်။
" ဝင်ကြစို့.. "
သူမ ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။ သူမ၏
မျက်နှာတွင် အနည်းငယ် နီမြန်းနေလျက်ရှိနေပါ
သေးသည်။
ရှင်းအား၏ ဆွဲဆောင်မှုရှိနေတဲ့ မျက်နှာလေးကို ဘေး
တိုက် ငဲ့ကြည့်လိုက်ရာ ရှောင်ယွင် နှလုံးက တစ်ချက်
တုန်ခါသွားသည်။ ချက်ချင်းပဲ.. လမ်းကို အရှေ့ကနေ
ဦးဆောင်သွားလိုက်ပြီ ဘာကိုမှ မကြည့်တော့ဘဲ
အရှေ့တည့်တည့်ကိုပဲ ဝင်သွားလိုက်သည်။
……
ရှောင်ယွင်တို့ ဝင်သွားသော မီးဓာတ် လမ်းကြောင်းကနေ
နောက်ထပ် လမ်းကြောင်းငယ် ၅ ခု ထပ်ခွဲထားသည်။
ဒီလမ်းကြောင်းတွေထဲမှာ များပြားလှသော မျိုးနွယ်လူငယ်
တွေရဲ့ သွားလာနေသော အရိပ်တွေကို ဝိုးတိုးဝါးတား
မြင်နေရသည်။
" မီးလမ်းကြောင်း လမ်းသွယ် နံပါတ် ၃ "
အလျင်အမြန်ပဲ ရှာတွေ့သွားပြီနောက် လမ်းနံပတ် ၃
ဆီကိုပဲ တိုက်ရိုက် ဝင်သွားလိုက်သည်။
ဒီလမ်းကြောင်းလေးထဲကို ဝင်လိုက်တဲ့အချိန်မှာ လုံးဝ
ကွဲပြားခြားနားတဲ့ နေရာတစ်ခုဆီ ရောက်သလို ဖြစ်သွား
သည်။ လမ်းကြောင်း၏ ဘေးနှစ်ဖက်ခြမ်းတွင် အနီရောင်
သစ်သားဘောင် တံခါးထူထူတွေက တခုနှင့်တခု မီတာ
အနည်းငယ် ကွာထားလျက် ရှိနေသည်။ ယခုအချိန်မှာ
တံခါးအားလုံးက ဟင်းလင်းပွင့်လျက်သား ရှိနေပြီ အနီ
ရောင်ဖိန့်ဖိန့် အလင်းရောင်တွေက ခန်းဆီကာလို ပိတ်တား
ထားလျက် ရှိနေသည်။
ဒီအနီရောင် ခန်းဆီကာ က အကာအကွယ် အရံအတား
အမျိုးအစား တစ်ခုပါပဲ။ ဒီအတားအဆီးကလည်း
မျိုးနွယ်လူငယ်တွေအတွက် နောက်ဆုံးစမ်းသပ်ခြင်း
လည်း ဖြစ်ပေသည်။ အတွင်းထဲက ဒိုချီကျင့်စဉ်ကို ရယူ
လိုပါက ဤ အတားအဆီးကို ဦးစွာ ချိုးဖျက်ရပေလိမ့်မည်။
မျိုးနွယ်လူငယ်တွေ တော်တော်များများက သူတို့နှင့်
သက်ဆိုင်ရာ လမ်းကြောင်းဆီကို ဝင်ကြသွားကြပြီဖြစ်
သည်။ အခု အဲ့ဒိလူငယ်တွေဟာ များပြားလှသော သစ်
သားတံခါးဝမှာ ရပ်နေကြပြီ အားမာန်အပြည့်ဖြင့် အနီရောင်
အတားအဆီးကို အစွမ်းကုန် ထိုးနှက်နေကြသည်။ ရံဖန်ရံ
ခါ အတားအဆီးကျိုးပျက်သံတွေကြားနေရပြီ အောင်ပွဲခံ
သံတွေလည်း ဂေဟာအတွင်းမှာ ဆူညံစွာ ထွက်ပေါ်နေ
သည်။ ထိုအခါမျိုးမှာ အနီရောင်အတားအဆီးကို ကို
ကြိုးစားပမ်းစား ချိုးဖျက်နေသည့် တခြားလူငယ်တွေမှာ
မနာလိုတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြသည်။
ရှောင်ယွင်နှင့်ရှင်းအာမှာမူ လမ်းကြောင်းအတိုင်း လျှောက်
ဝင်လာပြီ ဘေးနှစ်ဖက်တွင် စိတ်မာန်တက်ကြနေတဲ့ မျိုး
နွယ်လူငယ်တွေကို ကြည့်လာရင်း အနည်းငယ် စိတ်ထဲ
ပျော်ရွှင်မိသည်။
နောက်ထပ် ထောင့်ချိုးတစ်ခုကို လှည့်ဝင်လိုက်ပြီးနောက်
သစ်သားတံခါးတစ်ခုဘေးမှာ ထွင်းထုထားသော နံပါတ်
တစ်ခုကို ကြည့်လိုက်သည်။ ၎င်းမှာ နံပါတ် ၃၇ ဖြစ်သည်။
နှာခေါင်းကို ပွတ်လိုက်ပြီ ပြုံးလိုက်ကာ အရှေ့ကိုဆက်ပြီ
အလောတကြီး ဆက်သွားလိုက်သည်။ နောက်ဆုံးမှာ
နံပါတ် ၄၃ မှတ်ထားသော တံခါး၏ အရှေ့မှာ ရပ်လိုက်ပြီ
ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
" ကဲ.. ဒီိနေရာပဲ.. "
ဒီလမ်းကြောင်းထဲမှာ မျိုးနွယ်လူငယ်တွေ နောက်ထပ်
ဆယ်ယောက်ကျော် ရှိနေသည်။ အခန်းနံပါတ် ၄၃ အရှေ့
မှာ ရှောင်ယွင် ရပ်နေသည်ကို မြင်ရ၍ သူတို့ အံသြသွား
ကြသည်။ အဲ့ဒီအခန်းက ဒီလမ်းကြောင်းထဲရှိ တခြားအခန်း
များထက် ပိုပြီး ထူထဲသည့် အတားအဆီး ရှိနေသော
ကြောင့် ဖြစ်သည်။ အစောပိုင်းလေးတင် တခြား အရည်
အချင်းကောင်းမွန်သည့် တခြားလူငယ်က ထိုအခန်း၏
အတားအဆီးကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ကြည့်ပါသေးသည်။
ဒါပေမဲ့လည်း အားလုံးက မအောင်မြင်ခဲ့ပါဘူး။
သူ့ဆီ ကျရောက်လာသည့် အံသြနေသော အကြည့်တွေ
ကို ဂရုမစိုက်နေဘဲ ရှောင်ယွင်ဟာ သူ၏ လက်ဖဝါးကို
အလင်း အတားအဆီးပြင်ပေါ် ဖြည်းညှင်းစွာ ထိကပ်လိုက်
သည်။
" အကိုရှောင်ယွင်.. ဒီလို လုပ်မယ်ဆိုရင်.. ဦးလေးရှောင်
က ကိုယ့်အကျိုးအတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံး
စားလုပ်လိုက်သလို မဖြစ်နေဘူးလား..? "
ရှောင်ယွင် အပြုအမူကို မြင်လေရာ ရှင်းအာက မျက်စိ
တစ်ဖက်ကို မှိတ်ပြ အချက်ပေး၍ နားမလည်နိုင်စွာ ပြုံးပြီ
ခပ်တိုးတိုးလေးဖြင့် မေးလိုက်သည်။
အတားအဆီး၏ အထူပမာဏကို မှန်းဆလိုက်ပြီနောက်
ရှောင်ယွင် ဘေးပတ်လည်ကို ခေါင်းလှည့်ပြီ အကဲခတ်
လိုက်ပြီနောက် ဘယ်သူသေသေ ငတေမာရင်ပြီးရော
ပုံစံမျိုး ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။
" ကောင်မလေး.. အခု ဘာမှမသိ ဘာမမမြင်တဲ့ ပုံစံမျိုး
နေနေရင် ပိုကောင်းမယ်နော်.. မဟုတ်ရင်တော့.. "
ရှောင်ယွင်၏ အမူအရာကို သဘောကျသွား၍ ချက်ချင်းပဲ
ပြုံးလိုက်မိပြီ သူမ၏ မျက်နှာလှလှလေးကို ပြောင်ပြလိုက်
သည်။ ဒီလို မိန်းကလေးဆန်ဆန် အပြုအမူက ဘေးပတ်
လည်တွင် ရှိနေသော ယောကျာင်္းလေးတွေကို မျက်လုံး
ကျွတ်ကျမတတ် ငေးမောမိသွားစေသည်။
ရှောင်ယွင်ကလည်း စနောက်ဟန်ဖြင့် ပြုံးပြလိုက်ပြီနောက်
အနောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်ပြီ ခြေနှစ်ဖက်ကို
အနည်းငယ်ခြားပြီ ရပ်လိုက်သည်။ ဖြည်းနှေးစွာဖြင့် လက်
သီးဆုပ်လိုက်ပြီ မျက်လုံးကို မှိတ်လိုက်သည်။ ပြီးနောက်
ခန္ဓာကိုယ်အတွင်းရှိ ဒိုချီစွမ်းအင်တွေကို သူ့လမ်းကြောင်း
အတိုင်း အရှိန်အဟုန်မြှင့်ပြီ လှည့်ပတ်ခိုင်းလိုက်သည်။
ရှင်းအာမှာမူ အေးဆေးစွာဖြင့် ဘေးနံရံတွင် မှီနေလိုက်ရာ
သူမ၏ ရှုမဝသော ကောက်ကြောင်းအသွယ်သွယ်တို့က
ဝတ်ဆင်ထားသော ကိုယ်ကျပ်အင်္ကျီလေးနှင့် အချိုးအစား
လှပနေတော့သည်။ ဒိုချီစွမ်းအင်ကို စုစည်းနေသည့်
ရှောင်ယွင်ကိုသာ သူမမျက်လုံးတွေက ကြည့်နေသည်။
တဖျတ်ဖျတ် ခတ်နေမိသော သူမမျက်လုံးအတွင်းမှာ
ရွှေရောင်ဖျော့ဖျော့ မီးလျှံလေး ရိပ်ခနဲ လင်းသွားသည်။
" ယား.. ဟိတ်.. "
ရှောင်ယွင် မျက်လုံး ဖျတ်ခနဲ ဖွင့်လိုက်ပြီ တစ်ဆက်တည်း
မှာပဲ မြေကို ဆောင့်နင်း၍ ခုန်လိုက်၍ ကိုယ်ကို တစ်ပတ်
လှည့်လိုက်သည်။ မြေပေါ်ပြန်မကျမီ အတားအဆီးပြင်ကို
ကျောပေးလျက်သား အနေအထားရှိနေစဉ် တံတောင်ဆစ်
ဖြင့် အတားအဆီးပြင်ကို နောက်ပြန်တွက်လိုက်သည်။
၎င်း၏ အရှိန်အဟုန် ပြင်းထန်လွန်းသောကြောင့် လေကြမ်း
တိုက်သလို အသံစူးစူးထွက်ပေါ်လာလေသည်။ နောက်ဆုံး
အတားအဆီးပြင်လွှာကို ပြင်းထန်လေးနစ်စွာ ထိမှန်သွား
ပြီနောက် ပြန်ကျလာသည်။
" ရှစ်ဆပြင်းထန် လက်သီး..!! "
နောက်ထပ် စိတ်ထဲ ကြုံးဝါးအော်လိုက်ကာ လက်သီးက
ရက်စက်ပြင်းထန်စွာ အတားအဆီးကို ထိုးခွဲလိုက်သည်။
ချက်ချင်းပင် လှိုင်းတွန့်များ အတားအဆီး ပြင်လွှာ၏
အလယ်နေရာမှ တစ်ပြင်လုံးအနှံ့ လျင်မြန်စွာ လှိုင်းခတ်
လှုပ်ရှားသွားသည်။
" ကွဲစမ်း.. "
သူ့အော်သံနှင့်အတူ အံသြပြီးကြည့်နေကြတဲ့ တခြားလူ
ငယ် ဆယ်ယောက်ကျော်တို့၏ အကြည့်တွေ အောက်မှာ
ပဲ အနီဖျော့ဖျော့ အတားအဆီးပြင်လွှာမှာ ဖန်းသားပြင်
ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
ဘေးတစ်ဖက်ရှိ ကွဲကြေနေသော အနီရောင် အတားအဆီး
ကို ကြည့်ပြီ ရှင်းအာ အသာအယာ လက်ခုပ်တီးလိုက်ပြီ
စူတူတူမျက်နှာပေးဖြင့် ခေါင်းညိတ်လိုက်ပြီ.....
" အရမ်းကောင်းတဲ့ တိုက်ခိုက်ရေးသိုင်းပဲ..တိုက်ခိုက်မှု
စွမ်းအားကလည်း အရမ်းပြင်းထန်တာပဲ.. "
ရှောင်ယွင် လည်ပင်းကို ဆတ်ခနဲချိုးလိုက်ပြီ လက်ချောင်း
ကိုလည်း ဆွဲလှန်ချိုး၍ အကြောလျှော့လိုက်လေပြီနောက်
ဂရုမစိုက်ဘဲ စိတ်မဝင်စားသော လေသံဖြင့်
" အင်း မဆိုးပါဘူး... "
ရှောင်ယွင် ပြောချလိုက်တာကို ကြားလိုက်ရတဲ့အခါမှာ
လမ်းကြောင်းအထဲမှာ ရှိနေတဲ့ တခြားလူငယ်တွေ ရုတ်
တရက် ရင်ဘတ်ပေါ် အလေးဖိထားသလို တောင့်တင်း
လေးလံသွားကြသည်။ ဒီလို တိုက်ခိုက်ရေးသိုင်းက
မဆိုးပါဘူးတဲ့လား..? ။တကယ့်ကို စိတ်သောက ဖြစ်
အောင် လုပ်နေသလိုပဲ..။
" ဟဲဟဲ.. ဝင်ကြစို့.. အထဲမှာ ဘာဒိုသိုင်းအမျိုးအစားတွေ
သိမ်းထားမလဲဆိုတာ ကြည့်လိုက်ရအောင်.."
အနည်းငယ် နီထိန်ထိန်ဖြစ်နေသည့် အခန်းအတွင်းကို
ရှောင်ယွင်ကပဲ ဦးဆောင်ပြီ ဝင်လိုက်သည်။
အခန်းအတွင်းမှာ ပိုလင်းသည်ဟု ထင်ရသည်။ ဒါပေမဲ့
အတွင်းမှာ သိပ်မကျယ်လှချေ။ အခန်းငယ်၏ အလယ်
ကျကျမှာ ကျောက်စားပွဲ တစ်လုံးရှိနေသည်။
အနီရင့်ရင့်အရောင် စာလိပ်တစ်ခုက ကျောက်စားပွဲပေါ်
မှာ ငြိမ်သက်စွာ ရှိနေသည်။
ရှောင်ယွင် စာလိပ်ဆီကို လှမ်းသွားပြီ စာလိပ်ကို ကောက်
ယူလိုက်သည်။ သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
စာလိပ်၏ ကျောပြင်တွင် ရေးထားသော စာလုံးကို သူ
ဖတ်ရှုလိုက်သည်။
အဆင့်မြင့် ဟွာင်းအဆင့် ဒိုချီကျင့်စဉ်
" လောင်မီးပြာကျစေသော မီးတောက်.. "
" အင်း ဒါက တကယ်ကို မဆိုးဘူးပဲ.. ဒါက မျိုးနွယ်မှာ ရှိ
တဲ့ မီးဓာတ်အထူးပြု ဒိုချီကျင့်စဉ်ထဲက အကောင်းဆုံးတစ်
ခုပဲ.. ဟီဟီ ကြည့်ရတာ အကိုရှောင်ယွင်အတွက် ဦးလေး
ရှောင် တော်တော်လေးကို ကြိုးစားပေးထားတာပဲ.. "
ရှင်းအာ၏ နူညံ့တဲ့ စကားသံကို သူ့အနောက်ကနေ ကြား
လိုက်သည်။
ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲမှာ နွေးထွေး
မှုကို ခံစားလိုက်ရသည်။
နှင်းပွင့်လို ဖြူဆွတ်သည့် လက်တစ်စုံက ရှောင်ယွင်
အနောက်ကနေ သူ့၏လက်ထဲက ဒိုချီကျင့်စဉ်ကို ဆွဲယူ
လိုက်သည်။ သူမ ခေါင်းကို စောင်းငဲ့ပြီ ဒိုချီကျင့်စဉ်ကို
ကိုင်ထားရင်း နူညံ့စွာဖြင့်
" အကိုရှောင်ယွင်.. အနာဂတ်မှာ နောက်ထပ်အဆင့်မြင့်
တဲ့ ဒိုချီကျင့်စဉ်တွေကို ရလာဦးမယ်ဆိုပေမဲ့ တကယ်တမ်း
ကျတော့ အနာဂတ်အထိ အဆင့်မြင့်တင်တဲ့ လုပ်ဆောင်မှု
ကို ပထမဆုံးလေ့ကျင့်ခဲ့ရတဲ့ ဒိုချီကျင့်စဉ်က ဆုံးဖြတ်ပေး
တယ်..။ဟွာင်းအဆင့် ဒိုချီကျင့်စဉ်ဆိုတာ တကယ်တမ်း
ကျတော့ အဆင့်နိမ့်နေပါသေးတယ်လေ.. "
ရှောင်ယွင် ခပ်ယဲ့ယဲ့သာ ပြုံးပြီ ခေါင်းညိတ်လိုက်သည်။
ရှောင်ယွင်၏ မတုန်လှုပ်တဲ့ အမူအရာကို မြင်၍ ရှင်းအာ
မျက်မှောင်ကြုတ်မိသည်။ ထို့နောက် အသက်ပြင်းချလိုက်
ပြီ သူမ၏ လက်ချောင်းလေးကို ဖျစ်ခနဲ တွက်လိုက်ရာ
ရှေးဟောင်းစာလိပ်တစ်ခုက သူမလက်ထဲ ရောက်လာ
သည်။
" ဒါက မီးဓာတ်အထူးပြု ရွှင်းအဆင့် ဒိုချီကျင့်စဉ် တခုပဲ
.. မီးလျှံကို ခြယ်လှယ်ခြင်း တဲ့ "
စာလိပ်ကို ယုယုယယဖြင့် ပွတ်သပ်လိုက်ပြီ ရှင်းအာ
ညင်သာစွာ စကား ဆက်ပြောသည်။
" ရှင်းအာပေးတာကို အကိုရှောင်ယွင် မျက်နှာမပျက်ချင်လို့
ငြင်းမယ် မလုပ်ပါနဲ့.. အကိုရှောင်ယွင်က သတ်မှတ်ချက်
တွေအတိုင်း ဇာချဲ့မလုပ်တတ်တဲ့သူ ဆိုတာ ရှင်းအာသိပါ
တယ်.. ပြီးတော့ အဆင့်မြင့်တဲ့ ဒိုချီကျင့်စဉ်ဆိုတာ အကို
ရှောင်ယွင် အနာဂတ်အတွက် အရမ်းကို အကျိုးရှိစေနိုင်
တယ်.. အဲဒါကြောင့်.... "
လက်နှစ်ဖက်မှာ စာလိပ်ကို ကိုင်ထားတဲ့ ရှင်းအာကို
ကြည့်ပြီ ရှောင်ယွင် ခါးသက်သက်ဖြင့် ရယ်လိုက်ကာ
ခေါင်းယမ်းလိုက်သ်ည်။ သူမ၏ ခေါင်းကို လက်ဖြင့် ပုတ်
လိုက်ရင်း တစ်ဆက်တည်း လက်က ဟွာင်းအဆင့် ဒိုချီ
ကျင့်စဉ်ကိုသာ ဆွဲယူလိုက်သည်။ ရှောင်ယွင် အပြုအမူ
ကြောင့် ရှင်းအာမှာ မျက်နှာအမူအရာမှာ တစ်စုံတစ်ရာ
နာကျင်နေရဟန် ရှိသည်။
" အကိုရှောင်ယွင်.. "
ရှင်းအာ သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီ ဝမ်းနည်းသွား
သည့် မျက်နှာအမူအရာကို ပြသလိုက်သည်။ သူမ၏
ရေစက်ကလေးလို ကြည်လဲ့သည့် မျက်ဝန်းက မြင်သူတိုင်း
ကို ညှို့ယူစေနိုင်သည်။
" ဟီဟီ.. ရှင်းအာကို ကျေးဇူးတင်ပါတယ်.. ပြီးတော့ ရှင်း
အာ ကမ်းလှမ်းတာကို ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ငြင်းတာ
မဟုတ်ပါဘူး.. "
ရှောင်ယွင် ပြုံးလိုက်ပြီနောက် ကိုယ်ကို ကိုင်းညွတ်လိုက်
ကာ သူမ၏နားရွက်ဆီကို အနားတိုးပြီး ညင်သာစွာ ပြော
လိုက်သည်။
" အကိုရှောင်ယွင်က ဒီထက်ပိုကောင်းတဲ့ ဒိုချီကျင့်စဉ်ကို
လိုချင်ရင် ရနိုင်ပါတယ်။ "
........
No comments:
Post a Comment