Followers

Chapter 46

46  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 46.   အသိစိတ်လွတ်ခြင်း

အရွယ်ရောက်ခြင်း အခမ်းအနားပြီးသွား၍ နောက်ဆုံးမှာ
တော့ ရှောင်ယွင် စိတ်လက်ပေါ့ပါး သွားတော့သည်။ 
လေ့ကျင့်ခန်းတွေနဲ့ နေ့တိုင်း အချိန်ပြည့်လေ့ကျင့်နေရ
တာတွေလည်း စိတ်ဖိစီးမှုမရှိတော့ဘဲ သက်တောင့်သက်
သာ ဖြစ်လေသွားသည်။ 

ဒါပေမဲ့ အခြေခံဆေးရည်အတွက် သူဝယ်ထားသည့် ဆေး
ပါဝင်ပစ္စည်းတွေက ကုန်သလောက် ရှိနေပြီး။ ရှောင်ယွင်
နောက်ထပ်ဝယ်ဖို့ မစဉ်းစားသေးပါဘူး။ အဆင့် ၈ ကို 
ရောက်နေပြီး ဖြစ်လို့  အခြေခံဆေးရည်တွေက သူ့အတွက်
သိပ်မထူးတော့ချေ။ ဆေးအစွမ်းကလည်း သူ့အတွက် 
မတိုးတော့ပါဘူး။ 

အခြေခံဆေးလုံးက အသုံးမဝင်တော့ဘူး ဖြစ်သွားပေမဲ့
ရွဲ့လော်က တခြားဆေးအသစ်တွေ ပြောင်းသုံးဖို့ကိုတော့
ခွင့်မပြုသေးပါဘူး။အဲ့ဒီအစား အနားယူဖို့နှင့် စိတ်ပိုင်းဆိုင်
ရာ ပြင်ဆင်ထားဖို့သာ ရှောင်ယွင်ကို ပြောထားသည်။ 
လေ့ကျင့်ခြင်း၏ နည်းလမ်းမှန်က အပြင်းအထန်ကို လေ့
ကျင့်ပစ်လိုက်.. ပြီးမှ နောက်တစ်ခု မစခင် အနားယူဖို့ပါပဲ။ 
တစ်ယောက်တည်း ကိုယ့်ဘာသာ လေ့ကျင့်နေခြင်းက 
ဆိုးကျိုးအရမ်းများပြီ လမ်းကြောင်းအမှားကိုပင် ရောက်ရှိ
နိုင်ကာ ရလဒ်ပြောင်းပြန်ထွက်၍ အသက်ပင် သေဆုံး
နိုင်သည်။

သက်တောင့်သက်သာနေရပြီး ပျော်ပျော်ရွှင်ရွှင်နေရမည့်
အချိန်မှာ ရှောင်ယွင်က နေ့တိုင်း ပင်ပင်ပန်းပန်း လေ့ကျင့်
လာခဲ့သည့်သူမို့ သေချင်စော်ထွက်လောက်အောင် ပျင်းရိ
နေပါပြီ.. ဒါပေမဲ့ သူ ဘာမှ လုပ်ခွင့်မရှိချေ။နေ့တိုင်းနေ့တိုင်း
ရှင်းအာနှင့်အတူ မြို့ထဲကို ခြေဦးတည့်ရာ သွားကြသည်။ 
ဒီလိုမှ မလုပ်ရင် တခါတလေ တောင်အနောက်ဘက်ခြမ်း
ကို သွားပြီး ဒိုသိုင်းကို လေ့ကျင့်နေမိလိမ့်မည်။ 

လောလောဆယ်တော့ ရှောင်ယွင်က မျိုးနွယ်ရဲ့ အာရုံစိုက်
ခြင်းကို ခံနေရပါပြီ။ သူ ဘယ်နေရာပဲသွားသွား..လေးစား
စွာကြည့်ကြသည့် အကြည့်တွေက သူ့အနောက်ကို အရိပ်
လိုပဲ လိုက်ပါနေသည်။ 
……

" ဘန်း.."

အနောက်ဘက်တောင်ပေါ်တွင် ထူအုပ်ပြီး စိမ်းလန်းစိုပြေ
သည့် တောအုပ်ထဲတွင် ဖြစ်သည်။ သန်မာတဲ့ မျောက်တစ်
ကောင်လို အရိပ်တစ်ခုက မယုံနိုင်ဖွယ်ရာ အလျင်မျိုးဖြင့်
ရှောင်တိမ်းပြီး ခုန်လွှားနေပြီ တောအုပ်အတွင်း ပြေးလွှား
နေသည်မှာ သွက်လက်သည်။ ဖြတ်လတ်သည်။ ပြေးသွား
ရာ လမ်းကြောင်းတလျှောက်ရှိ အတားအဆီးများကိုလည်း
ပေါ့ပါးစွာ ခုန်ပျံ ကျော်လွှားသည်။
 
ဒိုချီစွမ်းအင် အပြည့်သွင်းထား၍ ကြောက်စရာကောင်း
လောက်အောင် ပြင်းထန်သည့်  လက်သီးချက်ဟာ ပြင်း
ထန်လေးလံသည့် အုန်းခနဲ မြည်သံနှင့်အတူ ခြောက်ပေ
နီးပါး လုံးပတ်ရှိသည့် သစ်ပင်တစ်ပင်၏ ပင်စည်ကို ကွဲ
အက်သွားစေခဲ့သည်။ ကွဲအက်ရာတွေဟာ ပင်စည်တစ်
လျှောက်လုံးကို ဖြန့်အက်သွားရာ နောက်ဆုံး  ဝေါ ဆိုတဲ့ 
အသံနှင့်အတူ သစ်ပင်ကြီးမှာ ထက်ပိုင်း ကျိုးလေသည်။

ပိုင်းကျလာတဲ့ သစ်ပင်ကို လူရိပ်ဟာ  သွက်လက်စွာ
ရှောင်ရှားလိုက်ပြီး ကျောက်တုံးကြီးတစ်လုံးထိပ်ကို ခုန်
တက်လိုက်လေ၏။ သစ်ပင်မှာ ချိတ်ထားတဲ့ သူ့အဝတ်ကို
ညာလက်ပြင် ဖြင့် ထိုးချိန်လိုက်ရာ စုပ်ငင်အားတစ်ခုက 
ထွက်ပေါ်လာပြီ  ချိတ်ဆွဲထားတဲ့ အဝတ်က သူ့ဆီကို ပြေး
ဝင်လာ၍ ဖမ်းလိုက်သည်။ သူ့ မျက်ခုံးမှာ စိုနေတဲ့ ချွေးကို 
သုတ်ချလိုက်ပြီး လေကို တဝ ရှုလိုက်ကာ အင်္ကျီကို အေး
ဆေးစွာ ပြန်ဝတ်လိုက်သည်။ 

ကသုတ်ကရိုက်ဖြင့် အင်္ကျီကို ဝတ်ချလိုက်ပြီးနောက်
မျက်နှာမှာ ရွှင်ပျသွားသည်။ တောအုပ်အပြင်ဘက်ကို 
စွေကြည့်လိုက်ပြီ ဟက်ခနဲ ရယ်မောလိုက်သည်။ 

သူ့နှုတ်ခမ်းက ခပ်တင်းတင်းပြုံးလိုက်ပြီး ပုခုံးပေါ်မှာ ကပ်
ကျန်နေတဲ့ သစ်ရွက်တွေကို သပ်ချလိုက်ကာ တောအုပ်
အပြင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့တော့သည်။ 

တောအုပ်အပြင်ဘက်ထွက်လာတော့ နေဝင်ဆည်းဆာ
အလင်းက သူ့ကိုယ်အပေါ် ကျလာပြီး အရိုးထဲအထိ စီး
ဝင်သွားသလား အောက်မေ့ရသည်။ နွေးထွေးတဲ့ ခံစား
မှုကို  နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။ 

နေအလင်းရောင် စူးရှမှုကြောင့် မျက်တောင်ကို ပုတ်ခတ်
ပုတ်ခတ်လုပ်လိုက်ရင်း ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ
သိပ် မနီးမဝေးနေရာမှာ ရှိနေသော ကျောက်တုံးတစ်ခု
ပေါ်တွင် မိန်းကလေးပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ 

အရပ်ရှည်ပြီး ချောမောလှပသည့် မိန်းကလေး၏ တင့်
တယ်နေခြင်းကို ဆည်းဆာနေခြည်က ထပ်ပြီး ဆမ်းထား
ပေးသကဲ့သို့ ရှိနေသည်။ သူမ၏ ညှို့ယူဖမ်းစားစေနိုင်သော
ကောက်ကြောင်းအလှအပတရားကို ဆည်းဆာနေခြည်က 
မီးမောင်းထိုးပြနေသလား ထင်မှတ်ရသည်။ အထူးသဖြင့်
ကျစ်လစ်သေးသွယ်ပြီး ဆွဲငင်အားကောင်းလှတဲ့ သူမ၏ 
ခြေတံရှည်များက အထူးပေါ်လွင်လှသည်။ 

ကျောက်တုံးပေါ်မှာ ငြိမ်သက်စွာဖြင့် ထိုင်နေသည့် ရှောင်
ယုကို ခပ်လှမ်းလှမ်းမှ အကဲခတ်ကြည့်လိုက်သည်။ သူ့  
လက်နှစ်ဖက်ကို  ခေါင်းနောက်ပစ်ကာ ဖြေးဖြေးလေး
ကျောက်တုံးကြီးဆီကို ချဉ်းကပ်သွားသည်။ ငြိမ်သက်နေ
သေးသော မိန်းမလှလေးကို ကြည့်လိုက်ပြီး တဖန် သူမ၏
ရှည်သွယ်သွယ် နှင့် ဆွဲဆောင်မှုအားကောင်းလှတဲ့ ခြေတံ
ရှည်အပေါ်ကို အကြည့်အာရုံက ကျရောက်သွားလေသည်။ 
အချိန်အတော်ကြာအထိ အာရုံက ရုန်းထွက်မရ စွဲငြိနေမိ
သည်။ ထို့နောက် သူ နှာရှုပ်လိုက်ကာ မာန်တက်နေသော
လေသံဖြင့်..

" မင်းခြေထောက်လေးတွေက အရမ်းလှတာပဲ.. ဒါပေမဲ့
အဲ့လောက်အထိ ပြစားနေစရာ မလိုပါဘူးလေ.. "

ဤစကားကြောင့် ချစ်စရာကောင်းတဲ့ ရှောင်ယုမျက်နှာ
လေးဟာ အေးစက်စက်နှင့် ဒေါသထွက်လာဟန် ရှိသည်။ 

သူမ၏ ရင်ဘက်မှာ အနည်းငယ် အနိမ့်အမြင့် လှုပ်ရှား
နေ၏။ ရှောင်ယုဟာ သွားကြိတ်လိုက်ပြီ အေးစက်စွာဖြင့်
တုံ့ပြန်လိုက်သည်။ 
" ငါ ဘာလို့ ဒီကို လာတာလဲဆိုတာ သိတယ်မလား..? " 

" ငါ့ကို အနိုင်ယူချင်နေတာမလား.. ? "

ရှောင်ယွင် သာမန်လျှံကာ ခန့်မှန်းပြောဆိုလိုက်ပြီ အနည်း
ငယ် ရယ်မောလိုက်ချေသည်။ 

" နင့်ရဲ့ လက်သီးစာကြောင့် ငါ့မောင်လေးက အပြင်း
အထန်ကို ဒဏ်ရာ ရသွားတယ်.. အခုထိ အိပ်ရာပေါ် 
လှဲနေရတုန်းပဲ.. လှုပ်လို့တောင် မရဘူး.. နင်က ဒီလောက်
ရက်စက်ယုတ်မာနေမှတော့ သူ့ရဲ့အစ်မအနေနဲ့ သူ့ကို ဒီ
အတိုင်း အရိုက်အနက်ခံခိုင်းမှာ မဟုတ်ဘူး..  ပြန်ပြီ လက်
စားချေပေးရမှာပေါ့.. " 

ရှောင်ယုရဲ့ လှပတဲ့ မျက်ဝန်းတွေက အငြိုးကြီးစွာဖြင့်
ရှောင်ယွင်ကို စိုက်ကြည့်လို့ နေပါသည်။ 

ရှောင်ယွင် ပါးစပ်ကို ခပ်ဟဟ ပြုံးရယ်လိုက်ပြီး ခေါင်းလေး
ကို စောင်းငဲ့ကြည့်လိုက်ကာ သရော်တဲ့လေသံမျိုးဖြင့်

" ဒါဆိုရင် တချက်လောက် မင်းအမြင်ကို ပြောကြည့်ပါဦး..
အဲ့ဒီအချိန်မှာ ငါ ဒီအတိုင်းလေး ရပ်နေပြီးတော့ သူက
လည်း တိုက်ခိုက်မယ်ဆိုရင် ငါ့လက်ကို သူ့ကို ဒီအတိုင်းပဲ
ပေးချိုးခွင့် ပြုလိုက်ရမှာလား? "

ရှောင်ယု သူမ၏ နီမြန်းတဲ့ နှုတ်ခမ်းသားကို ဖိကိုက်ထား
သည်။ ရှောင်ယွင်ကို ကြည့်တဲ့ အကြည့်မှာ အလျှော့ပေး
လိုဟန် တစက်မှ မရှိချေ။ မျက်ဝန်းထဲက အမုန်းတီးခြင်း
လည်း အနည်းငယ်လေးမျှပင် မှေးမှိန်သွားခြင်း မရှိချေ။ 

" မဟုတ်ဘူး..တကယ်လို့ ငါ့လက်ကို သူချိုးပစ်လိုက်ခဲ့ရင်
ငါ့ရဲ့ ကံဆိုးမှုအတွက် နင် ဝမ်းနည်းလှ အများဆုံး မိနစ်
လေးပဲပေါ့.. ပြီးတော့ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ 
ခံစားနေမှာလည်း မဟုတ်ဘူး.. ငါ့ဘဝတစ်လျှောက်လုံး
ဒုက္ခိတဘဝနဲ့ နေသွားရမှာကိုတောင် ဂရုစိုက်ပြီး တွေးနေ
မှာ မဟုတ်ဘူး.. ဟားဟား.. ဒီအဖြစ်အပျက်ဟောင်းတွေ
က နောက်တကြိမ် ပြန်ဖြစ်လာတာပဲ.. ဟဟ ရှောင်ယု.. 
ဒီလိုပင်ကိုစရိုက်ရှိတဲ့သူမျိုးက ဘာကို တွေးတောဆင်ခြင်
တတ်မှာလဲ.. နင်ဘာလုပ်နိုင်သေးလဲ.. ? နင့်လိုလူမျိုးကို 
ငါတကယ် ရွံ့တယ်.. နင့်မောင်လေးကမှ လူဖြစ်တာ
မဟုတ်ဘူး.. ငါလည်း လူပဲ.."

ပြောလိုက်တဲ့ စကားလုံးတိုင်းမှာ ဒေါသတွေက ပိုပိုပြီး
ထွက်လာပြီး နောက်ဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ 
အရှက်ကင်းမဲ့တဲ့ စကားလုံးတွေနဲ့ ပြောဆိုမိတော့သည်။ 

" သောက်***$&@ .. ရင်အုံကြီးပြီ ခေါင်းမရှိတဲ့ မိန်းမ.. 
နင့်လိုအရူးမ ကို ဒီလိုပြောပေးတာ အကောင်းဆုံးပဲ.. " 

" ရှောင်ယွင်.. အယုတ်တမာကောင်.. ပါးစပ်ပိတ်လိုက်စမ်း"

သူမမျက်နှာမှာ ဒေါသအခိုးတွေနှင့် ရှုံ့မဲ့နေကာ မျက်နှာမှာ 
လည်း အရောင်ပြောင်းနေလောက်အောင် ခံပြင်းနေလေ
ပြီ။ နောက်ဆုံးမှာတော့ ရှောင်ယွင်ရဲ့ ဆဲဆိုနေတဲ့ စကား
လုံးတွေကို သည်းခံနိုင်စွမ်း မရှိတော့ချေ။ ရှောင်ယု ဒေါသ
တကြီး ဖြစ်လာသည်။ 

ရှောင်ယုရဲ့ လှပတဲ့ မျက်နှာက ဖြူပပ်ဖြူရော် ဖြစ်လာ
တာကို ကြည့်ပြီး ရှောင်ယွင်မျက်လုံးမှာလည်း ဒေါသမီး
တောက်တွေနှင့် ပြည့်နှက်လာသည်။ ထို့ကြောင့် ပိုပြီး
လှောင်ရယ်မောလိုက်သည်။ သူ့ရင်မှာတော့ ပျော်မြူး
အားရလို့နေသည်။ 

အသက်ကို ပြင်းပြင်း ရှိုက်ရှုလိုက်ပြီ ရှောင်ယု ဒေါသကို 
မြိုချလိုက်ကာ ခြေတံရှည်ကို လှမ်းပြီ ကျောက်တုံးပေါ်က
နေ ခုန်ချလိုက်ပြီနောက် သွားကိုကြိတ်လိုက်ခါ ကြိမ်းဝါး
ပြောဆိုသည်။ 

" ဘာပဲ ဖြစ်ဖြစ် ဒီနေ့တော့ နင့်လို ကောင်စုတ်ကို ငါ 
လွယ်လွယ်လေးနဲ့ လွှတ်မပေးတော့ဘူး " 
 
ပြောပြီးပြီးချင်းမှာပဲ သူမ ဘယ်ခြေထောက်က အရှေ့
တလှမ်းတက်လာလိုက်ပြီး ခန္ဓာကိုယ်ကို လှပစွာ လှည့်
လိုက်ရင်း ညာခြေထောက်ကို ကန်ထည့်ရာ လေကိုခွင်း
၍ လေတိုးသံပင် ထွက်လာသည်။ အကြင်နာကင်းမဲ့စွာ 
ကန်လိုက်သော သူမ၏ညာခြေထောက်ဦးတည်ရာကာ 
ရှောင်ယွင်၏ ခြေနှစ်ဖက်စလုံးဆီကို ဖြစ်သည်။ 

သူမ၏ ရုတ်တရက် ခြေကန်ချက်ကြောင့် ရှောင်ယွင် ကျိန်
ဆဲလိုက်ပြီ ကမန်ကတန်း ခုန်ပြီ အနောက်ဆုတ်လိုက်သည်
သူမ၏ ခြေကန်ချက်နှင့် ကပ်သီးကပ်သတ်လေး လွတ်
သည် ဆိုရုံမျှသာ ရှောင်ရှားလိုက်နိုင်ခဲ့သည်။

" ဟွန့်.. နင့်မှာ ဘယ်လောက်ပဲ အရည်အချင်းပဲ ရှိရှိ
နင်က အဆင့် ၈ ပဲ ရှိသေးတယ်.. ဒီနေ့မှ နင့်ကို သင်ခန်း
စာ ကောင်းကောင်း မပေးဘူးဆိုရင် နင့်ရဲ့ စိတ်ကြီး ဝင်
နေတာက မိုးပေါ်ရောက်သွားလိမ့်မယ်.. "

သူမ၏ ခြေကန်ချက်များကို ဆက်တိုက်ကို ရှောင်နေရ
သည့် ရှောင်ယွင်ကို ကြည့်ပြီ သူမ အေးစက်စက်ရယ်
မောလိုက်သည်။ သူမ၏ ခြေကန်ချက်တွေက လေပေါ်
မှာ ဝဲပျံနေသည်မှာ လေပွေမုန်တိုင်းတစ်ခုအလားပင်..။
ပြင်းထန်ရက်စက်သည့် ကန်ချက်တွေကြောင့် လေပွေ
လှိုင်းပင် ဖြစ်ပေါ်လာသည်။ မြေပြင်ပေါ်မှာ သစ်ရွက်တွေ
လူးလှိမ့်ကုန်သည်။ 

ရှောင်ယုမှ ဒိုကျယ် ( Dou Zhe ) အဆင့် ၃ ၏ ရောက်ရှိ
နေခြင်းကြောင့် ရှောင်နင်ထက် ပိုပြီး အင်အားသာလွန်၏ 
အလျင်အမြန် ပြင်းထန်စွာဖြင့် တိုက်ခိုက်နေခြင်းကြောင့်
ရှောင်ယွင်မှာ တိုက်ကွက်ထုတ်ဖို့ မဆိုထားနှင့်.. အသည်း
အသန်သာ ရှောင်နေရသည်။ 

ရှောင်ယု၏ အတောမသတ်နိုင်လောက်အောင် တရစပ်
ထိုးနှက်ချက်တွေကို ရှောင်ရှားနေရပေမဲ့လည်း ရှောင်ယွင်
မျက်နှာဟန်မပျက်သေးပါချေ။ တဖက်မှာလည်း မျက်စိ
လျင်လျင်ထားပြီ ရန်သူ၏ အားနည်းချက်ကို အသုံးချဖို့
အဆက်မပြတ် ရှာဖွေနေသည်။ 

ရှောင်ယု၏ ဆက်တိုက်ကို တရစပ် ခြေကန်ချက်ကို သူ့
လက်ဖြင့် ကာကွယ်နေရာ ကြာလာသည်နှင့်အမျှ သူ့
လက်ကလည်း နာကျင်လာနေပြီ..။ တကယ်ကျတော့
ကြည့်ရတာ ရှောင်ယုမှာ လုံးဝအသိစိတ် ကင်းမဲ့နေခြင်း 
လည်း မဟုတ်ချေ။ သူမ၏ တိုက်ခိုက်မှုမှာ ပြင်းထန်နေ
ပေမဲ့လည်း ရှောင်ယွင်နှင့် ယှဉ်ပြိုင်ရာတွ အားအကုန် 
မသုံးပြုပါဘူး.. ဒဏ်ရာ မကြီးကျယ်တာလောက်ပဲ ဖြစ်စေ
မှာပါ။ 

ရှောင်ယွင် ဆက်တိုက်ပဲ အမောတကော ရှောင်နေရတာ
ကို ကြည့်ပြီ သူမ ကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ 
အရှေ့ကို အနည်းငယ် ခြေဖျားထောက်တိုးလိုက်ပြီ ပြင်း
ထန်သည့် တိုက်စစ်ဖွင်ရန် နောက်တကြိမ် ဟန်ပြန်လိုက်
သည်။  

သူမ စတင် တိုက်ခိုက်လိုက်သည်နှင့် ပွဲအစကတည်းကနေ
ရှောင်ရှားခုခံနေရသည့် ရှောင်ယွင်က ကျိုးနွံသော သိုး
ကနေ ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေတစ်ကောင်ကဲ့
သို့ ပြောင်းလဲသွားချေပြီး။ သူ့၏ ကွေးညွတ်ထားတဲ့ လက်
ဝါးပြင်ကို သူမဆီကို ထိုးညွှန်လိုက်သည့် ခဏမှာ ရှောင်ယု
သူမ ဆီကို အားကောင်းတဲ့ စုပ်ယူအားတစ်ခုက သက်
ရောက်လာသည်ကို ခံစားလိုက်ရကာ ဟန်ချက် မထိန်းနိုင်
တော့ဘဲ အရှေ့ဘက်ကို ယိုင်လဲကျသွားတော့သည်။ 
ထိုအခိုက်တွင် သူမခန္ဓာကိုယ်က ဒိုချိစွမ်းအင်တွေဟာ 
လျင်မြန်စွာ သူမခြေထောက်ဆီကို ပြေးစုလာပြီ သူမကိုယ်
ကို ဟန်ချက်ပြန်ပေးလိုက်သည်။ သူမ မြေပြင်ပေါ် မြဲမြံစွာ 
ပြန်ရပ်လိုက်နိုင်သည့်အခိုက်မှာ စုပ်ယူသည့်အားက
ပျောက်သွားပြီ အဲ့အစား  အင်းအားပြင်းထန်လှသည့် တွန်း
ကန်အားက ရောက်လာသည်။ 

စုပ်ယူအား နှင့် တွန်းထုတ်အား.. ရှောင်ယုမှာ ကိုယ်ဟန်
ချက်ပျက်သွားပြီး  ဒယိမ်းဒယိုင်ဖြင့် အနောက်ဘက် ဆုတ်
လိုက်ရာကာ ဖင်ထိုင်လျက်ကျသွားသည်။ ရှောင်ယွင်၏ 
ရုတ်ချည်းတွန်းထုတ်ပစ်လိုက်သည့် သိုင်းကြောင့် သူမ 
အနောက်ပြန် လှန်ကျသွားသည့်အတွက်ကြောင့် သူမ
အကြီးအကျယ်ထိတ်လန့်သွားသည်။ အနောက်ကို အမြန်
ဆုတ်လိုက်ဖို့ကိုလည်း သူမတကယ်ပင် သတိမရတော့ချေ။ 
သတိပြန်ဝင်လာပြီး ဆုတ်ဖို့ ကြိုးစားလိုက်မည့်အချိန်မှာမှ
ဒေါသထွက်နေသည့်ကျားတစ်ကောင်အလား လူပုံရိပ်က 
ခုန်အုပ်ဝင်လာပြီိးသူမကို မြေပြင်ပေါ် ဖိချလိုက်သည်။ 

( သည်းခံဖတ်ပေးပါ.. မရေးလို့မရတဲ့ အခြေအနေမို့ပါ )

" အယုတ်တမာမ.... ဒီနေ့ ဟောဒီ သခင်က မင်းကို 
ကိုယ်တိုင် မုဒိမ်းကျင့်ပစ်မယ်.. "

မျက်နှာပေါ်မှာ ပွန်းပဲ့ရာတွေနှင့် ကိုယ်ပေါ်မှာ ရထားတဲ့
ဒဏ်ရာတွေကြောင့်မို့  ရှောင်ယွင် ဒေါသထွက်နေပြီ။
အသက်ကို ပြင်းပြင်းရှိုက်ပြီး သူမ၏ လက်ကောက်ဝတ်
ဖြူနုနုပေါ်က သွေးကြောနေရာမှာကိုင်ပြီး မြေပြင်ပေါ် 
ဖိချုပ်လိုက်သည်။ 

.........

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...