44 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 44. ဘယ်သူစမ်းချင်သေးလဲ
သေခြင်းနှုတ်ခမ်းဝမှာ ယိုင်တိယိုင်တိုင်လျှောက်နေသကဲ့
သို့ သေလုမတတ်ဖြစ်နေသည့် ရှောင်နင်ကို ကြည့်ရင်း
ပရိသတ်မှာ ပိုပို၍ပင် တိတ်ဆိတ်သွားသည်။
တဖန် စင်မြင့်ပေါ်မှာ နတ်ဆိုးတစ်ကောင်အလား မတ်
တပ်ရပ်နေတဲ့ ရှောင်ယွင်ဆီကို ပရိသတ်တွေ ပြန်လှည့်
ကြည့်ပြန်သည်။ ဘာတွေ ဘယ်လို ဖြစ်ပျက်သွားသလဲ
ဆိုတာ ဘယ်သူမှ သေသေချာချာ မသိလိုက်ပါဘူး။
သူတို့မြင်တာက ရှောင်နင် အားအင်တွေ ရုတ်တရက်
မြင့်တက်သွားပြီး နောက် အလျင်အမြန်ပဲ သူ တိုက်ခိုက်
ခံသွားတာကိုပဲ မြင်လိုက်ရသည်။ ရှောင်နင် ခွန်အားတွေ
တိုးမြင့်သွားပေမဲ့လည်း လက်သီးတစ်ချက်တည်းနဲပဲ
အရှက်တကွဲ ရှုံးသွားမယ်လို့ သူတို့ မမျှော်လင့်ထားမိဘူး။
ဧည့်သည်စင်မြင့်ပေါ်ကနေ ကွင်းဆီကို ရပ်ကြည့်နေတဲ့
ရဖေးဟာ နီရဲထွေးနေတဲ့ သူမနှုတ်ခမ်းကို ပုလဲသားလေး
လို ဖြူနုတဲ့ လက်နဲ့ ဖုံးကာထားမိသည်။ စိတ်လှုပ်ရှားနေ
ခြင်းကြောင့် တစ်ကိုယ်လုံးလည်း တုန်ယင်နေမိသလို
ဖွံ့ထွားသော ရွှေရင်အစုံလည်း နိမ့်တုံ မြင်တုံ လိုက်ပါ
လှုပ်ခါနေသည်။
" အစွမ်းကြီးတဲ့ ဒိုသိုင်းပါလား.. ဘယ်လိုအဆင့်မျိုးလဲ..
ရွှင်းအဆင့်လား.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. "
ရဖေး ပင့်သက်ရှိုက်လိုက်မိသလို.. အတွေးများစွာ ဂယက်
ထကာ ရင်ဘက်ထဲမှာ လှုပ်ခါလျက်ရှိသည်။ ရွှင်းအဆင့်
ဒိုသိုင်းဆိုတာ ရှားလည်း ရှားပါးသလို တတ်ကျွမ်းဖို့လည်း
ခဲယဉ်းလှသည်။
သိပ်မကြာခင်မှာပဲ ရဖေး ပုံမှန် ပြန်ဖြစ်လာသည်။ စော
စောက ရှောင်ယွင်ရဲ့ ဒိုသိုင်းကို အာရုံပြန်ဝင်စားကြည့်
လိုက်သည်။ မျက်ခုံးများ တွန်ချိုးစဉ်းစားရင်း သူမ တခုခု
ကို တွေးလိုက်မိသည်။
" တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင်.. ရှောင်ကလန်ရဲ့
အဆင့်အမြင့်ဆုံး ဒိုသိုင်းက ခြင်္သေ့မာန်ဟုန်ပြင်းဒိုချီကျင့်
စဉ်နဲ့ တွဲသုံးရတဲ့ ရွှင်းအဆင့် ခြင်္သေ့မြေပြင်အက်ကွဲဒိုသိုင်း
ပဲမလား..?? အခု ငါမြင်ရသလောက်ဆိုရင် ရှောင်ယွင်
ဒိုသိုင်းက ခြင်္သေ့မြေအက်ကွဲသိုင်း မဟုတ်လောက်ဘူး..
အင်း.. ဒါဆိုရင်.. "
ရဖေး အောက်ကို ငေးကြည့်ရင်း လက်ဖက်ရည်ပန်းကန်
လုံးကို နှုတ်ခမ်းတေ့ပြီး စုပ်သောက်လိုက်ရင်း နောက်ထပ်
အတွေးတစ်ခုက သူမခေါင်းထဲရောက်လာပြန်သည်။
" ဒါဆိုရင်..ဒီသိုင်းက ရှောင်ကျန်း တကယ်ပဲ မသင်ပေး
ထားတဲ့ သိုင်းတစ်ခုခုများလား.. "
သူမ ခေါင်းကို မသိမသာနှင့် စောင်းငဲ့ပြီး မျက်တောင်ကို
တဖျတ်ဖျတ်ခတ်ရင်း ရှောင်ကျန်းကို လှမ်းအကဲခတ်လိုက်
သည်။ ခနတာမျှ အံသြနေတဲ့ ရှောင်ကျန်းမျက်နှာကို မြင်
လိုက်ရာ ဒီသိုင်းဟာ ရှောင်ကလန်ရဲ့ သိုင်းမဟုတ်သေး
ဘူးဆိုတာ သူမရိပ်စားမိလိုက်သည်။
" ရှောင်ကျန်းက မသင်ပေးထားတဲ့ သိုင်းဆိုရင်.. "
ရဖေး ပြန်ပြောင်းစဉ်းစားလိုက်ပြန်သည်။ သူမ၏ ကောင်း
မွန်စွာ ဖွံ့ဖြိုးနေပြီးသော ရင်ဘက်ကို အောက်ငုံ့လိုက်ပြီ
သူမ၏ ကျောက်စိမ်းရောင်သမ်းနေတဲ့ လက်သည်လေး
ဖြင့် ကုတ်ခြစ်နေရင်း စိတ်ထဲမှာ ရှောင်ယွင် ထုတ်ဖော်
ပြသသွားသော ဒိုသိုင်း၏ ကျွမ်းကျင်ပိုင်နိုင်မှုကို
ပြန်မြင်ယောင်သွားမိသည်။
" ဒီကောင်လေး.. မျိုးနွယ်ထဲမှာ ထူးခြားတဲ့ ဆရာတစ်
ယောက်များ သူ့မှာ ရှိနေလို့လား..? ရွှင်းအဆင့် ဒိုသိုင်း
ဆိုတာ လေ့လာရခက်ခဲတယ်.. သူ့မှာ ဆရာသာမရှိရင်
အတွေ့အကြုံနည်းနည်းနဲ့မို့ အမှားအများကြီး တွေ့နိုင်
တယ်.. ဒီလို ရွှင်းအဆင့်ဒိုသိုင်းကို သင်ပေးနိုင်တယ်ဆိုရင်
အဲ့ဒီ ထူးခြားတဲ့ သူ့ဆရာရဲ့ အဆင့်က ဒိုလင်း ( Dou
Ling ) အဆင့်လောက်မှာ ရှိရမယ်..အင်း.. ဒီကိစ္စကို ငါတို့
စုံစမ်းဖို့ လိုပြီ.."
ရဖေး စဉ်းစားရင်း ရေနွေးပန်းကန်လုံးကို အောက်ချလိုက်
ပြီ သူမပါးပြင်ပေါ်က ချွေးတွေကို သုတ်လိုက်သည်။
ရှောင်ယွင်အကြောင်းကို စေ့စေ့ငုငု ဆန်းစစ်ကြည့်ပြီး
နောက် သူမ ထပ်တွေးလိုက်သေးသည်။
" ဒီကောင်လေး.. ဒီနေ့ သူတော်တော် ထူးခြားနေ
တယ်.. ငါတော့ အရမ်းကို သိချင်စိတ်များနေပြီ.. "
( ဒိုလင်း( Dou Ling )ဆိုတာ ဒဒိုရှီ ( Da Dou Shi )အဆင့်
အခု ရှောင်ယွင်အဖေ ရောက်နေသည့်အဆင့်ရဲ့ အပေါ်က
အဆင့်ဖြစ်သည်။ )
……
" ငါ့ရဲ့ ယွင်လေး.. မင်းကို နားလည်ဖို့ ပိုပြီး ခက်ခက်လာ
တယ်.. "
ရဖေး ဘေးနားမှာ ရှိနေတဲ့ ရှောင်ကျန်းလည်း တိတ်ဆိတ်
စွာနဲ့ အသက်ပြင်းချလိုက်သည်။ ရှောင်ယွင် အသုံးပြုလိုက်
တဲ့ ဒိုသိုင်းကျွမ်းကျင်မှုကို သူမြင်ရတော့ စိတ်ထဲနေ သူ့သား
ကို ဂုဏ်ယူနေမိသည်။ သူ့ရဲ့ ဒိုသိုင်း အစွမ်းပြင်းအားကို
ယှဉ်ကြည့်မယ်ဆိုရင် မျိုးနွယ်ပိုင် ရွှင်းအဆင့် ဒိုသိုင်းဖြစ်
တဲ့ ခြင်္သေ့မြေပြင်အက်ကွဲသိုင်းနှင့်ပင် ယှဉ်လို့ ရနေသည်။
ခေါင်းကို ဖြည်းဖြည်းသာသာ ယမ်းလိုက်ပြီး ရှောင်ကျန်း
အသက်ပြင်းချလိုက်မိတော့သည်။ သူ့မျက်လုံးတွေ
တဖျတ်ဖျတ်ခတ်ပြီးတော့ တွေးလိုက်မိသည်။
" တစ်ယောက်ယောက်ကများ ရှောင်ယွင်ကို သင်ပေးနေ
တာလား..? ဘယ်သူက သင်ပေးနေတာလဲ??
မေးစေ့ကို ပွတ်သပ်နေရင်း စင်မြင့်အောက်က ကလေး
တစ်ယောက်ဆီကို သူ့အကြည့်က ရောက်သွားသည်။
ပါးချိုင့်ကလေးနဲ့ ကောင်မလေးက လှပစွာ ပြုံးထားပြီ
စင်ပေါ်က ရှောင်ယွင်ကို ကြည့်နေသည်။
" ရှင်းအာက သင်ပေးတာလား..? "
သံသယအတွေးက ခေါင်းထဲဝင်လာသည်။ ရှောင်ယွင်နှင့်
ရှင်းအာ ရင်းနှီးမှုအကြောင်းကို ပြန်တွေးမိရင်း ရှောင်ကျန်း
စိတ်အေးလက်အေး ဖြစ်သွားလေသည်။
........
စင်မြင့်ပေါ်မှာ ရှောင်ယွင် လေပူ မှုတ်ထုတ်လိုက်ရင်း
တောင့်ထားတဲ့ လက်ကို ပြန်လျှော့လိုက်ပြီး ချလိုက်
သည်။
ထိုစဉ် သတိမေ့လျော့နေဆဲ့ ရှောင်နင်ဆီကို ပြေးလာပြီ
ဖေးမကာ ဖက်လိုက်သည့် ရှောင်ယုကို သူ စောင်းငဲ့ကြည့်
လိုက်သည်။ ဆက်ပြီတော့ ရှောင်ယွင် အေးဆေးစွာနဲ့ပဲ
ကြည့်နေလိုက်သည်။ သူ့ရင်ထဲမှာ သနားမိခြင်း နည်းနည်း
လေးတောင်မရှိပါဘူး။ သူသာ ရွှင်းအဆင့် ဒိုသိုင်းကို
မတတ်မြောက်ထားခဲ့ရင် ဒီအချိန်မှာ သူ့ညာဘက်လက်မှာ
ကျိုးကြေနေမှာ အသေအချာပင်။ တခြားလူက သူ့ကို ညှာ
တာမှု ပင် မရှိနေမှတော့ သူလည်း ငပေါတစ်ယောက်လို
လူကောင်းလုပ်ပြနေစရာ မလိုချေ။
အိပ်ထောင်ထဲကို လက်နှစ်ဖက်ထည့်လိုက်ပြီ အံသြပြီး
ရပ်ကြည့်နေဆဲ ဖြစ်နေသည့် ဒုတိယအကြီးအကဲဆီကို
သွားလိုက်ပြီး မေးလိုက်သည်။
" ပြိုင်ပွဲက ပြီးသွားပြီနော်.. ဟုတ်တယ်မလား .. ? "
တံတွေးကို မြိုချလိုက်ပြီ ဒုတိယအကြီးအကဲဟာ သတိပြန်
ဝင်လာပြီးနောက် ခေါင်းကို တစ်ခါ ထပ်ညိတ်လိုက်သည်။
ပထမအခါက သူကြေညာတော့မည့်ဆဲဆဲမှာ နှောင့်ယှက်
ခံလိုက်ရသည်မဟုတ်လား..။
" နေဦး.. "
စင်မြင့်အောက်က ရှောင်ယုဟာ သွေးတွေဖုံးလွှမ်းနေတဲ့
ရှောင်နင်ကိုယ်ကို သယ်မထားသည်။ သူမအသံမှာလည်း
မုန်းတီးမှုတွေနဲ့ ပြည့်လျှံနေသည်။
ဒုတိယအကြီးအကဲဟာ မျက်မှောင်ကြုတ်လိုက်ပြီး
" ရှောင်ယု.. ဘာပြောချင်လို့လဲ?? "
သတိမေ့နေတဲ့ ရှောင်နင်ကို တခြားလူတစ်ယောက်ဆီကို
လွှဲပေးလိုက်ပြီးနောက် ရှောင်ယု စင်ပေါ်ကို အားနဲ့ မာန်နဲ့
ခုန်တက်လိုက်သည်။ ရှောင်ယွင်ကို မနာလိုမုန်းတီးနေတာ
ကို ထင်ထင်ရှားရှားပဲ တွေ့ရသည်။
" ရှောင်နင်က နင့်ရဲ့ ဝမ်းကွဲအကိုကြီးပဲ.. သူ့ကို ဘာဖြစ်
လို့ ဒီလောက် ရက်ရက်စက်စက် လုပ်ရတာလဲ? "
ရှောင်ယု မေးခွန်းထုတ်တာကို ကြားရတော့ ရှောင်ယွင်
သရော်ပြုံး ပြုံးလိုက်သည်။ သူ့မျက်နှာမှာလည်း ရက်စက်
သည့် အရိပ်အယောင် က ဖြစ်ပေါ်လာသည်။
" ဒီကိစ္စက ပြိုင်ပွဲအတွင်းမှာ ဖြစ်ပွားခဲ့ပေမဲ့လည်း သူက
စည်းမျဉ်း ကို ချိုးဖောက်တာပဲလေ.. တစ်ခါ ရှုံးသွားပေမဲ့
လည်း သူက ဒိုချီအစွမ်းတိုးဆေးလုံးကို သောက်ပြီ စွမ်း
အားတွေ မြင့်နေတဲ့အချိန်မှာ နောက်တစ်ခါ ပြန်တိုက်ခိုက်
ခဲ့တယ်.. သူက ငါ့ကို ညှာတာမယ်လို့ ထင်နေလား..
တကယ်လို့ ငါမခုခံနိုင်ခဲ့လို့ ဒဏ်ရာရင်ရော နင် ဒေါသ
ထွက်ပေးမှာလား..? ရှောင်နင်က လူတစ်ယောက်ဆိုရင်
ငါကရော လူမဟုတ်လို့လား..? ရှောင်ယု ငါ့ဘက်ကနေ
ရပ်တည်ကြည့်ပါဦး.. အဲဒါဆိုရင် နင်ဘာလုပ်မလဲ..? "
တရစပ် ထိုးနှက်လာတဲ့ မေးခွန်းများက ယမ်းကြိုးပေါ်က
ယမ်းတွဲလိုပါပဲ.. ရှောင်ယုစိတ်ကို လေးကန်သွားစေသည်။
သူမ ပါးပြင်မှာ ဒေါသကြောင့် နီရဲတွက်လာသည်။ မာန်
မာနကြီး တတ်တဲ့ သူမက ယခုလို လူမြင်ကွင်းမှာ ပြစ်တင်
ဆုံးမခံနေရခြင်း မရှိခဲ့ဘူး။ အသက်ပြင်း ရှိုက်လိုက်ပြီ ဒေါသကို
မျိုသိပ်လိုက်ကာ အေးစက်စက် လေသံဖြင့်
" နင်ဘာပဲပြောပြော ငါဂရုမစိုက်ဘူး.. ငါသိတာက ငါ့
မောင်လေးကို နင်ဒဏ်ရာရအောင် လုပ်ခဲ့တယ်.. ဒါကြောင့်
မင်းကို ငါ စိန်ခေါ်တယ်..မင်းရဲ့ကျွမ်းကျင်မှုကို ယုံကြည်
မှုရှိရင် ငါ စိန်ခေါ်တာကို လက်ခံလိုက်.. "
" ရှောင်ယု.. စိန်ခေါ်တာ ဖျက်လိုက်စမ်း.. ဒီနေရာက နင့်
အတွက်မဟုတ်ဘူး.. ဒီပြိုင်ပွဲက ဒိုကျယ်အဆင့်အောက်
သမားအတွက်ပဲ.. နင် ပြိုင်လို့မရဘူး.. "
ဒုတိယအကြီးအကဲဟာ ဘေးနားကနေ ဝင်ပြောလိုက်
သည်။ သို့ပေမဲ့ ရှောင်ယု သိပ်လက်ခံချင်ပုံ မရပေ။ သူမ
နှုတ်ခမ်းကို ဒေါသတကြီးနဲ့ ဖိကိုက်လိုက်ပြီ ရှောင်ယွင်ကို
စိုက်ကြည့်ကာ..
" နင် မပြိုင်ရဲဘူးလို့ လာမပြောနဲ့.. "
ဒီမိန်းမက ရူးနှမ်းနေတာများလား.. ?
ရှောင်ယွင် တော်တော် ဒေါပွသွား၍ စိတ်ထဲကနေ ဒေါသ
တကြီးနဲ့ ဆဲရေးတိုင်းထွာလိုက်သည်။ ရှောင်နင်နဲ့ ပထမ
တိုက်ပွဲပြီးကတည်းက သူ့ရဲ့ ဒိုချီစွမ်းအင်တွေကို အသုံးပြု
လိုက်ပြီမို့ ယခု ဒိုကျယ် အဆင့် ၃ နဲ့ ပြန် တိုက်ခိုက်ရမည်
ဆိုရင် သူ သေချာပေါက် ရှုံးနိမ့်မှာပဲ..
" မိန်းမ တစ်ယောက်ရဲ့ စိန်ခေါ်မှုကိုတောင် လက်ခံဖို့
သတ္တိမရှိတော့ဘူးလား..? "
ရှောင်နင်ကို စိုက်ကြည့်နေရင်း သူမစိတ်ထဲမှာ အားရ
လာပြီး နောက်တကြိမ် လှောင်ပြောင်စကား ပြောလိုက်
သည်။
ရှောင်ယွင် သူ့နှာခေါင်းကို လက်ဖြင့် ရှုပ်ခနဲ ပွတ်လိုက်ပြီး
သူ့နှုတ်ခမ်းထောင့်ကလည်း အနည်းငယ် တွန့်ကွေးသွား
သည်။ သူ့၏ အနက်ရောင်မျက်ဝန်းငယ်မှာ အရောင်တလဲ့
လဲ့ တောက်ပလာသည်။
ထိုအခိုက်
ရုတ်တရက် စင်မြင့်အောက်ကနေ အသံတစ်သံကို ကြား
လိုက်ရသည်။
" အစ်မ ရှောင်ယု.. အကိုရှောင်ယွင်က ပင်ပန်းနေပါပြီ..
ဒါကိုတောင် အစ်မက စိန်ခေါ်နေသေးတယ်..ဒါကို အခွင့်
အရေးယူနေတာလား..တကယ်လို့ အစ်မရှောင်ယုက
တိုက်ခိုက်ချင်နေတယ်ဆိုရင် ရှင်းအာနဲ့ မပြိုင်ချင်ဘူးလား."
........
No comments:
Post a Comment