47 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 47. ရုန်းရင့်စွာ စော်ကားပြောဆိုခြင်း
ရှောင်ယွင်၏ အရှက်ကင်းမဲ့သော စကားလုံးကို ကြားလိုက်
ရတဲ့အခါမှာ ရှောင်ယု ငေးကြောင်သွားမိသည်။ ဒါပေမဲ့
တစ်ချက်လေးပင် ငေးကြောင်နေရာကနေ သူမ အားအင်
ရှိသလောက် အကုန်ထုတ်ပြီး ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။
ဒေါသထွက်ထွက်နှင့် အားကုန် ရုန်းကန်လိုက်သောကြောင့်
မျက်နှာမှာ နီရဲတွက်လာသည်။ ဒါပေမဲ့လည်း ရှောင်ယွင်က
ပိုပြီး အားသန်သည်။ ရှောင်ယု၏ လက်ကောက်ဝတ်ကို ပို
ပြီးတင်းကျပ်စွာ ညှပ်ထားလိုက်၍ သူမလက်ကောက်ဝတ်
မှာ ပို၍ ထုံကျင်လာလေသည်။ အချိန်အတိုင်းအတာတစ်ခု
အထိ ရုန်းကန်နေပါသော်လည်း ဘာမှအကျိုးမထူး၍
အချည်းနှီး ရုန်းကန်နေမှုကို ရပ်ချလိုက်သည်။ သူမမှာ
တော်တော်လေးကို ရှက်ရွံလို့ နေပါပြီ။ ရွှေရင်မို့မို့မှာ
အနည်းငယ် လှိုက်ဖိုလို့နေသည်။ ရှောင်ယွင်ကို စိန်းစိန်း
ဝါးဝါးကြည့်ပြီး ငေါက်ငမ်းလိုက်သည်။
“ ခွေးကောင် ငါ့ကို လွှတ်..”
ရှောင်ယွင် သူ့ပါးစပ်ကို ဟကစားလိုက်ပြီး မျက်နှာပြင်ပေါ်
က ကုတ်ခြစ်ခံထိထားသော ဒဏ်ရာမှ စပ်ဖျဉ်းဖျဉ်းအရသာ
ကို ခံစားကြည့်လိုက်သည်။ အသက်ကို ခပ်ပြင်းပြင်း ရှိုက်
လိုက်ပြီးသူမကို ငုံ့ကြည့်လိုက်ကာ မထိတထိ လေသံဖြင့်
“ လွှတ်ပေးရမယ်..? ငါနာကျင်ခဲ့ရတာတွေက အလကား
သက်သက်ဖြစ်သွားမှာပေါ့ .. ဒီနေ့ မင်းကို ဖျက်ဆီးမယ်
လို့ ငါပြောပြီးသားပဲ… “
သူမထက် အသက်က အများကြီးငယ်တဲ့ သူက သူမကို အပေါ်ကနေ အုပ်စီးထားပြီး ဖျက်ဆီးပစ်လိုက်မည်ဟု
အတွင်တွင် ခြိမ်းခြောက် နေ၍ ရှောင်ယုမှာ ငိုရမလား
ရယ်ရမလား ပင် မသိတော့။ ရှောင်ယွင်က ဒီလိုကိစ္စကို
မလုပ်လောက်ဘူးဟု သူမကျိတ်ပြီး ယုံကြည်ထားမိသည်။
သူမလက်ကောက်ဝတ်ကို ကြိုးစားပြီ လိမ်ဖယ်ရုန်းလိုက်
ပါသော်လည်း လုံးဝကို မလွတ်ထွက်ချေ။ သူမ ရှောင်ယွင်
ကို မျက်တောင်ပင် မခတ်ဘဲ ကြည့်လိုက်ပြီ ယခုအခြေ
အနေကို ရယ်ဖွယ်ရာ ကောင်းသည့်အလား ငေါ့တော့တော့
ဖြင့် ပြောလိုက်၏
"ခွေးကောင်လေး… မင်းက အရွယ်တောင် မရောက်သေး
ဘူး…ဒီလို ကိစ္စတွေဆိုတာ မင်းအရွယ်ရောက်မှ ပြောသင့်
တယ်.. ဟဟ "
သူ့၏ ယောင်္ကျားသိက္ခာကို မေးခွန်းထုတ်ခံလိုက်ရ၍
ရှောင်ယွင် ချက်ချင်းပဲ မျက်ခုံးတွန့်လိုက်ပြီ သူမကို ငုံကြည့်
လိုက်ကာ ကောက်ကျစ်စွာဖြင့်...
“ မင်းက ငါ့ကို စမ်းစေချင်တာလား… ? “
ရှောင်ယွင်၏ အာသာပြင်းပြင်းပြပြ ကြည့်လိုက်သည့်
အကြည့်က တစ်စုံတစ်ရာ ခြိမ်းခြောက်နေသလို ခံစားလိုက်
ရ၍ သူမတံတွေးကို အနိုင်နိုင်မြိုချလိုက်သည်။ မာနကြီးသူ
တစ်ယောက်မို့ လွယ်လွယ်လေးတော့ သူမ အရှုံးမပေးလိုပါ
ထို့ကြောင့် နှင်းပွင့်လို ဖြူစင်သည့် သူမ၏ မေးဖျားလေးကို
ခပ်မော့မော့လေး ပင့်လိုက်ပြီး အေးစက်စက် ပြုံးလိုက်ကာ
မခံချိမခံသာဖြစ်အောင် ပြောလိုက်သည်။
“ မင်းလုပ်ရဲရင် စမ်းကြည့်လိုက်လေ.. ငါ မင်းကို သင်း
ကွပ်ပစ်မယ်… “
ရှောင်ယွင် နှုတ်ခမ်းကို ရှုံ့မဲ့လိုက်ပြီး ရင်ထဲမှာ ခံပြင်းလာ၍
ရှောင်ယုကို ကြည့်လိုက်သည်။ တကယ်တမ်း ပြောရရင် ရှောင်ယုနဲ့ ပတ်သတ်ပြီး သူ အရမ်းကို စိတ်အနှောင့်
အယှက်က် ဖြစ်ရ၏။ သေချာစဉ်းစားကြည့်ရင် မုဒိမ်းကျင့်
သည့် ကိစ္စလို ဆိုးဝါးသည့် ပြစ်မှုမျိုးကို သူ မလုပ်ချင်ပါဘူး။
သူ ဘယ်လိုပဲ ပြောပြော သူမက သူ့၏ မျိးနွယ်အစ်မ ဖြစ်
နေဆဲပါပဲ။
ဒါပေမဲ့ ယခုအခြေအနေအရ ရှောင်ယွင် ပြန်ရုပ်သိမ်းမယ်
ဆိုရင် သူ ထိခိုက်ခဲ့ရတာတွေက အကျိုးမဲ့ဖြစ်သွားမည်။
သူ့မျက်လုံးက အနည်းငယ် ကျဉ်းသွားပြီ နှုတ်ခမ်းကို ကိုက်
လိုက်သည်။ ရုတ်ခနဲ သူမကို ခပ်ပြင်းပြင်း တွန်းလှဲလိုက်ပြီး
သူ့ကိုယ်လုံးဖြင့် သူမကိုယ်ပေါ်ကို ခပ်တင်းတင်း ဖိထား
လိုက်သည်။
ရှောင်ယွင်၏ ရုတ်ခနဲ လှုပ်ရှားလိုက်ခြင်းကြောင့် ရှောင်ယု
အံ့အားသင့်သွားသည်။ သူမပါးစပ်ကလေး လည် အနည်း
ငယ်ပွင့်ဟသွားပြီ စိတ်ချောက်ချားမှုက ထိန်းမရ ဖြစ်သွားခဲ့
သည်။
ရုတ်ချည်း ဆွံ့အသွားတဲ့ ရှောင်ယုကို လျစ်လျူရှုလိုက်ပြီး
ရှောင်ယွင် လျင်မြန်စွာဖြင့် သူမလက်နှစ်ဖက်ကို ဘယ်
လက်ဖြင့် ဖမ်းချုပ်ထားလိုက်ပြီ တစ်ချိန်တည်းမှာပဲ သူ့ရဲ့
ညာလက်ကသူမ၏ သေးသွယ်ကျစ်လစ်သော ခြေတံရှည်
ကို လှမ်းပြီး ထွေးပိုက်လိုက်သည်။ ယောင်္ကျားပေါင်းများ
စွာ၏ အသည်းနှလုံးကို ဖမ်းစားညှိ့ယူနိုင်သော ခြေတံရှည်
မို့ ရှောင်ယုက သူမ၏ ခြေတံရှည်ကို အထူးတလည် ပိုပြီ
တန်ဖိုးထားသည်ကို ရှောင်ယွင် အစောကြီးကတည်းက
သိထားပြီးပါပြီ။
ရှောင်ယွင်လက်က သူမခြေထောက်ကို ကိုင်တွယ်နေတာ
ကို ခံစားလိုက်မိချင်းချင်းမှာပဲ ရှောင်ယု တစ်ကိုယ်လုံးဟာ
တောင့်တင်းသွားပြီ ငှက်ဆိုးအော်သံလို စူးစူးဝါးဝါး အော်
ဟစ်ပစ်လိုက်သည်။
အော်သံကြောင့် ရှောင်ယွင် အနည်းငယ် နားအူသွားကာ
သူမ၏ ခြေထောက်ကို ကိုင်တွယ်ထိတွေ့နေတာကို ရပ်
ချလိုက်ပြီ မျောက်တစ်ကောင်လိုပဲ ခုန်လွှားလိုက်ပြီး
တောင်ခြေဆီကို ထွက်ပြေးသွားလိုက်သည်။ သူမ အရူး
တစ်ယောက်လို ဒေါသထွက်လာတော့မယ်ဆိုတာ ရှောင်
ယွင် သိနေပါပြီ။
ငှက်ဆိုးထိုးသံလို အော်ဟစ်သံက အချိန်အတော်ကြာထိ
ဆက်ရှိနေပြီ တဖြည်းဖြည်းနှင့် တိမ်ဝင်သွားလေသည်။
ဒေါသအရှိန်ကြောင့် ရှောင်ယုမျက်နှာမှာ ကြက်သွေးရောင်
ကဲ့သို့ပင် နီမြန်းနေပြီ မျက်လုံးမှာလည်း ဒေါသအခိုးအငွေ့
တွေနှင့် တောင်ခြေဆီက မှုန်ပျပျ အရိပ်ကို ကြည့်လိုက်
သည်။ အံကို ကြိတ်လိုက်ကာ စူးရှတဲ့ အသံဖြင့် အော်ဟစ်
လိုက်သည်။
" ရှောင်ယွင်.. အယုတ်တမာကောင်.. နင့်ကို အပိုင်းအစ
တစ်သောင်း ဖြစ်သွားအောင် ဆုတ်ဖြဲပစ်မယ်.. "
အဝေးက ပုံရိပ်ကတော့ အပြေးမပျက်ပင်.. သူမမြင်ကွင်း
ကနေ ဖမ်းလို့မရအောင် တဖြည်းဖြည်းပျောက်ကွယ်
သွားသည်။
" ကောင်ဆိုး.. ကောင်စုတ်.. အယုတ်တမာကောင်.. "
ပျောက်ကွယ်သွားသော ရှောင်ယွင်ပုံရိပ်ကို ကြည့်နေရင်း
သူမမျက်မှာမှာ ရုပ်ဆိုးသွားလောက်အောင် ဒေါသထွက်
သွားလေသည်။ မြေကြီးကိုလည်း ဒေါသထွက်ထွက်ဖြင့်
လက်သီးဖြင့် ထုလိုက်သည်။ အနီးအနားရှိ တွေ့ကရာ
ကို လိုက်ရိုက်နေပြီး မကြာခင်မှာ သူမစိတ်ကို လျှော့ပြီး
တည်ငြိမ်လာခဲ့သည်။ ရှက်စိတ်ဖြင့် ခြေထောက်ပေါ်က
ခပ်ရေးရေး ထင်ကျန်နေဆဲဖြစ်သည့် လက်ဝါးရာတွေကို
ကြည့်လိုက်သည်။ ထိုနေရာတွေမှာ ထုံကျင်နေဆဲ ဖြစ်
သည်။
ရှောင်ယု အံကြိတ်လိုက်ပြီး ကုန်းထလိုက်သည်။ ထိုးကျင့်
တုန်ခါနေသည့် ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်ရင်း ဖရိုဖရဲ
ဖြစ်နေသည့် အဝတ်အစားကိုကြည့်ပြီ အော်ငိုချင်နေမိ
သည်။ အယုတ်တမာကောင်ကို သင်ခန်းစာပေးဖို့ မဆို
ထားနှင့် .. သူမကိုပင် အသားယူသွားချေသည်။ မထင်
မှတ်ထားသည့်ကို ကြုံတွေ့လိုက်၍ မကျေနပ်ခြင်းကြောင့်
သူမပါးစပ်မှာပင် ခါးသီသည့်အရသာ ခံစားနေရသလိုပင်။
ရှောင်ယွင်အပြုအမူကို ပြန်တွေးကြည့်ရင်း ရှက်ရွံ့ခြင်းနှင့်
ဒေါသကိုပါ ပေါင်းပြီိခံစားနေရသည်။ ဒါပေမဲ့လည်း
ဟိုအရင်ချိန်ကလို ဓားဆွဲပြီး သူ့အနောက်ကို လိုက်မဖမ်း
တော့ပါဘူး။ သူမက အရွယ်ရောက်လာပြီမို့ အရင်ကလို
မျိုး ရှောင်ယွင် သူမဘောင်းဘီရှည်ကို လာကိုင်သည့်ကိစ္စ
မျိုး ကလန်ကလူတွေကို ပေးမသိစေချင်ပါဘူး။ ရှောင်ယု
အဲ့ဒီနေရာမှာပဲ ရပ်ပြီး စဉ်းစားနေသည်။ နောက်ဆုံးမှာ
တော့ ခြေကိုဆောင့်နင်းလိုက်ပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်
ကာ...
" ခွေးကောင်.. နင့်ငါ့ကို အခွင့်အရေးရအောင် မလုပ်မိလိုက်
စေနဲ့... မဟုတ်ရင် အဆုံးသတ်က မလှမပဖြစ်သွားလိမ့်မယ်."
ရှောင်ယု နှာခေါင်းကို ရှုံ့မဲ့လိုက်သည်။ အနက်ရောင်
ဆံပင်ကို လေထဲ ယမ်းခါလိုက်သည်။ ဖရိုဖရဲဖြစ်နေ
သည့် အင်္ကျီပေါ်က ဖုန်သဲတွေကို ခါထုတ်လိုက်သည်။
ကျိုးကြေနေသည့် အင်္ကျီကို ဆွဲဆန့်လိုက်ပြီး တောင်
အောက်ဆီသို့ စိတ်မချမ်းမြေ့စွာဖြင့် တရွေ့ရွေ့ ထွက်
ခွာသွားလေသည်။
*************
မနားတမ်း တောင်ပေါ်ကနေ ပြေးဆင်းလာပြီနောက်
ရှောင်ယွင် ခြုံပုတ်တစ်ခု အနောက်မှာ ဝင်ပုန်းလိုက်၏။
သူ့ကျောပြင်မှာလည်း ချွေးတွေ ရွှဲနစ်လို့ နေသည်။
အနောက်ကနေ ရှောင်ယု၏ အရိပ်အယောင်ကို
မမြင်ရမှသာ စိတ်အေးလက်အေးဖြစ်ပြီ အသက်ပြင်း
ချလိုက်မိလေသည်။
သူ့နှာခေါင်းကို ပွတ်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် မရည်
ရွယ်မိဘဲ ဘယ်ဘက်လက်မောင်းကို ညာဘက်လက်ဖြင့်
ဆုပ်ကိုင်လိုက်ပြီ သူ့စိတ်အတွေးမှာလည်း ပြန်မြင်ယောင်
လာကာ လေသံတိုးတိုးဖြင့်
" လွန်ခဲ့တဲ့ နှစ်တုန်းကထက်စာရင် သူ့အသားက ပိုပြီး
ကိုင်လို့ ကောင်းလာသလိုပဲ.. "
" အင်း ဒီမိန်းမရဲ့အရှေ့မှာ ငါဒေါသတွေ ထိန်းလို့ မလွယ်
ဘူးပဲ.. ကြည့်ရတာ ငါရဲ့ ငယ်ငယ်တုန်းက နာကျည်းချက်
က ပုံမှန်ထက်ကို နက်ရှိုင်းနေတာပဲ.."
ရှောင်ယွင် အောင့်သက်သက်ဖြင့် ရယ်လိုက်ပြီ လည်ပင်း
ကို လှည့်ကစားလိုက်ပြီ အကြောလျှော့လိုက်သည်။
အသက်ကိုလည်းတဝရှုလိုက်ပြီ ထိုအတွေးတွေကို မောင်း
ထုတ်ပစ်လိုက်သည်။သူ့၏ အတွေးတွေ တဖန် ပြန်လည်
ငြိမ်သက်သွားပြီးမှ ပုန်းကွယ်နေတဲ့နေရာကနေ ဖြည်းဖြည်း
ပြန်လျှောက်ထွက်လာသည်။
ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး တစ်စုံတစ်ခုက သူ့ကို
စိတ်ကသိကအောက် ဖြစ်စေနေ၍ လှည့်ကြည့်လိုက်
ရာ အနက်ရောက်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ဦးက
မနီးမဝေးက သစ်ပင်တစ်ပင်မှာ မှီလျက်မတ်တပ်ရပ်
နေတာကို တွေ့လိုက်ရ၍ ရှောင်ယွင် ကိုးရိုးကားရားနိုင်စွာ
ရယ်ချလိုက်ပြီ
" ရှင်းအာ.. ဒီနေရာမှာ ဘာလုပ်နေတာလဲ..? "
ရှင်းအာက သစ်ပင်ကို ပျင်းရိစွာ မှီနေခြင်း ဖြစ်သည်။
ထွာဆိုင်ငယ်လေးမှာ ပတ်ထားတဲ့ ခရမ်းရောင်ခါးပတ်စ
လေးက လေအသွေ့မှာ လွင့်နေသလို သူမ၏ မျက်ဝန်း
လှလှကလည်း ရှောင်ယွင်ကို ဝေ့ကြည့်လာသည်။
ဟန်ဆောင်အပြုံးတစ်ခုက သူမမျက်နှာမှာ ဖြစ်ပေါ်လာ
ပြီး..
" အကိုရှောင်ယွင်.. အစ်မရှောင်ယု ဒေါသထွက်ထွက်နဲ့
လမ်းလျှောက်သွားတာကို မြင်လိုက်ရတယ်.. သူ့ကို
နောက်ထပ် ရန်စလိုက်တာလား..? "
ရှောင်ယွင် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းပွတ်လိုက်ရင်း
လျှောက်လာပြီ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ဂ
" သူ့ ဘာကြောင့် ဒေါသထွက်နေတာကို ဘယ်သိမလဲ "
ရယ်နေတဲ့ ရှောင်ယွင်ကို ကြည့်ပြီ ရှင်းအာ ခေါင်းခါလိုက်
ကာ
" ရှောင်ယုနဲ့ တွေ့တဲ့အခါတိုင်း အကိုရှောင်ယွင်က
သေချာပေါက် မစဉ်းစားဘဲ တစ်ခုခုလုပ်လိုက်တာပဲ ဖြစ်
မယ်.. "
ရှင်းအာ စကားကို ကြားလိုက်ရတဲ့အခါမှာ ရှောင်ယွင်
အပြစ်ရှိသလို ခံစားလိုက်ရပြီ ရိုးသားသည့်ပုံစံဖြင့်
ပုခုံးတွန့်ပြလိုက်ကာ ပြောလိုက်သည်။
" မင်းသိတာပေါ့.. ငါအကျပ်ကိုင်လိုက်တာ.. "
သူမ ခပ်ဖွဖွလေး ရယ်လိုက်ပြီ နှုတ်ခမ်းကို ထော်ထားလိုက်
သည်။ လက်ကို အနောက်ပစ်လိုက်ရင်း သူမ၏ မိန်းမသား
ဆန်လှသည့် ကိုယ်လုံးလေးကို လှည့်လိုက်ပြီ
" မနက်ဖြန်ကျရင် ဒိုချီကျင့်စဉ်ဂေဟာကို သွားပြီ ကျင့်စဉ်
အသစ်တွေ ယူရမဲ့နေ့ပဲ.. အကိုရှောင်ယွင် ပြင်ဆင်ထား
ပြီးပြီလား.. "
သူမအသံက ကျန်ခဲ့ပေမဲ့ သူမကတော့ ထွက်ခွာသွားပါပြီး။
........
No comments:
Post a Comment