58 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 58 - အမြင့်ဆုံး လေလံကြေးတစ်ခု
လေလံတင်ဆက်သူ မိန်းကလေး ရဖေးက လေလံကြမ်းခင်းဈေးကို စတင်ကြေငြာလိုက်တဲ့အခါမှာ ခန်းမထဲရှိ လူအများမှာ ငြိမ်ကျသွားပြီ များမကြာမီအချိန်မှာပဲ မိန်းကလေးရဖေးကို စိတ်ဝင်းစားနေသည့် လူငယ်တစ်ယောက်ဟာ ကမန်းကတန်း အလောတကြီးနိုင်စွာ ထအော်လိုက်သည်။
“ ၁၆၀၀၀!! ”
လူငယ်ဟာ ဈေးကို ခေါ်လိုက်ပြီးပြီချင်းမှာပဲ မိန်းကလေးရဖေးဘက်ကို ယဉ်ကျေးစွာဖြင့် လက်သီးဆုပ် ဂါရ၀ပြုဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ သူ သတိမထားမိလိုက်တာက သူ့ရဲ့မျက်လုံးဟာ ပြည့်မို့မောက်တင်းနေသော ရင်အစုံကို အငမ်းမရ ငေးကြည့်နေခြင်ပါပဲ။
သူမ၏ ခန္ဓာကိုယ်ကို သိသိသာသာ အငမ်းမရ ပြစ်မှားနေသာ လူငယ်ကို ရဖေး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ သို့ပေမဲ့ သူမ၏ အပြုံးမျက်နှာကို ဟန်မပျက် ဆက်ကာ ထိန်းထားလိုက်ပြီး တဖန် ပရိသတ်ဘက်ကို ကြည့်လိုက်ကာ
“ နောက်ထပ် ဘယ်သူ ထပ်ပြီး ပိုပေးချင်ပါသေးလဲရှင်.. နောက်ထပ် ပိုပေးချင်တဲ့သူ ကျန်ပါသေးလား..? ”
“ ၁၇၀၀၀ ”
“ ၁၉၀၀၀”
ပထမဆုံး ထွက်ဖောက်လာသော လေလံကြေးတိုးလိုက်သံနှင့်အတူ တခြားသော လေလံတိုးပေးသံတွေဟာ စင်အောက်ထဲက ပရိသတ်တွေမှာ ပွက်ပွက်ညံ ထွက်လာသည်။ ပထမဆုံး လေး လေလံဆွဲသော လူငယ်မှာ သူ့ဈေးထက် ပိုပြီ လူ သုံးလေးယောက်က ဈေးပိုပေးခြင်းခံလိုကရ၍ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ထိုင်ချလိုက်လေသည်။
မရပ်မနားကို ဆက်တိုက် ထိုးတက်လာသော လေလံကြေးကြောင့် ရှောင်ယွင် မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ ပင့်သက်ပင် ရှိုက်လိုက်မိသည်။ လေလံဆွဲသူတွေ အခြေခံဆေးလုံးကို ငမ်းငမ်းတက်ဖြစ်နေပုံမှာ ပထမအခေါက်ကပင် အားကောင်းလှလေသည်။ အခြေခံဆေးလုံးအား လေလံတင်ရောင်းချမည့် သတင်းကို ပထမတန်းလေလံအိမ်က ဖြန့်ပေးလိုက်ပုံမှာ တကယ်ကို ပညာသားပါတဲ့ အကွက်တစ်ခုပါပဲ။
တခြားသူများ အခြေခံဆေးလုံးကို လေလံဆွဲနေသည့်အချိန်မှာ အဓိကမျိုးနွယ်စုကြီး သုံးစုမှာ မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးဘဲ ထိုင်ကြည်နေကြသည်။ တခြား လေလံဆွဲသူများမှာ အခွင့်အရေးကို အရယူပြီး သူတို့ လိုချင်သည့် ဈေးနှုန်းကို စတင်တိုးပေးလေတော့သည်။ ဖြစ်နိုင်ရင် သူတို့ဟာ အခြေခံဆေးလုံးအားလုံးကို လိုချင်နေကြသည်။ အဘယ်ကြောင့်ဆိုတော့ အခြေခံဆေးလုံးကဲ့သို့ ဒိုချီစွမ်းအင်ကို တိုးပွားစေနိုင်သည့် အရာမျိုးမှာ ဂျားမာအင်ပါယာအတွင်းမှာ အင်မတန်မှ ရှားပါးသောကြောင့် ယခုလို ဆေးလုံးအားလုံးကို အရယူလိုနေကြခြင်း ဖြစ်သည်။
နောက်ထပ် နာရီဝက်အကြာမျှ ထပ်ပြီး လေလံဆွဲနေကြပြီ နောက်ဆုံးမှာတော့ ပထမဆုံး အခြေခံဆေးလုံးဟာ ဒင်္ဂါး ၄၇၀၀၀ လောက်မှာ ရပ်တန့်သွားပြီ ရောင်းထွက်သွားလေသည်။
ဆေးလုံးကို ရရှိသွားသော ခပ်၀၀ မျက်နှာနှင့် လေလံအောင်သွားသူကို ကြည့်ပြီ ရှောင်ယွင် တကယ်ကို့ပင် ပြောစရာစကား မရှိလောက်ကို ဖြစ်သွားလေသည်။ သူ့အဖေထက်ပင် အခြေခံဆေးလုံးကို ငမ်းငမ်းတက်လိုချင်သော သူမျိုး ရှိလိမ့်မည်ဟု သူတကယ်ပင် မထင်ထားမိပါဘူး။ အခြေခံဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ရာ ရွှေဒင်္ဂါး ၁၀၀၀ လောက်မျှသာ ကုန်ကျခဲ့သည်။ သို့ပေမဲ့ ယခု ရောင်းထွက်သွားသော ဈေးမှာ ဆယ်ဆထက်ပင် ကျော်လွန်နေလေပြီ..။ ကြီးမားသော အမြတ်အစွန်းများကို တွက်ကြည့်ရင်း ရှောင်ယွင်မှာ တံတွေးကိုပင် အနိုင်နိုင်မြိုချမိလေသည်။
ရှောင်ယွင်မှာ မေးစေ့လေးကို ပွတ်သပ်ရင်း မျက်လုံးကလည်း ပေကလတ်ပေကလတ်လုပ်ပြီ စဉ်းစားခန်းဝင်နေမိသည်။
သူသာ ဆရာရွဲလော်နှင့် ယခုလိုမျိုး ရေစက်မဆုံခဲ့ရဘူးဆိုလျှင် အခြေခံဆေးလုံးကို သူ နေ့တိုင်း ပေါ့ပေါ့ပါးပါး သုံးစွဲလို့ ရသည့် အခွင့်အလမ်းက ရှိရော ရှိခဲ့ပါ့မလား.. ?
ပထမဆုံး အခြေခံဆေးလုံးကို ဈေးကြီးကြီးဖြင့် ရောင်းထွက်သွား၍ မိန်းကလေး ရဖေးမှာ စိတ်ပေါ့ကိုယ်ပေါ့ ဖြစ်သွားပြီ စိတ်ထဲမှာ အတွေးတစ်ခု တွေးလိုက်မိသည်။
“ ဒီလောက် ဈေးနဲ့ဆိုရင် ထူးခြားတဲ့ မှော်ဆေးပညာရှင်ကြီးကတော့ စိတ်ကျေနပ်လောက်မယ်ထင်တယ်.. ထူးခြားတဲ့ မှော်ဆေးပညာရှင်ကြီးသာ ငါတို့ ပထမတန်းလေလံအိမ်ကို သဘောကျခဲ့ရင် ဒါဟာ ငါတို့လေလံအိမ်အတွက် အကောင်းဆုံးပဲ.. ”
လေလံခန်းမအတွင်း ပြည့်သိပ်နေသော လေလံပွဲ ပရိသတ်ဘက်ကို သူမ လှည့်ကြည့်လိုက်ပြီနောက် ခေါင်းထဲက အတွေးများကို ခေါင်းခါပြီ ထုတ်ပစ်လိုက်သည်။ ထို့နောက် သာယာစွာ ရယ်မောလိုက်ပြီ သူမလက်ပေါ်က အခြေခံဆေးပုလင်းကို ကြည့်ကာ ပြောလိုက်သည်။
“ နောက်ထပ် ကျန်နေသေးတဲ့ အခြေခံဆေး ၆ ပုလင်းကို ၂ ပုလင်းကို တစ်တွဲ လုပ်ပြီ စုစုပေါင်း အုပ်စု ၃ ခွဲလိုက်ပါ့မယ်..
အခု အခြေခံဆေး ၂ ပုလင်းတစ်တွဲ ကို ကြမ်းခင်းဈေး ၃၀၀၀၀ နဲ့ စလိုက်ပါ့မယ်ရှင်.. ”
၎င်းအခြေခံဆေးပုလင်း ၂ ပုလင်းကို ကြည့်ပြီ လူတွေဟာ ထူးထူးခြားခြားကို တိတ်ဆိတ်သွားလေသည်။ အဝေးမှာ ထိုင်နေကြသည့် မျိုးနွယ်ကြီးဘက်ခြင်းကိုလည်း ခဏတာမျှ ကြည့်လိုက်ကြသည်။ မျိုးနွယ်ကြီးသုံးစုတွေက စတင် လှုပ်ရှားတော့မည်ဆိုတာ သူတို့ နားလည်လိုက်သည်။
“ ၃၁၀၀၀ ”
ကြမ်းခင်းဈေးကို ကြေညာလိုက်ပြီ မကြာမီမှာပဲ ဂျားလီမျိုးနွယ်မှ ခေါင်းဆောင် ဂျာလီဘီက နှေးကွေးစွာဖြင့် လေလံဈေး ခေါ်လိုက်သည်။
“ ဟားဟား.. ဂျားလီဘီ .. ပြီးခဲ့တဲ့အခေါက်က ဒိုချီကျင့်စဉ် ၀ယ်လိုက်လို့ မွဲနေပြီးလား … ဘာလို့ ဒီလောက် ကပ်စေးနည်းနေရတာလဲ.. ရွှေဒင်္ဂါး ၁၀၀၀ လောက်ကို ချေးရော ချေးပေးနိုင်သေးလား..? ”
ဂျားလီဘီ၏ ကြေးကို ကြားလိုက်ရတဲ့အခါမှာ အော့ပါးဘာက ချက်ချင်းပဲ လှောင်ပြောင်လိုက်သည်။
ဂျားလီဘီ၏မျက်နှာမှာ အနည်းငယ် ရှုံ့တွသွားပြီ အော့ပါးဘာကို စွေကြည့်လိုက်သည်။ စော်ကားခံရ၍ ပြန်လည် တုံ့ပြန်မည်အစား အေးစက်စက်အကြည့်ကို စင်ပေါ်က ကျောက်စိမ်းဖြူပုလင်းကိုသာ ပြန်ကြည့်နေလိုက်သည်။
“ ၃၅၀၀၀ ”
အော့ပါးဘာက ကြေးကို ထပ်မြှင့်လိုက်ပြီ ဂျားလီဘီကိုလည်း ရိသဲ့သဲ့ဖြင့် ကြည့်လိုက်သည်။
“ ၃၈၀၀၀ ”
ဂျားလီဘီ ကြေးထပ်မြှင့်ပြန်သည်။
“ ၄၅၀၀၀ ”
အော့ပါးဘာလည်း ထပ်ပြီး ကြေးမြှင့်လိုက်သည်။
“ ၅၀၀၀၀ ”
ကြေးကို ထပ်မြှင့်လိုက်သည့်အချိန်မှာ ဂျားလီဘီ၏ လက်က စတင်တုန်ယင်နေလေပြီ။ အေားပါးဘား ပြောသွားခဲ့တာကို သူ မ၀န်ခံခြင်းပေမဲ့ အဆင့်မြင့် ရွှင်းအဆင့် ဒိုချီကျင့်စဉ်ကို လေလံဆွဲစဉ်အခါက ဂျားလီမျိုးနွယ်၏ နှစ်ပေါင်းများစွာ စုဆောင်းထားရှိခဲ့တာတွေကို သူ အသုံးပြုခဲ့ရသည်။ ဒါကြောင့် ဂျားလီမျိုးနွယ်၏ ၀င်ငွေမှာ ၅ ပုံ ၁ ပုံမျှ လျော့နည်းခဲ့ရသည်။
“ ၅၆၀၀၀ ”
“ ၅၇၀၀၀ ”
ကျန်တဲ့ အခြားလေလံဆွဲသူတွေကတော့ ဒီမြင်ကွင်းကို ကြေကွဲစွာ ကြည့်နေရတော့သည်။ သူတို့မှာ ငွေကြေးရှိနေတာတောင်မှ တဖက်လူက မျိုးနွယ်ကြီးသုံးစုနှင့် ယှဉ်ပြိုင်ပြီ လေလံဆွဲပြိုင်ဖို့ သူတို့မှာ သတ္တိမရှိပါဘူး။ ၀ူတန်မြို့မှာ အင်အားအကြီးဆုံးလို့ ဆိုရမည့် ဤမျိုးနွယ်ကြီး သုံးစုစလုံးမှာ အင်အားကြီးမာသော သဒိုရှီအဆင့်သမား က အနည်းဆုံး ၃ ယောက်စီ ရှိကြသည်မဟုတ်လား..။
စီးပွားရေးအင်အားက မျိုးနွယ်တစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ထောက်တိုင်ဖြစ်သော်လည်း ၎င်းစီးပွားရေးအင်အားကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် မျိုးနွယ်အင်အားက မရှိခဲ့ရင် ဘယ်လောက်ပင် စီးပွားရေးအင်အားတောင့်တင်းနေပါစေ ဒါကို အင်အားတောင့်တင်းသည်ဟု မဆိုနိုင်ချေ။
အဲဒါကြောင့် တခြားလေလံဆွဲသူတွေဟာ မျိုးနွယ်ကြီးနှစ်ခု အပြိုင်အဆိုင် လေလံဆွဲနေတာကို ကြားမ၀င်ဘဲ အလိုက်တသိဖြင့် ရှောင်နေလိုက်ကြသည်။ အခုထိ ကြားမ၀င်ပါသေးသည့် ရှောင်မျိုးနွယ်ကိုလည်း အကဲခတ်ကြည့်ကြသည်။
အခြေခံဆေးလုံး၏ လေလံကြေးဟာ ၇၃၀၀၀ အထိ ရောက်သွားတဲ့အချိန်မှာတော့ ဂျားလီဘီ၏ နဂို ဖြူရော်ရော်ဖြစ်နေသည့် မျက်နှာမှာ သွေးပင်မရှိတော့ချေ။ မျိုးနွယ်၏ လတ်တလော စီးပွားရေား အခြေအနေအရ သူ ဒီထက်ပိုပြီး ကြေးမမြှင့်နိုင်တော့ပါဘူး။
“နောက်ထပ် ပိုပေးချင်တဲ့သူ ရှိလား.. ”
ထိုင်ခုံမှာ ထိုင်နေသည့် ဂျားလီဘီဟာ ပြုံးနေသည့် ရှောင်ကျန်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။ ဒေါသထွက်စွာ မျက်ခုံးကို တွန့်ချိုးထားပြီ စိတ်ထဲမှာ ကျိန်ဆဲနေသည်။
“ မျိုးမစစ်ကောင်. မင်းကြောင့်သာ မဟုတ်ရင် ငါရဲ့ ဂျားလီမျိုးနွယ်က ဒီလောက်အထိ အခြေအနေဆိုးဝါးသွားမှာမဟုတ်ဘူး ”
ဒေါသမီးတောက်ဟာ သူ့မျက်လုံးထဲမှာ တောက်လောင်နေပြီ ဂျားလီဘီဟာ အံကြိတ်လိုက်ပြီ ခါသီးစွာဖြင့် အော်ဟစ်လိုက်သည်။
“ ၈၅၀၀၀ ”
“ ၉၅၀၀၀ ” ဂျားလီဘီကို တစ်ချက်မှပင် မကြည့်.. ရှောင်ကျန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီ ဂျားလီဘီ လေလံကြေးမြှင့်တင်သလောက် သူလည်း လိုက်တင်ပေးနိုင်သည့် အမူအရာမျိုး ဖမ်းထားလိုက်သည်။
မည်မျှပင်ကုန်ကုန် ရအောင် လေလံဆွဲမည်ဟု ဆုံးဖြတ်ထားပုံရသည့် ရှောင်ကျန်းကို ကြည့်ပြီ ဂျားလီဘီ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားလေသည်။ သူ့၏ မျက်လုံးထဲက အဓိပ္ပါယ်ကိုသာ မြင်ခဲ့ရင် ပျော်ရွှင်စွာ လှောင်ပြောင်နေသည်ကို မြင်ရလိမ့်မည်။ ဂျားလီဘီ အနည်းငယ် တွေးတောလိုက်ပြီနောက် အံကို တင်းတင်းကြိတ်လိုက်ကာ “ ၁၀၀၀၀၀ ”
ဂျားလီဘီ၏ လေလံကြေးကို ကြားလိုက်ရတဲ့အခါမှာ လေလံခန်းမတစ်ခုလုံး ပွက်ပွက်ညံသွားသည်။ အခြေခံဆေး ၂ ပုလင်းလောက်ကို ရွှေဒင်္ဂါး တစ်သိန်းလောက် ပေးဝယ်တယ်.. ဘုရားရေ အံ့သြစရာပဲ..အခြေခံဆေးလုံးကို တစ်သိန်းပေးပြီ ၀ယ်တယ်လား…
အဆုံးထိတိုင် မရမခြင်း ဆုံးဖြတ်ထားပုံရသည့် ဂျားလီဘီ ကို ကြည့်ပြီ ရှောင်ယွင် ပေါ့ပါးစွာြ့ပုံးလိုက်သည်။ ရှင်းအာကိုလည်း လေသံတိုးတိုးဖြင့်
“ ငါပြောရဲတယ်..အဖေသာ နောက်တစ်ချီ လေလံကြေးမြှင့်လိုက်မယ်ဆိုရင် အဲ့လူကြီးက ရှိသမျှ ပိုက်ဆံတွေ အကုန်သုံးပြီ နိုင်အောင် လုပ်မှာပဲ.. ”
ရှင်းအာမှာမူ သူမ၏ မျက်တောင်ရှည်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ အပြိုင်အဆိုင် လေလံဆွဲနေသော လူနှစ်ယောက်ကိုလည်း သူမ သိပ်စိတ်အာရုံ မ၀င်စားခဲ့ပါဘူး။ ဒါပေမဲ့ သူမ ပြန်မေးလိုက်သည်။
“ သူ့ကို ကြည့်ရတာ ဆေးလုံးကို အရမ်းလိုချင်နေတဲ့ ပုံပေါက်နေတယ်.. ”
“ ဟီဟီ ” ရှောင်ယွင်ပြုံးလိုက်သည်။ နောက်ထပ် မည်သည့်စကားလည်း မဆိုတော့ချေ။
ဂျားလီဘီိ၏ နောက်ဆုံးခေါ်လိုက်သော လေးလံကြေးကို ကြားလိုက်ရသည့်အခါမှာ ရှောင်ကျန်းဟာ အရှေ့ဆုံးတန်းကနေ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ကာ ဂျားလီဘီဘက်ကို လှည့်ပြီ ပျော်ရွှင်စွာဖြင့်ကြည့်လိုက်သည်။ ခဏမျှ တိုတောင်းသည့် အချိန်မှာပဲ ရုတ်တရက် အံကြိတ်လိုက်ပြီ ပြောလိုက်သည့် ရှောင်ကျန်းစကားက ဂျားလီဘီဆီကို ရောက်သွားသည်။
“ မင်းနိုင်ပြီ ”
No comments:
Post a Comment