ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potao
《 chapter -57 》 ကြော်ငြာခြင်း
သူ၏ အေးစက်စက်အကြည့်တွေနှင့် စိုက်ကြည့်လိုက်ပြီ
ရှောင်ယွင် မည်သည့်လှုပ်ရှားမှုမှ မလုပ်သေးဘဲ
လက်ဆယ်ချောင်းစလုံးကို ကွေးညတ်ထားလိုက်သည်။
သူ့ရဲ့လက်ဝါးပြင် နှစ်ဖက်စလုံးမှာ ထူးခြားသော
တွန်းကန်အားနှင့် ဆွဲငင်အားတို့ ဖြစ်ပေါ်လာသည်။
လက်ဝါးပြင်မှာ အသက်ဝင်လှုပ်ရှားနေပြီ
အသက်ရှုနေသည်ဟု ထင်ရသည်။
လေဟာနယ်လက်ဝါးသိုင်းနှင့် မီးလက်ဝါးသိုင်းကို
တစ်နှစ်ကျော်မျှ လေ့ကျင့်ထားပြီ၍
အပြည့်စုံဆုံးအဆင့်သို့ မရောက်သည့်တိုင်အောင်
ဤသိုင်းနှစ်ခုကို ကူးပြောင်း အသုံးပြုရတာ
ပိုပြီညင်သာချောမွေ့လာသည်ဆိုတာကို ရဲရဲဝံ့ဝံ့
ပြောနိုင်ပြီဟု ဆိုရမည်။ အကယ်၍
တစ်စုံတစ်ယောက်နှင့် ရှောင်ယွင်
သိုင်းယှဉ်ပြိုင်ရမည်ဆိုလျှင် ဒိုသိုင်းနှစ်မျိုးကို
တစ်ပြိုင်နက်တည်းလိုလိုမှာပင်ထုတ်သုံးပြီ ရန်သူကို
နာကျင်သွားစေမှာ သေချာသည်။
သူ့ဘေးနားတွင် ရှင်းအာကမူ ဂျားလီယောင်ကို
တချက်မျှသာ ကြည့်လိုက်ပြီ အပြုံးလေးတစ်ခုက
သူမနှုတ်ခမ်းမှာ ဆွဲခိုသွားသည်။
“ အကိုရှောင်ယွင်.. အဲ့ဒီလူက အရင်ကထက်
စွမ်းအားပိုကြီးလာသလိုပဲ..”
ရှောင်ယွင် ခေါင်းတဆတ်ဆတ်ညိတ်ပြီ ထောက်ခံလိုက်
သည်။ အေးစက်သောလေသံဖြင့်
“ ပြီးခဲ့တဲ့ လေလံပွဲက သူ့အဖေက
လေဓာတ်ဗဟိုပြုအဆင့်မြင့် ရွှင်းအဆင့်
ဒိုချီကျင့်စဉ်တစ်ခုကို လေလံအောင်သွားခဲ့တယ်. အခု
တစ်နှစ်တောင်ကြာခဲ့ပြီ..ဂျားလီယောင်က
လေစွမ်းအင်သမားဆိုတော့ တစ်နှစ်ဆိုတဲ့အချိန်က သူ့ရဲ့
ဒိုချီကျင့်စဉ်အဟောင်းနဲ့ ဒိုချီကျင့်စဉ်အသစ်ကို
ပြောင်းကျင့်ဖို့အတွက် လုံလောက်မှာပဲ. အဲဒါကြောင့်
အရင်ကထက် သူက ပိုပြီးစွမ်းအားကြီးနေတာပဲ..”
“ ဟီဟီ.. အဲဒါကြောင့် သူ့ပုံကြည့်ရတာ ဘ၀င်မြင့်နေတဲ့ပုံ
ပေါက်နေပါတယ်လို့… အဆင့်မြင့် ရွှင်းအဆင့်လောက်
ရှိတဲ့ ဒိုချီကျင့်စဉ်က အင်မတန်ရှားတယ်လို့
ထင်နေတာလား မသိဘူး ..” ရှင်းအားလေးမှာ
ပြုံးရယ်ရင်း မှတ်ချက်စကားဆိုလိုက်သည်။ သူမ၏
ဖန်သားလေးလို ကြည်လင်သည့် မျက်ဝန်းအတွင်း
မှာတော့ ရွှေရောင်အလင်း ဖျဖျလေး ဖျတ်ခနဲ
ဖြတ်ပြေးသွားသည်။
ရှောင်ယွင် ပြုံးလိုက်ပြီ ခေါင်းကို ခါလိုက်သည်။
ပြီးတော့ပျော်စေပြက်စေသဘောဖြင့် မေးလိုက်သည်။
“ အဆင့်မြင့် ရွှင်းအဆင့် ဒိုချီကျင့်စဉ်ဆိုတာ
လေထက်တောင် အများကြီးရှိနေတဲ့ ရှင်းအာလိုမျိုး
ချမ်းသာကြွယ်ဝတဲ့ မိန်းကလေးငယ်တစ်ယောက်က
ရှားတယ်လို့ ဘယ်ပြောမလဲ.. ”
ရှောင်ယွင်၏ စနောက်သောစကားကြောင့်
နှင်းပန်းလေးလို ဖြူနုသည့် သူမ၏နှာခေါင်းကို
ရှုံ့ပြလိုက်သည်။ မျက်လုံးလေးကလည်း
ပေကလတ်ပေကလတ်ဖြင့် မထိတသိလေး
ဆိုလိုက်သည်။
“ အဲဒါတွေက ရှားတယ်ဆိုရင် ရှင်းအာ
ပေးတာကိုကျတော့ အကိုရှောင်ယွင်က မယူဘူး..”
သူမ၏ မကျေမနပ်စကားကြောင့် ရှောင်ယွင်
ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ရသည်။
လေလံစင်မြင့်ဆီကိုမေးဆတ်ပြလိုက်ရင်း
ပြောလိုက်သည်။
“ လေလံပွဲ စတော့မယ်..”
မသိသလိုပင် ဟန်ဆောင်ပြီ လျစ်လျူရှုလိုက်သော
ရှောင်ယွင်ကြောင့် ရှင်းအာ ခေါင်းကို မကျေမနပ်ဖြင့်
ခါယမ်းလိုက်ပြီ ရုတ်တရက် စတင်လာသော
လေလံပွဲစင်မြင့်ဆီကိုပဲ လှည့်ကြည့်လိုက်တော့သည်။
မျက်လုံးပေါင်းများစွာ၏ အာရုံစူးစိုက်မှုက စင်မြင့်ဆီကို
ရောက်သွားကြသည်။ အနီရောင် ၀တ်ဆင်ထားသော
မိန်းကလေးရဖေးမှာ စင်မြင့်ပေါ်ကို တက်လှမ်းလာသည်။
ဝတ်ဆင်ထားသော အနီရောင်အ၀တ်လေးက
သူမခန္ဓာကိုယ်မှာ တင်းကပ်နေအောင်ပင် ရှိနေလေရာ
ကြည့်ရှုသူ လေလံဆွဲသူလူအများ၏ မျက်ဝန်းတွေမှာ
ရမ္မက်မီးများပင် တောင်လောင်သွားစေသည်။
ရဖေး သူမဟာ ချစ်စရာကောင်းသော
အမူအရာလေးနှင့်.. ဆွဲငင်ညှိ့အားကောင်း သော
နှုတ်ခမ်းလေးကို လက်ဖြင့် မခို့တရို့လေး
ကွယ်ထားသည်။ စင်အောက်က လေလံဆွဲသူတွေ
ကိုလည်း နှုတ်ဆက်စကားဆိုနေရင်း တချက်ချက်
ရယ်မောလိုက်သော ရယ်သံလေးက
ချိုသာလွန်းလှသည်။ သူမ၏ မြတ်နိုးနှစ်သက်ဖွယ်
ကောင်းသော အမူအရာဖြင့် လေလံပွဲတစ်ခုလုံးကို
ဆန္ဒပြင်းပြသွားပြီ ထိန်းမရသိမ်းမရ ဖြစ်သွားအောင်
အသာလေး မောင်းပို့သွားနိုင်သည်။
စိတ်လှုပ်ရှားမှုတွေ တက်ကြွလာသော ပတ်ဝန်းကျင်ကို
ကြည့်ကာ ရှောင်ယွင်ပင် စုတ်သပ်မိလေသည်။
ရဖေးမိန်ကလေးကား ပထမတန်းလေလံအိမ်၏ လေလံပွဲ
တင်တက်သူတွေ၏ ခေါင်းဆောင် ဆိုသည့် နာမည်နှင့်
လိုက်ဖက်လှပါပေသည်။ စကားလုံးအနည်းငယ်နှင့်
ပြောရရင် သူမဟာ ပျော့ညံ့တဲ့ ယောင်္ကျားသားတွေကို
တိရစ္ဆာန်ဖြစ်အောင် ပြောင်းလဲပစ်ပြီ ခေါင်းထဲမှာ
ရမ္မက်ဆန္ဒတွေ ဖြည့်ပေးလိုက်သလိုပါပဲ။ အခုချိန်မှာ
ရဖေးသာ ကျောက်စရစ်ခဲတစ်လုံးကို
လေလံတင်ရောင်းမယ်ဆိုရင်တောင် လူအများတွေက
ကျောက်စရစ်ခဲတုံးကို တန်ဖိုးမဖြတ်နိုင်တဲ့
ရတနာတစ်ပါးလို သဘောထားပြီ ၀ယ်ယူကြမှာ
အသေအချာပင်။
ခန်းမအတွင်း အကြိတ်အနယ်ဖြစ်လာသည်ကို ကြည့်ပြီ
ရဖေးဟာ သူမကိုယ်သူမ ကျေနပ်နှစ်သိမ့်မိလေသည်။
နှစ်များစွာ လေ့ကျင့်လာခြင်းက သူမ၏ အလှအပကို
ယောင်္ကျားသားတွေ ဘယ်လို တိမ်းမူးသွားအောင်
လုပ်ရမလဲဆိုတာကို နားလည် သဘောပေါက်စေခဲ့သည်။
သူမ၏ နှုတ်ခမ်းက ဖိတ်ခေါ်သည့် အပြုံးမျိုးကို ပြုံးလိုက်ပြီ
လေလံခန်း ပတ်ချာလည်ကို လှည့်ပတ်ကြည့်လိုက်သည်
ရှောင်ကျန်းဘေးနားမှာ ထိုင်နေသော လူငယ်ဆီကို
အကြည့်ရောက်သွားတဲံအခါမှာ သူမ အနည်းငယ်
အံ့သြသွားမိသည်။
လူငယ်လေး၏ အကြည့်တွေက စင်မြင့်ဆီကို
ရောက်နေပြီ သူ၏ မျက်ဝန်းနက်နက် တွေက ရဖေးဆီမှာ
တ၀ဲလည်လည် ဖြစ်နေပေမဲ့လည်း သူမ၏
ဆွဲဆောင်မှုရှိသော သရုပ်ဆောင်မှုမှာ
တိမ်းညွတ်သွားခြင်း မရှိနေတာကို သူမ သိလိုက်သည်။
ထိုအရာကြောင့် သူမ၏ မျက်ခုံးနက်နက်မှာ
အံ့အားသင့်စွာဖြင့် အနည်းငယ် ပင့်တက်သွားသည်။
ရှောင်ယွင်ဆီမှ အကြည့်ကို လွှဲဖယ်လိုက်ပြီ သူမ၏
နှုတ်ခမ်းကို ခပ်ဟဟလေးဖြင့် ရယ်မောလိုက်ပြီ
လက်ခုပ်တီးလိုက်ကာ ပြုံးရွှင်စွာဖြင့် ပရိသတ်ကို
ပြောလိုက်သည်။
“ ဒီနေ့ အားလုံးဟာ ဒီကို ဘာကြောင့်လာတယ်ဆိုတာ
ရဖေး သိပါတယ်.. အဲဒါကြောင့် အပိုစကားတော့
မဆိုတော့ပါဘူး.. မကြာမီ အချိန်အတွင်းမှာပဲ ပွဲကြီးကို
ကျင်းပလိုက်ရအောင်.. ”
သူမ၏စကားဆုံးသည်နှင့် ရဖေးမိန်းကလေးဟာ
သူ့ရဲ့လက်ကလေးကို ဝှေ့ယမ်းလိုက်သည်။
စင်မြင့်ပေါ်မှာ မီးရောင်မှာ မှိန်ကျသွားသည်။ သူမဟာ
ပရိသတ်အား ဦးညွတ်ကာ ဂါရ၀ ပြုလိုက်ပြီနောက်
ကျောက်စိမ်းလင်ဗန်းတစ်ချပ်ကို ယူဆောင် လာခဲ့သည်။
လင်ဗန်းအလယ်တည့်တည့်မှာ
ကျောက်စိမ်းဖြူပုလင်းတစ်လုံးကို တင်ထားသည်။
ကျောက်စိမ်းဖြူပုလင်းကို မြင်လိုက်ရသည့်သကာလမှာ
လေလံဆွဲသည့်သူတွေဟာ လိုချင်တပ်မက်သော
အကြည့်တွေ ဖြစ်ပေါ်လာကြသည်။ လက်ဖ၀ါးကို
ပွတ်တိုက်လိုက်ကြ ပြီ စိတ်ထဲမှာလည်း ဆေးပုလင်းကို
ပိုင်ဆိုင်ရရှိဖို့အတွက် မျှော်လင့်ချက်ထားကြလေသည်။
“ ပြီးခဲ့တဲ့ လေလံပွဲတုန်းက
အခြေခံဆေးလုံးအကြောင်းကို အားလုံးလည်း
သတိရကြမယ် ထင်ပါတယ်… ယခု ဆေးလုံး
တွေဟာလည်း အဲ့ဒီ မှော်ဆေးပညာရှင်ကပဲ
ပြုလုပ်ပေးသွားတာ ဖြစ်ပါတယ်..
ပထမတန်းလေလံအိမ်က ကျွန်မတို့ရဲ့ အကြီးအကဲ
ဆရာကုနီကလည်း ဆေးလုံးက အရည်အသွေးနဲ့
အာနိသင်က အရင်တစ်ခေါက်က ဆေးလုံးနဲ့ အတူတူပဲ
ဆိုတာကို အာမခံပေးပါတယ်.. အဲဒါကြောင့်
ပရိသတ်အနေနဲ့ စိုးရိမ်စရာ မလိုပါဘူးရှင်..”
ရဖေးမိန်းကလေးဟာ ရှင်းပြပြောဆိုပြီနောက် ညင်သာစွာ
ပြုံးလိုက်သည်။ ရုတ်တရက် ရှောင်ယွင်ဆီကို
လှည့်ကြည့်လိုက်ပြီ ဆွဲဆောင်မှုအားကောင်းပြီ လှပသော
အပြုံးဖြင့် ထပ်ပြီတော့ ပြောလိုက်သည်။
“ အရင်တစ်ခေါက်ဆိုရင် အခြေခံဆေးလုံးကို
ရှောင်မျိုးနွယ်ခေါင်းဆောင် ရှောင်ကျန်းက
လေလံအောင်ပြီ ရသွားခဲ့ပါတယ်.. ဆေးလုံးကို
ရသွားပြီးတဲ့ နောက်ပိုင်းမှာ ရှောင်ယွင်သခင်လေးဟာ
အဆင့် ၃ ကနေ အဆင့် ၈ အထိ
တစ်နှစ်တာကာလအတွင်းမှာ ပဲ
အဆင့်တက်သွားနိုင်ခဲ့ပါတယ်.. ဒါဟာ
အခြေခံဆေးလုံးကြောင့်ပဲဆိုတာ ဟင်းဟင်း
ရဖေးကတော့ ဒီလိုပဲ ယူဆမိပါတယ်ရှင်..”
စကားအဆုံးသတ်လေးမှာပဲ သူမ၏ မျက်ဝန်းထဲမှာ
ပါးရည်နပ်ရည်ရှိခြင်းကို ကောင်းကောင်းမြင်နိုင်သည်။
လေလံပွဲတင်ဆက်သူ မိန်းကလေးရဖေး၏ စကားကို
ကြားလိုက်ရသည်အခါ အားလုံးရဲ့ မျက်လုံးတွေက
အရှေ့တန်းကို လှမ်းကြည့်လိုက်ကြပြီ နောက်ဆုံးမှာ
အနည်းငယ်ထင်ပေါ်နေသည့် ရှောင်ယွင်ပုံရိပ်ဆီကို
ရောက်သွားကြသည်။ ရှောင်ယွင်၏ ကြောက်ခမန်းလိလိ
ကောင်းလှသော အဆင့်တက်ခြင်းအကြောင်းက
ဝူတန်တစ်မြို့လုံး ပျံနှံ့ပြီးသား ဖြစ်နေပေမဲလည်း ယခု
ပြန်ကြားရတဲ့အခါမှာ မအံ့သြဘဲ မနေနိုင်ချေ။ လူအများ
စုကလည်း ရှောင်ယွင်ကို အပြင်မှာ မြင်ဖူးသည့်သူ
မဟုတ်။ ထို့ကြောင့် ရှောင်ယွင်ကို ကိုယ်တိုင်းကျ
မြင်တွေ့တဲ့အခါမှာတော့ အံ့အားသင့်ပြီ
ပင့်သက်ရှိုက်မိကြသည်။ တစ်ဆက် တည်းမှာပင်
အခြေခံဆေးလုံးကို ရယူလိုသည့် ဆုံးဖြတ်ချက်ကလည်း
ပိုပြီ ခိုင်မာသွားကြ သည်။
ရှောင်ယွင်က လူအများ အာရုံစိုက်နေကြတာကို ကြည့်ပြီ
ဂျားလီယောင် ပါးစပ်က လှောင်ပြုံးလိုက်ပြီ
သူ့မျက်နှာကလည်း မာကျောခက်ထန်သွားသည်။
လူအများက ကြည့်နေ၍ ရှောင်ယွင် ထိုင်ခုံမှာ
သက်တောင့်သက်သာမရှိစွာ ထိုင်နေရ သလိုဖြစ်နေပြီ
အနေရခက်နေ၍ ရင်ထဲမှာ ငိုရမလား ရယ်လိုက်ရမလား
ဝေခွဲမတတ်တော့။ ဒီမိန်းမတော့ တကယ်ဥာဏ်ကြီး
ရှင်ပဲ..ရှောင်ယွင်ကို ကြော်ငြာပေးသူလို
အသုံချသွားသည်။ အသက်ရှိတဲ့ သက်သေလူသားအဖြစ်
ရှောင်ယွင် ရှိနေမှတော့ အခြေခံဆေး၏ တန်းဖိုးက
အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်းကနေ
သုံးဆယ်ရာခိုင်နှုန်းအထိ တိုးရပါလိမ့်မည်။
“ ဟင်းး..ဒီမိန်းမတော့.. သူမှ ကုန်သည် မဖြစ်ရင်
တော့ နှမြောစရာ ဖြစ်မှပဲ.. ”
နောက်တစ်ခါ အသက်ပြင်းချလိုက်မိပြန်သည်။
ဘေးပတ်ဝန်းကျင်က အကြည့်တွေကြောင့် ရှောင်ယွင်
စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့လည်း
လေလံတင်နေသည့် ဆေးလုံးက သူ့ပစ္စည်းဖြစ်နေတာကို
သတိရလိုက်သည်။ ရှောင်ယွင် စိတ်ပျက်
လက်ပျက်ဖြင့်သာ ခေါင်းခါယမ်းလိုက်ပြီ စင်ပေါ်က
ပြုံးနေသော ရဖေးကို မျက်နှာသေဖြင့်
ကြည့်နေလိုက်သည်။
ရှောင်ယွင်ရဲ့ စိုက်ကြည့်လာသော အကြည့်ကို
ကြောက်ရွံ့ခြင်းမရှိဘဲ ရဖေး လျစ်လျူရှုလိုက်ပြီ
မျက်နှာပြောင်တိုက်ပြီ ရင့်ကျက်ပြီ ချစ်စရာကောင်းစွာ
ပြန်ပြုံးပြလိုက်လေရာ ရှောင်ယွင် အနောက်က
ယောင်္ကျားအချို့တွေက သွားရည်ပင် ယိုလေသည်။
“ အခြေခံဆေး ပထမဆုံးပုလင်းအတွက် ကြမ်းခင်း
ဈေးကို ၁၅၀၀၀ ကနေ စတင်လိုက်ပါပြီ ”
စင်မြင့်ပေါ်က ရဖေးဟာ ပြုံးရွှင်စွာဖြင့် ဈေးကြီးကြီးနှင့်
စတင်လိုက်လေသည်။ အခြေခံဆေးတန်ဖိုး၏
နှစ်ဆအထိ ဈေးကို မြှင့်တင်လိုက်ခြင်းဖြစ်သည်။
“ ဘယ်လောက်တောင် ရက်စက်လိုက်တာတုန်း..”
စင်အောက်မှာ ရှိနေတဲ့ ရှောင်ယွင်မှာ ဈေးနှုန်းကို
ကြားလိုက်ရတဲ့အခါမှာ အံ့အားသင့်ပြီ ပါးစပ်ဟ
သွားသည်။ မသိမသာဖြင့် ခေါင်းကို
ယမ်းနေမိတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင်
ဒီမိန်းမဟာ တကယ့်ကို ရက်စက်လွန်းပါကလား.. ။
No comments:
Post a Comment