Followers

Chapter 56

#56  #ဂျားမာကျောင်းတော်

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens 
By Heavenly Silkworm Potato

ဒီနေ့ဟာ ပထမတန်းလေလံအိမ်အတွက် တစ်နှစ်ပတ်လုံး
အတွင်း အလုပ်ရှုပ်ဆုံးနေ့ဟု ဆိုနိုင်သည်။ ရှည်လျားပြီ
ကျယ်ဝန်းသည့် ဧည့်ခံအခန်းတွင် လူအများကြီးရောက်
နေကာ စကားပြောသံများ.. ပျားပန်းခတ် လှုပ်ရှားသံများ
က ရှောင်ယွင်တို့ လူစုအတွက် ခေါင်းကိုက်ချင်စရာပါပေ။
ကြီးမားသော ပိုးကောင်လေး အုပ်စုကြီးက နား တ၀ိုက်
မှာ ထွက်မသွားဘဲ ပျံသန်းနေသလိုပါပဲ..။

ပုရွက်ဆိတ်တကောင်မျှ ဖြတ်သွားလို့ မရလောက်ပင်
လူအုပ်ကြီးက ကြပ်ညှက်နေကြတာကို ကြည့်ပြီ 
ရှောင်ကျန်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါနေမိသည်။
အထူးပုဂ္ဂိုလ်အခန်းဝင်ပေါက်ကို ရောက်ဖို့ လေလံအိမ်၏ 
လုံခြုံရေးအစောင့် အကူအညီကို ယူလိုက်သည်ကသာ 
အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အထဲရောက်ဖို့ အဆင်
ပြေဆုံး လမ်း ရှိပါလိမ့်မည်။ 

လေလံအိမ်အတွင်းမှာတော့ အထဲမှာ ရောက်နှင့်နေပြီး
သား လူတွေကလည်း မနည်းလှချေ။ အပြင်က လူအုပ်
နှင့် ယှဉ်ရင်တော့ အတွင်းမှာ အတော်ငြိမ်းချမ်းသည်ဟု
ဆိုရမည်။ ရှောင်ကျန်းမှာ အထပ်တိုင်းက လူများ ပျား
ပန်းခတ် လှုပ်ရှားနေတာကို လှည့်ကြည့်ရင်း ရှောင်ယွင်
နှင့်အတူ အေးဆေးပဲ လျှောက်ဝင်လာခဲ့သည်။ တခြား 
မျိုးနွယ်ဝင် တွေက သက်ဆိုင်ရာထိုင်ခုံများကို ရှာနေ
ကြပြီ ဖြစ်သည်။ 

ရှောင်ယွင် ထောင့်စွန်အဆုံးနားက ထိုင်ခုံမှာ ထိုင်ချ
လိုက်ပြီ ဘာကိုမှ ဂရုစိုက်နေဟန်မရှိဘဲ ပျင်းရိနေဟန်
ဖြင့် ခန်းမတစ်ခုလုံးကို ငေးကြည့်နေလိုက်ပြီ ခုံကို 
နောက်ကျောမှီနေလိုက်သည်။ 

“ အစ်မ.. နောက်ထပ်နှစ်ဝက်ဆိုရင် ဂျားမာကျောင်း
တော်မှာ ကျောင်းအပ်ဖို့ စာရင်းသွင်းရတဲ့ အချိန် ရောက်
တော့မယ်မလား..  ” 

ရှောင်ယွင် သက်တောင့်သက်သာ ထိုင်နေပြီ အိပ်ပျော်လု
ခင်ခင် ဖြစ်နေတဲ့အချိန်မှာ ရှောင်နင် မေးခွန်းမေးလိုက်တဲ့
အသံကို နားစွန်နားဖျား ကြားလိုက်ရသည်။ ထူးခြားတဲ့ 
နာမည်ကို တပ်ပြီ မေးလိုက်ခြင်းကြောင့် စိတ်ဝင်စား
သွား၍ မျက်ခုံး အနည်းငယ်ပင့်တက်သွားသည်။

ဂျားမာကျောင်းတော်ဆိုတာ ဒိုချီကုန်းမြေဒေသမှာ 
နာမည်ကျော်ကြားတဲ့ ဒိုချီကျောင်းတော် တစ်ခုဖြစ်သည်။ 
သာမန်လူတစ်ယောက် ထင်ထားသည်ထက် ပိုပြီး သြဇာ
တိက္ကမကြီးသော ကျောင်းတော်တစ်ခုလည်း ဖြစ်သည်။
သဒိုရှီအဆင့်လောက်ရှိမှသာ ထိုကျောင်းတော်တွင် 
ဆရာတစ်ယောက် ဖြစ်နိုင်မည်ဟုလည်း ပြောကြသည်။
နာမည်ကျော်ကြားသော တိမ်မြူဂိုဏ်ပင်လျှင် ဂျားမာ
ကျောင်းတော်၏ စွမ်းအားကြီးမှုကို ယှဉ်နိုင်မှာ မဟုတ်
ချေ။ 

ဒိုချီကုန်းမြေဒေသတွင် ကျောင်းတော်ဆိုတာ ကလန်မျိုး
နွယ်နှင့် ကွဲပြားလေသည်။ တကယ်၍ တစ်စုံတစ်ဦးက 
ကလန်မျိုးနွယ်တစ်ခုထဲကို ၀င်ရောက်ခဲ့ပါလျှင် သူ့ကို 
ကလန်မှ အစစအရာရာ မတင်းကြပ်ထားပေမဲ့ ကလန်
အပေါ် သက်ရောက်မှုရှိနိုင်သည့် အပြုအမူလှုပ်ရှားမှုတိုင်း
ကိုတော့ စောင့်ကြည့်နေမှာ ဖြစ်သည်။ ကျောင်းတော်က
တော့ ကွဲပြားပါသည်။ ကျောင်းပြီသည်နှင့် ကျောင်းသား
နှင့် ကျောင်းတော်တို့မှာ မည်သည့် ဆက်နွယ်မှုမျှ မထား
ရှိတော့ပါဘူး။

ဒီလိုဆိုခြင်းဟာလည်း လူတွေဟာ မခံစားတတ်သည့် 
သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ လက်တွေ့ဘ၀၏ အနိဋ္ဌာရုံ
များကို မသိယောင် မျက်ကွယ်ပြုရာသကဲ့သို့ တည်ရှိ
နေသော ကျောင်းတော်ကို ကျောင်းသားများ အလွယ်တ
ကူ သံယောဇဉ် ဖြစ်လာကြသည်။ ကျောင်းပြီးခဲ့ရင်လည်း 
ထိုသံယောဇဉ်အမျှင်တန်းလေးတွေက သူတို့ကျောင်း
တော်အတွက် တတ်စွမ်းသမျှ ပြန်လည်ထောက်ပံ့ပေကြ
သည့် အကြောင်းအရင်းဖြစ်လာသည်။ 

လူတစ်ဦးတစ်ယောက်၏ စွမ်းအားက များစွာ ပြောင်းလဲမှု
မပေးနိုင်ပေမဲ့လည်း လူ ထောင်သောင်းနှင့်ချီသောအခါ 
ထိတ်လန့်ဖို့ကောင်းသည့် အင်အားစုတစ်ရပ်ဖြစ်လာ
 သည်။ ဒါဟာလည်း ကျောင်းတော်တိုင်း၏ ရည်ရွယ်ချက်
ပင် ဖြစ်လေသည်။

ကျောင်းတော်တစ်ခုခုကို ၀င်ခွင့်ရခြင်းသည်ဟာလည်း 
ဒိုသိုင်းနှင့် ဒိုချီကျင့်စဉ်ကို ရရှိဖို့အတွက် အကောင်းဆုံး
ဖြတ်လမ်းနည်းတစ်ခုပင်ဖြစ်သည်။ ဂျားမာကျောင်းတော်
လို အဆင့်ရှိသည့် ကျောင်းတော်တွင် တစ်စုံတစ်ဦးက
သူ၏ အရည်အချင်းကိုသာ မိုးပျံနေပါက ဆရာတွေအား
လုံး၏ မျက်စိကျခြင်းကိုလည်း ခံရမည်ဖြစ်သလို ဒိုချီကျင့်
စဉ် နှင့် ဒိုသိုင်း တို့ကလည်း သူ့အတွက် ကြိုဆိုနေမှာ 
သေချာသည်။ တွဲလက်နှစ်ဖက် ရှိနေပြီမို့ ဒိုကျဲအဆင့်ကို
ရောက်ရှိဖို့ ခရီးလမ်းက တိုတောင်းသွားစေမှာ အမှန်ပင်။

ဒိုချီကျင့်စဉ်၊ ဒိုသိုင်းနှင့် မှော်ဆေးလုံး တို့ဟာ ဒိုချီကုန်း
မြေဒေသတွင် အရောင်းကောင်းဆုံး ပစ္စည်း ၃ မျိုးဖြစ်
သည်။ ဂျားမာကျောင်းတော်ဆိုသည်မှာလည်း မှော်
ဆေးပညာရပ်ကလွဲ၍ ကျန်သည့်နယ်ပယ် နှစ်ခုတွင်
နာမည်ကြီးလေရာ တကယ်၍ ဂျားမာကျောင်းတော်
တွင် ၀င်ခွင့်ရသွားခဲ့ပါက ထိုသူအတွက် အနာဂတ်တွင်
စိုးရိမ်စရာမလိုတော့ဟု၍ပင် ဒိုချီကုန်းမြေက လူအများစု
ဟာ ယုံကြည်ထားကြလေသည်။ ဂျားမာကျောင်းတော်
တွင် ပညာသင်ပြီးဆုံးခဲ့သူတိုင်းဟာ မြင့်မားသောအရည်
အချင်းတွေနှင့် အဆင့်မြင့်မြင့် အောင်မြင်သွားသူများ
ဖြစ်ကြသည်။

ထို့ကြောင့်ပင် ဂျားမာကျောင်းတော်မှာ တက်ရောက်ခွင့်
ရရန်အတွက် ဂျားမာအင်ပါယာအနှံ့မှ မရေတွက်နိုင်
လောက်သော လူငယ်များမှာ နည်းအမျိုးမျိုးဖြင့် ၀င်ခွင့်
အတွက် ကြိုးစားကြလေသည်။

ဂျားမာကျောင်းတော်ဟာ ကြီးကျယ်ခမ်းနားသော နေရာ
ဖြစ်လင့်ကစာ ၎င်း၏၀င်ခွင့်သတ်မှတ်ချက်မှာ အလွန်ပင်
တင်းကျပ်ထားလေသည်။ ယင်းမှာ အသက်၁၈ နှစ်
မတိုင်ခင် အဆင့်၉ ကို ရောက်ရှိနေရမည် ဟူသော စံ
သတ်မှတ်ချက် ဖြစ်ချေသည်။

………………………

ရှောင်နင်၏ စုံစမ်းမေးမြန်းခြင်းကို ရှောင်ယု ခေါင်းအသာ
ညိတ်ပြလိုက်သည်။ ရှောင်ယွင်ကိုလည်း လျင်မြန်စွာ 
ဖျတ်ခနဲ ကြည့်လိုက်ပြီ ဂုဏ်ယူနေသော လေသံဖြင့် ရှင်း
ပြလိုက်သည်။

“  တွေးပူ မနေပါနဲ့… သူတို့ စံသတ်မှတ်ချက်နဲ့ မင်း ပြည့်
မှီနေပြီးသားပါ… ပြီးတော့ ၀ူတန်မြို့မှာ ကျောင်းသားသစ်
လာစာရင်းကောက်မဲ့ ဆရာက ငါ့ဆရာပဲလေ.. သူက 
သဒိုရှီ ကြယ် ၅လုံး အဆင့် ရောက်နေပြီ.. သူ့ကို အခြေ
အနေရှင်းပြလိုက်ပြီ ငါ ၀င်ပြောပေးလိုက်ရင် မင်းအတွက်
ပြဿနာရှိမှာ မဟုတ်လောက်ဘူး…”

“ ဟဟ.. ကောင်းတယ်.. ” 
သူမ ရှင်းပြလိုက်သည်ကို ကြားလိုက်ရသည့်အခါမှာ 
ရှောင်နင်မျက်နှာမှာ မီးပန်းပွင့်သကဲ့သို့ စိတ်လှုပ်ရှား
မှုတွေနဲ့ ခေါင်း တဆတ်ဆတ် ညိတ်နေလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေတာကို ကြားလိုက်ပြီ
နောက် ရှောင်ယွင် နှုတ်ခမ်းထောင့်လေး ကွေးသွားခဲ့
သည်။ အရင်ချိန်တုန်းကဆိုရင် ဒိုသိုင်းနှင့် ဒိုချီကျင့်စဉ်
အတွက်သာ သူ ဂျားမာကျောင်းတော်ကို ၀င်ကောင်း
ဝင်ခဲ့လိမ့်မည်။ သို့သော် ယခုအခါမှာတော့ သူတွင် 
ထူးခြားဆန်းကျယ်သော ဆရာရွဲ့လော်က ရှိနေပြီ ဖြစ်
သည်။ ဂျားမာကျောင်းတော်ကို သူ သိပ်စိတ်မ၀င်စား
တော့ပါဘူး။

“ အကိုရှောင်ယွင်ရော… နောက်နှစ်ဝက်ကျရင် ဂျားမာ 
ကျောင်းတော်ဝင်ခွင့်အတွက် ဘာစိတ်ကူးထားတာရှိလဲ.”
ရှင်းအာမှ ရှောင်ယွင်၏ စိတ်ဝင်စားမှု ရှိမရှိ ကို အသာ
အယာ တီးခေါက်မေးကြည့်လေသည်။

ရှင်းအား မေးမြန်းနေသာ အသံကို ကြားလိုက်ရတဲ့ အခါ
မှာ ရှောင်ယု မျက်ခုံးများ ပင့်တက်သွားခဲ့ပြီ သူတို့
 နှစ်ယောက်ဆီကို အကြည့်တစ်ချက် ပို့လိုက်သည်။ 
သူမစိတ်ထဲတွင် စဉ်းစားထားတာ ရှိနှင့်နေခဲ့ပြီ။ တကယ်
၍ ဟိုကောင်စုတ်လေးက ဂျားမာကျောင်းတော်ကို ၀င်ခွင့်
ရဖို့ ကြိုးစားနေခဲ့ရင် သူမ၏ ဆရာမကို အပူကပ်ပြီ ရှောင်
ယွင်ကို ပညာနည်းနည်းပြခိုင်းလိုက်ဖို့ တွေးကြံထားခြင်း
ဖြစ်သည်။ 

ရှောင်ယွင်မှာမူ နှာခေါင်းကို ပွတ်လိုက်ပြီ ပျင်းရိဟန်ဖြင့်
သာ ဖြေလိုက်သည်။

“ စိတ်မ၀င်စားပါဘူး.. ကလေးတွေ တပြွတ်တခေါင်းနဲ့
တွဲပြီ ဘယ်လိုလုပ် လေ့လာရမှာလဲ.. ဒိုင်သိုင်းလိုချင်ရင်
ငါ ချောက်ထဲ ခုန်ချပြီ ရတနာသိုက်တွေကိုရှာလိုက်
တာကမှ ပိုပြီ ပျော်ဖို့ကောင်းဦးမယ် ”

“ ဟွန့်… လေလုံးထွားချက်က … ကျောင်းတော်က သူ့
ကျောင်းမှာ လာတက်ပေးဖို့ နင့်ကို တောင်းတောင်းပန်
ပန်နဲ့ လာပြောမယ်လို့ ထင်နေတာလား.. သိပ်ပြီးတော့
လည်း ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့..  မင်းမှာ
အရည်အချင်း နည်းနည်းလေးနဲ့ သိပ်ပြီ မာန်တက် မနေ
နဲ့… ဂျားမာကျောင်းတော်မှာ မင်းကို ယှဉ်နိုင်တဲ့ သူတွေ
အများကြီးပဲ.. တကယ်တမ်းပြောရရင် ကျောင်းတော်ကို 
မတက်တာတောင် မင်းအတွက် ခပ်ကောင်းကောင်းပဲ…  
မင်းရဲ့ အမြင်ကပ်စရာ အကျင့်နဲ့ဆိုရင် အဲ့ဒီမှာ ရန်ပွဲ
လောက ကို ကောင်းကောင်း ကြုံတွေ့ရမှာပေါ့   ”

ရှောင်ယုက သူမ အင်မတန်ကို ဂုဏ်ယူနေသော သူမ၏
ကျောင်းတော်ကို ရှောင်ယွင်က အထင်သေးစွာဖြင့်
ပြောနေတာကို ကြားဖြတ်ပြီ မျက်နှာကြောတင်းတင်းဖြင့်
ဝင်ပြောလိုက်သည်။

ရှောင်ယွင်က  မခံမရပ်နိုင်ဖြစ်နေသော ရှောင်ယုဆီကို
လှည့်ကြည့်လိုက်ပြီ ပါးစပ်ကို ရွဲ့ပြလိုက်သည်။ သူမနှင့်
ဖက်ပြိုင်ပြီ သူ စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ပေ။
သူနှင့် နာလန်ရိရွမ်တို့၏ ချိန်းဆိုထားသည့် နေ့မှာ
နောက်ထပ် နှစ်နှစ်မတိုင်ခင်မှာ ရောက်ရှိပါလိမ့်မည်။
သူ၏ ဦးတည်ချက်က ထိုမိန်းမကို ကျော်လွန်ဖို့ပဲ ဖြစ်
သည်။

တွေ့ဆုံဖို့အချိန်ကလည်း ဘယ်လောက်မှ မကျန်တော့
ပေ။ သို့ပေမဲ့ သူတို့နှစ်ယောက်ကြားထဲက ကွာဟမှုက
ကြီးမားနေဆဲပင်။ နာလန်ရိရွမ်ကို ကျော်ဖြတ်နိုင်ဖို့ရန်
သူ့ကို ကူညီပေးနိုင်မည့် သူဟာ ဂျားမာကျောင်းတော်
မှာ ရှိမည်ဟု သူ မယုံကြည်ထားပါဘူး။ 

ဂျားမာကျောင်းတော်က ပုဂ္ဂိုလ်များက သူ့ကို မကူညီ
နိုင်ဘူးဆိုမှတော့ ဒီလို အသုံးမကျတဲ့ ကျောင်းတော်
ကို ဘာဖြစ်လို့ သူ အလုပ်ရှုပ်ခံပြီး စာရင်းသွင်းပြီ 
ကျောင်းတက်နေရမှာလဲ..? ပြီးတော့ ရွဲ့လော်လိုမျိုး
ဆေးပညာရပ်ကို သင်ကြားပေးနိုင်မှာလား..? တကယ်
လို့ သင်ကြားပြသနိုင်ခဲ့ရင်လည်း ရွဲ့လော်လောက် ကျွမ်း
ကျင်မှု ရှိပါ့မလား.. ?

ရှောင်ယွင် တွေးရင်း ခေါင်းခါလိုက်ပြီ ကျောင်းတော်ကိစ္စ
နှင့် ပတ်သတ်ပြီ ရှောင်ယုနှင့် ဖက်ပြိုင်ကာ အငြင်းအခုံ 
မလုပ်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။ အပြင်ဘက်ပဲ ဆက်
လှည့်နေရာ နောက်ထပ် ကလန်မျိုးနွယ်ကြီးနှစ်ခုမှ အုပ်စု
နှစ်စုလည်း လေလံပွဲထဲ ၀င်လာကြသည်ကို မြင်လိုက်
သည်။ 

ဝင်လာပြီးချင်း ဂျားလီကလန်မှ သခင်လေးဟာ သူ့ကို
မလိုတမာ မျက်နှာထားတင်းတင်းဖြင့် ကြည့်နေပြီ ရံဖန်ရံ
ခါ သူ့ဘေးနားမှာ ထိုင်နေသည့် ပြစ်မျိုးမှဲ့မထင် လှပလွန်း
နေသည့် ရှင်းအာကိုမူ နှာဘူးကျသော အကြည့်ဖြင့် ခိုး
ကြောင်ခိုးဝှက် ကြည့်လေသည်။ ထိုအခါမျိုးတွင် 
ကောက်ကျစ်သည့်အပြုံးကို ထုတ်ပြနေသော ဂျားလီ
သခင်လေးကို ရှောင်ယွင်မှ ခပ်တင်းတင်း ပြန်ကြည့်
ပေးလိုက်သည်။ 

ဂျားလီသခင်လေး၏ အဝေးကနေ သူ့ကို အသံတိတ်
ပါးစပ်လှုပ်ပြောနေတာကို အေးစက်စွာစိုက်ကြည့်နေရင်း 
သူ့မျက်နှာပေါ်က အဓိပ္ပါယ်ကို ရှောင်ယွင် အဓိပ္ပါယ်ဖော်
လိုက်လေသည်။ ထိုအဓိပ္ပါယ်မှာ

“ ရှောင်ကလန်က အမှိုက်ကောင်ကလေး.. နောက်ဆုံး
တော့ အရွယ်ရောက်ခြင်းအခမ်းအနားကို အောင်မြင်
သွားပြီပေါ့.. ဟဟ… ၀ူတန်မြို့ထဲမှာ ငါ့နဲ့ နောက်တစ်ခါ
ထပ်မတွေ့မိပါစေနဲ့ကွာ..မဟုတ်ရင်တော့.. ဟားဟား..”

အသံထွက်ပြီ ရယ်မောလိုက်သော ဂျားလီယောင် ကို
ရှောင်ယွင် အနည်းငယ် စိန်းစိန်းကြည့်လိုက်ပြီ မထိတထိ
ပြုံးလိုက်ကာ သူ့မျက်လုံးမှာလည်း အလင်းတချက် ဖျတ်
ခနဲ ဖြတ်ပြေးသွားလေသည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...