43 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 43. The PowerFul Xiao Yan
ရှောင်နင် စကားတစ်ခွန်းမှ မတုံ့ပြန်နိုင်တာကို ကြည့်လိုက်
ပြီ ရှောင်ယွင် ပြန်လှည့်ပြီ နေရာပြန်ယူလိုက်သည်။ ချက်
ချင်းဘဲ ပထမ အံ့သြစိတ်ပင် မပြေသေးသည့် ပရိသတ်ဆီ
ဆီမှ ကျွတ်ကျွတ်ဆူညံသွားသည်။ သူတို့နှလုံးသားမှာ
နောက်တကြိမ် ရိုက်ခတ်လှုပ်ရှားလာပြန်သည်။
သွေးတွေ အန်ထွက်နေတဲ့ ရှောင်နင်ကို ကြည့်ပြီ ရှောင်မျိုး
နွယ်လူငယ် ဆွံ့အသွားကြလေသည်။ ရှောင်နယ်နှင့်
အရွယ်တူတွေ ဖြစ်နေကြ၍ ရှောင်နင်ရဲ့ တိုက်ခိုက်မှုစွမ်း
ရည်ကို သူတို့ အသိဆုံးဖြစ်သည်။ ရှောင်မျိုးနွယ် လူငယ်
ထုမှာ ရှင်းအာကလွဲ၍ ရှောင်နင်နဲ့ လက်ရည်တူ ယှဉ်နိုင်
တဲ့သူက လက်ချိုးရေလို့ရသည်။ ဒါပေမဲ့ ယခုတိုက်ပွဲမှာ
တော့ ရှောင်ယွင်က အပြတ်အသတ်ကို အနိုင်ယူလိုက်ချေ
ပြီး.. မထင်မှတ်ထားတဲ့ ပွဲရလဒ်ကြောင့် အားလုံးဟာ ရုတ်
တရက် ကြောင်အပြီး အံ့အားသင့်မိသွားကြသည်။
ပရိသတ်ထဲမှာ ရှောင်ယုလည်း ရှောင်ယွင်ရဲ့ အလျင်အမြန်
ပွဲသိမ်းပစ်လိုက်တာကို ကြည့်ရင်း သူမ လှပတဲ့ပါးနှစ်ဖက်
မှာ နီရဲ လာကာ ပါးစပ်ကလေးကလည်း ဟလို့.. သူမရင်ထဲ
မှာလည်း အကြီးအကျယ် ထိတ်လန့်နေသည်။ ခနနေကြာ
မှ သူမအမူအရာက ပြန်တည်ငြိမ်သွားပြီ ဖြူရော်နေတဲ့
သူမလည်ပင်းသွယ်သွယ်မှာ လည်း နဂို ပန်းဆီရောင် ပြန်
ပြောင်းသွားသည်။ ပင့်သက်ကို ရှိုက်လိုက်ရင်း...
" ဒီ ကလိန်ကကျစ်ကောင်က ဘယ်လိုဖြစ်လို့ ဒီလောက်
သန်စွမ်းနေရတာလဲ.. သူ ဒိုချီစွမ်းအင်ကို ပြန်ရတာ မကြာ
သေးဘူး.. ဘယ်လိုလုပ်ပြီ ဒိုသိုင်းအသစ်ကိုတောင် လေ့
ကျင့်ပြီးသား ဖြစ်နေရတာလဲ..? " ဟု ရေရွတ်မိလေသည်။
……
" ဟင်းဟင်း.. သခင်လေးရှောင်ယွင်က ဒိုချီစွမ်းအင် မှာ
လည်း အားကောင်းလှသလို ဒိုသိုင်းမှာလည်း အဆင့်မြင့်
မြင့် တတ်ကျွမ်းထားတာပဲ.. ရှောင်ခေါင်းဆောင်က သူ့ကို
အချိန်အများကြီး ပေးပြီ ဂရုစိုက်ထားတာလား..?? "
ဧည့်သည်စင်မြင့်ပေါ်က ရဖေးဟာ ပွဲစကတည်းက စိတ်
ထဲ ပြင်ဆင်ပြီးသား ဖြစ်ပေမဲ့ တကယ်တမ်းကျတော့
ရှောင်ယွင်ရဲ့ စွမ်းရည်တွေကို မြင်ရတော့ သူ မအံသြဘဲ
မနေနိုင်ပါဘူး.. ။ သူမဟာ မျက်တောင်ရှည်တွေကို
တဖျတ်ဖျတ်ခတ်ပြီး အပြုံးကြီး ပြုံးနေတဲ့ ရှောင်ကျန်းကို
လှည့်ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က ဒိုသိုင်းကို ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်ချင်ရင် ဒိုသိုင်းရဲ့ သဘောတရားတွေကို
ကျွမ်းကျင်ပိုင်နိုင်စွာ သိထားတဲ့ လမ်းညွန်ဆရာရဲ့ အကူ
အညီကို လိုအပ်ပါသည်။ ရှောင်ယွင်ကို ရှောင်ကျန်းက
သီးသန့်သင်ကြားပြသထားတယ်လို့ ရဖေး ထင်မြင်နေပုံပဲ။
ရဖေး ပြောလိုက်တာကို ကြားလိုက်ရတော့ ရှောင်ကျန်း
အောင့်သက်သက်နဲ့ ရယ်မောလိုက်သည်။ ရှောင်ယွင်
ကို ဒိုသိုင်း မသင်ပေးချင်တာ မဟုတ်ပါဘူး.. ရှောင်ယွင်
ထုတ်ပြလိုက်တဲ့ သိုင်းကို ဘယ်လိုမှ သူသင်ပေးနိုင်မှာ
မဟုတ်ဘူး.. ရှောင်မျိုးနွယ်ရှိတဲ့ ဒိုသိုင်းတွေကို သူ နား
လည်ပေမဲ့လည်း ဒီလို ဒိုသိုင်းမျိုးကို သူ မတွေ့ဖူးပါဘူး။
အဲ့ဒါကြောင့် ရှောင်ကျန်း တစ်ခုပဲ ကောက်ချက်ချလိုက်
သည်။ ရှောင်ယွင် အသုံးပြုလိုက်တဲ့ ဒိုသိုင်းက ရှောင်မျိုး
နွယ်မှာရှိတဲ့ ဒိုသိုင်း မဟုတ်ဘူးဆိုတာပါပဲ.. ။
ကဲ.. ဒီသိုင်းက ရှောင်မျိုးနွယ်ဆီက ဒိုသိုင်းမဟုတ်ဘူးဆို
ရင် ရှောင်ယွင် ဘယ်ကနေ လေ့လာခဲ့ရတာလဲ?
ရှောင်ကျန်း သံသယများစွာနဲ့ မျိုးနွယ်ထဲက ဝါရင့် သိုင်း
သင်ဆရာတွေကို ကြည့်လိုက်သည်။
ဒါပေမဲ့.. အားလုံးကလည်း သူ့လိုပင် မထူးခြားနားပင်။
ထို့အပြင် အားလုံးကလည်း သူ့ကို ပြန်ကြည့်နေတာကို
တွေ့ရသည်။
သူတို့ရဲ့ မျက်နှာပေါ်က အကြည့်တွေကို ကြည့်ပြီ ရှောင်
ကျန်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
" အော် သူတို့လည်း ငါလိုပဲ.. ယွင်လေးကို ငါက ကျိတ်
သင်ပေးထားလို့ ထင်နေတာကိုး.."
သူနှုတ်ခမ်းကိုပြန်သပ်လိုက်သည်။ ဖြေရှင်းချက်ပေးဖို့
လည်း စိတ်မပါတော့ပေ။ သူ့သားဆီကိုသာ ပြန်ငေးကြည့်
လိုက်သည်။
" ဒီကောင်လေး.. သူ့မှာ လျှို့ဝှက်ထားတာတွေ ရှိနေတာပဲ."
သူစိတ်ထဲမှာသာ ရေရွတ်မိလေသည်။
...........
စင်မြင့်ပေါ်မှာ ယခုအထိ မှောက်လဲကျနေတဲ့ ရှောင်နင်က
ရှိနေတုန်းပဲ.. ဒုတိယအကြီးအကဲဟာ ထိတ်လန့်စွာ စိတ်
ပျက်စွာနဲ့ပဲ ခေါင်းကို ခါယမ်းလိုက်ပြီး ရှောင်ယွင်ကို စိတ်
ရှုပ်ထွေးစွာနဲ့ အကဲခတ်ကြည့်နေမိသည်။
လူငယ်လေးက ခေါင်းကို သူ့ဆီ ဦးညွတ်လိုက်သည်။
သူ့ရဲ့ ချောမောပြီ နုနယ်တဲ့ မျက်နှာမှာ ငြိမ်သက်တဲ့
အကြည့်ပဲ ရှိသည်။ အနိုင်ရပြီးနောက်မှာတောင်
ဂုဏ်ယူနေမှု နှင့်ဝင့်ကြွားနေမှုတို့ကို တစိုးတစိမှပင်
ရှာမတွေ့ချေ။
ဒုတိယအကြီးအကဲဟာ အသက်ပြင်းကို ချလိုက်ပြီ
သူရဲ့ လက်ဝါးကို မြှောက်လိုက်ကာ ပွဲပြီးဆုံးကြောင်း
ကြေညာလိုက်ဖို့ ဟန်ပြင်လိုက်တဲ့ အချိန်မှာပဲ
သူ့မျက်နှာကို ဘေးဘက် ရုတ်တရက် လှည့်ကြည့်
လိုက်သည်။
အဲ့ဒီမှာ စောစောက မြေပြင်မှာ လှဲလျောင်းကျနေတဲ့
ရှောင်နင် ရုတ်တရက် ကျားသစ်တစ်ကောင်လိုပဲ
ခုန်ထလာသည်။ သူ့ရဲ့ ဒိုချီစွမ်းအင်က ခပ်ဖျော့ဖျော့
တိုးထွက်လာနေသလို သူ့ခြေထောက်ကလည်
သစ်သားစင်မြင့်ကြမ်းခင်းကို ခိုင်မြဲစွာ နင်းထားသည်။ အရှေ့ကို လှမ်းလာခဲ့ရာ သူ့ခြေထောက်က နင်းလိုက်တိုင်း
ကြမ်းခင်းမှ သစ်သားပင် ပဲ့ထွက်လေသည်။
အေးစက်စက် မျက်လုံးနှစ်စုံကလည်း ရှောင်ယွင်ကို စူးစူး
စိုက်စိုက်ကြည့်နေသည်။ သွေးတွေယိုစီးကျထားသည့်
ပါးစပ်နဲ့ မျက်နှာကြောင့် ယခင်ကထက် ပိုပြီ ယုတ်မာ
ကောက်ကျစ်သည့်ပုံစံဖြစ်နေသည်။
" မင်း .. အယုတ်တမာကောင်.. သေဖို့ပြင်ထားတော့.. "
" ရှောင်နင်.. ရပ်လိုက်.. "
မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့်
ဒုတိယအကြီးအကဲ အာရုံထွေးပြားသွားခဲ့သည်။
ဒါပေမဲ့ ကမန်းကတန်းပဲ အော်ဟစ်တားလိုက်သော်
လည်း ရှောင်နင်မှာ လုံးဝနားမဝင်တော့ချေ။
သူ့ရင်ထဲမှာ ဒေါသတွေ အမုန်းတရားအစိုင်အခဲ
တွေနဲ့ ပြည့်နှက်လို့ နေပါပြီး။ အဆင့်၂ ဒိုချီအစွမ်းတိုး
ဆေးလုံး၏ စွမ်းအားကို ရယူထားပြီမို့ အံသွားကို
ကြိတ်ထားရင်းရှောင်ယွင်ကိုသာ ဒေါသတကြီး
စိုက်ကြည့်နေသည်။ တိုက်ခိုက်ဖို့အတွက် အရှေ့ကို
တဟုန်ထိုး ပြေးထွက်သွားလေပြီ..
ရုတ်ချည်းပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့်
ပရိသတ်ကြားထဲမှာလည်း ပွက်လောရိုက်ကုန်ကြသည်။
ဧည့်သည်တန်းတွေထဲကမှ ရှောင်ကျန်းနဲ့ တခြားသူတွေ
သာ ဘာဖြစ်သွားသလဲဆိုတာ သတိထားမိကြသည်။
" ရှောင်နင်က ဒိုကျယ်( Dou Zhe ) အဆင့် ခွန်အားကို
ခုန်ပြီး ရောက်သွားတာပါလား.. သူ ဒိုချီအစွမ်းတိုးဆေးလုံး
ကို သုံးလိုက်တာလား..?? "
ရှောင်နင် ရုတ်တရက် ခွန်အားတွေ တိုးသွားတာကို ကြည့်
ပြီ ဗဟုသုတများတဲ့ ရဖေးမိန်းကလေး က အံ့အားသင့်စွာ
ပြောလိုက်မိသလို သူမအမူအရာလည်း ပြောင်းလဲသွား
သည်။
" မင်း ကလိမ်ကျစ်ကောင်.. "
ရှောင်ကျန်းမျက်နှာ တော်တော်ပျက်နေပြီ ။ စားပွဲကို
ဖြန်းခနဲ ရိုက်ချလိုက်ရာ ကျိုးအက်ရာတွေပင် ဖြစ်ကုန်
သည်။ပထမအကြီးအကဲကို ခက်ထန်တဲ့ အကြည့်နဲ့
ကြည့်လိုက်ပြီး..
" ခင်ဗျား အဘိုးကြီး.. ငါ့သားသာ တစ်ခုခု ဖြစ်သွားရင်
ခင်ဗျားရဲ့ မြေးအသက် နဲ့ လျော်ကြေးပေးရင်တောင်
မလုံလောက်စေရဘူး.. "
ဒီအချိန်မှာ ရှောင်ယွင်က ရှောင်နင်ထက်တောင် ရှေ့ရေး
အလားလာ ပိုကောင်းနေပြီး.။ ပြိုင်ပွဲမှာသာ ရှောင်ယွင်
အကြီးအကျယ်ဒဏ်ရာရခဲ့ရင် ဒါဟာ ရှောင်နင် စည်းကမ်း
ကို ဖောက်ဖျက်လိုက်တာပဲ.. သူ့အဖိုး ပထမအကြီးအကဲ
က ကာကွယ်ပေးရင်တောင် မျိုးနွယ်စုကနေ သူ့ကို လွယ်
လွယ် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။
ရှောင်ကျန်းရဲ့ ခက်ထန်တဲ့ အကြည့်ကြောင့် ပထမအကြီး
အကဲရဲ့ ရှုံ့တွနေတဲ့ မျက်နှာဟာ တုန်ရီသွားပြီး အထစ်
ထစ်အငေါ့ငေါ့နဲ့.. ။ အရင်တုန်းက ရှောင်ယွင်သာ ဖြစ်
နေရင် ဒီဒဏ်ရာအကြီးအကျယ်က စာမဖွဲ့ပါဘူး။ ဒါပေမဲ့
ဒိုဟွာင်း( Dou Huang ) အဆင့်တစ်ယောက် ဖြစ်ဖို့
အလားလာ ရှိတဲ့ လူငယ်သာ ရှုံးနိမ့်သွားခဲ့ရင် ပထမအကြီး
အကဲဘက်မှာ မျိုးနွယ်စုဝင်တွေ ရပ်တည်ပေးကြတော့
မှာ မဟုတ်ဘူး။
ဒုတိယအကြီးအကဲရဲ့ အော်ဟစ်သံက ရှောင်နင်အပေါ်မှာ
ဘာသက်ရောက်မှုမှ မရှိသလိုပင်.. ရှောင်နင်က ရှောင်ယွင်
လက်တစ်ကမ်းမှာ ရှိနေပါပြီ.. သူ့လက်မှာလည်း ဒိုချီစွမ်း
အင်တွေက ဖုံးလွှမ်းနေပါပြီ..
" သံတောင်လက်သီး " ဟူသော အော်ဟစ်လိုက်ခြင်းနဲ့
အတူ... ရုတ်တရက် တိုးပွားလာတဲ့ ဒိုချီစွမ်းအင်တွေ
ကြောင့် ဒီအချိန်မှာ သံတောင်လက်သီးကနေ ကြီးမားပြင်း
ထန်တဲ့ ဂယက်လှိုင်းက ယခင်ကထက် ပိုပြင်းထန်နေ၏။
ဒီလှိုင်းတွေကြောင့် ရှောင်ယွင် ဆံနွယ်တောင် အနောက်
လွင့်ကုန်သည်။ ရှောင်ယွင်မျက်ဝန်းမှာ တည်ငြိမ်အေးစက်
လို့နေသည်။
ရှောင်နင်ရဲ့ လက်သီးချက်ကို မြင်နေရသော်လည်း ရှောင်
ယွင် အနောက်တစ်လှမ်းမှပင် မဆုတ်ချေ။ ညာလက်သီး
ကိုသာ ဆုပ်လိုက်ပြီး ကိုယ်ဟန်ခင်းလိုက်သည်။ ဒိုင်းခနဲ
လေးညို့မှ ပစ်ခွင်းလိုက်တဲ့ မြှားတစ်စင်းလိုပဲ အရှေ့ကို
ပစ်ထိုးလိုက်သည်။
ပြေးဝင်လာတဲ့ ရှောင်နင်ကို မရှောင်ဘဲ ထိပ်တိုက်ရင်ဆိုင်
ဖို့ပဲ လုပ်နေသည့် ရှောင်ယွင်ကို ကြည့်ပြီ ဒုတိယအကြီ
အကဲမှာ ဒေါသဖြင့် ခြေဆောင့်လိုက်ပြီ အားမလိုအားမရ
ဖြင့် အော်ဟစ်လိုက်ချေတော့သည်။
" ရူးနေလား.. "
ထိုအခိုက်မှာလည်း..
" ရှစ်ဆပြင်းထန်..!! "
ရှောင်ယွင် စိတ်ထဲမှာ ကြုံးဝါးအော်ဟစ်လိုက်သည်။
ထိတ်လန့်တုန်လှုပ်နေတဲ့ ဒုတိယအကြီးအကဲ မျက်စိ
အောက်မှာပဲ သူ့လက်သီးက ရှောင်နင်လက်သီးနှင့်
ထိပ်တိုက် ဆုံတွေ့သွားလေပြီ. .။
" ဒိန်း.. "
လက်သီးနှစ်လုံး လေထဲမှာပဲ ထိပ်တိုက် ဆုံသွားပြီနောက်
ရှောင်နင်မျက်နှာကာ ရှုံ့မဲ့သွားပြီ နောက်တဖန် ဖြူရော်
သွားပြန်သည်။ နောက်တကြိမ် သွေးတစ်လုတ် ပြန်အန်
ထွက်သွားပြီ သူ့မျက်နှာမှာပဲ ပြန်ပေကျံသွားသည်။
ဘာမှမဖြစ်သလိုပင် စိတ်မဝင်စားသော အကြည့်နဲ့ပဲ
ရှောင်ယွင် နောက်တကြိမ် ရှောင်နင်ဆီကို လက်သီး
တစ်လုံး ပို့ဆောင်ပေးလိုက်ပြန်ရာ လေပြင်းကြားထဲက
သစ်ရွက်တစ်ရွက်လိုပဲ.. ရှောင်နင် ကွင်းပြင်ပဆီကိုပင်
လွှင့်စင်သွားချေသည်။
ဒီမြင်ကွင်းကို ကြည့်ပြီ ဒုတိယအကြီးအကဲမှာ ချက်ချင်းပဲ
မျက်ခုံးပင့်တက်သွားပြီး အသက်ပြင်းကြီး ရှိုက်လိုက်မိတော့
သည်။ အနက်ရောင်ဝတ် လူငယ်ရဲ့ နောက်ကျောကို ငေး
ကြည့်မိနေရင်း သူ့စိတ်ထဲမှာ ထူးခြားလာသလိုပင် ခံစား
လာရသည်။
......
No comments:
Post a Comment