Followers

Chapter 53

53. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
_______________________________

Chapter 53 - အဆင့် ၉ 

စိမ်းလန်းစိုပြေသော သစ်တောအုပ်ငယ်ထဲတွင် အဖြူရောင် 
ဒိုချီအလင်းဖြူမျှင်များဟာ လေထဲမှာ မျောလွင့်စီးဆင်းနေပြီး  
အိပ်မောကျနေသော ရှောင်ယွင် သူ့၏ ခန္ဓာကိုယ်ဟာ မျော
လွင့်နေသော ဒိုချီစွမ်းအင်တို့ကို အဆက်မပြတ် စုပ်ယူနေသည်။

စွမ်းအင်တွေ စုပြုံဝင်နေသော ရှောင်ယွင်ကို ကြည့်ကာ ရှင်းအာ 
အံ့သြသွားသလို အားရကျေနပ်ခြင်းကိုလည်း ခံစားနေရသည်။
တိတ်တဆိတ်ဖြင့် သူနှင့် မနီးမဝေး နေရာကို သွားနေလိုက်ပြီ 
မျှောင့်လင့်ခြင်းဖြင့် မတ်တပ်ရပ်နေလိုက်ကာ ထိုနေရာတ၀ိုက်
ကို စောင့်ကြပ်နေလိုက်သည်။ တကယ်၍သာ ရှောင်ယွင်သာ 
သူ့၏ အဆင့်တက်တရားထိုင်နေခြင်းကို နှောင့်ယှက်ခံထိသွား
ပါက နောက်အဆင့်တက်ဖို့ အခွင့်ရေး ဆုံးရှုံးသွားလိမ့်မည်။။

ယခု ရှောင်ယွင်၏ အဆင့်တိုးခြင်း အောင်မြင်မှုမှာ အတော်လေး
သေချာမှုရှိသည်ဟု ပြောလို့ ရသည်။

ဒိုချီစွမ်းအင်ကို စုပ်ယူနေ၍ ရှောင်ယွင်၏ ပင်ပန်းနွမ်းလျနေသော 
အရိပ်အယောင်တို့မှာ တဖြည်းဖြည်းပျောက်ကွယ်သွားကာ
သူ့၏အသားအရေမှာ အ၀ါလုလု ကျောက်စိမ်းအရောင်ကဲ့သို့ 
ဖြစ်လာသည်။ ချောမောနူညံ့သောသူ၏မျက်နှာမှာလည်း
အလင်းဖျောဖျော့အရောင်က လင်းတောက်လာသည်။

ဒီပုံစံအတိုင်းပင် တောအုပ်အတွင်းမှာ ဆက်လက်ဖြစ်ပေါ်နေပြီ
နောက်ထပ်တစ်နာရီမျှ ကြာပြီမှသာ နောက်ဆုံး ပြီးဆုံးသွားခဲ့
သည်။ 

အဆုံးသတ်မှာ နောက်ဆုံးလက်ကျန် ဒိုချီစွမ်းအင်မျှင်လေး
ရှောင်ယွင်ကိုယ်ထဲ ၀င်သွားပြီနောက် တောအုပ်ငယ်လေးမှာ
မူလအတိုင်းပြန်လည် တိတ်ဆိတ်သွားချေသည်။တောအုပ်
ထဲမှာ နေရောင်ပြောက်တွေကလည်း ထိုးမြဲ ထိုးလျက်သား 
ရှိနေဆဲ….။။

ရှောင်ယွင် မျက်လုံးက တင်းကြပ်စွာ ပိတ်ထားလျက် ရှိနေပေမဲ့
လည်း သူ့ရဲ့ ရင်ဘက်ဟာ စည်းချက်အတိုင်း ပုံမှန် ဖောင်းလိုက်
မို့လိုက် လှုပ်ရှားနေသည်။ ဒါကို မြင်ရမှ ရှင်းအာလည်း ပေါ့ပါးစွာ
အသက်ပြင်းချမိလိုက်ပြီ စိတ်လက်ပေါ့ပါးသွားပြီ ညင်သာစွာ
ရယ်လိုက်လေသည်။ 

“ အကိုဟာ နောက်ဆုံးတော့ အဆင့် ၉ ကို ရောက်သွားပြီ….
နောက်ထပ် နှစ်တ၀က်လောက်ဆိုရင် အကိုရှောင်ယွင် ဒိုချီ 
စွမ်းအင်ရေ၀ဲ ဖြစ်အောင် စုစည်းနိုင်ပြီ ဒိုကျယ်အဆင့်ကို ရောက်
လိမ့်မယ်…  ”

နွေးထွေးတဲ့ အပြုံးတစ်ခုက သူမနှုတ်ခမ်းပေါ် ရောက်လာခဲ့
သည်။ ထို့နောက် အနီအနားရှိ ကျောက်တုံးတစ်ခုပေါ်ကို 
လှစ်ခနဲ ခုန်တက်လိုက်ပြီနောက် တက်ထိုင်လိုက်သည်။တင်ပျဉ်
ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်တံတောင်ဆစ်ကို ဒူးမှာတင်လိုက်
ပြီး လက်ဖ၀ါးအပေါ် မေးလေးကို တင်ထားကာလက်ချောင်းများ
က သူမပါးပြင်ပေါ်မှာ ထားထားရင်း ရှောင်ယွင် နိုးထမည့်အချိန်
အထိ ထိုင်စောင့်နေလိုက်သည်။

…………

ရှောင်ယွင် အိပ်မောကျနေရာကနေ ပြန်နိုးလာတဲ့အချိန်မှာတော့
ကောင်းကင်ပြင်မှာ အလင်းရောင်ပင် သိပ်မကျန်တော့ပါဘူး။ 
နေ၀င်ဖျိုးတဖျ ဆည်းဆာအလင်းက ရှိနေသေးသည်။ ယခုမှ
နိုးလာ၍ မျက်တောင်များ ခတ်လိုက်ရင်း ရှောင်ယွင်စိတ်ရှုပ်ထွေး
နေမိသည်။ ပြန်အမှတ်ရလာတဲ့ ငေးကြောင်ကြောင် ဖြစ်နေသေး
သည်။ ခေါင်းကို မော့ကြည့်လိုက်တော့ ရွှေအို ဆည်းဆာရောင်
အောက်မှာ ရှိနေတဲ့ ပုံရိပ်တစ်ခုကို အကြည့်ရောက်သွားသည်။
တောက်ပပြီ ရေလို ကြည်လင်သည့် မျက်ဝန်းတစ်စုံနှင့် အကြည့်
ချင်း ဆုံသွားခဲ့ရာ သူ ပြုံးလိုက်မိသည်။  

“ အကိုရှောင်ယွင် နောက်ဆုံးတော့ နှိုးလာပြီပေါ့ ”

ရှင်းအာ ရယ်သံချိုချိုလေး အသံထွက် ရယ်လိုက်ကာ အခုမှ နိုး
လာသော ရှောင်ယွင်ကို မေးလိုက်လေသည်။

ပြုံးပြီ ခေါင်းညိတ်လိုက်ကာ ရှောင်ယွင် မတ်တပ်ရပ်လိုက်သည်။
ဇက်ကြောချိုးလိုက်ပြီ တစ်ကိုယ်လုံးကို အပျင်းဆန့်လိုက်သည်။
ဒိုချီအဆင့်ကလည်း တိုးသွားပြီမို့ တစ်ကိုယ်လုံးရှိ အရိုးတွေ၏
ဖျောက်ဖျောက် ဂျွတ်ဂျွတ်နှင့် စိတ်ကျေနပ်ဖွယ်အသံကို အစုံ
အလင် ထွက်ပေါ်လာလေသည်။ 

အဆင့်တိုးတက်အောင်မြင်သွားခြင်း၏ ခံစားမှုကို သိရှိလိုက်တဲ့
အခါ အံ့သြမှင်တက်သွားပြီ သူ့ရဲ့လက်ကို ဆုပ်ချည် ဖြန့်ချည်
လုပ်နေမိသည်။ ပါးစပ်မှာလည်း ဟပြဲသွားသလို လည်ပင်းက
လည်း ကြက်လည်လိမ်ထားသလိုဖြစ်သွားသည်။ သူ့မျက်နှာမှာ
သံသယ တွေနှင့် ပြည့်နှက်နေပြီ ချီတုံချတုံ ဖြစ်နေမိကာ အသံ
ထွက် မြည်တမ်းမိတော့သည်။
“  ဘာဖြစ်သွားတာလဲ.. အဆင့် ၉ ကို ငါ ရောက်နေသလိုပဲ  ”

စိတ်လည်း လှုပ်ရှားနေသလို စိတ်ရှုပ်ထွေးနေပုံရတဲ့ ရှောင်ယွင်
ကို ငေးကြည့်နေရင်း ရှင်းအာ အားပါတရ ရယ်မောလိုက်သည်။

ရှင်းအာ ခေါင်းညိတ်ပြလိုက်တာကို ကြည့်ပြီ သဘောပေါက်သွား
ကာ ရှောင်ယွင် ပြုံးသွားမိသည်။ သူ့စိတ်ထဲမှာလည်း အံ့အား
သင့်သလို ပျော်ရွှင်သွားမိသည်။ ယခုအထိ သူ့စိတ်ဟာ ရယ်ရ
မလိုလို ငိုရမလိုလို ဂယောက်ဂယက် ဖြစ်နေဆဲပါပဲ။ ပြီခဲ့သည့် 
အဆင့်တက်ခဲ့သည့်အချိန်မှာ သူ အိပ်ပျော်နေသည့် အချိန်တွင် 
သူ မသိလိုက်ဘဲ အဆင့်တက်ခဲ့ခြင်း ဖြစ်သည်။ ယခုတကြိမ်မှာ
လည်း သူအိပ်ပျော်နေတဲ့အချိန်မှာပဲ အဆင့်တက်ခဲ့ပြန်သည်။ 
သူ့၏ အဆင့်တက်သည့် ပုံစံမှာ ရယ်စရာပင် ကောင်းလှတော့
သည်။

လေထဲကို အားမာန်အပြည့်ဖြင့် လျင်မြန်စွာ ဆက်တိုက် ထိုးချ
လိုက်ပြီ လွန်ခဲ့သော နာရီအနည်းငယ်ကထက် ပိုပြီ အစွမ်းထက်
လာသော ဒိုချီအင်အားကို ခံစားကြည့်လိုက်ရာ ရှောင်ယွင် ကျေ
နပ်သွားပြီ အားရပါးရ ရယ်မောလိုက်မိသည်။

စိတ်ထဲမှာ အံ့သြစရာတွေ ထိတ်လန့်တာတွေ ခံစားလို့ ပြီကာမှ
အပြင်မှ နေရောင်ပင် မရှိတော့မှန်းကို သတိထားမိလိုက်သည်။ 
ရှင်းအာက သူ့ကို တစ်ချိန်လုံး စောင့်ပေးနေမှန်း သိ၍ သူ
အားနာစွာ ပြုံးလိုက်မိသည်။ 

သူ့အ၀တ်ကို ပြန်ဝတ်လိုက်ပြီနောက် ရှင်းအာကို လှည့်ပြီ 
ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။

“ မပြန်သေးဘူးဟုတ်… ဒီနေ့က ကောင်းသောနေ့ ဖြစ်သွားပြီ 
ဝူတန်မြို့မှာ အစားအသောက်ကောင်းတွေ အတူတူ သွား
မစားချင်ဘူးလား ….? ”

“ အင်း… ဈေးအကြီးဆုံးဟင်းနဲ့ စားချင်တယ်… ပြီးတော့… ”
ရှင်းအား သွက်လက်စွာ ရယ်မောလိုက်ပြီ ဖြေလိုက်သည်။ ပြီး
ကျောက်တုံးပေါ်မှာ ခြေဖျားထောက် နင်းလာခဲ့ပြီမှ ခုန်ချလိုက်
ရာ ရှောင်ယွင်အနား ပေါ့ပေါ့ကလေး ရောက်သွားသည်။ သူမ
၏ ဆည်းလည်းသံလို ချိုလွင်သော ရယ်သံများဟာ တောအုပ်
ကြားထဲမှာ ခပ်သိပ်သိပ်လေး ပျံလွင့်သွားလေသည်။

နေ့လည်တစ်ခင်းလုံး စောင့်ဆိုင်းပေးထားသော ရှင်းအာကို 
ကျေးဇူးတင်မိ၍ သူမကို ဂရုစိုက်ကာ ၀ူတန်မြို့တွင် လမ်း
လျှောက်အပန်းဖြေကြပြီးနောက် ကလန်အိမ်ကို ပြန်ရောက်
မှ လမ်းခွဲလိုက်ကြသည်။ 

အခုထိ စိတ်လှုပ်ရှားနေပုံရသေးသော  သူ့ခြေထောက်ကို 
အခန်းဆီ တရွတ်တိုက် လှမ်းဝင်လိုက်ပြီနောက် သူ့တစ်ကိုယ်
လုံးကို အိပ်ရာပေါ် ပစ်ချလိုက်ကာ အိပ်ရာလွှမ်းကို ဖက်လိုက်
သည်။ သူ့ကိုယ်သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ နောက်ဆုံးတော့လည်း… ငါ နောက်တစ်ခါ ဒိုကျယ်အဆင့်ကို
ရောက်ဖို့ နီးလာပြီပေါ့ …. ”

“ ဟေ့.. ဒီအဆင့်တက်တာက မင်းက တာဝန်ယူရုံပဲ ရှိတာ..
ဒါတွေက ဟို ကလေးမ ကြောင့်ပဲ… ”
အခန်းအလယ်ကနေ လူအိုတစ်ယောက်၏ ရယ်သံက ရုတ်တ
ရက် ကျယ်လောင်စွာ ထွက်လာသည်။

ရှောင်ယွင် မျက်လုံးတစ်ဖက်ပဲ ဖွင့်လိုက်ကာ  ရွဲ့လော်ကို ပျင်းရိ
စွာ စောင်းငဲ့ကြည့်လိုက်ကာ မျက်ခုံးကို တွန့်ချိုးလိုက်ပြီ မေး
လိုက်သည်။
“ ရှင်းအာက ဘာလုပ်လိုက်တာလဲ… ”

“ အာ… ကောင်မလေးက ကူပေးလိုက်တာလေ.. မဟုတ်ရင် 
အဆင့်တက်ဖို့က မင်းဘာသာနဲ့ဆို နောက်ထပ် တစ်ပတ်
လောက် အချိန်ယူရဦးမယ်…   ”
ရွဲ့လော်၏ ဖန်သားလို ကြည်လင်သည့် ခန္ဓာကိုယ်က ကုလား
ထိုင်တစ်ခုပေါ် ထိုင်ချလိုက်ကာ သူ့၏ ပုံမှန်လေသံကအခန်း
ထဲမှာ ပဲ့တင်ထပ်နေတော့သည်။ 

ရှောင်ယွင် ပုခုံးကို တွန့်လိုက်ကာ သူ့မျက်နှာကို အိပ်ရာလွှမ်း
ဆီ ပြန်လှည့်လိုက်ကာ 

“ အခု ကျွန်တော် အဆင့်၉ ရောက်ပြီ … ဒိုကျယ်အဆင့်ကို 
ရောက်ဖို့ နောက်ထပ် နှစ်တ၀က်လောက် ဖြစ်သွားမှာကို 
စိုးရိမ်မိတယ်… ”

ရှောင်ယွင် ပြောပြီချင်းမှာပဲ ခနငြိမ်သက်သွားပြီ အိပ်ရာလွှမ်း
ကို လွှင့်ပစ်လိုက်သည်။ သူ့မျက်နှာမှာ သုန်မှုန်ဝမ်းနည်းသွား
ဟန် ရှိလာကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“ အခု တစ်နှစ်လောက် အချိန်က ကြာခဲ့ပြီးပြီ… အခုထိ ဒိုကျယ်
အဆင့်ကို မရောက်သေးဘူး… တကယ်လို့ ဒီနှုန်းအတိုင်းသာ
ဆက်သွားမယ်ဆိုရင် နာလန်ရိရွမ်ကို နောက်သုံးနှစ်မှာ မှီနိုင်
ပါ့မလားဆိုတာ တွေးပူမိတယ်… ”

ဒီစကားကို ကြားလိုက်ရတော့ ရွဲ့လော် သူ့ကို မျက်စိ လှန်
ကြည့်လိုက်သည်း ဒါပေမဲ့ ခပ်မဆိတ်သာ နေသည်။ 

“နာလန်ရီရွမ်က  တိမ်မြူဂိုဏ်းရဲ့ အနာဂတ်ခေါင်းဆောင်
ပေးဖို့အတွက် သူ့ကို လေ့ကျင့်ပေးခဲ့ကြမှာပဲ… သူမရဲ့
အရည်အချင်းက နိမ့်ကျတယ်လို့ ပြောလို့မရဘူး.. ပြီ
တော့ တိမ်မြူဂိုဏ်းဆိုတာကလည်း အတော့်ကို အင်အား
ကြီးတယ်လို့ ပြောရမှာပဲ… နောက်ပြီ သူတို့မှာက ဂုဏ်သိက္ခာ
ကြီးတဲံ့ မှော်ဆေးပညာရှင် ဆေးဘုရင် ကုဟီကလည်း သူမ
ကို ကူညီပေးနေမယ်ဆိုရင်… ငါထင်တယ် သူမရဲ လေ့ကျင့် 
နှုန်းကလည်း ကြောက်စရာကောင်းနေမှာပဲ..ပြောရမယ်ဆို
ရင် သူ့ရဲ့လေ့ကျင့်နှုန်းက ငါ့ရဲ့လေ့ကျင့်နှုန်းထက် နှေးမှာ
မဟုတ်ဘူး…  ”  ဟူ၍ ရှောင်ယွင်စိတ်ထဲမှာ ကျယ်လောင်
စွာ တွေးနေမိသည်။ 

ရွဲ့လော် ခေါင်းကိုစောင်းငဲ့ပြီ ရှောင်ယွင်ကို ကြည့်လိုက်သော
အခါ  ခရစ်စတယ်လုံးလေးလို ကြည်လင်တောက်ပနေတဲ့ 
ရှောင်ယွင် မျက်လုံးများက သူ့ကို စိုက်ကြည့်နေတာကို မြင်
လိုက်ရ၍ ရွဲ့လော် ချက်ချင်းကြီး ရယ်ချလိုက်သည်။ ဒါပေမဲ့ 
၏ဘာမှတ်ချက်မှ မပေးဘဲ ထိုင်နေဆဲပင်။။။ 

ရွဲ့လော်မျက်နှာကို သေချာကြည့်ပြီး ရှောင်ယွင် မျက်လုံးလေး 
ပေကလပ် ပေကလပ်ဖြင့် စိတ် အပျက်ကြီး ပျက်သွားသည်။ 
သူ့စကာလုံးများက ပြောသာ ပြောသွားသည်…. ဘာမှထူးသွား
သည့်ပုံမရ….။ 

“ဟင်းးး ” 
အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးမှ ရွဲ့လော် အသက်ပြင်း
ခပ်လေးလေး ချလိုက်သည်။ သူ မတ်တပ်ရပ်လိုက်ပြီ ရှောင်
ယွင်ဆီကို လျှောက်လိုက်ကာ ပြုံးလိုက်ပြီ

“ အဲဒီ့ ကုဟီ ဆိုတဲ့ ငနဲက အဆင့်၆ မှော်ဆေးပညာရှင်ထက် 
ဘာမှ မပိုပါဘူး… သူ့ကိုယ်သူ ဆေးလုံးဘုရင် လို့ ခေါဖို့ ထိုက်
တန်ပြီလား… မှော်ဆေးလုံးဖော်စပ်သည့်အပြင် တခြား သူ ဘာ
လုပ်တတ်သေးလဲ..”

ဒီလိုသဘောထားနှင့် ရွဲ့လော် ပြောဆိုနေတာကို ကြားလိုက်ရ
တဲ့အခါမှာ ရှောင်ယွင်မျက်နှာက ချက်ချင်းပင် ပြုံးပျော်သွား
ကာ သဘောကျသွားသည်။ ဒီအချိန်မှာ ထူးခြားကြီးကျယ်သော 
သူ့ဆရာက နောက်ဆုံးတော့ သူ့၏ အရည်အချင်းကို ထုတ်ပြ
တော့မည်ဆိုတာ သူသိလိုက်သည်။။ 

“ မနက်ဖြန်… ပစ္စည်း နည်းနည်း သွားဝယ်ရမယ်… ချီစုစည်း
ဆေးလုံးဆိုတာ သကြားလုံးလို မင်းစားနိုင်စေရမယ်..ဟဟ
နာလန်ကလန်မှာတောင် ဒီလိုမျိုး ရှိတယ်လို့ ပြောရင်တောင်
ငါတော့ မယုံဘူးဟေ့ ”

ရွဲ့လော်က လက်နှစ်ဖက်ကို အနောက်ပစ်ထားပြီ ဂုဏ်ယူနေ
တဲ့လေသံမျိုးဖြင့် သရော်လိုက်ပြီနောက် ရယ်မောလိုက်ချေ
သည်။။။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...