50 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 50. အကူအညီလိုလား??
ဒိုချီကျင့်စဉ်စာလိပ်ကို ကိုင်ပြီ အခန်းကနေ ထွက်ခွာသွား
တာကိုကြည့်ကာ ရှင်းအာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်း
ကို ဘာညာယမ်းလိုက်ပြီ ရေရွတ်လိုက်သည်။
" ရှင်းအာ အကိုရှောင်ယွင်ကို ယုံကြည်ပါတယ်လေ.. "
ရှောင်ယွင် အခန်းအပြင်ကို ထွက်လာပြီနောက် အံသြနေ
ကြသည့် မျိုးနွယ်လူငယ်တွေကို ကြည့်လိုက်သည်။ ပုခုံး
ဖွဖွ တွန့်လိုက်ပြီ ရှင်းအာကို စောင့်နေလိုက်ပြီနောက်
နှစ်ယောက်သား စကားတပြောပြောဖြင့် ခြေဦးတည့်ရာ
လမ်းကြောင်းထဲကို ဝင်ကြည့်လေသည်။
၂ နာရီမျှ အချိန်ရနေသေး၍ ဂေဟာအပြင်ထွက်ဖို့ကို
ရှောင်ယွင်နှင့် ရှင်းအာတို့ မလောကြချေ။ ပုံမှန်အချိန်မှာ
ဒိုချီကျင့်စဉ်ဂေဟာမှာ တားမြစ်နေရာဖြစ်၍ ဒီလိုနေ့မျိုးမှ
သာ ရတောင့်ရခဲ အခွင့်အရေးဖြစ်နေသောကြောင့်
အချိန်ရသလောက် ဝင်စပ်စုကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ
သည်။
မီး လမ်းသွယ်ကနေ နှစ်ယောက်သား ထွက်ခွာတော့မည့်
အချိန်မှာ ရှင်းအာမှာ တွေ့ကရာ အခန်းငယ်တစ်ခုကို ဝင်
လိုက်ပြီနောက် သူမဟာ အဆင့်နိမ့် ရွှင်းအဆင့် ဒိုချီကျင့်
စဉ်တစ်ခုကို ရလာခဲ့သည်။
ထို့နောက် ရှောင်ယွင်နှင့်အတူတူ တခြားစင်္ကြန်လမ်းများ
ကို ဝင်ပြီ လျှောက်လာခဲ့ကြသည်။
ဒီကနေ့ဟာ ဒိုချီကျင့်စဉ်ဂေဟာတွင် တစ်နှစ်ပတ်လုံးမှာ
အဆူညံဆုံးနေ့ ဖြစ်လိမိ့မည်။ လမ်းကြောင်းတိုင်းမှာ
များပြားလှတဲ့ လူငယ်တွေက နံရံနှစ်ဖက်ကြားမှာ အစု
အဖွဲ့နှင့် ရှိနေကြသလို အနီရောင်အတားအဆီးကို ချိုး
ဖျက်လိုက်နိုင်၍ စိတ်လှုပ်ရှားမှုကို မျက်လုံးမှာပင် ထင်း
ထင်းရှားရှား မြင်နေရသည့် တချို့လူငယ်တွေကိုလည်း
တွေ့နေရသည်။ အနီရောင်အတားဆီးတွေ ကျိုးပျက်
သွားတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံတွေ
ကြားရပါသေးသည်။ ဒီလို ပျော်ရွှင်နေကြသည့် ပတ်ဝန်း
ကျင်ထဲ ရောက်နေ၍ ရှောင်ယွင်တောင်မှ သူမျက်နှာမှာ
ပြုံးယောင်ယောင် ဖြစ်နေသည်။
နောက်ထပ် လမ်းကြောင်းတစ်ခုကနေ ပြန်ထွက်လာချိန်
မှာတော့ ရှောင်ယွင် အချိန်ကို သတိထားမိလိုက်သည်။
အညောင်းဆန့်ပြီ ရယ်မောလိုက်ကာ ပြောလိုက်သည်။
" ကဲ ငါတို့ သွားသင့်ပြီ.. အချိန်က ကုန်တော့မယ်.. "
ရှင်းအာ ခေါင်းညိတ်လိုက်ပြီ ရှောင်ယွင်နဲ့အတူ ထောင့်
ချိုးကနေ ပြန်လှည့်လိုက်ပြီနောက် ဒိုချီကျင့်စဉ်ဂေဟာ
ထွက်ပေါက်တံခါးမဆီကို ဦးတည်လျှောက်သွားကြသည်။
နှစ်ယောက်သား လမ်းသွယ်တစ်ခုကို ဖြတ်လျှောက်
လာခဲ့သည့်အချိန်မှာ ရှောင်ယွင် ရုတ်တရက် မျက်ခုံးပင့်
ကာ အံသြသွားခဲ့သည်။ မနီးမဝေးမှာ သူမြင်နေရတာက
အနီရောင်အင်္ကျီဝတ်စုံနှင့် ရှောင်မိန်ပဲ ဖြစ်သည်။ သူမ
၏ ညှို့ဓာတ်ပြည့်သော မျက်နှာလေးမှာ နီမြန်းနေပြီ
အတားအဆီးပြင်တစ်ခု၏ အရှေ့မှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်လို့နေသည်။
သူမ အမူအရာကို အကဲခတ်ရရင် ဒိုချီကျင့်စဉ်ကို ယူဖို့
သူမဟာ အတားအဆီးပြင်ကို ချိုးဖောက်တဲ့နေရာမှာ
အစွမ်းကုန်ကြိုးစားခဲ့ရဟန် ရှိပြီ ဒါပေမဲ့ အတားအဆီးပြင်
ကိုတော့ ကွဲကြေသွားအောင် ချိုးဖောက်နိုင်ခဲ့ဟန်လည်း
မရှိပါဘူး။
ဒီကနေ့မှာ ရှောင်မိန်လေးဟာ လှပတဲ့ အနီရောင်အင်္ကျီ
လေးကိုဝတ်ဆင်ထားပြီး စကပ်ကျပ်ကျပ်လေးနှင့်အတူ
ဖဲကြိုးလေးတစ်ချောင်းကိုလည်း ခါးမှာ ပတ်ထားသည်။
ဒါပေမဲ့ အခုချိန်မှာတော့ အပြစ်ကင်းပြီ ချစ်စရာကောင်းတဲ့
သူမမျက်နှာလေးက စိုးရိမ်တကြီး ဖြစ်နေပြီ မျက်ခုံးကြော
လေးကို ရှုံ့ထားသည်။ ပြီးတော့ တခြား မျိုးနွယ်လူငယ်
တွေကလည်း သူမအနားမှာ တစ်ဝဲလည်လည်နှင့် စကား
ပြောဖို့ ကြိုးစားနေကြသည်။
......
ရှောင်မိန်၏ စိတ်အခြေအနေမှာ ဆောက်တည်ရာ မရ
ဖြစ်လာသည်။ သူမမှာ ကြံရာမရ၍ အသည်းအသန်ဖြစ်နေ
ပါပြီ။ ဒီနေ့မတိုင်ခင် မနေ့က သူမအဖေက သူမကို အခန်း
နံပါတ်အား လျှို့ဝှက်စွာ ပြောပြထားခဲ့သည်။ သူမအတွက်
၎င်းကျင့်စဉ်က အရေးကြီး၍ အရယူထားဖို့လည်း မှာကြား
ထားသည်။ ရှောင်မိန်သာ လေစွမ်းအင် အထူးပြုသည့်
ဤ အဆင့်မြင့်ဟွာင်းအဆင့် ကျင့်စဉ်ကိုသာ ရယူကျင့်နိုင်
ခဲ့ပါက မျိုးနွယ်ထဲရှိ တခြားလူငယ်တွေထက် ခေါင်းတစ်လုံး
သာစေနိုင်မည်ဆိုတာကို သူမအဖေက ကောင်းကောင်း
သိထားသည်။
ရှောင်မိန်အဖေဆီဟာ အခန်းနံပါတ်ကို ရခဲ့ပေမဲ့ ၎င်း
အခန်း၏ အဝင်အတားအဆီးပြင်ထူထဲမှုကို ထည့်သွင်း
စဉ်းစားဖို့ ဂရုစိုက်ပါချေ။ ရှောင်မိန်ဟာ အခန်းအပြင်မှာ
တစ်နာရီနီးပါးမျှ အချိန်ကုန်လွန်သွားပေမဲ့ ယခုအချိန်
အထိ ၎င်း၏ အတားအဆီးကို ချိုးဖျက်နိုင်ခြင်း မရှိသေး
ပါဘူး။ တခြားလူငယ်တွေများလည်း ရှောင်မိန်ကို မျက်နှာ
လိုမျက်နှာရ လုပ်ချင်၍ ကူညီပြီ ချိုးဖျက်ကြည့်ပါသော်
လည်း အတားအဆီးပြင်မှာ တုတ်တုတ်တောင် မလှုပ်ချေ။
ဤ အနီရောင် အလင်းဖြင့် ဖွဲ့တည်ထားသော အတား
အဆီးပြင်၏ သဘောမှာ တစ်ကြိမ်မှာ လူတစ်ယောက်
သာ ချိုးဖျက်ခွင့်ရှိသည်။ တကယ်၍ လူနှစ်ယောက်
ထက်ပိုပြီး ချိုးဖျက်ခဲ့လျှင် ၎င်း၏ ထူထဲမှုအားကို အလိုလို
တိုးမြင့်လိုက်သည်။ ဒါဟာ ပုံးပေါက်နှင့် ရေခပ်နေသလို
နှင့် ဆင်တူပေလိမ့်မည်။ ဘာမှ အကျိုးမထူးချေ။
အချိန်ကာ နှစ်နာရီပြည့်ဖို့ နီးကပ်၍ လာသည်။ တကယ်၍
ဤအတားအဆီးကို ချိုးဖျက်ပြီ အထဲမဝင်နိုင်ခဲ့ရင် ရှောင်
မိန် လက်ဗလာဖြင့်သာ ပြန်ထွက်ရတော့မည်။ တကယ်လို့
သာ ဒိုချီကျင့်စဉ်တစ်ခုမှ မယူလာနိုင်ခဲ့ရင် ဘာတွေဖြစ်
လာနိုင်မလဲဆိုတာကို စဉ်စားမိတဲ့အခါ ရှောင်မိန် မျက်ဝန်း
လှလှလေးနှစ်ဖက်မှာ မျက်ရည်ဥလေးတွေ တွဲခိုလို့ လာ
သည်။ သူမ ခေါင်းကို ခါယမ်းလိုက်ပြီ ခါးသီးစွာ ပြုံးပစ်
လိုက်သည်။ မျက်ရည်စတွေနဲ့ သူမ၏ အမြင်မှာ မကြည်
မလင် မသဲမကွဲဖြစ်နေသည်။ ဘေးပတ်လည်ကို ကြည့်
လိုက်တဲ့အခါမှာတော့ သူမ ရင်းနှီးနေသည့် လူတစ်
ယောက်ကို တွေ့လိုက်၍ သူမ မျက်ဝန်းမှာ အနည်းငယ်
တောက်ပသွားသည်။ သူမနှင့် မနီးမဝေးမှာ အနက်ရောင်
အဝတ်နှင့် လူငယ်တစ်ယောက် သူရဲ့လက်နှစ်ဖက်ကို
အနောက်ပစ်ထားပြီ မျက်နှာလည်း တည်ငြိမ်ခြင်းနှင့်
မတ်တပ်ရပ်နေသည်။
ရှောင်ယွင်ကို မြင်လိုက်၍ ရှောင်မိန် မျက်ရည်စတွေကို
သုတ်လိုက်သည်။ ပထမတော့ သူမ အရှုံးပေးလိုက်မည်
စိတ်ကူးထားသော်လည်း ရှောင်ယွင်ကို မြင်လိုက်ရသည့်
အခိုက်မှာ သူမရင်ထဲမှာ မျှော်လင့်ချက် တစွန်းတစ်စလေး
ဖြစ်ပေါ်လာသည်။ မျက်ရည်စီးကြောင်းလေးကို သုတ်
ဖျက်လိုက်ပြီ နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ ရှောင်ယွင်ဆီ
က အကူအညီကို ရဖို့ မျှော်လင့်ချက်ဖြင့် သူ့ဆီ လျှောက်
သွားလိုက်သည်။
ရှောင်မိန် အနားက လူငယ်လေးတွေဟာ ရှောင်မိန်၏
ပြောင်းလဲသွားတဲ့ အမူအရာကို သတိထားမိပြီ ရှောင်မိန်
ကြည့်နေတဲ့ အရပ်ကို လှည့်ကြည့်လိုက်ကြလေရာ ရှောင်
ယွင်ကို မြင်သွားကြသည်။ တီးတိုးအသံတွေ တဖြည်းဖြည်း
တိုးညှင်းသွားသလို အားလုံးရဲ့ အကြည့်တွေမှာ လေးစား
ခြင်းတွေက ဖြစ်ပေါ်လာသည်။ မူလက ဆူညံနေသည့်
လမ်းကြောင်းမှာ ရုတ်ခြည်းပင် တိတ်ဆိတ်သွားလေသည်။
လူဆယ်ယောက်ကျော်တို့၏ အကြည့်အောက်မှာပဲ
ရှောင်ယွင် စိတ်မဝင်စားသော အကြည့်ဖြင့် ဆက်လက်
လျှောင်လှမ်းသွားသည်။ စကားစပြောဖို့ စကားလုံးရှာမရ
ဖြစ်နေသည့် ရှောင်မိန်ကိုလည်း တစ်ချက်မှ လှည့်မကြည့်
ဘဲ အရှေ့ကိုသာ ဆက်လျှောက်သွားကာ သူမကို ကျော်
လွန်သွားခဲ့သည်။
သူမကို ဂရုမစိုက်ဘဲ ကျော်သွားသော ရှောင်ယွင်ကို ကြည့်
ကာ ဂရုပင်မစိုက်သွားသော သူ၏လုပ်ရပ်ကြောင့် ရှောင်မိန်
မှာ အံ့အားသင့်သွားပြီ ပါးစပ်လေးမှာ ခပ်ဟဟလေး ဖြစ်
သွားသည်။ ခနလေးအကြာမှာ သူမ၏ မျက်နှာလှလှလေး
မှာ အားငယ်သွားဟန်ရှိပြီ ခေါင်းလေးကို အသာအယာ
ယမ်းလိုက်သည်။ အတိတ်ကာလတုန်းက သုံးနှစ်လုံးလုံး
ရှောင်ယွင်အပေါ် ပြုမူခဲ့တဲ့ သူမ၏ သဘောထားကို သတိရ
လိုက်တဲ့အခါ သူမရင်ထဲ တိုးထွက်လာတဲ့ ဒေါသဟာ
အလျင်အမြန်ပဲ ပျောက်ကွယ်သွားသည်။
" အော် ငါ ဝဋ်ပြန်လည်တာပါလား.. ငါဟာ တကယ်
ကို စက်ဆုပ်ဖို့ကောင်းတဲ့ လူပါလား.. ကိုယ် မျိုးစေ့ချတာ
ကို ကိုယ်ပြန် ရိတ်သိမ်းရတာပဲလေ."
သူမ ကိုယ်လုံးလေးဟာ အနည်းငယ် ကျုံ့ဝင်သွားပြီ
အောင့်အည်းထားတဲ့ ရှိုက်သံလေးဟာ တိတ်ဆိတ်နေတဲ့
လမ်းကြောင်းထဲမှာ တိုးတိုးလေး ပဲ့တင်ရိုက်ခတ်နေသည်။
ရှောင်မိန်လေးဟာ ညင်သာစွာ ရှိုက်ငိုမိပြီ မြေပြင်ပေါ်
ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ဒါပေမဲ့ တစ်စုံတစ်ရာ
မူမမှန်သည့် အငွေ့အသက်ကို ခံစားမိလိုက်၍ ဖြည်ညှင်းစွာ
ဖြင့် သူမ၏ အငိုမျက်နှာလေးကို မော့ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းရောက်သွားပြီ ဖြစ်တဲ့ လူငယ်ဟာ အနောက်
ကို ပြန်လှည့်လိုက်ပြီ ရှောင်မိန်ဆီကို အေးဆေးစွာ ပြန်
လျှောက်လာခဲ့သည်။
" အရှေ့ကနေဖယ်... "
ရှောင်ယွင်က ရှောင်မိန်ကို တစ်ချက်ကြည့်လိုက်ပြီ
စိတ်မဝင်စားတဲ့လေသံဖြင့် ပြောလိုက်သည်။
" ဟင်.. အိုး... "
ငေးကြည့်နေသည့် ရှောင်မိန်ဟာ ချက်ချင်းပဲ ဣနြေ္ဒပြန်
ဆယ်လိုက်ကာ သူမ၏ ချောမောလှပသည့် မျက်နှာမှာ
အပြုံးလေးတွေ ပြန်ရောက်လာသည်။ ပြီးတော့ လိမ္မာပြီ
နာခံတတ်သည့် ကလေးတစ်ယောက်လို ချက်ချင်းပဲ
လမ်းဖယ်ပေးလိုက်သည်။ လမ်းကြောတွင် ရှိနေသော
လူတွေ၏ စပ်စုချင်စိတ်ပြင်းပြပြီ ကျေးဇူးတင်သော
အကြည့်တွေအောက်မှာပဲ အခန်းတံခါးမှာ ကာဆီးထားသော
အနီရောင်အလင်းဖြင့် ဖွဲ့တည်ထားသည့် အတားအဆီးပြင်
အရှေ့မှာ ရှောင်ယွင် သွားရပ်လိုက်လေသည်။ သူ့ရဲ့
လက်ဝါးပြင်ကို ဆန့်ထုတ်လိုက်ပြီ ဖြည်းညှင်းစွာ အသက်
ရှုလိုက်သည်။
လူအားလုံးဟာ ငြိမ်သက်စွာဖြင့် ရပ်နေကြသည်။ ရုတ်တ
ရက် မိုးကြိုးလိုအလျင်မျိုးနှင့် သူ လှုပ်ရှားလိုက်ပါပြီ။ ခန္ဓာ
ကိုယ်ကို စောင်းပြီ ခြေထောက်ကို အပေါ်မြှောက်လိုက်ပြီ
ကြိမ်နှင်တံတစ်ခုလို အပေါ်မှအောက် ဆောင့်ကန်လိုက်
လေရာ လေထုကို ဖြတ်ခွင်းသွား၍ လေတိုးသံတဟူးဟူး
ပင် ထွက်လာချေတော့သည်။
" ဘန်းးး "
အကြင်နာမဲ့သော ခြေကန်ချက်က အတားအဆီးပြင်ပေါ်
ကျရောက်သွားပြီ ၎င်း မျက်နှာပြင်တစ်လျှောက် လှိုင်းတွန့်
လေးများ ရိုက်ခတ်သွားပြီ ဘောင်ဘင်ခတ်သွားသည်။
ခဏမျှအကြာမှာ အားလုံးက ကြည့်နေစဉ်မှာအတွင်း
အတားအဆီးပြင်ဟာ ပြိုကျသွားသည်။ သူ့ရဲ့ ခြေထောက်
က လေထဲမှာပဲ ရပ်တန့်နေပြီနောက် ခြေထောက်ကို
တဖြည်းဖြည်းပြန်ကွေးချလိုက်သည်။ လည်ပင်းကိုလည်း
ဆတ်ခနဲ ချိုးလိုက်ပြီ အနောက်လှည့်ကာ အဝေးမှာ ရပ်
စောင့်နေဆဲ ရှိနေသည့် ရှင်းအာဆီကို လျှောက်သွားလိုက်
သည်။
" အကို.. ကျေးဇူးတင်ပါတယ်.. အားလည်းနာပါတယ်.. "
သူမကို ဖြတ်ကျော်သွားတဲ့အချိန်မှာ ရှောင်မိန် မဝံ့မရဲဖြင့်
လှမ်းပြီ ကျေးဇူးတင်လိုက်သည်။
" အင်း.. "
မာနတွေ မရှိတော့တဲ့ မိန်းကလေးကို ငဲ့ကြည့်လိုက်၍
ခေါင်းတချက် ညိတ်လိုက်ပြီနောက် မျိုးနွယ်လူငယ်တွေ
၏ လေးစားအားကျသော အကြည့်အောက်မှာပဲ ထွက်
ခွာ ပျောက်ကွယ်သွားတော့သည်။
..........
No comments:
Post a Comment