62 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 62 - ရိုက်ခြင်း
လေလံအိမ်ကနေ ထွက်လာခဲ့ပြီးတော့ ရှောင်ယွင်က လမ်းပေါ်မှာ ဟိုသည်လှည့်ရင်း အချိန်ဖြုန်းနေလိုက်တယ်..။ ပတ်ဝန်းကျင်မှာ လူတွေ သိပ်မရှိတော့တာကို မြင်ရတော့မှ အနီးအနားက လမ်းကြားတစ်ခုထဲကို ပြေးဝင်လိုက်တယ်..။ ပြီးတော့ ရှောင်ယွင် ညည်းညူပြောလိုက်တယ်..
“ ဆရာဗျာ..ဆရာလုပ်တာနဲ့ ပေါ်ကုန်တော့မှာပဲ... ”
“ ဟီဟီ.. ငါ ဘာလုပ်လို့လဲ.. ငါလုပ်ပေးတာ မင်းဖြစ်ချင်နေတဲ့ ဆန္ဒတွေပဲ မဟုတ်လား..? ”
ပုံစံက ရိုးရိုးစင်းစင်းဖြစ်နေတဲ့ အနက်ရောင်လက်စွပ်ကနေ ရွဲ့လော်ရဲ့ ရယ်သံ ထွက်ပေါ်လာတယ်..။
ဒီစကားကြောင့် ရှောင်ယွင်မှာ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်…။ သူ့အဖေကိုလည်း နည်းနည်း အားနာနေသလိုမျိး ခံစားနေရတယ်..။ သူ နှစ်ခါစလုံး လေလံတင်လိုက်တိုင်း သူ့အဖေဆီကပဲ ပိုက်ဆံကို ဖြုန်းခိုင်းနေသလို ဖြစ်နေတယ်..။ အနက်ရောင်ဝတ်ရုံကို မြောင်းထဲ ကန်ထည့်လိုက်ပြီတော့ တိုးတိုးလေး ပြောလိုက်တယ်..
“ ရှောင်ကလန်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရှာပြီ သူ့ကို ပြန်လျော်ပေးရမယ်.. ဒါဆိုရင် သူ့အတွက် နည်းနည်းတော့ အမြတ်ထွက်မှာပါ..”
လက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို သူ့ရဲ့ အင်္ကျီရင်ဘက်ထဲကို ဖိသိပ်ပြီ သွင်းလိုက်တယ်..။ ပြီတော့ လမ်းကြားကနေ ထွက်လာခဲ့ပြီ ရှောင်ကလန်ရဲ့ အိပ်ဆောင်ဆီကို ကမန်းကတန်း ပြန်သွားတယ်..။
ရှောင်ကျန်းနဲ့ တခြားသူတွေက ပြန်မရောက်ကြသေးလို့ ကလန်ထဲမှာ လူတွေ သိပ်မရှိကြဘူး..။ တံခါးဝမှာ စောင့်ကြပ်နေတဲ့ အစောင့်တွေကလည်း သူတို့ကလန်ရဲ့ စူပါပါရမီရှင် သခင်လေးကို မြင်တဲ့အခါ သူ့ကို မဟန့်တားရဲကြတော့ပါ။ အစောင့်တွေရဲ့ အပြုအမူကို မြင်လိုက်ရတော့ ရှောင်ယွင် တချက်ပြုံးလိုက်ပြီ အထဲကို ၀င်သွားလိုက်တယ်။
ထို့နောက် ခပ်သုတ်သုတ်လေး ပြေးသွားလိုက်ပြီ ရှောင်ယွင်က သူ့အခန်းကို ပြန်ရောက်သွားခဲ့တယ်..။ သူ့ရင်ဘက်ထဲက ဆေးပါဝင်ပစ္စည်းတွေကို ထုတ်လိုက်တယ်..။ ဒီ ဆေးပင်တွေကို ရတနာတစ်ပါးလို သူ သဘောထားပြီတော့ ကိုင်တွယ်တယ်။ ဆေးပင်နဲ့ အခြားပစ္စည်းတွေကို လက်နှစ်ဖက်နဲ့ သေချာမယူပြီ စားပွဲပေါ် တင်လိုက်တယ်..။
ပထမဆုံးတစ်ခုက အရွက်တွေက မှင်ရည်လိုမျိုး မည်းနက်တဲ့ အရွက်နဲ့ နည်းနည်း ၀ါကျင့်ကျင့် ဖြစ်နေတဲ့ အပင်ဖြစ်တယ်..။ ဒီအပင်ကို မှင်အရွက် ကြာပင်လို့ခေါ်တယ်..။ အပင်ရဲ့ အရွက်က အပင် သက်တမ်း ၁၀ နှစ်ရှိနေတာကို ပြောပြနေသလိုပဲ။
မြွေအဆိပ်သစ်သီးကတော့ လုံးဝိုင်းတယ်..။ အရွယ်အစားကလည်း လက်သီးဆုပ်တစ်ဝက်လောက် ရှိတယ်..။ အစိမ်းနက်အရောင်ရှိတဲ့ ဒီသစ်သီးကို အနံ့ခံပြီ ရှုကြည့်လိုက်ရင် ချိုမွှေးတဲ့အနံ့ နဲ့ ချဉ်စူးတဲ့အနံ့ကို ရလိမ့်မယ်..။ မြွေအဆိပ်သစ်သီးဆိုတာ တော်တော်ကို ရှားပါတယ်..။ ဒီသစ်သီးကို အဆင့်၅ ဒါမှမဟုတ် ဒီထက်ပို အဆင့်မြင့်တဲ့ မှော်မြွေ သားရဲတွင်းကနေပဲ ရနိုင်တယ်။ ဒီသစ်သီးက မြွေတွေနဲ့ ဆက်နွယ်နေလို့ သစ်သီမှာ အေးမြတဲ့ ယင်သဘာဝတွေ အများကြီးပါဝင်ပါတယ်..။ အဲဒါကြောင့်မို့ ဆေးဖော်စပ်တဲ့အခါမှာ ဆေးအစွမ်းထက်ဖို့ ကြားခံအနေနဲ့ သူ့ကို မကြာခဏ သုံးကြပါတယ်။
ဝိညာဉ်ပေါင်းစည်းမြက်ပင်ဆိုတာကလည်း ကြည့်လိုက်ရင် သာမန်မြက်ပင်ပုံစံမျိုးပါပဲ..။ သေးသွယ်ပြီတော့ အဖျားမှာ အ၀ါရောင်အလင်း ရှိနေတယ်..။ အလင်းက ထင်ရှားလေ မြက်ပင်ရဲ့စွမ်းအင်ကလည် ပိုပြီသန့်စင်လာလေ ဖြစ်တယ်။
ဆေးပင်တွေကို တစ်ခုပြီတစ်ခု ကြည့်လိုက်ပြီတဲ့အခါမှာတော့ ရှောင်ယွင်က အသံကို နှိမ့်လိုက်ပြီ စိတ်မရှည်တော့တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်..။
“ ဆရာ.. ပစ္စည်းတွေ အားလုံးလည်း ရှိနေပြီ.. ကျွန်တော်တို့ စလိုက်တော့မလား.. ”
“ ဘာဖြစ်လို့ စိတ်မရှည် ဖြစ်နေရတာတုန်း.. မသိလို့ရှိရင် ဒီဆေးပင်က သူ့ဘာသာ ခြေထောက်ပေါက်ပြီ ထပြေးတတ်တာကျနေတာပဲ.. ငါတို့ ဆေးကို သန့်စင်တဲ့အချိန်ကျရင် လုံးဝကို အနှောင့်အယှက်ရှိလို့မရဘူး.. အပြင်မှာ အလင်းရောင် ရှိနေတုန်းပဲ.. တကယ်လို့ တစ်ယောက်ယောက်က ၀င်လာခဲ့ရင် ငါတို့ အနှောင့်အယှက်ခံရရင် ဘယ်လိုလုပ်မလဲ… ငါတို့အကြောင်းကို သိသွားမယ်.. ဒီ ဆေးပစ္စည်တွေကလည်း ပျက်စီးသွားလိမ့်မယ်..”
လက်စွပ်ထဲကနေ ရွဲ့လော်အသံက နောက်ထပ် ထွက်လာတယ်။
“ ညကျမှ လုပ်တာ ပိုကောင်းတယ်.. ”
ဒီစကားကို ကြားရတော့ ရှောင်ယွင် စိတ်ဓာတ်ကျပြီ အသက်ပြင်းချလိုက်ပြီတော့ ခေါင်းခါလိုက်တယ်..။ ဆေးပင်ဆေးရွက်တွေကို ဘီရိုထဲ ဖွက်ထားပြီးတော့ တခြား သူဘာလုပ်လို့ရမှာလဲ.. အိပ်ယာမှာ လှဲပြီတော့ ညရောက်တဲ့အထိ စောင့်ရမှာလား..?
နာရီဝက်လောက် သူ အိပ်ရာထဲ လှဲနေတဲ့အချိန်မှာပဲ သူ့အခန်းတံခါးကို တစ်ယောက်ယောက်က ဘန်းခနဲ ကန်ဖွင့်လိုက်တယ်..။
ဆွဲဆောင်မှုရှိပြီ သွယ်ပျောင်းတဲ့ ခြေတံတစ်စုံက အခန်းထဲ လျှောက်ဝင်လာတယ်..။ ၀င်လာတဲ့သူက ရှောင်ယုပဲ ဖြစ်တယ်..။ သူမက အခန်းထဲကို ကြည့်လိုက်တော့ အခန်းထဲမှာ ငိုက်မြည်းနေတဲ့ ရှောင်ယွင်ကို တွေ့လိုက်တယ်..။
သူမက အေးစက်တဲ့ လေသံနဲ့ ခပ်ရွဲ့ရွဲ့လေး ပြောလိုက်တယ်..။
“ သခင်လေး.. ညနေစာကို လာမစားဘူးလား.. ညနေစာလာစားဖို့ လာခေါ်မှာကို မျှော်နေတာလား.. ”
ရှောင်ယွင်မှာ ငိုက်မြည်းနေရာကနေ အလန့်တကြားဖြစ်သွားတယ်..။ အိပ်ရာကနေ ထထိုင်လိုက်ပြီ ရှောင်ယုကို ကြက်သေသေပြီ ကြည့်နေလိုက်မိတယ်..။ ခဏနေကျမှ ရှောင်ယွင် ချွေးစီးပြန်သွားကာ
“ သေစမ်းဟ.. တော်သေးတာပေါ့.. ဒီအချိန်မှာ ဆရာ ဆေးသန့်စင်တာကို မလုပ်လိုက်မိတာ..ဒီမြေခွေးမကတော့..”
တကယ်လို့ ရှောင်ယုက တွေ့သွားခဲ့ရင်..!! ရှောင်ယွင် စိတ်ကူးကြည့်လိုက်တာနဲ့တင် ရင်တုန်ပန်းတုန် ဖြစ်သွားတယ်..။ ရှောင်ယွင် ဂလုခနဲ တံတွေးမျိုချလိုက်တာကို တစ်ယောက်ယောက်ကတောင် ကြားနိုင်တယ်..။ ဒါပေမဲ့ သူ ရှောင်ယုကို လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဒေါသက သူ့ရင်ထဲမှာ ဆူပွက်လာတယ်..။
သူ့ရဲ့နှုတ်ခမ်းထောင့်က တွန့်ကွေးသွားတယ်..။ ရှောင်ယွင် အသက်ပြင်း အရှည်ကြီးချလိုက်ပြီတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်..။ သိပ်မကြာခင်က သူ့ရင်ထဲမှာ ကြောက်လန့်သွားတဲ့နေရာမှာ အမျက်ဒေါသက ရောက်လာတယ်..။
“ ငတုံးမ.. လူမှုကျင့်ဝတ်ကိုတောင် နင် မသိဘူးလား.. အခန်းထဲကို ၀င်လာလို့ရပါတယ်.. ဒါပေမဲ့ တံခါးခေါက်ရတယ်ဆိုတာ မသိဘူးလား.. သွန်သင်ဆုံးမတာ မခံခဲ့ရဘူးလား.. ”
ရှောင်ယွင် ထိန်းမနိုင်သိမ်းမနိုင် ဒေါသတကြီး ဖြစ်နေတာကို ပထမဆုံးအကြိမ် ရှောင်ယု မြင်ဖူးခြင်း ဖြစ်တယ်..။ ရှောင်ယွင်က သူမကို ငတုံးတစ်ကောင်လို ကြည့်နေပါတယ်။ ဆက်တိုက်ကို ကြမ်းကြမ်းတမ်းတမ်းပြောပစ်လိုက်တဲ့ ရှောင်ယွင်စကားကြောင့် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာက ဖျော့တော့သွားပြီ တစ်ချိန်တည်းမှာပဲ သူမက အံကြိတ်လိုက်တယ်..။
“ ကောင်စုတ်..ငါ မင်းရဲ့ အခန်းတံခါးကို ကန်တယ်ကွာ.. ဘာဖြစ်လဲ.. ဒီနေ့ကစပြီ မင်းရဲ့ အခန်းတံခါးကို ငါ နေ့တိုင်းလာကန်မယ်.. ”
ရှောင်ယုက သူ့ကို စော်ကားနေလေရာ ရှောင်ယွင်မျက်နှာက ဖြူဖျော့သွားတယ်..။ ထို့ကြောင့် သူ လက်သီးကို မြှောက်ပြီ ဆုပ်လိုက်တယ်..။
“ လေဟာနယ်လက်ဝါး..”
ပြင်းထန်အားကောင်းတဲ့ စုပ်လေအားက ရှောင်ယွင်လက်ဝါးပြင်ကနေ ထွက်ပေါ်လာပြီ ရှောင်ယုကို ဆွဲယူလိုက်တယ်..။ရှောင်ယုမှာ ယက်ကန်ယက်ကန်ဖြင့် အိပ်ရာအရှေ့မှာ မတ်တပ်ရပ်လျက်သား ရောက်သွားစေခဲ့ပြီတော့ ရှောင်ယွင်က သူမကို အိပ်ရာပေါ် ဆွဲလှဲပစ်လိုက်တယ်..။
အဆင့် ၉ ကို ရောက်သွားပြီနောက်ပိုင်းမှာ ရှောင်ယွင်ရဲ့ လေဟာနယ်စုပ်အားက အနည်းငယ် တိုးတက်လာခဲ့တယ်..။ အရင်ရက်တုန်းကဆိုရင် လူတစ်ယောက်ရဲ့အလေးချိန်ကို ရွေ့အောင်လုပ်ဖို့ဆိုတာ သူ့အတွက် ခက်ခဲပါတယ်..။ ဒါပေမဲ့ အခုတော့ တော်တော်လေး အဆင်ပြေနေပါပြီ..။
တိုးတက်လာတဲ့ စွမ်းရည်ကြောင့် ရှောင်ယွင် အနည်းငယ် အံ့သြသွားလိုက်ပေမဲ့လည်း ဒီခံစားချက်က သိပ်အကြာကြီး မခံလိုက်ဘူး..။ ဒေါသက ပြန်ဝင်လာတယ်..။ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီတော့ ရှောင်ယုရဲ့ ညှို့ငင်အားကောင်းလှတဲ့ ခြေထောက်နှစ်ချောင်းကို ဖမ်းချုပ်လိုက်ပြီ သူမရဲ့ ချပ်ရပ်ပြီ ချော့မွေ့တဲ့ ဗိုက်သားကို တက်ဖိထားလိုက်တယ်..။ ပြီးတော့ ခပ်မြန်မြန်ပဲ အရှေ့တက်ပြီ သူမရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်ထားလိုက်တယ်..။
ရှောင်ယွင်နဲ့ သူမ ကိုးရိုးကားရား ပုံစံကြီး ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူမ အရမ်းကို ထိတ်လန့်တွေဝေသွားတယ်..။
ခဏနေကျမှ သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ပါးပြင်က နီရဲလာပြီိ ပြင်းပြင်းထန်ထန်ကို ရုန်းထွက်ဖို့ ကြိုးစားပါတော့တယ်..။ အံကိုကြိတ်ပြီတော့ အော်ဟစ်လိုက်တယ်..။
" ခွေးကောင်.. ဖယ်စမ်း.."
ရှောင်ယုရဲ့ လက်နှစ်ဖက်ကို အတော်လေး ဖိချုပ်ထားနေရလို့ ရှောင်ယွင်မှာ တုန်လှုပ်လာခဲ့တယ်..။ ရှောင်ယုရဲ့ နောက်ထပ် ရုန်းကန်လိုက်တဲ့အချိန်မှာ ရှောင်ယွင်က ထပ်မဖိတော့ဘဲ သူမလက်ကို ဆွဲယူပြီတော့ ကောက်လှန်ပစ်လိုက်တယ်..။
သူမ ခန္ဓာကိုယ်က မှောက်ခုံဖြစ်သွားတာကြောင့် ရှောင်ယုရဲ့ နောက်ကျော... မောက်မို့နေသော တင်သား...လှပတဲ့ ခြေတံရှည်.. စတဲ့ ကောက်ကြောင်းလှိုင်းပြေတွေက ပြက်ပြက်ထင်ထင်ကို ပေါ်လွင်နေတော့တယ်..။
ဒါပေမဲ့ ရှောင်ယွင်မှာ ဒါတွေကို မကြည့်အား..။ အံကိုကြိတ်လိုက်ပြီ လက်ဝါးကိုလည်း မြှောက်လိုက်ပြီးတော့ လုံးဝကို မစဉ်းစားနေတော့ဘဲနဲ့ သူမရဲ့ လုံးတင်းနေတဲ့ တင်ပါးကို အားကုန် ရိုက်ချလိုက်တယ်..။
" ဖြန်းးး "
အသံပြတ်တစ်ခုက ထွက်ပေါ်လာပြီ အခန်းအထဲမှာတောင် ပဲ့တင်သံတောင် ဖြစ်သွားတယ်..။
" မှတ်ပြီးလား.. နောက်တစ်ခါ အခန်းထဲဝင်ချင်ရင်.. တံခါးအရင်ခေါက်ရတယ်.. "
...........
No comments:
Post a Comment