Followers

Chapter 52

52  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter - 52  အဆင့်တက်ခြင်း

ဒိုချီကျင့်စဉ်ရွေးချယ်ခြင်း ပြီးဆုံးသွားပြီနောက် ကလန်
တစ်ခုလုံးမှာ ပုံမှန်ထက် လူရှင်းသွားသလို ထင်ရသည်။ 
ဒိုချီအဆင့် ၇ ကို မတက်လှမ်းနိုင်ခဲ့သည့် ကလန်လူငယ်
များဟာ မျိုးနွယ်အိမ်၏ ပြင်ပနေရာတွင် ဖွင့်လှစ်ထားသော
စီးပွားရေးလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ရမည် ဖြစ်
သည်။ အဲ့ဒီနေရာတွေမှာ သူတို့၏ စီးပွားရေးအကြောင်း
ကို လေ့လာကြရမည်။ ဒိုချီကျင့်စဉ်ကို အောင်မြင်စွာ ယူ
နိုင်ခဲ့ကြသည့် အရည်အချင်းရှိတဲ့ ကလန်လူငယ်တွေ
က ပြင်းထန်သည့်လေ့ကျင့်ခန်းတွေနှင့် စတင်လေ့ကျင့်
နေကြသည်။ ဒိုချီကျင့်စဉ်မှာလည်း တတ်နိုင်သမျှ အလျင်
မြန်ဆုံး အရှေ့ရောက်ဖို့လည်း မျှော်လင့်ထားနေကြသည်။ 

ကောင်းကင်ကနေလုံးကြီးဟာ အလျှံတညီးညီး ပူပြင်း
နေပြီ မြေပြင်ကြီးကနေ ပြန်ရိုက်ခတ်လာသော အပူငွေ့
လှိုင်းများဟာ မီးဖိုကဲ့သို့ ပူကျစ်နေအောင် အပူက တလူလူ
လွင့်ပျံနေလျက်ရှိသည်။ မြေပြင်ပေါ်က ထွက်ပေါ်လာ
သော အပူကြောင့်ပဲလားမသိ... မြေပြင်ထက်က လေထု
ပါးလွှာပြင်လေးဟာ လှိုင်းတွန့်ထပြီ အမြင်တွေက မှုန်ရီရီ
ဖြစ်နေစေသည်။ 

ရှောင်ကလန်ကို ဝန်းရံထားသော တောင်တန်းကြီး၏
ထိပ်အနားမှာ ခပ်ထူထူ တောနက်တစ်ခု...

နေရောက်ခြည်အလင်းတန်းဟာ သစ်ရွက်ထူထူကြားထဲ
နေ ဖောက်ဆင်းလာပြီ သစ်ရွက်ကမ္ဗလာမြေသားပေါ်
မှာ နေပြောက်လုံးလေးများက ဟိုတကွက် ဒီတကွက်နှင့် 
မိုးကောင်ကင်ယံမှာ အပြည့်ရှိသော ကြယ်တွေနှင့် အလား
သဏ္ဍာန် တူနေပါတော့သည်။ 

၎င်းတောအုပ်လေးထဲမှာ လူအရိပ်နှစ်ခုဟာ ယှဉ်ပြိုင်
တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦး၏လက်ဝါးချင်း တွေ့
ဆုံးတဲအခါတိုင်း ဆူညံသံတွေ ဟိန်းဟိန်းထွက်ပေါ်နေ
သည်။ သိုင်းကွက်ဖလှယ်သည့်အခါတိုင်း လေပြင်းလေး
တိုက်ခတ်လာ၍ သစ်ရွက်ကြွေတွေကို လေပေါ်ကို ထိုး
ကော်ဝဲလွင့်စေသည်။ 

နောက်ထပ် ပြင်းထန်သော တစ်ရစပ် တိုက်ကွက်တွေနှင့် 
ရှောင်ယွင်ဟာ လက်နှစ်ဖက်စလုံးကို အသုံးပြုပြီ ရှင်းအာ၏ 
တိုးဝင်လာသော လက်ကို ပုတ်ထုတ်လိုက်လေရာ ဘုန်းခနဲ
ခပ်အုပ်အုပ်အသံက ထိရိုက်မှုနှင့်အတူ ထွက်ပေါ်လာသည်
တိုက်ခိုက်မှုတွေက ညင်သာဟန်ရှိသည်။ သို့သော် ထိရိုက်
တဲ့အခါမှတော့ ရက်စက်ပြီ ပြင်းထန်ခြင်းတွေက ချက်ချင်း
ထွက်ပေါ်လာသည်။ 

ပြင်းထန်းသော အားကို ရင်ဆိုင်လိုက်ရ၍ ရှောင်ယွင်
နှုတ်ခမ်းထောင့်လေး တွန့်ကွေးသလို အနောက်ကိုလည်း 
ခြေနှစ်လှမ်းစာမျှ ဒယိမ်းဒယိုင် အနောက်ဆုတ်လိုက်ရ
သည်။ ရှင်းအာမှာလည်း တစ်ချိန်လုံး လက်ဝါးချက်တွေ
ရိုက်ထုတ်နေရ၍ သူမ လက်ဖဝါးနုနုမှာ ပွန်းပဲ့ရာဒဏ်ရာ
တွေလည်း ရနေပါပြီ။ 

ရှောင်ယွင် အနောက်ကို ဒယိမ်းဒယိုင် ဆုတ်လိုက်ရတာ
ကိုကြည့်ပြီ ရှင်းအာ နှုတ်ခမ်းသားပေါ်မှာ အပြုံးလေးတစ်
ခုက ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူမ လက်ကို လေ
ထဲမှာ ဖြည်ညှင်းစွာ ကခုန်နေသကဲ့လို့ လှုပ်ရှားလိုက်ပြီ
ရွှေရောင်ပိုးသားကဲ့သို့ အလင်းတွေက သူမလက်ချောင်း
တွေမှာ ရစ်ပတ်လာခဲ့သည်။ 

" အရမ်းအားပြင်းတာပဲ.. " 

ကိုယ်ဟန် ပြန်ထိန်းလိုက်ပြီနောက် အနည်းငယ် ထိတ်လန့်
သွားကာ စိတ်ထဲမှာ ပြန်အားတင်းလိုက်ပြီ အသာယာ ပြုံး
နေသည့် ရှင်းအာကို ကြည့်လိုက်သည်။

ရှင်းအာမှာ သူမ၏နှုတ်ခမ်းကို သပ်လိုက်ပြီ ပြင်းထန်တော့
မည့်တိုက်ပွဲအရိပ်အယောင်ကိုပြသလိုက်ချေသည်။ 

သူ မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်ကန်နင်းလိုက်ပြီ 
အရှေ့ကို တဟုန်ထိုးပြေးလိုက်ရာ အပြေးအထမှာ မြေစိုင်ခဲ
များ လွင့်စင်သွားချေသည်။ 

ပြေးဝင်လာသော ရှောင်ယွင်ကို တစ်ချက် စိုက်ကြည့်လိုက်
ပြီ ရှင်းအာ နှုတ်ခမ်းထောင့်လေးက တွန့်သွားသလို သူမ
လက်မှာ ရွှေရောင်အလင်းက ပိုတောက်ပလာသည်။ 

ရှောင်ယွင် စပြေးလာသည့်အချိန်မှာ အနောက်မှာ မြေပြင်
အက်ရာက ထင်ကျန်ခဲ့သည်။ ရှင်းအာနှင့် သုံးပေအကွာ
မှာ တုံ့ခနဲရပ်လိုက်သည်။ ပြီးပြည့်စုံစွာ တုံ့ခနဲ ရပ်ချလိုက်
ပုံမှာ ရှောင်ယွင် မပြေးလာ.. မလှုပ်ရှားလာခဲ့သည့်အတိုင်း
ပင် ထင်မှတ်ရသည်။ 

သူ့၏ လှုပ်ရှားမှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည့်
ရှောင်ယွင်အစွမ်းကို မြင်လိုက်ရတဲ့အခါ ရှင်းအာ၏ ဆောင်း
ဦးရေပြင်လို ကြည်လင်သည့် မျက်လုံးမှာ လေးစားသည့် 
အရိပ်အယောင်က မနေနိုင်ဘဲ ထွက်ပေါ်လာသည်။ 

" ရှစ်ဆပြင်းထန်.. " 

ပြေးလာပြီ တုံ့ခနဲရပ်လိုက်ပြီးသည်နှင့် မြေပြင်ကို တဖန်
ဆောင့်ကန်နင်းလိုက်ပြီ ကိုယ်ကို လေထဲ တပတ် လှည့်
လိုက်ပစ်သည်။ ထိုလုပ်ဆောင်ချက်က သူ့၏ တိုက်ခိုက်မှု
အင်အားကို ပိုပြီ အားပြင်းစေသည်။ 

အရှိန်နှင့်အတူ သူ့ဘယ်ခြေထောက်ဟာ ပြင်းထန်စွာဖြင့်
ဝေ့ဝိုက်သွားရာ နားမခံသာသည့် လေတိုးသံက ထွက်
ပေါ်လာပြန်သည်။ ဖြုန်းခနဲ ခြေထောက်က ရှင်းအာဆီကို 
ဦးတည်သွားသည်။  

ရှောင်ယွင်၏ ပြင်းထန်သော ခြေကန်ချက် ဝင်လာသည်
ကို မြင်သည်နှင့် သူမ တစ်ချက်ခေါင်းနိမ့်လိုက်ပြီး အလင်း
ဖြင့် ဖွဲ့တည်ထားသော ဒိုင်းက လက်တွင်ထွက်ပေါ်လာကာ
ရှောင်ယွင်၏ ခြေထောက်ကို တုံ့ဆိုင်းမှုမရှိဘဲ အရှိန်ဖြင့်
လွှဲဆောင့်ချလိုက်သည်။ 

" ဘုန်း.."
ခပ်သိပ်သိပ် မြည်သံက ထိရိုက်မှုကနေ ထွက်ပေါ်လာပြီ 
မြေပြင်ပေါ်ရှိ သစ်ရွက်များက လေအဟုန်ထဲ လွင့်ထွက်
သွားပြီ စုတ်ပြဲလုနီးပါး ဖြစ်သွားသည်။ 

ခြေထောက်နှင့် လက် ခဏမျှတိုက်မိပြီနောက် တစ်စက္ကန့်
ပင်မကြာသည့်အချိန်မှာ နှစ်ယောက်စလုံး အနောက်ဘက်
ပြန်လွင့်သွားသည်။ လွင့်သွားသည့်အားက ရှောင်ယွင်
ခန္ဓာကိုယ်ကို လေထဲ ၁၄ ပေမျှ အနောက်ပြန် လွင့်စေသွား
သည်။ 

သူ့ရဲ့ ခန္ဓာကိုယ် အောက်မကျမီအချိန်မှာ အနားရှိ သစ်ပင်
တစ်ပင်ကို လက်ဝါးချက်ရိုက်ထုတ်ပြီ စုပ်ယူဆွဲအားဖြင့် 
မြေပြင်အပေါ် အကျသက်သာအောင် ဆန့်ကျင့် ဆွဲလိုက်
ပြီ အကိုင်းကနေတစ်ဆင့် လွှားခနဲ မြေပြင်ပေါ် ပေါ့ပေါ့ပါး
ပါး ကျသွားသည်၊ 

သူ ခေါင်းကို မော့ကြည့်လိုက်ရာ ရှင်းအာလည်း အလား
တူပင် အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရ
သည်ကို တွေ့လိုက်သည်။ ရှောင်ယွင် နှုတ်ခမ်းသပ်လိုက်
ပြီ ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။ 

" အခု သုံးလိုက်တာ ဘာဒိုသိုင်းလဲ..? "

" အဆင့်မြင့် ရွှင်းအဆင့် ဒိုသိုင်းပါပဲ.. စုပ်ယူတန်ပြန် တဲ့
ဒါကို ကျွမ်းကျင်တတ်မြောက်ထားရင် ရန်သူရဲ့ အင်အား
ကို တန်ပြန်သွားအောင် လုပ်လို့ရတယ်.. ရှင်းအာက အခုမှ
အခြေခံအဆင့်ပဲရှိသေးတယ်.. အဲ့ဒါကြောင့် တန်ပြန်အား
ကို ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ပို့နိုင်တာ.. " 

ရှင်းအား ပြုံးရင်း ဖြေလိုက်သည်။ 

ရှင်းအာပြောပြတာကို နားလည်သွားပြီနောက် အတွေးတစ်
ခုက ရှောင်ယွင် ခေါင်းထဲကို ရောက်လာသည်။ 
" အားတစ်ခုကို ယူသုံးပြီ တန်ပြန်တိုက်တယ်.. "

" အကိုရှောင်ယွင် သုံးသွားတဲ့ ဒိုချီသိုင်းကလည်း မဆိုးပါ
ဘူး.. ရှင်းအာသာ ဒိုကျဲအဆင့်ကို မရောက်နေဘူးဆိုရင် 
ဒီတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး.. " 
ရှင်းအာ မျက်လုံးကလေး မှိတ်လျက် ပြုံးရင်း ဆိုလိုက်၏။ 

ရှောင်ယွင် ဘာမှတ်ချက်စကားမှ မဆိုတော့ဘဲ ပခုံးကို
သာ တွန့်ပြလိုက်သည်။ ပျင်းရိစွာဖြင့် ပခုံးအကြောလျှော့
လိုက်လေသည်။ အဆင့်မြင့်တိုက်ပွဲဆိုတာ ကြွက်သားနာ
ကျင်မှုတွေနှင့် စိတ်ဓာတ်တောင့်ထားမှုတို့ကို အပြင်းအထန်
မောပန်းစေသည်။ 

မျက်နှာပေါ်မှာ ရေသီးကဲ့သို့ ကျဆင်းလာသော ချွေးစက်
များကို သုတ်လိုက်ရင်း ပူအိုက်ပြီ စိုထိုင်းသော ရာသီဥတု
ကို တိတ်တိတ် ကျိတ်ကျိန်ဆိုလိုက်ပြီ အင်္ကျီကို ချွတ်လိုက်
လေသည်။ အင်္ကျီမရှိတော့မှ ငယ်ရွယ်ပြီ တောင့်တင်း
အချိုးအစာကျသည့် ခန္ဓာကိုယ်က ထင်းခနဲ ထွက်ပေါ်လာ
သည်။ ကြွက်သားစိုင်များ ကြီးထွားသည်ဟု မဆိုနိုင်ပေမဲ့
လည်း သူ့၏ ခန္ဓာကိုယ်လေးအတွင်းမှာ ပေါက်ကွဲနိုင်
သည့် စွမ်းအားများ သိုလှောင်ထားသည်ဟု ထင်မှတ်ရလေ
သည်။ 

ရှောင်ယွင်၏ ဗလာကျင်းလျက်သား ရှိနေသည့် ကိုယ်ခန္ဓာ
အပေါ်ပိုင်းကို ရွှန်းရွှန်းစားစားလေး ကြည့်လိုက်ရင်း ရှင်း
အာ၏ လှပတဲ့ မျက်နှာမှာ သွေးရောင်လွှမ်းလာလေသည်။ 

သူ့ရဲ့ အဝတ်ကို ယူလိုက်ပြီ ကျောက်တုံးတစ်ခုမှာ မောပန်း
စွာ မှီထိုင်လိုက်သည်။ ရှင်းအာကို မျက်နှာမူပြီ ခပ်ယဲ့ယဲ့
လေး ပြုံးလိုက်ပြီ 
" ဟူးး  နှစ်လတောင် ရှိသွားပြီ .. အခုထိ အဆင့် ၈ မှာ
ရပ်နေတုန်းပဲ.. "

စိတ်ပျက်အားလျော့နေတဲ့ ရှောင်ယွင်အား ငေးကြည့်ရင်း
ရှင်းအာ နှုတ်ခမ်းစူလိုက်ပြီ တခစ်ခစ် ရယ်မောလိုက်သည်။ 
ရှောင်ယွင်အနားမှာပဲ ထိုင်လိုက်ပြီ ကျောက်တုံးကို မှီချ
လိုက်သည်။ ချွေးစိုနေသည့် ရှောင်ယွင် အင်္ကျီိကို ယူ
လိုက်ပြီ ရှောင်ယွင် ကိုယ်ကို ခြောက်သွေ့အောင် ညင်
ညင်သာသာလေး သုတ်ပေးလိုက်သည်။
" အဆင့်၈ ကနေ အဆင့်၉ အပိုင်းက အခက်ဆုံးအဆင့်ပဲ
အကိုရှောင်ယွင် စိတ်မရှည်တာ မဖြစ်ပါနဲ့..အချိန်သာ
ရောက်လာခဲ့ရင် ဖြစ်လာပါလိမ့်မယ်.. " 
ရှင်းအာ ပြောနေရင်း စူစူးစိုက်စိုက်ကြည့်နေသလိုခံစား
လိုက်ရ၍ မော့ကြည့်လိုက်ရာ ရှောင်ယွင် သူမကို စူး
စိုက် ကြည့်နေတာကို တွေ့လိုက်သည်။ သူမ မျက်နှာ 
နီမြန်းသွားပြီ နှုတ်ခမ်းကို စူလိုက်ကာ အော်လိုက်သည်။ 

" အကိုရှောင်ယွင်.. " 

မိန်းမပျိုလေး၏ ငြိမ့်ညောင်းပြီ သာယာတဲ့ အော်အသံက
တောအုပ်ထဲမှာ လတ်ဆတ်တဲ့ လေပြည်လေးလိုပါပဲ။ 
ရာသီဥတုက အတော်ပင် ပူအိုက်နေ၍ ရှင်းအာက သူမ၏ 
လည်ဂုတ်သား ဖြူနုနုမှာ ကြိုးလေးဖြင့်ချိတ်ဆွဲထားရသော 
အစိမ်းဖျော့ဖျော့ ဒူးဖုံးလေးကို ဝတ်ဆင်ထားသည်။ ပြီး
တော့ သူမ၏ ဖွံ့ဖြိုးနေပြီသော မုန့်ချိုလေးကလည်း ဝတ်
ဆင်ထားသော အဝတ်အစားနှင့် လိုက်ဖက်စွာ ကောက်
ကြောင်းလေးများအထင်းသား ပေါ်လွင်နေသည်။ ငယ်ရွယ်
နုပျိုတဲ့ မိန်းကလေးတစ်ယောက်၏ အလှအပကို မြင်တွေ့
နေရသည်။ ဒီလို မျက်နှာလွှဲရက်စရာမရှိတဲ့ မြင်ကွင်းမို့ 
ရှောင်ယွင် သတိလက်လွတ် ငေးမောကြည့်နေသည်မှာ 
မဆန်းလှချေ။ 

မေ့မောငေးကြည့်နေရာကနေ ရှင်းအာကြောင့် လန့်သွား
ပြီ မျက်နှာမှာ ရဲခနဲ ဖြစ်သွားသည်။ ရှက်ကိုးရှက်ကန်း
ဖြင့်ရယ်မောလိုက်ပြီ ကျောက်တုံးပေါ် လှဲလိုက်လေသည်။ 
မျက်လွှာလည်း မှိတ်ထားလိုက်သည်။ ရှင်းအာ၏ သေး
ငယ်တဲ့ လက်တစ်စုံက သူ့ခန္ဓာကိုယ်ကို ချွေးသုတ်ပေးနေ
တာကို ခံယူနေလိုက်သည်။ 

ရှင်းအာ၏ နှင်းဆီရောင် နှုတ်ခမ်းဖူးလေးက အနည်းငယ်
ပြုံးသွားပြီ ဆက်လက် ချွေးသုတ်ပေးနေလိုက်သည်။ 
မျက်လုံးလေးကို ထောင့်ကပ်ပြီ ရှောင်ယွင်မျက်နှာကို  
တိတ်တခိုး ခိုးကြည့်လိုက်ရာ သူမပင် မသိလိုက်ဘဲ ရှောင်
ယွင်မှာ အိပ်မောကျစပြုနေပါပြီ။ 

သူမခေါင်းကို စိတ်ပျက်စွာဖြင့်ခါလိုက်ပြီ ဒီနေ့ ယှဉ်ပြိုင်မှု
က သူ့ကို အရမ်းမောပန်းစေတာကို သူမ သဘောပေါက်
သွားသည်။ နှာခေါင်းကို ရှုံ့လိုက်ရင်း အဝတ်ကို အောက်ချ
လိုက်သည်။ တဖန် သူမလက်ချောင်းမှာ ရွှေရောင်အလင်း
ဖျော့ဖျော့ပါးပါးလေးက တောက်ပလာသည်။ 

တုတ်တုတ်ပင် မလှုပ်သည့် ရှောင်ယွင်ကို တချက်ပြန်
ကြည့်လိုက်ပြီနောက် သူမ၏လက်ချောင်းထိပ်ကို ရှောင်
ယွင် အသားပေါ် ထိကပ်ပေးလိုက်သည်။ ရွှေရောင်အလင်း
တွေဟာ လမ်းချောင်းအတိုင်း ရှောင်ယွင် ကိုယ်ထဲကို ဆင်း
သွားကာ စိမ့်ဝင်ပျောက်ကွယ်သွားသည်။ 

ရွှေရောင်အလင်းတွေ ကူးဆင်းသွားသလို ချွေးသီးလုံး
တွေကလည်း သူမ နဖူးပြင်မှာ တွဲခိုစပြုလာပြီ သူမသည်
လည်း အနည်းငယ် သွားကြိတ်တင်းထားတာကို မြင်ရ
သည်။ နောက်တကြိမ် ထပ်ပို့ဖို့ ဟန်ပြင်လိုက်ချိန်မှာပဲ 
အံသြမှုတစ်ခုက သူမမျက်နှာပေါ် ဖြတ်ပြေးသွားသည်။ 

ကျောက်တုံးနဘေးမှာ အိပ်မောကျနေတဲ့ ရှောင်ယွင်၏ 
ခန္ဓာကိုယ်အတွင်းကနေ မှန်းဆရခက်သည့် စုပ်ယူအား
တစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။ ပတ်ဝန်း
ကျင်မှာ ဒိုချီစွမ်းအင်တွေဟာ စုစည်းလာကြပြီ သူ့ရဲ့ ခန္ဓာ
ကိုယ်ဆီကို အလျင်အမြန် တိုးဝင်လာကြသည်။ 

" အိုး.. သူ အဆင့်တက်နေတာလား.. " 
ရှင်းအာ အံ့သြသွားမိသလို သူမ၏ နှုတ်ခမ်းလေးမှာလည်း
ဝိုင်းသွားသည်။ ဒိုချီစွမ်းအင်တွေကို သူ့ဘာသာပင် မသိ
ဘဲ စုပ်ယူနေသော အိမ်မောကျနေသည့် ရှောင်ယွင်ကို 
သူမ တိတ်ဆိတ်စွာနဲ့ စောင့်ကြည့်နေသည်။ 

........:.

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...