Followers

Chapter 59

59 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_______________________________
Chapter 59 - လေလံပြီးဆုံးခြင်း

ရှောင်ကျန်း၏ ပါးစပ်ကနေ ထွက်ကျလာသော ဒီစကားကြောင့် ခန်းမတစ်ခုလုံးတိတ်သွားသည်။ ခဏအကြာမှ တစ်ယောက်ပြီးတစ်ယောက် အားလုံးရဲ့ အကြည့်တွေက ဂျားလီဘီ၏ ဖြူဖတ်ဖြူရော် မျက်နှာဆီကို ရောက်သွားကာ ဂျားလီဘီ ဒုက္ခရောက်တော့မှာကို တွေးပြီ ပျော်ရွှင်သွားကြသည်။

“ ဟားဟား.. အခြေခံဆေးလုံး ၂ ပုလင်းအတွက်နဲ့ ရွှေဒင်္ဂါး ၁၀၀၀၀၀ တောင် ပေးတယ်.. ဒီလူကြီးကတော့ တကယ့်ကို အသုံးအဖြုန်းကြီးတာပဲ "

ဂျားလီဘီ၏ ဒေါပွနေသော မျက်နှာကို ကြည့်ပြီး ရှောင်ယွင် ခေါင်းငုံ့လိုက်ကာ တခွီးခွီးဖြင့် ကြိတ်ရယ်လိုက်ပြီ တိုးတိုး ပြောလိုက်သည်။

ပီတီတွေ တဖွားဖွား ဖြာနေသော ရှောင်ယွင်ကို မြင်၍ ရှင်းအာမှာ ပြုံးလိုက်ပြီ သာယာစွာ ရယ်လိုက်သည်။ သူမက

“ တကယ်တမ်းဆို အဆင့် ၂ ဆေးလုံးက အပြင်မှာ အများဆုံး ၃၀၀၀၀ ပဲ ပေးရတယ်.. ဒါပေမဲ့ အခြေခံဆေးလုံးက တကယ့်ကို ကောင်းမွန်တဲ့ဆေးပဲ.. ဒိုချီစွမ်းအင်ကို ကျင့်ကြံတဲ့နေရာမှာ အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်တယ် ပြီးတော့ ဒီဆေးလုံးက ရှားလည်း ရှားတယ်.. အဲဒါကြောင့် အဆင့်၂ ဆေးလုံးထက်ကို ပိုပြီ ဈေးများတယ်.. ဒါပေမဲ့ ငွေ ၁၀၀၀၀၀ သုံးပြီ ၀ယ်တာကတော့ ဒီ ဂျားလီဘီဆိုတဲ့ လူကြီးကတော့ တကယ့်ကို လက်ဖွာတာပဲ…”

ရှောင်ယွင် ရယ်မောလိုက်ပြီ ခေါင်းညိတ်ပြီ ထောက်ခံလိုက်သည်။ သူ့နှုတ်ခမ်းကို သပ်ပြီ ပြုံးလိုက်ပြီနောက် ပြောလိုက်သည်။

“ အဆင့်၂ လောက်ပဲ ရှိတဲ့ အခြေခံဆေးပုလင်းတောင်မှ ရွှေဒင်္ဂါး တစ်သိန်းနဲ့တောင် ရောင်းရတယ်ဆိုတော့ ဒါဆိုရင် တကယ့် မှော်ဆေးပညာရှင်တွေဟာ ရွှေပုံမှာ လက်ပစ်ကူးလို့ရတယ်အထိ ချမ်းသာကြတယ်ဆို့ အဓိပ္ပါယ်ပဲပေါ.. ဟုတ်လား.. ”

“ ဒီကမ္ဘာမှာ မှော်ဆေးပညာရပ်ဆိုတာ အချမ်းသာဆုံး ပိုက်ဆံသောက်သောက်လဲ ရတဲ့ အလုပ်ပဲ.. အဲဒါကြောင့် မှော်ဆေးပညာရှင် အားလုံးက ပစ္စည်းဥစ္စာတွေ အများကြီး ပိုင်ဆိုင်ထားကြတာပေါ့ ”
ရှင်းအာမှာ ပြုံးပြီ ခေါင်းညိတ်လိုက်သည်။ သူမအကြည့်ကို စင်မြင့်ပေါ်က အခြေခံဆေးလုံးဆီကို ကြည့်လိုက်ပြီ ဆက်ပြောသည်။

“ မှော်ဆေးပညာရှင်တွေရဲ့ အဆင့်က မြင့်တက်လာလေ. သူတို့ရဲ့ဆေးကို လေလံပွဲမှာ သိပ်မရောင်းလိုကြတော့ဘူး.. အဲ့ဒီအစား ပစ္စည်းအချင်းချင်းပဲ လဲလှယ်ကြတော့တယ်.. ပိုက်ဆံဆိုတာ သူတို့အတွက် သိပ်တန်ဖိုးမရှိတော့ပါဘူး.. ”

“လဲလှယ်တယ်? ”

ရှောင်ယွင် မျက်ခုံးများ ပင့်တက်သွားပြီ ရှင်းအာ ပြောလိုက်တဲ့ အဓိပ္ပါယ်ကို နည်းနည်း သဘောပေါက်သွားသည်။ အော် ဒါကြောင့် ဆရာရွဲ့လော်မှာ မြောက်များလှတဲ့ လျှို့ဝှက်ရတနာပစ္စည်းတွေ သိုလှောင်ထားတာကိုးး

“ ဟုတ်တယ်.. ဒိုချီသိုင်းလိုမျိုး.. နောက် ဒိုသိုင်းတို့.. ရှားပါးတဲ့ မှော်ဆေးပစ္စည်းတွေ .. အဆင့်မြင့်တဲ့ မွန်းစတားအမြုတေ တွေကိုပဲ လဲလှယ်ကြတော့တယ်.. ”

သူမ၏ နှင်းဆီရောင်သွေး လွှမ်းသော နှုတ်ခမ်းဖူးဖူးကို ကော့ညွတ်ပြုံးလိုက်ပြီ သူမ၏ သင်ခန်းစာ ကို ဆက်လက် ပို့ချသည်။

“ ဒီလို အကျိုးကျေးဇူးကြောင့်ပဲ မှော်ဆေးပညာရှင်အလုပ်က ဒီကမ္ဘာမှာ လူတွေ မနာလိုဆုံးအလုပ်ပဲ.. လူတိုင်းက မှော်ဆေးပညာရှင်ဖြစ်ဖို့ အိမ်မက် မက်ကြတယ်.. ဒါပေမဲ့ ခက်ခဲပြီ လက်လှမ်းမမှီတဲ့ လိုအပ်ချက်တွေကြောင့် သူတို့ အိမ်မက်တွေက ပျက်စီးသွားကြတယ်.. ”

ဝမ်းနည်းနေသယောက်ရှိနေတဲ့ ရှင်းအာကို ကြည့်ပြီ ရှောင်ယွင် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သူ့၏ စိတ်ဝိညာဉ်ပြောင်းလဲသွားတာကို ကျေးဇူးတင်ရမည်။

စကားလက်စဖြတ်ဖို့ စဉ်းစားလိုက်ပြီနောက် ရှောင်ယွင်က စကားထပ်မဆက်တော့ဘဲ ဂျားလီဘီ၏ ဖြူဖတ်ဖြူရော်မျက်နှာဆီကို ပြန်ကြည့်လိုက်သည်။

ထို့အတူပင် ရှောင်ကျန်း၏ စကားကြောင့် ဂျားလီဘီမှာ အံ့သြမင်သက်နေဆဲပင်။ လေလံပြိုင်ဆွဲနေစဉ်မှာပဲ အလွယ်တကူ အရှုံးပေးလိုက်သည့် ရှောင်ကျန်းကို ဆိုးဝါးစွာ ကြည့်လိုက်ပြီ သူ့မျက်လုံးက မယုံနိုင်တဲ့ အကြည့်တွေနှင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ နေ့ တ၀က်အချိန်လောက် ကြာမြင့်သွားသည်ဟု သူ့စိတ်ထဲမှာ ခံစားလိုက်ရပြီမှ ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

“ ယုတ်မာတဲ့ကောင်.. မင်း ငါ့ကို လှည်းစားပြန်ပြီး.. ဒါတွေအားလုံး မင်း ဟန်ဆောင်ပြီ လုပ်တာပဲ.. ”

“ ဟီဟီ.. မင်းကရော ဒီလိုလုပ်ဖို့ ကြိုးစားနေတာပဲမလား.. အခုလေးတင် မင်းရဲ့စိတ်က နည်းနည်းနှောင့်ယှက်ခံထိလိုက်တာနဲ့ မင်းရဲ့အပြုအမူက ... အရမ်းကို အတုအယောင်ဆန်လွန်းတယ်.. ”

ရှောင်ကျန်းမှာ ဘ၀င်မြင့်စွာဖြင့် လှောင်ပြောင်ခြင်း အပြည့်ပါသော အသံဖြင့် ရယ်မောလိုက်သည်။

“ ကောင်းတယ်. ကောင်းတယ်. အရမ်းကောင်းတယ်.. အရမ်းရမ်းကို ကောင်းတယ်.. အကောင်းဆုံးပဲ.. ရှောင်ကျန်း … ငါ ဒီစကားတွေကို မှတ်ထားမယ်.. ”

ဂျားလီဘီမှာ ဒေါသတကြီးဖြင့် အသက်ပြင်းပြင်းရှုနေပြီ အေးစက်စက်အကြည့်ဖြင့် ရှောင်ကျန်းကို အငြိုးထားပြီ ကြည့်သည်။

ရှောင်ကျန်းမှာ သူ့၏ ခြိမ်းခြောက်မှု ကို လုံးဝ ဂရုမစိုက်ပါ။ နောက်ဆုံးအကြိမ် လှောင်ပြုံးလိုက်ပြီ ရဖေးဆီကိုသာ မျက်နှာမူလိုက်ပြီ မေးလိုက်သည်။

“ မိန်းကလေး ရဖေး.. နောက်ဆုံး ကျန်တဲ့ လေလံကို စလိုက်ရအောင်.. ”

ရဖေး မိန်းကလေးက ခေါင်းညိတ်လိုက်ပြီ တည်ငြိမ်တဲ့ ဟန်ပန်ကို ထိန်းထားကာ ပြုံးလိုက်သည်။ ဒါပေမဲ့ စိတ်အတွင်းမှာတော့ ဒီအဖြစ်အပျက်ကြောင့် ၀မ်းသာလုံးဆို့ပြီ ပျော်ရွှင်နေမိသည်။ သူမ အများဆုံး မျှော်မှန်းထားသည်ထက် လေလံကြေးက ပိုများနေသည်။ အကျိုးအမြတ်များစွာ ရလေ.. ထူးခြားသော မှော်ဆေးဆရာကြီးက သူမတို့လေလံအိမ်အပေါ်ကို ပိုပြီ ကျေးဇူးတင်ပေလိမ့်မည်။

ဖြူရော်ရော် မျက်နှာနှင့် ဂျားလီဘီ ကို နှစ်သိမ့်သော အပြုံးဖြင့် ပြုံးပြလိုက်ပြီနောက် ရဖေးမှာ နောက်တကြိမ် အခြေခံဆေးပုလင်း ၂ လုံးကို ထုတ်ပြလိုက်ပြန်သည်။ သူမ၏ နှင်းဆီဖူး နှုတ်ခမ်းလွှာမှာ ယစ်မူးစေသော အပြုံးကို လိုက်ဖက်ညီစွာ ပြုံးလိုက်ပြီနောက် သူမဟာ စတင်ကြေညာလိုက်သည်။

“ ကြွရောက်လာကြသော လူကြီမင်းအပေါင်းတို့ရှင်.. ဒါကတော့ နောက်ဆုံး အခြေခံဆေး ၂ ပုလင်းအတွဲ ဖြစ်နေပြီမို့လည်း ကြမ်းခင်းဈေးကို ၃၀၀၀၀ သတ်မှတ်လိုက်ပါတယ်ရှင်.. ”

နောက်ဆုံး ကျန်တော့သည့် အခြေခံဆေးအတွဲမို့ ရှောင်ကျန်း ဘေးနားက အကြီးအကဲအချို့ဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီ ရှောင်ကျန်းကို မျှော်လင့်သည့် မျက်ဝန်းဖြင့် ကမန်းကတန်း ကြည့်လိုက်ကြသည်။

ထိုင်ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်နေရင်း ရှောင်ကျန်းဟာ အကြီးအကဲတွေ၏ မျက်စမျက်န အချက်ပြတာကို မမြင်ဘဲ ရှိနေသည်။ လေလံခန်းမတစ်ခုလုံးကိုသာ တစ်ပတ်ပြည့်အောင် လှည့်ကြည့်လိုက်ပြီနောက် အေးစက်စက်အသံဖြင့် ကြေညာလိုက်သည်။

“ ၅၀၀၀၀ ”

ရှောင်ကျန်း၏ လေလံတင်တာကို ကြားလိုက်ရတဲ့အခါမှာ ဂျာလီဘီ၏ မျက်နှာမှာ တောင့်တင်းသွားပြီ သူ ပါးစပ်မှာ ဟပြဲသွားလေသည်။ ဒါပေမဲ့ လောလောဆယ် သူ့၏ ဘဏ္ဍာရေးအခြေအနေအကြပ်အတည်းကြောင့် နောင်တရစွာဖြင့် သူ ပါးစပ်ပိတ်နေရသည်။

အခြားထောင့်နေရာမှာ ရှိနေသာ အော့ပါးဘာမှာ အေးစက်စက်နိုင်စွာ ရှိနေသော ရှောင်ကျန်းကို ကြည့်နေသည်။ သူ့မျက်ခုံးကို ကွေးညွတ်ထားကာ သူ့ရဲ့လက်ချောင်းကို ခေါက်ကစားနေလျက်ရှိသည်။ တဖန် သူ၏မျက်လုံးမှာ ဖျတ်ခနဲ လှုပ်ကစားသွားပြီ မထိတသိလေး ပြုံးလိုက်ကာ ပြောလိုက်သည်။

“ ၅၅၀၀၀ ”

ဝူတန်မြို့၏ အကြီးဆုံး မျိုးနွယ် သုံးခုမှာ ထူးဆန်းသော ဆက်ဆံရေးရှိသည်။ မျိုးနွယ်တစ်စုက နောက်မျိုးနွယ်နှစ်စု၏ စီးပွားရေးကို လုချင်နေသလို နောက်မျိုးနွယ်ကလည်း လာတိုက်ခိုက်မှာကို ကြောက်နေသည်။ ကြားနေပြီ ၀င်မပါသည့်မျိုးနွယ်က ကြားထဲက အမြတ်ထွက်အောင် လုပ်လိမ့်မည်။ တကယ်၍ မျိုးနွယ်နှစ်စုက စီးပွားရေးမိတ်ဖက် လုပ်လိုက်ရင်လည်း သံသယ ပွားမှုကို ရှောင်ရှား၍ ရမည်မဟုတ်။ ထို့ကြောင့် မျိုးနွယ်စုတစ်ခုကို လုံးဝ အပြောင်မရှင်းနိုင်သရွေ့ ဒီလိုပဲ လိပ်ခဲတည်းလည်း ဆက်ဆံရေး အခြေအနေဖြင့်သာ ဆက်လက်ခရီးဆက်ကြရလေသည်။

ဤမျိုးနွယ်ကြီး သုံးစုမှာ မကျေနပ်ချက်တွေ ကိုယ်စီ ရှိနေကြသည်မို့ တစ်ယောက်ကို တစ်ယောက် မျက်ခြည်ပြတ်မခံပါဘူး။ ဒီမတိုင်ခင်က အော့ပါးဘာက ဂျားလီဘီ လေလံဆွဲအချိန်မှာ ဘေးက လှောင်ပြောင်ရယ်မောခဲ့သည်။ ယခု ရှောင်ကျန်းက လေလံဆွဲနေပြီ.. အော့ပါးဘာက ရှောင်ကျန်းနှင့် ယှဉ်ပြိုင်ချင်ခဲ့ရင် ရှောင်မျိုးနွယ်အတွက် ပိုက်ဆံ နည်းနည်း ပိုကုန်ပါလိမ့်မည်။

အော့ပါးဘာ၏ လေလံဝင်ဆွဲမှုက ရှောင်ကျန်း၏ မျက်နှာအမူအရာကို မပြောင်းလဲစေနိုင်ခဲ့ပါဘူး။ ပုံမှန်အတိုင်းသာ တချက် ကြည့်လိုက်ပြီ ရှောင်ကျန်း ကြေးမြှင့်လိုက်သည်။

“ ၆၅၀၀၀ ”

၆၅၀၀၀ က အခြေခံဆေးလုံး၏ ပုံမှန်ဈေးထက်ပင် အနည်းငယ်များနေလေပြီး။ဒါပေမဲ့ ရှောင်ကျန်းက ဤမျိုးနွယ်စုသုံးစုကြားထဲက ယှဉ်ပြိုင်မှုကို အတွင်းကျကျသိထားပြီးသားမို့ အခြေခံဆေးလုံးကို ဈေးချိုချို ဒါမှမဟုတ် သင့်တော်သော ဈေးနှုန်းဖြင့် ရဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

“ ဟီဟီ.. ရှောင်မျိုးနွယ်ခေါင်းဆောင်က တကယ်ကို လက်ဖွာတာပဲ.. ခင်ဗျားရဲ့လှည့်စားမှုကိုလည်း ကြောက်ရသေးတယ်ဗျ.. ကျွန်တော့်မှာလည်း အခြေခံဆေးက ရှိပြီးသားပါ.. အဲဒါကြောင့် ဒီဆေးလုံးကို ခင်ဗျားပဲ ယူလိုက်တော့.. ”

ရှောင်ကျန်း လေလံကြေးမြှင့်ပြီနောက်မှာ အော့ပါးဘာ တုံ့ဆိုင်းသွားမိသည်။ ဂျားလီဘီ၏ အကြီးအကျယ်ဆုံးရှုံးသွားတာကို မြင်ထား၍ သူ ပိုပြီ သတိထားနေရသည်။

ရှောင်ကျန်းမှ အော့ပါးဘာကို ကြည့်လိုက်ပြီ သူ့ထိုင်ခုံမှာ အေးဆေးစွာ ထိုင်လိုက်ပြီ ရယ်မောလိုက်သည်။ အော့ပါးဘာ မျက်နှာပေါ်က ဟန်ဆောင်ထားသော အပြုံးလား ဘာလား မခန့်မှန်းနိုင်သော ခံစားချက်က ယောင်္ကျားတစ်ယောက်၏ ခံစားချက် မဟုတ်တာက သေချာသည်။ ဒါကို ရှောင်ကျန်း လုံးဝ ဂရုမစိုက်.. ပိုပြီးတော့တောင် ညည်းတွားပြနေသည်။

“ တကယ့်ကောင်ကွာ.. ငါ အပို ၁၀၀၀၀ လောက်ကုန်သွားတယ်.. ဒီသောက်ကောင်က တကယ်မကောင်းတာပဲ.. ”

ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ရှောင်ယွင်မှာ ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။

“ဒီလို ယှဉ်ပြိုင်မှုမှာ ကောင်းတဲ့သူ ရှိလို့လား.. တကယ်လို့ တဖက်လူက ဂျားလီဘီလို ဒုက္ခရောက်သွားမှာကို မကြောက်တဲ့သူဆိုရင်.. လေလံကြေးကို အပြိုင်အဆိုင် ထပ်တင်ကြဦးမယ်.. နောက်ဆုံး ဒုက္ခရောက်တဲ့အထိ ဖြစ်ကာမှ ရပ်ကြမှာ.. ”

ရှောင်ယွင် သူ့လက်ချောင်းကို တတောက်တောက်ခေါက်ကစားနေရင်း စင်မြင့်ပေါ်က ရဖေးကို တည့်တည့်ကြည့်လိုက်သည်။ ရဖေးမှာ လေလံပြီးဆုံးကြောင်းကို တူလေးအား ထုပြီ အချက်ပြနေလေပြီ။ သူ ကျိတ်ပြီ ပေါ့ပါးစွာ အသက်ပြင်းချလိုက်လေသည်။ သူရရှိမည့် ပိုက်ဆံအမောက်က အချိန်အတော်ကြာအထိ သူ့အတွက် လုံလောက်သွားပြီ။ အခု သူ လုပ်ဖို့ ကျန်သေးတာက မှော်ဆေးပစ္စည်း ၀ယ်ပြီးတော့ ရွဲ့လော်ကို ပေးပြီ ဒိုချီစုစည်းဆေးလုံးဖော်စပ်ခိုင်းဖို့ပဲ ရှိတော့သည်။

“ မကြာခင်မှာပဲ .. ငါ ဒိုကျဲ အဆင့်ကို ရောက်ရတော့မယ်.. ”

ရှောင်ယွင် နှုတ်ခမ်းသပ်လိုက်ပြီ အသက်ပြင်းရှည်ချလိုက်သည်။ သူရဲ့ လေ့ကျင့်မှု ခရီရှည်ရဲ့ ပထမဆုံး အတားအဆီးက ကျော်လွှား နိုင်ရတော့မည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...