Followers

Chapter 51

51  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter - 51   Relief

တံခါးမကြီးအနားတွင် အစောင့်အကြပ်ဆယ်ယောက်
ကျော် တို့ဟာ ထွက်ပေါက် မရောက်ခင်နေရာမှာ 
ကျီးကန်းတောင်း မှောက်မျက်လုံးတွေနှင့် သေချာစောင့်
ကြပ်နေလျက်ရှိသည်။ ဂိတ်ပေါက်ဝအနားရှိ ချထားသော 
ကုလားထိုင်တစ်လုံးပေါ် တွင် လူတစ်ယောက်က တစ်သီး
တစ်ခြားတည်း ထိုင်နေလျက်ရှိသည်။

သူ့လက်ထဲမှာ မှင်တံတစ်ချောင်းနှင့် စာအုပ်ထူထူတစ်အုပ်
က ရှိနေသည်။ 

ထိုအချိန်တွင် မျိုးနွယ်လူငယ်များဟာ ထိုလူအိုကြီးအရှေ့
မှာ တန်းစီနေရပြီတော့ သူတို့ယူဆောင်လာတဲ့ ဒိုချီ ကျင့်
စဉ် ကို ပြသရသည်။ ထိုမှသာလျှင် ထွက်ခွင့်ရမည် ဖြစ်
သည်။ ပြသ ပြီးပြီနောက်အစောင့်အကြပ်အယောက်
ဆယ်ယောက်ကျော် တို့၏ အေးစက်စက်အကြည့်တွေ
အောက်မှာ ဒိုချီကျင့်စဉ်ဂေ ဟာကနေ စည်းစနစ်ရှိစွာ 
ထွက်ခွာကြရသည်။

ဒါဟာ ဒိုချီကျင့်စဉ်ဂေဟာ ကနေ ထွက်ခွာရသည့် လုပ်နည်း 
ပုံစံ ဖြစ်လေသည်။ ဒိုချီကျင့်စဉ်ဂေဟာကို မ၀င်စဉ်အခါမှာ    
လည်း ရှောင်ယွင်နှင့် အားလုံးကို လုပ်ထုံးလုပ်နည်းတွေ
ကို  ပြောပြထားပြီး၍ ဒါဟာ သူတို့ မသိထားတဲ့အရာတစ်ခု        
မဟုတ်ပါဘူး။ 

ဒိုချီကျင့်စဉ်ဂေဟာဆိုတာ ကလန်မျိုးနွယ်၏ ချီကျင့်စဉ်အား 
လုံးကို ထိန်းသိမ်းစောင့်ရှောက်ပေးထားသော နေရာဖြစ်ပြီ  
၎င်းကျင့်စဉ်တွေဟာ မျိုးနွယ်ဆက် ၁၂ ကျော်မျှ ဒုက္ခခံပြီ 
စု ဆောင်းထားသော ကျင့်စဉ်များ ဖြစ်ကြသည်။ ဒီကျင့်
စဉ်တွေ ရှောင်မျိုးနွယ်တွေ၏ ထောက်တိုင် သို့ အခြေခံ
အုတ်မြစ် ဖြစ် ပေသည်။ ထို့ကြောင့်မို့ ဒိုချီကျင့်စဉ်တွေကို 
အထူးကာကွယ် စောင့်ရှောက်ထားခြင်းဖြစ်သည်။ 
မျိုးနွယ်တွေဟာ သူတို့၏ ကျင့်စဉ်စာလိပ်တွေကို ၀ါးတစ်
မျိုး ဖြင့် အထူးပြုလုပ်သိမ်းဆည်းထားသည်။ ၎င်း ၀ါးမျိုး ကို 
သားအမိဟု တင်စားခေါ်ဆိုကြသည်။ အမိဟုခေါ်ဆိုသော  
ဝါးအပိုင်းမှာ လက်ဝါးတစ်ပြားစာ အရွယ်အစားရှိပြီ  သား
ဟု  ခေါ်သော ၀ါးအပိုင်းမှာ ၁၂ မီတာကျော်မျှ ကြီးထွားနို
င်သည့်    ၀ါးပင်မျိုး ဖြစ်သည်။ ဒိုချီကျင့်စဉ် သို့မဟုတ် ဒိုသို
င်း ဖြစ်စေ  ဤ၀ါးပင်မှရသော ၀ါးဖြင့်သာ ပြုလုပ်ပြီ အမိအပို
င်းကို မျိုး  နွယ်ခေါင်းဆောင်က ကိုင်ဆောင်ထား၍ မည်
သူမျှ ကျင့်စဉ် စာလိပ်ကို ခိုးယူဆောင်နိုင်ခြင်းမရှိချေ။ 
အဘယ်ကြောင့် ဆိုသော် သားဖြစ်သည့် ၀ါးစာလိပ်က အမိ 
ဝါးအပိုင်းရှိနေ      သည့် နေရာကနေ ထွက်သွားသည့်နှင့် 
တစ်ပြိုင်နက် အမိ ဖြစ်သည့် ၀ါးအပိုင်းက ချက်ချင်း အား
လုံးကို အချက်ပေး သောကြောင့် ဖြစ်သည်။

ဤသားအမိ ၀ါးပင်၏ ချိတ်ဆက်မှုမှာ ရှောင်မျိုးနွယ် 
တည် နေရာအကျယ်အ၀န်း တစ်ခုလုံးကိုပင် လွှမ်းခြုံထားနို
င်သည် တကယ်၍သာ ဒိုချီကျင့်စဉ်တစ်ခုသာ ရှောင်မျိုးနွယ် 
ဝင်းထဲ   ကနေ ထွက်ခွာသွားခဲ့လျှင် အမိ ၀ါးအပိုင်းမှာ  
ချက်ချင်း  အာရုံခံ သိသွားပါမည်။ ဒါပေမဲ့ ဒီလောကမှာ မဖြ
စ်နိုင်ဘူးဆို တာ မရှိပါဘူး။ ဒိုချီအဆင့်မြင့်မားသူတစ်ယော
က်ဟာ စာလိပ် အချင်းချင်း ဆက်သွယ်မှုကို အကြမ်းနည်ြး
ဖင့် ဖျက် ဆီးနိုင်ပါသေးသည်။ ဒါပေမဲ့လည်း ထိုအဆင့်ေ
လာက် ရောက်ရှိနေသူက အဘယ်ကြောင့် ဟွာင်းအဆင့်ပဲ 
ရှိသည့် ဒိုချီကျင့်စဉ်ကို ခိုးယူနေပါတော့မည်နည်း…။ 

တန်းစီ၍ အချိန်တစ်ခုအထိ စောင့်နေပြီးမှ နောက်ဆုံး ရှော
င်  ယွင် အလှည့်ကို ရောက်ရှိလာခဲ့သည်။ အရှေ့ကို 
ထွက်လာ ခဲ့ပြီ သူ့အိပ်ထဲကနေ ဒိုချီကျင့်စဉ်စာလိပ်ကို 
ထုတ်ယူကာ  လူအိုကြီးကို ပေးလိုက်သည်။
ရှောင်ယွင်ဆီကနေ အနီရောင် ဒိုချီကျင့်စဉ်စာလိပ်ကို 
လက် ခံရပြီနောက် လူအိုကြီးဟာ အံ့သြသွားသည်။ ကော
င်လေး ကို ခပ်မြန်မြန်ပဲ အကဲခတ်ကြည့်လိုက်ပြီ စိတ်ထဲ
မှာ တွေး လိုက်မိသည်။ 

“ ဒါက လောင်မီးပြာကျစေသော မီးတောက် သန့်စင်ခြင်း 
ကျင့်စဉ်ပဲ…  ဒါကို အဆင့် ၉  စွမ်းအင်နဲ့ အတားအဆီလုပ် 
ပြီ ကာကွယ်ထားတာ.. ဒီကောင်လေး… ဧကန္တ အဆင့် 
တက်သွားတာ များလား… ကြည့်ရတာ သူ့မှာ တခြား 
အရည်အချင်းတွေ ရှိနေဦးမယ်… ”

ရှောင်ယွင် ပေးအပ်လိုက်သော ဒိုချီကျင့်စဉ် နာမည်ကို ရေး
မှတ် လိုက်ပြီနောက် လူအိုကြီးဟာ ကျင့်စဉ်စာလိပ် ကိုြ
ပန်ကမ်းပေးလိုက်ပြီး အလေးမထားဟန်ဖြင့် သတိစကား
ပြော လိုက်သည်။ 

“ စည်းကမ်းသတ်မှတ်ချက်ကို သိပြီးသားပဲမလား.. ”

“ စာလိပ်က မျိုးနွယ်ပြင်ပကနေ ယူသွားလို့မရဘူး.. 
ယူသွားခဲ့ရင် ပြစ်ဒဏ်တွေ များစွာ ခံရမယ်… ပြီးတော့  
တစ်နှစ်အတွင်း စာလိပ်ကို ပြန်အပ်ရမယ်… စာလိပ်တွေ 
ကလည်း ပျက်စီးလို့မရဘူး….” 

ရှောင်ယွင် ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်လိုက်ပြီနောက် ဘေး 
တစ်ဖက်ကို လျှောက်သွားကာ ထွက်ပေါက်တံခါးမကြီးနား 
မှာ ရပ်နေပြီတော့ ရှင်းအာအလှည့် ဒိုချီကျင့်စဉ်စာလိပ် 
မှတ်တမ်းရေးသွင်းရမည်ကို ရပ်စောင့်နေလိုက်သည်။ 
ရှောင်ယွင်ကို ဖျတ်ခနဲ လှမ်းပြုံးပြလိုက်ပြီနောက် ရှင်းအာ 
သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေသော လက်ကို ဆန့်ထုတ်
ပြီး သူမ၏ ကျင့်စဉ်စာလိပ်ကို ထုတ်ယူလိုက်သည်။

သူ့အရှေ့တွင် ရပ်နေသော ရှင်းအာကို မြင်လိုက်ရသည်နှင့် 
ရုပ်တည်တည်နှင့် ထိုင်နေသော လူအိုကြီးမှာ ချက်ချင်းပင် 
ရိုသေအလေးထားသော အမူအရာ ဖြစ်ပေါ်လာသည်။ ရှင်း 
အာ ကမ်းပေးသော စာလိပ်ကိုလည်း လက်နှစ်ဖက်ဖြင့် ယူ 
လိုက်ရုံသာမက မှတ်တမ်းစာအုပ်မှာလည် နာမည်နှင့် စာ 
လိပ်ကို အလျင်အမြန်ပင် ရေးသွင်းပေးသည်။။

ဘေးနားမှာ ရပ်စောင့်နေသော ရှောင်ယွင်မှာ လူအိုကြီး၏ 
အမူအရာ တွေ ပြောင်းလဲလိုက်တာကို ကြည့်ပြီ သူ့မျက်လုံး 
များ ကျဉ်းမြောင်းစူးရှသွားသည်။ သူ့လက်ချောင်းကလ
ည်း အလိုလို ဆုပ်လိုက်မိသည်။ ဤလူအိုကြီးဟာ ဒိုချီကျင့်
စဉ် ဂေဟာကို တာဝန်ယူရသည့်သူမို့ သူ့၏အဆင့်မှာ မျိုးနွ
ယ်ထဲ က အကြီးအကဲသုံးယောက်ထဲက ဘယ်သူနှင့်မဆို 
ယှဉ်နိုင် သည်။ 

ထို့အပြင် ဤလူအိုကြီး၏ နောက်နာမည်တစ်မျိုး ကိုလ
ည်း ရှောင်ယွင် ကြားဖူးပြီးသား ဖြစ်သည်။ သူ့၏ နောက်ထ
ပ် နာမည်မှာ ရေခဲနှလုံးသား ရှောင်ဟန် ဖြစ်ပေသည်။ 
ဤအဖိုး ကြီးဟာ သူ့အဖေ မျိုးနွယ်ခေါင်းဆောင်ကိုပင် 
မခန့်လေးစား ဆက်ဆံတတ်သော သူတစ်ယောက်ဖြစ်သ
ည်။ သူ့၏ ခံစား ချက်ကင်းမဲ့သော မျက်နှာမှာ လောလော
လတ်လတ် သေ ဆုံးထား၍ တောင့်တင်းအေးစက်ပြီလှု
ပ်ရှားမှုမရှိသောကြွက် သားများဖြင့် ဖွဲ့စည်းထားသလားေ
အာက်မေ့ရသည်။

ရေခဲမျက်နှာနှင့် အဖိုးကြီး..  မျိုးနွယ်အကြီးအကဲကိုပင် 
လေး စားမှုမရှိသော ထိုလူကြီးဟာ ရှင်းအာကိုမူ အလွန်တ
ရာ လေးစားဟန် ပြသနေသည်။ ဤအပြုအမူကြောင့် ရှင်း
အာ ၏ မူလဇစ်မြစ်ကို သိချင်နေသော ရှောင်ယွင်စိတ်ကို 
မီးမွှေး ပေးလိုက်သလို ဖြစ်သွားသည်။

ရှောင်ယွင် သူ့နှာခေါင်းကို ပွတ်သပ်နေရင်း ရှင်းအာ၏  
အကြောင်းကို စဉ်းစားခန်း ၀င်နေမိသည်။ ခေါင်းကို မော့  
ကြည့်လိုက်ရာ သူ့ဆီကို လှမ်းလာနေသော ရှင်းအာကို မြင်  
လိုက်သည်။ ပုခုံးကို တချက်တွန့်ပြလိုက်ပြီ ရှင်းအာနှင့်အ
တူ  တံခါးမကြီးကို ကျော်ဖြတ်ဖို့ ထွက်ခွာသွားသည်။

ပြည့်ကျပ်သိပ်နေသည့် ၀င်ပေါက်ကြီးကနေ ထွက်လာခြဲ့
ပီ နောက် ရှောင်ယွင် လေအေးအေးကို တ၀ကြီး ရှုသွင်းလို
က် သည်။ ဒိုချီကျင့်စဉ်ထဲက လေထုမှာ အသက်ကို ကော
င်းမွန် စွာ ရှုရှိုက်ဖို့ပင် မွန်းကြပ်လွန်းလှသည်။

“ ဘာဖြစ်လာလို့လဲ ယွင်လေး  ”

ခပ်အုပ်အုပ် ရယ်သံတစ်ခုက ရှောင်ယွင်ကို နှုတ်ဆက်လို
က် သလို သူ့မြင်ကွင်းအရှေ့ကိုလည်း ရောက်လာသည်။ ဒို
ချီ  ကျင့်စဉ်ဂေဟာ၏ ၀င်ပေါက်ကို လှမ်းကြည့်လိုက်ပြီ
မေးမြန်းလိုက်သည်။ 

သူ့အဖေကို ခေါင်းစောင်းငဲ့ကြည့်လိုက်ပြီ ရှောင်ယွင် ခပ်ယဲ့ 
ယဲ့လေး ပြုံးလိုက်သည်။ အနီရောင်စာလိပ်တစ်ခုက အင်္ကျီ  
လက်ရှည်ကနေ ထွက်ကျလာသည်။

“ သား ရလာခဲ့ပြီ  ”

အနီရောင်စာလိပ်ကို မြင်မှသာ ရှောင်ကျန်း ကောင်းကော
င်း အသက်ရှုလို့ရသွားသည်။ အသံတိုးတိုးဖြင့်

“ ကောင်းတယ် မင်းယူလာနိုင်ခဲ့တာ ကောင်းတယ် ”

ရှောင်ယွင် ပုခုံးကို ပုတ်လိုက်ပြီ ရှောင်ကျန်း အားရစွာ ပြုံး 
လိုက်ကာ 

“ အခု ဒိုချီကျင့်စဉ်လည်း ရသွားပြီ .. ဒိုကျဲ (Dou Zhe ) 
အဆင့်ကို ရောက်သွားခဲ့ရင် ဒိုချီစွမ်းအင်ကို တကယ် လေ့ 
ကျင့် လို့ ရတော့မှာ ”

ရှောင်ယွင် နာခံဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီ အနီရောင်စာ 
လိပ်ကို သူ့၏ အင်္ကျီလက်ရှည်အတွင်းကို ပြန်ထည့်လိုက် 
သည်။ အတွေးငယ်လေးတစ်ခုလည်း တွေးလိုက်မိသေး 
သည်။ 

“ အင်းးး ဒီဒိုချီကျင့်စဉ်ရဲ့ ထူးခြားမှုကို ငါမသိသေးဘူး..   ဒို
ချီကျင့်စဉ်ဆိုတာ အဆင့်တိုးမြင့်နိုင်တယ်ဆိုတာ ဖြစ်နိုင် ပါ့
မလား ”

“ ထျန်းအဆင့် ဒိုချီကျင့်စဉ်ထက်တောင် ပိုထူးခြားသေး 
တယ် ”  ဟူသော ထူးဆန်းပြီ ၀င့်ကြွားလွန်းသော ရွဲ့ေ
လာ် ပြောသော စကားကို ပြန်အမှတ်ရအောင် ကြိုးစားေ
ဖ်ာနေမိ သည်။ နောက်ဆုံး ရှောင်ယွင် ခေါင်းခါလိုက်ပြီ ခါး
သက် သက်ဖြင့် ရယ်မောချလိုက်သည်။ သူ့ဘ၀မှာ 
အကောင်းဆုံး ဒိုချီကျင့်စဉ်တစ်ခုအဖြစ် တွေ့ခဲ့ဖူးသည့် မီး
လျှံကို ခြယ်လှယ် ခြင်း  ကျင့်စဉ်ကို ငြင်းပယ်ခဲ့သည် မဟု
တ်လား။ အမှန်တိုင်း ပြောရရင် ၎င်းကျင့်စဉ်ကို ငြင်းပယ်ခဲ့စ
ဉ်အချိန်တွင် သူ့စိတ် ထဲမှာ လွန်ဆွဲနေခဲ့သည်။ ထို့အပြင် 
အစွမ်းထက်သော ဒိုချီ ကျင့်စဉ်တစ်ခုဆိုတာ ဈေးကြီးရုံသာ
မက ရှားလည်း ရှားပါး၏

ရှောင်ယွင်ဟာ သူ့၏ နဖူးပြင်ကို လက်ဖြင့် နှိပ်နယ်နေရင်း  
ရှင်းအာ၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တာကို တွေးရ
င်း  နောင်တရစ ပြုနေပါပြီ။ ဒါပေမဲ့လည်း လွန်သွားခဲ့ပြီး။  
ယခု အချိန်မှ ရှင်းအာကို ပြန်တောင်းယူမယ်ဆိုရင် သူ့မှာ 
ပြစရာ မျက်နှာရှိတော့မည် မဟုတ်ချေ။ ရွဲ့လော်သာ 
သူ့ကို နောက် ပြောင်ပြီ ပြောတာ မဟုတ်ရပါစေနဲ့ ဟု ဆုေ
တာင်းရုံမှတပါး ရှောင်ယွင်မှာ ရွေးချယ်စရာ မရှိတော့ချေ။ 
သို့မဟုတ်ခဲ့ရင် အားလုံးထက် သူသာ အကြီကျယ်ဆုံး 
နစ်နာသူ ဖြစ်သွားပေ လိမ့်မည်။

“ ဟွန့်.. ရွှင်းအဆင့်လောက်ကများ… ဘာမှ ထူးခြားမှုမရှိ  
ဘူး.. ကောင်မလေးက သာမန်မဟုတ်ဘူးဆိုပေမဲ့ သူ့ရဲ့ ဒို
ချီ ကျင့်စဉ် စုဆောင်းထားတာတွေက ငါ့နဲ့ ဘယ်ယှဉ်လို့ 
ရမလဲ ”   ရွဲ့လော် မလှည့်ဖြားပါစေနဲ့ ဟု ဆုတောင်းနေစဉ်  
မှာပဲ ရွဲ့လော် ဟွန့် အသံ တစ်ချက်ပေးကာ ဆက်တိုက်
ပြော ချလိုက်သည်။ 

သူ့ရဲ့ အတွေးထဲမှာ စကားသံကို ကြားလိုက်ရတဲ့အခါ
မှာ   ရှောင်ယွင် နှာခေါင်းထိပ်ကို တချက်ပွတ်လိုက်ပြီ
သူ့နှုတ်ခမ်း ထောင့်မှာ အပေါ်ကို ကွေးတက်သွားကာ 
ကျေနပ်နေသည့် အပြုံးတစ်ခုက ဖြစ်ပေါ်လာကာ 
ရွဲ့လော်ကို မေးလိုက်သည်။ 

“ နောက်ဆုံးတော့ စကားပြောပြီပေါ့လေ… ” 

 ရှာင်ယွင် ဒီလောက် အတွေးတွေးအများကြီး တွေးနေ ရ 
ခြင်းအကြောင်းဟာ  ငြိမ်သက်စွာ ရှိနေသည့် ရွဲ့လော် ကို  
စကားမပြော ပြောချင်လာအောင် လုပ်နေရသည့် အကြော
င်း ဖြစ်သည်။

“ အားရာ .. ကောင်ကလေး… ငါ့ကို လှည့်စားတာပေါ့လေ ” 
ဟိန်းသံပါသော အသံက ရှောင်ယွင်စိတ်ထဲ မြည်လာသ
ည်။ ရွဲ့လော်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီနောက်

“ ကောင်လေး ဒိုချီစွမ်းအင်ကိုသာ လေ့ကျင့်..ဒိုချီကျင်စ
ဉ်ဆို တာက  မင်းစိတ်ပူရမဲ့အရာတွေမဟုတ်ဘူး ငါက
အကျင့်မကောင်းတဲ့သူ မဟုတ်ပါဘူးကွ… အနာဂတ်မှာ 
မင်းရဲ့ အောင်မြင်မှုက ဟို ကလေးမထက် နိမ့်ကျမှာ မဟု
တ်ပါဘူး.. သူ့ရဲ့ ကလန်ကလွဲလို့ပေါ့  ဟမ်??"

ရွဲ့လော်ရဲ့ စကားအဆုံးအသတ်မှာ မပြီးမပြတ်နှင့် နား
မလည်လိုက်၍ ရှောင်ယွင် စိတ်ပျက်မိပေမဲ့ အပြုံးနှင့်သာ
ခေါင်းညိတ်နေလိုက်သည်။ ဒိုကျဲ တစ်ယောက်ဖြစ်ဖို့ ချီ
စွမ်းအင်တွေကို သူလေ့ကျင့်ပါတော့မည်ဟု ဖြေနေသလို
ပင်။ ဒါဟာ စွမ်းအားကြီးဖို့အတွက် ဤအဆင့်ဟာ သူ့ရဲ့
ပထမအဆင့် ခြေလှမ်းပင် ဖြစ်သည်။ ပြီးတော့ သူ့စိတ်
ထဲမှာ အချိန်တစ်ခုအထိ လွှမ်းမိုးနေတဲ့ နာလန်ရိရွမ်ကို 
သွားရှာမည်။ 

.................

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...