54 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_________________________
Chapter 54 - ပိုက်ဆံ တိုးအောင်လုပ်မည်
ဒိုချီစုစည်းဆေးလုံးကို သကြားလုံးကဲ့သို့ စားရနိုင်စေရမည်
ဟုပြောဆိုလိုက်တာဟာ ကြွားဝါးပြောဆိုနေသကဲ့သို့
ထင်မှတ်ရပေမဲ့ ရွဲ့လော်၏ အစွမ်းနှင့် ဆေးပစ္စည်းသာ
လုံလုံလောက်လောက်ရှိမည်ဆိုလျှင် ရှောင်ယွင်အတွက်
ဒိုချိစုစည်းဆေးလုံး ၁၀ လုံးလောက် ဖော်စပ်ဖို့က ပြဿနာ
မဟုတ်ပါဘူး။။
ဒါပေမဲ့ ရွဲ့လော်က ၀င့်ကြွားစွာ အခိုင်အမာဆိုနေပါ
သော်လည်း ရှောင်ယွင်မှာ များစွာ စိတ်မလှုပ်ရှားပါချေ။
ထို့အစား ရွဲ့လော်ဝယ်ခိုင်းတော့မည် ဆေးပစ္စည်းစာရင်း
ကြောင့် သူ့နှလုံးသားမှာ တဖြည်းဖြည်းနှင့် ထိုးဆင်း
သွားသလိုပဲ ခံစားနေရသည်။
“ ကဲ မနက်ဖြန်ကျရင် အနှစ် ၅၀ သက်တမ်းရှိတဲ့
အရွက်မည်းနက်တဲ့ကြာပန်းရယ်…မြွေအဆိပ်သီးအမှည့်နှစ်
လုံး၇ယ်..အနှစ်၂၀သက်တမ်းရှိပြီ ၀ိညာဉ်ကို ပေါင်းစည်း
ပေးနိုင်တဲ့ မြက်ပင်တစ်စည်း..နောက်ပြီးတော့
ရေသတ္တစွမ်းအင်ပါတဲ့ မှော်ကျောက်တုံးတစ်တုံး “
ရွဲ့လော်၏ တည်ငြိမ်အေးဆေးသောအသံကထွက်ပေါ်
လာသည်။ဒါပေမဲ့ ရှောင်ယွင်၏ မျက်မှောင်ကုတ်ပြီး
အဝေးကနေလှမ်းကြည့်နေတာကို တွေ့ရတော့ ရွဲ့လော်ြ
ပန်ငေးကြောင်သွားသည်။
“ ဘာဖြစ်လို့လဲ..?”
“ သက်တမ်းက အနှစ် ၅၀ ရှိပြီး အရွက်က မည်းနက်နေတဲ့
ကြာပန်း.. ဟုတ်လား.. အဲ့လောက် သက်တမ်းရင့်နေတဲ့
ပန်းကိုရွှေဒင်္ဂါအပြား ၃၀၀၀ နဲ့ရောင်းတယ်ခင်ဗျ…
ဒီပိုက်ဆံက ပန်းပွင့်တစ်ပွင့်တင်ပဲ ရှိသေးတယ်.. ပြီးတော့
မှည့်နေပြီးဖြစ်တဲ့ မြွေအဆိပ်အသီး.. ဟုတ်လား..
ဒီအသီးက ဆေးဖော်ရင်သုံးတဲ့အဆင့်နိမ့် ပါဝင်ပစ္စည်း
တစ်ခုလို့ သတ်မှတ်လို့ရတယ်.. ဒါပေမဲ့ ပရဆေးဆိုင်မှာ
သိပ်မတွေ့ရဘူး.. ဒါလေးတစ်ခုရရင်တောင်တော်
တော်လေး ကံကောင်းတယ်လို့ပြောလို့ရတယ်.. ဒီအသီး
က တစ်လုံးကို အနည်းဆုံး ရွှေဒင်္ဂါး အပြား ၈၀၀၀
လောက်ပေးရတယ်.. သိပြီလား.. ပြီးတော့ သက်တမ်းက
အနှစ် ၂၀ ရှိတဲ့ဝိညာဉ်ပေါင်းစည်းမြက်ပင်တဲ့လား…
ဘုရားရေ… ဒီနာမည်ကို လေလံပွဲမှာ တစ်ခါပဲ ကြားဖူး
တယ်.. ပြီးတော့ သူရဲ့ ကြမ်းခင်းဈေးက တစ်သောင်း
ငါးရာ ရွှေဒင်္ဂါးပြားတဲ့ဗျာ.. နောက် အဆင့်၂ ရေမှော်
ကျေက်တုံးဆိုတဲ့ ဈေးအပေါဆုံးအရာတောင်မှ
အနည်းဆုံး ရွှေဒင်္ဂါး ၂၀၀၀ လိုလိမ့်မယ်.. .. ”
ရှောင်ယွင် နဖူးပြင်ပေါ်ကနေ ချွေးတွေ သုတ်ပစ်လိုက်ပြီး
စိတ်ထိခိုက်စွာဖြင့် မြည်တမ်းနေမိသည်..
“ ဒီဆေးပစ္စည်း အားလုံးပေါင်းရဲ့ တန်ဖိုးက အနည်းဆုံး
ရွှေဒင်္ဂါး၅ သောင်း ၀န်းကျင်လောက်ကို ကျသွားမယ်..
ဒီလောက်များတဲ့ပိုက်ဆံကို ငါဘယ်နေရာမှာ
သွားရှာရမလဲကွာ…. ”
“ အာ”
ရှောင်ယွင် တစ်ကိုယ်တည်း ညည်းညူနေတာကို
ကြားလိုက်ရတော့ ရွဲ့လော် စိတ်ပျက်သွားပြီး ပခုံးကို
တွန့်ပြလိုက်ရင်း.
“ ဒီ ဆေးပစ္စည်းတွေကို ရှာရမှာ မင်းပြဿနာလေ..
ငါနဲ့ဘာမှ မဆိုင်ဘူး.. ငါက ဆေးပစ္စည်းကို သန့်စင်
ဖော်စပ်ပေးဖို့ပဲတာဝန်ရှိတာ.. ”
“ သေပါပြီကွာ.. ဒီပစ္စည်းတွေက အားလုံးကလည်း
တန်ဖိုးမြင့်တွေပဲ… ဟူးးး တကယ်လို့သကြားလုံးလိုမျိုးဒိုချီ
စုစည်းဆေးလုံးကိုသာ စားနေရင် ရှောင်မျိုးနွယ်ရဲ့
ချမ်းသာကြွယ်ဝမှုနဲ့တောင် လောက်မှာမဟုတ်ဘူး ”
သူ့ကိုယ်သူ အပြစ်တင်လိုက်ရင်း ခေါင်းအုံးအောက်က
အစိမ်းရောင်ကတ်တစ်ခုကို ၀မ်းနည်းစွာဖြင့်ထုတ်ယူ
လိုက်သည်။ အားကိုးရာမဲ့သော လေသံဖြင့်
“ အခြေခံဆေးလုံးကို လေလံဆွဲလိုက်လို့ ရလာတဲ့ ရွှေဒင်္ဂါး
၁၀၀၀၀ ပဲ ရှိတော့တယ်…လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်လို့
မရသေးဘူး… ”
ရွဲ့လော်သည် ရယ်မောလိုက်ပြီး ကုလားထိုင်တစ်လုံးပေါ်
အေးအေးဆေးဆေး ထိုင်လိုက်သည်။ သူ့ပုံစံက
ဆေးပစ္စည်း ၀ယ်ယူဖို့ ကိစ္စက သူနှင့် ဆိုင်သည်ဟု
ယူဆထားပုံ မပေါက်…။
ရှောင်ယွင်က သူ့ဦးခေါင်းကို နှိပ်နယ်လိုက်သည်။
မျက်နှာကလည်း ရှုံ့မဲ့နေပြီး စောစောက အတွေးကို
ဆက်တွေးပြန်သည်။
“ ပထမဆုံး ဒီပိုက်ဆံတွေနဲ့ အခြေခံဆေးလုံးအတွက်
ဆေးအမယ်တွေ အရင် ၀ယ်ထားလိုက်မယ်.. ပြီးတော့
လေလံအိမ်မှာ သွားရောင်းလိုက်မယ် မဟုတ်ရင် ငါ
ပိုက်ဆံဘယ်တော့မှရမှာ မဟုတ်ဘူး ”
ရွဲ့လော် ဘ၀င်ကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့အတွက်အဆင့်နိမ့်ဆေးလုံးဖြစ်တဲ့ အခြေခံဆေးကို
ဖော်စပ်ဖို့က အားစိုက်စရာပင် မလိုချေ။
အသက်ပြင်းတိုးတိုးလေးတစ်ခု ချလိုက်ပြီး ရှောင်ယွင်
အိပ်ရာပေါ် ပစ်လှဲလိုက်ပြန်သည်။ အောင့်သက်သက်ဖြင့်
ရယ်မောလိုက်ပြီ
“ ဆင်းရဲတယ်ဆိုတာ
တကယ့်ကိုစိတ်ပျက်စရာကောင်းတာပဲ”
************
နောက်တစ်နေ့ မိုးလင်းတော့ ရှောင်ယွင်စောစောထပြီး
ကလန်ကနေ တိတ်တိတ်ကလေး ထွက်လာ၍
ဝူတန်မြိုထဲက ပရဆေးဆိုင်ဆီကို သွားလေသည်။
အခြေခံဆေးလုံး အတွက် လိုအပ်သော
ဆေးအမယ်တွေကို ၀ယ်ယူလိုက်ပြီးနောက် တိတ်ဆိတ်
ငြိမ်သက်တဲ့ တည်းခိုခန်းတစ်ခုကို ရှာပြီး နေလိုက်သည်။
အခြေခံဆေးလုံးကို လူတွေ အသုံးပြုဖို့အတွက်ပဲ
ရောင်းချမည်အတွက်ကြောင့် ရှောင်ယွင်ဟာ ဈေးပေါပြီ
အရည်အသွေးနိမ့်တဲ့ ဆေးအမယ်ကိုပဲဝယ်ယူလာခဲ့သည်။
ဆေးအမယ်တွေကိုရွဲ့လော်လက်ထဲ အပ်ပြီး
ဆေးဖော်ခိုင်းရုံပင်။ ဆေးအမယ်ပစ္စည်း
ကို ရွဲ့လော်လက်ထဲ အပ်လိုက်ပြီမို့ သူ့အတွက်
ဆေးဖော်စပ်သည့်ကိစ္စက ပူစရာမလိုတော့ပေ။
ပိုက်ဆံကို အသည်းအသန်လိုအပ်နေသည့်အတွက်
ရှောင်ယွင် အခြေခံဆေးလုံး ၇ လုံးစာအတွက်၏
လုံလုံလောက်လောက် ၀ယ်လာခဲ့လေရာ အစိမ်းရောင်
ကတ်ထဲက ပိုက်ဆံလက်ကျန်ပင် မရှိတော့ပါဘူး။။
ရွဲ့လော် ဆေးစီရင်နေသည့်အချိန်ကို စောင့်ဆိုင်းနေရင်း
ရှောင်ယွင် လက်ထဲက အစိမ်းရောင်ကတ်ကို
ဆော့ကစားနေလိုက်သည်။ ထို့နောက် ခေါင်းတခါခါဖြင့်
သူ နောက်တကြိမ် ဆင်းရဲသားဘ၀ကို ပြန်ရောက်နေပြီမှန်း
နားလည်လိုက်သည်။
နောက်ထပ် အချိန်တစ်နာရီမျှ ကုန်သွားတဲ့အချိန်မှာ
ရွဲ့လော် အခြေခံဆေး ၇လုံးကို အောင်မြင်စွာ
ဖော်စပ်နိုင်ခဲ့သည်။ ကျောက်စိမ်းဖြူပုလင်း ၇ လုံးကို
စာပွဲပေါ်မှာ ညီညီညာညာ တင်လိုက်ပြီနောက် ရှောင်ယွင်
အားပါတရ ပြုံးလိုက်သည်။ ပုလင်းတစ်လုံးချင်းစီကို
အ၀တ်ဖြင့် သေချာသုတ်လိုက်ပြီနောက်ပုလင်းအားလုံး
ကို လုံခြုံအောင် သေချာထုပ်ပိုးပြီ နောက်ကျောမှာ
လွယ်ထားလိုက်သည်။
နောက်ကျောက ဆေးပုလင်းအ၀တ်ထုပ်ကို ညင်သာစွာ
ပြန်နေရာချလိုက်ပြီ ရှောင်ယွင် အမည်းရောင် ၀တ်ရုံကို
တစ်ကိုယ်လုံးမမြင်ရအောင် ခြုံထားလိုက်သည်။
သူ့ကိုယ်သူ ပြန်ကြည့်ပြီရယ်မောလိုက်ပြီနောက်
တည်းခိုခန်းကနေ ထွက်လာခဲ့သည်။
***********
ပထမတန်းလေလံအိမ်….
ရတနာပစ္စည်း စစ်ဆေးသည့်ခန်းတွင် ဖြစ်သည်။
လေလံအိမ်၏ လေလံပွဲတင်ဆက်သူ မိန်းခလေး ရဖေးဟာ
သူမအရှေ့က ကျောက်စိမ်းဖြူပုလင်း ၇လုံးကို အံ့သြစွာဖြင့်
ငေးကြည့်နေသည်။ သူမမျက်လုံးမှ နဂို တလက်လက်
တောက်ပနေခြင်းပင် မရှိနိုင်တော့..ကျဆင်းလာတော့မည်
သိမ်းငှက်တစ်ကောင်လိုပဲ သူမ အရှေ့ကိုပင် ညွတ်တိုး
လာသည်။
“ အဟမ်းဟမ်း”
သူမနှင့် မနီးမဝေးမှာ ထိုင်နေသာအနက်ရောင်
အ၀တ်အိတ်ကိုလွယ်ထားသည့် ရှောင်ယွင်က
ချောင်းဟန့်လိုက်ကာ သူမကို အာရုံပြန်စိုက်လာအောင်
လုပ်လိုက်သည်။
သူမ၏ ဖြူနုသော လက်တစ်စုံကကျောက်စိမ်းပုလင်း
လေးကိုညင်သာစွာကိုင်တွယ်လိုက်ပြီ ပုလင်းကို တစ်ချက်
နမ်းလိုက်၍ဆေးလုံး အစစ်အမှန် ဟုတ်မဟုတ်
စမ်းကြည့်လိုက်သည်။ ခဏအကြာမှာ သူမက
ဆေးပုလင်းကို ပထမတန်းလေလံအိမ်၏ မှော်ဆေး
ပညာရှင် ကျွမ်းကျင်သူ လူကြီးမင်း ကုနီကို ကမ်း
ပေးလိုက်ပြန်သည်။
သူမထံမှ ဆေးပုလင်းကို လက်ခံယူပြီနောက် ကုနီက
ဆေးလုံးကို သေချာစွာ ကြည့်ရှုလေ့လာလိုက်ပြီနောက်
မှတ်ချက်ချလိုက်သည်။
“ အင်း.. ဆေးလုံးတွေအကုန်လုံးကအခြေခံဆေးလုံးအစစ်
တွေပဲ.. ”
ကုနီ၏ သေချာသော မှတ်ချက်စကားကို ကြားရတဲ့အခါမှာ
ရဖေး၏ မျက်ခုံးက ပင့်တက်သွားပြီ အံ့သြသွားလေသည်။
အနက်ရောင်ဝတ်ရုံနှင့် လူကိုအကဲခတ်လေ့လာကြည့်
လိုက်ပြီ သူမ လှလှပပ ပြုံးလိုက်သည်။သူမညှို့ငင်နိုင်စွမ်းရှိ
သလောက် ဆွဲဆောင်မှုရှိအောင် ပြင်ထိုင်လိုက်ပြီနောက်
ချိုသာစွာ ပြောသည်။
“ နှစ်တ၀က်အတွင်းမှာပဲ ဒီလိုငွေအမြောက်အများရနိုင်တဲ့
ဆေးလုံးတွေနဲ့ဦလေးပြန်ရောက်လာမယ်လို့မထင်မှတ်
ထားပါဘူးရှင်.. ”
“ ဆေးလုံးတွေကို ဘယ်အချိန်မှာရောင်းမှာလဲ..”
ဝတ်ရုံအနက်နှင့်လူက မေးလိုက်သည်။ ဒါပေမဲ့
ရွဲ့လော်၏ အသံဖြစ်နေသည်။
“ ဦးလေးက အခုပဲ ပိုက်ဆံယူပြန်တော့မလို့လား..
တကယ်လို့အဆင်ပြေရင် နောက် တစ်ရက် နှစ်ရက်မှ
ပြန်လာလို့ ရမလား.
ဈေးကွက်ထဲကို အခြေခံဆေးလုံး ၇လုံး တစ်ချိန်တည်း
ရောက်လာတယ်ဆိုတာ ရှားပါတယ်.. တကယ်လို့
လေလံဖွင့်ပွဲမှာ လေလံတင်မယ်ဆိုရင် လူကြီးမင်းရဲ့
အကျိုးအမြတ်က ပိုမြင့်မားလာမှာပဲ အသေအချာပဲ… ”
ဒါကိုကြားရတော့ အနက်ရောင်ဝတ်ရုံနဲ့ လူဟာ ခဏတာမျှ
ငြိမ်သက်သွားပြီနောက် ခပ်လေးလေး ခေါင်းညိတ်လိုက်တဲ့
အသံကို ကြားလိုက်ရသည်။
သူ့၏ခွန်းတုံ့ပြန်တာကို ကြားလိုက်ရတော့ ရဖေးမျက်နှာမှာ
လှစ်ခနဲ ပြုံးလိုက်မိသည်။ ရေနွေးကြမ်းခွက်ကို လက်လှမ်း
လိုက်ပြီတော့ နှုတ်ခမ်းသားမှာ တေ့ပြီ မှုတ်သောက်လိုက်
သည်။ အနက်ရောင်အ၀တ်နှင့် လူကြီးက အဆင့်၂မှော်
ဆေးပညာရှင်လား ဒါမှမဟုတ် အဆင့်၃ လားဆိုတာ သူမ
သေချာအောင် လေ့လာစိစစ်ရမည်။
ရေနွေးကို ဖြည်းဖြည်းချင်း စုပ်သောက်နေသည့်အချိန်မှာ
အနက်ရောင်ဝတ်စုံနှင့် လူက အသက်ကြီးကြီးလေသံဖြင့်
စကားစပြောလေသည်။
“ ဒါနဲ့ မင်းတို့ ပထမတန်းလေလံအိမ်က ငါ့အတွက်
တချို့ဆေးပင် ဆေးပစ္စည်းတွေကို ကူရှာပေးလို့ရလား…”
ရဖေး၏ ကြည်လင်သောမျက်လုံးများက ပိုပြီလင်းလက်
သွားကာ တောက်ပစွာ ပြုံးလိုက်ပြီနောက်
“ ဦးလေးက ဘယ်လို ဆေးပင်တွေကို လိုချငတာလဲ.. ”
“ အနှစ် ၅၀ လောက် သက်တမ်းရင့် အနက်ရောင်အရွက်နဲံ
ကြာပန်း ၄ ပွင့်.. ပြီတော့ မှည့်ပြီးသား မြွေအဆိပ်အသီးက
၂လုံး.. နောက် အနှစ် ၂၀ သက်တမ်းရှိတဲ့ဝိညာဉ်ပေါင်း
စည်းမြက်ပင် တစ်စည်းရယ် နောက်ဆုံးကရေသတ္တိစွမ်း
အင်ပါတဲ့အဆင့်၂ မှော်မွန်းစတားအမြူတေ ၁လုံး.. “
ရွတ်ပြလိုက်သော ဆေးပစ္စည်းအမယ်စာရင်းကို
ကြားလိုက်ရတဲ့အခါမှာ ရဖေးဘေးတွင် ထိုင်နေသော
ကုနီ၏ မျက်နှာအမူအရာမှာအကြီးအကျယ်ကို
ပြောင်းလဲသွားသည်။သူ့မျက်လုံးမှာလည်း
စိတ်ရှုပ်ထွေးနေသည့်အရိပ်အယောင်များနှင့် အနက်
ရောင်ဝတ်ရုံနှင့်လူကို ငေးကြည့်နေမိတော့သည်။
“ ဟင်းဟင်း… ဒီပစ္စည်းတွေအတွက် ဦးလေးကို ရဖေး
သေချာပေါက်ကို ကူညီပေးမှာပေါ့.. ဦးလေးပြောတဲ့
ဆေးအမယ်တွေရတာနဲ့ ဦးလေးဆီကို ချက်ချင်း
အကြောင်းကြားပေးလိုက်မယ်
ဒါပေမဲ့ ဦးလေးက ဘယ်မှာနေလဲဆိုတာ သိလို့ရမလား..
ဘယ်လို ဆက်သွယ်ပေးလို့ရမလဲ.. ”
“ ငါ့ကို ဆက်သွယ်စရာမလိုပါဘူး… တကယ်လို့
ဆေးအမယ်တစ်ခုခုသာ ရလာခဲ့ရင်
အခြေခံဆေးလုံးရောင်းရငွေထဲက နှုတ်
လိုက်ပါ.. နောက်တစ်ခါ ထပ်လာခဲ့ဦးမယ်.. ”
ဝတ်ရုံအောက်ကနေ အိုစာနေသောအသံက ထွက်ပေါ်
လာပြန်သည်။
“ ငါ့မှာ ရွှေ့ဆိုင်းလို့မရတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်ရဖို့
ရှိတယ်.. နောက် ၂ရက်လောက်နေရင် ပြန်လာခဲ့မယ်.. ”
ပြောလည်း ပြောပြီးပြီချင်း ချက်ချင်းပဲ ထရပ်လိုက်ကာ
လေလံအိမ်ကနေ ထွက်ခွာသွားလေသည်။
ထောင့်ချိုးတစ်ခုကို ချိုးဝင်သွားပြီ သူ့၏ပုံရိပ်က
ပျောက်ကွယ်သွားသည်အထိ ကြည့်လိုက်ပြီ မိန်းကလေး
ရဖေးဟာ မျက်မှောင်ကြုတ်လိုက်ပြီ
“ သူပြောသွားတဲ့ ဆေးအမယ်တွေက ဘာမှားနေလို့လဲ
ဦးလေးကုနီ.. ”
ကုနီမှာ ခေါင်းကို ခါလိုက်ပြီ အသက်ပြင်းချလိုက်ကာ
မချိတင်ကဲပြုံးလိုက်ပြီ
“ တကယ်လို့ ငါထင်တာ မှန်မယ်ဆိုရင် အဲ့ဒီ
သူမှာလိုက်တဲ့ ဆေးပစ္စည်းတွေက သန့်စင်ပြီတော့
ချီစုစည်းဆေးလုံးဖော်စပ်ဖို့အတွက် ဖြစ်မယ်.. ”
ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ ရဖေးမျက်နှာလေးဟာ
ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ ချီစုစည်းဆေးလုံးဆိုတာ အဆင့်၎ လောက်ရှိတဲ့
မှော်ဆေးပညာရှင်ကမှ ဖော်စပ်ဖို့ တတ်စွမ်းနိုင်တာ
မဟုတ်ဘူးလား…”
ကုနီ ခေါင်းညိတ်လိုက်ပြီ ဆက်ပြောသည်။
“ အဲလိုပဲ ပြောရမှာပေါ့… ဒါပေမဲ့ ဂျားမာအင်ပါယာမှာ
အဆင့်၎မှော်ဆေးပညာရှင်ဆိုတာ အယောက်နှစ်ဆယ်
ထက် ပိုမရှိပါဘူးဘာဖြစ်လို့ ဒီလိုအနက်ရောင်ဝတ်ရုံနဲ့
ထူးဆန်းတဲ့ မှော်ဆေးပညာရှင်မျိုးကို မကြားဖူးရတာလဲ.. ”
ရဖေး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီ
သိချင်စိတ်ပြင်းပြနေသည့် အရိပ်အယောင်က
သူမမျက်ဝန်းမှာ ပြည့်နှက်လို့နေသည်။
“ အဆင့်၎ မှော်ဆေးပညာရှင်တစ်ယောက်ဆိုတော့ အင်း
ဖြစ်နိုင်ရင် ငါ့အပေါ်မှာ ကျေးဇူးကြွေးတင်ခံရအောင်
လုပ်မှ ဖြစ်တော့မယ်.. ”
No comments:
Post a Comment