Followers

Chapter 45

45  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 45.   ဖိုင်နယ်

လူအားလုံးရဲ့ အကြည့်တွေက သူမဆီကို ရောက်သွား
ကြသည်။ သူမဟာ စင်မြင့်ပေါ်ကို ခုန်တက်လိုက်ပြီနောက်
ရှောင်ယွင်ဘေးနားကို ကျရောက်သွားသည်။ ရှောင်ယွင်
ကို သူမ၏ လှပတဲ့ မျက်လုံးက လှပစွာ လှည့်ကြည့်လိုက်
သလို သူမ၏ လှပတဲ့ နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိရှိ ပြုံး
ပြလိုက်လေ၏။ 

ရှင်းအာ ခုန်တက်လာသည်ကို တွေ့လိုက်ရ၍ ရှောင်ယွင် 
စိတ်ပျက်စွာနဲ့ ကပ်တိုး မေးလိုက်သည်။ 

" ဘာလို့ ဒီကို ခုန်တက်လာတာလဲ..? "

ရှင်းအာ ခပ်ပြုံးပြုံးလေးသာ ဘာမှ မဆိုဘဲ သူမကို စိတ်ရှုပ်
ထွေးစွာ ကြည့်နေသည့် ရှောင်ယုဘက်ကို လှည့်ကြည့်
လိုက်ကာအပြုံးလေးဖြင့် 

" အစ်မရှောင်ယု....အစ်မက အကိုရှောင်ယွင် ထက်ကို  
အသက်လည်း ပိုကြီိးပါတယ်..ဒါ့အပြင် ဂျားမာအကယ်ဒမီ
ကျောင်းတော်မှာလည်း ပညာသင်ခဲ့တယ်.. ဒီလို အနေ
အထားနဲ့ စိန်ခေါ်တယ်ဆိုတာ အဓိပ္ပါယ်တော့ မရှိပါဘူး.. 
ဒါပေမဲ့လည်း အစ်မရှောင်ယုက ဒေါသကို ဖြေချင်တယ်ဆို
ရင်တော့ ညီမရှင်းအာက  ပျော်ပျော်ကြီး ကူညီပေးမှာပါ.. "

ဒါကို ကြားရတဲ့အချိန်မှာ ရှောင်ယုမျက်နှာရဲ့ လှပတဲ့ မျက်
ဟာ တည်ကြည်သွားပြီ သူမမျက်ခုံးတွေက တွန့်ချိုးသွား
သည်။ ပြီးတော သူမမျက်လုံးတွေက လှောင်ရယ်နေသလို
ဖြင့် ရှောင်ယွင်ကို ဦးတည်ကြည့်ပြီ

" မိန်းမတစ်ယောက်ရဲ့ အနောက်မှာ ပုန်းဖို့ပဲ သိတယ် 
ဟုတ်လား.."  ဟု ထေ့ငေါ့ဆိုလိုက်သည်။

ရှောင်ယွင်မှာ မျက်မှောင်ကြုတ်သွားပြီ သူ့မျက်ဝန်းမှာ 
မကောင်းတဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်လာသည်။ 
ဤ အခိုက်အတန့်တွင် သူမကို မြေပြင်ပေါ် ရိုက်ချပြီ 
အရှက်ခွဲချင်စိတ်က တဖွားဖွား ပေါ်ပေါက်လာသည်။ 

" တော်ကြတော့  "

သုံးယောက်သား အခြေအတင် ဖြစ်တော့မည့်ဆဲဆဲမှာ 
ဒုတိယအကြီးအကဲဟာ ဒေါသတကြီး အော်ဟစ်လိုက်၏။ 
ထိုအော်သံကြောင့် သုံးယောက်စလုံး ပြောချင်သည့် စကား
လုံးများကို ပြန်မြိုချလိုက်ရသည်။ 

သုန်မှုန်နေသည့် မျက်နှာထားဖြင့် ဒေါသထွက်နေသည့် 
ဒုတိယအကြီးအကဲဟာ သူတို့ဆီကို လျှောက်လှမ်းလာ
ပြီ ရှောင်ယုဘက်ကို လှည့်ကာ ဒေါသတကြီးဖြင့် 

" ဒီစင်မြင့်ပေါ်မှာ နင် ဘယ်သူကိုမှ စိန်ခေါ်ဖို့ ခွင့်မရှိဘူး..
အခု ချက်ချင်း ပြန်ဆင်းလှည့်.. နင် ဒီအခမ်းအနားမှာ
ထပ်ပြီး နှောင့်ယှက်နေမယ်ဆိုရင် အခန်းအပြင်ကနေ 
တစ်လ ပေးမထွက်ဘဲနေခိုင်းလိုက်မယ်.. "

သူ့ရဲ့ဒေါသကို ရှောင်ယုအပေါ် ပုံချလိုက်ပြီးနောက်မှာ 
ဒုတိယအကြီးအကဲဟာ ဒေါသအနည်းငယ်ပြေလျော့သွား
ပြီ ရှင်းအာဘက်ကို စိတ် မသက်မသာဖြင့် လှည့်ကြည့်
လိုက်သည်။ သူမဆံပင်တွေဟာ တဖျပ်ဖျပ် လေထဲ လွင့်ပါ
နေသည်ကို ကြည့်ပြီး အကြီးအကဲဟာ အတင်းပြုံးလိုက်ပြီ

" မိန်းကလေးရှင်းအာ.. အောက်ကို ဆင်းပေးပါဦး.. မိန်း
ကလေးရဲ့ စိန်ခေါ်မှုဟာလည်း စည်းမျဉ်းကို ဖောက်ဖျက်
နေပါတယ်.. "  ဟု ဖျောင်းဖျလိုက်လေသည်။ 

ရှင်းအာလည်း အေးအေးဆေးဆေးပဲ ပုခုံးတွန့်လိုက်ပြီ 
ခေါင်းလေး ကို ညိတ်ပြလိုက်ကာ စင်မြင်ပေါ်ကနေ ဆင်းဖို့
လှည့်လိုက်သည်။ ရှောင်ယွင်ကိုလည်း ပြန်လှည့်ပြီး
မချိုမချဉ်မျက်နှာနဲ့ ကြည့်သွားရာ ရှောင်ယွင်မျက်နှာမှာ 
ရယ်ရ မလိုလို ငိုရ မလိုလို  ဖြစ်သွားသည်။ 

ဒုတိယအကြီးအကဲ၏ ကြိမ်းမောင်းခြင်းကို ခံရ၍ ရှောင်ယု
ဟာ သူမ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီ မတရားဘူးဟု ခံစား
လိုက်ရသည်။ ခနနေကျမှ သူမခြေကို ဆောင့်လိုက်၍
 နှာခေါင်းရှုံ့လိုက်ပြီးမှ စင်အောက်သို့ ဆင်းလိုက်သည်။ 

" ကလိမ်ကကျစ် အယုတ်တမာကောင်.. စောင့်နေဦးပေါ့ "

အခမ်းအနားလည်း ပြီးဆုံးသွားပြီမို့ ဒုတိယအကြီးအကဲ
လည်း စိတ်သက်သာစွာ အသက်ပြင်းကြီး ချလိုက်သည်။
အပြစ်မဲ့သည့်မျက်နှာပုံစံနှင့်ရှောင်နင်ကို ကြည့်လိုက်ပြီ 
ဒုတိယအကြီးအကဲဟာ မချိပြုံးလေး ပြုံးလိုက်ကာ အေး
စက်သောအသံဖြင့် စင်မြင့်ပ်ါမှာ ရပ်နေလိုက်ရင်း ဆုံးဖြတ်
ချက်ကို ကြေညာလိုက်သည်။ 

" ရှောင်နင်က ဆေးလုံးကို စည်းကမ်းနဲ့ မလျော်ညီစွာ 
သုံးစွဲခဲ့ခြင်းကြောင့် ဒီနေ့ကစပြီ အိမ်တွင်းမှာ သုံးလတိတိ
အကျယ်ချုပ်ထားလိုက်မည်။ " 

ဒုတိယအကြီးအကဲ စကားပြောပြီးနောက်မှာ တီးတိုးသံ
တွေ ထွက်ပေါ်လာသည်။ ဒုတိယအကြီးအကဲ ဆက်ပြီး
ကြေညာလိုက်ပြန်သည်။ 

" စိန်ခေါ်ပွဲက ပြီးဆုံးပါပြီ.. ရှောင်ယွင်က အနိုင်ရရှိသွား
ပါတယ်.. " 

ရှောင်ယွင်မှာ ဖြစ်ပျက်သွားတဲ့ ကိစ္စအတွက် ဖြေရှင်းချက်
လည်း ပေးစရာမလိုသလို သူရဲ့ အမြင်သဘောထားလည်း 
ဘာမှ ထုတ်ဖော်မပြောလိုပါဘူး။ အခမ်းအနား ပြီးဆုံး
ကြောင်း ကြေညာသံ ကြားတဲ့အခါမှသာ  သူ စင်မြင့်ပေါ်
ကနေ ဆင်းလာခဲ့သည်။ 

ပရိသတ်တွေအားလုံး စင်ပေါ်က ဆင်းလာသော လူငယ်
ကို ငေးမောကြည့်ကြသည်။ မျိုးနွယ်လူငယ်တွေ၏
ကြောက်ရွံ့နေသည့် အကြည့်တွေကို ပြန်လှည့်ကြည့်လိုက်
ပြီ ရှောင်ယွင် သူ့ နှာခေါင်းကို ရှုပ်ခနဲ ပွတ်လိုက်ပြီ စိတ်ထဲ
မှာလည်း ကျိတ်ရယ်မောလိုက်လေသည်။ 

……

ရှောင်ယွင်၏ အခမ်းအနားပြီးသွားပြီးနောက် တခြားသော
မျိုနွယ်လူငယ်များ အလှည့်ကျ စင်ပေါ် တက်ပြီ ဆက်လက်
ယှဉ်ပြိုင်ရလေသည်။  ရှောင်ယွင် ပြသသွားသော စွမ်း
ဆောင်မှုက ပိုပြီး စိတ်ဝင်စားစရာကောင်းသောကြောင့် 
တခြားမျိုးနွယ်လူငယ်တွေရဲ့ စွမ်းဆောင်မှုတွေမှာ သူ့နှင့်
ယှဉ်လျှင် မှေးမှိန်နေသကဲ့သို့ သူတို့စိတ်ထဲမှာ ထင်ရသည်။ 

နောက်ဆုံးမှာတော့ ရှင်းအာ အလှည့်ကို ရောက်လာ၍ 
ပရိသတ်များ တဖန် လှုပ်လှုပ်ရွရွ ဖြစ်လာကြပြန်သည်။ 
အသက် ၁၅ နှစ်နဲ့ဒိုကျယ်အဆင့် ရောက်ရှိခဲ့သည့် ရှင်းအာ
 ရှာင်ယွင်၏ အတိတ်က စွမ်းဆောင်မှုနဲ့ မယှဉ်သာပေမဲ့..  
သူမ၏ အောင်မြင်မှုကလည်း အတော်ကို အံ့အားသင့်ဖို့ 
ကောင်းပါသည်။ သူမဟာ ရှောင်မျိုးနွယ်ရဲ့ အတောက်ပ
ဆုံး ပုလဲလုံးလေး ဖြစ်တယ်ဆိုတာကို အခမ်းအနားပွဲကို 
တက်ရောက်လာသူတိုင်းက သိထားကြသည်။ 

ဒါပေမဲ့လည်း ယခု သူတို့ အံသြအံ့အားသင့်နေတာက
လည်း ရှောင်ယွင်၏ အဆင့်၊စွမ်းရည်နှင့် ယှဉ်ကြည့်ရင် 
နည်းပါးပါသေးသည်။ အရွယ်ရောက်ခြင်းအခမ်းအနားမှာ 
မိုးလင်းကနေ စတင်ခဲ့ရာ မွန်းတည့်မှ ပြီးလေသည်။ ကွင်း
ထဲမှာ အံ့သြချီးကျူးအသံတွေ ပွက်ပွက်ညံခဲ့သမျှ ယခုမှာ 
အလျင်အမြန်ပဲ တိတ်ဆိတ်သွားလေပြီ။ ဒါပေမဲ့လည်း 
အနက်ရောင်အဝတ်နဲ့ ရှောင်ယွင်ကိုတော့ ကြည့်ကြတဲ့ 
လူတွေရဲ့ မျက်ဝန်းတွေမှာတော့ ဂယောက်ဂယက်ဖြစ်နေ
ဆဲပါပဲ။

အရွယ်ရောက်ခြင်းအခမ်းအနား ပြီးဆုံးသွားတာကို ကြည့်
ပြီ ရှောင်ယွင် ပင့်သက်ဖွဖွလေး ချလိုက်မိသည်။ ဒီလို သူ့
ကို စူးစိုက်ကြည့်နေကြတာကို သူ အနေရခက်လှသည်။ 
ခေါင်းကို ခါယမ်းလိုက်ပြီး ထွက်ခွာဖို့ မတ်တပ်ရပ်လိုက်၏။ 

" ဒီနေ့ .. အကိုရှောင်ယွင် လုပ်ပြသွားတာ လူတွေအကုန်
လုံး သက်ရှုမှားပြီး အံအားသင့်ကုန်ကြတယ်လေ.. "

မွှေးပျံ့တဲ့ ရနှံ့က လွင့်လာသလို ဆည်းလည်းသံလို ရယ်
သံချိုချိုလေးတွေ ရှင်းအာနဲ့အတူ ရောက်ရှိလာသည်။ 
ရှောင်ယွင် သက်တောင့်သက်သာ ရှိသလို ခံစားသွားရ
ကာ ရှက်ကိုးရှက်ကန်းဖြင့်  နှာခေါင်းထိပ်ကို ပွတ်ပြီး 
ရယ်မောလိုက်သည်။ 

" အကိုရှောင်ယွင်က ဒိုသိုင်းတွေ တစ်ခုမှ မတတ်ဘူးလို့
ရှင်းအာလည်း ထင်ထားတာ.. ဒါပေမဲ့ သူတို့မသိအောင်
မတတ်ချင်ယောင်ဆောင်ထားမယ်လို့ ဘယ်သူကထင်မှာ
လဲ..? " 

လက်နှစ်ဖက်လေးကို အနောက်ပစ်ထားပြီ ရှောင်ယွင်ဘေး
နားကနေ ကပ်လျက် စကားတပြောပြောနှင့် အတူလျှောက်
လာခဲ့သည်။ သူမအပြုံးမှာလည်း စိတ်လှုပ်ရှားနေမှုနှင့် 
အသက်ဝင်လှသည်။ 
 
ရှောင်ယွင် နှုတ်ခမ်းထောင့်လေးတွေ တွန့်ကွေးသွားကာ 
ပြုံးလိုက်ရင်း ဘေးပတ်လည်ကိုကြည့်လိုက်ပြီး ပြောလိုက်
သည်

" ဟဟ.. ရှင်းအာ မင်းလိုပဲလေ ငါလည်း လျှို့ဝှက်တတ်နေ
ပြီလေ.. အင်း  ဒိုသိုင်းခန်းမဆောင်ထဲမှာ သိုင်းတွေက
လည်း ပေါပေါပဲပဲတွေမှ မဟုတ်တာ.. " 

ဒါကို ကြားရတော့ ရှင်းအာ ခြေလှမ်း ရပ်တန့်သွားပြီ သူမ၏
လှပတဲ့ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ အားရပါးရ
ရယ်မောလိုက်သည်။ 

" အကိုရှောင်ယွင်က တကယ်ကိုတော်တာပဲ.. တကယ်လို့
အဲ့ဒီဒိုသိုင်းတွေ စိတ်ဝင်စားတယ်ဆိုရင် ရှင်းအာ သင်ပေး
မယ်လေ.. "

ရှောင်ယွင် သူ့ပုခုံးကို တွန့်လိုက်ပြီ ပြောလိုက်သည်။

" ရပါတယ်.. နေပါစေ .. နိုင်သလောက်ပဲ သင်ထားလိုက်ဦး
မယ်.. ဒါကို ကောင်းကောင်းသဘာပေါက်ပါတယ်.. " 

" ဒါဆို ဒိုကျင့်စဉ်ဆိုရင်ရော..? " 

ရှောင်ယွင်ရဲ့ ငြင်းဆိုမှုက သူမအတွက် ဘာမှ မဖြစ်သလို
ပင်..ဉာဏ်ကောင်းဟန် ရှိသည့် သူမမျက်လုံးကလေးက 
ကလယ်ကလယ်ဖြင့် နောက်ထပ် အကြံထုတ်နေသည်။ 

သူမကို လမ်းကြောင်းလွှဲလိုသည့် အကြံဖြင့် ရှောင်ယွင် 
မျက်စိကို သူမဆီ စွေကြည့်လိုက်ပြီး မသိယောင်ဆောင်
လိုက်ကာ လမ်းကြောင်းလွှဲ မေးလိုက်သည်။ 

" ငါတို့ နောက်ငါးရက်နေရင် ဒိုချီကျင့်စဉ် ခန်းမကို သွားပြီ 
ဒိုချီကျင့်စဉ်သွားယူရမယ် မဟုတ်လား..? "

" အင်း ရှောင်မျိုးနွယ်ရဲ့ အမြင့်ဆုံးသိုင်းကတော့ အလယ်
လတ် ရွှင်းအဆင့် ဒိုသိုင်းဖြစ်တဲ့ ခြင်္သေ့ဒေါသမာန်ဟုန်ပြင်း
သိုင်းပဲ..ဒါပေမဲ့ အကိုရှောင်ယွင်က အဲဒါကို လေ့ကျင့်ဖို့ 
အခွင့်မရှိဘူး.. " 

ရှင်းအာ ပြောရင်း သူမဆံပင်ရှည်တွေကို လက်ကလေးဖြင့်
သပ်ဖယ်လိုက်သည်။ နှုတ်ခမ်းလေးကို စူပြီ ပြောရမည့် 
စကားတွေကို သေချာရွေးနေဟန်ရှိသည်။ ခနကြာမှ 
သူမ ညင်သာစွာ ပြောသည်။ 

" အကိုရှောင်ယွင်အတွက် အဆင့်မြင့် ရွှင်းအဆင့် ဒိုသိုင်း
ကို ရှင်းအာ ပေးလို့ရပါတယ်.. ဘယ်လိုသဘောရလဲဟင်?"

ဟင်.. ဒီကောင်မလေး.. တကယ်ကို ချမ်းသာတာပဲ.. 
ရွှင်းအဆင့် ဆိုတာတွေက အနည်းဆုံး ရွှေဒင်္ဂါး နှစ်သန်း
လောက် တန်ဖိုးရှိတယ်

ရှောင်ယွင် ကျိတ်ပြီး အသက်ပြင်းချလိုက်ပြီး သူ့ မျက်နှာကို 
အတင်း ပြုံးခိုင်းလိုက်သည်။ သူသာ ဆရာရွဲ့လော်နဲ့ 
မတော်တဆ မတွေ့ဆုံခဲ့ရင် သူနဲ့ ရှင်းအာ ကြားထဲက ကွာ
ဟချက်ကို ညှိဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။သူရဲ့ ပင်ကိုယ်
အရည်အချင်းက ဘယ်လောက်ပဲ တော်နေပါစေ.. ရှင်းအာ
၏ ထူးခြားသည့် နောက်ခံအသိုင်းအဝိုင်းကို သူ ဘယ်လိုမှ
စိတ်ကူး မှန်းဆလို့ မရချေ။ 

ရိုးစင်းပြီး ပုံတုံးတဲ့ လက်စွပ်ကို သူ တိတ်တိတ်လေးပဲ ပွတ်
သပ်နေမိသည်။ သူ့နှလုံးသားမှာ တည်ငြိမ်လာသည်။ ဤ
လက်စွပ်က သူရဲ့ အောင်မြင်မည့်လမ်းကြောင်းအတွက် 
အဓိက လျှို့ဝှက်ချက် ဖြစ်လာလိမ့်မည်။ 

ရှင်းအာကို လှည့်ကြည့်ပြီး ရှောင်ယွင် ရယ်မောပြလိုက်
သည်။ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီ ခေါင်းမာ
ဟန်ဖြင့် 

" မလိုပါဘူးဗျာ.. ဒီအကိုက သူ့ကိုယ်ပိုင်အင်အားကိုပဲ
အားကိုးပြီ အင်အားကြီးမားလာအောင် လုပ်မှာ.. " 

ရှင်းအာ ခြေလှမ်းအစုံ ရပ်လိုက်သည်။ မျက်တောင်လေး
ကို တဖျတ်ဖျတ် ခတ်ပြီး ရှေ့ဆက်လျှောက်နေဆဲ ဖြစ်သည့်
ရှောင်ယွင်ကို ငေးကြည့်နေမိသည်။ ခနအကြာမှာ သူမ
ရုတ်တရက် ပြုံးလိုက်ပြီ..

"အင်းး ကြည့်ရတာ အကိုရှောင်ယွင်ရဲ့ အနောက်ကွယ်မှာ 
ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်တော့ ရှိနေပြီး..
အင်း .. ငါ စုံစမ်းကြည့်ရင် ကောင်းမလား..? "

နဖူးပြင်ကို လက်ညိုးဖြင့် ထောက်ကာ စဉ်းစားနေသော
သူမပုံစံမှာ လေးနက်စွာ စဉ်းစားနေမှန်း သိသာသည်။
ခနကြာမျှ မတ်တပ်ရပ်နေပြီးမှ သူမ ခေါင်းကို ကယ်ရာမဲ့
စွာ မသက်မသာ  ခါလိုက်သည်။ 

" သူကို လွှတ်ပေးထားတာ ကောင်းပါတယ်လေ.. အကို
ရှောင်ယွင်က အဲလို စွက်ဖက်တာ မကြိုက်ဘူး.. ထူးခြား
တဲ့ ပုဂ္ဂိုလ်က အကိုရှောင်ယွင်ကို ဒီလောက် သင်ပေးထား
မှတော့ အကို့ကို ထိခိုက်စေလောက်မှာ မဟုတ်ပါဘူးလေ."

...........

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...