Followers

Chapter 42

42 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 42.   မင်းရှုံးပြီး

ကြေညာသံကြောင့် အားလုံးက စိတ်ဝင်တစားနဲ့ စင်ပေါ်
က လူငယ်နှစ်ယောက်ကို စတင်စူးစိုက်ကြည့်နေကြတော့
သည်။ 

သုံးနှစ်ပြီးနောက် နောက်တဖန် အံသြဖွယ်ရာတစ်ခုကို ထပ်
လုပ်ပြနိုင်ခဲ့သည့် လူငယ်ကို ပရိသတ်က ပို၍ စုပ်စုချင်နေ
ကြသည်။ သူ့မှာ ဒိုချီအဆင့်နှင့် အလားတူစွာ ဒိုသိုင်း
တိုက်ခိုက်မှုမှာရော အစွမ်းထက်ပါ့မလား?? အရမ်းကို 
ကြောက်လန့်ဖွယ်ရာ လေ့ကျင့်မှုနှုန်းတွေ ဒိုချီအဆင့်လို
မျိုး တိုက်ခိုက်မှုပညာမှာပါ သူ့မှာ ရှိနေမည်လားး??

စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ ရှောင်ကျန်း မျက်မှောင်
ကြုတ်ပြီး သူ့သားကို အနည်းငယ် စိတ်ပူပင်စွာနဲ့ လှမ်း
ကြည့်နေမိသည်။ ရှောင်ယွင်ရဲ့ ဒိုချီအဆင့်က သူခန့်မှန်း
ထားတာထက် ကျော်လွန်သွားခဲ့ပေမဲ့လည်း သူ ရှောင်ယွင် 
ဒိုချီခန်းမဆောင်ကို သွားပြီး ဒိုသိုင်းကျမ်းတစ်အုပ်မှ သွား
ယူတာကို မမြင်မိသလို သူ သိုင်းကျင့်နေတာကိုလည်း သူ 
မမြင်ခဲ့ဖူးဘူး။ 

ဒိုချီကျင့်စဉ်နဲ့ ဒိုသိုင်း လေ့လာလေ့ကျင့်တဲ့ နေရာမှာ 
ကွဲပြားတယ်ဆိုတာ သတိပြုသင့်သည်။ တစ်စုံတယောက်
က ဟွားအဆင့်ရှိတဲ့ ဒိုသိုင်း လေ့ကျင့်မယ်ဆိုရင် လိုအပ်မှာ
က အမှားအယွင်းနဲ့ ဖြေရှင်းခြင်းကို ကျော်ဖြတ်ပြီး အထူး
တလည်း ကြိုးစားရခြင်းဖြစ်သည်။ အလယ်လတ်အဆင့်
ဒါမှမဟုတ် ဒီထက် အဆင့်မြင့်သည့် သိုင်းကို လေ့ကျင့်
ရလေ အကူအညီ အထူးသဖြင့် မျိုးနွယ်ရှိ သိုင်းပညာသင်
ဆရာရဲ့ အကူအညီယူပြီ ပိုပြီးတော့တောင် ကြိုးစားရပေ
သည်။ ပြီးခဲ့သည့် နှစ်တစ်လျှောက်လုံး ရှောင်ယွင် သိုင်း
ကျင့်ဖို့ မျိုးနွယ်ထဲက ဘယ်သိုင်းသင်ဆရာကိုမှ ချဉ်းကပ်
သည်ကို ရှောင်ကျန်း မတွေ့မိပါဘူး။ ဒါပေမဲ့ ရှောင်နင်
ကျတော့ သိုင်းပညာသင်ဖို့ သိုင်းသင်ဆရာတွေနဲ့ ရင်းနှီိး
အောင် ဆက်ဆံနေတာတွေတော့ သူမြင်ရတွေ့နေရသည်။ 

ရှောင်ကျန်းသိထားရသလောက်ဆိုရင် အဆင့်၈ ရောက်
နေပြီးဖြစ်တဲ့ ရှောင်နင်က အလယ်လတ်အဆင့် ၃ ခု နဲ့ 
အဆင့်မြင့် ၁ ခု ...  စုစုပေါင်း ဟွာင်းအဆင့် ဒိုသိုင်း ၄သိုင်း
တတ်မြောက်ထားသည်ဟု သိထားသည်။ ဒီသိုင်း ၄ သိုင်း
ထဲက ဘယ်သိုင်းမဆို မဆို သူ့ကို အဆင့်တူသိုင်းသမား
တွေထက် ခေါင်းတစ်လုံးသာစေနိုင်သည်။ ကြည့်ရတာ 
ဒီတိုက်ပွဲမှာ ရှောင်ယွင်အတွက် အခွင့်မသာဟန် ရှိသည်။ 

" ဟဟ,, ရှောင်ခေါင်းဆောင်.. ဘာပြောချင်ပါသလဲရှင်?
အောင်ပွဲက သခင်လေး ရှောင်ယွင်ဆီကို ရောက်လာပါ့
မလားရှင်.. ?? " ရှောင်ကျန်းဘေးနားမှာ ခိုင်မြဲစွာ မတ်တပ်
ရပ်နေတဲ့ ရဖေးက အပြုံးလေးနဲ့ မေးလိုက်သည်။ 

ရှောင်နင်ဆီကို ရောက်ရှိနေတဲ့ သူ့ရဲ့ဒေါသကို ရှောင်ကျန်း
ပြန်ငြိမ်သက်အောင် လျှော့ချလိုက်ပြီ တည်ငြိမ်စွာနဲ့..
" ယွင်လေးက ဒီအချိန်မှာ ဒိုသိုင်းနဲ့ ပတ်သတ်ပြီး သိပ်
ကျွမ်းကျင်မှု မရှိသေးဘူး.. ပြီးတော့ သူက အခုမှ အဆင့်၈
ရောက်ခါစပဲ ရှိသေးတယ်.. ရှောင်နင်ကတော့ အဆင့် ၈ 
ရောက်တာ တစ်နှစ်ကျော်နေပြီ.. ဒါက သူ ကံဆိုးတာပဲလေ
ငါ့သား သူ့ရဲ့ နိုင်ဖို့အလားလာက သိပ်မများတာကို ငါ စိတ်
ပူမိတယ်.. "

" အိုးး.. တကယ်ကြီးလား.. "
ရဖေ.. သူမရဲ့ မျက်တောင်ရှည်ကို တစ်ချက်ချက် ခတ်
လိုက်ကာ စင်မြင့်ပေါ်က တည်ငြိမ်အေးဆေးနေတဲ့ အနက်
ရောက်အဝတ်နဲ့ လူငယ်ကို သူမ၏ ဆွဲညှို့နေတဲ့ မျက်ဝန်း
နဲ့ ငေးကြည့်နေမိသည်။ သူမ နှုတ်ခမ်းပါးပါးက အပြုံးလေး
တစ်ခုဆီကို ကော့ညွတ်သွားရာ သူမ၏ ပြီးပြည့်စုံတဲ့ 
အလှအပကို ဖော်ညွန်းလိုက်သလိုမျိုး.. ဖြစ်စေသွားသည်။ 
" သခင်လေးရှောင်ယွင်အပေါ်ကို ဘာကြောင့် ဒီလို
ယုံကြည်နေရတာလဲဆိုတာ ကျွန်မ လည်း မသိပါဘူး.. 
သူ ဒီတိုက်ပွဲမှာ အောင်မြင်မှုကိုရမယ်ဆိုတာ ကျွန်မ
ထင်နေမိတယ်.. " 

ရှောင်ကျန်း ခြေတစ်လှမ်းနောက်ဆုတ်လိုက်မိပြီး သူမ၏ 
ယုံကြည်ချက်အပေါ် အံ့သြသွားမိသည်။ ထို့နောက် ပြုံး
လိုက်ကာ ခေါင်းကို ခါယမ်းလိုက်ပြီ..
" မိန်းကလေး ရဖေး စကားက မှန်ပါစေလို့ပဲ ဆုတောင်း
ရမှာပေါ့လေ.. " 

……
ရှောင်ယွင်နှင့် မျက်နှာချင်းဆိုင်ရပ်နေကြရင်း ရှောင်နင်
တချက် လှောင်ရယ်လိုက်သည်။ ထို့နောက် လက်သီးကို
ဆုပ်လိုက်ပြီး မာန်ပါပါဖြင့် ကိုယ်ဟန် ယူလိုက်သည်။ 
သူ့ရဲ့ စိမ်းဖန့်ဖန့် ဒိုချီစွမ်းအင်တွေက တိုးထွက်လာနေပြီး 
ယခုပင် အရှေ့ပြေးထွက်တော့မည့်မတတ်ဟန်ဖြင့် 
အန္တရာယ်ပေးတော့မည်အသွင် ပေါ်ပေါက်လာသည်။ 

စကားတခွန်းမှ မဆိုဘဲ ရှောင်နင်ခြေလှမ်းတွေက မြေပြင်
ကနေ တွန်းကန်ခုန်လွှားလိုက်ရာ ရှောင်ယွင်အနား ဒိုင်း
ခနဲ ရောက်လာပြီး။ တချက်လေးမှပင် တုံ့ဆိုင်းမနေဘဲ 
လက်ဝါးချက် နှစ်ခု ပြိုင်ဝင်လာရာ သူ့၏လက်သည်းခွံ
တွေက သံမဏိလိုပဲ ဝင်းလက်သွားသည်။ 

ရှောင်နင်နှင့် တစ်ပေခွဲအကွာ ရောက်သည့်အချိန်မှာ 
ရှောင်နင် ညာလက်က လက်သည်းကုတ်သဏ္ဍာန်ယူ
လိုက်ပြီး ရှောင်ယွင်လည်ပင်ဆီကို ကွေ့ဝင်သွားသည်။ 

" အလယ်လတ် ဟွာင်းအဆင့် သိုင်း : ဖြိုခွင်းသော လက်သည်း "

 နီးကပ်လာသော လက်သည်းချွန်တွေကို တည်ငြိမ်စွာ 
ကြည့်ရင်း ရှောင်ယွင် အထဲကို ကွေးထားတဲ့ လက်ဝါးကို
အပေါ်ပင့်ပြီး ရုတ်ချည်း ရိုက်ထုတ်လိုက်ရာ ပြင်းထန်သော
တွန်းထုတ်အားတစ်ခု ဖြစ်ပေါ်သက်ရောက်သွားသည်။ 

အားကောင်းသော ဖိအားကို ရင်ဆိုင်လိုက်ရ၍ တစ်ကိုယ်
လုံးကို ရိုက်ချလိုက်သလို ခံစားလိုက်ရကာ ရှောင်နင်
မျက်နှာပျက်သွားသည်။ အနောက်ကို ခြေ ဆယ်လှမ်း 
ဆုတ်လိုက်ရပြီးမှ ရပ်တန့်လို့ ရသွားသည်။ 

ပွဲကြည့်စင်ပေါ်က ရှောင်ကျန်း အံ့အားသင့်စွာနဲ့ ငေးမောမိ
သွားသလို ဘေးနားက ရဖေးလည်း ချိုသာစွာ ပြုံးလိုက်မိ
သည်။ မမှိတ်မသုန် စူးစိုက်ကြည့်ရင်း ကျောက်စိမ်းဖြူ
ရေနွေးအနားသပ်ကို သူမ နှုတ်ခမ်းရဲရဲဖြင့် ဖိပြီး ရေနွေး
တစ်ငုံစာ စုပ်သောက်လိုက်သည်။ 

" ဒီကောင်လေး.. သူက တကယ့်ကို လျှို့ဝှက်ရတနာပဲ.."
ရဖေး ရွေရွတ်လိုက်ပြီး ရေနွေး နောက်တစ်ငုံစာ ထပ်
သောက်လိုက်ပြန်သည်။ 

" ဘာ.. ဒါ ဘာဒိုသိုင်းလဲဟ?? "
ရှောင်နင် သူ့ရင်ဘက် နင်ကျင်နေတဲ့ နေရာကို ပွတ်သပ်
လိုက်ရင်း မျက်နှာမှာလည်း ဖြူဖျော့နေကာ မေးလိုက်သည်။

ရှောင်ယွင် သူ့ကို တစ်ချက်သာ အေးအေးစက်စက် ကြည့်
လိုက်သည်။ မီးလက်ဝါးသိုင်းဆိုတဲ့ နာမည်က သိပ်ပြီး 
နားထောင်မကောင်းပါဘူး ဒါပေမဲ့ ဒီသိုင်းက အတော်လေး
ပြင်းထန်တဲ့ အားကို ပေးစွမ်းနိုင်လို့ ရှောင်ယွင် သဘောကျ
မိသည်။ ရှောင်ယွင် သူ့ကို ဂရုမစိုက်ဘဲနေတာကို ကြည့်
ပြီ ရှောင်နင် ဒေါသကြောင့် မျက်နှာမှာ တုန်ယင်လာသည်။ 
ပါးစပ်ကို တင်းတင်းစေ့ထားလိုက်ပြီး နောက်တကြိမ် 
ရှောင်ယွင်ဆီကို တိုက်ခိုက်ဖို့ တဟုန်ထိုး ပြေးလာသည်။ 

ရှောင်ယွင် သူ့လက်ဝါးကို အပြင်ထုတ်ဆန့်ထားရင် ချဉ်း
နင်းပြေးလာတဲ့ ရှောင်ယွင်ကို မျက်စိကျဉ်းပြီး ကြည့်ကာ 
သူ့နှုတ်ခမ်းထောင့်က ရက်စက်စွာ လှောင်ပြုံးလိုက်သည်။ 

တောင့်ထားတဲ့ ညာလက်ပြင်ကို နှေးကွေးစွာ ပြန်ဖြေ
လျော့လိုက်ပြီး ဆတ်ခနဲ လက်သီးဆုပ်လိုက်ရာ ပြင်းထန်
ရက်စက်သည့် လေစုပ်ဆွဲအားက လက်ဝါးအတွင်းမှာ ဖြစ်
ပေါ်လာသည်။ 

" ရွှင်းအဆင့် ဒိုသိုင်း :  လေဟာနယ်လက်ဝါး.. " 

ရှောင်နင် လက်သီးဆုပ်ထားကို မြင်၍ ရှောင်နင်ရဲ့ မသိ
စိတ်က အလိုလို မြေပြင်ကို မြဲမြဲတင်းတင်းနင်းလိုက်သည်။  
ဒါပေမဲ့ မရချေ သူ့ကိုယ်သူ စုပ်ဆွဲခံနေရသလို ခံစားနေရ
ပြီ ရှောင်ယွင်လက်သီးကို ပို့ဆောင်ခံနေရသလို ဖြစ်နေ၏။ 

ထူးဆန်းတဲ့ အပြုံး ကို ပြုံးထားနေတဲ့ ရှောင်ယွင်ဆီကို 
လျှပ်စီးလက်သလိုပဲ ရှောင်နင်ခန္ဓာကိုယ်က ပျံဝဲသွားသည်။ 
ရှောင်နင် သူ့ခန္ဓာကိုယ်ကို ဆွဲယူခံနေရပေမဲ့ နီးကပ်လာ
သည်နှင့်အမျှ သူ လှောင်ပြုံးလိုက်မိသည်။ သူ ကျယ်ကျယ်
လောင်လောင် ရယ်မောလိုက်ပြီ သူ့ရဲ့ ဒိုချီစွမ်းအင်တွေကို
လက်သီးမှာ စုစည်းပစ်လိုက်သည်။ 

" သံလက်သီး.. " ရှောင်နင် အော်ဟစ်လိုက်ပြီး လက်သီး
ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ စူးစူးရှရှ ပေါက်ကွဲ
တိုးထွက်လာသည့် တဲ့ ဒိုချီစွမ်းအင်တွေက အပြင်ကိုပင်
လွတ်ထွက်လာ လေထုထဲမှာ နက်ရှိုင်းတဲ့ ပဲ့တင်သံတွေ 
ဟိန်းထွက်လာသည်။ ဒီလက်သီးသာ ရှောင်ယွင်ပခုံးကို
ထိမှန်သွားခဲ့ရင် ရှောင်ယွင် သေချာပေါက် ဒဏ်ရာ အကြီး
အကျယ် ရသွားမည်။ 

သံလက်သီးဆိုတာ အဆင့်မြင့် ဟွာင်းအဆင့် ဒိုသိုင်းတစ်ခု
ဖြစ်ပြီး သူ့ရဲ့ စွမ်းအားက ကောင်းမွန်သည်ဟု ပြောလို့ရပါ
သည်။ ဒါကို လေ့ကျင့်ဖို့ အနိမ့်ဆုံး အဆင့် ၇ ရှိမှာသာ ရ
မည်။ လေထဲက ထက်မြတဲ့ ဒိုချီစွမ်းအင် ကို ခံစားမိလိုက်၍
ရှောင်ယွင် အနည်းငယ် ဝေ့ကြည့်လိုက်ပြီး လေကို နှေး
ကွေးစွာ မှုတ်ထုတ်လိုက်သည်။
တစ်ကိုယ်လုံးရှိ ဒိုချီစွမ်းအင်တွေကို စီးဆင်းစေလိုက်ကာ 
မာန်သွင်းပြီ အော်ဟစ်လိုက်သည်။ 

" ရွှင်းအဆင့် ဒိုသိုင်း.. မီးလက်ဝါး.. "

သင်ခန်းစာ ကောင်းကောင်းပေးလိုက်မည်ဟူသော စိတ်နဲ့
အတူ ရှောင်ယွင် လက်ဝါးကနေ ချီစွမ်းအင်လှိုင်းက ပြင်း
ထန်စွာ တိုးဝှေ့ထွက်သွားသည်။ 

" ဘုန်း.. " 
လေထုကြီးကပဲ ကြီးမားလေးလံသွားသလို မမြင်ရသော 
အားတွေက ရက်ရက်စက်စက်ပဲ ရှောင်နင်ကို အနောက်
ပြန် လွှင့်စင်သွားလောက်အောင် တွန်းထုတ်ပေးလိုက်
သည်။ ဆွဲငင်ခြင်းနှင့် တွန်းကန်ခြင်းအားနှစ်ခု က ရှောင်
နင်ကို မျက်နှာ ဖြူဖျော့သွားစေတဲ့အထိ ပြင်းထန်လှပေ
သည်။ 

" ဒိန်း.. " 
လူနှစ်ယောက် အားနှစ်ခု ဆုံတွေ့လိုက်တဲ့ ခနမှာ ခနတာမျှ 
မတိုးသာမဆုတ်သာ အခြေအနေမှာ ငြိမ်သက်သွားလိုက်
ပြီး အဆုံးသတ်မှာ ရှောင်နင်ဟာ အနောက်ပြန် လွင့်ပျံသွား
ပြီ ပေသုံးဆယ်ကျော်အဝေးက မြေပြင်ပေါ် ကျရောက်သွား
သည်။ တစ်ကိုယ်လုံး ဆန့်ငင်တုန်ယင်နေပြီ သွေးတွေများ
တဖြည်းဖြည်း ယိုစီးကျနေတာ သနားစရာကောင်းသည့်
ညည်းညူသံများ ထွက်လာသည်။ မလှုပ်မယှက် အကြော
သေနေသည့် ပုံစံ ဖြစ်နေသည့် ရှောင်နင်ကို ကြည့်လိုက်ပြီး 
ဘေးပတ်ဝန်ကျင်ကိုလည်း တချက် ငဲ့ကြည့်လိုက်ပြီနောက်
ရှောင်ယွင် လက်တွေကို ဖြည်းဖြည်း ပြန်ရုတ်သိမ်းလိုက်
သည်။ ပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်။ 

" မင်းရှုံးပြီး " 

...........

ဒီလကုန်လောက်ပေါ့ BTTH ကို gp လုပ်ဖို့စိတ်ကူးထား
တယ်... ဘယ်လိုသဘောရကြလဲ.. ??

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...