Followers

Chapter 55

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through the Heavens
By Heavenly Silkworm Potatos
___________________________
Chapter 55 –  မတော်တဆ

ပထမတန်းလေလံအိမ်တော်၏ သတင်းအချက်အလက်
ပေးပို့ဖြန့်ဖြူးတာကို   ကြည့်ပြီ  လူတိုင်းဟာ   ၎င်းတို့၏
ဆက်သွယ်မှုကွန်ရက်မှာ အင်မတန် တိကျမြန်ဆန်မှု
ရှိကြောင်း ၀န်ခံရပေလိမ့်မည်။ ယခုလည်း ရှောင်ယွင်
အခြေခံဆေးလုံးကို ပထမတန်း လေလံအိမ်လက်ထဲကို
ပေးပြီး၍ တစ်ရက်လေးမျှပင် စွန်းရုံလေးပဲ ရှိသေးသည်။
ဝူတန်မြို့ပေါ်ရှိ သြဇာတိက္ကမကြီမားသောမျိုးနွယ်မိသားစု
တိုင်းမှာ အခြေခံဆေးလုံးအကြောင်း ကြားသိပြီ ဖြစ်နေ
သလိုအားလုံးဟာဆူပူပွက်လောရိုက်ကုန်ကြသည်။

ပြီးခဲ့သည့် လေလံပွဲ နှင့် ယခုတစ်ခေါက် ကွာခြားချက်မှာ
လေလံပွဲ၏ အဆင့်ပင် ဖြစ်သည်။ ပြီးခဲ့သည့်လေလံပွဲတွင်
ပြသသွားသည့် အဆင့်မြင့် ရွှင်းအဆင့် ဒိုသိုင်းကျမ်းမှာ 
ဘယ်အချိန်မှာမဆို ဈေးအမြင့်ဆုံးရနိုင်သည့် လေလံ
ပစ္စည်းဖြစ်သည်။အဓိကအင်အားကြီးသူတွေ လေလံ
ဆွဲသည့် အချိန်မှာ ကျန်တဲ့အဆင့်နိမ့်လူတွေက 
ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။

ဒါပေမဲ့ လူအများစုအတွက်ကတောအခြေခံဆေးလုံး
ဆိုတာပိုပြီ လက်တွေ့ကျသော ပန်းတိုင်တစ်ခု ဖြစ်သည်။
သူတို့၏သားသမီးတွေ ဒိုကျဲအဆင့်ကို ဖြစ်နိုင်သမျှ
မြန်မြန်ရောက်ရှိစေအောင် ကူညီဖို့အတွက်
 အခြေခံဆေးလုံးလိုမျိုး အကျိုးရှိစေသည့် ပစ္စည်းမျိုး 
ဝယ်ပေးဖို့အတွက် ပိုက်ဆံသုံးရဖို့ကို မျိုးနွယ်
အကြီးအကဲအများစုမှာ လက်တွန့်နေမှာ မဟုတ်ပါဘူး။

အခြေခံဆေးလုံးဆိုသော နာမည်က ၀ူတန်တစ်မြို့လုံးကို 
စိတ်လှုပ်ရှားသွားအောင် ဆွပေးလိုက်သလိုပါပဲ။ 
ရှောင်မျိုးနွယ်မိသားစုလို အများနှင့် မရောမနှော
သီးသန့်ဆန်လှသောမျိုးနွယ်စုတွေပင် ဤသတင်းကို 
ကြားသိကြလေသည်။

အရည်အသွေးမကောင်းလှသော အခြေခံဆေးပုလင်း ၇
ပုလင်းလောက်ကိုပင် အသည်းအသန်ဖြစ်နေကြတာကို 
ရှောင်ယွင် ကြည့်ရင်း အံ့သြနေမိပြီ ဤကုန်းမြေပေါ်မှ
 ဆေးလုံးတွေ၏ ထူးခြားသော ဆွဲဆောင်နိုင်ခြင်း
ကိုလည်း ကျေးဇူးတင်စွာ အသိအမှတ်ပြုလိုက်လေသည်။

ဒုတိယနေ့မှာတော့ ပထမတန်းလေလံအိမ်၏ 
ဖိတ်ကြားစာကို ရှောင်မျိုးနွယ်စုမှ ရရှိလေသည်။ 
ကြည့်ရသည်မှာ ရှောင်ကျန်းမှအခြေခံဆေးလုံး
ဝယ်ခဲ့ဖူးသည်မို့ ဖိတ်ကြားသည်ဟု ယူဆရ
လေသည်။ ရှောင်မျိုးနွယ်စုထဲမှာ အကြီးအကဲ 
တော်တော်များမှာ အခြေခံဆေးလုံးကို စိတ်ဝင်စား
ကြလေသည်။ အထူးသဖြင့်ဒိုကျဲအဆင့်ကို ရောက်ဖို့ 
ကြိုးစားဆဲ ဖြစ်သည့် လူငယ်လေးတွေရှိကြသည့် 
အကြီးအကဲများ ဖြစ်သည်။

ရှောင်ယွင်မှာ မူလစီစဉ်ထာသည်က နေ့လည်
အချိန်လောက်တွင် တိတ်တိတ်ကလေး ခိုးထွက်သွားရန် 
ဖြစ်ပေသည်။ သို့သော် အစီအစဉ်အကောင်အထည် 
ပေါ်ခါနီးတွင်ရှောင်ကျန်းဆီမှာ လူလွှတ်ခေါ်ခိုင်း၍ 
သူရဲ့အစီအစဉ်ပျက်သွားလေသည်။ ရှောင်ယွင် 
ငြင်းပယ်လို့ မရတော့ဘဲလူယုံနောက်ကိုသာ လိုက်ခဲ့ပြီ 
ကလန်အရှေ့ဝင်ပေါက်ကိုလျှောက်သွားကြသည်။

အ၀င်ပေါက်အနားမှာတော့ ရှောင်ကျန်းတစ်ယောက် 
တည်းရှိနေတာ မဟုတ်ပါဘူး။ နောက်ထပ် အကြီးအကဲ
များစွာရောက်နေကြပြီ သူတို့၏ ပုံစံမှာ စိတ်လှုပ်ရှားနေ
ကြကာ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။

ရှောင်ကျန်းမှာ ခေါင်းမော့ကြည့်လိုက်ရာ လေးတိ
လေးကန်ဖြင့်လျှောက်လှမ်းလာသော ရှောင်ယွင်ကို 
မြင်လိုက်သည်နှင် ရှောင်ယွင်ကို မြန်မြန်လျှောက်လာ
ဖို့ လက်ယပ်ခေါ်လိုက်သည်။

သူ့အဖေ လက်ယပ်ခေါ်တာကို တွေ့ရာ ရှောင်ယွင် 
အသက်ပြင်းချမိသည်။ ဆက်လမ်းလျှောက်လိုက်ရင်း
 ရှောင်ကျန်းဘေးနားက နောက်ထပ် အကြီးအကဲ 
နှစ်ယောက်ကို တဆက်တည်းမြင်တွေ့လိုက်ရာ သူ 
မျက်ကြော အနည်းငယ် ရှုံ့သွားသည်။

“ မိန်းကလေးတစ်ယောက်လိုပဲ.. လှုပ်ပဲ့လှုပ်ပဲ့နဲ့ ”
ရှောင်ယုက မှုန်ကုပ်ကုပ်မျက်နှာနှင့် ရှောင်ယွင်အား 
ခနဲ့စကားဆိုလိုက်သည်။

တစ်နေလုံး မင်းသမီးတစ်ပါးလိုအလှပြင်ထားပြီကာမှ 
ယခုလိုစောင့်ဆိုင်းနေရ၍ သူမ အနည်းငယ် 
ဒေါသထွက်နေပြီဖြစ်သည်။

“ မင်းရဲ့အသုဘကို ချရင်ရော အဲလိုလောနေမှာလား.. ”
ရှောင်ယွင် အတည်ပေါက်ဖြင့် ပြန်မေးလိုက်သည်။ 
ရှောင်ယုမှာ ဒေါသထွက်သွားပြီ သွားပင် ပဲ့လုမတတ်
ဒေါသတကြီး အံကို တင်းတင်း ကြိတ်လိုက်၏၊

“ ဟီးဟီး ”  လူစုထဲက တချို့မိန်းကလေတွေ၏ 
မအောင့်နိုင်ဘဲရယ်မောလိုက်သော အသံမှာ 
ငွေဆည်းလည်းအသံလို လွင်လွင်ကလေး
 ထွက်ပေါ်လာသည်။

လူအုပ်ဘက်ကို သူ ခေါင်းစောင်းငဲ့ကြည့်လိုက်ရာ
 လူကြားထဲမှာရှင်းအာကိုလည်း မြင်လိုက်၍ သူမကို သူ 
ပခုံးတွန့်ပြလိုက်ပြီပြုံးလိုက်ကာ မေးလိုက်သည်။

“ ရှင်းအာလည်း လေလံအိမ် သွားမလို့လား…”

“ ကလန်ဝင်းထဲမှာ နေနေရတာ ပျင်းဖို့ကောင်းတယ်..  
အဲ့ဒါကြောင့် လိုက်ကြည့်မလို့ ”

လူကြားထဲကနေ တိုးဝှေ့ပြီးတော့ သူမ 
လျှောက်ထွက်လာပြီရှောင်ယွင်ဘေးနားမှာ 
ရပ်နေလိုက်သည်။သူမရယ်သံလွင်လွင်
က သူမလျှောက်ခဲ့ရာ အနောက်မှာ ကျန်ရစ်ခဲ့လေသည်။

“ ဘာပဲဖြစ်ဖြစ် အဲ့ကို သွားဖို့က ဘာအကြောင်းရှိလို့လဲ … 
လေလံပွဲမှာ အခြေခံဆေးလုံးကလွဲပြီး တခြား 
ဘာထူးခြားတဲ့ပစ္စည်းတွေကို လေလံတင်လို့လဲ.. အဲ့ဒီကို 
သွားတာ ရှင်းအာအတွက် သိပ်အကျိုးမထူးပါဘူးလေ.. ”
ရှောင်ယွင်မှာ မျက်နှာမှာ အပြံးဆင်ထားလျက် မေးလိုက်
သည်။

“ ဟွန့် .. အဲ့ဒီအခြေခံဆေးလုံးကြောင့်သာမဟုတ်ရင်.. 
မင်း ငါ့အဆင့်၈ နီးပါးရောက်လာမှာ မဟုတ်ဘူး.. ”  

ရှောင်နင် မျက်နှာရှုံ့မဲ့လျက်ကြားထဲကနေ ခါးသီးစွာ 
ဝင်ပြောလိုက်လေသည်။ ရှောင်နင်၏ခြေထောက်မှာ 
ယခုတိုင် ကောင်းကောင်းမွန်မွန် မရပ်နိုင်သေးပါဘူး။ 
ရှောင်ယွင်နှင့် လွန်ခဲ့သော နှစ်လ တုန်းက ယှဉ်ပြိုင် 
တိုက်ခိုက်ပြီးကတည်းက သူ အခုမှပြန်လည်နာလံ
ထူကာစပဲရှိသေးသည်။ ဒါပေမဲ့ လူနှစ်ယောက်က 
နီးကပ်စွာ ရပ်နေပြီတစ်ဦးနဲ့ တစ်ဦး ရင်းရင်းနှီးနှီး
 စကားပြောဆိုနေတာကို ကြည့်ကာ သူ့ မျက်နှာင်ပြင်
မှာ မနာလိုမှုကြောင့် နီရဲလာလေသည်။ ရှောင်ယွင်
သူ့ကိုသင်ခန်းပေးခဲ့တာကိုရော နာကျင်မှုကို တွေကို
သူ မေ့နေပြီးထင်ရသည်။

“ ဘာလဲ.. ထပ်ပြီ တိုက်ခိုက်ချင်နေလို့လား..”

ရှောင်ယွင် ခေါင်းကို မော့ပြီ သူ့ကို ကြည့်လိုက်သည်။ 
ရှောင်ယွင်၏ မျက်နှာအမူအရာမှာ အန္တရာယ်
အငွေ့အသက်များဝိုးတ၀ါး ထွက်ပေါ်လာချေသည်။
သူ့ မျက်နှာက ပြုံးနေတာလား ဒါမှမဟုတ်
ဘာခံစားချက်လဲ ဆိုတာ ပြောရခက်ပါသည်။

“ မင်း.. ”

ရှောင်နင် ဒေါသထွက်သွားသလို လက်သီးကို တင်းတင်း
ဆုပ်လိုက်မိသည်။ဒါပေမဲ့ သူ လက်သီးကို ဖြည်းဖြည်း ပြန်
ဖြည်ချလိုက်ပြီ လက်အနေအထားမှာ ပုံမှန်ပြန်ဖြစ်သွား
သည်။ သူ တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီ စကားကို 
ဆက်ပြောလိုက်သည်။

“ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနေပါနဲ့.. ငါ့ကို
ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ဆိုပေမဲ့ အတွေ့အကြုံ
ရခဲ့လို့ ကျေးဇူးတင်ရဦးမယ်.. ငါသာ ပြန်လည်သက်သာဖို့
ကုစားရတဲ့ အချိန်သာ မရခဲ့ရင် ငါဘယ်လိုမှ အဆင့်၉
အနားရောက်မှာ မဟုတ်ဘူး.. နောက်ထပ် အများဆုံး
တစ်ပတ်ပဲ.. ငါ အဆင့်၉ကိုရောက်လိမ့်မယ်..
အဲဒါပြီးရင်တော့ တိုက်ခိုက်ချင်ချင်သေးတဲ့သူရှိသေးလား
ဆိုတာ ကြည့်ပြီ အနိုင်ရမဲ့သူကို သိရတော့မှာပေါ့ကွာ..  ”

ရှောင်နင်စကားကို ကြားလိုက်တဲ့အခါမှာ ဘေးပတ်ဝန်း
ကျင်ကအသက်ကြီးတဲ့ မျိုးနွယ်လူတွေက အခိုင်အမာကို
ပြောဆိုနေတာကို  အံ့သြစွာကြည့်မိကြလေသည်။
ပထမအကြီးအကဲတောင်မှ သူ့မျက်နှာမှာ ဖြစ်ပေါ်နေတဲ့
ဂုဏ်ယူနေဟန်ကို ဖုံးကွယ်ထားလို့မရအောင် ဖြစ်ပေါ်
နေသည်။ သူ့ရဲ့ မြေးဟာ သူ့ကို အမြဲအံ့သြဂုဏ်ယူစေခဲ့
တာပဲ..။ 

ရှောင်ကျန်းမှာတော့ စိတ်အနှောင့်အယှက် အနည်းငယ်
ဖြစ်နေပြီပထမအကြီးအကဲကို မျက်မှောင်ကုတ် 
ကြည့်လိုက်ပါသည်။အားလုံးကို ထွက်ခွာသွားကြဖို့ 
အချက်ပြရန် လက်ကို ဝှေ့ယမ်းလိုက်မည်ဆဲဆဲမှာ 
ရှောင်နင်ကို သူ့သား ပြန်ပြုံးပြလိုက်တာကို
တွေ့လိုက်၍  သူ ပြောမည့်စကားတွေ လည်ချောင်းဝ 
မှာပဲ တစ်သွားကာ ခဏမျှ ရပ်တန့်သွားပြီ အံ့အား
သင့်သွား၏၊

မျက်နှာမှာ မာန်ဝင့်နေပြီ လှောင်ပြောင်ဟန် သရုပ်ဖြင့်
ရှိနေသော ရှောင်နင်ကို ရှောင်ယွင် မျက်နှာချင်းဆိုင် 
ရပ်လိုက်ပြီခဏတာမျှ သမ်းဝေပစ်လိုက်သည်။ ပြီးတော့
ပုံမှန်အသံဖြင့် ပြောလိုက်သည်။

“ ကောင်းပြီလေ.. ဒါက မင်းအတွက် အတော်ကို စိတ်
ကသိကအောက်ဖြစ်စရာကို ပြောရဦးမယ်.. လွန်ခဲ့တဲ့ 
ရက်နည်းနည်းလေးတုန်းကပဲ ငါအဆင့်၉ ကို 
မတော်တဆ ရောက်သွားတယ်ကွ.. ငါ့အနောက်မှာပဲ 
မင်း လိုက်မမှီမှာကို စိုးရိမ်ပေးပါတယ်ကွာ.. ”

“ ဘာ.. ”

ရှောင်ယွင် စကားကြားလိုက်ရသည့် တင်္ဒဂမှာ 
ဘေးပတ်ဝန်းကျင်ရှိ မျိုးနွယ်စုဝင်အပေါင်းမှာ 
တိတ်ဆိတ်သွားလေသည်။သူတို့မျက်နှာမှာ အံ့သြသော 
အကြည့်တွေနှင့် ထိတ်လန့်နေမှုက ဖြစ်ပေါ်နေပြီ 
ရှောင်ယွင်၏  ခပ်တည်တည်မျက်နှာကို 
ကြည့်လိုက်ကြသည်။

ရှောင်ယွင် ပြောတာက အဆင့်၉ ကို မတော်တဆ 
ရောက်သွားတယ်လို့ ပြောလိုက်တာလား ??

သူတို့မှာ ငိုရမလား ရယ်ရမလား မတွေးတတ်တော.. ။
ဒါပေမဲ့အတွေးတစ်ခုတော့ လူတိုင်းလိုလိုမှာ
 ဖြစ်ပေါ်လာကြသည်။

ဒီကလေးကတော့ တမင်သက်သက် ရှောင်နင်အရှိုက်ကို
အထိနာအောင် ပြောလိုက်တာပဲ.. သနားဖို့ကောင်းတဲ့ 
ရှောင်နင်ပါလား..

ရှောင်ယွင်စကားကြောင့်  ၀င့်ကြွားပြီ လှောင်ပြုံး 
ပြုံးနေသည့်ရှောင်နင်မှာ ကြက်သေသေသွားသည်။
သူ့နှုတ်ခမ်းထောင့်မှာ အနည်းငယ်တွန့်သွားပြီ 
လည်ချောင်းမှာတုန်ယင်နေသည်။

ရှောင်ယွင်ကို အချိန်အတော်ကြာထိ မမှိတ်မသုန်
စိုက်ကြည့်နေလိုက်ပြီနောက် စိတ်အားလျော့သွားသော
အကြည့်ဖြင့် လွဲဖယ်လိုက်သည်။ သူ မျှော်လင့်ထားသော
အဆင့်တက်ခြင်းကိစ္စဖြင့် သူ မျက်နှာသာ ရမည်ဟု
တွေးမိထားသော်လည်း ပိုပြီ အထိတ်တလန့် 
ဖြစ်ဖို့ကောင်းသည့် အခြေအနေမျိုးဖြင့် ကြုံတွေ့ရမည်ဟု
သူ မတွေးထားမိချေ။

ရှောင်ယုမှာလည်း ရှောင်ယွင်ကို ပေါက်ထွက်လုမတတ်
စူးစူးဝါးဝါးကို ကြည့်နေမိသည်။ ထူးဆန်းစွာဖြင့် သူမ 
လှောင်ပြောင်စကားမဆိုဘဲ စိတ်ထဲမှာမေးခွန်းထုတ်နေ
မိသည်။

ဒီခွေးကောင်လေးက ဘယ်လိုများ လေ့ကျင့်နေလဲ… 
နှစ်လပဲ ရှိသေးတယ်.. ဘယ်လိုလုပ် အဆင့်၉ ကို
ရောက်သွားတာလဲ..??

သူမတို့ နှစ်ယောက်ကြားမှာ ဘယ်လိုပင်  ပြဿနာတွေ 
ရှိနေပေမဲ့လည်း ရှောင်ယွင်၏ လျင်မြန်လှတဲ့ တိုးတက်
မှုကို  ကြည့်ပြီး သူမ မတွေးတတ်အောင် ဖြစ်ရသည်။

“ ဟားဟား ”

ကျယ်လောင်လှတဲ့ ရယ်သံက ရှောင်ကျန်းဆီကနေ
ထွက်လာသည်။အံ့သြနေကြတဲ့ မျိုးနွယ်အကြီးအကဲ
မျက်နှာကို မြင်၍ မူလ သုန်မှုန်နေသော သူမှာ ပြန်လည်
တက်ကြွလာသည်။ ပထမအကြီးအကဲကို တစ်ချက်
ငဲ့ကြည့်လိုက်ပြီ ပြံးရယ်စွာဖြင့် ပြောလိုက်သည်။

“ ကဲ သွားကြရအောင်.. လေလံပွဲတောင် စတော့မယ်..
နောက်ကျသွားရင် ငါတို့အတွက် အခွင့်အရေးတွေ 
ဆုံးရှုံးသွားလိမ့်မယ်.. ”

တံခါးမကြီးကနေ ထွက်ခွာသွားကြသော အကြီအကဲကို
ကြည့်လိုက်ရင်း ရှောင်ကျန်း အနောက်လှည့်ကာ ရှောင်
ယွင်၏ ဆံပင်ကို ချစ်စနိုးဖြင့် ထိုးဖွလိုက်သည်။

“ မဆိုးဘူး.. မင်းအဖေကို ဂုဏ်ယူရအောင် 
နောက်တကြိမ်လုပ်လိုက်ပြန်ပြီ.. ဟိုအဘိုးကြီး 
ပထမအကြီးအကဲဆိုရင် သူ့မြေးက ဘယ်လောက် 
အရည်အချင်းရှိတယ် ဘယ်လိုမျိုးဆိုတာကို 
မကြာခဏကို လာကြွားနေတာ ငါမှာ သေချင်စော်
လောက်အောင် စိတ်တိုသွားတဲ့အထိပဲ သူက 
သူ့မြေးအတွက်အခြေခံဆေးတစ်ပုလင်းကို မျိုးနွယ်ကနေ
စိုက်ထုတ်ပေးဝယ်စေချင်နေတာ.. တကယ့်ကို 
စိတ်ပျက်စရာပဲ.. ”

ရှောင်ကျန်း ထိုးဖွနေ၍ သူ့ဆံပင်က ရှုပ်ပွနေပါပြီး။ 
ရှောင်ယွင်ပြုံးလိုက်သည်။ တံခါးမကြီးကနေ 
ထွက်ခါလာရင်း သူ့လက်နှစ်ဖက်ကို ဆန့်ကားလိုက်ရင်း 
စိတ်မကြည်မလင်ဖြင့် ဖြေလိုက်သည်။

“ တကယ်တော့ ဒီအကြောင်းကို ထုတ်မပြောပြ
ချင်ပါဘူး…ဒါပေမဲ့ သူက သားကို ဖိအားပေးနေတာကိုးး ”

ခပ်လှမ်းလှမ်းက ရှောင်ယွင်စကားကို ကြားလိုက်သော 
ရှောင်နင်မှာ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသလို 
သူ့ရင်ထဲမှာလေးလံသွားကာ စိတ်ဓာတ်ကျမိလေသည်။

…..

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...