Followers

Chapter 48

48  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 48. ဒိုချီကျင့်စဉ်ဂေဟာ

လူအုပ်စုထဲ ရောရပ်နေရင်း ရှောင်ယွင် သူ့ခေါင်းကို မော့
ကြည့်ပြီတော့ အရှေ့က ခမ်းနားတဲ့ ဒိုချီကျင့်စဉ်ဂေဟာ
ကို ကြည့်ရှုရင် အံဖွယ်ရာမြင်ကွင်းကြောင့် ပင့်သက်ရှိုက်
၍ လက်ဖျားခါနေမိသည်။ 

ဂေဟာ၏ အရှေ့တွင် ရှိနေသော သစ်ပျဉ်ပြားပေါ်တွင်
ထွင်းထုထားသော " ဒိုချီိ ကျင့်စဉ် ဂေဟာ " စာလုံး၃လုံး
မှာ ရှေးဟောင်းဆန်ပြီ ကြီးကျယ်ခမ်းနားခြင်း အငွေ့
အသက်တွေ ထွက်ပေါ်နေသကဲ့သို့ ထည်ဝါလွန်းလှသည်။ 
သစ်ပျဉ်ပြားမျက်နှာပြင်မှာ အဝါဖျော့ဖျော့ အသွေးအရောင်
ရှိပြီ ချိုင့်ပဲ့ရာတွေက ဟိုတကွက် ဒီတကွက်နှင့်. လောကဓံ
တရားကို နှစ်များစွာ ကြံ့ကြံ့ခံလာခဲ့ရမှန်း ပေါ်လွင်နေသည်။ 

ဒီနေရာဟာ ရှောင်မျိုးနွယ်တစ်ခုလုံးတွင် အရေးကြီးဆုံးေ
နေရာဖြစ်သည့် " ဒိုချီ ကျင့်စဉ် ဂေဟာ " ဖြစ်ပေသည်။ 

နှစ်ပေါင်းများစွာ စုစည်းလာခဲ့သည့် ဒိုချိကျင့်စဉ်တိုင်းကို 
ဤနေရာတွင် ထားရှိသည်။ ဤ ဒိုချီ ကျင့်စဉ်တွေဟာ 
ရှောင်မျိုးနွယ်၏ အခြေခံအုတ်မြစ်ဖြစ်၍ ရှောင်မျိုးနွယ်က 
ယနေ့တိုင် လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်။ 

မျိုးနွယ်၏ အရေးကြီးဆုံးနေရာဖြစ်သည့် လျော်ညီစွာ 
ဂေဟာ၏ လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားသည်။ 
ပုံမှန်အချိန်ဆိုရင် ဒီနေရာဟာ အထူးတားမြစ်နယ်မြေ
ဖြစ်ပြီ ရှောင်မျိုးနွယ်ဝင်တွေကိုတောင် ဝင်ခွင့်ပိတ်ထား
သည်။ အရွယ်ရောက်ခြင်းအခမ်းအနားအတွက်သာလျှင် 
ဒီနေရာကို ယာယီဝင်ခွင့်ပြုထားသည်။ 

ရှောင်ယွင် မျက်စိကို ကျဉ်းပြီး အမြင်အာရုံဖြင့် ဝေ့ဝိုက်
ကြည့်လိုက်ရာ ဂေဟာ၏ လျှို့ဝှက်ထောင့် ပုန်းကွယ်
နေရာများစွာမှာ ပုန်းလျှိုးကွယ်လျှိုးရှိနေသည့် အရိပ်များ
ကို တွေ့လိုက်သည်။ သူ့၏ စူးရှထက်မြက်သည့် စိတ်
အာရုံခံနိုင်မှုက ထောင့်နေရာတွေမှာ ပုန်းအောင်းစောင့်
ကြည့်နေသည့် အစောင့်တွေ၏ လှုပ်ရှားမှုမှန်သမျှကို 
သူ့ကို တွေ့မြင်စေနေသောကြောင့်ဖြစ်သည်။ 

ဂေဟာအတွင်းမှာ လျှို့ဝှက်နေရာများတွင် မမြင်နိုင်သည့်
အော်ရာလှိုင်းတွေကို ခံစားမိ၍ ဤ ဒိုချီိကျင့်စဉ်တွေကို 
မျိုးနွယ်က အထူးတလည် တန်းဖိုးထားသည်မှာ သိသာ
လှသည်။ 

ခေါင်းကို စောင်းငဲ့ပြီ ရှင်းအာဆီကို ဖျတ်ခနဲ အကြည့်ချင်း
ဖလှယ်လိုက်သည်။ နှစ်ယောက်သား၏ မျက်ဝန်းမှာ အပြုံး
လေးတခု ထင်ဟပ်နေသည်ကို တစ်ယောက်ကို တစ်
ယောက် နားလည်လိုက်၏။ ပတ်ဝန်းကျင်ရှိ ပုန်းခိုနေတဲ့ 
အစောင့်တွေကို သူမလည်း သတိပြုမိသည်မှာ သေချ
သည်။ 
……

" ဒိုချီကျင့်စဉ်ဂေဟာကို ဝင်တဲနေရာမှာ စည်းကမ်းသတ်
မှတ်ချက်တွေကို အရင်ကတည်းက အကြိမ်များစွာ ပြော
ပြထားပြီးပြီ... ဒီတော့ အသေးစိတ် ထပ်မပြောတော့ဘူး..
အတိုချုပ်အနေနဲ့.. ဒိုချီကျင့်စဉ် ဂေဟာ ဝင်ပြီးသွားရင်
၂ နာရီအတွင်း ပြန်ထွက်လာခဲ့ပါ.. ပြီးတော့ ကိုယ့်နဲ့ ကိုက်
ညီတဲ့ ကျင့်စဉ်ကို တစ်ယောက်ကို တစ်ခုပဲ ယူခွင့် ရှိမယ်..
ဒီထက် ပိုယူလို့ မရဘူး.. တကယ်လို့ တစ်စုံတစ်ဦးက ခိုး
ကြောင်ခိုးဝှက်နဲ့ ခိုးယူသွားမယ်ဆိုရင် ဒိုချိကျင့်စဉ်ကို 
ရယူခွင့် ကို ပယ်ဖျက်လိုက်မယ်.. ဆိုတော့ ဒီအချက်ကို 
ကောင်းကောင်း ဂရုစိုက်ကြပါ.. "

လှေကားထိပ်တွင် ရပ်ပြီ ရှောင်ကျန်၏ အမိန့်ဆန်သည့်
အကြည့်တွေက လှေကားအောက်တွင်ရှိ လူငယ်တွေကို 
ခြုံငုံကြည့်နေသလို တည်ငြိမ်လေးနက်သည့်အသံဖြင့် 
ရှင်းပြနေသည်။ 

" ဟုတ်ကဲ့.. " 
လူငယ်အုပ်စုဟာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ဖြေလိုက်
ကြသည်။ ကြီးမားခန့်ထည်သော ဂေဟာကို တက်ကြွစွာ 
ကြည့်လိုက်ကြသည်။ ပိုကောင်းတဲ့ ဒိုချီကျင့်စဉ်ကို ရလိုက်
တာဟာ အဆင့်တူလူတွေထက် ခေါင်းတစ်လုံးသာစေနိုင်
သလို အများကိုလည်း ဦးဆောင်စေနိုင်သည့် လက်မှတ်
ရလိုက်သကဲ့သို့ပင်။ ဒါဟာ မျိုးနွယ်လူငယ်တိုင်းရဲ့ 
လေးနက်တဲ့ ဆန္ဒတွေပဲ ဖြစ်ကြသည်။ 

" ကဲ.. အားလုံး သဘောပေါက်ကြပြီဆိုတော့ စ လုပ်ကြ
ရအောင် " 

ရှောင်ကျန်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ 
အနောက်ကို တစ်လှမ်းဆုတ်ပြီနောက် ဂေဟာတံခါးဝတွင်
ရှိသော ကျောက်တိုင်တစ်တိုင်ကို ပြသလိုက်သည်။ တိုင်
လုံးမှာ သုံးပေကျော်အမြင့်ရှိပြီ တိုင်ထိပ်ပေါ်တွင် ကြည်လင်
သော ဖန်လုံးတစ်လုံးကို တင်ထားသည်။ 

သူလက်ကို ဟန်ပါပါဖြင့် ဝှေ့ယမ်းပြလိုက်ရာ အနောက်က
အစောင့်နှစ်ယောက်က ကြီးမားတဲ့ အနက်ရောက် တံခါးမ
ကြီးကို တွန်းလိုက်သည်။ နှေးကွေးစွာ ဖွင့်လိုက်ခြင်းနှင့်
အတူ တကျွိကျွိမြည်သံက ထွက်ပေါ်လာသည်။ 

" မင်းတို့ရဲ့ မူလစွမ်းအင်ဓာတ်ခံ ကို စမ်းသပ်ပြီးတာနဲ့
ဂေဟာအတွင်းကို ဝင်နိုင်ပါပြီ.. မှတ်ထားပါ.. ဝင်ပြီးတာနဲ့
ကိုယ်နဲ့ သက်ဆိုင်တဲ့ စွမ်းအင်နဲ့ သတ်မှတ်ထားတဲ့
လမ်းကြောင်းအတိုင်းသာ ဝင်သွားပါ.. ကိုယ်နဲ့ မဆိုင်တဲ့
လမ်းကြောင်းကို ယောင်လို့တောင် မဝင်လိုက်နဲ့.. "
 လူအုပ်ကို အသာခေါင်းညိတ်ပြလိုက်ပြီ စမ်းသပ်ခြင်း
စတင်ဖို့ လက်ဟန် ပြလိုက်သည်။ 

ရှောင်ကျန်း အချက်ပြတာကို ကြည့်ပြီ အရှေ့က လူငယ်
ဟာ စိတ်လှုပ်ရှားစွာဖြင့် လှေကားဆီ ခုန်တက်လာသည်။ 
လက်နှစ်စလုံးကို ဖန်လုံးပေါ် တင်ထားလိုက်သည်နှင့်
အစိမ်းဖန့်ဖန့်အရောင်က ထွက်ပေါ်လာသည်။ 

" လေစွမ်းအင်သမားပဲ.. ဟုတ်ပြီ..  ဝင်လို့ရပြီး.. " 
ရှောင်ကျန်း ဘေးနားက ဖန်လုံးကို ကြည့်လိုက်ပြီ 
အပြုံးဖြင် ခေါင်းညိတ်လိုက်သည်။

ပထမဆုံးတစ်ယောက်က ဦးဆောင်ပြသွားသည်မို့
နောက်လူတွေလည်း ငြိမ်ငြိမ် မနေနိုင်တော့..။
တစ်ယောက်ပြီတစ်ယောက် လှေကားဆီ ပြေး
တက်လာကြသည်။ သူ့တို့၏ ဓာတ်သဘာဝ
ကို ဆုံးဖြတ်ပြီသည်နှင့် ဂေဟာအတွင်းဆီကို အစု
လိုက် အပြုံလိုက် ဝင်သွားကြသည်။ 

ဘေးပတ်လည်နားက လူတွေ တဖြည်းဖြည်းပါးလာတာကို
ကြည့်ပြီ ရှောင်ယွင် နှာခေါင်းကို ထိလိုက်ပြီ ရှင်းအားကို 
ပြံးပြလိုက်သည်။
" သွားစို့.. ငါတို့လည်း ဘာကျင့်စဉ်အမျိုးအစားရမလဲမသိဘူး.. "

ရှင်းအာ ချစ်စရာကောင်းစွာ လက်ဝါးလေးကို ပက်လက်
လှန်လိုက်သည်။ မျိုးနွယ်ရဲ့ ဒိုချီကျင့်စဉ်က တကယ်တော့ 
သူမကို ဆွဲဆောင်နေခြင်း မရှိပါဘူး။ဒါပေမဲ့လည်း ရှောင်
ယွင်က စိတ်ဝင်စားနေ၍ သူမ ပျော်ရွှင်စွာဖြင့် လိုက်ပါပေးခဲ့
သည်။ 

တခြားလူတွေက ဂေဟာအတွင်း ဝင်ပြီးသွားပေမဲ့ ဒီစုံတွဲ
က မလောသည့်အပြင် အေးဆေးစွာဖြင့်ပင် လှေကားက
နေ ဖြေးဖြေးတက်လာနေသည်မို့ ဒါကို ရှောင်ကျန်း 
စိတ်ပျက်ပျက်နဲ့ ကြည့်နေလိုက်သည်။ 

ရှောင်ယွင် သွားအအေးမိလောက်အောင် ပြုံးဖြဲဖြဲနှင့်
ရှောင်ကျန်းအနား ဖျတ်ခနဲရောက်လာပြီ ဖန်လုံးကို သူ့
လက်ဝါးပြင်နှင့် ထိကပ်လိုက်သည်။ ရဲရဲတောက် နီမြန်း
တဲ့ အလင်းရောင်ဟာ အရှေ့ကလူတွေထက် အဆများစွာ
လင်းပလာခဲ့သည်။ ဒီအရောင်ဟာ မီးဓာတ်သဘာဝနှင့်
ဆက်နွယ်နေသည့် လက္ခဏာဖြစ်သည်။ 

သူ့သား၏ စွမ်းအင်ဓာတ်ခံကို သိနေပြီးသားမို့ ရှောင်ကျန်း
၏ အမူအရာမှာ များစွာ မပြောင်းလဲချေ။ 

ခေါင်းကို အသာအယာညိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်
နေရာများကို သူ့မျက်လုံးက ဖျတ်ခနဲ လိုက်ကြည့်လိုက်
သည်။ ထို့နောက် အရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ကာ 
ကိုယ်ကို အရှေ့ညွတ်လိုက်ပြီ လေသံတိုးတိုးဖြင့် ပြောလိုက်
သည်။ 
" မီးလမ်းကြောင်း လမ်းသွယ် နံပါတ် ၃... အခန်း ၄၃.. "

ရှောင်ကျန်း ပြောလိုက်တာကို ကြားလိုက်ရခြင်းခြင်းမှာ 
ပထမတော့ ရှောင်ယွင် အံ့အားသင့်သွားသည်။ ဒါပေမဲ့
သူ့အဖေက လုပ်ပိုင်ခွင့်ကို တကယ်ကြီး အလွဲသုံးစားလုပ်
လိုက်မှန်း သဘောပေါက်လိုက်၍ ရယ်ချင်ချင်ဖြစ်သွား
သည်။ မသိမသာဖြင့် ခေါင်းညိတ်လိုက်ပြီ ဆက်လက်
စောင့်ကြည့်ဖို့ ဘေးနား ရွှေ့ရပ်လိုက်သည်။ ယခု စမ်း
သပ်ဖို့ ရှင်းအာ အလှည့်ရောက်လာသည်။ 

ရှင်းအာမှာမူ တောက်ပနေတဲ့ ဖန်လုံးကို ကြည့်ပြီ ခနတာ
တုံ့ဆိုင်းနေမိသည်။ ထို့နောက် အင်တင်တင်ဖြင့် ကြည့်ပြီ
ခေါင်ကို ခါလိုက်သည်။ ထို့နောက် ဖန်လုံးပေါ်ကို သူမ၏
သေးသွယ်သော လက်ဖြင့် အသာအုပ်ကိုင်လိုက်သည်။ 

သူမ၏ လက်နှင့် ထိလိုက်သည်နှင့် မူလငြိမ်သက်နေသော
ဖန်လုံးမှာ တစ်ပြိုင်နက် အနီရောင်အလင်းက ထိုးထွက်လာ
သည်။ သိပ်မကြာခင်မှာပဲ ဖန်လုံးဟာ ပူပြင်းလာပြီ မီးလုံး
တစ်လုံးကဲ့သို့ အလင်းစူးစူက တဖျတ်ဖျတ် ဖြာထွက်လာ
သည်။ 

ဖန်လုံးကနေ မီးလျှံလုံးကဲ့သို့ ပြောင်းလဲသွားလေရာ ရှောင်
ကျန်း အံအားသင့်မက အံသြသွားပြီ ပါးစပ်ကြီးပင် ဟ 
သွားကာ အသက်ရှုဖို့ရန် မေ့သွားသည်။ 

မီးလျှံဖန်လုံးအဖြစ် အချိန်ပိုင်းအတွင်း ဆက်လက်ရှိနေပြီ
ရှင်းအာ သူမလက်ကို ဖယ်ရှားလိုက်မှသာ မီးလျှံမှာ 
တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။ မီးအလင်း
ရောင်လည်း မရှိတော့သည့်အခါတွင် ဖန်လုံး၏ အတွင်း
သားမှာရော အပြင်မှာပါ အက်ရာတွေ အများကြီး ဖြစ်ပေါ်
နေတာကို မြင်လိုက်သည်။ 

ကွဲအက်လုလုနီးနီး ဖြစ်နေပြီးသော ဖန်လုံးကို ခါးသီးစွာ 
ကြည့်လိုက်ပြီ ရှောင်ကျန်း အသက်ပြင်းချလိုက်သည်။ 
ရှင်းအာကိုလည်း အဓိပ္ပါယ်ဖော်ဆောင်လို့မရတဲ့ အကြည့်
ဖြင့် ကြည့်လိုက်ပြီ လက်ကို ယမ်းပြလိုက်ကာ ပြောလိုက်
သည်။ 

" မြန်မြန်သွားပြီ အထဲဝင်ကြ.. "

" အားပါးပါး... ဘယ်လောက်တောင် သန့်စင်တဲ့ မီးသဘာဝ
ခန္ဓာကိုယ်လဲ... သစ်သဘာဝစွမ်းအင်နဲ့ မနွယ်ဘဲ မွေးဖွား
လာတာ ဘယ်လောက် နှမြောစရာကောင်းလိုက်သလဲ.. 
မဟုတ်ရင် ကောင်မလေးက တကယ့်ကို ဝမ်းတွင်းပါ
မှော်ဆေးပညာရှင်စစ်စစ် ဖြစ်လာမှာပဲ.. " 

သူ့အလှည့်ပြီးတော့ ရှင်းအာ၏ ဖြစ်ပျက်ပုံကြောင့် ရှောင်
ယွင် ထိတ်လန့်နေလေရာ ထိုအချိန်တွင် အံ့အားသင့်ခြင်း
တွေနှင့် ပြည့်နှက်နေတဲ့ ရွဲ့လော်အသံကို ကြားလိုက်ရ
သည်။  

 နှလုံးသားထဲမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီ သူ့
ဆီကို လျှောက်လှမ်းလာသော ရှင်းအာကို ကြည့်လိုက်
သည်။ ပုခုံးလေး ဆတ်ပြလိုက်ကာ အနောက်လှည့်ပြီ
ဒိုချီကျင့်စဉ်ဂေဟာ အတွင်းသို့ အတူတူ လျှောက်ဝင်
သွားသည်။ 

ဒိုချီ ကျင့်စဉ် ဂေဟာဆီကို ဘေးချင်းယှဉ် လျှောက်ဝင်
သွားသော သူတို့နှစ်ယောက်ကို ရှောင်ကျန်းအကြည့်က
လိုက်ပါငေးကြည့်မိပြီနောက် အနောက်လှည့်ပြီ ဖန်လုံးကို
ပြန်ကြည့်လိုက်သည်။ 

" ခလွမ်း.."
ဖန်လုံးမှာ နောက်ဆုံး အစိတ်အစိတ်အမွှာအမွှာ ကွဲအက်
ကျသွားသည်။ 

ရှောင်ကျန်း မေးစေ့ ကို ပွတ်သပ်လိုက်ပြီ
" ဟူး... ဒါဟာ တကယ့်ကိုပဲ.. အင်း တကယ့်ကို ထူးခြား
လွန်းတာပဲ.. မိန်းကလေး ရှင်းအာက စိတ်ထားကောင်းရုံ
လေးတင်မကဘူး.. လှလည်း လှပတယ်.. ဒါပေမဲ့ သူရဲ့
နောက်ခံကတော့ တကယ့်ကို ကြောက်စရာကြီးပါပဲ..
ပြောရရင် သူက နာလန်ရိရွမ်ထက် ပိုသာပါတယ်လေ..
ယွင်လေးသာ သူ့လိုမျိုး သတို့သမီးရခဲ့ရင် ဘယ်လောက်
ကောင်းလိုက်မလဲ... " 

ရှောင်ကျန်း အသံထွက်ပြီ ရေရွတ်မိလေသည်။ 
ထို့နောက် မိမိအတွေးတွေကို အသံထွက်ပြောနေမိသည်
ကို ရှက်စိတ်ဝင်ကာ  ခေါင်းယမ်းလိုက်ပြီ အရှက်ပြေရယ်
မောလိုက်လေသည်။ ဒီလို စိတ်ကူးယဉ်ပြီး တွေးလိုက်မိ
တာကိုလည်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင် ဖြစ်သွား၏။ 

ရှောင်ကျန်း သူ့ကိုယ်သူ ရယ်မောလိုက်တဲ့အချိန်မှာ သူ 
မသိလိုက်တာက ဂေဟာအတွင်းကို ဝင်တော့မည်ဆဲဆဲ
ရှိနေသည့် ရှင်းအာ နားက တဖက် လှည့်လိုက်သည့်
အချိန်မှာ ကြားသွားသည်ထင့်.. သူမကိုယ်လုံးက တောင့်
ခနဲ ဖြစ်သွားကာ  စောစောက ဖန်လုံးလိုပဲ နီရဲတွက်လာ
ပြီ ရှက်သွေးဖြာနေ၍ ချစ်စရာပင် ကောင်းလာတော့သည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...