အပိုင်း ၁၀ ပိုက်ဆံချေးခြင်း
ကျောက်တုံးပေါ်မှာ ခြေဖျားထောက်ကာ လှမ်းလာနေတဲ့
မိန်းကလေးရှောင်းရှင်း..လှပတဲ့ ခရမ်းရောင်တောင်ပံတစုံ
နှင့် လိပ်ပြာတကောင်အလား.. တောင်စောင်းပေါ်ကို
ခတ်ပျံတက်လာနေသလို..
သူမ အရှေ့ကိုတူရူကြည့်ပြီး အကြည့်တွေက ချောက်
ကမ်းပါးစွန်းမှာ မတ်ရပ်လျက်သား လူငယ်ဆီကို ဦးတည်
ထားလျက်...
လူငယ်ကို အကဲခတ်၍ သူမ အံသြဘနန်းဖြစ်သွား၏။
အချိန်အတိုင်းအတာ နှစ်နာရီမျှသာ ကြာသေးသည်
ခန်းမဆောင်ကနေ ထွက်လာအချိန်နှင့် ယခုအချိန်မှာ
ရှောင်ယွင်ပြောင်းလဲသွားပြီး.. သူ တခုခု ရရှိသွားသလိုပဲ..
သူမနှင့်ရှောင်ယွင် အကြည့်ချင်းဆုံသွားချိန်မှာ ရှောင်
ယွင်ရရှိသွားတဲ့ တခုခုကို သူမနားလည်လိုက်၏
" မိမိကိုယ်ကိုမိမိ ယုံကြည်မှု..... "
သုံးနှစ်နောက်ပိုင်း.. နောက်ဆုံးတော့ သူ့ရဲ့ထက်မြက်တဲ့
ဟန်တွေ ပြန်ထွက်လာခဲ့ပြီး။
ရှောင်ယွင်ရဲ့ နှုတ်ခမ်းလေးပေါ်က လွယ်လွယ်နှင့်
အရှုံးမပေးတတ်တဲ့ ပုံစံကို သဘောတကျကြည့်ရင်း
ရှောင်ရှင်း၏ ပါးလေးပေါ်မှာ လှပတဲ့ ပါးချိုင့်လေးနှစ်ခု
ချိုင့်ဝင်သွားသည်။
" အကိုရှောင်ယွင်ကို ကြည့်ရတာ ရှောင်ရှင်းတောင်
လာပြီး နှစ်သိမ့်ပေးစရာမလိုတော့ဘူး ထင်တယ်.. "
" ဒုက္ခကြုံမှပဲ လူတွေရင့်ကျက်လာတယ်လေ.. ဟုတ်
တယ်မလား " ရှောင်ယွင် ပုခုံးတွန့်ပြလိုက်၏။
" သူမ လုံးဝနောင်တရလိမ့်မယ်ဆိုတာ သေချာတယ်.. "
သူမ၏နှုတ်ခမ်းထောင့်ကို တွန့်ပြီး ပြောလိုက်၏။
သူမပြောပုံမှာ တရားရုံးမှာ တရားသူကြီး နောက်ဆုံးအမိန့်
ချလိုက်သကဲ့သို့...
ရှောင်ယွင် အသာအယာ အပြုံးလိုက်ကာ အင်္ကျီကို
ဖုန်ခါလိုက်ပြီး သူမဆီကို လျှောက်လှမ်းလာသည်။
ရှောင်ရှင်းအာ၏ အရပ်အမြင့်က သူနှင့် သိပ်မကွာချေ။
သူမအနား ရောက်သွားတဲ့အချိန်မှာ ငယ်ရွယ်သလောက်
ကလေးဆန်ပါသော်လည်း လိုက်ဖက်စွာ အချိုးညီလှပနေ
တဲ့ မျက်နှာလေးကို ဖျတ်ခနဲကြည့်လိုက်သည်။ ရုတ်တရက်
ရှောင်ယွင်ခေါင်းမူးနောက်သွားချင်ချင် ဖြစ်သွား၏။ နှပ်ချေး
တွဲလောင်းနှင့် သူ့သွားရာ အမြဲတကောတ်ကောတ်လိုက်
တတ်တဲ့ ကောင်မလေးအကြောင်းပြန်စဉ်းစားမိ၏။
အဲ့ဒီကောင်မလေးက အခု အရမ်းကို လှပလွန်းနေပါလား..
ရှောင်ယွင်အကြည့်တွေ နူးညံ့သွားပြီး အသာအယာပြုံး
လိုက်ကာ သူ့ကိုကြည့်ပြီး အံ့သြနေဆဲဖြစ်တဲ့ ရှောင်ရှင်း၏
ပါးလေးကို မညှာမတာ လှမ်းဆွဲလိမ်လိုက်၏။
"ရှင်းအာ အရွယ်တောင်ကြီးလာပြီး တာဝန်ထမ်းဆောင်
ရလို့ နောက်ပိုင်းမတွေ့ဖြစ်တော့ရင် ဟောဒီိ အကိုကြီး
ရှောင်ယွင်က ရှောင်ရှင်းအတွက် သစ်ပင်ပေါ်က အသီးကို
ဒဏ်ရာပရပွ နဲ့ ခက်ခက်ခဲခဲ တက်ခူးခဲ့ပေးတာတွေကို မမေ့နဲ့နော်.. "
ရှောင်ယွင်၏မထင်မှတ်ထားတဲ့ အပြုအမူကြောင့်
ကြောင်ပြီး ကြက်သေသေနေရာကနေ ခနအကြာမှာ
နက်မှောင်ပြီး အပြစ်ကင်းတဲ့ သူမ၏မျက်လုံးတွင်
အပြုံးတွေ တောက်ပလာ၏။
သူမငယ်ငယ်တုန်းက ရှောင်ယွင် သူမ၏ မေ့စေ့လေး
ကို ဆွဲလိမ်ရတာ သဘောကျခဲ့သည်။ ဒါပေမဲ့ လွန်ခဲ့တဲ့
သုံးနှစ်က အဖြစ်အပျက်ပြီးနောက် သူ့နှလုံးသားမှာ မမြင်နိုင်တဲ့
တံတိုင်းခတ်ထားပြီး ဘယ်သူကိုမှ အဝင်မခံတော့ချေ။
သူမဘယ်လောက်ပင် ကြိုးစားခဲ့ပါစေ သူ၏ မထုံတတ်သေး
အမူအရာနှင့် အေးစက်စက်အပြုအမူသာ တုံ့ပြန်ခံရ၍ သူမ
စိတ်ပျက်ခဲ့ရ၏။
သူ ပြန်ကောင်းလာပြီးပဲ!! ဒါပေမဲ့ ငါ့ကို မရင့်ကျက်
သေးဘူးလို့ မြင်နေတုန်းပဲ.. သစ်တုံးကြီးကျနေတာပဲ..
ရှောင်ရှင်း မကျေမနပ်ဖြစ်လိုက်သော်လည်း သူ့မ၏
လောဘကြီးသွားတဲ့အဖြစ်ကို ပြန်သုံးသပ်မိသည်။
" ရှင်းအာ...သုံးနှစ်လုံးလုံး အဲလိုဆက်ဆံခဲ့တဲ့အတွက်
ရှောင်ယွင်ကို အပြစ်မဆိုပါနဲ့.. ဘေးနားမှာ အမြဲရှိနေပေးလို့
အသက်ရှင်သရွေ့ ကျေးဇူးတင်သွားမှာပါ "
အားတောင့်အားနာနှင့် ခေါင်းညိတ်လိုက်ပြီး တောင်းပန်
လိုက်၏။
ရှင်းအာ ချိုသာစွာ ပြုံး၏။ သုံးနှစ်လုံးလုံး ခံစားလာခဲ့
ရတဲ့မကျေနပ်ချက်တွေ ရှောင်ယွင်၏တောင်းပန်မှုအောက်
မှာ လွင့်ပါးသွားချေပြီး။
" အိုး ဟုတ်ပြီး ရှင်းအာဆီမှာ ပိုက်ဆံဘယ်လောက်ရှိလဲ...? "
ရှောင်ရှင်း၏ပါးလေးအား ဆွဲညှစ်တာကိုလွှတ်လိုက်၏။
ရှောင်ယွင် ဟန်လုပ်ကာ ရယ်ချလိုက်ပြီး မေးလိုက်၏။
သူ့မျိုးနွယ်မှာ သူု့အဖေကလွဲ၍ ရင်းနှီးတဲ့သူဆိုလို့
ရှင်းအာ တယောက်ပဲရှိတာပါ။ မနက်ပိုင်းအချိန်တုန်းက
သူ့အဖေကို အရှက်ရစေခဲ့၍ ယခုပိုက်ဆံတောင်းဖို့
မျက်နှာချင်း မဆိုင်ရဲသေးပါဘူး။ ဒါကြောင့် ရှင်းအာကိုပဲ
မေးလိုက်ခြင်းဖြစ်သည်။
" ပိုက်ဆံ..?"
သလင်းကျောက်လို ကြည်လင်တဲ့ မျက်လုံးအစုံကို
တဖျတ်ဖျတ်ခတ်ပြီး အံသြသွားဟန်ဖြင့်
" အကိုရှောင်ယွင် က ပိုက်ဆံလိုလို့လား.. "
" ဟုတ်တယ်.. နည်းနည်းဝယ်စရာရှိလို့ ပြီးတော့ ပိုက်ဆံ
က နည်းနည်းပြတ်လပ်နေလို့.. "
ရှောင်ယွင် စိတ်မသက်မသာ ခံစားနေရ၏။ မိန်းခလေး
တယောက်ဆီကနေ ပိုက်ဆံချေးတာ ဒါ ပထမဆုံးအကြိမ်
ဖြစ်သည်။
အမြဲလိုလို အေးအေးဆေးဆေးနေတတ်တဲ့ ရှောင်ယွင်
သောကရောက်နေတာကို ကြည့်ရင်း လုံးဝကွဲပြားခြားနား
တဲ့ လူတယောက်ကို မြင်နေရသလို ရှင်းအာ ထင်ရသည်။
ပါးစပ်ကလေးကို အုပ်ပြီး ချစ်စဖွယ်ကောင်းအောင်
ပြုံးလိုက်ခါ " ညီမမှာ ရွှေဒင်္ဂါး တထောင်ကျော်လောက်ရှိ
မယ်.. လုံလောက်လား.. ဒါမှမဟုတ်ရင်.."
ပြောရင်းဆိုရင်း သူမလက်ချောင်းလေး ဖျတ်ခနဲ
အနောက်ဘက်ကနေ အလျင်အမြန်ဆွဲယူလိုက်သည်။
သူမ လက်ချောင်းကြားမှာ ခရမ်းရွှေရောင် ကတ်ပြားလေး
ညှပ်ပါလာသည်။ ကတ်ပြားလေးပေါ်မှာ အရောင်ကာလာ
၅ မျိုး တောက်ပနေ၏။
အရောင် ၅ မျိုး ခရမ်းရွှေရောင် ကတ်ပြားဆိုတာ
Dou Ling အဆင့်ရောက်မှ သူတို့အဆင့်ကို ဖော်ညွန်းဖို့
ကိုင်ဆောင်ခွင့်ရတာဖြစ်သည်။ ဒါပေမဲ့ တချို့ အထူးပုဂ္ဂိုလ်
တွေက အထူးအခွင့်အရေးအနေဖြင့် ကိုင်ဆောင်ခွင့်ရှိသည်။
( Dou Zhe က ပထမအဆင့် ဖြစ်ပြီး Dou Ling က
စတုတ္ထမမြောက်အဆင့်ဖြစ်သည်၊ အဆင့်တက်လေ ကြမ်းလေ)
" ဒါဟာလုံလောက်နေပါပြီး.. လုံလောက်နေပြီး.. "
ရှောင်ယွင် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။ ရှင်းအာ၏
ချစ်စဖွယ် မျက်နှာလေးကို ဆွဲမလိမ်မိအောင် မနည်းစိတ်
ထိန်းလိုက်ရ၏။
" ဘာမှ စိတ်မပူနဲ့.. ပြန်ပေးမယ်နော်.. "
ရင်ဘက်ကို ပုတ်ပြပြီး ရှောင်ယွင် သေချာကတိပေးလိုက်
သည်။
" ရှင်းအာ ကိုပြန်ပေးစရာမလိုပါဘူး.. "
ရှင်းအာ နှုတ်ခမ်းစူပြလိုက်ပြီး ရွှေခရမ်းရောင်ကတ်ကို
အလျင်အမြန်ပြန်သိမ်းလိုက်၏။
" ကဲ သွားကြစို့ .. ညနေစောင်းနေပြီး.. မနက်ဖြန်ကျရင်
ဝူတန်မြို့ကို တပတ် အတူလမ်းလျှောက်သွားကြမယ်.."
ရှင်းအာကို ဝှေ့ယမ်းပြလိုက်ပြီး တက်ကြွစွာ တောင်
အောက် ဆင်းသွားသည်။
သုံးနှစ်လုံးလုံး ပျောက်ဆုံးသွားခဲ့တဲ့ ရဲရင့်မှုကို ပြန်ရှာဖွေ
နိုင်ခဲ့တဲ့ လူငယ်ကို ကြည်နူးစွာ ရပ်ကြည့်ရင်း နူးညံ့စွာ
ပြုံးလိုက်၏။ ပြီးတော့ တီးတိုးရေရွတ်ပြန်သည်။
" နလန်ရိရွမ်... မင်းကို မုန်းတီးရမှာလား.. ဒါမှမဟုတ်
ကျေးဇူးတင်မှာလား.. ?"
.............
မနက်မိုးလင်းအချိန် ပြတင်းပေါက်ကနေ နွေးထွေးစွာ
ဖြာဆင်းလာတဲ့ နေရောင်ခြည်နုနုလေးက တင်ပျဉ်ခွေ
ထိုင်လျက် တရားကျင့်နေတဲ့ လူငယ်ဆီကို ကျလာသည်။
ဟူးးးးး
တညလုံးနီးပါး တရားထိုင်နေပြီးနောက်.. ရှောင်ယွင်
အသက်ပြင်းပြင်းရှုသွင်းလိုက်၏။ ပကတိမျက်လုံးနှင့်ပင်
မြင်နိုင်တဲ့ အဖြူငွေ့ပါးပါးလေး လေစီးကြောင်းငယ်တခုဟာ
သူ၏ ပါးစပ်နှင့် နှာခေါင်းကနေတဆင့် ခန္ဓာကိုယ်ထဲကို
ဖြတ်သန်းတိုးဝင်သွားပြီး ခန္ဓာကိုယ်နှင့် အရိုးအဆစ်တွေ
ကို အားအင်ဖြည့်စွမ်းပေးသည်။
မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည့်အခါ မျက်ဆံနက်မှာ
အလင်းတခု တောက်ပသွား၏။ ခန္ဓာကိုယ်က အကြောတွေ
ဆန့်ထုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ
" ဒါ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ခံစားချက်မျိုးပဲ Dou အတွင်း
စွမ်းအင် ပြန်ရလာတဲ့ ခံစားမှုပဲ... "
အိပ်ယာပေါ်ကနေ ဖြေးဖြေးဆင်းလိုက်ပြီး အပြောင်း
အလဲမစတင်ခင် ကိုယ်လက်လေ့ကျင့်ခန်း နည်နည်းလုပ်
လိုက်သည်။ ထိုစဉ် အခန်းပြင်ပရှိ ရှောင်ရှင်းအာ၏
နူးညံသောအသံကို ချိုမြိန်စွာ အတွင်းကနေ ကြားလိုက်ရ၏။
" အကိုရှောင်ယွင်.. အိပ်ပျော်နေတုန်းပဲလား.. ? "
ရှင်းအာ အစောကြီးရောက်နေတာပဲ။ခေါင်းယမ်းလိုက်ပြီး
အခန်းထဲ လှည့်ပတ်ကာ အံဆွဲတွေကို ဖွင့်၍လိုက်ရှာသည်။
နောက်ဆုံး သေတ္တာတခုကို ခက်ခက်ခဲခဲဆွဲထုတ်လိုက်ပြီး
ဂရုတစိုက်ဖွင့်လိုက်သည်။ သေတ္တာထဲက တဖျတ်ဖျတ်
လင်းလက်နေတဲ့ အရောင်ကြောင့် မျက်စိစူးသွား၏။
" စုဆောင်းထားသမျှ ဒါအကုန်ပဲ.. "
ခေါင်းယမ်းလိုက်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်ကာ ငွေသေတ္တာ
ကို ပွေ့လိုက်သည်။
အခန်းအပြင်ဘက်ကို ထွက်လာပြီးနောက် အပြင်ဝမှာ
ရပ်စောင့်နေသည့် ထူးခြားစွာ လှပနေတဲ့ မိန်းခလေး
တယောက် ကို တွေ့လိုက်ရ၍ အသာအယာ ပြုံးလိုက်မိ၏။
အစိမ်းဖျော့ဖျော့ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထား၍
သူမကို သဘာဝဆန်ဆန် ပိုလှပစေ၏။ ဘောင်းဘီရှည်
ကျပ်ကျပ်ဝတ်ဆင်ထား၍ သူမ၏ကျစ်လစ်တဲ့ တင်သား
နှင့် ပေါင်တံရှည်ကို တင်းရင်းစေကာ လှပတဲ့ကောတ်
ကြောင်းကို ပေါ်လွင်စေ၏။
ခြေတံရှည် က ကမ္ဘာပေါ်က မိန်းခလေးတွေနှင့်
ယှဉ်နိုင်ပြီး တက်ကြွမှုအပြည့်နှင့် စွဲမက်ဖွယ် ညှို့ယူဖမ်းစား
နိုင်စွမ်း ပြီးတော့ ရှောင်ယွင် ဘယ်မိန်းခလေးဆီမှာ မတွေ့
ဖူးတဲ့ သပ်ရပ်ကြော့ရှင်းမှု ဒါတွေအကုန်လုံး သူမဆီမှာ
စုပြုံနေသလား ထင်မှတ်ရသည်။
" ရော့ ဒီမှာ ပြောထားတဲ့ပိုက်ဆံ .."
အခန်းကနေ ထွက်လာတဲ့ ရှောင်ယွင်ကို တွေ့၍ ပြုံးပြ
လိုက်ကာ အနက်ရောင်ကတ်ပြားလေး တခု ကမ်းလိုက်၏။
ဒါကတော့ ပုံမှန်ကတ်ပြားပဲဖြစ်ပြီး အများဆုံး ရွှေဒင်္ဂါး
၅၀၀၀ အထိပဲ သိမ်းလို့ရတယ်။
အနက်ရောင်ကတ်ပြားကို ကို လက်ခံလိုက်ကာ ရှင်းအာ
ကို စနောက်လိုက်၏။
" ကလေးမငယ်.. ဘာလို့ ဒီလောက်ဆွဲဆောင်မှုရှိတဲ့
အဝတ်အစား ဝတ်ထားတာတုန်း တယောက်ယောက်နဲ့
ချိန်းထားတယ်မလား "
" ဟုတ်တယ်.. သုံးနှစ်အတွင်း အပြင်ထွက်လည်ဖို့
အကိုရှောင်ယွင်ဖိတ်တာ ဒါပထမဆုံးအကြိမ်ပဲ.. အဲဒါ
ကြောင့် အရမ်းဝမ်းသာပြီး နည်းနည်းပါးပါး ပိုဝတ်စားလာ
တာ.. "
ရှောင်ယွင်၏ရင်းရင်းနှီးနှီး ကျီစယ်ခြင်းကြောင့် ရှင်းအာ၏
မျက်လုံးမှာ လခြမ်းကွေးလို မှိတ်သွားသည်အထိ
အရှက်သည်းစွာ ချစ်စဖွယ် ရယ်မောလိုက်၏။
ရှောင်ယွင် အင်တင်တင်နှင့် ခေါင်းယမ်းခါလိုက်ပြီး
ပျော်ရွှင်စွာ ရယ်ပြုံးလိုက်၏။ ဝူတန် မြို့တွင်းကို သွားရာ
လမ်းတလျှောက် နှစ်ယောက်သား စကားတပြောပြော
နှင့် လေပေါသွား၏။ လမ်းတလျှောက်မှာလည်း
သူတို့နှစ်ယောက် ရင်းရင်းနှီးနှီး စကားပြောနေတာကို
ထူးဆန်းစွာ ကြည့်နေတဲ့ မျိုးနွယ်အဖွဲ့ဝင်အချို့နဲ့လည်း
ဆုံခဲ့ကြပါသေးသည်။
သူမ၏အလှအပနှင့်အရည်အချင်းကြောင့် ရှင်းအာ
ဆိုတာ မျိုးနွယ်မျိုးဆက်သစ်ထဲမှာ အတောက်ပဆုံး ပုလဲ
လုံးလေးလို့ ဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့် သူမဟာ
လူတိုင်းပေါ် ရင်းနှီးတတ်ပါသည်။ ဒါပေမဲ့ လူတိုင်းအပေါ်
တူညီတဲ့အပြုံးလေး ရှိသော်လည်း သူမနှင့် နှုတ်ဆက်ရတာ
လွယ်ကူသလောက် ဆက်ပြီး စကားစမြည်ပြောဖို့ကခက်လှပါတယ်။
မျိုးနွယ်တချို့ရဲ့ အကြည့်တွေကို ရှောင်ယွင် လျစ်လျူ
လိုက်ပြီး မြို့ထဲကို မြန်မြန် ဦးဆောင်ခေါ်သွားပြီးနောက်
လမ်းဘေးက ဆိုင်ငယ်လေးမှာ အေးအေးဆေးဆေး
စိမ်ပြေနပြေ ဝင်ကြည့်လေ၏။
ဂျားမာအင်ပါယာ၏ မြို့ကြီးထဲက တစ်မြို့ ဟူသော
နာမည်နှင့် လိုက်ဖက်စွာ ဝူတန်မြိ့မှာ အင်မတန် များပြားတဲ့
လူတွေ နေထိုင်ကြသည်။ နေ ချစ်ချစ်တောက် ပူပြင်းနေပါ
သော်လည်း လမ်းမပေါ်မှာ လူပေါင်း ထောင်ဂဏန်း
ဒါမှမဟုတ် သောင်းဂဏန်းမျှရှိလောက်၏။ ထူးဆန်းတဲ့
လူမျိုးစုတမျိုး နှစ်မျိုးလောက် တွေ့နိုင်သေး၏။
ရှောင်ယွင် ဘေးနားမှာ ပါလာလို့လား မပြောတတ်..
မျိုးနွယ်စု အပြင်ဘက် ထွက်လာပြီးနောက် ရှောင်ရှင်းအာ
သွက်လက်တက်ကြွလာသည်။ လေးတိလေးကန်လုပ်နေတဲ့
ရှောင်ယွင်ကို ပစ္စည်းအစုံရောင်ချတဲ့ ဈေးဆိုင်ဘက်ဆီကို
ဆွဲခေါ်သွားသည်။ သူမ၏ ရယ်သံလွင်လွင်လေးကြောင့်
ပူပြင်းလှတဲ့လမ်းကို အနည်းငယ်အပူသက်သာစေသလိုပဲ။
နောက်ဆုံး ရှင်းအာ မောပန်းသွားမှပဲ အနီးအနားမှာ ရှိ
တဲ့ ပရဆေးဆိုင်ဆီ ခေါ်သွား၏။ ရွှေဒင်္ဂါး ၉၀၀ လောက်
သုံးပြီးသွားတဲ့အချိန်မှာ အနှစ် ၂၀ သက်တမ်းရှိတဲ့
အပြာရောင်မြက်ပင်ရဲ့ ခရမ်းရောင်အရွက်ရိုးတံသုံးခု၊
၅ နှစ်သက်တမ်းရှိ အရိုးဆေးကြောပန်းပွင့်ရဲ့ ညှာတံနှစ်ခု
ကို ရလာခဲ့၏။ ဒါတွေက အဆင့်မမြင့်တဲ့ ပစ္စည်းတွေ ဖြစ်
လို့ သာမန်ပရဆေးဆိုင်မှာ ဝယ်လို့ရနေတာဖြစ်၏။
ဒီထက် အဆင့်မြင့်တဲ့ ပစ္စည်းရချင်ရင်တော့ ကိုယ့်ကိုယ်
တိုင် ရှာရင်ရှာ ဒါမှမဟုတ် လေးလံပွဲမျာ လေလံဆွဲရင်ဆွဲ
ဒါမှမဟုတ် ကံကောင်းရင် အဆင့်မြင့် ပရဆေးဆိုင်မှာ
ဝယ်မှရမည်။
ပိုက်ဆံတွေ ခနအတွင်း ပြိုက်ခနဲ လျော့ကျသွားသည်ကို
ကြည့်ပြီး ရှောင်ယွင် မချိအပြုံး ပြုံးလိုက်၏။ ဒိုချီတိုက်မှာ
ပိုက်ဆံဟာ တော်တော်အရေးကြီးမှန်း နားလည်လိုက်၏။
ဘာပဲဖြစ်ဖြစ် အခု ဆေးပင်တွေ ရပြီးပြီး။ နောက်ဆုံး
အဆင့် ၁ သစ်သားသတ္တိရှိတဲ့ မွန်းစတားအမြုတေကိုပဲ
ဝယ်ဖို့ လိုအပ်ပါတော့သည်။
/////////////////////
မျက်လုံးကို လခြမ်းကွေးဖြစ်သည်အထိ မှိတ်ပြီးရယ်နေတဲ့
ရှောင်းရှင်းအာ ပုံကို ပူးတွဲတင်ပေးလိုက်ပါတယ်။ 😍😍
photo_crd_to_yaminmayoo
No comments:
Post a Comment