Followers

Chapter 13

အခန်း ၁၃   အနက်ရောင်သတ္တုအပိုင်း

        ရှောင်ယွင်ပြောသမျှစကားကို ရှင်းအာ ခေါင်းညိတ်နေ
တာကိုကြည့်ပြီး ဂျားလီယောင် ပါးစပ်မဲ့ရွဲ့လိုက်သည်။
တည်တည်ငြိမ်ငြိမ် မထုံတတ်သေးအမူအရာဖြင့် အရှေ့မှာ 
ရပ်နေတဲ့ ရှောင်ယွင်ကို လက်သီးခပ်တင်းတင်းဆုပ်ပြီး 
စူးစိုက်ကြည့်နေလိုက်သည်။

        ဂျားလီယောင် ဒေါသထွက်နေတာ မြင်တော့ သူ့လက်
အောက်ငယ်သားတွေ အရှေ့ကိုပြေးတက်ကာ ရှောင်ယွင်
 နှင့်ရှင်းအာကို ပတ်လည်ဝိုင်းထားလိုက်ကြသည်။ သူတို့ရဲ့
စူးရဲတဲ့အကြည့်တွေမှာ ယုတ်မာမှုတွေ အထင်းသားမြင်
နေရသည်။ 

      အခုနေရာက ဈေးအတွင်းကျတဲ့ နေရာဖြစ်သော်လည်း
ဘေးနားပတ်လည်မှာ လူအချို့ရှိနေကြသေးသည်။ စပ်စုတဲ့
အကြည့်တွေနဲ့  ရှောင်ယွင်အုပ်စုဘက်ကိုလှည့်ကြည့်ပြီး 
အကဲခတ်စူးစမ်းကြသည်။ ရှောင်ယွင်နဲ့ ဂျားလီယောင်ဆို
တာ ဝူတန်မြို့မှာ အတော်လေး လူသိများပါတယ်။ ရှောင်
ယွင်က ပါရမီရှင်ကနေ ပျက်စီးသွားတဲ့အဖြစ်ကြောင့် နာ
မည်ကြီးသလို ဂျားလီယောင်ကလည်း အမျိုးသမီးတွေနဲ့
ပွေရှုပ်တဲ့ ကိစ္စကြောင့် လူသိများပါတယ်။ သိပ်နာမည်မ
ကျော်ပေမဲ့  မြို့တွင်းမှာတော့ အတော်လေးတော့ လူသိ
များကြပါသည်။ 

     ဂျားလီယောင်အုပ်စုရဲ့ အဝိုင်းခံလိုက်ရတာကို ကြည့်
ပြီး ရှောင်ယွင် နဖူးတွန့်သွားသည်။ ဒါပေမဲ့ ပိုင်နိုင်စိတ်ချတဲ့
အမူအရာ တစ်စစ ပေါ်လွင်လာသည်။ ဈေးတန်းထဲက 
တနေရာဆီကို ခေါင်းအေးဆေးလှည့်လိုက်ပြီး လေချွန်သံ
ပေးလိုက်သည်။ 

    လေချွန်တာကိုကြည့်ပြီး ရှောင်ယွင်မျက်နှာမူရာဘက်ကို
အားလုံး တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ ထိုအခါမှ
ပိုင်အန် ဦးဆောင်လာတဲ့ လုံခြုံရေးအဖွဲ့ ပြေးလာနေသည်
ကို တွေ့လိုက်ကြသည်။ 

      ပိုင်အန် ရှောင်ယွင်ဆီကို ကမန်းကတန်းပြေးလာခဲ့ပြီး  
ကျန်တဲ့လူတွေက ရှင်းအားနှင့်ရှောင်ယွင်ကို ပတ်လည်ဝိုင်း
ထားတဲ့ ဂျားလီယောင်နောက်လိုက်တွေကို ထပ်မံဝိုင်းထား
လိုက်ကြသည်။ 

     " တတိယသခင်လေး.. ဘာတွေ ဖြစ်ကြတာလဲ..?"
ဂျားလီယောင်ကို တချက်ငဲ့ကြည့်လိုက်ကာ ရှောင်ယွင်ဆီ
ပိုင်အန် တည့်တည့်မတ်မတ်လျှောက်လာပြီး ရိုရိုသေသေ မေးလိုက်၏။ 
      
    ရှောင်ယွင် တချက်ပြုံးလိုက်ကာ ဒေါသထွက်နေတဲ့ ဂျား
လီယောက်ဘက် ကို လှည့်ကြည့်လိုက်သည်။ မထီမဲ့မြင်
ဟန်ဖြင့် ခပ်တည်တည်မေးလိုက်၏။
      " ဂျားလီယောင်သခင်လေး... ဒီဈေးတန်းက ရှောင်မျိုး
 နွယ်ရဲ့ထိန်းချုပ်မှုအောက်မှာဆိုတာသိတယ်မလား..
 ဒီလိုနေရာမှာ တကယ်ပဲ တိုက်ခိုက်ချင်တယ်ပေါ့ ဟုတ်လား.."
   
     ပိုင်အန်ကိုကြည့်ပြီး ဂျားလီယောင် ကြောက်လန့်သွားမိ
သည်။ ဒါပေမဲ့ ချက်ချင်းပဲ ရှောင်ယွင်ကို ခနဲ့တဲ့တဲ့ အသံဖြင့်
 
     " ဟားဟ မျိုးနွယ်ကို ဘယ်လိုအားကိုးရမလဲဆိုတာကိုပဲ 
သိတာလား.. တကယ်၍ မင်း ယောင်္ကျားဆိုရင်... "

     " မင်းပြောချင်တာက ငါက ယောင်္ကျားဆိုရင် မင်းနဲ့ တစ်
ယောက်ချင်းပဲ ယှဉ်ပြိုင်မယ်လို့ ပြောချင်တာလား..?"
  ရှောင်ယွင်လက်ကာပြလိုက်ပြီး ဖြတ်ပြောလိုက်သည်။ 

    ဂျားလီယောင် နှာခေါင်းရှံ့ကာ ရိသဲ့သဲ့ဖြင့် ရန်စသလိုဖြင့်
  
    " ဟုတ်တယ်.. ဘာလဲ ကြောက်နေတာလား.. "

    မောက်မာလွန်းတဲ့ ဂျားလီယောင်ကို ကြည့်ပြီး အသက်
ပြင်းချလိုက်ကာ အကြံထုတ်နေမိသည်။ ခနအကြာ ခေါင်း
မော့လိုက်ကာ ပုခုံးတွန့်ပြလိုက်ပြီး ဘာမှမဖြစ်သလိုလေသံ
မျိုးဖြင့် အေးဆေးမေးလိုက်သည်။ 

"ဂျားလီယောင်သခင်လေးကို တခုလောက်မေးချင်လို့ပါ...
အခု အသက်ဘယ်လောက်ရှိပြီးလဲ.. "
   
     ဂျားလီယောင် နှုတ်ခမ်းတွန့်သွားသည်။ ဘာမှတော့
မတုံ့ပြန်ဘဲ ခပ်မဆိတ်နေသည်။

   "အကိုကြီး.. အကိုကြီးအသက်က နှစ်ဆယ့်တစ်နှစ်ရှိနေ
ပြီးဟုတ်?  ကျွန်တော့်အသက်ကရော? အိုး ဆယ့်ငါးနှစ်ပဲရှိ
သေးတာ.. ဒီအသက်နဲ့ အကိုကြီးကို ယှဉ်မချနိုင်တာ သိသိ
ကြီးနဲ့ စိန်ခေါ်လိုက်တာလား.. နည်းနည်းလေး မလွန်လွန်း
ဘူးလား... နည်းနည်းလေးများ ရှက်တယ်လို့ မခံစားရဘူး
လားဗျာ.. "
  
      ရှောင်ယွင်ရဲ့ မအူမလည်ပုံစံဟာ အသက်ဝင်လွန်းလို့
ရှင်းအာတောင် မနေနိုင်ဘဲ ခပ်တိုးတိုးရယ်လိုက်မိသည်။

     " ဟားဟားဟား.. "
   ရှောင်ယွင်စကားကိုကြားလိုက်၍ ဘေးဆိုင်တန်းက 
ကုန်သည်ရော ကြေးစားအဖွဲ့သားတွေကပါ တဟားဟား
ရယ်လိုက်ကြသည်။ ရှောင်ယွင်ပြောတာလည်း မှန်ပါတယ်။
သူ့အသက်နဲ့ဆို ကလေးဟု သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့
ဂျားလီယောင်ဟာ အရွယ်ရောက်ပြီးသားဟု ဆိုနိုင်သည်။
ဒီလိုစိန်ခေါ်လိုက်တာဟာ အများအမြင်မှာ ဂျားလီယောင်
ကို အထင်သေးသွားကြသည်။

  လူအများရဲ့ဟားရယ်လိုက်သံဟာ ဂျားလီယောင်မျက်နှာ
ကို ရေအေးအေးတပုံးနဲ့ ပက်လိုက်သလိုပါပဲ။ဂျားလီယောင်
သတိပြန်ဝင်လာသည်။ ရှောင်ယွင်ရဲ့ ရင့်ကျက်တဲ့အပြော
အဆိုနှင့် တည်ငြိမ်တဲ့ဟန်ပန်ကြောင့် ကလေးတယောက်
ဆိုတာကို မေ့သွားနိုင်သည်။ ယခုမှသာ သူ့အရှေ့က ရှောင်
ယွင်ဟာ အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်ဆိုတာ သတိ
ရလိုက်သည်။ 

    ဂျားလီယောင် အံကြိတ်လိုက်သည်။ရှောင်ယွင်အနောက်
ဘက်က အစောင့်တွေကို ကြည့်ရင်း ဒီနေ့ လက်တုံ့ပြန်ဖို့ 
အဆင်မပြေတော့ဘူးဆိုတာ နားလည်လိုက်သည်။ ခေါင်း
ကို ညိတ်လိုက်ပြီး အေးစက်တဲ့အသံဖြင့်
" နောက်တနှစ်... နောင်တနှစ်ဆိုရင် အရွယ်ရောက်ခြင်း
အခမ်းအနားလာတော့မယ်မလား.. ဟားဟား ငါတွေးမိပါ
တယ်... မင်းလိုမျိုး ဒုက္ခိတတယောက်က .. အရွယ်ရောက်
ခြင်းအခမ်းအနားပြီးသွားရင် ဝေးလံပြီးဆင်းရဲတဲ့ နယ်ရွာဆီ
ကိုပဲပို့ခံထိမလားပဲ... ဟားဟား အဲ့ဒီအချိန်ကျရင် ဝူတန်မြို့
ကိုပြန်ဝင်လာဖို့ အခွင့်အရေးတောင်ရှိမှာ မဟုတ်ဘူး.. 
တော်တော်လေးကို သနားဖို့ကောင်းလိုက်တာကွာ.."

    ရှောင်ယွင် ခပ်တည်တည် ပုခုံးတွန့်ပြလိုက်ပြီး အေးဆေး
စွာ ပြုံးပြလိုက်သည်။ 

   ဂျားလီယောင်း မျက်မှောင်တွန့်သွားသည်။ ရှောင်ယွင်ရဲ့
တုတ်တုတ်တောင်မလှုပ်တဲ့ အမူအရာကို မြင်ရလေ ဂျားလီ
ယောင်ရင်ထဲမှာ ဒေါသတွေပိုဆူပွက်လာလေ.။ မင်းဟာ
ဒုက္ခိတတယောက်ဖြစ်ပြီးတော့ အကုန်သိအကုန်တတ်ပုံစံ
ချိုးနေပါလား.။ဂျားလီယောင် ဒေါသကိုပြန်မျိုသိပ်လိုက်
သည်။
    " ဟွန့်.. " ဂျားလီယောင် သူ့လက်အောက်ငယ်သားတွေ
ကို လက်ဝှေ့ယမ်းပြလိုက်ကာ ပြန်လှည့်ထွက်သွားဖို့ အမိန့်
ပေးလိုက်သည်။ 
   
     " အာ ဟုတ်ပြီး.. " ဂျားလီယောင် ခြေလှမ်းရပ်လိုက်ပြီး
သတိတခုခု ရသွားဟန်ဖြင့် ပြန်လှည့်လိုက်ပြီး ရှောင်ယွင်
ကို လှမ်းပြောလိုက်၏။
   " ရှောင်ယွင်သခင်လေး.. နလန်မျိုးနွယ်က မင်းရဲ့ရှောင်
မျိုးနွယ်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ 
ငါ သတင်းကြားလိုက်သေးတယ်... ဟီဟီ.. ငါတော့ ဘယ်
လိုမှ မထင်ထားခဲ့မိဘူး... မင်းရဲ့ဒီလို အရည်အချင်းနဲ့ 
နလန်မျိုးနွယ်ရဲ့ မိန်းခလေးနဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ
ဟ...   ဟားဟားဟား... "

         ပြောရင်း လှည့်ထွက်သွားတဲ့ ဂျားလီယောင်ကိုသာ
ရှောင်ယွင် အေးစက်စက်ကြည့်နေလိုက်သည်။ ရုတ်တရက် 
အနောက်ကနေ ပြေးလိုက်တော့မဲ့ ရှင်းအာကို တင်းကျပ်စွာ 
ဖမ်းဆွဲလိုက်ကာ လေသံအေးအေးဖြင့် " ဂျားလီယောင်
က ခွေးရူးတကောင်သာသာပဲ.. ဘာလို့ သူ့နဲ့ ပြိုင်ကိုက်ရမှာလဲ..?"

      " ဒါပေမဲ့ သူပြောတာ တော်တော်လွန်တယ်... သူ့ကို ဒီ
လိုလွယ်လွယ် မလွှတ်ပေးနိုင်ဘူး.. " 
ရှင်းအာ မျက်မှောင်ကုတ်ပြီး မခံမရပ်နိုင်ဘဲ စိတ်ဆိုးစွာ ပြန်
ဖြေသည်။ 

      " အခွင့်အခါကတော့ တကြိမ်မဟုတ် တကြိမ်တော့ကြုံ
ရမှာပေါ့... "  
  ရှောင်ယွင် မျက်နှာမှာ လှောင်အပြုံးနှင့်.. ။ အေးစိမ့်စိမ့်
အငွေ့အသက်ပါတဲ့ သူအသံကြောင့် ပိုင်အန် ကျောရိုးပင်
စိမ့်ချင်သွားသည်။ ခြင်္သေ့ရဲ့ ခုန်အုပ်တိုက်ခိုက်မှုပဲ ကြောက်
စရာကောင်းသောအရာမဟုတ်သေးဘူး။ စိတ်ရှည်ရှည်နဲ့
ပုန်းကွယ်စောင့်ဆိုင်းတတ်ခြင်းဟာလည်း ခြင်္သေ့တကောင်
ရဲ့ ကြောက်စရာတခုဖြစ်သည်။ 

     " ဦးလေးပိုင်အန်... ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်.."
ရှောင်ယွင်အနောက်လှည့်ကာ ပိုင်အန်တို့အုပ်စုကို သိမ်မွေ့
စွာပြုံးပြလိုက်သည်။ စောစောက ပဋိပက္ခကြောင့် တင်းမာ
နေတဲ့ နှလုံးသားများဟာ ပြန်လည် နွေးထွေးသွားကြသည်။

     စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ရှောင်
ယွင်ရဲ့ အရည်အချင်းကို ပိုင်အန်သဘောကျမိသလို ရှောင်
ယွင်ကိုလည်း ပိုပိုပြီး လေးစားလာတယ်။ဒီလိုအရည်အချင်း
မျိးနှင့် ရှောင်ယွင်၏အနာဂတ်အောင်မြင်မှုဟာ ပေါ့တန်တန်
တော့ မဖြစ်နိုင်ဘူး။

   " ဟားဟား.. တတိယသခင်လေး နောက်ပြောင်တတ်
တာပဲ... ဒါက ရှောင်မျိုးနွယ်ရဲ့ ပိုင်နက်လေ... ဒီနေရာမှာ
သူတို့ လုပ်ချင်တိုင်း လုပ်လို့ရအောင် ကျွန်တော်တို့က ဒီ
အတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူး.. "

     ပိုင်အန် ပြုံးကာ ပြောလိုက်သည်။ နောက် ရှောင်ယွင် 
ဈေးပြန်လှည့်ပတ်ကြည့်တော့မည်ကိုမြင်၍ နှုတ်ဆက်ပြီး
သူ့လူနှင့်အတူ အလျင်အမြန်ထွက်ခွာသွားသည်။ 

    ပိုင်အန်တို့အုပ်စု ထွက်ခွာတာကို ကြည့်ပြီးနောက် 
ရှင်းအာကို လှည့်ကြည့်လိုက်ကာ သူမဆံပင်ကို ထိုးဖွလိုက်
ပြီး အနည်းငယ်မာကျောတဲ့ လေသံမျိုးဖြင့် 
" အဆင့်၁ မွန်းစတားတခုတည်းနဲ့ ကိုယ့်သိက္ခာကို မေ့သွား
ပြီးလား...? ဂျားလီယောင်က ဘယ်လိုလူမျိုးလဲဆိုတာ မင်း
ရော ငါရောသိတယ်။ သူ့ပစ္စည်းကို ယူလိုက်တာနဲ့ သေချာ
ပေါက် မင်းဆီကနေ အကူအညီတောင်းတော့မှာ.."

        ရှင်းအာ ခေါင်းက ဆံပင်ကို ပြန်ဖိသပ်လိုက်သည်။
ပြီးတော့ မတတ်သာတဲ့ပုံစံ ဖြင့် လက်ဝါးနှစ်ဖက် လှန်ပြ
လိုက်ပြီး  " သူက အလကားလာပေးနေတာကိုး.. "

      ရှောင်ယွင် မျက်လုံးကလယ်ကလယ်ဖြစ်ကာ ရယ်ရ
မလား ငိုရမလား မသိတော့။ 
" အဲဒါက တန်ဖိုးမရှိတဲ့ ပစ္စည်းဆိုရင် နင်ဒီလိုယူနေပါ့မလား
..? နင်ဟာ ရှောင်မျိုးနွယ်ရဲ့ အသက်ငယ်ဆုံးပါရမီရှင်ဆို
တာ မမေ့လိုက်နဲ့ဦး.. "

    ရှင်းအာ နှာခေါင်းရှုံ့ပြလိုက်သည်။ သူမ လက်ကောက်
ဝတ်ကို မြှောက်ပြလိုက်ကာ မထိတထိလေသံဖြင့်..
" အော်.. အကိုရှောင်ယွင်က ရှင်းအာကို သတိရသေးတာ
ပေါ့... " 

      ရှောင်ယွင် စကားမပြောဘဲ နေပြီး သူမလက်ကလေး
ကို လှမ်းဆွဲကိုင်ကာ ဈေးအတွင်းဘက်ဆီ ဆက်လျှောက်
သွားသည်။ 

      ဈေးဆိုင်အနည်ငယ်ကျော်ဖြတ်လာပြီးနောက် ဈေးဆိုင်
တဆိုင်အရှေ့မှာ ရှောင်ယွင်ရပ်လိုက်ပြီး ခင်းထားတဲ့ပစ္စည်းများ
ကို ခါးညွတ်ပြီး ငုံ့ကြည့်လိုက်သည်။ သွေးစသွေးနတွေ ကပ်
ကျန်နေသေးတဲ့ အစိမ်းရောင်အလုံးတလုံးကို စိုက်ကြည့်
လိုက်ပြီးနောက်  " နောက်ဆုံးတော့ ရှာတွေ့ပြီးကွာ.. "

    လက်လှမ်းကာ မွန်းစတားအမြုတေကို လှမ်းယူနေဆဲမှာ
ပဲ တချက်တန့်သွားသည်။ ထူးဆန်းတဲ့ စိတ်ထင့်နေတာမျိုး
ခေါင်းထဲဝင်လာ၏။ နှုတ်ခမ်းကို သပ်လိုက်ပြီး အမြုတေကို 
ဆက်ပြီး လှမ်းယူလိုက်သည်။ ဆက်ပြီး မျက်လုံးကလည်း 
တည်ခင်းထားတဲ့ ပစ္စည်းအစုံကို မွှေကြည့်လိုက်သေးသည်။ 

     ခနအကြာမှာ အမြုတေအနားမှာ ခင်းကျင်းထားတဲ့ 
အနက်ရောင်သတ္တုအပိုင်းတခုဆီကို အကြည့်ရောက်သွား၏။

    အနက်ရောက်သတ္တုအပိုင်းလေးဟာ တော်တော်လေးကို
ဟောင်းနွမ်းနေပြီး သံချေးမှုန်တွေ ကပ်ငြိနေတယ်။ အညစ်
အကြေးကွက်တွေ နှစ်နေရာတောင် ရှိနေသည်။ ကြည့်ရ
တာ အခုမှ မြေကြီးကနေ တူးရလာဟန်ရှိသည်။ 
  

       ဒီသုံးစားမရတဲ့သတ္တုကို ဘာကြောင့် ထူးဆန်းတဲ့ခံစား
ချက်ဖြစ်နေသလဲဆိုတာ ဇဝေဇဝါဖြစ်နေတုန်း  ရွဲ့လော်ရဲ့
အသံက သူ့စိတ်ထဲကနေ မြည်ဟည်းလာသည်။ 

      " ဟေ့ ယွင်ချာတိတ်... အဲဒီအနက်ရောင်သတ္တုကို ဝယ်
လိုက်... အဲဒါက မင်းအတွက် အကျိုးရှိစေမယ်.."

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...