အခန်း ၃ ဧည့်သည်
လူငယ်တယောက် ကုတင်ပေါ်တွင် သက်တောင့်
သက်သာ အနေအထားဖြင့် မျက်လုံးမှိတ်ပြီး
ကျင့်စဉ်ကျင့်နေသည်။ အသက်ရှုထုတ်လိုက်အတိုင်း
ရင်ဘက်ကလည်း အချိုးညီစွာ နိမ့်လိုက်မြင့်လိုက်။
အသက်ရှုသွင်းလိုက်တိုင်း အဖြူငွေ့ငွေ့လေးတွေ
နှာခေါင်းကနေတဆင့်ခန္ဓာကိုယ်ထဲ အဆက်မပြတ်
ဝင်နေသည်။
ကျင့်နေအချိန်တွင် လက်တွင်ဝတ်ဆင်ထားတဲ့
အနက်ရောင်လက်စွပ်သည် အလင်းဖျော့ဖျော့လေး
ခနလင်းသွားသည်။
" ဟူး " ပါးစပ်ကနေ လေမှုတ်ထုတ်ပြီး လူငယ်
မျက်လုံးဖွင့်လိုက်သည်။ အဖြူဖျော့ဖျော့ အလင်းတခု
မျက်ဆံမှာ ဖျတ်ခနဲပြေးသွား၏။ ဒါဟာ သူစုပ်ယူပြီး
ပြန်သန့်စင်ထားတဲ့ Dou Qi ပဲဖြစ်သည်။
" ဒီလောက်ရဖို့ တော်တော်အားစိုက်လိုက်ရတာပဲ...
ဒါပေမဲ့..ဟာ..ပျောက်ကွယ်သွားပြန်ပြီး နိုးးး မလုပ်ပါနဲ့.."
လူငယ်သည် အသည်းအသန်ကြိုးစားပြီး ပြန်ဆယ်ဖို့
လုပ်ပေမဲ့ အချည်အနှီးပါပဲ။ နောက်ဆုံး Dou Qi
အမျှင်တန်းလေး ပျောက်ကွယ်သွားချိန်မှာ
ဒေါသထွက်စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး
နာကြည်းစွာ အော်ဟစ်လိုက်သည်။
လူငယ်လေး လက်သီးခပ်တင်းတင်းဆုပ်ပြီး
ဆုပ်လိုက် ဖြန့်လိုက် လုပ်၏။နောက်ဆုံးတော့
ဒေါသထွက်တာကိုပြန်လျှော့လိုက်ပြီး အားတင်းပြီး
ပြုံးလိုက်ဘူး။ဖြစ်ပြီးတော့လည်း ဘာမှမတတ်နိုင်
တော့ပြီး။
ပင်ပန်းနွမ်းနယ်သွားပြီးမို့ ကုတင်ပေါ်လှဲချလိုက်
သည်။ထုံကျင်နေတဲ့ ခြေထောက်ကို အကြောလျှော့
လိုက်သည်။ Dou Shi အဆင့် ၃ မို့ ထုံကျင်တာတွေ
ဖြစ်နေတုန်းပဲ။
အခန်းထဲမှာ လေ့ကျင့်ခန်းနည်းနည်းလုပ်နေချိန်
တွင် အိုမင်းရင့်ရော်တဲ့ စကားအသံကိုကြားလိုက်၏။
" သခင်လေး.. ခန်းမကြီးဆီကို လာခဲ့ဖို့ ခေါင်းဆောင်း
က အကြောင်းကြားခိုင်းတယ်... "
သခင်လေးဆိုသည်မှာ မျိုးနွယ်ခေါင်းဆောင်၏
တတိယသား ရှောင်ယွင်ပဲဖြစ်၏။ ရှောင်ယွင်အထက်မှာ
အကိုနှစ်ယောက် ရှိသည်။ ဒါပေမဲ့ စွန့်စားခရီးသွားဖို့
မျိုးနွယ်ကနေ ထွက်ခွာသွားပြီးဖြစ်သည်။ နှစ်တိုင်း
နှစ်တိုင်း မျိုးနွယ်ဆီကို ပြန်လာပြီးတော့ မိသားစုတွေ
နဲ့ ပြန်ဆုံစည်းကြတယ်။ ပြီးတော့ ရှောင်ယွင် ကံခေပြီး
မသန်မစွမ်းသူတယောက်ဖြစ်သွားတောင်မှ အကို
နှစ်ယောက်သည် ညီငယ်အပေါ် အရမ်းကောင်းခဲ့ကြသည်။
" လာပြီး " ရှောင်ယွင် အဝတ်အစား မြန်မြန်
လဲလိုက်ပြီး အခန်းအပြင်ထွက်ခဲ့သည်။ အပြင်မှာ
အစိမ်းရောင်အဝတ်နှင့် လူကြီးတယောက် စောင့်ဆိုင်း
နေသည်။ " သွားကြရအောင် "
ဖျတ်လတ်တက်ကြွတဲ့ ရှောင်ယွင်ကိုကြည့်ပြီး ထို
လူကြီး ခေါင်းညိတ်လိုက်ပြီး ခန်းမဘက်သို့ အတူဦးတည်လိုက်သည်။ ရှောင်ယွင်ကိုကြည့်ပြီး စိတ်မကောင်းခြင်း ကြိတ်ဖြစ်မိ၏။
အော် သခင်လေးသာ အရင်လိုစွမ်းရည်နဲ့ဆို အခုလိုချိန်
မှာ ထိပ်သီး Dou Zhe ဖြစ်နေပြီးပေါ့။ စိတ်မကောင်းစရာပဲ......
အနောက်ဘက်ဝင်းခြံကို ဖြတ်ကျော်သွားပြီးနောက်
ဧည့်ခန်းမဆောင်ကို ရောက်ရှိသွားသည်။ တံခါးကို
ညင်သာခေါက်ပြီး အတွင်းသို့ ညင်သာစွာ ဝင်သွား၏။
ခန်းမဆောင်ဟာ အတော်ကြီးမားလှသည်။ အထဲမှာ
လူအချို့ ရောက်နှင့်နေကြသည်။ ခန်းမဆောင်၏ထိပ်
မှာ မျိုးနွယ်ခေါင်းဆောင် ရှောင်ကျန်းနှင့် မျက်နှာ
တည်တည်ဖြင့်လူကြီးသုံးယောက်ရှိသည်။ သူတို့သည်
မျိုးနွယ်လူကြီးသုံးယောက်ဖြစ်ပြီး မျိုးနွယ်ခေါင်းဆောင်
နှင့် တန်းတူအရေးပါသည်။
ဘယ်ဘက်ခြမ်းမှာ မျိုးနွယ်၏ အကြီးပိုင်း လူလေး
ယောက်ရှိသည်။ မျိုးနွယ်လူကြီးလောက် အာဏာမရှိ
သော်လည်း သူဟာနဲ့သူတော့ ရှိကြသည်။
သူတို့ဘေးမှာ အရည်အချင်းနှင့် စွမ်းရည်ရှိတဲ့
မျိုးနွယ်လူငယ်လေးတွေ ရှိနေသည်။
တခြားဘက်မှာတော့ သူစိမ်းသုံးယောက်ရှိသည်။
လွန်ခဲ့သောညတုန်းက ရှောင်ကျန်း ပြောတဲ့ ဧည့်သည်
ဆိုတာ သူတို့ပဲဖြစ်မည်။
သူစိမ်းသုံးယောက်ကို ဝိုက်ကြည့်ပြီး အကဲခတ်လိုက်
သည်။ သုံးယောက်ထဲမှာ လူကြီးတယောက်ပါသည်။
အဖြူလွလွ အထူးဝတ်စုံကို ဝတ်ဆင်ထားသည်။
မျက်နှာက အမြဲတစေပြုံးထားသော်လည်း
မျက်လုံးတွေက စွမ်းအင်တွေအပြည့်နှင့် ခန်းမတခုလုံး
ကို အဆက်မပြတ် အကဲခတ်နေသည်။ ရှောင်ယွင်
အမြင်အာရုံက ထိုလူ၏ရင်ဘက်ဆီ ရောက်သွားသည်။
သူ၏ရင်ဘက်မှာ ငွေလ ပုံစံနှင့် ဘေးနားမှာ တောက်ပ
နေတဲ့ ကြယ် ၇လုံး ဝန်းရံနေသည်ကို မြင်လိုက်သည်။
Da Dou Shi အဆင့် ၇!! အဲဒီလူကြီးက Da Dou
Shi အဆင့် ၇! မယုံနိုင်စရာပဲ။
ရှောင်ယွင် စိတ်ကို ပြန်ထိန်းလိုက်သည်။ ဒီလူကြီးသည်
သူ့အဖေထက် ကြယ်နှစ်လုံးတောင်မှ သာလွန်နေသည်။
Da Dou Shi အဆင့်ဆိုတာ ဒီလောကမှာ
အာဏာတခုရှိတယ်လို့ လက်ခံထားကြသည်။ ဒီလို
အဆင့်ရှိတဲ့လူတယောက်ကို အားလုံးက ဘက်တော်
သားအဖြစ်လိုချင်ကြသည်။ ဒီလိုလူမျိုးကို ရှောင်ယွင်
အလန့်တကြားဖြစ်မိတာ မဆန်းပေ။
ဘေးနားမှာ လူငယ်နှစ်ယောက်ရှိသည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ တယောက်က
ယောကျာင်္းလေးဖြစ်ပြီး အသက်နှစ်ဆယ်ရှိသည်၊
ချောမောတဲ့ မျက်နှာရှိပြီး ကိုယ်ခန္ဓာတောင့်တင်းသည်။
မိန်းကလေးတိုင်းကြိုက်တဲ့ ပုံစံမျိုးပါပဲ။ နောက်ထပ်
အရေးကြီးတာက သူ့ရင်ဘက်ပေါ်က ရွှေရောင်ကြယ်
ငါးလုံးပါပဲ။ ဒါဟာ Dou Zhe အဆင့် ၅ ကို ပြတာပါပဲ။
အသက်၂၀ မှာ Dou Zhe အဆင့်၅ ဆိုတာ
လူငယ်၏အရည်အချင်းကို ပြသနေသလိုပါပဲ။
ဒီလိုအသက်အရွယ် ဒီလိုအရည်အချင်းတွေကြောင့်
ကောင်မလေးတွေ အကြည့်တွေပေးနေကြသည်။
ရှောင်မိန်တောင်မှ အထာတွေ ခနခနပေးနေသည်။
ဒါပေမဲ့ လူငယ်အပေါ်မှ သိပ်တော့မထူးခဲ့ပါဘူး။
သူ၏ဘေးနားက မိန်းခလေးအပေါ်မှာသာ
ဂရုစိုက်နေသည်။
ထိုမိန်းခလေးအရွယ်က ရှောင်ယွင်နှင့် အရွယ်တူ
လောက်ပဲဖြစ်ပြီး ရှောင်ယွင် တွန့်ဆုတ်သွားသည်။
သူမအလှက ရှောင်မိန်နှင့် ယှဉ်လို့ရ၏။ မဟုတ်ဘူး
ရှောင်မိန်ထက်တောင် လှသည်။ မျိုနွယ်တခုလုံးမှာ
ရှောင်ရှင်းအာ တယောက်သာ သူမကို ကောင်းကောင်း
ယှဉ်နိုင်သည်။ မျိုးနွယ်ကောင်လေးတွေက အပြင်က
မိန်းခလေးတွေကိုပဲ ကြိုက်ကြတာ မဆန်းပေ။
သူမ၏ နားမှာ ကျောက်စိမ်းနားဆွဲလေးဆွဲထားပြီး
သူမလှုပ်ရှားလိုက်တိုင်း နားဆွဲလေးလှုပ်ခတ်ပြီး
သာယာတဲ့ တေးသံတီးလုံးကဲ့သို့ အသံထွက်ပေါ်နေ
တာဟာ သူမအလှကို ပိုကျက်သရေရှိအောင်လုပ်နေသလိုပါပဲ။
ထပ်ပြောရရင် ဖွံ့ဖြိုးနေတဲ့ ရင်ဘက်က ရွှေရောင်
ကြယ်သုံးလုံး..... ( ဂလု... )
အိုး Do Zhe အဆင့် ၃..... သူ ဘာဖြတ်လမ်းနည်း
မှမသုံးခဲ့ပဲ ဒီအဆင့်ရောက်ခဲ့တယ်ဆိုရင် တော်တော်
အရည်အချင်းရှိတယ်လို့ပြောရမယ်....
ရှောင်ယွင် စိတ်အားကျသွားသည်။ ဒီမိန်းခလေးရဲ့
အရည်အချင်းက သူရဲ့အရင်တုန်းကအရည်အချင်းကို
ကောင်းကောင်းယှဉ်နိုင်တာပဲ။
အရမ်းလှတဲ့ အေးစက်စက်အလှပိုင်ရှင်ကို မကြည့်မိ
အောင် နေလိုက်၏။ဘာပဲဖြစ်ဖြစ် ရှောင်ယွင်ဟာ
လူငယ်တယောက်ဖြစ်ပေမဲ့ ရင့်ကျက်တဲ့စိတ်ထား
ရှိသည်။ ဘယ်လောက်ပင် ချောမောတဲ့ မိန်းခလေး
ဖြစ်ပါစေ ရုပ်ပျက်ဆင်းပျက် မငမ်းမိအောင် ကိုယ့်ကိုယ်
ကို ထိန်းချုပ်လိုက်သည်။
ရှောင်ယွင်ရဲ့ အပြုအမူက မိန်းခလေးကို နည်းနည်း
စိတ်ပျက်သွားစေခဲ့၏ ။ တလောကလုံးက သူမကို ဝိုင်း
ကြိုက်မနေပါသော်လည်း သူမ၏ရုပ်ရည် အရည်အချင်း
တို့က အရမ်းကြီးမနိမ့်ကျပါဘူး။ ရှောင်ယွင်၏ သာမန်
လျှံကာအကြည့်တွေက သူမအတွက် ပထမဆုံးပါပဲ။
" အဖေ.... အကြီးအကဲသုံးယောက်.. "
ရှောင်ယွင် သူအဖေနှင့်အကြီးအကဲသုံးယောက်ကို
အပြေးနှုတ်ဆက်လိုက်သည်။
" ဟားဟား ယွင်လေး လာပြီးလား.. လာ... ဒီကိုလာထိုင်.. "
ရှောင်ယွင်ရောက်လာတာကို မြင်တော့ ဧည့်သည်
တွေနဲ့ စကားပြောနေတာကို ဖြတ်ပြီး ရှောင်ယွင်ဆီကို
ခေါင်းဆတ်ပြလိုက်သည်။ ပြီးတော့ ရှောင်ယွင်ကို
ထိုင်ဖို့ညွန်ပြလိုက်သည်။
အကြီးအကဲသုံးယောက်ရဲ့ မထိတထိမပြုံးနှင့်
အမြင်ကပ်ဖွယ် အကြည့်ကို လျစ်လျူရှုလိုက်ပြီး
အပြုံးလေးဖြင့်သာ ထိုင်ဖို့နေရာရှာလိုက်သည်။
အိုးးး ရှောင်ယွင် အံ့သြသွားသည်။ သူ့အတွက်
ထိုင်ခုံနေရာ မထားပေးကြဘူး။
" ဟားဟား ဒီမျိုးနွယ်မှာ ငါ့နေရာကလည်း
အရေးမပါလာတော့ဘူး။ အခု ဧည့်သည်အရှေ့မှာ
တောင် အခက်တွေ့အောင်လုပ်တယ်။ ဒီိအဘိုးကြီးတွေ
တော့.... " ရှောင်ယွင်စိတ်မှာ ကိုယ့်ကိုယ်သာပြန်
လှောင်နေမိသည်။ ခေါင်းကို အသာရမ်းပြီး
ရင်ထဲ ဝှေ့တက်လာတဲ့ ခံစားချက်ကို
ထိန်းချုပ်လိုက်သည်။ မတ်တပ်ရပ်နေတဲ့ ရှောင်ယွင်ကို
ကြည့်ပြီး မျိုးနွယ်အဖွဲ့ဝင်လူငယ်တွေ လှောင်ရယ်သံ
တိုးတိုး ထွက်လာသည်။ ရှောင်ယွင်ကို
အရူးလုပ်လိုက်ရ၍ ကြိတ်ဝမ်းသာနေကြသည်။
ရှောင်ယွင်အကျပ်အတည်းကို ရှောင်ကျန်း
သဘောပေါက်သွား၍ ဒေါသအရိပ်တခု မျက်နှာ
ပေါ်ဖြတ်ပြေးသွားသည်။ မျက်မှောင်တွန့်ပြီး
" အကြီးအကဲ ၂.... သင်... ! "
" အိုးး တကယ်တောင်းပန်ပါတယ်။ သခင်လေးကို
သတိမရတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြတယ်။
ဟီဟီ တယောက်ယောက်ကို ထိုင်ခုံယူခိုင်းလိုက်မယ်. "
သူ့ကို စိုက်ကြည့်နေသည့် ရှောင်ကျန်းကို
အဝါရောင်ဝတ်ဆင်ထားတဲ့ အကြီးအကဲ၂ က
ပြုံးပြလိုက်ပြီး သူအမှားလုပ်မိလိုက်သလိုမျိုး
သူ့နဖူးသူရိုက်လိုက်သော်လည်း သူ့မျက်လုံးထဲမှ
မထီတရီအကြည့်များကတော့ မပျောက်သွားပေ။
" အကိုရှောင်ယွင် ဒီမှာလာထိုင်.. "
ကြည်လင်တဲ့ မိန်းခလေးအသံကို ခန်းမတခုလုံးကြား
လိုက်ရသည်။
အကြီးအကဲသုံးယောက် တုံ့ခနဲ ဖြစ်သွားသည်။
ထောင့်မှာထိုင်နေတဲ့ ရှောင်ရှင်းအာကို လှမ်းကြည့်လိုက်
ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ ဒါပေမဲ့ ဘာမှတော့ မပြောဘူး။
ထောင့်နေရာမှာ ရှောင်ရှင်းအာ ပေါင်ပေါ်က စာအုပ်ထူ
ကို ပိတ်လိုက်ပြီး ရှောင်ယွင်ကို ပေကလပ် ပေကလပ်
ကြည့်သည်။
ရှောင်ရှင်းအာ အပြုံးမျက်နှာကို ကြည့်ပြီး ရှောင်ယွင်
မင်သက်ငေးမိသည်။ နောက်ချက်ချင်းပဲ သတိပြန်ဝင်
လာပြီး နှာခေါင်းပွတ်လိုက်သည်။ မျိုးနွယ်အဖွဲ့ဝင်တွေ
ရဲ့ မနာလိုတဲ့ အကြည့်တွေအောက်မှာပဲ ရှင်းအာဆီကို
လမ်းလျှောက်သွားသည်။ လမ်းလျှောက်တဲ့အချိန်တွေ
အကြာဆုံး စက္ကန့်အချိန်ဟု ခံစားရသည်။ နောက်ဆုံး
ချွီအာဘေးနားမှာ ထိုင်ချလိုက်ပြီး လေသံဖြင့်
" ကျေးဇူးပဲ ငါ့ကိုနောက်တကြိမ် ကယ်လိုက်ပြန်ပြီး "
ရှင်းအာ ပေါ့ပါးစွာ ပြုံးလိုက်သည်။ ပါးပေါ်မှာ ပါးချိုင့်လေး
ပေါ်လာ၏ ။ ရှောင်ရှင်းအာ စာအုပ်ကို ဖွင့်ပြီး လှန်လိုက်
သည်။ အရွယ်ငယ်ပေမဲ့ ပညာကိုအပတ်တကုတ်
လေ့လာသူလည်းဖြစ်၏။ စာအုပ်ဖတ်ရင်း ကောတ်ကာ
ငင်ကာ
" အကိုရှောင်ယွင်.... ရှင်းအာဘေးနားမှာမထိုင်ဘဲ
တယောက်တည်းနေတာ သုံးနှစ်ရှိပြီးနော်၊ ဟုတ်တယ်
မလား...? "
" ဟမ်... နင်က ငါတို့ကလန်ရဲ့ ပါရမီရှင်ပဲလေဟာ
သူငယ်ချင်းလိုချင်ရင် နင့်အတွက်လွယ်လွယ်လေးပဲ
မဟုတ်ဘူးလား...? "
မကျေမချမ်းဖြစ်နေတဲ့ ရှင်းအာကို ကြည့်ပြီး ခြောက်
ကပ်စွာ ရယ်လိုက်သည်။
" ဒါပေမဲ့ ကိစ္စတခုက, သေချာပေါက်အဲ့လူပဲ... ရှင်းအာ
အသက်လေးနှစ်ကနေ ခြောက်နှစ်အထိ ညတိုင်း
ရှင်းအာ အခန်းထဲ ခိုးဝင်တာ.... ပြီးတော့ အဲ့ဒီလူက ခပ်ညံ့
ညံ့ သိုင်းတခုနဲ့ အားမကောင်းတဲ့ Dou Shi Qi ကိုသုံးပြီး
ရှင်းအာ အရိုးနဲ့ အကြောကို သန်မာအောင်လုပ်သွား
တယ်။ ပြီးတော့ သူ့တကိုယ်လုံး ချွေးတွေပြန်မှ
ပြန်ထွက်သွားတာ.. အဲ့ဒီလူကို အကိုရှောင်ယွင်သိလား..."
" အာ... ငါဘယ်လိုလုပ်သိမှာလဲ ငါကငယ်သေးတယ်
လေ... ပြီးတော့ အဲ့ဒီတုန်းက လမ်းလျှောက်တတ်ခါစပဲ
ရှိသေးတာ... ငါ ဘယ်သိမတုန်း.. "
ရှောင်ယွင် နှလုံးခုန်တာ ဗြောင်းဆန်သွာသည်။ဒါပေမဲ့
အတင်းပြုံးလိုက်ပြီး မလုံမလဲ ခန်းမအလယ်ဘက်ကို
အကြည့်လွှဲထားသည်။
" ဟီဟီ " ရှောင်ယွင်အမူအရာကို ကြည့်ပြီး ရှင်းအာပြုံး
လိုက်သည်။ ပေါင်ပေါ်က စာအုပ်ကို ပြန်ဖတ်ပြန်သည်။
" ဒီလူဟာ ငါ့အပေါ် ကောင်းတာလုပ်တယ်ဆိုပေမဲ့
ငါက မိန်းခလေး မလား... အဲ့ဒီတော့ လွယ်လွယ်နဲ့
ငါ့ကို ထိကိုင်ခွင့်မပြုနိုင်ဘူး။ အဲဒီလူကို သိရင်တော့
ဟင်းဟင်း... "
ရှောင်ယွင် မျက်နှာပျက်ပြီး နှုတ်ခမ်းမဲ့ရွဲ့သွားသည်။
အရှေ့ကိုသာ တည့်တည့်ကြည့်ပြီး ပါးစပ်ကို
တင်းနေအောင် ပိတ်ထားလိုက်သည်။
//////
No comments:
Post a Comment