Followers

Chapter 5

အခန်း ၅ အတွင်းစွမ်းအင်စုစည်းဆေးလုံး

" အဟမ်း.. " 

ဧည့်သည်လူကြီးသည် ချောင်းဟန့်ပြီး လည်ချောင်းရှင်း
လိုက်သည်။ မတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန်းဆီကို
လက်သီးဆုပ် ဂါရဝပြုကာ ချိုသာသောအပြုံးဖြင့်

" မျိုးနွယ်ခေါင်းဆောင် ရှောင်ကျန်း...ဒီနေ့ ကျွန်တော်
တို့ ဒီကို လာတာကာ ကိစ္စတခုကို ကူညီပေးဖို့ပါပဲ.. "
  
    "ရတာပေါ့.. ကုရဲ...ဘာအခက်အခဲရှိလဲ ပြောလို့ရပါ
တယ်... တတ်နိုင်တဲ့ကိစ္စဆိုရင် မကူညီနိုင်ဘူးလို့
မငြင်းရဲပါဘူး... "     

လာလည်တဲ့ဧည့်သည်မို့ အပြတ်တော့ မငြင်းလိုက်ဘူး။
ဒါပေမဲ့ ဘာကို ပြောမလဲဆိုတာ မသိသေးသောကြောင့်
ကူညီမယ်လို့တော့ ကတိတော့မပေးရဲဘူး။ 
  
" ဟားဟား ရှောင်ခေါင်းဆောင် သူမကို သိလား?.. "
ဘေးနားက မိန်းခလေးကို ညွန်ပြပြီးမေးလိုက်သည်။

" အမ်.... တောင်းပန်ပါတယ်... သူက ဘယ်သူ?... "
မိန်းခလေးကို သေချာကြည့်ပြီး ရှောင်ကျန်း ခေါင်းခါပြ
လိုက်သည်။

ယွင်ချွင်ရဲ့ တပည့်ဖြစ်စတုန်းက နလန်ရိရွမ် အသက်က
၈ နှစ်ပဲရှိပါသေးတယ်။ တိမ်မြူဂိုဏ်းမှာ ငါးနှစ်ကြာ
သင်ယူလေ့လာခဲ့ပြီးနောက် သူမ အတော်ပြောင်းလဲ
သွားသည်။ အရင်က ကလေး ဖြစ်ပေမဲ့ အခုတော့ 
လုံးဝကို ဆယ်ကျော်သက်အရွယ် ဖြစ်နေပြီး။
  " အဟမ်.... သူ့နာမည်က နာလန် ရိရွမ်.. " 
  
"  ရှောင်ဦးလေး... ဦးလေးဆီကို ဂါရဝလာမပြုတာ
တော်တော်ကြာနေပြီးမို့  ဦးလေး မမှတ်မိတာ 
ရိရွမ်အပြစ်တွေပါ.. "    နလန်ရိရွမ် ချိုသာစွာပြောသည်။ 

  " ဟဟ.. ရိရွမ်..  ယွင်ချွင်ရဲ့ တပည့်ဖြစ်သွားတယ်လို့
ကြားမိတုန်းက ဒါကို ကောလဟလ လို့ ထင်ခဲ့မိတယ်။
အခုတွေ့ရတော့ တကယ်ပဲကိုး ..  ဘယ်လိုတောင်
တော်လိုက်သလဲ... " 
 
" အဲဒါက ကံကောင်းလို့ ဖြစ်သွားတာပါ " 
နလန်ရိရွမ် ညင်သာစွာပြုံးလိုက်သည်။ 
စိတ်ထဲမှာတော့ နေရခက်လာပြီး ကုရဲ၏အင်္ကျီကို
စားပွဲအောက်ကနေ လှမ်းဆွဲပြီး အချက်ပြလိုက်သည်။

" ဟဲဟဲ ရှောင်ခေါင်းဆောင်... ကျွန်တော်တောင်းဆိုတဲ့
ကိစ္စက ရိရွမ်နဲ့ ပတ်သတ်တဲ့ကိစ္စပဲဖြစ်တယ်... ပြီးတော့
ဒီကိစ္စကို ကျွန်တော်တို့ ဂိုဏ်းချုပ်က တာဝန်
ပေးလိုက်တာလည်း ဖြစ်တယ်... "  
ပြုံးနေရင်းနဲ့ ကုရဲ၏မျက်နှာအမူရာ တဖြည်းဖြည်း
အလေးအနက်ဖြစ်လာသည်။
  
 ရှောင်ကျန်းမျက်နှာလည်း ပြန်တည်သွား၏။
တိမ်မြူဂိုဏ်းချုပ်ဆိုတာ ဂျားမာအင်ပါယာ၏
အရေးပါဆုံးလူတယောက်ဟုလည်း ဆိုနိုင်သည်။ 
ရှောင်ကျန်းလို မျိုးနွယ်ငယ်ခေါင်းဆောင်တယောက်
အနေဖြင့် သွားရန်မစရဲပါဘူး။ ဒါပေမဲ့ သူမ၏ပါဝါအနေ
နဲ့ဆိုရင် ဘာဖြစ်လို့ ရှောင်မျိုးနွယ်ကအကူအညီလိုအပ်
ရသလဲ ပြီးတော့ ဒီကိစ္စက နလန်ရိရွမ်နဲ့ သက်ဆိုင်တယ်
ဆိုတော့ အဲဒါက...? 
   
      ရှောင်ကျန်းစိတ်ထဲမှာ အတွေးဂယက်တွေ လှိုင်းထ
သွားပြီး လက်နှစ်ဖက်ဟာ တုန်ယင်လာသည်။
သူ၏အင်္ကျီလက်ရှည်ကာထားပေးလို့ တော်သေးသည်။ 
ရှည်ရှည်ဝေးဝေး မတွေးတော့ဘဲ တုန်ရီစွာမေးလိုက်
သည်။ 

   " ဧည့်သည်တော်ကြီး ကုရဲ.... ဂိုဏ်းချုပ်က ဘာကို
အကူအညီတောင်းသလဲဆိုတာ ပွင့်ပွင့်လင်းလင်း
ပြောလို့ရပါတယ်... "

     " အင်းး.. " 
ကုရဲ ချီတုံချတုံ ဖြစ်မိသည်။ ဂိုဏ်းခေါင်းဆောင်က 
နလန်ရိရွမ် ကို ဘယ်လောက်တောင် သဘောကျသလဲ
ဆိုတာ တွေးပြီး အံကြိတ်လိုက်သည်။

" ရှောင်ခေါင်းဆောင်... ကျုပ်တို့ဂိုဏ်းက ဘယ်လောက်
တောင် စည်းကမ်းတင်းကျပ်သလဲဆိုတာ ခင်ဗျားသိပါ
တယ်။နောက်ပြီး  ဂိုဏ်းချုပ်ကလည်း ရိရွမ်ကို 
ဘယ်လောက်တောင် မျှော်လင့်ထားသလဲဆိုတာ
အနာဂတ်မှာ ဂိုဏ်းချုပ်နေရာအထိ ပေးဖို့ စဉ်းစား
ထားတယ်။ ဒါပေမဲ့ ဂိုဏ်းရဲ့ အထူးစည်းကမ်းအရ
ဂိုဏ်းချုပ်လောင်းဟာ တခြားယောင်္ကျားတယောက်
ယောက်နဲ့ ပတ်သတ်လို့မရပါဘူး... " 

အသက်တချက်ပြန်ရှုပြီးတော့ ပြောပြန်သည်။
" ဂိုဏ်းချုပ်က ရိရွမ်အကြောင်းကို မေးမြန်းတဲ့အခါမှာ
ရိရွမ်နဲ့ ရှောင်မျိုးနွယ်တို့ စေ့စပ်သဘောတူထားမှု
ရှိတယ်ဆိုတာ သိလိုက်ရတယ်... အဲဒါကြောင့်
ဂိုဏ်းချုပ်တောင်းဆိုလိုက်တာက ရှောင်ခေါင်းဆောင်
အနေဖြင့် လက်ထပ်ဖို့သဘောတူထားတာကို
ဖျက်သိမ်းပေးဖို့ပါပဲ.... "

  " ခလွမ်းးးးးး "
ရှောင်ကျန်းလက်ထဲက ကျောက်စိမ်းခွက်ကလေး
တခဏအတွင်းမှာပဲ အမှုန့်ဖြစ်သွားသည်။
   
     ခန်းမကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကုရဲစကားကြောင့် အကြီးအကဲသုံးယောက်လန့်ဖြန့်
သွားသော်လည်း မကြာခင်မှာ ကြိတ်ဝမ်းသာသွားပြီး
ရှောင်ကျန်းကို လှောင်ပြောင်သရော်တဲ့အကြည့်နဲ့
ကြည့်လိုက်ကြသည်။ ဟီဟီ မင်းဘယ်လုပ်နိုင်ဦးမလဲ
ဟု စဉ်းလဲစွာတွေးလိုက်ကြသည်။ 

     တချို့လူငယ်တွေက ရှောင်ယွင်နှင့်ရိရွမ်
တို့ စေ့စပ်သဘောတူထားတဲ့အကြောင်းကို မသိ၍
သူတို့မိဘကို မေးမြန်းစပ်စုကြပြီးနောက် သူတို့မျက်နှာ
ဝင်းပသွားကြသည်။ ရှောင်ယွင်ကို မနှစ်မြိုလှောင်
ပြောင်သော အကြည့်ဖြင့် လှမ်းကြည့်ကြသည်။

     ရှောင်ကျန်းရဲ့ မျက်နှာ ညိုမည်းနေတာကိုကြည့်ပြီး
နလန်ရိရွမ် ခေါင်းကိုငုံ့လိုက်ပြီး လက်ချောင်းတွေသာ
ဖျစ်ညှစ်နေမိသည်
   
   " ရှောင်ခေါင်းဆောင်... ဒီလိုတောင်းဆိုတာဟာ
နည်းနည်းတော့ မတရားဘူးဆိုတာ ကျွန်တော်သိပါ
တယ်.... ဒါပေမဲ့ ဂိုဏ်းချုပ်က ဒီလိုတောင်းဆိုလာတဲ့
အတွက် ကျေးဇူးပြုပြီး လက်ထပ်ဖို့ သဘောတူထား
တာကို ဖျက်သိမ်းပေးပါ.... "

      ရှောင်းကျန်း လက်သီးတင်းတင်းဆုပ်လိုက်သည်။
အစိမ်းဖန့်ဖန့် Dou အတွင်းစွမ်းအင်ဟာ တကိုယ်လုံးကို 
လွှမ်းခြုံလာပြီး နောက်ဆုံး ရှောင်ကျန်းရဲ့ မျက်နှာကို
ခြင်္သေ့ခေါင်း ပုံရိပ်တခု ထွက်ပေါ်လာတယ်။
  
   ဒါဟာ ရှောင်မျိုးနွယ်ရဲ့ လျှို့ဝှက်အတွင်းအားကျင့်စဉ်ဖြစ်တဲ့
"    ခြင်္သေ့ဒေါသမာန်ဟုန်ပြင်းးး 
ရွှင်းအဆင့်  အလယ်တန်း ကျင့်စဉ်.......  " 
 
    ရှောင်ကျန်းရဲ့ အပြုအမူကိုကြည့်ပြီး ကုရဲ စိုးရိမ်
သွားသည်။ ရိရွမ်ကို ကျောအနောက်ပို့လိုက်၏။
လင်းယုန်လက်သည်းကဲ့သို့ သူ့လက်မှာ
အစိမ်းရောင် Dou အတွင်းစွမ်းအင် စုစည်းလာသည်။ 
Dou အတွင်းစွမ်းအင်နည်းနည်းသာသုံးထားပေမဲ့ ဓားသွားပုံရိပ်ဖြစ်ပြီး 
ထက်မြနေသည်။
    တိမ်မြူဂိုဏ်းရဲ့ အတွင်းအားကျင့်စဉ်ဖြစ်တဲ့
"  အစိမ်းရောင်သစ်သားဓား 
ရွှင်းအဆင့် အနိမ့်တန်း ကျင့်စဉ် " 

    Dou အတွင်းစွမ်းအင် ထုတ်မှုကြောင့် ခန်းမထဲက
အားနည်းတဲ့ငယ်ရွယ်သူတချို့ မျက်နှာဖျော့တော့
သွားပြီး အသက်ရှုရ တင်းကျပ်လာသည်။ 

   ရှောင်ကျန်း အသက်ရှုနှုန်း တဖြည်းဖြည်းမြန်လာ
သည်နှင့်အမျှ အကြီးအကဲသုံးယောက်လည်း 
တပြိုင်နက် စူးစူးဝါးဝါးအော်လိုက်သည်။ အော်သံ
ဟာ မိုးခြိမ်းသံလိုပဲ ခန်းမတခုလုံး ဟိန်းထွက်သွား၏။
"  ရှောင်ကျန်း ရပ်လိုက်တော့ မင်းဟာ ရှောင်မျိုးနွယ်ရဲ့
ခေါင်းဆောင်ဆိုတာကို မမေ့နဲ့ .... " 
 
  ရှောင်ကျန်း တုံ့ခနဲဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်က 
Dou အတွင်းစွမ်းအင်တွေ တဖြည်းဖြည်း ကွယ်ပျောက်သွား
သည်။ 

  ကုလားထိုင်ပေါ် စိတ်လျော့ပြီး ပြန်ထိုင်ချလိုက်သည်။
ခေါင်းငုံ့နေတဲ့ နလန်ရိရွမ်ကို ခံစားချက် ကင်းမဲ့စွာ 
ထိုင်ကြည့်နေသည်။ နောက်ဆုံး လည်ချောင်းသံဖြင့်

"  နလန် မင်းဟာ တော်တော်ဟာ သတ္တိရှိတာပဲ....
ဒီလိုသမီးမျိုးရထားတာ နလန်ဆွမ် မင်းကို မနာလို တကယ်ဖြစ်မိတယ် ... " 

" ရှောင်ဦးလေး... " နလန်ရိရွမ် ခေါ်လိုက်သည်။
  
" ရပြီး... အခုချိန်ကစပြီး ငါ့ကို ရှောင်ခေါင်းဆောင်လို့ပဲ
ခေါ်တော့... ငါ့ကို ဦးလေးလို့ ခေါ်ဖို့ မထိုက်တန်ဘူး...
နင်ဟာ တိမ်မြူဂိုဏ်းချုပ်လောင်းတယောက်ပဲ... 
နောင်တချိန်မှာ Dou Qi ကုန်းမြေမှာ နင်ဟာ အရေးပါ
အရာရောက်တဲ့ သူ ဖြစ်လာလိမ့်မယ်.... ငါ့သား
ရှောင်ယွင်က အရည်အချင်းသာမန်ပဲရှိတယ်...သူဟာ
မင်းနဲ့ မထိုက်တန်ဘူး..." 

  " ကျေးဇူးတင်ပါတယ် ရှောင်ခေါင်းဆောင်.. "
ရှောင်ကျန်းစကားကို ကြားရလို့ ကုရဲ ဝမ်းသာသွား
သည်။ 
" ရှောင်ခေါင်းဆောင်... ဒီလိုတောင်းဆိုတာဟာ
လေးစားမှုမရှိရာရောက်မှန်း ဂိုဏ်းချုပ်နားလည်ပါတယ်
  အဲဒါကြောင့် လက်ဆောင်ပစ္စည်းယူသွားဖို့ ပြောထား
ပါတယ်... ဂိုဏ်းချုပ်ရဲ့တောင်းပန်မှုကိုအသိအမှတ်ပြု
တဲ့အနေနဲ့ လက်ဆောင်ကို ကျေးဇူးပြုပြီး လက်ခံပေးပါ.."

ကုရဲ သူ့ရဲ့ လက်စွပ်ကို ထိလိုက်သည်။ သူလက်ပေါ်မှာ
ကိုယ်ထည်တခုလုံး အစိမ်းရောင်လွှမ်းနေတဲ့
ကျောက်စိမ်းသေတ္တာတလုံး ချက်ချင်းပေါ်လာသည်။

   သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်တဲ့အခါမှာ
အမွှေးရနံ့ တခုဟာ ခန်းမတခုလုံး ပျံလွှင့်သွားသည်။
အမွှေးရနံ့ ကို ရှုမိသူတိုင်း လန်းဆန်းသွားစေသည်။

အကြီးအကဲသုံးယောက်သည် သူများထက် ပိုစပ်စု
လိုပြီး သေတ္တာအတွင်းကို ခေါင်းပြူပြီးကြည့်လိုက်သည်။

"  အတွင်းစွမ်းအင်စုစည်းဆေးလုံးပါလားး... "

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...