Followers

Chapter 6

အခန်း ၆   မှော်ဆေးပညာရှင်

ကျောက်စိမ်းသေတ္တာထဲမှာ နဂါးမျက်လုံးလောက်
အရွယ်အစားရှိတဲ့ အစိမ်းရောင်ဆေးလုံးရှိနေသည်။
ဆေးလုံးဆီက ပျံ့လွှင့်လာတဲ့ လန်းဆန်းတဲ့ 
သင်းရနံ့ဟာ ခန်းမတခုလုံးကို လွှမ်းခြုံသွားသည်။ 

   Dou Qi ပြည်မကြီးမှာ လူတယောက်ဟာ
သူရဲ့ အတွင်းစွမ်းအင်ကို စုစည်းပြီး အတွင်းစွမ်းအင်
ဝဲကတော့ ဖြစ်အောင် လုပ်နိုင်မှသာ Dou Zhe
အဆင့်ရောက်မှာ ဖြစ်သည်။ ဒါပေမဲ့ အတွင်းစွမ်အင်
စုစည်းပြီး ဝဲကတော့အဆင့်ပြောင်းဖို့ဆိုတာ အင်မတန်
ကို ကျရှုံးနိုင်ခြေ များတဲ့ အဆင့်ပဲဖြစ်သည်။ တကယ်၍
ကျရှုံးသွားခဲ့ရင်  သူ့ရဲ့ Do Shi Qi အဆင့် ၉ ကနေ
အဆင့် ၈ ကို ပြန်ကျသွားမယ်။ တချို့ ကံမကောင်းတဲ့
သူတွေကျတော့ ဆယ်ကြိမ်မက အခါခါ ကြိုးစားပါမှ
Dou Zhe အဆင့်ကို အောင်မြင်သွားကြသည်။ 
အောင်မြင်ပေမဲလည်း အချိန်တွေ များစွာ ဆုံးရှုံးရသည်။
အတွင်းစွမ်းအင် ကျင့်ဖို့ အကောင်းဆုံးအရွယ်လည်း
ကျော်လွန်သွားပြီးမို့  သူများထက် အောက်ကျနောက်
ကျသွားမည်။ 
    
တကယ်လို့ အတွင်းစွမ်းအင်စုစည်းဆေးကိုသာ
အသုံးပြုလိုက်မယ်ဆိုရင် ဆေးရဲ့ အစွမ်းသတ္တိက 
အတွင်းစွမ်းအင်ဝဲကတော့စုစည်းနေချိန်မှာ ကူညီပေးပြီး 
Dou Zhe အဆင့်ကို ရောက်စေသည်။ အောင်မြင်မှု
၁၀၀ ရာခိုင်နှုန်းဖြစ်သည်။ 
   
အဲဒါကြောင့် အတွင်းစွမ်းအင်စုစည်းဆေးကို လူတိုင်း
ငမ်းငမ်းတက် လိုချင်ကြသည်။ အထူးသဖြင့် Dou Zhe 
အဆင့်မတက်လှမ်းနိုင်သေးတဲ့ သူတွေ ရူးမတက်လိုချင်
ကြသည်။ 
    
    ဒါပေမဲ့ အတွင်းစွမ်းအင်စုစည်းဆေးက သဘာဝ
အလျောက်ဖြစ်ပေါ်လာမဟုတ်ဘူး။ မှော်ဆေးပညာရှင်
တဦးတယောက်က ဖော်စပ်ထားတာဖြစ်သည်။ 
  
      Dou Qi ကုန်းမြေမှာ Dou Zhe သမား ထက်
မှော်ဆေးပညာရှင် ဖြစ်ချင်သူများသည်။ 

 မှော်ဆေးဆိုတဲ့ နာမည်အတိုင်းပဲ မှော်ဆေးပညာရှင်
တွေဟာ လူတယောက်၏ စွမ်းအားကို မြှင့်တင်ပေး
 နိုင်တဲ့ ဆေးဝါးတွေ ဖန်တီးနိုင်ကြသည်။ အဲဒါကြောင့်
ဂိုဏ်းဂဏမရှိသေးတဲ့မှော်ဆေးပညာရှင်တွေကို 
နည်းမျိုးစုံဖြင့် ဆွဲဆောင်ချဉ်းကပ်ကြသည်

    မှော်ဆေးပညာရှင်ကို ဘာဖြစ်လို့ အသည်းသန်
လိုချင်နေရတာလဲ?....

     မှော်ဆေးပညာရှင်ဟာ ရှားပါးသောကြောင့်ဖြစ်
သည်။ ပြီးတော့ မှော်ဆေးပညာရှင်ဖြစ်ဖို့ လိုအပ်ချက်
တွေ အများကြီးရှိသည်။ 
 
     ပထမအနေနဲ့ သူတို့ရဲ့ ဝိညာဉ်မှာ မီးသဘာဝ
သတ္တိစွမ်းအင် ကိန်းဝပ်နေရမယ်။ပြီးတော့ သစ်သား
သဘာဝ စွမ်းအင်လည်း နည်းနည်းရှိရမည်။ 
ဆေးဝါးဖော်စပ်ရာမှာ သစ်ဓာတ်ကို အကူဓာတ်ပြု
ပစ္စည်းအနေဖြင့် အသုံးချရသည်။
     
     Dou Qi ကုန်းမြေမှာ လူတယောက်၏ သဘာဝ
စွမ်းအင်သည် သူ၏စိတ်ဝိညာဉ်နှင့် ဆိုင်သည်။ 
မွေးဖွားလာချိန်မှာ သူ၏စိတ်ဝိညာဉ်သည် သဘာဝ
သတ္တိစွမ်းအင် တစ်ခုကိုသာ လက်ခံပြီး တခြားစွမ်းအင်
တွေကို ငြင်းပယ်သည်။ အဲဒါကြောင့် လူတယောက်က 
ပင်ကိုယ်သဘာဝ စွမ်းသတ္တိ နှစ်မျိုးရှိဖို့ဆိုတာ 
မဖြစ်နိုင်ပါဘူး။

    ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ လူပေါင်း
တစ်သန်းလောက်မှာ တယောက်လောက်က 
တမူထူးခြားတဲ့ စိတ်ဝိညာဉ် ပါလာတတ်သည်။ 
အဲလို တမူထူးခြားတဲ့စိတ်ဝိညာဉ်ပါလာတဲ့သူတွေထဲ
မှာမှ အရည်အချင်းရှိတဲ့လူမှသာ မှော်ဆေးပညာရှင် 
ဖြစ်လာတာပါ။ 

   မီးစွမ်းအင်နှင့်သစ်သားစွမ်းအင် ရှိရုံဖြင့် မှော်ဆေး
ပညာရှင် ဖြစ်ဖို့မလုံလောက်သေးပါဘူး။ ထက်မြက်တဲ့
စိတ်ဝိညာဉ်အာရုံခံစားနိုင်မှုရယ် စိတ်ဝိညာဉ်ကို 
လိုသလိုထိန်းချုပ်အသုံးချနိုင်မှုကလည်း လိုအပ်သည်။

     မှော်ဆေး စီရင်တော့မယ်ဆိုရင် အရေးကြီးဆုံး
အရာသုံးခုလိုအပ်သည်။ အဲဒါတွေကတော့ ကုန်ကြမ်း
ပစ္စည်း၊ မီးတောက် နှင့် စိတ်အာရုံခံနိုင်မှု တို့ပဲဖြစ်သည်။ 
      
    ကုန်ကြမ်းပစ္စည်းဆိုတာ သဘာဝအဖိုးတန်ပစ္စည်း
ဖြစ်သည်။ အရည်သွေးနိမ့် ပစ္စည်းသုံးပြီး အဖိုးတန်
ဆေးဝါးဖန်တီးနိုင်ဖို့ဆိုတာ အတော်ဆုံးမှော်ဆေး
ပညာရှင်တွေတောင်မှ မလုပ်နိုင်ပါဘူး။ အဲဒါကြောင့်
ကောင်းမွန်တဲ့ဆေးတလုံးဖြစ်လာဖို့ဆိုတာ အရည်
အသွေးကောင်းတဲ့  ကုန်ကြမ်းရရှိဖို့က အရမ်းအရေးကြီးသည်။ 

     မီးတောက်ဆိုတာက ဆေးဖော်စပ်ရာမှာ လိုအပ်တဲ့
မီး ဖြစ်သည်။ အဲဒီ့ မီးက ရိုးရိုးသာမန်မီး ဖြစ်လို့မရပါဘူး။
မီးသတ္တိစွမ်းအင်နှင့် Dou အတွင်းစွမ်းအင်ပေါင်းစပ်ပြီး
ဖန်တီးထားတဲ့ အတွင်းစွမ်းအင်မီးတောက် ဖြစ်ရမည်။ 
သဘာဝအားဖြင့် အင်မတန်အစွမ်းထက်တဲ့ မီးတောက်
တွေ ဒီလောကမှာရှိပါသည်။ ဗီဇပြောင်းပြီး အစွမ်းထက်
လာတဲ့ မီးတောက်ဖြစ်သည်။ တချို့အစွမ်းထက်တဲ့
မှောင်ဆေးပညာရှင်အချို့ဟာ အဲလိုမီးတောက်မျိုးကို
လိုက်လံရှာဖွေလေ့ရှိသည်။ အဆိုပါ မီးတောက်ကို ရရှိ
ပါက ကိုယ်ပိုင် အတွင်းစွမ်းအင်မီးတောက် ထုတ်သုံး
စရာမလိုတော့ဘဲ ဗီဇပြောင်းမီးတောက်ဖြင့်သာ 
ဆေးဝါးသန့်စင်ဖော်စပ်ကြသည်။ ဗီဇပြောင်းမီးတောက်
သည် ဆေးဝါးဖော်စပ်ရာမှာ အောင်မြင်စွာ ဖော်စပ်နိုင်မှု
ကို မြှင့်တင်ကူညီပေးရုံသာမက ဖော်စပ်လိုက်တဲ့
ဆေး၏ အစွမ်းသတ္တိကိုပါ ပိုအစွမ်းထက်စေသည်။

မှော်ဆေးလုံးဖော်စပ်စီရင်တာဟာ ခက်ခဲတဲ့အလုပ်
တခုပါ။ စီရင်ချိန် ကြာမြင့်သလို Dou အတွင်းစွမ်းအင်
အများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့် အလွန့်တော်
တဲ့ မှော်ဆေးပညာရှင်တွေဟာ မီးစွမ်းအင်အထူးပြု
Dou Zhe သမားတွေ ဖြစ်တာများတယ်။

 နောက်ဆုံးလိုအပ်ချက်ကတော့ စိတ်ဝိညာဉ်အာရုံ
ခံစားနိုင်မှုပဲဖြစ်သည်။ 
 
     ဆေးဝါး ဖော်စပ်ရာတွင် မီးတောက်ကို အသုံးပြုရ
သည်။ မီးတောက်ပြင်းအားကို ထိန်းချုပ်ဖို့ကလည်း
အလွန့်လွန်ခက်လှသည်။ တကယ်၍ မဆိုစလောက်
မီးပြင်းသွားရင်တောင် မီးဖိုထဲက ဆေးသားတွေ ပြာကျ
သွားမည်။ အချိန်ကုန် လူပင်ပန်းဖြစ်မည်။ အဲဒါကြောင့်
မီးပြင်းအားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ဆိုတာ
မှော်ဆေးပညာရှင်တွေအတွက် မရှိမဖြစ် အဓိကလိုအပ်
ချက်ဖြစ်သည်။ ကောင်းမွန်စွား မီးကစားနိုင်စွမ်းက
လည်း ထက်မြက်တဲ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းရှိမှ
ရသည်။ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းမရှိလျှင် ကုန်ကြမ်း
ပစ္စည်းနှင့် မီးတောက်ရှိရင်တောင်မှ ဆေးစီရင်လို့မရ
ပါဘူး။ 
      
      လိုအပ်ချက်ခက်ခဲလွန်းသောကြောင့် မှော်ဆေး
ပညာရှင် ဖြစ်ဖို့က ခက်ခဲသလို ရှားပါးသည်။ 
မှော်ဆေးပညာရှင်စီရင်ထားတဲ့ မှော်ဆေးဆိုတာလည်း
နည်းပါးပြီး လုံလုံလောက်လောက် မရနိုင်ဘူး။
ရှားပါးတဲ့ ပစ္စည်းဟာ တန်ဖိုးကြီးသည်ဆိုသလို
မှော်ဆေးလုံးဆိုတာလည်း တန်ဖိုးကြီးသည်ဟု
ဆိုနိုင်သည်။ထို့ကြောင့် မှော်ဆေးပညာရှင်တွေလည်း
ဂုဏ်အရှိန်အဝါရှိလာပြီး ရာထူးကောင်းကောင်းလည်း
ရထားကြသည်။ 

................................

ရှောင်မျိုးနွယ် ခန်းမဆောင်တွင်ဖြစ်သည်။ 
ပင့်သက်ရှိုက် စိတ်လှုပ်ရှားနေကြတဲ့ 
အကြီးအကဲသုံးယောက်နှင့် နည်းတူစွာ အားလုံးဟာ
ကုရဲ လက်ပေါ်က ကျောက်စိမ်းသေတ္တာလေးကိုသာ 
ငေးမောနေမိသည်။

   သူမ၏ဖခင်လိုပင် ရှောင်မိန်သည် သူမ၏နီစွေနေတဲ့
နှုတ်ခမ်းကို လျှာသပ်လိုက်ပြီး ကျောက်စိမ်းသေတ္တာကို
မျက်တောင်ပင် မခတ်ဘဲ ကြည့်နေသည်။ 

   " ဟဲဟဲ ဟောဒီဆေးလုံးကို ကျွန်တော်တို့ရဲ့ ဂုဏ်
သရေရှိ အကြီးအကဲဖြစ်တဲ့ လူကြီးမင်း ကုဟို က
စီရင်ဖော်စပ်ထားတာဖြစ်ပါတယ်... အားလုံး သူ့နာမည်
ကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်... " 
ကသိကအောက်ဖြစ်နေတဲ့ အကြီးအကဲသုံးယောက်
ကိုကြည့်ပြီး ကုရဲ ပိုပြီး ဝင့်ကြွားလာသည်။
   
"  ဒီဆေးကို ဆေးဘုရင်ကုဟီ ကိုယ်တိုင်လုပ်ထားတာလား... ? " 
ကုရဲစကားကို ကြားလိုက်တဲ့အခါ အကြီးအကဲ
သုံးယောက် ပိုပြီး စိတ်လှုပ်ရှားသွားသည်။
    
     ဆေးဘုရင်ကုဟီဆိုတာ ဂျားမာအင်ပါယာမှာ
အင်မတန်ကို သြဇာညောင်းတဲ့ မှော်ဆေးပညာရှင်
တယောက်ဖြစ်သည်။ သူ့၏ မှော်ဆေးပညာရပ်မှာ
ထူးခြားပြီး ခန့်မှန်းရခက်သောကြောင့် သူ့ဆေး ကို
လိုချင်တဲ့ ဂိုဏ်းဂဏ မျိုးနွယ် တော်တော်များများ
သူ့ကို မျက်နှာလို မျက်နှာရ ပေါင်းတတ်ကြသည်။ 

  ကုဟီသည် မှော်ဆေးပညာရပ်မှာ ထူးချွန်သလို 
သူ့အင်အားက Dou Wang အဆင့် ရောက်နေပြီး
ဖြစ်သည်။ ဂျားမာ အင်ပါယာရဲ့ ထိပ်သီးဆယ်ဦးတွင်
ကုဟီ အပါအဝင်ဖြစ်သည်။ 

     ကုဟီကိုယ်တိုင်ဖော်စပ်ထားတဲ့ အတွင်းစွမ်းအင်
စုစည်းဆေးလုံး၏တန်ဖိုးသည် တခြားအတွင်းစွမ်းအင်
စုစည်းဆေးလုံးထက် ပိုဈေးကြီးသည်။ 

    အကြီးအကဲသုံးယောက်သည် ဆေးလုံးကို ကြည့်
ပြီး ကျေနပ်နေသည်။ ဒီဆေးလုံးသာ ရခဲ့ရင်
ရှောင်မျိုးနွယ်မှာ နောက်ထပ် Dou Zhe တယောက်
မွေးထုတ်ပေးလို့ ရမည်။ 

    သူတို့ မြေးအတွက် ဒီဆေးလုံးကို ရအောင် ဘယ်လို
လုပ်ရင်ကောင်းမလဲ..  အကြီးအကဲသုံးယောက်ကိုယ်စီ
စဉ်းစားနေချိန်တွင် 
" ကုရဲလူကြီးမင်း....လူကြီးမင်းရဲ့ ဆေးလုံးကို ပြန်ယူသွားရင် 
အကောင်းဆုံးပါပဲ။ လူကြီးမင်းတောင်းဆိုတာကိုလည်း
ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး... "

   ခန်းမတခုလုံး တိတ်ဆိတ်သွားပြန်သည်။ 
ခန်းမထောင့်မှာ ရှောင်ယွင်ကို အားလုံးလှည့်ကြည့်
လိုက်သည်။ 
    အကြီးအကဲတယောက်၏မျက်နှာ စူပုပ်သွားပြီး
 ရှောင်ယွင်ကို အော်ငေါက်လိုက်သည်။
" ရှောင်ယွင် တိတ်စမ်း....မင်းမှာ ဒီလိုပြောပိုင်ခွင့်ရှိလို့လား... " 

 နောက်အသက်ကြီး အကြီးအကဲတယောက်ကလည်း
" ရှောင်ယွင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်း မကျေနပ်ဘူး
ဆိုတာ ငါတို့သိပါတယ်... ဒီကိစ္စကို ဘာဆက်လုပ်ရမလဲ
ဆိုတာ ငါတို့ပဲ ဆက်ဆုံးဖြတ်မယ်... "

ရှောင်ယွင် မတ်တပ်ရပ်လိုက်ပြီး
" အကြီးအကဲသုံးယောက်ခင်ဗျား.. သင်တို့၏သား
ဒါမှမဟုတ် မြေး ယခုလိုမျိုး မင်္ဂလာကိစ္စကို ဖျက်သိမ်းခံ
ရရင် အကြီးအကဲတို့ အခုလို ပြောနိုင်ပါဦးမလား... " 

အကြီးအကဲသုံးယောက်ကိုကြည့်ပြီး လှောင်ပြုံးလိုက်၏
အကြီးအကဲသုံးယောက်က သူ့ကို အဖက်မလုပ် 
မတူမတန် ဆက်ဆံနေမှတော့ သူတို့ကို ဘာလို့ 
ရိုသေလေးစားနေဦးမှာလဲ။ 

   " မင်း... " 
ရှောင်ယွင်စကား ကြားတော့ အကြီးအကဲသုံးယောက်
ပြန်လည်ချေပဖို့ စကားရှာမရခဲ့ဘူး။ စိတ်တိုလွန်း၍
ဒေါသကြီးစွာ Dou အတွင်းစွမ်အင် ထုတ်ဖို့ ဟန်ပြင်
လိုက်သည်။  

   " အကြီးအကဲသုံးယောက်!! အကိုကြီးရှောင်ယွင်ပြော
တာမမှားဘူး... ဒီကိစ္စမှာ စော်ကားခံရသူက အကိုကြီးပါ။
သင်တို့ ဝင်ဆုံးဖြတ်ပေးစရာမလိုဘူး... "

မိန်းခလေးအသံကြားတဲ့အခါမှာ အကြီးအကဲ
သုံးယောက် ချက်ချင်းပဲ ရပ်လိုက်ကြသည်။ 
စိုးရိမ်မှုအပြည့်ဖြင့် အချင်းချင်း အကြည့်ဖလှယ်ပြီး
နောက် ခေါင်းညိတ်လိုက်ပြီး ပြန်ထိုင်လိုက်ကြသည်။
  
အကြီးအကဲသုံးယောက် ပြန်ထိုင်ချလိုက်သည်ကို ကြည့်ပြီး 
ရှောင်ယွင် နောက်ပြန်လှည့်ကြည့်လိုက်သည်။
ရှောင်ရှင်းအာမျက်နှာကို ကြည့်ပြီး အံသြနေသည်။
အကြီးအကဲသုံးယောက်ကို ကြောက်ရွံ့နေအောင် 
လုပ်နိုင်တယ်။ နင်ဘယ်လိုလူ ဖြစ်နေမလဲ?... 
 
ဇဝေဇဝါ ဖြစ်နေတာကို ခနရပ်ထားလိုက်ပြီး ဖခင်ဖြစ်သူ
ရှောင်ကျန်းဆီကို လျှောက်သွားပြီး ဂါရဝပြုလိုက်သည်။
ဂါရဝပြုပြီးနောက် နလန်ရိရွမ်ကို မျက်နှာချင်းဆိုင်ရပ်
လိုက်ပြီး ပင့်သက်ရှိုက်လိုက်ပြီးနောက် 
" မိန်းခလေး နလန်ကို  မေးခွန်းတခုမေးချင်ပါတယ်...
ဒီနေ့ ဒီနေရာကို လာပြီး မင်္ဂလာကိစ္စဖျက်သိမ်းဖို့ 
လာတောင်းဆိုတာ နလန်အဖိုးရဲ့ ခွင့်ပြုချက် ရလာခဲ့
သလား? "

   ရှောင်ယွင်ထလာကတည်းက နလန် ကသိ
ကအောက်ခံစားနေရသည်။ အခုမေးခွန်းကို ကြားရတဲ့
အခါ မျက်ခုံးတွန့်သွားသည်။ ပထမတုန်းက ရှောင်
ယွင်ကို ရိုးသားဖြောင့်မတ်သည်ဟု တွေးခဲ့တယ်။
တကယ်တမ်းကျတော့ လုံးဝအရှက်မရှိပါလား။ 
ငါတို့နှစ်ယောက်ကြားမှာ အခြေအနေကွားခြားနေတာ
ကို မသိသေးဘူးထင်တယ်။
 
  ရှောင်ယွင်ကို စိတ်ထဲမှာ အပြစ်ရှာဝေဖန်လိုက်သည်။
မင်္ဂလာကိစ္စဖျက်သိမ်းတဲ့ကိစ္စဟာ ရှောင်ယွင်နဲ့ သူ့အဖေ
ကို ဘယ်လောက်တောင် ကသိကအောက်ဖြစ်စေတယ်
ဒေါသထွက်စေတယ်ဆိုတာ သူမ စဉ်းစားမိမှာမဟုတ်ဘူး။
  
     သူမ မတ်တပ်ရပ်ပြီး ရှောင်ယွင်ကို ကြည့်လိုက်၏
"  အဖိုးက သူ့ရဲ့ ခွင့်ပြုချက်ကို မပေးခဲ့ပါဘူး.... သို့သော်
ဒီကိစ္စဟာ ကျွန်မပြဿနာပါ အဖိုးနဲ့ မဆိုင်ပါဘူး.... "

    " ကောင်းပြီး.... အဖိုးက ဘာမှ မပြောခဲ့ဘူးဆို
တော့.... အဖေကလည်း ရိရွမ်တောင်းဆိုတာကို
လက်မခံနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်... ငါတို့
မင်္ဂလာကိစ္စကို ငါတို့ အဖိုးနှစ်ယောက်ကဆုံးဖြတ်ခဲ့
တယ်... ပြီးတော့ မင်္ဂလာကိစ္စဖျက်သိမ်းဖို့ကိုလည်း
တယောက်မှ မပြောခဲ့ဘူး။ ဆိုတော့ ဒီမင်္ဂလာကိစ္စ
ကို ဒီအတိုင်းပဲ ဆက်သွားမယ်... ပြီးတော့ ဒီမင်္ဂလာ
ကိစ္စကို ဖျက်သိမ်းဖို့ လုပ်တဲ့လူဟာ သူတို့ရဲ့ ဘိုးဘွား
တွေကို ဂရုမစိုက်ရာရောက်တယ်....  ရှောင်မျိုးနွယ်မှာ
လည်း ဒီလိုမရိုမသေအလုပ်ကို လုပ်ရဲတဲ့သူ မရှိဘူးလို့
ကျွန်တော်ထင်တာပဲ "  
ရှောင်ယွင်စကားပြောရင်း အကြီးအကဲသုံးယောက်ဆီ
စောင်းငဲ့ကြည့်လိုက်သည်။ 
   
   ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ အချက်ကို ထောက်ပြ
ပေးပြီး အကြီးအကဲသုံးယောက်ကို အသံပေးမထွက်
တော့ဘူး။ စည်းကမ်းတင်းကျပ်တဲ့မျိုးနွယ်တစ်ခုမှာ
ဘိုးဘွားဘီဘင်တွေကို မခန့်လေးစား စော်ကားပြော
ဆိုလို့မရပါဘူး။ သူတို့အတွက် အကြီးအကဲဆိုတဲ့
နေရာတောင် ပျောက်သွားနိုင်သည်။ 

 " နင်... " 
ရှောင်ယွင် ခါးခါးသီးသီး ငြင်းလိုက်သည်။ နလန်ရိရွမ်
ဆွေ့ဆွေ့ခုန်သွားသည်။ ပြန်ငြင်းဖို့ အကြောင်းပြချက်
လည်း ချက်ချင်းရှာမရခဲ့ဘူး။ မျက်နှာဖြူဖပ်ဖြူရော်
ဖြစ်လာပြီး ခြေထောက်တဖက်ဆောင့်ချလိုက်သည်။
မာနကြီးတဲ့ နဂိုအသွင်ပြန်ဝင်လာသည်။ 
ကန်ရေပြင်လို တည်ငြိမ်နေတဲ့ ရှောင်ယွင်ကို 
ကြည့်လိုက်ပြီး စိတ်တိုနေသောအသံဖြင့် 
"  ဘယ်လိုမျိုး လုပ်ပေးရင် ရှင် ဒီမင်္ဂလာကိစ္စကို ဖျက်
သိမ်းပေးမှာလဲ... ဘာလဲ အခုလက်ဆောင်တွေက
မလုံလောက်လို့လား.. ဒါဆို ရှင့်အတွက် ဆရာ့ဆီကနေ
 နောက်ထပ် အတွင်းစွမ်းအင် စုစည်းဆေး ၃ လုံး 
တောင်းပေးမယ်... ပြီးတော့ ရှင့်ကို တိမ်မြူဂိုဏ်းထဲ
ဝင်ခွင့်ပြုပြီးတော့ ဂိုဏ်းရဲ့ ထူးခြားတဲ့ Dou
အတွင်းစွမ်းအင်လေ့ကျင့်တဲ့ နည်းလမ်းတွေ
 လေ့လာလို့ရတယ်...  ကဲ ဘယ်လိုလဲ လုံလောက်ပြီးလား... " 

 နလန်ရိရွမ်ရဲ့ မက်လုံးစကားကို ကြားလိုက်ရတဲ့အခါ
အကြီးအကဲသုံးယောက်လည်း အသက်ရှုသံတွေ
မြန်ဆန်လာသလို ခန်းမကြီးတခုလုံးမှာရှိတဲ့ မျိုးဆက်
လူငယ်တွေလည်း မျက်လုံးပြူးကုန်သည်။ 
တိမ်မြူဂိုဏ်းကို ဝင်ခွင့်ရမယ်.. ဘုရားရေ .. အဲဒါက
လူပေါင်းများစွာ ဖြစ်ချင်နေတဲ့ အိမ်မက်ကြီးပါလား...

နလန်ရိရွမ်... 
 နှင်းပွင့်လိုဖြူဆွတ်နေတဲ့ မေးဖျားလေးကို မော့ထား
လိုက်သည်။ အစေခံရှေ့မှာ ရပ်နေတဲ့ မင်းသမီးတပါး
အလားပဲ။ ရှောင်ယွင်ရဲ့ အဖြေကို သူမ ကြားလိုသည်။
သူမကမ်းလှမ်းထားတဲ့ အခွင့်အလမ်းက ရှောင်ယွင်
ကို ရူးသွပ်စေလောက်မှန်း သူမသိသည်။
///////

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...