အခန်း ၁၅ လေ့ကျင့်ခြင်း
နေရောင်ခြည်နွေးနွေးဟာ ပြတင်းပေါက်ကို ဖြတ်ကျော်
၍ သပ်ရပ်တဲ့ အခန်းလေးထဲကို လေးတွဲ့စွာ ဖြန်းပက်နေ
သလို ဖြာဆင်းနေသည်။
အခန်းအတွင်း၌ အထက်ပိုင်းဗလာကျင်းနှင့် လူငယ်
တယောက် သစ်သားစည်ပိုင်းအတွင်း တင်ပျဉ်ခွေပြီး
ထိုင်နေသည်။သူ့ရဲ့လက်နှစ်ဖက်ဟာ ထူးဆန်းတဲ့ လက်
သင်္ကေတပုံစံတခုကို ပုံဖော်ထားသည်။ မျက်လုံးနှစ်ဖက်ကို
လည်းတင်းတင်းမှိတ်ထားသည်။ အသက်ရှုပုံမှာ အေးဆေး
တည်ငြိမ်ပေမဲ့ စွမ်းအင်ပြည့်ဝနေသည်။
သစ်သားစည်ပိုင်းအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့
အစိမ်းရောင်အရည်ဟာ ထူးဆန်းစွာ တောက်ပနေသည်
သူလေ့ကျင့်အချိန် ကြာမြင့်လာသည်နှင့်အမျှ အစိမ်း
ရောင်အရည်တွေဟာ တဖြည်းဖြည်းအငွေ့ပျံလာသည်။
အစိမ်းရောင်ဆေးငွေ့တွေဟာ အပေါ်ကို ပျံ့တက်လာပြီး
အသက်ရှုမှုနှင့်အတူ လူငယ်၏နှာခေါင်းထဲသို့ တိုးဝင်သွား
ကြ၏။
ဆေးငွေ့ဟာ လူငယ်ခန္ဓာကိုယ်အတွင်းပိုင်းကို ရောက်ရှိ
သွားပြီးနောက် လူငယ်၏မျက်နှာဟာ တောက်ပလာပြီး
အဖြူရောင်ကျောက်စိမ်းကဲ့သို့ ချောမွေ့လာသည်။
ခန္ဓာကိုယ်အတွင်း အဆက်မပြတ်တိုးပွားလာတဲ့ ဒိုချီစွမ်း
အင်ကို ခံစားရ၍ လူငယ်လေး၏မျက်နှာမှာ အပြုံးလေးတခု
ပြုံးလိုက်၏။
သူ့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပြီးနောက် လူငယ်
ဟာ အနားမယူဘဲ ဒီအတိုင်း သူ့မျက်လုံးကို ဆက်မှိတ်
ထားပြီး လက်ဟန်ကလည်း မူလအတိုင်း ဖော်ဆောင်ထား
ဆဲ။ တချက်လေးတောင် ကိုယ်ဟန်ကိုမလှုပ်ဘဲ အကောင်း
ဆုံးအနေအထားဖြင့် အစိမ်းရောင်အရည်ထဲက စွမ်းအင်ကို
သာ အငမ်းမရ လောဘတကြီး စုပ်ယူနေသည်။
လူငယ်၏အရေပြားနှင့် ကပ်ညှိနေတဲ့ အစိမ်းရောင်
အရည်တွေဟာ ခန္ဓာကိုယ်အတွင်းထဲကို စိမ့်ဝင်သွား၍
အရိုးအဆစ်တွေကို သန်မာစေပြီး ချီအတွင်းလမ်းကြောင်း
တွေကို သန့်ရှင်းစေသည်။
မရပ်မနား စုပ်ယူသန့်စင်မှုအောက်မှာ အစိမ်းရောင်
အငွေ့တွေဟာ ပိုပို၍ အငွေ့ပျံလာကာ တဖြည်းဖြည်း
လူငယ်၏ အဝတ်မဲ့ခန္ဓာကိုယ်ကို အခိုးအငွေ့အလွှာကဲ့သို့
ဖုံးအုပ်နိုင်လောက်အောင် သိပ်သည်းလာခဲ့၏။
မနားတမ်းလေ့ကျင့်နေအချိန်မှာပဲ ပြတင်းပေါက်ကနေ
ထိုးဖောက်ဝင်ရောက်လာတဲ့ တောက်ပတဲ့ နေရောင်ခြည်
ဟာတဖြည်းတဖြည်းအားနည်းလာပြီး အခန်းအတွင်း
အေးစိမ့်လာသည်။
.....................
သစ်သားစည်ပိုင်းထဲမှာ လူငယ်ဟာ အစိမ်းရောင်အငွေ့
လက်ကျန်ပါးပါးလေးကို သိမ်းယူစုပ်သွင်းလိုက်ပြီးနောက်
သူ၏မျက်တောင်နှစ်ခုဟာ ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်လုံး
နှစ်လုံးကို ဖွင့်လိုက်၏။
သူ၏ နက်မှောင်တဲ့ မျက်ဝန်းထဲမှာ အရင်တုန်းက အဖြူ
ရောင်တောက်ပပေမဲ့ ယခုအချိန်မှာတော့ အစိမ်းရောင်
မျှင်မျှင်လေး ရှိနေ၏။
အသက်ကို ဖြည်ညှင်းစွာ ရှုထုတ်လိုက်ပြီးနောက် လျင်
မြန်စွာ မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်မှာ ကပ်နေတဲ့ ရေစက်
တွေကို သပ်ချလိုက်၏။ ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး
နောက် ကိုယ်အတွင်းက များပြာလှတဲ့ ဒိုချီစွမ်းအင်ကို ခံစား
မိ၏။
" ဒီလိုနှုန်းနဲ့ဆို အဆင့် ၅ ကို နှစ်လအတွင်းရောက်နိုင်တယ်.."
အားလုံးကိုပြင်ဆင်ခဲ့ပြီးနောက် သူ့အခန်းမှာ ရှောင်ယွင်
လတဝက်လုံးလုံး နေခဲ့၏။ လေ့ကျင့်နေတဲ့အချိန်တွင်း စား
သောက်ခြင်းနှင့် တခြားလိုအပ်တဲ့ ကိစ္စကလွဲ၍ လုံးဝ အနား
မယူဘဲ သူ့၏ချီစွမ်းအင်ကိုသာ မရပ်မနား လေ့ကျင့်နေသည်။
လေ့ကျင့်ရသည်မှာ ပျင်ရိဖွယ်ကောင်းပြီး ပင်ပန်းသော်
လည်း ရှောင်ယွင် အတိတ်သုံးနှစ်လုံးလုံး ခံစားခဲ့ရတဲ့ ရန်စ
တာတွေ လှောင်ပြောင်မှုတွေနှင့် နှိုင်းယှဉ်လျှင် ဘာမှမပြော
ပလောက်ပေ။
သုံးနှစ်လုံးလုံးရရှိခဲ့တဲ့ ကဲ့ရဲ့စကားတွေက ဒီလောက
ကြီးမှာ တန်ခိုးအစွမ်းသတ္တိဟာ ဘယ်လောက်အရေးပါသ
လဲဆိုတာ သင်ပေးခဲ့၏။
နေ့ရက်တိုင်းကို ပင်ပန်းစွာ ဖြတ်သန်းခဲ့ပြီးနောက် ရရှိ
လာခဲ့တဲ့ ရလဒ်ကတော့ မယုံနိုင်လောက်အောင် ကောင်း
မွန်ခဲ့သည်။
အစိမ်းရောင်ဆေးရည်ရဲ့အစွမ်းဟာ ရှောင်ယွင်နှင့်
ဖော်စပ်သူ ရွဲ့လော်တို့ ထင်မှတ်ထားသည်ထက် ပိုအစွမ်း
ထက်ခဲ့သည်။ ရှောင်ယွင် အဆင့်၎ ကို ရောက်ရှိဖို့ တလမျှ
အချိန်ယူရမည်ဟု ရွဲ့လော်ခန်မှန်းခဲ့ပေမဲ့ လတဝက်မျှသာ
ရှောင်ယွင် အချိန်ယူခဲ့ရသည်။
လေ့ကျင်မှုနှင့်ပတ်သတ်ပြီး ရှောင်ယွင်၏ အမြန်နှုန်း၊
အချိန်တိုအတွင်း ထိရောက်ရှိတာတွေကို ရွဲ့လော်ပင်
အံ့သြသွားသည်။ အရင်တုန်းက ဒီလို လုပ်ခဲ့ဖူးတောင်မှ
အခု သူ့ရဲ့ နှုန်းဟာ နည်းနည်းများလွန်းပြီး မယုံနိုင်စရာ
ကောင်းသည်မဟုတ်လား...။
ဒိုချီအတွင်းအားလေ့ကျင့်မှုတွင် အရေးပါဆုံးနဲ့အခက်ခဲ
ဆုံးအပိုင်းဟာ တကယ်တော့ အခြေခံအဆင့်၌ဖြစ်၏။
အဆင့်၁၀ ဖြစ်ဖို့ဆိုတာ ပုံမှန်လူအနေဖြင့်အနည်းဆုံး အနှစ်
၂၀ အချိန်ယူရသည်။ တကယ်၍ သူများထက် ပိုထူးချွန်နေ
လျှင် Dou Zhe အဆင့်ကို အနှစ် ၂၀ အတွင်း ရောက်နိုင်
သည်။ ပုံမှန်အားဖြင့် Dou Zhe အဆင့်ရောက်ဖို့ တနှစ်ကို
ကြယ်တစ်လုံးသာ အဆင့်တက်နိုင်ပြီး တချို့ကတော့
တနှစ်ကို ကြယ်နှစ်လုံး အဆင့်တက်နိုင်ကြသည်။
ဒါကြောင့် ပုံမှန်လေ့ကျင့်ပြီး အဆင့်တက်တဲ့ နှုန်းနှင့်
နှိုင်းယှဉ်မယ်ဆိုရင် ရှောင်ယွင်ရဲ့လဝက်အတွင်း အဆင့် ၁
ဆင့် တက်နိုင်ခဲ့တာဟာ အံ့သြလောက်စရာဟု ဆိုနိုင်သည်။
...................
သစ်သားစည်ပိုင်းကနေ ထွက်လာခဲ့ပြ်ီိး ရှောင်ယွင် စည်
ပိုင်းထဲက အစိမ်းရောင်ဆေးရည်ကို ပြန်ငုံ့ကြည့်လိုက်သည်
အစိမ်းရင့်ရင့်အရောင်ကနေ ယခု အစိမ်းဖျော့ဖျော့အရောင်
ဖြစ်နေတာကို ကြည့်ပြီး ရှောင်ယွင် စိတ်ညစ်သွားပြီး အား
လျော့သော လေသံဖြင့်
" ဒီပုံအတိုင်းဆို နောက်ထပ် တစ်လ.. လတစ်ဝက်အထိ ခံ
ပါ့ဦးမလား... "
ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ ရေတွေကို သုတ်ပစ်လိုက်ပြီး
အဝတ်အစားအသစ်တစုံကို ထုတ်ဝတ်လိုက်ကာ ပျော့ပျောင်း
တဲ့ အိပ်ယာပေါ်မှာ လှဲလျောင်းလိုက်သည်။ လှဲပြီးနောက်
ခေါင်းအုံအောက်ထဲကို လက်ထိုးထည့်ပြီး အနက်ရောင်
သတ္တုအပိုင်းကို ဆွဲထုတ်လိုက်၏။
သတ္တုကိုယ်ထည်ပေါ်က သံချေးတွေကို ပွတ်တိုက်ပြီး၍
ချောမွေ့ပြီး မျက်နှာပြင်ဟာ တောက်ပနေသည်။ ဒီသတ္တု
ဟာ ထူးခြားလှသည်။
ပြီးခဲ့တဲ့ လဝက်အချိန်အတွင်း ရှောင်ယွင် အားရင် အား
သလို အနက်ရောင်သတ္တုထဲက အလယ်တန်း ရွှင်းအဆင့်
သိုင်းကို လေ့လာခဲ့ပြီး ရွဲ့လော်ရဲ့ သင်ကြားမှုအောက်မှာ
အနည်းငယ်သဘောပေါက်ခဲ့၏။ ဒါပေမဲ့ ဒိုချီစွမ်းအင်
မရှိသေး၍ လက်တွေ့ မစမ်းသပ်ရပြီး အားမလိုအားမရဖြစ်
ခဲ့ရ၏။
...........
လက်ဝါးနှစ်ဖက်ကြားတွင် အနက်ရောင်သတ္တုကို ထား
လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်ကာ အနက်ရောင်သတ္တု
အပိုင်းကို လေ့လာဖို့ စိတ်ဝိညာဉ်အမြင်ကို အသုံးချလိုက်
သည်။
ရှောင်ယွင်၏ ငြိမ်သက်တဲ့ အသက်ရှုမှုနှင့်အတူ အခန်း
ဟာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားသည်။
ရှည်လျားတိတ်ဆိတ်သွားပြီးနောက် ရှောင်ယွင် ဖျတ်ခနဲ
မျက်လုံးပွင့်လာပြီး သူ ညာဘက်လက်ကို မြှောက်လိုက်
သည်။ စွန်ရဲလက်သည်းဟန် ကွေးထားပြီး ရှောင်ယွင်ရဲ့
ထိန်းချုပ်မှုအောက်မှာ ဒိုချီစွမ်းအင်ဟာ အတွင်းလမ်းကြောင်း
ကနေတဆင့် ညာလက်ဖဝါးဆီကို စုရောက်လာကာ စုပ်ယူ
စေတဲ့ အားသက်ရောက်မှုတခု ဖြစ်ပေါ်လာသည်။
" ချလွမ်း.. "
စာပွဲပေါ်က ကြွေပန်းအိုးကို လက်ဝါးဖြင့် ထိုးချိန်လိုက်ပြီး
ပင့်မြှောက်ရန် ကြိုးစားလိုက်သည်။ ဒါပေမဲ့ စာပွဲပေါ်ကပန်းအိုးပြုတ်ကျသွားကာ ရှင်းရှင်းလင်းလင်း ကွဲကြေသံနှင့်အ
တူ အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။
" ဟင်းးးး သိုင်းက ရွှင်းအဆင့်ဖြစ်ပေမဲ့ ငါ့ဒိုချီစွမ်းအင်က
အရမ်းအားနည်းနေတော့ ဒီလောက်သုံးလို့ရတယ်.. "
ပန်းအိုးကွဲတွေကို ကြည့်ပြီး ရှောင်ယွင် လေသံတိုးတိုးဖြင့်
ရေရွတ်လိုက်ခြင်းဖြစ်သည်။
" ဒီအစွမ်းနဲ့ဆိုရင်... လူတယောက်ကို ကိုယ့်ဆီ စုပ်ဆွဲယူ
နိုင်ဖို့ဆိုရင် ငါ အဆင့်၇ ရောက်မှ စုပ်ဆွဲလို့ရမယ်... "
" ဘာပဲဖြစ်ဖြစ်... မျိုးနွယ်ခန်းမကြီးဆီသွားပြီး အဆင့်နိမ့်
သိုင်းတွေ သွားရှာလိုက်ဦးမယ်... လေဟာနယ်လက်ဝါးက
လောလောဆယ်တော့ သုံးလို့မရသေးဘူး... ပြီးတော့ ဒိုချီ
စွမ်းအင်လည်း ပြန်ကျင့်လို့ ရနေပြီးဆိုတော့ သုံးနေကျသိုင်း
အစုတ်တွေ မလိုတော့ဘူး.. ပိုကောင်းတာသွားရှာရမယ်... "
ရှောင်ယွင် ကုတင်ပေါ်ကနေ ခုန်ထလိုက်သည်။ အနက်
ရောင်လက်စွပ်ကို တချက်ကြည့်လိုက်ပြီး အခန်းပြင်ဘက်
ထွက်လာခဲ့သည်။
တောက်ပတဲ့ နေရောင်စူးစူးကြောင့် ရှောင်ယွင် မျက်လုံး
ကျိန်းစပ်သွားကာ မျက်နှာမဲ့သွားသည်။ အခန်းတံခါးကို
သေချာပိတ်ပြီးနောက် ကျောက်ခင်းလမ်းလေးအတိုင်း
အနောက်ဘက်အပိုင်းက အခန်းဆီကို ဦးတည်ကာ လေး
တွဲ့စွာဖြင့် လမ်းလျှောက်သွားသည်။
ကျောက်ခင်းလမ်းဘေးနှစ်ဖက်မှာ မြစိမ်းအရောင် မိုးမခ
အပင်တွေ တန်းစီ၍ရှိ၏။ အပင်စိမ်းစိမ်းတွေဟာ ပူပြင်းတဲ့
နေပူကို အံတုကာ လမ်းလျှောက်လာသူကို အပန်းဖြေစေ
သကဲ့သို့ အေးမြကာ စိမ်းစိုလှသည်။
လမ်းချိုးလေးဆီကို ကွေ့ဝင်လိုက်တဲ့အခါ မိန်းခလေး
ငယ်တစု၏ ရယ်သံတွေကို ကြားလိုက်ရ၏။
တိတ်ဆိတ်ငြိမ်သက်တာကို နှစ်သက်သူတယောက်မို့
ရှောင်ယွင် မျက်မှောင်တွန့်ချိုးကာ ရယ်သံထွက်ပေါ်လာတဲ့
နေရာဆီ လှမ်းကြည့်လိုက်သည်။ တခြားတဖက်ကနေ
သူရှိရာဘက်ကို မိန်းခလေးငယ်တစု လမ်းလျှောက်လာနေ
သည်ကို မြင်လိုက်ရ၏။
မိန်းခလေးငယ်တွေထဲမှာ လှပတဲ့ မိန်းခလေးတယောက်
ရယ်မောနေသည်။ သူမ၏ ဆွဲဆောင်မှုရှိတဲ့ အလှအပဟာ
ဘေးနားက မိန်းခလေးတွေကို လုံးဝ လွှမ်းမိုးနေသည်။
သူမဟာ ဒိုချီစမ်းသပ်ပွဲ၌ ရှင်းအာ ပြီးနောက် ဒုတိယရခဲ့
တဲ့ ရှောင်မိန်ဆိုတဲ့ မိန်းခလေးဖြစ်သည်။
မိန်းကလေးကို ကြည့်ရင်း အတိတ်ကိုသတိရသွားသည်။
အရင်တုန်း သူ့အနားမှာ တကျီကျီနှင့် အတင်းလိုက်ကပ်
တတ်တဲ့ ကလေးမလေးအကြောင်းကိုတွေးမိပြီး ရှောင်ယွင်
မျက်နှာ သရော်ဟန် ခပ်ထေ့ထေ့ ပြုံးလိုက်ပြီးနောက် ခေါင်း
ကို ခါလိုက်ကာ အကြည့်လွှဲလိုက်သည်။
ရှောင်ယွင်ရှိတဲ့ လမ်းပေါ် ရောက်လာချိန်မှာတော့
ရှောင်မိန်၏ ချစ်စရာကောင်းတဲ့ ရယ်သံတွေဟာ တိခနဲ့
တိတ်ဆိတ်သွားသည်။
နေရောင်ဖြာဆင်းမှုကြောင့် သစ်ပင်ကြားထဲနေ နေ
အလင်းဟာ ရှောင်ယွင်ကိုယ်ပေါ်ကို အလင်းဟပ်စေကာ
ရှောင်မိန်မျက်စိထဲမှာတော့ ဆွဲဆောင်မှုရှိလှသည်။
ကြီးမားဝိုင်းစက်တဲ့မျက်ဝန်းလှလှတစုံဟာ တဖြည်းဖြည်း
နီးကပ်လာတဲ့ လူငယ်ကို ငေးကြည့်ရင်း လူငယ်၏ နှုတ်ခမ်း
ထောင့်မှာ အပြံးလေးပြုံးနေတာလား..လှောင်ပြောင်ခြင်း
ကို ချိတ်ဆွဲထားတာလား ဆိုတာ ခွဲခြားကြည့်ရင်း ရုတ်တရက်
သူမ တခုခုကို ဆုံးရှုံးလိုက်ရသည်ဟု ခံစားလိုက်ရသည်။
လွန်ခဲ့သောသုံးနှစ်တုန်းက ဒီလူငယ်ဟာ သူ့ရဲ့နှုတ်ခမ်း
ထောင့်မှာ ဒီလိုဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုး ပြုံးခဲ့ဖူးသည်
မဟုတ်လား။
///////////////
No comments:
Post a Comment