Followers

Chapter 1

အပိုင်း ( ၁ )  ပါရမီရှင်မဟုတ်တော့ပါကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

" Dou Shi Qi! အဆင့် ၃ "
မျက်စိစူးလောက်အောင်တောက်ပနေသောမှော်အဆင့်တိုင်းတာတဲ့တိုင်မှာ ပေါ်နေတဲ့ စာလုံးကြီး ငါးလုံး ကိုငေးကြည့်ရင်း ကောင်လေး၏ မျက်နှာပြင်မှာ ခံစားချက်တွေ တည်ငြိမ်လို့နေတယ်။ နှုတ်ခမ်းထောင့်လေးမှာ သရော်အပြုံးဖျော့ဖျော့လေး ပြုံးထားတယ်။ လက်သီးကိုတင်းတင်းဆုပ်မိထားတယ်။လက်သည်းတွေတောင် အသားထဲကိုနစ်ဝင်နေပြီး နာကျင်မှုတွေ ခံစားနေရတယ်။ 

""ရှောင်ယွင် Dou Shi Qi အဆင့်၃    အဆင့်နိမ့်!! "

တိုင်ဘေးနားတွင်ရပ်နေသော အလယ်လတ်အရွယ်လူက မော်ကွန်းတိုင်တွင်ပေါ်ထွက်နေသော စာလုံးကိုကြည့်ပြီး စိတ်မဝင်စားသောအသံနှင့် ကြေညာလိုက်သည်။ 

ကြေညာပြီးသည်နှင့် ကွင်းပြင်အတွင်းလှောင်ရယ်သံတွေ သောသောညံသွားသည်။ 

"အဆင့်သုံး! ဟဟ ငါပြောသားပဲ ဒီ ဂျီနီးယပ်စ် က ဒီနေရာပဲပြန်ရောက်မယ်ဆိုတာ "

"အာ ငါတို့မျိုးနွယ်ကို တကယ်အရှက်ရစေတာပဲ"

"သူ့အဖေသာ မျိုးနွယ်ခေါင်းဆောင်မဟုတ်ဘူးဆိုရင်သူ့ကိုမောင်းထုတ်လိုက်ပြီး တယောက်တည်းပဲပေးနေခိုင်းမယ်။ ဒီကလန်မှာ သူအဖို့နေရာမရှိဘူး" 

" ဟူး တချိန်တုန်းက ဝူတန်မြို့မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သူက ကနေ့ ဒီအခြေအနေအထိ ဘယ်လိုဖြစ်သွားရတလဲ" 

" ဘယ်သူသိနိုင်မလဲ  ခွင့်မလွှတ်နိုင်စရာတခုခုလုပ်မိလို့ နတ်ဘုရားတွေက သူ့ကို ဒေါသထွက်နေတာဖြစ်မယ်" 

ကွင်းအလယ်မှာ သစ်တိုင်တိုလိုမျိုး မလှုပ်မယှက်ရပ်နေတဲ့ရှောင်ယွင်နားထဲကို လှောင်ရယ်သံတွေ ဂရုဏာသက်သံတွေ တိုးဝင်လို့လာတယ်။ သူ့ရဲ့ နှလုံးအထဲကို ဆူးချွန်နဲ့ ဆွသလို ခံစားလိုက်ရတယ်။အသက်ရှုနှုန်းတွေ မြန်ဆန်လာတယ်။သူ့ရဲ့မျက်နှာကိုမော့ထားလိုက်တယ်။ ချောမောမှုနဲ့ ရင့်ကျက်စပြုတဲ့ မျက်နှာလေးပေါ်လာတယ်။ လှောင်ရယ်နေတဲ့ပရိသတ်အချို့ကို အသက်မပါစွာ ပြန်ကြည့်လိုက်တယ်။ရှောင်ယွင်၏နှုတ်ခမ်းထောင့်က လှောင်အပြုံးလေးတွေ ပိုပီပြင်လာခဲ့တယ်။ 

"လူတွေ အပြောင်းအလဲသိပ်များတာပဲလားလွန်ခဲ့သောသုံးနှစ်တုန်းက ငါ့ကို အချိုသာဆုံးအပြုံးတွေနဲ့ဆက်ဆံခဲ့ကျတဲ့သူတွေက အခုတော့ မပြုံးနိုင်တော့ဘူး အဟက်" 

ရှောင်ယွင် ကွင်းနောက်ဆုံးခုံဆီ တိတ်တဆိတ် ပြန်သွားသည်။ သူ့ရဲ့ အားငယ်ဟန်ပုံစံက တက်ကြွနေတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ အံခွင်ဝင်ကျမဖြစ်နေခဲ့ဘူး။

" နောက်တယောက်   ရှောင်မိန်!! "

ကြေကြာသံကြားသည့်နှင့် မိန်းခလေးငယ်လေး ပရိသတ်ထဲနေ ပြေးထွက်လာတယ်။ဘေးပတ်ဝန်းကျင်က တီးတိုးသံတွေ တိုးလျသွားပြီး သူမ၏မျက်နှာကိုသာ စူးစိုက်ကုန်ကြတယ်။ သူမသည် ဆယ့်လေးနှစ်လောက်သာရှိဦးမည်။အလွန်ချောမောသည်ဟု မဆိုနိုင်။ဒါပေမဲ့ ကလေးဆန်ဆန်မျက်နှာလေးမှာ ချစ်ကြည်နူးဖွယ်ကောင်းသည်။ အပြစ်ကင်းစင်ခြင်း ကျက်သရေရှိခြင်း ပိုင်ဆိုင်ထားသောသူမအလှမှာ ပရိသတ်အများစိတ်ဝင်စားစရာဖြစ်နေသည်။ 

မှော်အဆင့်တိုင်းတာတဲ့ ကျောက်နက်တိုင်ဆီကို ခပ်မြန်မြန်ရောက်သွားပြီးနောက် ရှောင်မိန်သည် သူမ၏လက်ဖဝါးသေးသေးလေးနှင့် အနက်ရောင်မျက်နှာပြင်ကို ဖိကပ်လိုက်ပြီးနောက် သူမမျက်လုံးကိုမှိတ်ထားလိုက်တယ်။ 

ခနအကြာမှာ အဆင့်တိုင်းတာတဲ့ အနက်ရောင်ကျောက်တိုင်ကနေ အလင်းရောင် ဖောက်ထွက်လာတယ်။

" Dou Shi Qi အဆင့် ၇" 
" ရှောင်မိန် Dou Shi Qi အဆင့် ၇/ အဆင့်မြင့် " ရှောင်မိန် ဂုဏ်ယူစွာ ပြုံးလိုက်သည်။

" အားပါးပါး အဆင့် ၇ Dou Shi Qi တဲ့ မယုံနိုင်စရာပဲ...ဒီလိုနှုန်းထားအတိုင်းဆိုရင် မကြာဘူး... နောက်သုံးနှစ်လောက်ဆို တကယ် အစစ်အမှန် Dou Zhe တယောက်ဖြစ်လာမှာပဲ ... "

" သိပ်ဟုတ်တာပေါ့ မျိုးနွယ်ရဲ့ ထိပ်တန်းအရည်အချင်းနှင့်ပြည့်စုံသူပေပဲ "

 ဆူညံနေတဲ့ ပရိသတ်ဆီကနေ မနာလိုအားကျသံတွေကြားရလေ ရှောင်မိန်ရဲ့အပြုံးတွေ ပိုမိုဝေဆာလာလေ..ဂုဏ်ယူဝင့်ကြွားရတဲ့အရသာ၏ဆွဲဆောင်မှုကို မိန်းခလေးတော်တော်များများ မလွန်ဆန်နိုင်ချေ။ပရိသတ်ဘက်ကို ဝဲကြည့်ရင်း နောက်ဆုံးအတန်းမှာ ထိုင်နေတဲ့တယောက်ဆီ အကြည့်ရောက်သွားသည်။မျက်မှောင်ကြုံ့ တချက်စဉ်းစားလိုက်ပြီးနောက် ရှောင်မိန် မိမိနေရာဆီ ပြန်လှည့်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ အဆင့်မတူကြတော့ပါဘူး။ အခုပုံစံအတိုင်းသာဆိုလျှင် ရှောင်ယွင်အရွယ်ရောက်အသက်ပြည့်သွားရင်တောင်မှ ကလန်ရဲ့ အဆင့်နိမ့် အဖွဲ့ဝင်တဦးသာဖြစ်နေဦးမည်။ အရည်အချင်းရှိတဲ့ သူမအတွက်ကတော့ မျိုးနွယ်စုကနေ မြေတောင်မြှောက်ပေးပါလိမ့်မယ်။ သူမ၏အနာဂတ်ဟာ မခန့်မှန်းနိုင်လောက်အောင် တောက်ပနေလိမ့်မယ်။ ဟူးးး  လွန်ခဲ့သော သုံးနှစ်ကာလတုန်းက ဂုဏ်ယူစရာကောင်းခဲ့တဲ့ ရှောင်ယွင်အကြောင်းကိုရှောင်မိန်ပြန်တွေးနေမိသည်။ ရှောင်ယွင် အသက်လေးနှစ်မှာ စတင်ကျင့်ကြံခဲ့တယ်။အသက်ဆယ်နှစ်မှာ Dou Shi Qi အဆင့်ကိုးရောက်ရှိခဲ့တယ်။ အသက် ဆယ့်တနှစ်မှာ Dou Qi ဝဲကတော့ အဆင့်ထိ စုစည်းနိုင်ခဲ့ပြီး နှစ်ပေါင်းတရာကာလအတွင်း မျိုးနွယ်၏အသက်ငယ်ဆုံး Dou Zhe တယောက်ဖြစ်ခဲ့တယ်။   အလားလာကောင်းရှိတဲ့ ကောင်လေးတယောက်ဖြစ်ခဲ့ပြီး ကောင်းမလေးများစွာ စိတ်ဝင်စားခြင်းခံရတဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တယ်။ ရှောင်မိန်လည်း အပါအဝင်ပေါ့။

 ဒါပေမဲ့ ဘဝရဲ့ အချိုးအကွေ့ ကြုံလာခဲ့ရတယ်။ လွန်ခဲ့သော သုံးနှစ်လောက်ကစပြီး သူ့ရဲ့ Dou Shi Qiဝဲကတော့ ပျက်စီးသွားတယ်။ ဆယ်နှစ်လောက်ကျင့်လာခဲ့တာတွေလည်း ပျက်စီးသွားတယ်။ သူ့ရဲ့ Dou Qi လည်း ထူးဆန်းစွာ လျော့ကျလာတယ်။ Dou Qi လျော့နည်းလာသည်နှင့်အမျှ စွမ်းအားတွေလည်း လျော့လာတယ်။ အဲ့ဒီညက စပြီး သာမန်လူအဖြစ်ကို ပြန်ရောက်သွားတယ်။ အဲဒါဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးသလို ဖြစ်ခဲ့တယ်။ လက်ခုပ်သံနေရာမှာ အထင်သေးလှောင်ပြောင်သံတွေ အစားထိုးလာတယ်။ အမြင့်ရောက်လေ အကျနာလေ။ အခုလို ကျရှုံးချိန်မှာ ရှောင်ယွင်တယောက် လွယ်လွယ်ပြန်မထနိုင်ခဲ့ဘူး။

" နောက်တယောက် ရှောင်ရှင်းအာ " 


ဆူညံတွေကြားမှာ ကြေညာသူအသံဖောက်ထွက်လာတယ်။နာမည်ခေါ်သံကြားလိုက်သည်နှင့် ပရိသတ်အားလုံး ငြိမ်သက်သွားပြီး အကြည့်တွေက တနေရာဆီ ရောက်ကုန်ကြသည်။


ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းခလေးတယောက်ဖြစ်သည်။ အားလုံးက စူးစိုက်ကြည့်နေကြပေမဲ့ သူမ၏တည်ငြိမ်မှုနှင့် အဆင့်အတန်းရှိမှုက မပြောင်းလဲပေ။ တည်ငြိမ်တဲ့ အမူအရာ လှုပ်ရှားမှုတွေက ကြာပန်း ပွင့်အာလာသကဲ့သို့... ။ ငယ်ရွယ်ချိန်မှာတောင် ဒီလိုလှပနေတာ အရွယ်ရောက်လာရင် ဘယ်လိုအလှမျိုး ပိုင်ဆိုင်ထားမလဲဆိုတာ တွေးရခက်လှတယ်။ အမူအရာနှင့် အလှအပချင်းပြိုင်မည်ဆို ရှောင်မိန်ထက် ပိုလှတယ်။ အဲဒါကြောင့် ငေးမောနေတဲ့ ပရိသတ်ရဲ့ အမူအရာကို မြင်ရတာ မထူးဆန်းပေ။ ခရမ်းရောင်မိန်းခလေးဟာ အနက်ရောင် ကျောက်တိုင်ဆီကို လှမ်းလျှောက်သွားသည်။ သူမ၏အနက်ရောင်ရွှေရောင်ချည်ကြိုးတွေနဲ့ တွဲလွဲနေတဲ့ အင်္ကျီလက်လေးပင့်တင်လိုက်ပြီး    လက်ကိုရှေ့ထုတ်လိုက်တယ်။ နှင်းပွင့်လို ဖြူဆွတ်နေတဲ့သူမ၏လက်ကောတ်ဝတ်လေး မြင်ရတယ်။ သူမလက်ဖဝါးကို ကျောက်နက်မျက်နှာပြင်ဆီ သာယာစွာ ထိကပ်လိုက်တယ်။ ပရိသတ်အသံတွေ ခတ္တ တိတ်ဆိတ်သွားတယ်။ ခနအကြာကျောက်တိုင်ကနေ မျက်စိစူးလောက်တဲ့အလင်း ထွက်ပေါ်လာတယ်။

" Dou Shi Qi အဆင့်ကိုး / အဆင့်မြင့် " 

ကျောက်တိုင်မျက်နှာပြင်ထက်က စာကို မြင်ရပြီးသကာလကွင်းတကွင်းလုံး တိတ်ဆိတ်သွားတယ်။

" အဆင့်ကိုး Dou Shi Qi...... လန့်လောက်စရာပဲ..မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲမှာ ရှောင်ရှင်းအာက ထိပ်ဆုံးပဲ " ခနတာတိတ်ဆိတ်ခြင်းအောက်မှာ  သူတို့အားလုံး တံတွေးမျိုချမိကုန်တယ်။ မျက်ဝန်းတွေမှာ လေးစားမှုအပြည့်နဲ့။ 

Dou Shi Qi ဆိုတာ Dou Zhe တွေ ဖြတ်ကျော်လာခဲ့ရတဲ့အဆင့်အပိုင်းအခြားပဲဖြစ်တယ်။ Dou Shi Qi မှာ အဆင့်တစ်ကနေ အဆင့်တဆယ်အထိရှိတယ်။ နောက်ဆုံးအဆင့်မှာ Dou Qi ကို ဝဲကတော့မှာ စုစည်းနိုင်ခဲ့ရင် လေးစားဖွယ် Dou Zhe အဆင့်ကို ရောက်ရှိမှာဖြစ်တယ်။  ပရိသတ်ကြားထဲမှာ ထိုင်နေတဲ့ ရှောင်မိန်တယောက် ခရမ်းရောင်မိန်းခလေးကို မျက်မှောင်ကြုံ့ ကြည့်မိသည်။ မနာလိုတဲ့ အရိပ်အယောင်တွေ မျက်နှာမှာ ဖြစ်ပေါ်နေတယ်။ အသက်အလတ်ပိုင်း ကြေညာသူသည် ကျောက်တိုင်က စာကိုဖတ်ပြီးနောက် မပြုံးစဖူး အပြုံးကို ပြုံးလိုက်ပြီး ခရမ်းရောင်မိန်းခလေးကိုလေးစားစွာ ပြောလိုက်တယ်။

" မိန်းခလေးရှင်းအာ ဒီအတိုင်းဆို နောက်နှစ်ဝက်လောက်မှာ Dou Shi ဝဲကတော့ ကို စုစည်းအချိန်ရောက်လာမယ်။အောင်မြင်ခဲ့ရင် အသက် ၁၄ နှစ်မှာ Dou Zhe တယောက်ဖြစ်လာလိမ့်မယ်။ အနှစ်တရာအတွင်းရှောင်မျိုးနွယ်မှာ ဒုတိယမြောက် အသက်ငယ်ဆုံး Dou Zhe တယောက်ဖြစ်လာလိမ့်မယ်။ "

ဟုတ်တယ်။သူမဟာ ဒုတိယမြောက်ပဲ။ အခုထိပ်ဆုံးမဟုတ်တော့တဲ့ ရှောင်ယွင်သာ ပထမဖြစ်ခဲ့တယ်။

"ကျေးဇူးတင်ပါတယ်.. " အသာလေးခေါင်းညိတ်ပြီး  ကျေးဇူးတင်စကားဆိုတယ်။ ချီးမွှမ်းခြင်းခံရပေမဲ့ ဝမ်းသာခြင်းအလျဉ်းမပြ။ အသာအယာပြန်လှည့်ထွက်ခဲ့၏။အားလုံးရဲ့အကြည့်အောက်မှာပဲ မိန်းခလေးသည် ရှောင်ယွင် ဆီကို လျှောက်လာခဲ့၏။ 

" အကိုရှောင်ယွင်... "ခရမ်းရောင်မိန်းခလေး ဦးညတ်ပြီး နှုတ်ဆက်လိုက်၏။သူမ၏မျက်နှာပြင်က အပြုံးတွေက ဘေးနားက တခြားမိန်းခလေးတွေကို မနာလိုစေလောက်သည်။

" အဲလိုအခေါ်ခံရဖို့ ငါ့မှာ အရည်အချင်းရှိလို့လား.... " ရှောင်ရှင်းအာကိုကြည့်ပြီး ရှောင်ယွင် ခါးသက်စွာပြောလိုက်၏ရှောင်ယွင်ဘဝပျက်သွားပြီးသော်လည်း သူ့ကိုလေးစားနေဆဲသူတွေထဲမှာ ရှောင်ရှင်းအာတယောက် အပါအဝင်ဖြစ်၏။

" အကိုရှောင်ယွင်.... တခါတုန်းကရှင်းအာကိုပြောဖူးတယ်လေ.... တာဝန်တခုကိုယူရတော့မယ်ဆိုရင် တချို့အရာတွေ လက်လွှတ်ပေးရလိမ့်မယ်တဲ့...စိုက်ထုတ်မှုမရှိဘဲ ရယူနိုင်တာ အခမဲ့ ဆိုတဲ့အရာတွေပဲရှိတယ်တဲ့.... "   ရှောင်ရှင်းအာ နွေးထွေးတဲ့မျက်နှာနှင့်ညင်ညင်သာသာဆို၏။ " ဟဟ အခမဲ့!.... အခမဲ့က ဘယ်လိုမျိုးလဲဆိုတာ ငါတယောက်ပဲပြောနိုင်တယ်။ ဒီမှာကြည့် ငါဟာအချောင်သမားလား... ပြီးတော့.. ဒီလောကကြီးတောင် ငါ့အတွက်မဖြစ်ခဲ့ဘူး...  " 

 ရှောင်ယွင် ကိုယ့်ဘာသာကိုယ်လှောင်ရယ်လိုက်ပြီး စိတ်ဓာတ်ကျစွာ ပြော၏။ 
ရှောင်ယွင်၏ ညိုမှိုင်းစိတ်ဓာတ်ကျနေတာကို တွေ့ရတော့ ရှောင်ရှင်းအာ မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောလိုက်၏

" အကိုရှောင်ယွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ မသိခဲ့ပေမဲ့ တနေ့ကျရင် ပြန်ရုန်းထလာနိုင်မယ်....ရိုသေလေးစားခြင်းနဲ့ ရွှေရောင်တောက်ပခဲ့တာတွေ ပြန်ရယူလိမ့်မယ်လို့ ယုံကြည်တယ်... "

သူမက စကားခနရပ်လိုက်ပြီး မျက်နှာနီမြန်းစွာပြောလိုက်၏" အဲဒီအချိန်ကျရင် အကိုရှောင်ယွင် ဝိုင်းဝိုင်းလည်နေမယ်..."
" ဟဟ " ပွင့်လင်းစွာပြောလိုက်တဲ့စကားကို ကြားလိုက်ရတော့ရှောင်ယွင် တုံးတိစွာ ရယ်လိုက်မိတယ်။ ဒါပေမဲ့ဘာမှတော့ ဆက်မပြောဖြစ်ခဲ့။ တခြားသူတွေကကျေနပ်ချင်ကျေနပ်ပါလိမ့်မယ်။ သူအတွက် မဖြစ်နိုင်တဲ့အရာ ဖြစ်သလို ဖြစ်ချင်တဲ့ဆန္ဒလည်းမရှိခဲ့။ ကွင်းအပြင်ဘက်ကိုသာ တိတ်ဆိတိစွာ လှည့်ပြန်ခဲ့သည်။    လှည့်ထွက်သွားတဲ့ ကောင်လေး၏ကျောပြင်ကိုငေးကြည့်ရင်း ရှောင်ရှင်းအာ တုံ့ဆိုင်းနေမိသည်။ တစက္ကန့်အကြာမှာ ရှောင်ယွင်နောက် ပြေးလိုက်သွား၏ ပရိသတ်အကြည့်တွေက သူတို့အနောက်မှာ ကပ်ပါနေဆဲပဲ။ 


No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...