ခေါင်းထဲမှာ ရွဲ့လော်အသံကြားလိုက်တဲ့အခါ ရှောင်
ယွင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မသိမသာ
ခေါင်းညိတ်လိုက်သည်။
အနက်ရောင်သတ္တုအပိုင်းကို ချက်ချင်းမယူသေးဘဲ
သွေးတွေကပ်ကျန်နေသေးတဲ့ မွန်းစတားအမြုတေကို
ကိုင်ထားပြီး အနည်းငယ်ဟောင်းနွမ်းနေတဲ့ အဝတ်အစား
နှင့် ဈေးခုံအနောက်မှာရပ်နေတဲ့ ကြေးစားအမဲလိုက်လူကြီး
ကို လှမ်းကြည့်လိုက်ပြီး ဝမ်းသားစွာ မေးလိုက်သည်။
" ဒီအမြုတေကို ဘယ်မွန်းစတားအကောင်ကနေ ရလာသလဲ..??"
" ဟားဟား သခင်လေးမျက်စိအမြင်ကတော့ စူးရှပါတယ်
ဗျာ... ဒီအမြုတေက အဆင့်၁ သစ်စားမြေခွေး ကနေရလာ
တာ... ပြီးတော့ ဒီအမြုတေက တကယ့်အရည်အသွေး
ကောင်းတာ.. ဒါကိုရဖို့ ငါတို့ရဲ့ ချွန်ထက်သွားစွယ်ကြေးစား
မုဆိုးအဖွဲ့က သုံးရက်လောက် စောင့်ဖမ်းပြီးမှ သစ်စားမြေ
ခွေး၅ကောင်ကို အလစ်ဖမ်းနိုင်ပြီးမှ ဒီအမြုတေကို ရခဲ့တာ
ပေါ့... "
ရှောင်ယွင် စိတ်ဝင်စားနေမှန်းသိ၍ ကြေးစားမုဆိုးလူကြီး
ဟာ ရွှန်းရွှန်းဝေအောင် ပြောပါတော့သည်။
" အင်း ဒီအမြုတေကို သခင်လေးယူမယ်ဆိုရင် ရွှေအပြား
၅၀၀ ထားပေးမယ်..ဒါဟာသင့်တော်တဲ့ဈေးနှုန်းပါပဲ...ဟဲ
ဟဲ...ဒါကို ရဖို့ ကျွန်တော့်အဖွဲ့သားတော်တော်များများ
ဒဏ်ရာအကြီးအကျယ်ရခဲ့ကြတာ.. "
အမြုတေမှာ ကပ်ကျန်နေတဲ့ သွေးစနတွေကို ရှောင်ယွင်
ဖြည်းဖြည်းသုတ်လိုက်ရင်း သွေးတွေ ကောင်းကောင်း
မခြောက်သေးတာကို သတိထားမိလိုက်သည်။ ကြေးစား
လူကြီး၏ရင်ဘက်က ရွှေရောင်ကြယ်နှစ်လုံးကို တချက်
ဖမ်းကြည့်လိုက်ပြီး အသာခေါင်းညိတ်ကာ
" ဈေးနည်းနည်းများနေတယ်... ဒီလို အဆင့် ၁ အမြုတေ
ရဲ့ ဈေးနှုန်းက ၄၀၀ ကနေ ၄၅၀ ကြားပဲရှိတာ.. ပြီးတော့
သစ်စားမြေခွေးရဲ့ တိုက်ခိုက်မှုက အဲ့လောက်မကြမ်းပါဘူး.
. ဒါပေမဲ့ အဖွဲ့သားတွေ ဒဏ်ရာရခဲ့တယ်ဆိုတော့ ခင်ဗျား
အဖွဲ့က Dou Zhe အဆင့်သမားတွေ သိပ်မရှိလို့ဖြစ်မယ်.."
ကြေးစားလူကြီး၏ နှုတ်ခမ်းထောင့်လေး ဆတ်ခနဲတွန့်
သွားပြီး ခြောက်ကပ်ကပ် ရယ်လိုက်သည်။ သူ့အရှေ့က
လူငယ်ဟာ အမြုတေဈေးနှုန်းနဲ့ နှံ့စပ်နေမှန်း မထင်ထားမိ
ဘူး။
" ၄၇၀ကွာ ဒီထက် မတိုးတော့ဘူး မလျှော့တော့ဘူး...
ဒီပိုက်ဆံနဲ့ အဖွဲ့သားတွေကို ပြန်ပေးရဦးမှာ.. "
" ဟူး.. "
ကြေးစားလူကြီး၏သောကမျက်ဝန်းကို ကြည့်ပြီး ရှောင်ယွင်
အသက်ပြင်းချမိသည်။ ထို့နောက် ဈေးခုံပေါ်က ပစ္စည်း
အချို့ကို စိတ်ကူးတည့်ရာ ကောက်ယူလိုက်ပြီး အနက်
ရောင်သတ္တုအပိုင်းကိုပါ ယူလိုက်ပြီး ပြောလိုက်သည်။
" ၄၇၀... ဒါတွေပါ ပါမယ်.. ဘယ်လိုလဲ?"
ရှောင်ယွင်လက်ထဲက ပစ္စည်းကို ကြည့်ပြီး ဈေးဆိုင်လူကြီး
စိတ်သက်သာရာ ရသွား၏။ ရှောင်ယွင် ကောက်လိုက်တဲ့
ပစ္စည်းတွေက ဈေးပေါတဲ့ပစ္စည်းတွေပဲ ဖြစ်သည်။
" ကောင်းပြီးလေ..သဘောတူတယ်.. "
ရှောင်ယွင် ဝမ်းမြောက်ဝမ်းသာ ပိုက်ဆံချေလိုက်ပြီးနောက်
အချိန်မဖြုန်းတော့ဘဲ ချက်ချင်း လှည့်ပြန်ထွက်ခဲ့သည်။
" ဟေ့.. ချာတိတ်.. ဈေးဝယ်တာ အရမ်းဈေးဆစ်တော်
တာပဲနော်.. "
ဈေးတန်းကနေအပြန် ရှောင်ယွင်ခေါင်းထဲမှာ ရွဲ့လော်ရဲ့
မခံချင်အောင် စနောက်တဲ့အသံ ပေါ်လာပြန်သည်။
" ဒီလိုလူတွေက လူလည်တွေ..တကယ်လို့ သူတို့ပစ္စည်း
ကို စိတ်ဝင်စားတဲ့ ပုံစံပြကြည့်လိုက်... ဈေးတင်ရောင်းလိမ့်
မယ်... ဒီလို ဘာမဟုတ်တဲ့ ပစ္စည်းနဲ့ ပိုက်ဆံမကုန်ချင်ဘူး..."
ပြန်ဖြေပြီးနောက် လက်စွပ်ထဲက လူကြီးကို ဂရုမစိုက်တော့
ဘဲ အေးအေးဆေးဆေး ဈေးအပြင်ထွက်လာပြီး ရှင်းအာနဲ့
အတူ ရှောင်မျိုးနွယ်အိမ်ဆီကို ပြန်လာခဲ့သည်။
ရှင်းအာကို နှုတ်ဆက်ပြီးနောက် သူ့အခန်းဆီကို ကမန်း
ကတန်း ပြေးဝင်လာပြီး အခန်းကို သေချာစွာ ပိတ်လိုက်၏။
ပြီးနောက် ခေါင်းပြန်လှည့်လိုက်ရာ လက်စွပ်ကနေ ဘယ်
အချိန်ကတည်းကထွက်လာနေပြီးမှန်းမသိတဲ့ ရွဲ့လော်ကို
တွေ့လိုက်သည်။ ရှောင်ယွင်လည်း ဈေးကနေ ဝယ်လာ
သမျှ ပစ္စည်းတွေကို ထုတ်ပေးလိုက်ပြီး အလောတကြီးစွာ
မေးလိုက်သည်။
" ကဲ လိုချင်တဲ့ ဆေးအမယ်တွေ စုံပြီး.. ဘာဆက်လုပ်
ကြမလဲ..? "
ရွဲ့လော် အားပါးတရ ရယ်လိုက်ကာ ခုံပေါ်က ပစ္စည်းတွေ
ကို သေချာစွာ စစ်ဆေးလိုက်သည်။စစ်ကြည့်နေရင်း
ရုတ်တရက်မေးလိုက်သည်။
" အနက်ရောင်သတ္တုအပိုင်းက ဘာလဲဆိုတာ မမေးတော့
ဘူးလား.. "
" ဟင်..? " ရှောင်ယွင် ခနငြိမ်သွားပြီးနောက် ဈေးထဲက
အမှတ်မထင်ဝယ်ခဲ့တဲ့ သတ္တုအပိုင်းကို ပြောမှန်း သဘော
ပေါက်သွားသည်။ ထို့နောက် အနက်ရောင်သတ္တုကို ထုတ်
လိုက်ပြီး ဖင်ပြန်ခေါင်းပြန် အပြန်အလှန်စစ်ဆေးပါတော့
သည်။ စစ်ဆေးပြီးနောက် ခေါင်းခါကာ မေးလိုက်သည်။
" ဒါ ဘာလုပ်တဲ့ဟာလဲ..?"
ရွဲ့လော် အနက်ရောင်သတ္တုအပိုင်းကို လှမ်းယူလိုက်ပြီး
ရယ်မောလိုက်ကာ
" ကြည့်ရတာ ဒီအထဲမှာ သိုင်းကျမ်းတခု ရှိနေသလိုပဲ..
ပြီးတော့ ဒီသိုင်းကို ထွင်တဲ့သူက မှော်ဆေးပညာရှင်
တယောက်ဖြစ်ရမယ်... ဘာလို့ဆိုတော့ အားကောင်းတဲ့
စိတ်ဝိညာဉ်အာရုံခံစားနိုင်တဲ့သူပဲဒီသတ္တုအပိုင်းကစွမ်းအား
ကို ခံစားနိုင်မှာ... "
" ဒိုသိုင်းကျမ်း..? " ရှောင်ယွင် မျက်လုံးတောက်ပသွား
သည်။ အလောတကောဖြင့်
" သိုင်းအဆင့်ကရော.? ဘယ်လောက်ရှိလဲ.? "
ဒိုချိတိုက်ဒေသမှာ သိုင်းကျမ်းဟာလည်း ဒိုစွမ်းအင်ကျင့်
စဉ်လိုပဲ အရေးကြီးပါတယ်။ အဆင့်မြင့်သိုင်းတတ်ကျွမ်း
ထားလေ သူ့ရဲ့ စွမ်းအင်ကို ပုံမှန်ထက် ပိုကြမ်းအောင်သုံး
လို့ရတယ်။ Dou Zhe အဆင့်တယောက်က Dou Shi
အဆင့်ကို မနိုင်ပေမဲ့ အဆင့်မြင့်သိုင်းကြောင့် တန်းတူယှဉ်
ပြိုင်နိုင်တယ်။
သိုင်ကျမ်းရော ကျင့်စဉ်ကျမ်းကိုပါ အဆင့်လေးမျိုးခွဲ
ထားသည်။
၁။ ထျန်း
၂။ ဒီ
၃။ ရွှင်း
၎။ ဟွာင်း
ဟွာင်းအဆင့်သိုင်းကို ပုံမှန်အားဖြင့် အားလုံး လွယ်လင့်တ
ကူ ရယူလေ့ကျင့်နိုင်ပေမဲ့ ဟွာင်းအဆင့်ထက် မြင့်တာတွေ
ကျတော့ ဂိုဏ်း ဒါမှမဟုတ်မျိုးနွယ်စု တခုခုမှာပဲ ရနိုင်သည်။
ဒါ့အပြင် ဒိုချီကုန်းဒေသဟာ အလွန်ကျယ်ပြောပြီးတော့ ထူး
ခြားတဲ့အခြေအနေတရပ်လည်း ရှိသေးတယ်။အဲဒါကတော့
တချို့ထိပ်တန်းသိုင်းကျမ်းတွေဟာ ပျောက်ကွယ်နေပြီး ဒါ
ကို တချို့တလေက ကံကောင်းထောက်မစွာ ရရှိတတ်ကြပါ
တယ်။ ယခုရှောင်ယွင်လက်ထဲမှာ ရှိနေတဲ့ အနက်ရောင်
သတ္တုအပိုင်းဟာလည်း ရှေ့ဟောင်းသိုင်းသမားတဦးဦး၏
ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတခုပင်ဖြစ်သည်။
ရွဲ့လော် အနက်ရောင်သတ္တုအပိုင်းကို လှည့်ကြည့်ပြီး
နောက် ပြုံးလိုက်ကာ
" လေဟာနယ်လက်ဝါး... အဆင့်နိမ့် ရွှင်းအဆင့်သိုင်းကျမ်း.."
" အဆင့်နိမ့် ရွှင်းအဆင့်..?"
ရှောင်ယွင်မျက်နှာ ဝင်းပသွားသည်။ အမှိုက်တခုလို့ ထင်
ထားခဲ့တဲ့ အနက်ရောင်သတ္တုက ရွှင်းအဆင့် ဒိုသိုင်းကျမ်း
ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ့မျိုးနွယ်မှာ
ရှိတဲ့ အကောင်းဆုံးသိုင်းကျမ်းတောင်မှ ရွှင်းအဆင့်
အလယ်လတ်တန်း ရှိပြီး မျိုးနွယ်ခေါင်းဆောင်နှင့် အကြီး
အကဲများသာ လေ့ကျင့်ခွင့်ရသည်မဟုတ်လား။
" လေဟာနယ်လက်ဝါး.. တကယ်လို့ အဆုံးတိုင်လေ့
ကျင့်နိုင်ပြီးဆိုရင် ပေါင်တထောင်ကျော်လေးတဲ့ ကျောက်
တုံးကြီးလည်း ဆွဲပင့်နိုင်တယ်...ရန်သူဆိုရင်လည်း ရန်သူ့
ခန္ဓာကိုယ်ကသွေးကို လုံးဝစုပ်ထုတ်နိုင်တယ်.."
" ရန်သူဆီကနေ သွေးစုပ်ထုတ်နိုင်တယ်.."
ရှောင်ယွင် လုံးဝအံ့သြသွားသည်။ တံတွေးကို ခက်ခဲစွာမျိုချ
လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
" ဒါ.. ဒါ..အရမ်းထူးခြားတာပဲ... ရန်သူဆီကနေ သွေးစုပ်
လိုက်မယ်ဆိုရင် ဒါဆိုသူတို့ သေသွားနိုင်တာပေါ့..??"
" သိပ်မပျော်နဲ့ဦး.. မင်းထက်အဆင့်နိမ့်တဲ့သူတွေနဲ့မှ စုပ်
လို့နိုင်မှာ... ကိုယ့်ထက် ပါဝါကြီးတဲ့သူနဲ့ဆို ကိုယ်ပဲခံရမှာ..
စုပ်နေတဲ့အချိန်မှာ ကိုယ့်အနားရောက်လာပြီး ကံမကောင်း
ဘူးဖြစ်သွားမယ်..."
ရွဲ့လော် ဒီသိုင်းကျမ်းကို အထင်မကြီးတဲ့ဟန်ရှိပြီး အနက်
ရောင်သတ္တုအပိုင်း ကို ဂရုမစိုက်ဘဲ ဘေးဘက် ပစ်ချလိုက်
သည်။
ရွဲ့လော်လို အဆင့်မြင့်သမားတယောက်အနေဖြင့်
အထင်သေးကောင်း သေးပါလိမ့်မည်။ ဒါပေမဲ့ ရှောင်ယွင်
အတွက်တော့ ဒါဟာ ကြီးကျယ်တဲ့ အဆင့်မြင့်သိုင်းကျမ်းပါ
ပဲ။ ရှောင်ယွင်ချက်ချင်းပဲ ကောက်ယူလိုက်ပြီး ရယ်မောကာ
" ဘာပဲဖြစ်ဖြစ် မျိုးနွယ်ရဲ့ ဒိုသိုင်းကျမ်းတွေထက်တောင်
သာနေသေးတယ်.. ဒီနေ့ကစပြီး ဒါကိုလေ့ကျင့်တော့မယ်."
" အဟက်... မင်းရဲ့ Dou Qi အဆင့် ၃ အားနဲ့.. ဟီဟီ..
လေဟာနယ်လက်ဝါးသိုင်းနဲ့ သစ်ကိုင်းခြောက်တချောင်းကို
ဆွဲပင့်နိုင်ရင်တောင် မယုံနိုင်စရာဖြစ်သွားဦးမယ်.. သူများ
သွေးစုပ်ဖို့ဆိုတာ ဝေးလာဝေး.. "
ရွဲ့လော် ခေါင်းခါပြလိုက်ပြီး ရှောင်ယွင်ကို အကြီးအကျယ်
နှိပ်ကွပ်လေသည်။
ရှောင်ယွင် မျက်လုံးလေးဝိုင်းသွားသည်။ ဒါပေမဲ့
ရွဲ့လော်စကားကို နားမထောင်တော့ဘဲ ပြုံတုံ့တုံ့ဖြင့်
အနက်ရောင်သတ္တုအပိုင်းကိုသာ ဆုပ်ကိုင်ထားသည်။
" ကိုယ့်ကိုယ်ကိုလည်း ကြည့်စမ်းပါဦး.. အဆင့်နိမ့် ရွှင်း
အဆင့်သိုင်းကျမ်းရတာကို ပျော်နေလိုက်တာ... မင်းအစား
ရှက်လိုက်တာ.. "
ရွဲ့လော် မသက်မသာ ခေါင်းခါနေပါတော့တယ်။ နောက်
စားပွဲပေါ်က မွန်းစတားအမြုတေကို ကောက်ယူလိုက်ပြီး
ရှောင်ယွင်ကို ရေစည်ပိုင်းတလုံးယူရန် မှာလိုက်သည်။
" ရေနဲ့စည်ပိုင်းအကြီးကြီးတလုံးလောက်သွားယူ.. "
ရွဲ့လော် ဆေးစဖော်တော့မည်ကို သိလိုက်၍ အနက်
ရောင်သတ္တုအပိုင်းကို ကမန်းကတန်းသိမ်းလိုက်ကာ ဝမ်း
သာအားရ ပြေးယူတော့သည်။
..................
တိတ်ဆိတ်နေတဲ့ ရှောင်ယွင်အခန်းတွင် ရွဲ့လော် မြက်ပင်
ပြာကရတဲ့ ခရမ်းရောင်ရိုးတံကို ဘယ်လက်ဖြင့် ကောက်ယူ
လိုက်သည်။ ခနအကြာတွင် အသက်ပြင်းတချက်ရှုထုတ်
လိုက်ပြီးနောက် အဖြူရောင်မီးတောက်တခု လက်မှာ
ထွက်ပေါ်လာသည်။
မီးတောက်ထွက်ပေါ်လာသည်နှင့် အခန်းအပူချိန်မှာ
တရိပ်ရိပ်မြင့်တက်လာသည်။
ရှောင်ယွင် အဖြူရောင်မီးတောက်လုံးကို မျက်တောင်ပင်
မခတ်ဘဲ စိုက်ကြည့်နေသည်။ မှော်ဆေးပညာရှင်၏ ဆေး
စီရင်သည့် အဆင့်ဆင့်တွေကို နားမလည်ပေမဲ့ ဒိုစွမ်းအင်
ကို ပုံစံတခုဖြစ်အောင်လုပ်ဖို့က သူ့အဖေကိုယ်တိုင်တောင်
မှ မလုပ်နိုင်တဲ့အရာတခု ဖြစ်သည်။
တည်တည်ငြိမ်ငြိမ်နှင့်ပင် အဖြူရောင်မီးတောက်ဟာ
တဖြည်းဖြည်းကြီးမားလာပြီး ခရမ်းရောင်ရိုးတံကို ဖုံးအုပ်
သွားသည်။ မီးတောက်အတွင်း ခရမ်းရောင်ရိုးတံဟာ
တဖြည်းဖြည်း အစိမ်းရောင်အရည်လုံးပုံစံသို့ ပျော်ကျသွား
သည်။
ရွဲ့လော် ညာဘက်လက်က နောက်ခရမ်းရောင်ရိုးတံတခု
ကောက်ယူပြီး မီးတောက်ဖြူထဲကို ပစ်ထည့်လိုက်သည်။
ခရမ်းရောင်ရိုးတံသုံးခုကို မီးတောက်ထဲ ပစ်ထည့်လိုက်
ပြီးနောက် အစိမ်းရောင်အရည်လုံးဟာ ပိုပိုကြီးလာသည်။
မီးတောက်အတွင်းမှာ အစိမ်းရောင်အရည်လုံးဟာ
တဖြည်းဖြည်း ဆူပွက်လာပြီး ပြင်းထန်တဲ့မီးအပူချိန်ဟာ
အရည်လုံးအတွင်းရှိ အညစ်အကြေးတွေကို လောင်ကျွမ်း
သွားစေသည်။
မီးတောက်အတွင်းမှာပဲ အစိမ်းရောင်အရည်လုံးဟာ
တဖြည်းဖြည်း အရွယ်အစား ကျုံ့ကာ သေးငယ်လာပြီး
စက္ကန့်အနည်းငယ်အကြာမှာတော့ လက်မအရွယ်လောက်
သာ ရှိတော့သည်။
ထိုအချိန်မှာ တပြိုင်နက် အရိုးဆေးကြောပန်းရိုးတံနှစ်ခု
ကို တခါတည်း မီးတောက်ထဲ ထည့်လိုက်ပြန်သည်။ ရိုးတံ
နှစ်ခုဟာ လောင်ကျွမ်းသွားပြီးနောက် အစိမ်းရောင်အရည်
လုံးနှင့် ပျော်ဝင်ရောနှောသွားသည်။
အဲဒီနောက်မှာတော့ မွန်းစတားအမြုတေကို သန့်စင်ပြန်
သည်။
နောက်ဆုံးအဆင့်မှာတော့ အချိန်တစ်နာရီမျှ ကြာသည်။
ဒါပေမဲ့ ရွဲ့လော်ကိုကြည့်ရတာ ပင်ပန်းနွမ်းလျခြင်းမရှိဘဲ
စွမ်းအင်အပြည့်အဝ ရှိနေဆဲပဲ။
အချိန်တစ်နာရီပြီးနောက် မာကျောတဲ့ အမြုတေအလုံးဟာ
တဖြည်းဖြည်း အစိမ်းရောင်အရည်လုံးခဲ ပြောင်းသွားပြီး
အမြုတွေအတွင်းမှာ ကိန်းဝပ်နေတဲ့ စွမ်းအင်ရိုင်းတွေလည်း
ရွဲ့လော်ရဲ့မှော်ဆေးနည်းအောက်မှာ ယဉ်ပါးသွားချေပြီး။
လက်ပေါ်က မီးတောက် တဖြည်းဖြည်း ပျောက်ဝင်သွား
သည်။
ရဲ့လော် လက်ဖဝါးပေါ်က ပေါလောပေါ်နေတဲ့ အစိမ်း
ရောင်အလုံးကို ကြည့်ပြီး ရှောင်ယွင် ဝမ်းသာအားရပြီး
လက်ဝါးနှစ်ဖက် ပွတ်လိုက်သည်။ သူရဲ့ အားကောင်းတဲ့
စိတ်ဝိညာဉ်အာရုံခံစားနိုင်မှုကြောင့် ဆေးလုံးအတွင်းက
ပြည့်ဝလှတဲ့ စွမ်းအင်တွေကို ခံစားနေရသည်။
" ဆရာ.. ဒီဆေးစားလိုက်ရမလား.. ??" ရှောင်ယွင်
မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စိတ်မရှည်စွာ မေး
လိုက်၏။
" စားချင်ရင် စားလေ.. မင်းရဲ့ ချီအတွင်းလမ်းကြောင်းနဲ့
ဆို တကယ့်ဒုက္ခိတဘဝကို စက္ကန့်ပိုင်းအတွင်း ရောက်စေရ
မယ်.. "
ရှောင်ယွင်ကို မျက်ဖြူလှန်ပြလိုက်ပြီး ပေါလောပေါ်နေတဲ့
အစိမ်းရောင်အလုံးကို တောက်ထုတ်လိုက်သည်။ ဆေးလုံး
ဟာ ရေစည်ပိုင်းထဲကို တည့်တည့်ပြေးဝင်သွားပြီးနောက်
ရေစည်ပိုင်းအတွင်းက ရေအရောင်ဟာ အစိမ်းရင့်ပုပ်ပုပ်
အရောင်သို့ ချက်ချင်းပြောင်းသွားသည်။
" ကဲ အခုချိန်ကစပြီး ဒီမှာပဲ လေ့ကျင့်ရမယ်.. မင်းရဲ့
အရည်အချင်းနဲ့ အနှောင့်အယှက်တွေမတွေ့ဘူးဆိုရင်
တနှစ်အတွင်း Dou Shi အဆင့် ၇ ကို ရောက်စေရမယ်.."
လက်ဝါးနှစ်ဖက်က ဖုန်တွေကို ရိုက်ခါလိုက်ပြီး ရှောင်ယွင်
ကို ပြုံးပြလိုက်သည်။
ပျော်မြူးနေတဲ့ မျက်နှာနှင့် ရှောင်ယွင် အလျင်အမြန်
ခေါင်းညိတ်လိုက်သည်။
" အော် မေ့တော့မလို့... ဒီဆေးရည်သက်တမ်းက နှစ်လ
ပဲ ခံမယ်.. ဒီတော့ ဆေးအညွန်းအတိုင်း ဒီနေ့ဝယ်ခဲ့တဲ့
ပစ္စည်းကို နောက်နှစ်လကျရင် ထပ်ဝယ်ဖို့မမေ့နဲ့.. "
ရွဲ့လော် ကျိတ်၍ အပြုံးတခု ပြုံးလိုက်မိသည်။
ရှောင်ယွင်မျက်နှာပေါ်က အပြုံးမျက်နှာဟာ မဲ့ရွဲ့သွား
ကာ အင်တင်တင်ဖြင့် ခေါင်းညိတ်လိုက်သည်။
" သေစမ်းကွာ.. ဒီပစ္စည်းတွေက သူဋ္ဌေးပဲ ဝယ်နိုင်တာဟ.."
///////////////
No comments:
Post a Comment