Followers

Chapter 23

23 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 23.  အဖျက်လှည့်ကွက်

 ရဖေးက အဆင့်မြင့် ရွှင်းအဆင့် ချီကျင့်စဉ်ဟု ပြောလိုက်
တဲ့ ခနမှာ လေလံခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။

အခြေခံဆေးနှင့် ယှဉ်ကြည့်ရင် ဒိုချီကျင့်စဉ်က ပိုပြီး တန်ဖိုး
ကြီးမားသည်မဟုတ်လား...

မှော်ဆေးလုံးတွေလည်း ဈေးကြီးတယ်ဆိုပေမဲ့ ဆေးလုံး
တွေက တခါတည်းသာ အသုံးပြုလို့ရသည်။ ဒါပေမဲ့ ဒိုကျင့်
စဉ်က ဘဝတစ်လျှောက်လုံး အသုံးပြုလို့ ရပြီး သားစဉ်မြေး
ဆက် လမ်းဆင့်ကမ်းပေးသွားလို့ရသည်။ ရေရှည်အတွက်
ကြည့်မယ်ဆိုရင် ဆေးလုံးထက် ကျင့်စဉ်ကို လူကြိုက်ပိုများ
သည်။

ပြီးတော့ အဆင့်မြင့်တဲ့ ဒိုချီကျင့်စဉ် ရှိနေရင် မှော်ဆေးလုံး
အကူအညီမပါပေမဲ့လည်း ခိုင်မာတဲ့ အဆင့်တခုကို ရောက်
 နိုင်သည်။ တဖက်က တွက်ကြည့်မယ်ဆိုရင် လူတယောက်
ဟာ မှော်ဆေးလုံးသာရှိပြီး ဒိုကျင့်စဉ်မရှိပါက သူ့အတွက်
မှော်ဆေးလုံးက သကြားလုံးတခုကို စားရသလိုသာ ဖြစ်ပြီး
ဘယ်လိုမှ ခွန်အားသန်မာစေမှာ မဟုတ်ချေ။ 

လေလံဆွဲသူတွေဟာ အချိန်အတော်ကြာ အံ့သြနေကြပြီးမှ
အိနြေ္ဒပြန်ဆယ်လိုက်ကြပြီး ခန်းမအလယ်က အစိမ်းရောင်
စာလိပ်ကို လိုချင်တပ်မက်စွာ မျက်တောင်ပင် မခတ်ဘဲ
ကြည့်ကုန်ကြသည်။ အင်မတန်လှပပြီး ဆွဲဆောင်မှုရှိတဲ့
ရဖေး ကို သတိပင် မရကြတော့ချေ။ 

အနောက်တန်းမှာ ထိုင်နေတဲ့ ရှောင်ယွင် အသက်ပြင်းချ
လိုက်သည်။ အဆင့်မြင့် ရွှင်းအဆင့် ကျင့်စဉ်ပါလား..ဒါ
ဟာ ရှောင်မျိုးနွယ်ရဲ့ ကျင့်စဉ်ဖြစ်တဲ့ ခြင်္သေ့ဒေါသမာန်
ဟုန်ပြင်း ကျင့်စဉ်ထက် အဆင့်သာနေတာပဲ။ အဲဒါ
ကြောင့် ဝူတန်မြို့က မျိုးနွယ်ခေါင်းဆောင်တွေ ဒီမှာ လာ
စုနေတာကိုး...။

" အဆင့်မြင့် ရွှင်းအဆင့် ကျင့်စဉ်" 
ရှောင်ယွင်လည်း အစိမ်းရောင်စာလိပ်ကို ကြည့်ပြီး အလိုလို
 နှုတ်ခမ်းသပ်မိသည်။ အဲ့ဒီစာလိပ်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရင် 
ထိပ်သီး Dou Zhe တယောက်ဖြစ်ရန် သေချာသွားစေ
သလို အချိန်တခုသာ ပေးနိုင်မယ်ဆိုရင် မျိုးနွယ်သုံးစုကို
တောင် ယှဉ်ပြိုင်နိုင်လောက်အောင် အစွမ်းရှိလာလိမ့်မည်။

" အဲဒါက အဆင့်မြင့် ရွှင့်အဆင့်ပဲဟာ..ဒါလေးများ 
ဘာများထူးခြားသွားလို့လဲ.."
 အဲဒီကျင့်စဉ်အကြောင်း စိတ်ကူးယဉ်နေတုန်း ရွဲ့လော်၏
အနှောင့်အယှက်အသံက ရှောင်ယွင်စိတ်အတွင်းကနေ 
ကြားလိုက်ရသည်။

" ဒါလေးများ..?"
ရှောင်ယွင် စိတ်ပျက်မိပြန်သည်။ ဒီလိုကျင့်စဉ်ကို အမှိုက်
တစ်ခုလို သဘောထားတဲ့ အဘိုးကြီးနဲ့ သူနဲ့က အတွေး
ခြင်းမတူရလောက်အောင် ကွာဟနေသည်။ ရှောင်ယွင်
 နှုတ်ခမ်းကို စူထားပြီး ဘာမှမပြောဘဲ နေသည်။ 

" ကောင်လေး.. ကောင်းကောင်းလေ့ကျင့်ထားပါ.. Dou 
Zhe အဆင့်ရောက်သွားရင် အဆင့်မြင့်တဲ့ ဒိုကျင့်စဉ်တွေ
တွေဟာ ဘာလဲဆိုတာ ငါ မင်းကို ပြပေးမယ်.. "
ရွဲ့လော် ကတိပေးလိုက်ပြီးနောက် သူ့အသံ နောက်ထပ်
မထွက်လာတော့ချေ။

ရှောက်ယွင် နှုတ်ခမ်းကို စူထားလိုက်ပြီး တိုးတိုးလေး 
ရေရွတ်လိုက်သည်။
" ကျွန်တော်လည်း မျှော်လင့်နေပါတယ်.. "

................

" အားလုံးပဲ နားစိုက်ပေးပါ. ဒီကျင့်စဉ်ကို အမဲလိုက်သူတဦး
က တောလည်သွားရင်း တောင်တခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပါ
တယ်.. ဒါကို မူလပိုင်ရှင်က ချန်ရစ်ထားခဲ့တာ ဖြစ်ရမယ်လို့ 
ယူဆထားပါတယ်.. အဲဒါကြောင့် ဒီကျင့်စဉ်ရဲ့နောက်
ကြောင်းကင်းရှင်းပြီး ဝယ်ပြီးခဲ့ရင်လည်း ဘာပြဿနာမှ 
မဖြစ်စေရပါဘူး.. အဲ့ဒါကြောင့် နောက်ကြောင်းကင်းကင်းနဲ့
သံသယမဝင်ဘဲ စိတ်ချလက်ချ လေလံဆွဲနိုင်ပါတယ်... "

ရဖေး ကျင့်စဉ်စာလိပ်ကို မြှောက်ကိုင်ပြီး သာယာစွာ ရှင်းပြ
လိုက်သည်။

" မိန်းကလေးရဖေး.. ကြမ်းခင်းဈေးကို မြန်မြန်သတ်မှတ်ပေး
ပါတော့.. "
လေလံဆွဲသူတယောက်က စိတ်မရှည်စွာ အော်ဟစ်လိုက်
သည်။

ဆွဲဆောင်မှုရှိတဲ့အပြုံးမပျက်ဘဲ ရဖေး လေလံကြမ်းခင်းဈေး
ကို စတင်ကြေညာလိုက်သည်။

"လေမုန်တိုင်းအော်ဟစ်သံ ချီစွမ်းအင်ကျင့်စဉ်ရဲ့ ကြမ်းခင်း
ဈေးကတော့ ရွှေဒင်္ဂါးအပြား ၂ သိန်းဖြစ်ပါတယ်.. "

ကြမ်းခင်းဈေး ကို ပြောလိုက်ပြီးအချိန်မှာ လေးလံခန်းတစ်ခု
လုံး သိသိသာသာကို တိတ်ဆိတ်သွားသည်။ လေလံဆွဲသူ
အများစုဟာ ဒီလိုဈေးကြီးတဲ့ပစ္စည်းမျိုး ဝယ်နိုင်လောက်တဲ့
အထိ ချမ်းသာကြတာ မဟုတ်ပါဘူး။ 

ထောင့်စွန်းမှာ ထိုင်နေတဲ့ ရှောင်ယွင်လည်း ခေါင်းခါမိတော့
သည်။ ဒီမိန်းမက လူတွေကို သွေးမထွက်ဘဲ သတ်နေသ
လိုပဲ။ ရွှေဒင်္ဂါးအပြား၂သိန်းဆိုတာ ရှောင်မျိုးနွယ်ရဲ့ ၂ နှစ်
စာ ဝင်ငွေနဲ့ ညီမျှနေသည်မဟုတ်လား။ 

ရှောင်ကျန်းနှင့် ကျန်တဲ့မျိုးနွယ်နှစ်ယောက်တို့၏ ခန္ဓာကိုယ်
ဟာ မြင်သာစွာ တဆတ်ဆတ်တုန်လျက် ရှိသည်။ ဈေးနှုန်း
 နှင့်ပတ်သတ်ပြီး သူတို့လည်း ဘာမှပြောဆိုလို့မရပါဘူး။
ဒီလိုတန်ဖိုးကြီးတဲ့ပစ္စည်းကို သူတို့အနေနဲ့ တတ်နိုင်သမျှ
ပေးဝယ်မည်ဖြစ်သည်။ သူတို့လေလံမဆွဲလည်း ကျန်တဲ့
သူတွေက လေလံဆွဲမည်သာ ဖြစ်သည်။

၂ သိန်းဆိုတဲ့ ဈေးနှုန်းကြောင့် မည်သူမျှ လေလံမဆွဲကြ
သေးပါ။ ကသိကအောက်ဖြစ်စရာ အခြေအနေမျိုးဖြစ်ပေ
မဲ့ ရဖေး အပြုံးမပျက်ဘဲ ရှိသည်။ ဒီကျင့်စဉ်ရဲ့ ဆွဲဆောင်
အားကို မည်သူမှ ခံနိုင်မည်မဟုတ်ဘဲ ရှိသမျှဥစ္စာတွေနဲ့
လေလံဆွဲကြမည်ဟု သူမယုံကြည်ထားသည်။ 

သူမယုံကြည်ထားသည့်အတိုင်းပဲ မကြာခင်မှာပဲ လေလံဆွဲ
သူ ရှိလာပါတော့သည်။ ထိပ်ပြောင်လုနီးပါး အသက်သိပ်
မကြီးသေးတဲ့ လူကြီးတယောက်က စတင် လေလံဆွဲလိုက်
သည်။
" နှစ်သိန်းနဲ့ တစ်သောင်း..!! "

ရှောင်ယွင် အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။ ထိုလူ
ကို သူ မှတ်မိလိုက်သည်။ ထိပ်ပြောင်လူကြီးက လက်နက်
ဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ပြီး ဝူတန်မြို့ရဲ့ လက်နက်ဈေး
ကွက်ကို လက်ဝါးကြီးအုပ်ထားသူတစ်ယောက်ဖြစ်ပြီး 
မျိုးနွယ်စု သုံးစုကို မယှဉ်နိုင်ပေမဲ့ ဝူတန်မြို့မှာတော့ တော်
တော်လေးကို သြဇာအာဏာရှိပါသည်။ 

လက်နက်ပိုင်ရှင် လေလံကြေးကို အော်လိုက်ပြီးနောက်
အဝါရောင်အဝတ်အစားနှင့် လူကြီးတစ်ယောက်ကလည်း
အော်လိုက်ပြန်သည်။
" နှစ်သိန်းသုံးသောင်း " 

အဝါရောင်အဝတ်အစားနှင့်လူကြီးက ဆေးကုန်သည်ကြီး
တစ်ဦးဖြစ်ပြီး ဝူတန်မြို့မှာ ဆေးဆိုင်တော်တော်များများ 
ပိုင်ဆိုင်ထားသည်။ ထိပ်ပြောင်လူကြီးလိုပဲ မျိုးနွယ်စုသုံးစု
ကို မယှဉ်နိုင်ပေမဲ့ သူ့အတိုင်းအတာနှင့်သူ သြဇာအာဏာ
ရှိသူတစ်ယောက်ဖြစ်သည်။

သူ့ကို ထိပ်ပြောင်လူကြီးက ကောက်ကျစ်စွာကြည့်လိုက်ပြီး
လေလံကြေး ထပ်တိုးအော်လိုက်ပြန်သည်။
" နှစ်သိန်းလေးသောင်း."

လေလံခန်းမထဲမှာ လူအနည်းငယ်သာ လေလံဆွဲကြသည်။
၂ သိန်းဆိုတဲ့ ငွေပမာဏက ထိတ်ထိတ်ကြဲလေလံဆွဲသူ
တွေပဲ ရွေးထုတ်လိုက်သလို ဖြစ်သွားသည်။ 

အရှေ့က နှစ်ယောက်သား အပြိုင်အဆိုင် လေလံဆွဲရင်း
နောက်ဆုံး ထပ်မဆွဲနိုင်တော့တဲ့အချိန်မှာ

" သုံးသိန်း "
အရှေ့ဆုံးတန်းက ဂျားလီဘီ ထအော်လိုက်ခြင်းဖြစ်သည်။
ဂျားလီဘီ လေလံဆွဲပြီးဆိုတာ သိသည့်နှင့် လက်နက်ဆိုင်
ပိုင်ရှင်နှင့် ဆေးကုန်သည်ကြီးတို့ နှစ်ယောက်သား ပြန်ထိုင်
လိုက်ကြသည်။

ဝူတန်မြို့မှာ ဂျားလီမျိုးနွယ်ကို ယှဉ်ပြိုင်နိုင်သည်ဆိုလို့
ရှောင်မျိုးနွယ်နှင့် အော့ပါးမျိုးနွယ်တို့သာ ရှိသည်။

" သုံးသိန်းသုံးသောင်း "   အော့ပါးမျိုးနွယ်ခေါင်းဆောင်
အော့ပါးဘာ လေလံကြေးထပ်မြှင့်လိုက်သည်။

အော့ပါးဘာကို အေးစက်စွာ ကြည့်လိုက်ရင်း ဂျားလီဘီ 
အော်လိုက်ပြသည်။
" သုံးသိန်းငါးသောင်း.."

အော့ပါးဘာလည်း ဈေးထပ်တင်ပြန်သည်။
" သုံးသိန်း ခုနှစ်သောင်း.."

"သုံးသိန်း ရှစ်သောင်း

"လေးသိန်း.."

ဂျားလီဘီ လေလံကြေးကို ဆက်တိုက်ပဲ တိုးပြီး ပေးနေသ
လို အော့ပါးပါလည်း တွန့်ဆုတ်ခြင်းမရှိဘဲ အနောက်ကနေ 
လိုက်တိုးပေးသည်။ ကြည့်ရတာ သူလည်း ကျင့်စဉ်စာလိပ်
ကို ဘယ်လောက်ပဲပေးရပေးရ အရယူမည့်ပုံ ပေါ်နေသည်။

လေးသိန်းသုံးသောင်းအထိရောက်သွားတဲ့အချိန်မှာ အော့
ပါးဘာ လေလံဆွဲတာ ရပ်လိုက်ရသည်။ ဒီငွေပမာဏက
အင်အားကြီးမားတဲ့ အော့ပါးဘာမျိုးနွယ်တစုလုံးကိုပင်
ငွေးကြေးအကျပ်အတည်း ဆိုက်စေနိုင်သည်။ 

" လေးသိန်း ငါးသောင်း.. "
အော့ပါးဘာ ပြန်ထိုင်လိုက်သည်ကို မြင်၍ ဂျားလီဘီ ဝမ်း
မြောက်ဝမ်းသာ အောင်ပွဲပင် မခံလိုက်ရပေ။ ရှောင်ကျန်း
ကြေးမြှင့်ပြီး ထပ်ပြီး လေလံဆွဲလိုက်သည်။ 

ရှောင်ကျန်းကို အေးစက်စက်ကြည့်ပြီး ဂျားလီဘီ ဒေါသ
ခြောင်းခြောင်းထွက်သွားသည်။ မျိုးနွယ်သုံးစုထဲမှာ
ရှောင်မျိုးနွယ်နှင့် အော့ပါးဘာ မျိုးနွယ်မှာ အလယ်တန်း
ရွှင်းအဆင့်ကျင့်စဉ်ရှိပြီး သူ၏ ဂျားလီမျိုးနွယ်မှာ အဆင့်နိမ့်
ရွှင်းအဆင့်ကျင့်စဉ်သာ ရှိသည်။ အဲဒါကြောင့် ဂျားလီဘီ
အနေဖြင့် အဆင့်မြင့် ရွှင်းအဆင့်ကျင့်စဉ်ကို ဘယ်လောက်
ပဲ ပေးရပေးရ လေလံဆွဲဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

အူးမြူးစွာ ကြည့်နေတဲ့ အော့ပါးဘာကို လျစ်လျူရှုလိုက်ပြီး
ဂျားလီဘီ အံကြိတ်ကာ လေလံထပ်တင်လိုက်သည်။
" လေးသိန်း ခြောက်သောင်း "

ဘာမှမဖြစ်သလို မထုံတက်သေးအမူအရာဖြင့် ရှောင်ကျန်း
ဂရုမစိုက်ဘဲ နောက်ထပ် လေလံကြေးထပ်မြှင့်လိုက်သည်။
" ငါးသိန်း "

အခန်းမအလယ်နေရာကနေ အပြိုင်အဆိုင် ဈေးပြိုင်ပေးနေ
သည်ကို ကြည့်ပြီး ရဖေး ပို၍ပို၍ အပြုံးဝေဆာလာသည်။

မျက်လုံးနီရဲလျက် ခနစဉ်းစားလိုက်ပြီး ဂျားလီဘီ ကြေးထပ်
မြှင့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
" ငါးသိန်း ငါးသောင်း"

" မင်း နိုင်သွားပါပြီး.."
ရှောင်ကျန်း လေလံထပ်မဆွဲတော့ဘဲ ပြုံးလိုက်သည်။
ဂျားလီဘီ လေလံကြေး ထပ်မြှင့်လိုက်သည်ကို ကြားလိုက်
သည်နှင့် ရှောင်ကျန်း  လေလံထပ်တင်လိမ့်မည်ဟု အား
လုံးက ထင်ကြပေမဲ့  အားလုံးရဲ့အထင်နှင့် လွဲမှားသွားကြ
သည်။ ရှောင်ကျန်း လေလံထပ်မဆွဲတော့ဘဲ ပြုံးလိုက်ကာ 
ဂျားလီဘီကို အရှုံးပေးလိုက်ရဟန်ဖြင့်မခံချင်အောင် ပြော
လိုက်သည်။ 

ဂျားလီဘီ၏ အံ့သြနေတဲ့မျက်နှာမှာ တဖြည်းဖြည်း မည်း
မှောင်လာသည်။ သူ ထောင်ချက်မိသွားမှန်း သိလိုက်သည်။

" ရှောင်ကျန်း.. ဟွန့်... မင်းနိုင်ပါတယ်.. ငါ ဒါကို ကောင်း
ကောင်း မှတ်ထားမယ် "

ရှောင်ကျန်းကို အခဲမကျေစွာ ပြောလိုက်ပြီးနောက် ခန်းမ
အလယ်မှာ ကြောင်ရပ်နေတဲ့ ရဖေးကို ခေါင်းမော့ကြည့်
လိုက်သည်။ အလွန်အမင်း ဒေါသထွက်နေပေမဲ့ သူဟာ 
ဒေါသနောက် စိတ်လိုက်မာန်ပါလုပ်တတ်သူတစ်ယောက်
မဟုတ်ပေ။ မျက်နှာတင်းမာစွာဖြင့် ခံစားချက်ကိုမျိုသိပ်
လိုက်ပြီး
" မိန်းကလေးရဖေး.. လေလံပွဲက ပြီးသွားပြီးမလား.."

ဂျားလီဘီ၏ ဒေါသထွက်နေဆဲ အကြည့်ဖြင့် စိုက်ကြည့်နေ
သော်လည်း ရဖေး မျက်နှာအမူအရာလုံးဝမပြောင်းလဲပဲ
တည်ငြိမ်စွာပြုံးလိုက်သည်။ ဒါပေမဲ့ သူမမျက်ဝန်းမှာ 
လှောင်ရယ်လိုဟန်အရိပ်အငွေ့တွေ မြင်နေရသည်။ ထို့
နောက် စားပွဲခုံကို တူဖြင့် အသာအယာထုလိုက်ပြီး

" လေမုန်တိုင်းအော်ဟစ်သံကျင့်စဉ်ကို လူကြီးမင်း ဂျားလီ
ဘီ မှ လေလံအနိုင်ရရှိပါတယ်.."

လေလံပွဲ နောက်ဆုံးပိတ်မြင်ကွင်းကို ကြည့်ပြီး ရှောင်ယွင်
ပြုံးလိုက်ကာ ထိုင်ခုံကနေ အေးဆေးစွာ ထပြီး လေလံခန်းမ
ကနေ ထွက်ခွာသွားသည်။ 

လေလံခန်းမအဝ ကိုရောက်တဲ့အချိန်မှာ ရှောင်ယွင်
တိုးတိုးလေး ရေရွတ်လိုက်သည်။

" ဟူးး.. ပိုက်ဆံရပြီးရင် လေ့ကျင့်ခန်းကို အရင်စကျင့်မယ်
 နောက် တစ်နှစ်ကျရင် အဖေ့ကို အံ့သြအောင်လုပ်ပြမယ်.. "

.........

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...