Followers

Chapter 26

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 26.   အရှိန်အဟုန်မြင့်လေ့ကျင့်ခြင်း

" ရှစ်ဆ ပြင်းထန်.. "

တောအုပ်တစ်ခုအတွင်း.. အားမာန်ထည့်ပြီး အော်ဟစ်သံ 
ဟိန်းထွက်လာသည်။

သွက်လက်မြန်ဆန်တဲ့ လူပုံရိပ်တခုဟာ သစ်ပင်တွေကြား
မှာ ခုန်ပျံကျော်လွှားလျက်ရှိသည်။ တောအုပ်မှာ အကိုင်း
အနွယ်တွေနှင့် အလွန်တရာ ထူထပ်လှပေမဲ့ သူကို ပိတ်
ဆို့ထားရန်မဖြစ်နိုင်ပေ.. ။

ခနအတွင်းမှာပဲ လူရိပ်ဟာ တစ်ပေခွဲမျှထူသည့် သစ်ပင်ကြီး
အရှေ့မှာ ရပ်လိုက်ပြီး ကိုယ်ကို တခြမ်းစောင်းကာ 
တံတောင်ဆစ်ဖြင့် သစ်ပင်ကို အရှိန်နှင့် ပစ်ဆောင့်လိုက်
သည်။

" ဘုန်း... "
သစ်ပင်တစ်ခုလုံး ပဲ့ထွက်သွားသကဲ့သို့ ကျယ်လောင်လှတဲ့
အသံ ထွက်ပေါ်လာသည်။ ပစ်ဆောင့်လိုက်တဲ့ နေရာမှာ 
ပင့်ကူအိမ်ကဲ့သို့ အက်ရာများ ထွက်ပေါ်လာပြီး အပင်လုံး
တစ်လျှောက် ဖြန့်အက်သွားသည်။ 

" ခရက်... "
သစ်ပင်ပင်စည်မှာ အပေါက်ကြီး ဖြစ်နေပြီး အက်ကွဲသံများ
ကျယ်လောင်စွာ မြည်ဟီးလာပြီး ခနအကြာမှာ မြေပြင်ပေါ်
ဗိုင်းခနဲ လဲကျသွားသည်။

သစ်ပင်ကြီး လဲကျသွားတာကို ကြည့်ပြီး ရှောင်ယွင်၏ 
နုနယ်တဲ့မျက်နှာလေးမှာ အပြုံးဖြစ်ပေါ်လာသည်။ လေ့
ကျင့်ခဲ့တဲ့ သုံးလတာကာလပတ်လုံး အဆင့်မြင့် ရွှင်းအဆင့်
ဖြစ်တဲ့ ရှစ်ဆပြင်းထန်သိုင်းကို ဒီတစ်ကြိမ်သာ အောင်မြင်ခဲ့
ခြင်းဖြစ်၏။ ဒီအဆင့်ရှိတဲ့ သိုင်းနှင့်ပင် ယှဉ်လို့ရနိုင်သည့်
ရှစ်ဆပြင်းထန်သိုင်းဟာ ရှောင်ယွင်၏ စွမ်းရည်ကို မနိမ့်ကျ
စေချေ။ ရှစ်ဆပြင်းထန်သိုင်းကို အသုံးပြုမည်ဆိုပါက ယခု
ရှောင်ယွင် အဆင့် ၆ ရောက်နေပေမဲ့လည်း အဆင့်၈ တစ်
ယောက်၏ တိုက်ခိုက်မှုစွမ်းအားနှင့်  ကောင်းကောင်းယှဉ်
 နိုင်သည်။ 

...........
လူတစ်ယောက်၏ ဒိုစွမ်းအင်အဆင့် အပေါ်ကို တက်လှမ်း
လာလေ.. သူ့အတွက် ဒိုစွမ်းအင်စုပ်ယူစုဆောင်းဖို့ ပိုမိုခက်
ခဲလာလေ ဖြစ်၏။ ဒါပေမဲ့ ရှောင်ယွင် လေလံပွဲကနေ ပြန်
ရောက်လာပြီးနောက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို ဆက်
တိုက် လုပ်ဆောင်ခဲ့ပြီးနောက် သုံးလနှင့် ရက်အနည်းငယ်
အတွင်း အဆင့် ၅ မှ အဆင့် ၆ သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

နှစ်လအတွင်း အဆင့်၅ ရောက်ရှိခဲ့သည့် အလျင်နှုန်းနှင့်
ယှဉ်ကြည့်လျှင် အဆင့် ၆ ရောက်ဖို့ အချိန်သုံးလ ယူလိုက်
ရသော်လည်း ရှောင်ယွင် အင်မတန် ကျေနပ်နေမိသည်။ 
အရင်တုန်းက ရှောင်ယွင် အဆင့်၅ မှ အဆင့်၆ ရောက်ရှိ
ရန် နှစ်ဝက်လုံးလုံး လေ့ကျင့်ခဲ့ရသည်။ ယခု အရှိန်နှုန်းမှာ
အင်မတန် ကြောက်မက်ဖွယ် ကောင်းလှသည်။
................

ရှစ်ဆပြင်းထန်သိုင်းကို အသုံးပြုပြီးအချိန်မှာတော့ ရှောင်
ယွင် တကိုယ်လုံးဟာ ရေညှစ်ခံထိထားတဲ့ ရေမြှုပ်တုံးလို
ဖြစ်နေသည်။ သိသာထင်ရှားတဲ့ နာကျင်မှုဟာ သူ့အာရုံ
ကြောတွေကို ထိုးနှက်နေသလို လက်မောင်းပေါ်ရှိ သွေး
ကြောတွေမှာလည်း သိသာထင်ရှားစွာ တဆတ်ဆတ်
တုန်ယင်နေသည်။ ဒါဟာ အင်မတန်မောဟိုက်နေခြင်း
ရဲ့ လက္ခဏာများ ဖြစ်သည်။

 ရှောင်ယွင် နှုတ်ခမ်းသပ်ပြီး ညာဘက်တံတောင်ကွေးဘက်
ကို လှည့်ပြီး ငုံ့ကြည့်လိုက်သည်။ ညိုမည်းစွဲနေတဲ့ ဒဏ်ရာ
ကို မြင်လိုက်ရ၏။

" အ!! "
ရှောင်ယွင်နှုတ်ခမ်းထောင့်လေး တွန့်လိုက်ပြီး အသက်ကို 
ရှုသွင်းလိုက်သည်။ ပြီးနောက် မအီမသာဖြင့် ပြုံးလိုက်ပြီး..
" ဒီလောက်ကြမ်းတမ်းတဲ့ ထိုးချက်ကို ခံနိုင်ရည်ရှိတာ 
မဆန်းပါဘူး... မဟုတ်ရင် ဒီထိုးချက်ကြောင့် သစ်ပင်မကျိုး
ဘဲ ငါလက်ပဲ ကျိုးသွားမယ်.. ဒီရှစ်ဆပြင်းထန်သိုင်းက 
အရမ်းကို ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိတဲ့သူတွေပဲ ခံနိုင်
ရည်ရှိလိမ့်မယ်.. "

ရေခဲတုံးလို အေးစက်တဲ့ ကျောက်တုံးပြင်ပေါ် လှဲအိပ်ချ
လိုက်၏ တဖြည်းဖြည်းနှင့် မောဟိုက်စွာ အသက်ရှုနေတာ
လည်း တည်ငြိမ်လာသည်။ ဒါပေမဲ့ တကိုယ်လုံးတွင် 
တဆစ်ဆစ်နာကျင်ကိုက်ခဲနေခြင်းကြောင့် လက်ချောင်း
ကလေးပင် လှုပ်ခြင်းစိတ်မရှိချေ။ 

ရှောင်ယွင်က အဆင့်၆ ပဲရှိသေး၍ ရှစ်ဆပြင်းထန်သိုင်း
ကွက်ကို တကြိမ်သာ ထုတ်သုံးနိုင်သေးပြီး အသုံးပြုပြီးပါက
ရှိသမျှအားအင်တွေ အချိန်အတော်ကြာသည်အထိ လုံးဝ
ကုန်ခန်းနေမည် ဖြစ်သည်။

ရှောင်ယွင် ခေါင်းကို လှန်ချအိပ်လိုက်ပြီး မျက်စိကို မှေးမှေး
လေးဖွင့်ထားကာ အပေါ်ကောင်းကင်ပေါ်မှာ မျောလွှင့်နေ
တဲ့ မိုးတိမ်တွေကို ပျင်းရိစွာ ကြည့်နေလိုက်သည်။ လေပြေ
လေးများ ပြေးလွှားကျီစယ်နေခြင်းကြောင့် အနက်ရောင်
ဆံပင်စလေးများက သူ့၏ နဖူးပြင်ပေါ်မှာ ကြိမ်ဒဏ်ပေး
သည့်နှယ် လှုပ်ခတ်ရိုက်ခါလျက်.... 

ပြီးဆုံးခဲ့သည့် ကာလအတွင်း ရှောင်ယွင် စုပ်ယူသန့်စင်
ထားသည့် အခြေခံဆေး၏စွမ်အင်များမှာ ယခုသူအနား
ယူနေသည့်အချိန်တွင် ခန္ဓာကိုယ်အတွင်း စတင်လှည့်ပတ်
အလုပ်လုပ်လျက်ရှိသည်။ ခန္ဓာကိုယ်ကြွက်သားတစ်ရှူးနှင့်
ကလာပ်စည်းများကို အစွမ်းကုန် ပြုပြင်ပေးပြီး စွမ်းအင်
အသစ်များကို ဖြည့်တင်းပေးသည်။

" ဆရာ... အဆင့် ၇ ကို ရောက်ဖို့ ကျွန်တော် ဘယ်လောက်
ကြာအောင် လေ့ကျင့်ရဦးမှာလဲ... "
မျက်လုံးကို မှိတ်ထားလျက် လေသံတိုးတိုးဖြင့် မေးလိုက်၏။

သူ့ရည်ရွယ်ချက်က အဆင့် ၇ ကို ရောက်သွားရင် ရှောင်
မျိုးနွယ်၏ ဒိုချီခန်းမကို ဝင်ခွင့်ကို ရယူပြီး အတွင်းစွမ်းအင်
ကျင့်စဉ်လေ့ကျင့်မည် ဖြစ်သည်။ အဲ့မှာရှိတဲ့ ကျင့်စဉ်တွေ
က သူ့အတွက် အဆင့်နိမ့်တဲ့ ကျင့်စဉ်ပေမဲ့လဲ ဒိုချီခန်းမ ဝင်
ခွင့်အတွက်က သူ့အဖေ၏ ဂုဏ်သိက္ခာအတွက် ဖြစ်သည်။

ကျောက်တုံးကြီးဘေးနားမှာ ရွဲ့လော် သူ၏ အကြည်ပါးပါး
ခန္ဓာကိုယ်နှင့် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် အေး
စက်တဲ့ လေပြေတောင် တိုက်ခတ်သွားသည်။ 

ရွဲ့လော် ပျော်ရွှင်နေတဲ့ မျက်နှာထားဖြင့် သူ့တပည့်ကို 
ကြည့်လိုက်ပြီးနောက် လဲကျနေတဲ့သစ်ပင်ကြီးကို ဂရုပြု
ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့်

" ငါထင်တာထက် မင်းရဲ့ လေ့ကျင့်နှုန်းက တော်တော်မြန်
တာပဲ... မူလငါတွေးထားတာက အခြေခံဆေးလုံးအကူ
အညီနဲ့ဆို အဆင့် ၇ ကို တစ်နှစ်အတွင်းရောက်မယ်လို့
ငါတွေးမိတယ်....  ဒါပေမဲ့ အရင်တုန်းက ဖိနှိပ်ထားတာများ
ပြီး ပြန်ကန်ထွက်လာတယ်ထင်ပါရဲ့.... အခုအခြေအနေ
အရ နှစ်လအတွင်းမှာ အဆင့် ၇ ကို ရောက်ကို ရောက်လိမ့်
မယ်... "

သူ့ဆရာစကားကို ကြားလိုက်ပြီးအချိန်မှာ ရှောင်ယွင်ရဲ့ 
နှုတ်ခမ်းထောင့်မဲ့ရွဲ့သွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။ 
သုံးနှစ်လုံးလုံး သူ့ကို လှောင်ပြောင်နှိမ့်ချခဲ့တဲ့သူတွေ ယခု
သူ့၏ စွမ်းအားကိုသာ မြင်တွေ့သွားခဲ့ရင် ဘယ်လိုမျက်နှာ
တွေ ဖြစ်ကုန်လိမ့်မလဲဆိုတာ သိချင်နေမိသည်။ ခန်းမကြီး
ထဲမှာ နာလန်ရိရွမ်ကို စိန်ခေါ်ခဲ့တုန်းက ပြောခဲ့တဲ့ စကား
တွေက သူတို့ကိုလည်း သွယ်ဝိုက်ထိမှန်ခဲ့သည်မဟုတ်လား..

" ငါ ရှောင်ယွင်.. ပြီးခဲ့တဲ့ သုံးနှစ်တုန်းက မဖြစ်နိုင်တာတွေ 
လုပ်ပြနိုင်ခဲ့တယ်... သုံးနှစ်ပြီးတော့ အခု ငါ ပြန်လုပ်ပြနိုင်
သေးတယ်ကွ... "

လွန်ခဲ့တဲ့ နှစ်ဝက်အချိန်တုန်းက ခန်းမကြီးထဲမှာ နာလန်ရိ
ရွမ်၏ နှိမ့်ချစော်ကားခဲ့တာတွေ တွေးရင် သူ့မျက်လုံးတွေ
တဖိတ်ဖိတ် တောက်ပလာသည်။ တယောက်တည်း သူ့၏ 
ပုံရိပ်မှာ အထီးကျန်ပေမဲ့လည်း မာကျောသည်.. သန်မာ
သည်.. လက်မလျှော့စတမ်း ဇွတ်ပေပြီး လုပ်တတ်တဲ့ 
သဘောရှိသည်။ ရုတ်တရက် နှုတ်ခမ်းမဲ့လိုက်ပြီး ကောင်း
ကင်ကို မော့ကြည့်တာ ကြုံးဝါးအော်ဟစ်လိုက်သည်။

 " နာလန်ရိရွမ်...မင်းဆီကို  ငါ တစ်လှမ်းပြီးတစ်လှမ်း
အရောက်လာခဲ့မယ်.. နောက်သုံးနှစ်ကျရင် မင်းကို တိမ်မြူ
ဂိုဏ်မှာ အရောက်လာတွေ့မယ်..!!!! "

ရွဲ့လော်က သူ့တပည့် ကြုံးဝါးအော်ဟစ်နေတာကို မတား
ဘဲ ပြုံးပြီးကြည့်နေသည်။ လူဆိုတာ ရင့်ကျက်ဖို့ အခက်
ခဲဖိအားတွေ လိုအပ်သည်။ ရှောင်ယွင်က အရည်အချင်း
တွေ ရှိသည်မှန်သော်လည်း သု့အတွက် ရှေ့ဆက်တွန်းပေး
မဲ့ လှုံ့ဆော်တွန်းအားပေးမှု တစ်ခုလိုနေသည်။ နာလန်ရိရွမ်
ရဲ့ ဆုံးဖြတ်ချက်က ရှောင်ယွင်အတွက် အကောင်းဆုံးတွန်း
အားတစ်ခု ဖြစ်စေခဲ့သည်။ 

" လေးစားခံအဆင့်အထိ ရောက်ရှိဖို့ သူမကို မင်းအတွက် 
နင်းတက်သွားဖို့ ကျောက်ခင်းတုံးလို သဘောထားလိုက်ပါ..
ပန်းတိုင်ရောက်ဖို့အတွက် အဝေးကြီးခရီးဆက်ရဦးမယ်... "

အကြိမ်ဖန်များစွာ အော်ဟစ်ပြီးလေ ရှောင်ယွင်မျက်မှာမှာ 
ပိုပိုပြီး ပြုံးလာလေသည်။

" သွားမယ်... လေ့ကျင့်ဖို့ရှိသေးတယ် ပြန်ရအောင်.. "

ကျောက်တုံးပေါ်ကနေ ခုန်ချလိုက်ကြီးနောက် ရွဲ့လော်ကို 
လက်ဝှေ့ယမ်းပြလိုက်ကာ တောင်စောင်းကနေ ပြေးဆင်း
သွားသည်။ မျက်နှာမှာ ပြုံးနေလျက်ပဲ...

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...