Followers

Chapter 17

အခန်း ၁၇   ဝိရောဓိ

     "အကို ရှောင်ယွင်.."

  မိန်းကလေးငယ်ဟာ အရှက်သည်းဟန်ဖြင့် ရှောင်ယွင်
အရှေ့မှာ မတ်တပ်ရပ်နေသည်။ သူမ၏ နူ့ညံ့ပြီး ဖြူနုတဲ့ 
လက်နှစ်ဖက်ကို ခါးအနောက်ဘက်ပို့လိုက်ကာ
ခါးအနည်းငယ်ညွတ်လိုက်ကာ ရှောင်ယွင်ကို ခေါ်လိုက်၏။
လခြမ်းလေးလို သူမ၏ မျက်လုံးလှလှလေးဟာ ရွှန်းလဲ့
တောက်ပနေသည်။ ပြေပြစ်ချောမောတဲ့ မျက်နှာပြင်မှာ 
ပါးချိုင့်လေးနှစ်ခုက ပါးပြင်ပေါ်ထက် နေရာယူထားသလား။

      ကိုင်ထားတဲ့စာရွက်ကို ဖတ်နေရင်း ရှောင်ယွင်အရှေ့
မှာရပ်နေတဲ့ ရှင်းအာကို လှည့်ကြည့်လိုက်ပြီး တခါတည်း
ကွင်းတခုလုံးဘက်ကိုပါ လှမ်းကြည့်လိုက်၏။ ကွင်းတခု
လုံးက သူ့ကို စိန်းစိန်းစိုက်ကြည့်နေသည်ကို မြင်၍ မနေနိုင်
ဘဲ ပြောလိုက်သည်။
 "ညီမလေး...နင်အရမ်းဆွဲဆောင်မှုရှိတာ ငါသိပါတယ်..
ဒါပေမဲ့ ငါ့ဆီ လာကြွားဖို့ မလိုပါဘူး.. ဟုတ်တယ်မလား... " 
     
   " ဟီဟီ " 
 
   ရှင်းအာ ရယ်မောလိုက်ကာ ရှောင်ယွင်ဘေးနား ကပ်ထိုင်
လိုက်ပြီး အားရပါရ နောက်ကျောဘက် အကြောဆန့်လိုက်
၍ တင်းရင်းတဲ့ ကောက်ကြောင်းကို အထင်သားမြင်နိုင်ပြီး
အင်္ကျီကြပ်ကြပ် က အလှအပတရားကို ပေါ်လွင်အောင် ပြု
လုပ်နေသကဲ့ပင်ဖြစ်၏။
    
   သိုင်းကျမ်းစင်ပေါ် သိုင်းစာလိပ်များကို ယူကြည့်နေရင်း
ရှောင်ယွင်ကို ငေးကြည့်ကာ မေးလိုက်၏။ 
   " အကိုရှောင်ယွင် အဆင့်၎ ကိုတက်သွားတာလား.."

  သိုင်းကျမ်းထဲ အာရုံဝင်စားနေတဲ့ ရှောင်ယွင် အလန့်တ
ကြား မော့ကြည့်လိုက်သည်။ အဆင့် ၁၀ ဆိုတာ ပြောရရင်
ဒိုချီစွမ်းအင်အဆင့်နဲ့ယှဉ်ကြည့်တဲ့အခါ အောက်ခြေအဆင့်
နေရာမှာပဲ ရှိနေပြီး မပြောပလောက်တဲ့ အဆင့်ဖြစ်သည်။
သူ့၏ ဒိုစွမ်းအင်ကို ထုတ်သုံးလိုက်တဲ့အခါ ဒါမှမဟုတ် 
ဒိုစွမ်းအင်စမ်းသပ်ကျောက်တိုင်ဖြင့်သာ စမ်းသပ်မှသာ
ရောက်ရှိနေတဲ့ အဆင့်ကို သိနိုင်ပြီး အဲဒါတွေ မသုံးဘူး
ဆိုရင် သိနိုင်မှာ မဟုတ်ချေ။ ဒါပေမဲ့ ရှင်းအာကတော့ 
စက္ကန့်အပိုင်းမျှသာ အချိန်ယူပြီးတော့ ချက်ချင်းပြောနိုင်ခဲ့
သည်မှာ အလွန်အံ့သြစရာကောင်းလှသည်။ 
  
    ဒီမိန်းကလေးက ဘယ်ကလာတာလဲ.???
ပြီးတော့ ရှောင်နင်နှင့် ယှဉ်ပြိုင်စဉ်မှာလည်း သူမအသုံးပြု
ခဲတဲ့ သိုင်းဟာလည်း အဆင့်မြင့်သိုင်းတခုမှန်း သိသာပြီး
၎င်းသိုင်းကလည်း သူတို့ ရှောင်မျိုးနွယ်ရဲ့ သိုင်းလည်း 
မဟုတ်ပါ။ ရှင်းအာ၏ လျှို့ဝှက်ချက်ပေါင်းစုံကို ခေါင်းရှုပ်ခံ
စဉ်းစားနေပြီးနောက် ဘေးနားမှာထိုင်နေတဲ့ ရှင်းအာကို 
ငဲ့ကြည့်လိုက်ကာ ပခုံးတွန့်ပြလိုက်ပြီး ခေါင်းညိတ်လိုက်၏။
  " ဟုတ်တယ် အဆင့်၎ ရောက်နေပြီး... "

  ခေါင်းညိတ်တာကို မြင်တော့မှ ရှင်းအာ ကျေနပ်စွာ ပြုံး
လိုက်ပြီး 
"  ၁၅ ရက်လောက် ပျောက်နေတာ ဒါကြောင့်မဟုတ်လား.."

    ရှောင်ယွင် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဝန်ခံ
လိုက်၏။ ပြီး တောင်ဖြိုသိုင်းကျမ်းကို ပြန်ကြည့်ရင်း မေး
လိုက်သည်။
          " ဘယ်လိုလုပ်ပြီး ဒီမှာ လာပြိုင်တာလဲ.."

    " ပျင်းလို့... "
ရှောင်ယွင်ပခုံးတွန့်တတ်တဲ့အမူအရာအတိုင်း တထေရာ
ထည်း ရှင်းအာ လုပ်ပြလိုက်ကာ ဖြေလိုက်၏။ ပြုံးနေတဲ့ 
မျက်နှာဟာ ညှိုးကျသွားဟန်ပြောင်းသွားပြီး
" ပြီးခဲ့တခေါက်က စပြီး ရှင်းအာကို အကိုရှောင်ယွင်မှ လာ
မတွေ့တော့တာ... ရှင်းအား အကြွေးအတင်းလိုက်တောင်း
နေမှာစိုးလို့ ထွက်ပြေးနေတာမလား.. "

       ရှောင်ယွင် တချက် ကြောင်သွားပြီး အားနာဟန်ဖြင့် 
ရယ်ချလိုက်ခါ
 " အရွယ်ရောက်ခြင်းအခမ်းအနားက တစ်နှစ်ပဲ ကျန်တော့
တာ... လေ့မကျင့်ဘဲနေနေတယ်လို့ ထင်နေတယ်မလား.."
    ရှင်းအာ၏ စိတ်မကောင်းတဲ့ဟန်ကို မြင်၍ ခေါင်းလေးကို
 နုညံ့စွာ ပွတ်သပ်လိုက်ပြီး လေသံတိုးတိုးဖြင့်
" ရှင်းအာကို ပစ်မထားဘဲ ခနခနလာလည်မယ်နော်.. "

   ရှောင်ယွင်၏ ကတိစကားကို ကြားရတော့မှ ရှင်းအာ
မျက်နှာလေး ပြန်ပျော်ရွှင်သွား၏။ ရှောင်ယွင်အပေါ်
ရှင်းအာ၏ ရင်းရင်းနှီးနှီးဆက်ဆံပုံကြောင့် လေ့ကျင်းကွင်း
က ပုရိသအပေါင်းသည် ရှောင်ယွင်ကို မျက်ထောင့်နီဖြင့်
မနာလိုစွာ ဝိုင်းကြည့်စေခဲ့သည်အထိ ဖြစ်ခဲ့သည်။

   ကျမ်းစင်နားမှာ ထိုင်ပြီးရယ်မောနေတဲ့ ရှင်းအာတို့နှစ်
ယောက်ကို ကြည့်ရင်း ရှောင်နင်မျက်နှာမှာ ရုပ်ဆိုးသွား
လောက်သည်အထိ ဖြစ်သွား၏။ လက်သီးတင်းတင်းဆုပ်
လိုက် ပြန်ဖြည်ချလိုက်နှင့် ဒေါသက အလိပ်အလိပ်ထွက်
နေ၏။

    ထိပ်သီးအကြီးအကဲတယောက်၏ မြေးအနေဖြင့် ရှောင်
နင် ကိုယ့်ကိုယ်ကို အမြဲဂုဏ်ယူဝင့်ကြွားခဲ့သသည်။ ရှင်း
အာကိုလည်း သူ့အနာဂတ်လက်တွဲဖော်ဟု စိတ်ထဲမှာ 
တဖက်သတ် သတ်မှတ်ထားခဲ့သည်။ 

    ယခု သူ့ဇနီးလောင်းလို့ ရည်စူးထားသူက တခြားလူနှင့်
ရင်းရင်းနှီးနှီး ဖြစ်နေတာကို မြင်လိုက်၍ မနာလိုသွားခြင်း
ဖြစ်သည်။  သူတန်ဖိုးအထားဆုံးလူက အမှိုက်သာသာ
လို့ သူသဘောထားခဲ့တဲ့ ရှောင်ယွင်နှင့် ရင်းနှီးနေတာက 
ပိုဆိုးသွားတဲ့ အချက် ဖြစ်သည်။

   ဒေါသအခိုးတွေ မျက်လုံးမှာ တလိပ်လိပ်တက်နေခဲ့ပြီး
နောက် ရှောင်နင် လေပူမှုတ်ထုတ်လိုက်ပြီး တည်ငြိမ်
အောင် စိတ်ကို ထိန်းချုပ်လိုက်ကာ ဟန်ဆောင်အပြုံးတခု
ပြုံးလိုက်သည်။ အဝတ်အစားကိုလည်း သပ်သပ်ရပ်အောင်
သပ်ချလိုက်ပြီး အားလုံးရဲ့ အကြည့်အောက်မှာပဲ ရှင်းအာ
တို့ဆီကို လျှောက်သွားသည်။ 
    
     ရှောင်ယွင်ဆီကို လျှောက်သွားတဲ့ ရှောင်နင်ကို ကြည့်
ပြီ ခန်းမဆောင်ကလူတွေအကုန်လုံး ပျော်ရွှင်သွားကာ
လှောင်ပြောင်ပြုံးလိုက်ကြသည်။ သူတို့လှောင်ပြုံးက 
ရှောင်နင်ကို ဦးတည်နေခြင်းမဟုတ်ဘဲ စိတ်ကြီးဝင်နေ
သယောင် ဖြစ်နေတဲ့ ရှောင်ယွင်ကိုသာ လှောင်ပြုံးခြင်း
ဖြစ်သည်။ 

     စာရွက်ပေါ်မှာ သရုပ်ဖော်ရေးဆွဲထားတဲ့ သိုင်းကွက်ကို 
ရှောင်ယွင် စူးစိုက်ကြည့်နေရင်း ရှောင်ယွင် တောင်ဖြိုလက်
ဝါးသိုင်းအတွက် အရေးကြီးတဲ့ အဓိကအချက်တွေနဲ့
လိုအပ်တဲ့ လှုပ်ရှားဟန်တွေကို အလွတ်မှတ်သားလိုက်သည်။

   ရှောင်ယွင်၏ ပြေပြစ်တဲ့မျက်ခုံးဟာ တဖန်တွန့်ချိုးသွား
ပြီး အသက်ပြင်းချလိုက်သည်။ ရှောင်ယွင်၏ ထက်မြက်
တဲ့ စိတ်ဝိညာဉ်အမြင်အာရုံကြောင့် ခန်းမဆောင်အတွင်း
ရှိသမျှ လှုပ်ရှားမှုကို မြင်နိုင်သည်။ အထူးသဖြင့် သူ့ဆီ
လျှောက်လာနေတဲ့ ရှောင်နင်ကိုလည်း ခေါင်းမော့မကြည့်ဘဲ
သိလိုက်သည်။ 

   ဒီကောင်မလေး ပြဿနာကောင် ကို ခေါ်လာတာပဲ....
ရှောင်ယွင် ပင့်သက်ချလိုက်ပြီး သိုင်းစာရွက်ကို ပြန်လိပ်
လိုက်သည်။ 
 
    " ဟားဟား ညီလေးရှောင်ယွင်က ဒီမှာ သိုင်းကျမ်းလာ
လေ့လာနေတာလား.. ? အဆင့်မြင့်သိုင်းကျမ်းလိုရင်
ဟောဒီက အကိုကြီးကို အကူအညီတောင်းလို့ရပါတယ်...
ဒါပေမဲ့ တချို့သိုင်းတွေကျတော့ ပေးခွင့်ပြုမယ်လို့ ငါတော့
မထင်ပါဘူးကွာ.. ဟားဟား " 
ရှောင်ယွင်အရှေ့မှာ ရပ်ပြီး  ပြုံးလိုက်ကာ အထက်စီးဆန်ဆန်
လေသံဖြင့် ပြောလိုက်သည်။ 

    ရှောင်ယွင် အသက်ပြင်းတခါ ချလိုက်ပြန်သည်။ သူ့ကို
ရှောင်နင် ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ပြောင်နေတာပဲ...

    ရှောင်ယွင် မျက်နှာကို မဲ့ရွဲ့ပြလိုက်ပြီး
" ရှောင်ရှင်းအာ ရဲ့ အာရုံစိုက်တာကို လိုချင်လို့ ဒီလိုလုပ်နေ
တယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ တခုတော့ပြောလိုက်မယ်
... ဒီအကွက်တွေက အရမ်းကလေးဆန်တယ်.. "

   ရှောင်ယွင်ရဲ့ ပြောစကားကို နားထောင်ပြီးနောက် ရှောင်
နင်မျက်နှာဟာ လုံးဝ ပျက်သွားသည်။ အမြဲလိုလိုအေးဆေး
ငြိမ်သက်တဲ့သူက ယခုလို ပြောရဲလိမ့်မည်ဟု သူမထင်မှတ်
ခဲ့ပေ။ ရှောင်နင် အထင်သေးစွာ လှောင်ပြုံးလိုက်ပြီး 
" ကြည့်ရတာ ငါ့ကို အထင်သေးနေတဲ့ပုံပဲ.. ဘယ်လိုလဲ..
ငါတို့ တစ်ပွဲတစ်လမ်း စမ်းကြည့်ရအောင်.. ဒီနှစ်အတွင်းမှာ
ဘယ်လောက်တိုးတက်လာသလဲဆိုတာ ပြလိုက်ရအောင်.."

    " တစ်ပွဲတစ်လမ်း စမ်းကြည့်မယ် ဟုတ်လား.."
သိုင်းစာလိပ်ကို ပစ်ချလိုက်ပြီး ရှင်းအာ အေးစက်စွာမေး
လိုက်သည်။

   ရှောင်ယွင်အစား ရှင်းအာ မခံမရပ်ဖြစ်သွားတာကို တွေ့
လိုက်၍ ရှောင်နင် မျက်လုံးတချက်ကျယ်သွားသည်။ 
မနာလိုမှုတွေ ပိုမိုတောက်လောင်သွားကာ မခံချင်အောင်
လှောင်ပြောင်လိုက်ပြန်သည်။
" အဟက် မိန်းမတယောက်အနောက်မှာ ဘယ်လိုပုန်းနေ
ရမလဲဆိုတာပဲ သိတာလား.. ဟား.."

  စင်ပေါ်က သိုင်းကျမ်းစာလိပ် တလိပ်ကို ရှောင်ယွင် ဆွဲ
ထုတ်လိုက်လိုက်ပြီး ကပ်ညှိနေတဲ့ ဖုန်ကို မှုတ်ထုတ်လိုက်
သည်။ ပြီးနောက် အေးဆေးစွာဖြင့် 
" လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဒီစကားကို မပြောရဲခဲ့ဘူးမလား..."

 အမှန်တိုင်းပြောရရင် ရှောင်ယွင်ရဲ့ အေးစက်စက်နှင့် ခံစား
ချက်ကင်းမဲ့တဲ့ ပုံသဏ္ဌာန်က မရင်နှီးတဲ့သူတွေအတွက် 
နားထင်သွေးရောက်ပြီး ဟန်ကြီးပန်ကြီးသူတယောက်လို့
အတွေးရောက်စေနိုင်သည်။ 

    ရှောင်နင် ကသိကအောက်ဖြစ်ကာ ဒေါသဖြစ်စွာ သွား
ကို အသံမြည်သည်အထိ တင်းတင်းကြိတ်လိုက်သည်။ 
ဘယ်လောက်ပင် ဒေါသထွက်နေသော်လည်း ရှောင်ယွင်
ကို အနာတရဖြစ်အောင် သူမတိုက်ခိုက်ရဲပါ။ ရှောင်ယွင်၏
လက်ရှိအဆင့်က ဘယ်လောက်ပင်ဆိုးရွားနေပေမဲ့ သူက
မျိုးနွယ်ခေါင်းဆောင်၏ သားတယောက် ဖြစ်နေဆဲပဲ။ 

   အသက်ပြင်း တချက်ရှိုက်လိုက်ပြီး ရှောင်ယွင်ကို စိုက်
ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
" ရှောင်ယွင်.. လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက မင်းဟာ ပါရမီ
ရှင်မဟုတ်တော့ဘူး.. အခု မင်း ဒုက္ခိတအမှိုက်သာသာ ဖြစ်
နေပြီး... မင်းဟာ ရှင်းအာနဲ့ လုံးဝ မထိုက်တန်ဘူး.. မင်းဟာ
ယောင်္ကျားတယောက်ဆိုရင် အမြန်ဆုံးနောက်ဆုတ်လိုက်
ပါ... ဒါမှ မဟုတ်ရင်လည်း အခု လက်ရည်မစမ်းလိုက်ရပေ
မဲ့ နောက်နှစ် အရွယ်ရောက်ခြင်း အခမ်းအနားမှာ
တယောက်ယောက်ရဲ့ စိန်ခေါ်ယှဉ်ပြိုင်မှုကို လက်ခံရလိမ့်
မယ်... အဲ့မှာ တကယ့်ဒုက္ခိတတယောက် မဖြစ်ချင်ဘူးဆို
ရင် ငါ အကြံပေးတာ နားထောင်လိုက်... အခုဒီကနေ ထွက်
သွားပြီးတော့ နယ်မြေအစွန်းဖျားမှာ သွားနေလိုက်.. ဘယ်
တော့မှ မပြန်လာနဲ့တော့... "
   
    ရှောင်နင် ခြိမ်းခြောက်စကားကို ပြောပြီးတဲ့အချိန်မှာ
ရှောင်ယွင် နှုတ်ခမ်းထောင့်တွန့်ကွေးသွားပြီး ရှောင်နင်ကို
ထူးဆန်းတဲ့ အကြည့်ဖြင့် စောင်းငဲ့ ကြည့်လိုက်၏။ ပြီးနောက်
စကားတခွန်းမှ မဆိုဘဲ သိုင်းကျမ်းစာလိပ်ကို ကောက်ယူ
ကာ ခန်းမအပြင်ဘက်ကို ထွက်သွားလိုက်၏

  ရှောင်ယွင်ရဲ့ ထွက်သွားတာကို ကြည့်ပြီး သူ့စကားကို
ရှောင်ယွင် အောင့်သက်သက်ဖြင့် လက်ခံလိမ့်မည်ဟု တွေး
လိုက်မိကာ အောင်ပွဲခံမည့်ဆဲဆဲ ရှောင်ယွင်၏ပါးစပ်ကနေ 
ထွက်ကျလာတဲ့ စကားတခွန်းကြောင့် ရှောင်နင် အကြီး
အကျယ် ဒေါသထွက်သွားသည်။ 

  " ကောင်းပြီးလေ.. နောက်နှစ်ကျရင် မင်းကို ဒုက္ခိတဖြစ်
အောင် လုပ်ပေးမယ်... " 

///////////
နေ့တိုင်း တပိုင်းပြီး တပိုင်း စွတ်တင်နေတာ မကောင်းတဲ့
အငွေ့အသက်တွေ မခံစားရဘူးလားဗျာ 🤭🤭
ထွက်ပြေးတော့မယ် ငိငိ

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...