25 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 25. အဲဒါအတွက် ငါပေးလိုက်မယ်
ရှောင်ယွင် သူ့ရဲ့အခန်းဆီကို လူမမြင်အောင် ခိုးကြောင်
ခိုးဝှက်ဖြင့် ပြန်လာခဲ့ပြီး အခန်းထဲရောက်သည်နှင့် ရှိသမျှ
တံခါးတွေကို ပိတ်လိုက်သည်။ ထို့နောက် အခန်းထောင့်ကို
သွားပြီး ဆေးပင်အရွက်နှင့် မွန်းစတားအမြုတေကို ထုတ်
လိုက်သည်။ အခန်းထောင့်ရှိ ဘီရိုအတွင်းမှာ သေချာနေရာ
ချထားလိုက်သည်။ ဆေးရနံ့တွေကို ခပ်ပြင်းပြင်းရှုရှိုက်ပြီး
စိတ်လက်ပေါ့ပါးစွာ ရှုထုတ်လိုက်သည်။
လေ့ကျင့်တာကို မပျက်စေလိုသည့်အတွက် ရှောင်ယွင်
ဆေးပင်နှင့်အမြုတေကို ရှစ်လစာ တစ်ခါတည်း ဝယ်ယူလာ
ခဲ့ခြင်းဖြစ်သည်။ ဒီပမာဏနှင့်ဆိုရင် တစ်နှစ်ပတ်လုံး မရပ်
မနား လေ့ကျင့်လို့ ရနိုင်သည်။
ရှောင်ယွင် ဘီရိုတံခါးကို ညင်သာစွာ ပုတ်လိုက်ရင်း သမ်း
ဝေလိုက်သည်။ အိပ်ရာဆီကို ပျင်းရိစွာလျှောက်သွားပြီး
ကုတင်ပေါ် ခေါင်းမှေးတင်လိုက်သည်။ ဒီနေ့ လေလံပွဲသွား
ခဲ့သည့်အပြင် ဆေးပင်လိုက်ဝယ်ခဲ့ရသောကြောင့် တော်
တော်လေး ပင်ပန်းသွားစေသည်။
" ယွင်အာ... အထဲမှာ ရှိနေလား.. "
ဗလုံးဗထွေး အသံနှင့်အတူ တံခါးကို ခေါက်လိုက်တဲ့အသံပါ
တစ်ဆက်တည်း ကြားလိုက်သည်။
အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်၍ ကုတင်ပေါ်ကနေ ကမန်း
ကတန်း ဆင်းလိုက်ပြီး အခန်းတံခါးကို သွားဖွင့်လိုက်သည်။
အခန်းအပြင်ဘက်မှာ ရပ်စောင့်နေတဲ့ ရှောင်ကျန်းကို မြင်
လိုက်ပြီး " အဖေ ဘာကိစ္စရှိလို့လဲ... "
" ကိစ္စမရှိဘဲနဲ့ မင်းကို လာတွေ့လို့မရဘူးလား.. ကလေး...
ငါ့ကို ပုန်းနေတာ နှစ်လရှိနေပြီး... "
ရှောင်ယွင်ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ပြောလိုက်၏။
ရှောင်ကျန်း၏ နွေးထွေးတဲ့အပြုံးကို့ မြင်လိုက်ရတဲ့အခါ
ရှောင်ယွင် စိတ်မကောင်းဖြစ်သွားပြီး ဘာပြောရမှန်း မသိ
တော့ပေ။
"" အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်မကင်းဘူးလို့ ထင်နေ
တုန်းပဲလား.. ဟဟ... နာလန်ရိရွမ်က မင်းကို မကြိုက်ဘူး
ဆိုရင် ဒါဟာ သူ့အရှုံးပဲ... ဘာမှ ဝမ်းနည်းစရာမလိုဘူး....
ထူးချွန်တဲ့ ယောင်္ကျားတစ်ယောက်က လူကြီးတန်မဲ့
ကလေးတစ်ယောက်လို လုပ်နေမှာလဲ.. မဟုတ်ဘူးလား
ရှောင်ကျန်းရဲ့သားက ဒုက္ခိတတစ်ယောက် မဟုတ်ဘူးဆို
တာ ငါကောင်းကောင်းသိတယ်... "
ရှောင်ကျန်း ဂုဏ်ယူတဲ့ လေသံဖြင့် ပြောလိုက်သည်။
"ဟားဟား အဖေ.... နောက်သုံးနှစ်ကျရင် တိမ်မြူဂိုဏ်းကို
သားကိုယ်တိုင် အရောက်သွားမယ်... "
ရှောင်ယွင် အေးဆေးစွာ ပြောလိုက်ရင်း ပြုံးလိုက်သည်။
ရှောင်ယွင်ကို ကြည့်ရင်း ပြုံးနေတဲ့ ရှောင်ကျန် အမူအရာက
လေးနက်လာသည်။ ခနအကြာမှာ အနည်းငယ် တွန့်ဆိုင်း
စွာ " အဖေက ကောင်းတယ်လို့ပဲ ခံစားရတယ်... ဒါပေမဲ့
သား တကယ်သွားမှာလား..? နာလန်ရိရွမ်ကို မယှဉ်နိုင်ဘူး
လို့ အဖေပြောတာ မဟုတ်ဘူး... ဒါပေမဲ့ တိမ်မြူဂိုဏ်းရဲ့
အင်အားကိုတော့..... "
ရှောင်ယွင် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ ပိရိသေသပ်တဲ့
နှုတ်ခမ်းမှာ ခေါင်မာဟန်ဖြင့် တင်းတင်းစေ့၍
" အဖေ... ယောင်္ကျားတစ်ယောက်အနေနဲ့ ဘာပဲလာလာ
သား အကုန်ရင်ဆိုင်ပစ်မယ်... "
" အဟ... ဒီစိတ်ဓာတ်က ငါ့နဲ့တော်တော်တူတာပဲ.. ဟား
ဟား... မင်းအကိုကြီးနှစ်ယောက်သာ သိရင် တော်တော်
ဝမ်းသာမိမှာပဲ... " ရှောင်ယွင်ကို တူရူကြည့်ပြီး ကျေနပ်
စွာ ပြုံးလိုက်ပြီး ခေါင်းကို ဝန်လေးစွာ ညိတ်လိုက်ပြီး
" ကောင်းတယ်.. ငါ့သားက အဖေ့မျက်နှာ ဂုဏ်ရှိအောင်
လုပ်ပေးမဲ့ အချိန်ကို စောင့်နေမယ်... ဟိုကောင် နာလန်ရှုး
ငါ့ဆီကို လာတောင်းပန်ပြီး လက်ထပ်သဘောတူညီချက်
ကို ပြန်လက်ခံဖို့ ပြောမှာကို ငါလိုချင်တယ်... "
ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်
သည်။
" အော်... သားအတွက်... ရော့... ဒါကို အဖေထောက်ပံ့ပေး
တယ်လို့ပဲ မှတ်လိုက်ပါ.. "
ရှောင်ယွင် အင်မတန်ရင်နှီးနေတဲ့ ကျောက်စိမ်းဖြူပုလင်း
ကို ရှောင်ကျန်း ပေးလိုက်သည်။
လက်ထဲ ရောက်လာတဲ့ ဆေးပုလင်းကို ကြည့်ပြီး ရှောင်
ယွင် ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ ဒါပေမဲ့ မျက်နှာမှာ
နားမလည်ဟန် အူတူတူပုံစံဖြင့် " အဖေ.. ဒါကဘာလဲ..?"
" အခြေခံမှော်ဆေးလုံး... သားရဲ့ ဒိုစွမ်းအင် လေ့ကျင့်တာ
ကို လျင်မြန်စေတယ်.. ငါ ဒီနေ့ပဲ ဝယ်လာတာ... "
ရှောင်ကျန်း အားရပါးရပြုံးလျက် ပြောလိုက်သည်
" ဒီဆေးအတွက် ပိုက်ဆံအများကြီး ပေးလိုက်ရတယ်
မလား.. ? "
ဆေးပုလင်းကို ကိုင်ထားရင် ရှောင်ယွင် သူ့အဖေ၏
နွေးထွေးမှုကို ခံစားနေရသည်။
" ၄၀၀၀၀ လောက်ပေးရတယ်... ဒါပေမဲ့ သားအတွက်
အသုံးတည့်တယ်ဆိုရင် တန်ပါတယ်... "
ရှောင်ကျန်း ပိုက်ဆံကို ထည့်မတွက်ဟန်ဖြင့် ပြုံးလိုက်သည်။
" သားအတွက် အခြေခံဆေးဝယ်ပေးဖို့ ရွှေဒင်္ဂါး ၄၀၀၀၀
တောင် ပေးလိုက်ရတယ်??? ရွှေတွေ အများကြီး သုံးပြု
လိုက်ရင် မျိုးနွယ်အကြီးအကဲတွေ စောဒကတက်ကြမှာ
ပေါ့....အဖေ့တွက် ပြဿနာ မဖြစ်နိုင်ဘူးလား... "
ရှောင်ယွင် မချိတင်ကဲ ဖြစ်လျက် ပြုံးကာ ဆိုလိုက်သည်။
" ဟွန့် ငါက မျိုးနွယ်ခေါင်းဆောင်ပါကွ... သူတို့ အများဆုံး
စကားအဖြစ်လောက်ပဲ ပြောလို့ရမယ်.. "
ရှောင်ကျန်း အေးစက်စွာ ပြောလိုက်သည်။
" အဖေ... ကျေးဇူးတင်ပါတယ်... နောက်နှစ်အရွယ်ရောက်
ခြင်းအခမ်းအနားကျရင် သူတို့ ပါးစပ် လုံးဝပိတ်သွားအောင်
သား လုပ်ပြမယ်... "
" ကောင်းတယ်... ငါ့သား နောက်တစ်ကြိမ် ပြောင်းလဲသွား
မှာကို အဖေစောင့်နေမယ်... "
သူ့သား ဘာကြောင့် ဒီလောက်ယုံကြည်မှုရှိနေရတာကို
မသိပေမဲ့ ရှောင်ယွင်၏ ယုံကြည့်မှုရှိတဲ့ပုံစံကို မြင်ပြီိး ရှောင်
ကျန်း ဝမ်းသာအားရမိသည်။
" ဟုတ်ပြီး.. သားအနားယူတာကို မနှောင့်ယှက်တော့ဘူး...
ပြဿနာကိစ္စ တစ်ခုခုပေါ်လာရင် အဖေဆီ လာတွေ့...
ဟုတ်ပြီးလား.. မိသားစုဝင်တစ်ယောက်အနေနဲ့ ငါ့သား
အရှက်ရတာကို အဖေ လက်မခံနိုင်ဘူး... "
ရှောင်ကျန်း လက်ကို ဝှေ့ယမ်းလိုက်ပြီး အနောက်လှည့်
ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားသည်။
ညအချိန်ရောက်နေပြီးဖြစ်သည်။ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတဲ့ ရှောင်ကျန်း၏ ရေရွတ်သံကို ရှောင်ယွင်
လှမ်းကြားလိုက်ရသေးသည်။
" သောက်ရေးမပါတာကွာ ဟိုအရူးအဖိုးကြီးတွေကို ရင်ဆိုင်
ရဦးမယ်...ငါ ရွှေ ၄၀၀၀၀ ပဲသုံးရသေးတယ်... သူတို့ လုပ်
ပြတဲ့ပုံစံက မသိရင် သူတို့အခေါင်း ဝယ်ဖို့ သိမ်းထားတဲ့ပိုက်
ဆံကို ငါက ဖြုန်းပစ်လိုက်တာ ကျနေတာပဲ... "
အမှောင်ထုထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ရှောင်
ကျန်းပုံရိပ်ကို ကြည့်ရင်း ရှောင်ယွင် နှာခေါင်းပွတ်လိုက်ကာ
တချက်ရယ်လိုက်ပြီး လေသံတိုးတိုးဖြင့်
" အဖေ... စိတ်ချပါ.. လူတွေ ဘာမှမပြောနိုင်အောင် သား
အမှန်တရားကို ချပြမယ်... လွန်ခဲ့သုံးနှစ်က လူတွေ သားကို
မော့ကြည့်စေအောင် လုပ်ပြနိုင်ခဲ့တယ်.. နောက်သုံးနှစ်ကျ
ရင် အဲလို ဖြစ်စေရမယ်.. "
တခါးအဝမှာ အချိန်အတော်ကြာ မတ်တပ်ရပ်နေပြီးနောက်
ကျောက်စိမ်းဖြူပုလင်းကို သိမ်းလိုက်သည်။ ပြီးနောက်
အခန်းထောင့်ဆီကို လှည့်ကြည့်လိုက်ပြီး ကျီစယ်လိုတဲ့
အသံဖြင့် " ကောင်မလေးရေ... အဲလို ခိုးနားထောင်ရတာေ
ပျော်ရဲ့လား... "
" အကိုရှောင်ယွင်က အာရုံခံတာ တော်တော်ထက်တာပဲ.."
အခန်းထောင့်ကနေ လှပတဲ့ မိန်းကလေးငယ်လေး... ခရမ်း
ရောင်စကပ်လေးနှင့် သပ်ရပ်ရည်မွန်စွာ ထွက်လာသည်။
ခေါင်လေးကို လှုပ်ယမ်းရင်း အပြစ်ကင်းတဲ့မျက်နှာမှာ
အပြုံးလေးနှင့်....
ကျီစယ်နောက်ပြင်ဟန်ဖြင့် ထွက်လာတဲ့ မိန်းကလေးငယ်
ကို ကြည့်ပြီး ရှောင်ယွင် ခေါင်းကိုသာ ခါ မိတော့သည်။
ရှင်းအာ ပေါ့ပါးစွာ ရှောင်ယွင်ဆီ လျှောက်လာရင်း အပြုံး
လေးဖြင့် " အကိုရှောင်ယွင်... နေ့လည်တုန်းက ဘယ်သွား
တာလဲ... "
" ငါလား... အပျင်းဖြေ လမ်းထွက်လျှောက်တာပါ... "
" ဟုတ်လား..?"
ရှောင်ယွင်ကို အထက်အအောက် စုန်ဆန်ကြည့်လိုက်ရင်း
ရုတ်တရက် အရှေ့တစ်လှမ်းတိုးလိုက်ကာ ကိုယ်ကို ကိုင်း
ပြီး နှာခေါင်းကို တရှုံ့ရှုံ့ အနံခံလိုက်၍
" မိန်းမတစ်ယောက်ရဲ့ ရေမွှေးအနံ ရနေတယ်.. "
" အဟွတ်ဟွတ်...ဟောဗျာ... လုပ်ပြီး... ဘယ်က မိန်းမ
တစ်ယောက်ရဲ့ ရေမွှေးအနံက ငါ့ဆီမှာ ရှိနေရမှာလဲ... "
သူခိုး လူမိသွားသကဲ့သသို့ ရှောင်ယွင် မျက်နှာမှာ ရှက်စိတ်
ကြောင့် နီမြန်းသွားသော်လည်း အမှောင်ရောက်ချိန်မို့လို့
သူ့မျက်နှာကို ရှင်းအာ သဲသဲကွဲကွဲ မမြင်ရပေ။
" ဟီဟီ ဟီ"
ရှောင်ယွင် ကသိကအောက် ဖြစ်သွားပုံရသောကြောင့် ရှင်း
အား ရယ်မောလိုက်သည်။ ပြီးနောက် အရယ်ရပ်လိုက်ပြီး
တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ခုနတုန်းက ရှောင်ဦးလေး ပြောလိုက်တာ ကြားတယ်...
ရှင်းအာလည်း အကိုရှောင်ယွင်ကို ယုံကြည်တယ်.. အင်း..
အနာဂတ်မှာ... အကိုရှောင်ယွင်.. တိမ်မြူဂိုဏ်းကို သွား
ချင်ရင် ရှင်းအာပါ လိုက်ခဲ့မယ်... အကိုရှောင်ယွင်ကို ကူညီ
ပေးမယ်... "
အဲ့ဒီစကားကို ကြားလိုက်ရတော့ ရှောင်ယွင် ငြိမ်ကျသွားပြီး
မိန်းကလေးငယ်၏ ဖူးမှုန်လှပတဲ့ မျက်နှာလေးကို စူးစူးစိုက်
စိုက် မျက်တောင်ပင် မခတ်ဘဲ ငေးကြည့်နေမိသည်။
ရှောင်ယွင်ရဲ့ အိနြေ္ဒပျက်နေတဲ့ အကြည့်အောက်မှာ ရှင်း
အာ ရှက်စိတ်ကြောင့် မျက်နှာသွေးရောင်ဖြန်းတက်သွားပြီး
တပွင့်တပွင့်လေသံဖြင့် " အကိုရှောင်ယွင်.. ဘာလို့ အဲလို
ကြည့်နေရတာလဲ.. ??"
" ဟဲဟဲ.. ရှင်းအာ က အဲလိုရှက်သွေးဖြန်းတတ်သားပဲ...
ရှားပါးတဲ့ မြင်ကွင်းပဲ.. "
ရှောင်ယွင် အံသြစွာ ပြုံးလိုက်သည်။
ရှောင်ယွင်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပွစိပွစိဖြင့်
" အကိုရှောင်ယွင်က ဒီလို စိုက်ကြည့်လို့ရတယ်ပေါ့... "
" ကောင်းတယ်.. ကောင်းတယ်.. အကိုရှောင်ယွင်ကို
ယုံကြည်မှုရှိတာ... တိမ်မြူဂိုဏ်းက ဖြုံချင်စရာပဲ.. ဒါပေမဲ့
ငါက ငယ်သေးတယ်.. ပြီးတော့ မိန်းကလေး နာလန်ရိရွမ်
ကို သွေးထိုးပေးတဲ့ ယွန်ယွန်ဆိုတဲ့တစ်ယောက်ကလည်း
လုံးဝ ဆရာကောင်းတစ်ယောက်မဟုတ်တာတော့ သေချာ
တယ်... "
ရှင်းအာခေါင်းက ဆံပင်တွေကို သပ်ပေးရင်း ရှောင်ယွင်
ပြုံးလိုက်ပြီး " ကဲ... နောက်ကျနေပြီး... အနားပြန်ယူတော့
နော်.. "
ရှောင်ယွင် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ရှင်းအာ အင်
တင်တင်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရှောင်ယွင်အခန်းကနေ
အမှောင်ထဲ ပြန်လှည့်ထွက်သွားသည်။
အခန်းထောင့်ကနေ ကွေ့ဝင်သွားတဲ့အချိန်မှာ ရှောင်ကျန်း
နှင့်အကြီးအကဲတို့၏ အငြင်းပွားသံကို ကြားနေရသည်။
အငြင်းပွားတဲ့ အကြောင်းအရာက ရွှေဒင်္ဂါး ၄၀၀၀၀ ကို
ဘယ်လိုသုံးလိုက်သလဲ ဆိုသည့်ကိစ္စပဲဖြစ်သည်။
ရှင်းအာ ခြေလှမ်းရပ်လိုက်ပြီး မျက်ခုံးကို တွန့်ချိုးလိုက်သည်။
အသက်ပြင်းချလိုက်ပြီး သူမ၏ သေးသွယ်တဲ့ လက်က
ခရမ်းရွှေရောင် ကတ်ပြားလေးတစ်ခု ဆွဲထုတ်လိုက်သည်။
သူမလက်ချောင်းဖြင့် ခရမ်းရွှေရောင် ကတ်ပြားကို တောက်
ထုတ်လိုက်သည်။ ကတ်ပြားဟာ ရွှေရောင်အလင်းတန်းလို
ပြောင်းလဲသွားပြီး ရှောင်ကျန်းတို့ ငြင်းခုံနေတဲ့ အခန်းဆီကို
ပြေးဝင်သွားသည်။
အခန်းတွင်း ငြင်းခုံသံတွေ ရုတ်ချည်း တိတ်ဆိတ်သွားသည်။
ရှင်းအာ စိတ်မဝင်စားတဲ့ အသံဖြင့်
" ဒီပိုက်ဆံက အခြေခံဆေးလုံးဖိုးအတွက်ပဲ.. အဲမှာ ရွှေဒင်္ဂါး
တစ်သိန်းရှိတယ်... အဲဒါကို ပေးလိုက်မယ်.. အကြီးအကဲ
တွေကလည်း ရှောင်ဦးလေးကို ပြဿနာမရှာတော့ဖို့ မျှော်
လင့်ပါတယ်... "
" ကောင်းပါပြီး.. "
အကြီးအကဲသုံးယောက်ဆီက ဝန်ခံလိုက်တဲ့ အသံလွဲ၍
အခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။
...............
No comments:
Post a Comment