အခန်း ၂၀ လေလံပွဲ
လတစ်ဝက်ကာလအတွင်း အဆင့်၎ နှင့် တစ်လနှင့်
၁၅ ရက်အတွင်း အဆင့်၅ ရောက်ဖို့ဆိုတာ အထူးသဖြင့်
ဒီလို မဖြစ်နိုင်တဲ့အမြန်နှုန်းမျိုးနှင့် ၂ လအတွင်း အဆင့် ၂
ဆင့် ရောက်ရှိဖို့က ရှောင်ယွင်အတွက် ပုံမှန်အားဖြင့် မဖြစ်
နိုင်တဲ့ ကိစ္စတခုပါ။
အဆင့်တွေက အပေါ်ရောက်လာလေ ဒိုစွမ်းအင်စုဆောင်း
ရတာ ပို၍ပို၍ ခက်ခဲလာလေပဲ ဖြစ်၏။ ယခု ရှောင်ယွင် မြင့်
တက်သွားတဲ့ အဆင့်တိုင်းသာဆိုလျှင် နောက်နှစ်အတွင်း
အဆင့်၇ ရောက်ရှိရမည့်ကိစ္စဟာ ခက်ခဲတဲ့အရာ မဟုတ်
တော့ပေ။
ဒီလိုပြောဆိုခြင်းဟာ တကယ်၍ ရှောင်ယွင်မှာ ဆေးရည်
လုံလုံလောက်လောက်ရှိခဲ့ရင် ဆိုတဲ့အချက်အပေါ် ကောတ်
ချက်ချ ယူဆခြင်းဖြစ်သည်။ ဆေးရည်သာ မရှိခဲ့ရင် ရှောင်
ယွင် အဆင့်၇ ရောက်ဖို့ နေနေသာသာ ဒိုစွမ်းအင် ရိုက်ချက်
တွေကြောင့် အသက်ပင် သေဆုံးသွားနိုင်သည်။ အားလုံး
ထက် ပိုသေချာတဲ့အချက်ကတော့ ဆေးရည်သာ မရှိခဲ့ရင်
သွေးထွက်လွန်ခြင်း၏ နာကျင်စေတဲ့ ဘေးထွက်ဆိုးကျိုးကို
ရှောင်ယွင်၏ အားနည်းတဲ့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိလိမ့်
မည် မဟုတ်ဘဲ သေချာပေါက် သေဆုံးသွားမည်။
ဒါကြောင့် ယခုအချိန် ရှောင်ယွင် အလိုအပ်ဆုံးကတော့
ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးအမယ်ဝယ်ဖို့ ကိစ္စပဲ ဖြစ်
သည်။ ပြောရတာတော့ လွယ်ကူသလောက် ရှောင်ယွင်
အဖို့တော့ အနည်းငယ်အခက်အခဲရှိ၏။ အဲဒါကတော့
ရှောင်ယွင် အခု မွဲနေခြင်းဖြစ်၏။
ကုတင်ပေါ်မှာ ထိုင်နေရင်း ရှောင်ယွင် မချိတင်ကဲ ခံစား
နေရသော်လည်း ရယ်မောလိုက်၏။ ပိုက်ဆံဆိုတဲ့အရာ
ကြောင့် အခုလို ကိုးရိုးကားရား နိုင်တဲ့ အဖြစ်မျိုး ကြုံရလိမ့်
မည်ဟု ဘယ်တော့အခါမှ မတွေးထားမိခဲ့ပါ။ နောက်ဆုံး
အခေါက် ရေတွက်ထားတုန်းက ရွှေဒင်္ဂါး ၉၀၀ ကျန်နေပါ
သေးသည်။ သို့ပေမဲ့ ပြီးခဲ့အခေါက်လို အရည်အသွေးရှိ
သည့် ဆေးအမယ်မျိုး ဝယ်ဖို့ မရသေးပါ။
ရှောင်ယွင် မေးစေ့လေးကို လက်ဖြင့်ထောက်ပြီး မျက်စိကို
ကစား၍ အသည်အသန် စဉ်းစားနေ၏။ ထို့နောက် ရွဲ့လော်
ကို ရုတ်တရက် လှမ်းမေးလိုက်၏။
" ဆရာ... အပြာရောင်မြက်ပင် ခရမ်းရောင်အရိုးတံနဲ့ အရိုး
ဆေးကြောပန်းပွင့်မှာ သက်တမ်းရင့်တာကို မသုံးဘဲ သက်
တမ်းနုတာ ယူသုံးလို့ရလား.. ??"
" အင်း အဲဒါသုံးပြီး ဖော်လိုက်ရင် ဆေးလုံးက သုံးလို့ရပါ
သေးတယ်.. ဒါပေမဲ့ အစွမ်းကတော့ သိပ်မထက်ဘူးပေါ့.. "
ရှောင်ယွင် တွေဝေသွားပြီးနောက် ပြုံးလိုက်ကာ
" ရတယ် ပြဿနာမရှိဘူး.. ဒီတခါတော့ အရည်အသွေးနိမ့်
တဲ့ ပစ္စည်းပဲ သုံးလိုက်တော့မယ်.. "
" အရည်အသွေးနိမ့် ပစ္စည်း..? ဒါဆိုရင် ဆေးအစွမ်းက
တော်တော်လေးကို နိမ့်ကျပြီးတော့ အဆင့် ၁ ဆင့်တက်
ဖို့အတွက် အနည်းဆုံး နှစ်တဝက်လောက်ကြာမှရမယ်.."
ရွဲ့လေ၏အသံမှာ အားမလိုအားမရဟန် ပေါ်လွင်နေပြီး
အလိုမကျ၍ မျက်မှောင်ကုတ်ထားသည်။
" ပိုက်ဆံမလောက်ရင် ကောင်မလေးဆီကို သွားပြီး ပိုက်
ဆံ ထပ်ချေးလိုက်ပေါ့.... သူရဲ့နောက်ခံအင်အားနဲ့ဆို
ရွှေဒင်္ဂါတစ်သိန်းလောက်က ကလေးကစားစရာသာသာ
လောက်ပဲ ရှိမယ်... ဒါမှမဟုတ်ရင် နောက်တနည်းရှိတယ်..
မင်းအဖေဆီမှာ သွားတောင်းလိုက်... ဘာလို့ အစွမ်းမထက်
တဲ့ဆေးအမယ်တွေ သုံးပြီး ကိုယ်ရဲ့ လေ့ကျင့်မှုအမြန်နှုန်း
ကို အလျော့ခံမှာလဲ..? "
ရွဲ့လော် အကြံပေးစကားကို နာထောက်ပြီး ရှောင်ယွင်
ခေါင်းကို ခါယမ်းလိုက်ပြီး
" ကိုယ့်သိက္ခာကို ကိုယ်ပြန်လေးစားလိုက်တယ်လို့ပဲ တွေး
လိုက်ပါ.. ဘယ်လိုလုပ်ပြီး မိန်းကလေးတယောက်ဆီကနေ
ပိုက်ဆံချေးချင်မှာလဲ. အဖေ့ကိုလည်း မတွေ့အောင် ရှောင်
နေတာ နှစ်လရှိပြီး... တကယ်လို့ ပိုက်ဆံသွားတောင်းရင်
ပိုက်ဆံ ဘာအတွက်သုံးမှာလဲဆိုတာ မေးမှာပဲလေ..
အဲ့အခါကျရင် ဆရာ့အကြောင်း ပေါ်ကုန်မှာမှာစိုးလို့ ... "
ရှောင်ယွင် ပြောနေရင်း ရုတ်တရက် တခုခုကို တွေးလိုက်
မိ၍ မျက်ခုံးမြင့်တက်သွားကာ အလောတကောဖြင့်
" ဆရာ.. ဒီ အခြေခံဆေးရည်ကို တခြားလူတွေကရော
ဖော်စပ်နိုင် ဒါမှမဟုတ် လုပ်နိုင်လား...? "
" ဟဲဟဲ... ကောင်လေး.. ဒိုချီကုန်းမြေမှာ မရေတွက်နိုင်တဲ့
ဆေးပင်တွေ ရှိတယ်ကွ.... ပြီးတော့ မွန်းစတားအမြုတေ
မှာ ကိန်းဝပ်နေတဲ့ စွမ်းအင်ရိုင်းတွေကလည်း ဆေးပင်တွေ
မှာလည်း ရှိကြတယ်လေ.... ဒီတော့ ဆေးပင်တွေကို သန့်
စင်လိုက်ရင် သူ့ဆီက စွမ်းအင်ကို စုပ်ယူလို့ရတာပေါ့...
ဟုတ်ပြီး.. ကိုယ့်ဘာသာကိုယ်.ဆေးဖော်မယ်ဆိုပြီး စိတ်ကူး
တည့်ရာပစ်ထည့်မယ်ဆိုရင် ဆေးမီးဖိုကွဲတာလောက်ပဲ
ဖြစ်ခဲ့ရင် ကံကောင်းတယ်လို့ပဲ ပြောရမယ်... ဒါမှမဟုတ်ဘဲ
ကိန်းဝပ်နေတဲ့ စွမ်းအင်တွေသာ ပြန်ကန်ထွက်လာမယ်ဆို
ရင်တော့... ဟဲဟဲ... တွေးကြည့်ပေါ့ ... ဒီလို အခြေခံဆေး
ကို စီရင်ဖော်စပ်ဖို့ဆိုတာ နှစ်အနည်းငယ်လောက် အချိန်ယူ
သင်ကြားမှ တတ်မြောက်ကြမှာ... တယောက်ယောက်က
ကံကောင်းပြီးတော့ ဆေးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ
ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်...အဲလိုမျိုးဖြစ်ဖို့က မရှိ
သလောက်ပဲ.. မဖြစ်နိုင်သလောက်ပဲ.."
" နောက်ထပ်ရှိသေးတယ်.. ဆေးသန့်စင်တဲ့အချိန်မှာ
ရောစပ်တဲ့နှုန်း၊ အသုံးပြုတဲ့ပမာဏ နဲ့ မီးအပူချိန် အဲဒါတွေ
လုံးဝ အတိမ်းအစောင်းမခံဘူး... အဲဒါတွေပြည့်စုံဖို့ မရေ
တွက်နိုင်တဲ့ အတွေ့အကြုံလည်း လိုတယ်.. အင်မတန်
အားကောင်းတဲ့ စိတ်ဝိညာဉ်အမြင်အာရုံနဲ့ သူ့ကို အသုံးချ
နိုင်ဖို့လည်းလိုမယ်.. အဲဒါမှမဟုတ်ရင် မှော်ဆေးပညာရှင်
တွေ ဘာကြောင့် ဆရာသမားလိုအပ်သလဲဆိုတာ တွေးမိ
လား.. အရမ်းတော်တဲ့ မှော်ဆေးပညာရှင်တယောက် ဖြစ်
ဖို့ဟာ ဆရာသမားက လမ်းညွန်သင်ကြားမပေးဘဲနဲ့ မဖြစ်
လာနိုင်ဘူး.. ဒါမှမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ဆေးပင်
တွေ အမျိုးမျိုးပေါင်းစပ်ပြီး ကြိုးစားဖော်နေဦး ဆေးဖိုးကပဲ
တဘဝလုံးစာအတွက် ကုန်ကျလိမ့်မယ်... အောင်မြင်လာ
မှာ မဟုတ်ဘူး.. "
" အဲဒါကြောင့် ဒိုချီကုန်းမြေတခုလုံး မဟုတ်တာတောင်
အနိမ့်ဆုံး ဂျာမားအင်ပါယာမှာ ငါ့ရဲ့ ဆေးလုံးလိုမျိုး လုပ်
တတ်တဲ့သူ တယောက်မှ မရှိဘူး.. "
အဲလိုပြောတဲ့အချိန်မှာ ရွဲ့လော်လေသံက လုံးဝ ဂုဏ်ယူ
နေတဲ့ လေသံမျိုး ဖြစ်နေ၏။
ဒီလိုရိုးရှင်းတဲ့ ဆေးတလုံးမှာတောင် ရှပ်ထွေးတဲ့ အဆင့်
တွေ ပါဝင်နေတာကို ရှောင်ယွင် အံ့သြတကြီး နားထောင်
လိုက်ပြီးနောက် အလိုလိုပင် နှုတ်ခမ်းသပ်မိသည်။ ရွဲ့လော်
ဆေးလုံး သန့်စင်ချိန်မှာ ကြည့်စဉ်အခါက လွယ်သူသည်ဟု
ထင်ခဲ့မိသော်လည်း ယခု ရွဲ့လော်ရှင်းပြမှသာ သူထင်ထား
သလို မှော်ဆေးပညာဟာ မလွယ်ကူမှန်း သိလိုက်၏။
မှော်ဆေးပညာလောကဟာ ကျယ်ပြန့်ပြီး ထူးခြားလှ၏။
ဒိုချီကုန်းမြေကြီးမှာ မှော်ဆေးပညာရှင်ဆိုတာ ဂုဏ်သိက္ခာ
ကြီးမားတဲ့ အတတ်ပညာရှင်လို့ သတ်မှတ်ထားတာ အံ့သြ
စာရာ မဟုတ်ပါဘူး။
ရှောင်ယွင် တင်္ဒဂမျှ စိတ်လှုပ်ရှားနေပြီးနောက် ရွှင်မြူး
သွားတဲ့ လေသံဖြင့်
" ဆရာ.. ဒီလိုဆို အရည်အသွေးနိမ့်တဲ့ ဆေးလုံးကို လေ့
ကျင့်ဖို့ မသုံးတော့ဘူး.. အဲ့ဒီအစား လေလံပွဲမှာ သွားရောင်း
လိုက်မယ်.. အခုအချိန်မှာ ပိုက်ဆံမရှိသေးပေမဲ့ လေလံပွဲ
မှာ သွားရောင်းလိုက်ရင် ပိုက်ဆံတွေ ပိုလာမှာပဲ.. အဲ့အခါ
ကျရင် တခြားအဆင့်မြင့်တဲ့ဆေးအမယ်တွေ ဝယ်ဖို့ လွယ်
လွယ်လေးပဲ.. ဟုတ်တယ်မလား ဆရာ.. "
" အင်း သိပြီး.. မှော်ဆေးပညာရှင်က သူ့ဆေးကို ရောင်း
တယ်ဆိုတာ ထူးဆန်းတဲ့အရာမဟုတ်ပါဘူး.. ဒီအခြေခံ
ဆေးလုံးဆိုတာ လေ့ကျင့်တဲ့ဆေးအမျိုးအစားထဲမှာ အဆင့်
နိမ့်အမျိုးအစားတခုပဲ.. ရောင်းဖို့က ကိစ္စမရှိပါဘူး.. "
ခနတာ စဉ်းစားလိုက်ပြီးနောက် ရွဲ့လော် အေးဆေးပဲ ဖြေ
လိုက်သည်။
ရွဲ့လော် သဘောတူညီတဲ့ အဖြေကို ရလိုက်၍ ရှောင်ယွင်
လိုအပ်တဲ့ ပစ္စည်းကို ကောက်ယူကာ အခန်းအပြင်ကို ခပ်
သုတ်သုတ် ထွက်သွားသည်။
အရည်အသွေးနိမ့်ဆေးအမယ်ပဲ လိုအပ်သောကြောင့်
ရှောင်ယွင် ပေါ့ပေါ့ပါးပါးပဲ ပရဆေးဆိုင်ကနေ သက်တမ်း
နု အပြာရောင်မြက်ပင် ခရမ်းရောင်ရိုးတံနှင့် အရိုးဆေး
ကြောပန်းပွင့်တို့ကို ဝယ်လာခဲ့ပြီး မွန်းစတားအမြုတေ
အတွက် ဈေးအပေါဆုံး မွန်းစတားအမြုတေကို ရွေးဝယ်
လာခဲ့၏။ သစ်သားစွမ်းအင်သတ္တိရှိတဲ့ အစိမ်းရောင်ကြွက်
မွန်းစတားအမြုတေပဲ ဖြစ်သည်။
ဆေးအမယ်အားလုံး ဝယ်ယူပြီးနောက် လူမမြင်ကွယ်ရာ
လမ်းကျဉ်းလေးထဲ ဝင်လိုက်၏။ ထို့နောက် ရွဲ့လော်က
ဆေးအမယ်အားလုံးကို ဆေးလုံးဖြစ်အောင် သန့်စင်ပေး
လိုက်၏။
အခုရလာတဲ့ ဆေးလုံးက ယခင်ဆေးလုံးထက် အကျိုး
သက်ရောက်မှုက အများကြီး လျော့သွားခြင်း မဖြစ်ခဲ့ပေ။
အရောင်အဆင်းကလည်း နည်းနည်းကွဲပြားသွား၏။ ယခု
ဆေးလုံးမှာ ဖန်အရောင်ဆေးလုံးမှာ အစိမ်းရောင်တွေက
ပြောက်တိပြောက်ကျား ရောယှက်လျက်ရှိ၏။
ဆေးလုံးက ရှောင်ယွင် လက်သီးဆုပ်ထက် တဝက်လောက်
သေးငယ်ပြီး ၎င်းကို အသင့်ယူဆောင်လာခဲ့သည့် ကျောက်
စိမ်းအဖြူသားဖြင့် လုပ်ထားသည့် ပုလင်းထဲ ထည့်လိုက်ပြီး
နောက် ရှောင်ယွင် စိတ်လက်ပေါ့ပါးသွားခဲ့၏။
ကျောက်စိမ်းပုလင်းကို လုံခြုံစွာ သိမ်းဆည်းလိုက်ပြီး
လမ်းကြားထဲကနေ ခပ်တည်တည်ဖြင့် လျှောက်ထွက်လိုက်
ကာ ဝူတန်မြို့၏ အကြီးဆုံး လေလံဋ္ဌာနဆီသို့ ဦးတည်လို
က်သည်။
///////////
No comments:
Post a Comment