Followers

Chapter 22


22 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 22.   လေမုန်တိုင်းအော်ဟစ်သံ

          အစေခံမလေးခေါ်ဆောင်ရာနောက်ကို လိုက်သွား
ပြီး လေလံခန်းမကို ရောက်သွားတဲ့အချိန်မှာ ပွဲကစနေပြီး
ဖြစ်သည်။

လေလံခန်းမကို ဝင်လိုက်တာနဲ့ အမှောင်ထဲရောက်သွား
သကဲ့သို့ အတွင်းမှာ အလင်းအနည်းငယ်သာ ရှိသည်။ 
ကျယ်လောင် လှတဲ့စကားသံတွေ နေရာတိုင်းမှာ ပျံလွင့်နေ
သည်။ လေလံပွဲကို မရောက်ဖူးတဲ့ ရှောင်ယွင်အတွက် ထူး
ဆန်းကာ မျက်မှောင် ကြုံ့လိုက်ကြည့်နေမိသည်။

  လေလံပွဲဟာ ကြီးကျယ်ပြီး ကျင်းပတဲ့ ခန်းမကလည်း
အနည်းဆုံး ရာဂဏန်းကနေ အများဆုံးထောင်ဂဏန်းအထိ 
ဆန့်သည်။ အဲ့ဒီအချိန်မှာ ခန်းမအလယ်တည့်တည့်မှာ
တောက်ပတဲ့ မီးအလင်းရောင်ထိုးထားပြီး အနီရောင်ဝတ်
စုံနှင့် လှပျိုဖြူတစ်ဦးဟာ သာယာလှတဲ့ အသံဖြင့် လက်ထဲ
က ပစ္စည်းတခုကို ရှင်းပြနေသည်ကို တွေ့ရသည်။ 

  ပီသပြီး ကြည်လင်တဲ့ အသံဖြင့် ပစ္စည်းအကြောင်းကို
ပိုင်နိုင်စွာ ရှင်းပြနေတဲ့ စကားအောက်မှာ ပစ္စည်း၏ မူလ
တန်ဖိုးထက် တရိပ်ရိပ် ဈေးခေါ်ကာ လေလံဆွဲကြကုန်သည်။ 

တသီးတခြားတည်း ဖြစ်နေတဲ့ ထိုင်ခုံမျိုး ရှာကာ ငြိမ်သက်
စွာ ထိုင်နေလိုက်ပြီး ခန်းမအလယ်က လှပျိုဖြူကိုသာ ငေး
ကြည့်နေလိုက်သည်။ သူ၏လေ့လာကဲခတ်ချက်အရ လူ
အများစုက သူမအလှကိုကြည့်ဖို့အတွက်သာ ရောက်လာ
ပြီး လေလံပစ္စည်းကို စိတ်ဝင်တစား မရှိကြပေ။

  ပထမတန်းလေလံအိမ်တော်၏ ထိပ်တန်းလေလံပစ်သူ 
ဖြစ်တဲ့ မိန်းကလေး ရဖေး(雅飞) ဖြစ်သည်။ သူမဟာ 
ဝူတန်မြို့မှာ အင်မတန်ချောမောလှပတဲ့ မိန်းကလေးတ
ယောက်ဟု အထူးကျော်ကြားလှပြီး သူမ၏ ပြီးပြည့်စုံတဲ့
 နှစ်လိုဖွယ် ညှို့ငင်စွမ်းက ယောကျာင်္းအမြောက်အများကို 
ရူးမူးစေနိုင်သည်။

  ငြိမ်သက်စွာထိုင်နေတဲ့ ရှောင်ယွင်က ရုတ်တရက် ကိုယ်
ကို လှည့်လိုက်ပြီး သူနှင့် သိပ်မဝေးတဲ့ ထောင့်နေရာမှာ 
ပုန်းကွယ်ကာ ထိုင်နေတဲ့ လူတယောက်ကို စူးစိုက်ကြည့်
လိုက်သည်။ ထိုလူသည် ရဖေး၏ နီစွေနေပြီး သေးငယ်တဲ့
 နှုတ်ခမ်းပါးလေးကနေ ထွက်လာတဲ့ စကားအသံကို ခံစား
နားထောင်နေဟန်ရှိပြီး ထိုသူ၏ လက်မောင်းကလည်း ခါး
အောက်ပိုင်းမှာ လှုပ်ခါလျက်ရှိသည်။ ဒါပေမဲ့ သူ့လက်က
တော့ သူ့ခါးအဝတ်အောက်ပိုင်းမှာ ရှိနေပြီး မမြင်ရပေ။

" တဏှာရူးကောင်" ဟု  ခပ်တိုးတိုးဆဲလိုက်သည်။ 
ဝတ်ရုံနက်နှင့် ရုပ်ဖျက်ထားတဲ့ ရှောင်ယွင်တယောက် 
အတော်လေး စိတ်ပျက်သွားမိသည်။ ဒီလူက တော်တော်
အရှက်ကိုမရှိပါလား.. 

 စိတ်ထဲမှာ ကျိန်ဆဲလိုက်ရင်း ရှောင်ယွင် နောက်တနေရဆီ 
အလျင်အမြန် ပြောင်းသွားထိုင်လိုက်ပြီး အောင့်သက်သက်
ဖြင့်ပြုံးလိုက်မိသည်။ ထို့နောက် သူ့ရဲ့အကြည့်က ခန်းမ
အလယ်ဆီသို့ရောက်သွားပြန်ကာ လေလံပစ်သူ ရဖေး ၏ 
လှပတဲ့ကောက်ကြောင်းကို ကြည့်ရှုရင်း ဆွဲဆောင်မှုရှိတဲ့ 
မိန်းမပဲ ဟူ၍ပင် ရေရွတ်မိသေးသည်။ 

 ရဖေး လက်ထဲက လေလံပစ္စည်းကို ကြည့်လိုက်ပြီးနောက် 
ရှောင်ယွင် စိတ်မဝင်စားတော့ချေ။ လေလံပစ္စည်းပိုင်ရှင်က 
အလွန်လှပတဲ့ မိန်းမ ဖြစ်နေခဲ့ရင်တောင်မှ ဒီ ဘာမဟုတ်တဲ့ 
အမှိုက်လိုပစ္စည်းကို လေလံဆွဲဖို့ သူ့မှာပိုက်ဆံမရှိချေ။ 
ရဖေးကို ဆက်မကြည့်တော့ဘဲ ခန်းမတခုလုံးကို အေးဆေး
စွာ လှည့်ကြည့်နေလိုက်သည်။

အရှေ့တန်းမှာ ထိုင်နေတဲ့ လူကြီးဆီကို ကြည့်မိတဲ့အချိန်
မှာမျက်လုံးပြုးသွားပြီး " ဟင်... အဖေပါလား..? "

ရုတ်တရက် နောက်တကြိမ် ထပ်မျက်လုံးပြုးသွားပြီးအလန့်
တကြားဖြစ်သွားပြန်သည်။ 
" အဖေက ဒီမိန်းမကို လာကြိုက်နေတာလား..?"

ဒါပေမဲ့ ဒီကြောင်တောင်တောင် အတွေးက သိပ်အကြာကြီး 
မခံလိုက်ပေ။ အဘယ်ကြောင့်ဆိုတော့ သူ့အဖေ၏ မျက်လုံး
က မိန်းကလေးရဖေး ဆီကို အကြည့်ရောက်မနေဘဲ အဝေး
တနေရာကိုသာ ငေးကြည့်နေတာကို တွေ့လိုက်သော
ကြောင့်ဖြစ်သည်။ သူ့အဖေမှာ တစုံတခုကို ငံ့လင့် စောင့်
ဆိုင်းနေတဲ့ဟန် ဖြစ်နေသည်။ 

 " အဖေ ဘာလို့ ဒီမှာ ရှိနေရတာလဲ..? "
ရှောင်ယွင် မေးခွန်းထုတ်နေရင်း အကြည့်ကို ဆက်ရွှေ့
လိုက်သည်။ အဲ့ဒီအချိန်မှာ သူ့အဖေ သာမက တခြားမျိုး
 နွယ်ဖြစ်တဲ့ ဂျားလီမျိုးနွယ် နှင့် အော့ပါးမျိုးနွယ်တို့မှ ခေါင်း
ဆောင်များပါ ရောက်ရှိနေကြသည်ကို မမျှော်လင့်ဘဲ
တွေ့လိုက်ရသည်။

ထိုအချိန်မှာ ပစ္စည်းတခုကို အားလုံးအပြိုင်အဆိုင်လေလံ
ဆွဲနေတာ ပြီးသွားသည်။ ရှောင်ယွင် မျက်ခုံးမြင့်တက်ကာ
 နှာခေါင်းပွတ်ရင်း သိချင်စိတ် ပြင်းပြင်းပြပြဖြစ်နေသည်။ 
ဘာလေလံပစ္စည်းမို့လို့ ဒီကို မျိုးနွယ်ခေါင်းဆောင်
 သုံးယောက်တောင် ရောက်နေရတာလဲ??

.......................

အမှန်အတိုင်းပြောရရင် ရဖေးဆိုတဲ့ မိန်းကလေးဟာ ပတ်
ဝန်းကျင်ကို စိတ်ဝင်စားလာအောင် ပြောတဲ့နေရာမှာ ကျွမ်း
ကျင်သူတစ်ဦးပဲ ဖြစ်သည်။ သူမ၏ အကြည့်အပြုံးတွေ
ကြောင့် လေလံပစ္စည်း၏ ဈေးနှုန်းဟာ  ခဏအတွင်းမှာပဲ 
အပြိုင်အဆိုင် တန်ဖိုးတက်လာသည်။ထို့အပြင် လေလံဆွဲ
တဲ့အခါ ဈေးတခါမြင့်တက်သွားတဲ့အခါတိုင်း ဈေးပိုပေးတဲ့
သူကို သူမ၏နှစ်လိုဖွယ်ကောင်းတဲ့အပြုံးဖြင့် ပြုံးပြနေသော
ကြောင့် လေလံဆွဲသူဟာ ပိုက်ဆ မတန်တဆ ပိုပေးရလို့ 
ခံစားရတဲ့ ဝေဒနာကိုတောင် မေ့သွားနိုင်သည်။

 ဒီလိုနှင့် လေလံပွဲအခြေအနေဟာ သူမ၏အပြုံးနှင့်အတူ 
တဖြည်းဖြည်းအရှိန်တက်လာခဲ့တော့သည်။

 "ဟင်းဟင်း.. အားလုံးပဲ.. အခုဆိုရင် ကျွန်မတို့ လေလံဋ္ဌာန 
ကနေ လေလံပစ္စည်းအသစ်တခု လက်ခံထားပါတယ်..
အားလုံးစိတ်ဝင်စားမယ်လို့ ယုံကြည်ပါတယ်.. "

နောက်ဆုံးပစ္စည်း လေလံထွက်သွားပြီးနောက် ခနအကြာ
မှာ  မိန်းကလေးရဖေး ထပ်မံ ကြေညာလိုက်ခြင်းဖြစ်သည်။ 
သူမလက်ကိုဝှေ့ယမ်းအချက်ပေးလိုက်သည်နှင့် မိန်းမပျို
ငယ်တဦးက ကျောက်စိမ်းလင်ဗန်းတစ်ချပ်ကို ယူဆောင်
လာသည်။ လင်ဗန်းအပေါ်မှာ ကျောက်စိမ်းပုလင်းတလုံး 
တင်ထားသည်။ 

  " အဆင့်၂ မှော်ဆေးလုံးပဲ ဖြစ်ပါတယ်... "
ကျောက်စိမ်းပုလင်းကို သူမ၏ နူးညံ့တဲ့လက်ဖြင့် ကောက်
ကိုင်လိုက်ပြီး သာယာတဲ့အသံဖြင့် ကြေညာလိုက်ရာ
လေလံဆွဲသူအပေါင်းကို ခေတ္တတာမျှ တိတ်ဆိတ်သွားစေ
သည်။ ဒါပေမဲ့ အော်ဟစ်မေးမြန်းသံတွေ ပြန်ဆူညံသွား
သည်။ ဒိုချီကုန်းမြေမှာ မှော်ဆေးပညာရှင်ဖော်စပ်ထားတဲ့
ဆေးလုံးက အရောင်းကောင်းဆုံးပစ္စည်းပဲ မဟုတ်လား... ။

" ဒီဆေးကို အခြေခံဆေးလုံးလို့ အမည်ရပါတယ်...  ဒီဆေး
အစွမ်းဟာ Dou Zhe အဆင့်မရောက်သေးတဲ့သူအတွက်
အစွမ်းသက်ရောက်မှုရှိမှာပါ... Dou Zhe အဆင့်မရောက်
သေးတဲ့သူက ဒီအခြေခံဆေးကို သုံးပြီး လေ့ကျင့်မယ်ဆိုရင် 
သူ့ရဲ့လေ့ကျင့်တဲ့နေရာမှာ သူများထက် အချိန်တိုတိုနှင့် 
အကျိုးများစေမှာ ဖြစ်ပါတယ်.. အကယ်၍ လူကြီးမင်းတို့ရဲ့ 
သား ဒါမှမဟုတ် မြေး တွေကို ပါရမီရှင်လို့ အခေါ်ခံရမှာကို 
သဘောကျရင်တော့ ဒီဆေးလုံးဟာ လူကြီးမင်းတို့အတွက် 
အသင့်တော်ဆုံးပါပဲ.... "

 သူမ၏ ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းဖျားကနေ စကားလုံးတွေ
ဟာ သာယာစွာ ထွက်ကျလာသကဲ့သို့ လေလံဆွဲသူ
အပေါင်း၏ စိတ်ကို စီးမျောပါနေအောင် စကားပြော
ပြေပြစ်လှ၏။ 

" အခြေခံဆေး ..? ဒိုချီအတွင်းစွမ်းအင်စုစည်းလေ့ကျင့်နှုန်း
ကိုလျင်မြန်စေတယ်..?"

မိန်းကလေး ရဖေးဟာ နှစ့်လိုဖွယ်ကောင်းလှသော်လည်း 
ယခုတကြိမ်မှာတော့ တော်တော်များများဟာ တုတ်တုတ်
တောင်မလှုပ်ကြချေ...ခနလေးကြာမှ တယောက်ယောက်
က အရေးကြီးတဲ့ မေးခွန်းတခုကို မေးလိုက်သည်။ 

" မိန်းကလေး ရဲ့ဖေး.. Dou Zhe အဆင့် မရောက်သေးတဲ့
သူတွေက ဒီလိုဆေးရဲ့ပြင်းအားကို ခံနိုင်ရည်ရှိပါ့မလား.. "

" ဟင်းဟင်း  .. ဒီဆေးလုံးကို ကျွန်မတို့ ဆရာကုနီကိုယ်
တိုင် စမ်းသပ်ပြီးသားပါ... ဒါက လုံးဝကို အဆင့်၂ ဆေးလုံး
ပါ..ဒါကြောင့် ပြဿနာလုံးဝမရှိပါဘူး ယုံကြည်စိတ်ချလို့ရပါ
တယ်."

ရဲ့ဖေး အေးအေးဆေးဆေးပဲ ရယ်မောကာ ရှင်းပြလိုက်သည်။ 
 
ကုနီကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီးပြီး ဆိုတာကို သိလိုက်၍ 
မည်သူမျှ အတွန့်တက်မမေးတော့ပေ။ ဝူတန်မြို့မှာ အကြီး
အကဲကုနီက အဆင့်၂ မှော်ဆေးပညာရှင် ဆိုတာ အားလုံး
သိထားကြသည်။ မျိုးနွယ်ခေါင်းဆောင်သုံးယောက်တောင်
မှ သူ့ကို အလေးထား ဆက်ဆံနေကြရသည်မဟုတ်လား

  ရှောင်ယွင် အနောက်ထိုင်ခုံအပေါ် ပျင်းရိစွာ မှီချလိုက်ပြီး 
လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ ပရိသတ်ကို ကြည့်နေလိုက်
သည်။ လေပါးပါးလေး မှုတ်ထုတ်လိုက်ပြီး သူအတွေးမှာ
တော့ အခြေအနေကိုကြည့်ရတာ အခြေခံဆေးလုံးကို ပိုက်
ဆံအများကြီးပေးဝယ်မဲ့ အနေအထားရှိသည် ဟု ကောတ်
ချက်ချလိုက်သည်။သူ့အဖေဆီ အကြည့်ရောက်တဲ့အချိန်
မှာ သူအဖေ၏ တည်ငြိမ်တဲ့ပုံစံက အနည်းငယ်ပြောင်းလဲ
နေသည်ကို တွေ့လိုက်ရသည်။

ရဖေး အသံဆုံးသွားသည်နှင့် လူတယောက်က လေလံဈေး
ကို အော်ပြောလိုက်သည်။ 
" ၈၅၀၀.. "

" ၉၀၀၀.."
ပထမလူအော်ပြီတာနှင့် တပြိုင်နက်ထဲ လေလံဈေးတိုးပြီး
ပိုပေးလိုက်တဲ့ အသံထွက်လာသည်။

...............
လေလံဈေးဟာ စက္ကန့်ပိုင်းအတွင်း အလျင်အမြန်ခုန်တက်
သွားပြီး ၁၃၀၀၀ အထိပင် ရောက်လာသည်။

ရှောင်ယွင်၏အဖေသည် တစ်စုံတရာ စိတ်လှုပ်ရှားနေသော်
လည်း ချက်ချင်း လေလံမဆွဲသေးဘဲ မျက်လုံးကို မှိတ်ထား
ပြီး လေလံကြေးတင်တာ ရပ်သွားတဲ့အချိန်ကို စောင့်နေသည်။ 

လေလံကြေးဟာ ဆက်လက် မြင့်တက်လာပြီး မကြာခင်မှာ
ပဲ လေလံတင်သံတွေ ရပ်သွားသည်။ အဲဒီအချိန်မှာ အရှေ့
တန်းမှာ ထိုင်နေတဲ့ အကြီးအကဲတယောက်က ထပြီး အေး
ဆေးစွာ လေလံကြေး ထပ်တိုးလိုက်သည်။ 
" ၂၀၀၀၀ " 

 လေလံကြေး ခေါ်လိုက်ပြီးနောက် ဘယ်သူမှ လေလံကြေး 
ထပ်မတင်တော့.. ။ မျှော်လင့်ချက်တကြီးဖြင့် လေလံဆွဲနေ
သူတွေဟာ မရယ်မပြုံးတဲ့ အကြီးအကဲကို ကြည့်ပြီး 
စိတ်ပျက်ကုန်ကြသည်။ ဂျားလီမျိုးနွယ်ရဲ့ အကြီးအကဲ
တစ်ယာက်နှင့် ယှဉ်ပြီး လေလံဆွဲဖို့ သူတို့မှာ အဲ့လောက် 
မချမ်းသာကြချေ။

" ဟီဟီ.. ဂျားလီဘီ..မင်းရဲ့သားက Dou Zhe အဆင့်ကို 
ရောက်နေပြီးမလား..အဲဒါတောင် အခြေခံဆေးကို စိတ်ဝင်
စားနေတုန်းပဲလား"

 အရှေ့တန်းမှာ ထိုင်နေတဲ့ လူကြီးပိုင်းအရွယ်လူက 
အနောက်လှည့်ပြီး ဂျားလီဘီကို ဟန်ဆောင်ထားတဲ့
အပြုံးနှင့် မေးလိုက်၏

 " အော့ပါးဘာ.. ငါ့ရဲ့ အနာဂတ်မြေးအတွက် ကြိုဝယ်ထား
လို့မရဘူးလား.. ? "

ဂျားလီဘီဟာ ထိုလူကြီးကို သိပ်သဘောမတွေ့လှပြီး အေး
စက်စွာ သရော်အပြုံးပြလိုက်သည်။

မင်းမှာ မြေးရှိဖို့တောင် ကံကောင်းပါ့မလားဆိုတာ ကြည့်ရ
သေးတာပေါ့ကွာ...တစ်နေ့ကျရင် မင်းသားက သူကိုယ့်သူ 
သဘောပေါက်လာလိမ့်မယ်.. ဝမရှိဘဲနဲ့..#%^@&$&@ 

ဂျားလီဘီကို စိတ်ထဲကျိန်ဆဲနေရင်းနဲ့  အော့ပါးဘာ လေလံ
ဈေးကိုထပ်တင်လိုက်သည်။ 
"၂၃၀၀၀ "

"၂၅၀၀၀ "

......................
အံ့သြစွာကြည့်နေတဲ့ လေလံဆွဲသူတွေအားလုံရဲ့ အကြည့်
မှာပဲ နှစ်ယောက်သား အစာအတွက် တိုက်ခိုက်နေကြတဲ့ 
ခွေးနှစ်ကောင်လိုပဲ ယှဉ်ပြိုင်ပြီး ဈေးတင်လာခဲ့ရာ နောက်
ထပ် ၁၀ မိနစ်အတွင်း "၃၁၀၀၀" သို့ပင် ရောက်လာခဲ့၏။

" ၄၀၀၀၀ "
မျက်စိမှိတ်လျက်ရှိနေသည့် ရှောင်ကျန်း ရုတ်တရက် အော်
လိုက်သည်။

လေလံခန်းမရှိ လေလံဆွဲသူအားလုံး တိတ်ဆိတ်သွားပြီး
ရှောင်ကျန်းကို လှည့်ကြည့်လိုက်ကြသည်။ ဂျားလီဘီ နှင့် 
အော့ပါးဘာ တို့နှစ်ယောက်လည်း ရှောင်ကျန်း ရုတ်တရက်
ဈေးမြှင့်ပေးလိုက်ခြင်းကြောင့် အံ့အားသင့်သွားသည်။

" ဟားဟား.. မျိုးနွယ်ခေါင်းဆောင်ရှောင်.. ကြည့်ရတာ 
ဒီအခြေခံဆေးကို တကယ်လိုချင်နေတဲ့ပုံပဲ.. "  
ဂျားလီဘီ ပြုံးလျက် ဆိုလိုက်သည်။ 

 ရှောင်ကျန်လည်း ပြန်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 
" ဆေးလုံး လိုချင်ရင် ဈေးကိုထပ်တင်ပြီး လေလံပြိုင်ဆွဲ
လေ...ငါ ဒီဈေးနှုန်းထက် ပိုပေးပြီး လေလံမဆွဲတော့ဘူး.. "

ဂျားလီဘီ တွေဝေသွားပြီး ရှောင်ကျန်း တကယ်ပြောနေ
တာလားဆိုတာ စဉ်းစားနေလေသည်။ ခဏအကြာမှာ 
ခေါင်းကို ခါလိုက်သည်။ ဒီနေ့ သူ့၏ ရည်ရွယ်ချက်က
အခြေခံဆေးလုံးကို ဝယ်ဖို့စဉ်းစားထားခြင်း မဟုတ်ပေ။ 
ပြီးတော့ ဒီဆေးလုံးမှာပဲ ပိုက်ဆံကုန်သွားခဲ့ရင် ဒါဟာ 
အကြံကောင်းမဟုတ်ဘူး။ 

တဖက်ခြမ်းက အော့ပါးဘာလည်း ဂျားလီဘီ ဈေးဆက်
မတင်တော့တာကို မြင်ပြီး သူလည်း ပခုံးတွန့်လိုက်သည်။ 
အခြေခံဆေးလုံးက ဘယ်လိုပဲ လိုချင်စဖွယ်ဖြစ်နေသော်
လည်း သူ့ပန်းတိုင်က ဆေးလုံးမဟုတ်ချေ။ အဲဒါကြောင့်
သူလည်း ဈေး ထပ်မတင်တော့ချေ။

" ရှောင်မျိုးနွယ်ခေါင်းဆောင်က ၄၀၀၀၀ နဲ့ လေလံထပ်
တင်ထားပါတယ်.. ဘယ်သူများ ဈေးပိုပေးချင်တဲ့သူ ရှိ
သလဲ.. "

တိတ်ဆိတ်နေတဲ့ ခန်းမ ကိုကြည့်ပြီး ရဖေး ပြုံးလိုက်ကာ 
သတိပေးလိုက်သည်။ 

" တယောက်မှ ဈေးထပ်မတင်တော့ဘူးဆိုရင် ဒီအခြေခံ
ဆေးလုံးကို မျိုးနွယ်ခေါင်းဆောင် ရှောင်ကျန်းက ပိုင်ဆိုင်
သွားပါပြီး... "

လူတယောက်မှ မတုံ့ပြန်၍ ရဖေး ကြေငြာလိုက်ပြီး စားပွဲခုံ
ပေါ်ကို  တူလေးဖြင့် ခပ်ဆတ်ဆတ် ထုလိုက်ပြီး လေလံချိုး
သွားပြီးအကြောင်း အချက်ပြလိုက်သည်။ 

 ထိုအချိန်မှာ ထောင့်တနေရာမှာ ထိုင်နေတဲ့ ရှောင်ယွင် 
ရယ်ရမလား ငိုရမလား မသိတော့ပါ။ လေလံတင်လို့ ရမဲ့
ပိုက်ဆံက နောက်ဆုံးတော့ သူ့အဖေပိုက်ဆံပဲ ဖြစ်နေတဲ့
ကိန်းဆိုက်နေသည်။

" ဟုတ်ကဲ့... နောက်တဖန် ကျွန်မတို့ နောက်ဆုံးပိတ်
လေလံပစ္စည်းကို လေလံတင်ရောင်းပါတော့မယ်... " 

ကျောက်စိမ်းပုလင်းကို ဗန်းပေါ်ပြန်တင်လိုက်ပြီး ရဖေး
လက်ကို ဝှေ့ယမ်းပြလိုက်သည်နှင့် ခန်းမအတွင်း 
မီအလင်းရောင်မှိန်ကျသွားသည်။ ထို့နောက် သူမ ငွေ
လင်ဗန်းကို ထုတ်ယူလာခဲ့ပြီး ထိုငွေလင်ဗန်းအပေါ်မှာ
အစိမ်းရောင် စာလိပ်ရိုးရိုးလေးတခုကို တင်ထားသည်။

 အဲဒီစာလိပ်ဟာ  အစိမ်းရောင် ဖျော့ဖျော့လေး အရောင်
ဖြာနေပြီး ငွေလင်ဗန်း၏ ငွေအလင်းရောင်ပြန်ဟပ်နေတာ
 နှင့် ရောစပ်ပြီး ထူးခြားတဲ့အလင်းရောင်မျိုး ဖြာထွက်နေသည်။ 

 " အဆင့်မြင့် ရွှင်းအဆင့်   လေမုန်တိုင်းအော်ဟစ်သံ
အတွင်းစွမ်းအင်ကျင့်စဉ် ပဲ ဖြစ်ပါတယ်ရှင်.. "

.

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...