Followers

Chapter 34

34 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 34.      ပြန်လှည့်သွားပြီး 

အေးဆေးဆေးဆေးပဲ လက်ကို အနောက်ပစ်ထားတဲ့ 
ရှောင်ယွင်ကို ကြည့်ပြီး လေ့ကျင့်ကွင်းထဲလူတွေ ဆွံ့အ
သွားပြန်သည်။ 

စင်မြင့်ပေါ်က ရှောင်ကျန်းလည်း တဖြည်းဖြည်းပြုံးလာပြီ
နောက် တဟားဟားဖြင့် ရယ်မောလေသည်။ 

ရှောင်ကျန်းရဲ့ အားပါတရ ရယ်သံကို ကြားမိသော်လည်း
အကြီးအကဲသုံးယောက်မှာ ဆိုစရာစကားမရှိဘဲ တယောက်မျက်နှာ တယောက်ကြည့်ရင်း အသက်ပြင်းကိုယ်စီ ချ
လိုက်သည်။ ရှောင်ယွင်ကို ဆန့်ကျင်ပြီး တစ်ခုခု လုပ်ဖို့
လည်း မကြိုးစားတော့ပါဘူး။ ရှောင်ယွင် ပြသွားတဲ့ အစွမ်းပပကားတွေက သူတို့အတွက် ရှုံးနိမ့်မှုကို နိမိတ်ပြသွားသကဲ့
သို့ ခံစားစေရသည်။ ၁ နစ်အတွင်း အဆင့်၎ ဆင့်.. ဒါဟာ
မည်သူ့ကိုမဆို အလန့်တကြားဖြစ်စေမှာပါ။ ပြီးတော့ 
သူတို့ရဲ့ သားဒါမှမဟုတ် မြေး တွေမှာတောင် ဒီလို အမြန်
နှုန်းမျိုး ရှိဖို့ မျှော်မှန်းမိမှာ မဟုတ်ဘူး။ 

 ရှောင်ကျန်းစိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ပြီး ပွဲရလဒ် 
ကို စတင်ကြေညာသည်။ 
" တူလေး ရှောင်ခွန်း ရှုံးနိမ့်သွားပါတယ်... ဆက်လက် ကြိုး
စားပြီး လေ့ကျင့်သွားဖို့ မျှော်လင့်ပါတယ်... "

ကြေညာသံကို နားထောင်ရင်း လေ့ကျင့်ကွင်းထဲက ရှောင်
ခွန်း စိတ်ဓာတ်ကျပြီ ခေါင်းငိုက်စိုက်ကျသွားသည်။ သူနဲ့ 
သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူ
ငယ်ကို ကြည့်လိုက်ရင်း  ပြီးခဲ့တဲ့ တစ်နှစ်တုန်းက အမှိုက်
ကောင်လို့ သူကိုယ်တိုင် စော်ကားပြီ ခေါ်ခဲ့တဲ့အကြောင်းကို
ပြန်သတိရလာသည်။ အခု တစ်နှစ်အတောအတွင်းမှာ 
အမှိုက်ကောင်လို့ သူခေါ်ခဲ့တဲ့ ရှောင်ယွင်က မျိုးနွယ် ထိပ်
ပိုင်းကို ရောက်သွားပြီး သူ့ထက်ပင် အဆင့်ကျော်တက်သွား
ခဲ့ပြီ။ အခြေအနေ အရမ်းပြောင်းလဲသွားခြင်းက သူ့ကို ပြီးခဲ့
တဲ့တစ်နှစ်တုန်းက ခန်းမဆောင်ကြီးထဲမှာ ရှောင်ယွင် ပြောခဲ့တဲ့ စကားကို ပြန်အမှတ်ရစေလေသည်။

"အခု ငါအားနည်းနေလို့  ငါ့ကို လွယ်လွယ်လေး ထင်သလို
အနိုင်ကျင့်လို့ရတယ်လို့ မတွေးလိုက်နဲ့... "

သူ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းကို ယမ်းလိုက်သည်။ 
ခက်ခဲစွာ မတ်တပ်ရပ်လိုက်ပြီး ရှောင်ယွင်ဆီကို ဦးညွတ်
လိုက်၍ မာနကင်းတဲ့ လေသံဖြင့် ပြောလိုက်လေ၏။

" အကိုကြီး ရှောင်ယွင်က နိုင်ပါတယ်... စွမ်းအားတွေ 
ပြန်လည်ရရှိသွားလို့လည်း ဂုဏ်ယူပါတယ်... "

ရှောင်ယွင အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် ကွင်း
ထဲက လူတွေဆီကို ဖြန့်ကျက်ပြီး စူးစိုက်ကြည့်လေသည်။ 
သူ့အကြည့်နဲ့ ဆုံတဲ့သူတိုင်းဟာ ကြောက်ရွံ့သွားကြပြီး
စိုးရိမ်စွာဖြင့် တဖက်ကို မျက်နှာလွှဲလိုက်ကြသည်။

သူ့ကို ငေးကြည့်နေသည့် ရှောင်မိန်ကိုလည်း လှမ်းမြင်
လိုက်သည်။ ဒါပေမဲ့ ဆက်ပြီး အဆင့်ရှုံးနိမ့်သည့် မျိုးနွယ်
လူငယ်တွေကို သေချာကြည့်ပြီး ပြုံးလိုက်ကာ
" စိန်ခေါ်ချင်တဲ့ သူများ ကျန်သေးလား.. "

ပထမတုန်းက စိန်ခေါ်ဖို့ စိတ်အား ထက်သန်နေတဲ့ မျိုးနွယ်
လူငယ်တွေဟာ အခုအခါမှာတော့ ပါးစပ်ပိတ်နေကြပြီး
ရှောင်ယွင်စကားက သူတို့နဲ့ မသက်ဆိုင်နေသလိုမျိုးနဲ့ 
အကြည့်လွှဲထားကြသည်။ မည်သူမှလည်း အရှေ့ထွက်ပြီး စိန်မခေါ်ရဲတော့ဘူး။ 

အရူးလို ဟန်ဆောင်နေသည့် ကလေဆန်တဲ့ အပြုအမူတွေ
ကို တွေ့ရလို့  ရှောင်ယွင် ပခုံးတွန့်လိုက်ပြီး သူ့နေရာဆီကို
ပြန်လှည့်လာခဲ့လိုက်သည်။ 

ဘေးနားကို ရောက်ချလာတဲ့ ရှောင်ယွင်ကို ကြည့်ပြီး
ရှင်းအာ ပြုံးပြလိုက်သည်။ ကွင်းပြင်အခြေအနေကို အကဲ
ခတ်ကြည့်၍ ရှောင်ယွင်ကို
" အကိုရှောင်ယွင်... လွန်ခဲ့တဲ့ သုံးနှစ်ကလိုမျိုး အကြည့်
တွေနဲ့ အကို့ကို ကြည့်နေကြပြီး.. " ဟု ပြောလိုက်သည်။ 

ရှောင်ယွင် နှာခေါင်းပွတ်လိုက်ပြီး ရယ်ရယ်မောမောဖြင့်
" အဲ့ဒီသုံးနှစ်တုန်းက သူတို့ရဲ့ လေးစားပြီး ကြောက်ရွံ့နေ
ကြတဲ့ အကြည့်တွေကြောင့် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်..
ဒါပေမဒီနေ့ကျတော့ ဘာမှသိပ်မခံစားရတော့ဘူး.. "

" အကိုရှောင်ယွင်က ရင့်ကျက်နေပြီးပဲ.. " 
ရှင်းအာ နောက်ပြောင်ဟန်ဖြင့် မျက်တောင်လေး တဖျတ်
ဖျတ် ခတ်ရင်း ပြောလိုက်သည်။ 

" ဒါပေမဲ့ ညီမထက်တော့ ပိုပြီး မရင့်ကျက်သေးပါဘူး... 
တခါတလေကျရင် ညီမ ကိုယ်ထဲမှာ မွန်းစတားအကောင်
တစ်ထောင်လောက် ရှိနေတယ်လို့ ခံစားရတယ်.. "

သူ့ကို အရွယ်ရောက်ရင့်ကျက်နေပြီး ဟု ကောင်မလေးတစ်
ယောက်က ပြောနေ၍ ရှောင်ယွင် မရယ်ဘဲ မနေနိုင်အောင်
ဖြစ်သွားရပြီး ရှင်းအာ ခေါင်းလေးကို ရင်းရင်းနှီးနှီး ပွတ်သပ်
ပြီး ပြုံးလိုက်၏။

ရှောင်ယွင်စကားကြောင့် ရှင်းအာ မျက်စောင်းလေး ထိုးပစ်
လိုက်ပြီး မျက်နှာမှာလည်း စိတ်ကောက်သွားဟန် ဖြစ်သွား
လေ၏။ ဘယ်လောက်ပဲ ပွင့်လင်းသည့် မိန်းကလေးဖြစ်နေ
ပါစေ မွန်းစတားအကောင်နဲ့ နှိုင်းပြောတာ ကြိုက်တဲ့ မိန်းကလေးရှိလို့လား... 

ရှင်းအာ စိတ်ကောက်သွားတဲ့ပုံစံက ချစ်ဖို့ကောင်းလွန်းလို့
ဘေးပတ်ဝန်းကျင်က ယောင်္ကျားလေးများ မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်နေသလို တချို့ မိန်းကလေးတွေကပါ ငေးကြည့်မိလေသည်။ 

" ဒီကောင်.. သောက်ကြီးသောက်ကျယ်နဲ့.. "

တခြားလူလိုပဲ ရှင်းအာရဲ့ စိတ်ကောက်တဲ့ပုံစံကို ရှောင်နင်
လည်း သဘောကျသွားပေမဲ့ သူမနှင့် ရှောင်ယွင် ရင်းရင်း
 နှီးနှီး စကားပြောနေတာတွေကို ကြည့်ပြီး  မနာလိုခြင်းမီး
တောက်ဟာ သူ့ကိုယ်တွင်းမှာ လောက်ကျွမ်းလာသည်။ 
မျိုးနွယ်တခုလုံးမှာ သူသာလျှင် ရှင်းအာနှင့်ထိုက်တန်
သည်ဟု သူ့စိတ်ကို ဘယ်လိုပဲ လှည့်စားနေပါစေ.. 
တကယ်တမ်း ပြန်စဉ်းစားကြည့်လျှင် သူဘယ်လောက်ပဲ 
ကြိုးစားကြိုးစား သူ့ကြောင့် ရှင်းအာ ပြုံးသွားသည်မှာ ရှား
ပါးလှသည်။ ဒါပေမဲ့ အမှိုက်ကောင် ရှောင်ယွင်ကတော့
ရှင်းအာကို ရယ်မောနေအောင် အမြဲလုပ်နိုင်သည်။ ဒီလို 
ကွဲပြားတာကို တွေးပြီး ရှောင်နင် အံကို တင်းတင်းကြိတ်
လိုက်လေသည်။ 

" အေး အခုတော့ ဂျိုကြွထားပေါ့ကွာ အရွယ်ရောက်ခြင်း
အခမ်းအနားကျရင် ရှင်းအာ အရှေ့မှာ ရှိသမျှသွားတွေ
ကျွတ်ထွက်သွားအောင် လုပ်ပေးမယ်.. "

ရှောင်နင် လက်သီး တင်းတင်းဆုပ်ထားပြီး ရှောင်ယွင်ကို 
စိုက်ကြည့်နေလိုက်သည်။

ရှောင်ယွင်ရဲ့ လေ့ကျင့်မှုအမြန်နှုန်းကြောင့် သူလည်းပဲ 
အထိတ်တလန့်ဖြစ်သွားပေမဲ့ သူ့ရဲ့ မာနကြီးတဲ့ အပြုအမူ
ကိုတော့ တပြားသားမှ မလျှော့ချေ။ ပြီးတော့ မျိုးနွယ်လူ
ငယ်တွေမှာ ရှင်းအာနဲ့ နှိုင်းယှဉ်စရာ လူဆိုလို့ သူ့ကိုယ်သူ
မှတ်ယူထားသည်မဟုတ်လား.. 

ရှောင်ယွင် ထုတ်ပြလိုက်တဲ့ စွမ်းအားကြောင့် အန္တရာယ်
တစ်ခုလို ခံစားမိသည်။ ဒါကြောင့် ရှောင်ယွင် မသန်မာလာ
ခင် သင်ခန်းစာ ကောင်းကောင်းပေးရမည်။ အကောင်းဆုံး
နည်းလမ်းကတော့ ဒဏ်ရာရတဲ့အထိ သင်ခန်းစာ ပေးပြီး
ရှောင်ယွင် လေ့ကျင့်မှုကို ရပ်ဆိုင်းစေသွားအောင် လုပ်ရမည်။ 

ကောတ်ကျစ်တဲ့အတွေးကို တွေးနေရင်း ရှောင်ယွင် နှုတ်
ခမ်းက အလိုလိုပြုံးလာသည်။ ရှောင်ယွင်က အဆင့် ၇
ဖြစ်နေပေမလည်း သူ့ရဲ့ အဆင့်၈ ကို သူယုံကြည်ထား
သည်။ အဆင့်၇ နဲ့ အဆင့်၈ မှာ ကွာဟချက် ကြီးမားသေး
သည်မို့ ရှောင်နင် ယုံကြည်ချက်ရှိသည်မှာ မဆန်းပေ။

ထိုအချိန်မှာ ရှင်းအာနဲ့ တိုးတိုးလေး စကားပြောနေရင်း 
ရှောင်ယွင်မျက်လုံးက ကွင်းဘက်ဆီကို ရောက်သွားသေးရာ ကွင်းတဖက်ခြမ်းမှာ ပြုံးလျက်ရှိနေသည့်  ရှောင်နင်ကို 
လှမ်းမြင်လိုက်ရသည်။ ဘာကြောင့်လဲဆိုတာ တချက် စဉ်း
စားလိုက်ပြီးနောက် ရှောင်နင်အပြုံးရဲ့ နောက်ကွယ်က 
အဓိပ္ပါယ်ကို တွေးမိပြီး တယောက်တည်း ပြုံးလိုက်မိသည်။ 
မိမိ၏ ခံစားချက်ကိုတောင် မထိန်းချုပ်နိုင်တဲ့သူက တခြား
သူတွေကို ဘယ်ကဲ့သို့ ကြောက်ရွံ့ခြင်း ဖြစ်ပေါ်စေနိုင်မှာလဲ
...............

ရှောင်ခွန်း ရှုံးနိမ့်ပြီးသွားကတည်းက မည်သူမှ ရှောင်ယွင်
ကို ထပ်ပြီး စိန်မခေါ်ရဲတော့ချေ။ ရှောင်ယွင်အစား တခြား
သူတွေကိုသာ ခြေဦးလှည့်တော့သည်။ တခြား စိန်ခေါ်ပွဲ
များ ပြီးဆုံးသွားပြီတဲ့အခါမှာ လူနှစ်ယောက်သာ ကံကောင်း
မှုများနှင့် သူတို့၏ ဒိုချီသိုင်းကို ကျွမ်းကျင်နေခြင်းကြောင့်
ပြိုင်ဖက်ကို အနိုင်ယူနိုင်ခဲ့ပြီး အရွယ်ရောက်ခြင်း အခမ်း
အနားအတွက် တက်ရောက်ခွင့်ရသွားခဲ့သည်။ 

တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားလေတဲ့
ကွင်းထဲက လူငယ်တွေကို ကြည့်ရင်း ပြုံးနေတဲ့ ရှောင်ကျန်း
က မတ်တပ်ရပ်လိုက်ပြီး ပွဲရလဒ်ကို ကြေညာလိုက်ရင်း 
အရွယ်ရောက်ခြင်းအခမ်းအနားအကြောင်းကိုလည်း
နှစ်ကြိမ်တိုင်တိုင် ထည့်သွင်းသတိပေးလိုက်ပါသေး၏။ 

ပွဲပြီးသွားပြီမို့ ရှောင်ယွင် အေးဆေးသက်သာစွာ မတ်တပ်
ရပ်လိုက်ပြီး စင်မြင့်ပေါ်မှာ ပျော်ရွှင်နေပြီး အရည်အချင်းရှိ
တဲ့သူ့သားကို လက်မထောင်ပြနေဖို့ မတွန့်တိုတတ်တဲ့ 
သူ့အဖေ ရှောင်ကျန်းဆီကို လှမ်းပြုံးပြလိုက်သည်။

ရှောင်ယွင် သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်
အောင် ဖုန်ခါနေလိုက်ရင်း သင်းပျံ့တဲ့ ရနှံ့တစ်ခုကို ရ
လိုက်လေသည်။ 

နဖူးပြင် တွန့်ခနဲဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ
အရှေ့မှာ ရပ်နေတဲ့ ရှောင်မိန်ကို မြင်လိုက်ပြီး 
" ဘာ အလိုရှိလဲ.. " ဟု မေးလိုက်လေသည်။ 

ခံစားချက်ကင်းမဲ့ပြီး အေးစက်စက်ဖြစ်နေတဲ့ ရှောင်ယွင်ရဲ့
မျက်နှာကို မြင်ရတော့ ရှောင်မိန် အထစ်ထစ်အငေါ့ငေါ့
ဖြစ်သွားပြီး အားတင်းပြုံးလိုက်ရင်း 

" အကိုကြီးရှောင်ယွင်... ဂုဏ်ယူပါတယ်... "

" ကျေးဇူးပဲ.. " 
ဟု ပြန်ပြောလိုက်ရင်း ခေါင်းတချက်ညိတ်လိုက်ပြီး ဘေး
နားက ရှင်းအာကို တချက် ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ 

" အကိုကြီးရှောင်ယွင်... မနက်ဖြန်ကျရင် အဖေကိုယ်တိုင်
အဆင့်မြင့် ဟွာင်းသိုင်းတခုကို ဒိုချီခန်းမဆောင်မှာ သင်ပြ
ပေးမယ်တဲ့.. ညီမနဲ့ အတူတူသွားင်ကြမလား.. "
သူမ၏ သိမ်မွေ့ပြေပြစ်ခြင်း နဲ့ ဆွဲဆောင်မှုအားကောင်း
ကောင်းတို့နဲ့ ပေါင်းစပ်ပြီး ငြင်းပယ်လို့ မစွမ်းသာလောက်
အောင် အပြုံးဖြင့် မေးလိုက်လေသည်။ 

ရှောင်မိန် ဖိတ်ခေါ်မှုကြောင့် ရှောင်ယွင် မျက်ခုံး အနည်း
ငယ် မြင့်တက်သွားသည်။ 

ယဉ်ကျေးစွာ ငြင်းပယ်နိုင်ဖို့ ရှောင်ယွင် ဆင်ခြေ အကြောင်း
ပြချက်တခု စဉ်းစားနေစဉ်မှာပဲ  ဖြူဥနုနယ်တဲ့ လက်တစ်
ဖက်က သူ့လက်မောင်းမှာ လာပြီး ချိတ်ဆွဲ၍ ဖက်လိုက်
လေသည်။

ရှောင်ယွင် အလန့်တကြားဖြင့် သူ့လက်မောင်းကို ဖက်၍
ချိတ်ထားတဲ့ ရှင်းအားကို လှည့်ကြည့်လိုက်မိသည်။

" တကယ်တောင်းပန်ပါတယ် အစ်မရှောင်မိန်...
ရှင်းအာ အကိုရှောင်ယွင်ကို မနက်ဖြန် ဝူတန်မြို့ထဲ လိုက်
လည်ဖို့ ပြောထားပြီးပြီ အဲ့ဒါကြောင့် အကိုရှောင်ယွင်က 
အစ်မရှောင်မိန်နဲ့  ဒိုချီခန်းမကို အတူသွားဖို့ အဆင်မပြေ
နိုင်တော့ဘူး.. "

အားလုံး အံသြမှင်တက်နေဆဲမှာပဲ ရှောင်ယွင်လက်မောင်း
ကို ဖက်မှီနေရင်း နုနယ်တဲ့ သူမမျက်နှာပေါ်မှာ အားနာမှု
တွေနဲ့ ခြယ်သထားသည်။ 

...................

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...