Followers

Chapter 29

29  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 29.  အရေးကြီးတဲ့ နေ့တနေ့

သုံးလဆိုတဲ့ အချိန်တစ်ခုဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး
ရှောင်ယွင်ရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားရောက်ဖို့
အချိန်တစ်လတာမျှသာ ကျန်တော့သည်။

သန့်ရှင်းသပ်ရပ်တဲ့ အခန်းထဲမှာ သစ်သားစည်ပိုင်းထဲက 
အစိမ်းရောင်ဆေးရည်ကို ရှောင်ယွင် ငေးကြောင်ကြည့်
နေ၏။ သူကြည့်နေတာက အခြေခံဆေးရည်နောက်ဆုံး
လက်ကျန်ပဲ ဖြစ်သည်။ Duan Qi အဆင့်အနောက်ပိုင်း
ရောက်နေပြီးမို့ သူ့ရဲ့ ဒိုချီစွမ်းအင်ကို ထပ်မြှင့်ဖို့ ခဲယဉ်း
သွားသည်။ လွန်ခဲ့တဲ့ သုံးလကတည်းက ရောက်ရှိခဲ့တဲ့ 
အဆင့် ၇ ကနေ တိုးတက်မှု သိပ်မရှိခဲ့ချေ။ ပြီးတော့ အဆင့်
၈ ကို ရောက်ခါနီးပြီးဆိုတဲ့ ခံစားချက်လည်း လုံးဝမဖြစ်သေး
ပေ။ 

သစ်သားစည်ပိုင်းကို အရူးတယောက်လို ငေးကြောင်ကြည့်
နေရင်း ခေါင်းခါယမ်းလိုက်ပြီး အကြည့်လွှဲလိုက်သည်။ 
အသက်ပြင်းချပြီး .. " အဆင့်၈ ရောက်ဖို့ ဒီဆေးရည်လက်
ကျန်က လုံလောက်ပါ့မလား..?? "

ကျောက်ရုပ်လို မလှုပ်မယှက်ခန္ဓာကိုယ်ကို လေးတွဲ့စွာ 
ဆန့်ရပ်လိုက်ပြီး အံ့သြစရာကောင်းစွာ လေ့ကျင့်ခြင်းမလုပ်
တော့ဘဲ အဲ့ဒီအစား ဘီရိုထဲက အဝတ်တစ်စုံကိုထုတ်ယူ
ဝတ်ဆင်လိုက်သည်။ 

အရွယ်ရောက်ခြင်းအခမ်းအနားမတင်မီ တစ်လအလိုမှာ
အခမ်းအနားမှာပါဝင်ရမဲ့သူတွေက စမ်းသပ်မှုတစ်ခုကို
အရင်စမ်းသပ်ခံရသေးသည်။ ဒီစမ်းသပ်မှုဟာ ဒိုချီစွမ်းအင်
မပြည့်မှီသေးတဲ့သူကို စိစစ်ရွေးဖယ်ထားဖို့ ရည်ရွယ်ပြီး 
အကြိုအရည်အချင်းစစ်ပွဲ ကျင်းပခြင်းဖြစ်သည်။ အဆင့်၇ 
နဲ့အထက်ရှိတဲ့သူတွေဟာ စမ်းသပ်ခြင်းကို ကျော်ဖြတ်ပြီး
အရွယ်ရောက်ခြင်းအခမ်းအနားမှာလည်း ဆက်ပြီးအောင်
မြင်ခဲ့ရင် ဒိုချီခန်းမကြီးကို ဝင်ခွင့်ရမှာဖြစ်ပြီး ချီကျင့်စဉ်တခု
ခုကိုလည်း ရွေးချယ်ခွင့်ပေးအပ်ခံရမည်။ အခြားတစ်ဖက်
မှာလည်း အဆင့်၇ မရောက်သေးတဲ့သူတွေက အခွင့်
အရေးကို ဆုံးရှုံးမှာဖြစ်ပြီး မျိုးနွယ်၏အိမ်တော်မှ အဝေးကို
ပို့ဆောင်တာဝန်ချမည်ဖြစ်သည်။ အရည်အချင်း ဒါမှမဟုတ်
ရဲရင့်ခြင်းတွေ ထူးထူးခြားခြား မပြသနိုင်ခဲ့ရင် ရှောင်မျိုးနွယ်
အတွင်းစည်းအသိုင်းအဝိုင်းကို ဝင်နိုင်မှာ မဟုတ်ချေ။ 

အဝတ်အစားကို ဝတ်လိုက်တဲ့အချိန်မှာ သာယာတဲ့
တံခါးခေါက်သံကို ကြားလိုက်ရသည်။

" အကိုကြီးရှောင်ယွင်.. အထဲမှာ ရှိနေလား.. "

အသံစူးစူး မိန်းခလေးအသံကို ကြားလိုက်၍ မျက်လုံးပြူး
သွားကာ  ကြယ်သီးကို အမြန်တပ်ပြီး သစ်သားစည်ပိုင်းကို
လည်း မမြင်နိုင်လောက်တဲ့ အခန်းထောင့်ဆီကို ပို့လိုက်
သည်။ အဆင်ပြေမပြေ တချက် ပြန်စစ်လိုက်ပြီးနောက် 
အခန်းတံခါးဆီကို အေးအေးဆေးဆေးပဲ သွားပြီး တံခါးဖွင့်
လိုက်သည်။ 

တံခါးကို ဖွင့်လိုက်ရာ နေရောင်ခြည်နွေးနွေးက သူ့ကိုယ်
ပေါ်ကျလာပြီး အနက်ရောင်ဝတ်စုံနဲ့ ရှောင်ယွင်ကို တက်
ကြွမာန်ပါတဲ့ဟန် ထင်းခနဲ ဖြစ်စေ၏။ 

အခန်းအပြင်ဘက်မှာ...  ကောင်မလေးတစ်ယောက်..
ပေါ့ပါးသန့်ရှင်းတဲ့ အစိမ်းဖျော့ဝတ်စုံနဲ့ ခရမ်းရောင်ခါးစည်း
ကြိုးလေး ဝတ်ဆင်ထားပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ
သည်ကို တွေ့ရသည်။ 

အပြင်မှာ ရပ်စောင့်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ရှောင်
ယွင် ခနတာမျှ ကြောင်ငေးမိပြီးနောက် သတိပြန်ဝင်လာပြီး
အိနြေ္ဒကို ပြန်ဆယ်လိုက်ရင်း 
" ခုနက နတ်သမီးတစ်ပါး ဆင်းသက်လာတယ်လို့ ထင်နေ
တာ.. အခုလိုအနီးကပ်ကြည့်မှပဲ ရှင်းအာ ဖြစ်နေတာကိုး.. "

ရှောင်ယွင်ရဲ့ မြှောက်ပင့်ချီးကျူးတာကို ကြားလိုက်ရတော့
ရှင်းအာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး နှုတ်ခမ်းမှာ
လည်း အပြုံးတစ်ခု ရောက်လာသည်။ ဆန်းသစ်လ လိုမျိုး
မျက်ခုံးကို ချိုးထားလိုက်ပေမဲ့ တစ်ယောက်ယောက်က
ကြည့်လိုက်ရင် သူမရင်ထဲမှာ ပျော်ရွှင်နေမှန်း သိသာလှ
သည်။ 

ပျော်ရွှင်နေတဲ့ မျက်ဝန်းနှင့် သူမ၏ လုံးဝန်းချောမွတ်တဲ့ 
မေးကို မော့လိုက်ခါ အရှေ့မှာ ရပ်နေတဲ့ ရှောင်ယွင်ကို 
သေသေချာချာ ဆန်းစစ်ကြည့်လိုက်သည်။ 

တစ်နှစ်ပတ်လုံး လေ့ကျင့်မှုတွေနဲ့ ပြည့်ဝနေတာမို့  ရှောင်
ယွင်ရဲ့ အမူအရာတွေမှာ  ရိုးအေးကလေးဆန်တာတွေ
လည်း မရှိတော့ပြီ။ ချောမောပြီး ကြည့်ကောင်းတဲ့ သူ့မျက်
 နှာမှာ ယောင်္ကျားပီသပြီ ရင့်ကျက်မှုတွေက ပေါ်လွင်နေ
သည်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေရဲ့ အကျိုးရလဒ်အဖြစ်
တကိုယ်လုံးမှာ ကြွက်သားအဖုအထစ်တွေက နေရာယူ
ထားသည်။ အမဲရောင်အင်္ကျီဝတ်ထားပေမဲ့လည်း သူ့ကို
ကြည့်ရတာ စွမ်းအင်တွေနဲ့ ပြည့်ဝနေသလို ခံစားရ၏။

အခန်းအပြင်ဝဘက်ကို လှမ်းထွက်လိုက်ပြီး အခန်းဝတံခါး
ကို ပြန်ပိတ်လိုက်ပြီးနောက် အနောက်ပြန် လှည့်ကြည့်
လိုက်ရာ သူ့ကို စကားပင်မပြောနိုင်ဘဲ အံ့အားသင့်ပြီး 
မျက်တောင်မခတ်ဘဲ ကြည့်နေတဲ့ ရှင်းအာ ကို မြင်လေ၏။ 
မလုံမလဲဖြင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်ပြီး   
" ဘာမှားနေလို့  အဲလိုကြည့်နေရတာလဲ... "

လှပတဲ့ မျက်နှာကလေးမှာ နီရဲသွားပြီး ရှင်းအာ အကြည့်
ကိုလွှဲလိုက်ကာ ပြုံးလိုက်၏။
" အကိုရှောင်ယွင်.. သွားကြရအောင်... ဒီနေ့က အရွယ်
ရောက်ခြင်းအခမ်းအနားရဲ့ အကြိုစမ်းသပ်တဲ့ ပွဲနေ့ပဲ.. 
အဆင်သင့်ဖြစ်ပြီးလား.. "

ရှောင်ယွင် နှုတ်ခမ်းက ခေါင်းမာခြင်း၊မာနရှိခြင်းနဲ့အတူ 
ပြုံလိုက်သည်။ မျက်စိကျဉ်မြောင်းသွားပြီး အလေးမထား
ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး လက်သီးတင်းတင်းဆုပ်လိုက်
ကာ " ငါ့ကို အမှိုက်လို့ နာမည်ပေးခဲ့သူတွေကို ဒီနေ့ သူတို့
ကို အဲဒီနာမည် ငါ ပြန်ပေးမယ်.. "

ယုံကြည်မှုအပြည့်နဲ့ ရှောင်ယွင်ကို အကဲခတ်ကာ ရှင်းအာ
ခေါင်းညိတ်လိုက်၏။ 
"ငါ  အကိုရှောင်ယွင် ကို ယုံကြည်တယ်.. "

" အကို့ကို ယုံကြည်တယ်ဆိုတော့ အခု အကို ဘယ်အဆင့်
ရောက်နေပြီးပြီလဲဆိုတ ရှင်းအာ သေချာမြင်နေပြန်ပြီပေါ့.. "
ရှင်းအာ ကို လက်လန်သွားဟန်ဖြင့် မျက်ဖြူလှန်ပြလိုက်ပြီး
ရှောင်ယွင် မသက်မသာ ဆိုလိုက်၏။

မျက်နှာညှိုးနွမ်း သွားတဲ့ ရှောင်ယွင်ကို ကြည့်ပြီး သူမဦး
ခေါင်းကို အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ 
ဖြေလိုက်၏။
" တစ်နှစ်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ အဆင့်၃ က
နေ အဆင့်၇ ရောက်သွားတယ်.. ရှင်းအာအရည်အချင်းက
အကိုရှောင်ယွင် အရည်အချင်းထက် အများကြီး နိမ့်ကျပါ
တယ်လေ.. "

" ဟုတ်ပါပြီ... ကဲ.... သွားစို့... "

ရှောင်ယွင်က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ချစ်စနိုးဖြင့်
ရှင်းအာခေါင်းကို ပုတ်လိုက်ကာ မျိုးနွယ်လေ့ကျင့်ရေး
ကွင်းပြင်ဆီကို ခြေလှမ်းခပ်ကျဲကျဲဖြင့် ခပ်သုတ်သုတ် စတင်
လိုက်၏။ 

အတိတ်ကာလက ဝမ်းနည်းမှုနှင့် အထီးကျန်မှုတွေ မရှိ
တော့ဘဲ လုံးဝပြောင်းလဲနေပြီးဖြစ်တဲ့  ရှောင်ယွင်နောက်
ကျောပြင်ကို ကြည့်ရင်း ရှင်းအာ ပြုံးလိုက်ပြီး ရေရွတ်မိ၏

" အကိုရှောင်ယွင်ရေ... ရှင်းအာ ယုံကြည်တယ်.. အကိုရဲ့
လေးစားခံရခြင်းနဲ့ ဂုဏ်သိက္ခာတွေကို ပြန်ဆယ်ယူလိမ့်
မယ်ဆိုတာ ရှင်းအာ ယုံပါတယ်... "
..................

အစိမ်းရောင်ကျောက်သားနှင့် လေ့ကျင့်ရေးကွင်းလယ်မှာ 
ဖြစ်၏။ အနည်းဆုံး အယောက်တစ်ရာလောက်ရှိတဲ့ ယော
င်္ကျားလေးနဲ့ မိန်းကလေးတို့ဟာ စောင့်ဆိုင်းနေကြ၏။ 
သူတို့အချင်းချင်း အသံဗလံတွေက ခပ်အုပ်အုပ်ဟိန်းသံလို 
အတော်လေး ခပ်ဝေးဝေးရောက်သည့်အထိ ပျံ့လွင့်နေ
လျက်ရှိသည်။ 

ကွင်းအလယ်မှာ ကြီးမားတဲ့အနက်ရောင်ကျောက်တိုင်ရှိ
နေပြီ ဒါဟာ ၎င်း၏ဈေးနှုန်းကြီးမြင့်မှုကြောင့် အာဏာရှိတဲ့
မျိုးနွယ်အစုကသာ ပိုင်ဆိုင်နိုင်သည့်  အဆင့်တိုင်းတာခြင်း
အနက်ရောင်ကျောက်တိုင်သာ ဖြစ်ပေသည်။ ဤအနက်
ရောင်ကျောက်တိုင်မှာ လွန်ခဲ့တစ်နှစ်လောက်က ရှောင်
ယွင် အဆင့်စမ်းသပ်ခဲ့သည့်ကျောက်တိုင်နှင့် အတူတူပင်
ဖြစ်သည်။

လေ့ကျင့်ရေးကွင်းပြင်၏ ဘယ်ဘက်ရှိ ခမ်းနားတဲ့စင်မြင့်
မှာ မျိုးနွယ်၏ ပိုပြီး ထင်ရှားတဲ့ အဖွဲ့ဝင်တွေ ရှိနေကြသည်။ 
စင်မြင့်၏အလယ်လောက်တွင် မျိုးနွယ်ခေါင်းဆောင် ရှောင်
ကျန်းနှင့် သူ့ကို ဝန်းရံထားတဲ့ အကြီးအကဲသုံးဦးကလည်း 
ရှိနေသည်။

ကွင်းပြင်အလယ်မှာ အဆင့်စမ်းသပ်ပြီးပြီသည့် သူတွေက 
မတ်တပ်ရပ်နေကြသည်။ ထူးထူးခြားခြား အရည်အသွေး
ထုတ်ပြနိုင်ခဲ့သူတွေက အေအေးဆေးဆေးဖြစ်နေကြပြီး 
အရည်အချင်းမပြည့်မှီတဲ့သူတွေကတော့ မျက်နှာတင်းမာ
ပြီး စိုးထိတ်နေကြ၏။

ရှောင်ကျန်း မျက်နှာမှုန်ကုတ်နေခြင်းနှင့်အတူ လေ့ကျင့်
ကွင်းထဲရှိ လူငယ်တွေကို အကဲခတ်ကြည့်လိုက်ပြီး စိတ်ထဲ
ကျိတ်ရေရွတ်လိုက်သည်။ 
" ယွင်အာ... အဆင့်စမ်းသပ်ခြင်းကို ဖြတ်ကျော်နိုင်ပါ့မလား.." 

" ခေါင်းဆောင်... စဖို့အချိန်တန်တော့မယ်.. ရှောင်ယွင် 
အခုထိ မရောက်လာသေးဘူးလား.. "
ဒုတိယအကြီးအကဲက မျက်ခုံးကို တွန့်ချိုးထားပြီးတော့ မေး
လိုက်၏။ 

ရှောင်ကျန်းက ဒုတိယအကြီးအကဲကို ဘေးစောင်းကြည့်
လိုက်ပြီး 

" စဖို့ အချိန်လိုနေပါသေးတယ်... ဘာဖြစ်လို့ အလျင်လိုနေ
တာလဲ... ဒုတိယအကြီးအကဲက ဒီလိုအလျင်လိုတတ်တဲ့လူ
မဟုတ်ပါဘူး  "      ဟု ပြောလိုက်၏။ 

ရှောင်ကျန်းရဲ့ ဝေဖန်ပြောဆိုချက်ကြောင့် ဒုတိယအကြီး
အကဲ မျက်နှာအတန်ငယ်ရုပ်ဆိုးသွားပြီး အေးစက်စွာ ခွန်း
တုံ့ပြန်လိုက်၏။
" အခြေခံဆေးလုံးကို သင် ပေးထားခဲ့ရင်တောင် သူ တစ်
လတည်းနဲ့ အဆင့်၇ ကို ရောက်နိုင်မှာ မဟုတ်ဘူး... မဖြစ်
 နိုင်တာတွေ မျှော်လင့်ချက် မထားပါနဲ့တော့.. "

ရှောင်ကျန်း ဒုတိယအကြီးအကဲကို အမျက်ဒေါသဖြင့်
ကြည့်လိုက်၏။ ဒီအကြောင်းဟာ သူ စိုးရိမ်နေတဲ့ ကိစ္စဖြစ်
ပြီး ဒါကို ဒုတိယအကြီးအကဲက မျက်နှာပြောင်တိုက်ပြီး
လာခနဲ့နေသည်။ ဒုတိယအကြီးအကဲ၏ အရှိုက်ထိတဲ့ 
စကားလုံးတွေကြောင့် ရှောင်ကျန်း ထောင်းခနဲ ဒေါသထွက်
သွားပြီး ပြန်လည်တုံ့ပြန်ရန် ဟန်ပြင်လိုက်သည့်အချိန်၌ 
လေ့ကျင့်ရေး ကွင်းအလယ်ရှိ လူငယ်များထံတွင် လှုပ်လှုပ်
ရှားရှား အနှောင့်အယှက်ငယ် တစ်ခု ဖြစ်ပွားခဲ့သည်။ 

ဆူပူလှုပ်ရှားသွားတဲ့နေရာဘက်ကို လှည့်ကြည့်လိုက်ရာ 
လေ့ကျင့်ရေးကွင်းလယ်ဆီကို ဝင်လာရတဲ့ လမ်းကြောင်း၏
အစမှာ လူရိပ်နှစ်ခု အေးဆေး လမ်းလျှောက်ဝင်လာသည်
ကို တွေ့လိုက်ရ၏။ မနှေးမမြန် ခြေလှမ်းတွေနဲ့ ဒီနေ့ စမ်း
သပ်ပွဲကြောင့် ဘာမှ စိတ်လှုပ်ရှားနေခြင်း မရှိသည့်ဟန် 
ထင်ရ၏။ 

လမ်းလျှောက်ဝင်လာတဲ့ ဝတ်စုံနက်နဲ့  လူငယ်လေး ကို 
ပိုပြီး သေချာမြင်စေရန် ရှောင်ကျန်း မျက်စိမှေးပြီး ကြည့်
လိုက်သည်။ လူငယ်လေး၏ ပေါ့ပါးတဲ့ အပြုံးကို မြင်လိုက်
ရတဲ့အခါမှာတော့ ရှောင်ကျန်း ဘာကြောင့်မှန်းမသိလိုက်
ဘဲ အရမ်းကို စိတ်လက်ပေါ့ပါးသွားပြီး နေသာထိုင်သာရှိ
သွားသည်။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...