Followers

Chapter 16

အခန်း ၁၆    ရှောင်နင်

             လူငယ်နှင့် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ
ရှောင်မိန်တို့အုပ်စုလည်း ခြေလှမ်းများနှေးကွေးသွားကာ 
ရပ်တန့်လုမတတ်ဖြစ်သွားကြ၏။ ရယ်မောနေခြင်းလည်း
တိတ်ဆိတ်သွားချေပြီး။

        ရှောင်မိန်နှင့် တွဲပါလာသော မိန်းကလေးများမှာ မျက်လုံး
ပြူးကျယ်သွားကုန်ပြီး တချိန်က မျိုးနွယ်၏ကြယ်တပွင့်
ဖြစ်ခဲ့ဖူးတဲ့ ရှောင်ယွင်ကိုသာ ငေးမောကြည့်ကြ၏။ သူတို့၏
မျက်နှာပြင်မှာ သနားခြင်း၊ ကိုယ်ချင်းစာခြင်း၊တခြားခံစား
ချက်တွေ ရောပြွမ်းလျက် အမျိုးမျိုးပြောင်းလဲနေ၏။

     ရှောင်မိန် ခြေလှမ်းရပ်လိုက်၏။ တချိန်ကသူမနှလုံးသား
ကိုဖမ်းစားခဲ့ဖူးတဲ့ ရှောင်ယွင်နဲ့အရင်လိုတွယ်ကပ်ပြီး စကား
ပြောချင်ပေမဲ့ သူမစိတ်ထဲမှာတော့ ဒါကို တားမြစ်ထား၏။
ရှောင်ယွင်နှင့် ပြန်လည်နီးစပ်ချင်သော်လည်း သူမနှင့် ရှောင်
ယွင်တို့၏ ကွာဟချက် ကြီးမားခဲ့ပြီး။ ဒုက္ခိတတယောက်
အပေါ် အချိန်ပေးဆက်ဆံရမှာ သူမစိတ်ထဲမှာ မနှစ်မြိ့စရာ
ဟု တွေးခဲ့သည်။ 

     မျက်မှောင်ကျုံ့ကာ စိတ်ထဲ အကြိတ်အနယ် တွေးနေပြီး
နောက် " အင်းလေ တခွန်းပဲ နှုတ်ဆက်ရမှာ ကိစ္စမရှိပါဘူး..
ပြီးတော့ သူက ငါ့အကိုကြီးဖြစ်နေတုန်းပဲလေ... "

(( ရှောင်မိန်နှင့် ရှောင်ယွင် သွေးမတော်သားမစပ်ပါ... 
ရှောင်မျိုးနွယ်မှာ လာရောက်ခိုလှုံသူအစုံပါ.. ဒါပေမဲ နောင်
မျိုးဆက်သစ်တွေမှာ ရှောင်မျိုးနွယ်ဟု ပြောင်းလဲလိုက်ကြ
ခြင်းဖြစ်သည်။ ရှောင်ယွင်တို့ ညီအကိုသာ တကယ့်ရှောင်
မျိုးနွယ်သွေး ပါသူတွေ ဖြစ်ကြသည်။ ဤကာ စကားချပ် ))

   ရှောင်ယွင်ကတော့ ရှောင်မိန်ရဲ့ အတွေးကို ဘာမှမသိဘဲ
ပုံမှန်အတိုင်းသာ ပျင်းရိစွာဖြင့် လမ်းလျှောက်လာနေဆဲဖြစ်၏။

  တဖြည်းဖြည်းနီးကပ်လာတဲ့ ရှောင်ယွင်ကို ရပ်စောင့်ကြည့်
နေရင်း ရှောင်မိန်မျက်နှာမှာ အပြုံးလေးတခု ဖြစ်ပေါ်လာခဲ့
သည်။ ဒါပေမဲ့ ရှောင်ယွင်ရဲ့အပြုအမူက ရှောင်မိန်မျက်နှာ
ကို ပြုံးနေရာကနေ မျက်နှာပျက်သွားစေခဲ့သည်။ 

ရှောင်ယွင် လက်နှစ်ဖက်ကို အနောက်ပစ်ပြီး လမ်းဖြောင့်
အတိုင်းသာ လျှောက်ကာ ရှောင်မိန်တို့ အုပ်စုကို လုံးဝ
ဂရုမစိုက်ဘဲ ဖြတ်ကျော်လျှောက်လိုက်ခြင်းဖြစ်သည်။

    ရှောင်ယွင် နောက်ကျောကို ကြည့်ပြီး ရှောင်မိန်၏ နီစွေ
သော နှုတ်ခမ်းငယ်လေး ခပ်ဟဟလေး ဖြစ်သွားကာ လန့်
ဖြန့်သွား၏။ သူမ၏ အလှအပကြောင့် ဒီလိုမျိုး တခါမှ မကြုံ
ဖူးခဲ့ပါ။ ဒါကြောင့် သူမ ခံရခက်စွာ ဒေါသဖြစ်မိပြီး
 " အကိုကြီး ရှောင်ယွင်..!! " လှမ်းအော်လိုက်၏။

   ရှောင်ယွင် ခြေလှမ်းရပ်လိုက်၏။ ဒါပေမဲ့ ခံစားချက်ကင်းမဲ့ 
သောအသံဖြင့် သူစိမ်းတယောက်ကို စကားပြောနေသကဲ့
သို့ အနောက်ကို လုံးဝ လှည့်မကြည့်ဘဲ မေးလိုက်၏။

    " ဘာဖြစ်လို့လဲ... "

ခံစားချက်ကင်းမဲ့ပြီး သူစိမ်းဆန်တဲ့ အသံကြောင့် ရှောင်မိန်
လုံးဝ ဆွံ့အသွားပြီး လေသံတိုးတိုးဖြင့် " ဘာမှ မဟုတ်ပါဘူး.. "

    ရှောင်ယွင် မျက်ခုံးပင့်ခါ ခေါင်းကိုခါယမ်းလိုက်ပြီးနောက်
ရှေ့ဆက် လမ်းပြန်လျှောက်ထွက်သွား၏။ 

    ရှောင်ယွင် ကို မမြင်ရတော့မှ ရှောင်မိန်တယောက်
စိတ်ဆိုးစွာဖြင့် ခြေထောက် ကို ဆောင့်လိုက်ပြီး တခြား
လမ်းတဖက်သို့ လှည့်ထွက်သွားလိုက်သည်။ 

    ရှောင်ယွင် လမ်းချိုးလေးဘက် ကွေ့ဝင်လာချိန်မှာတော့
ကျယ်ဝန်းတဲ့ အခန်းကျယ်ကြီးတခုကို မော့ကြည့်လိုက်
သည်။ ကြီးကျယ်သားနားပြီး သွေးလို နီရဲတောက်ပနေ
တဲ့ ဖောင်းကြွစာလုံးကို ဖတ်လိုက်၏။
                   "  ဒို သိုင်းကျမ်း ခန်းမဆောင် "

 ထိုစဉ် အော်ဟစ်အားပေးသံတွေ ဒိုသိုင်းကျမ်းခန်းမဆောင်ထဲနေ 
ပျံ့လွင့်လာသည်ကို ကြားလိုက်ရ၍ ရှောင်ယွင် ရုတ်တရက်
အံ့သြသွားသည်။ ပုံမှန်ဆိုလျှင် ဒိုသိုင်းကျမ်း ခန်းမဆောင်ကို
လူ လာလေ့လာထမရှိပါဘူး။ ယနေ့ ဘာကြောင့် ဒီလောက်
ဆူညံနေရတာလဲ?

    ခန်းမဆောင်ထဲ လှမ်းဝင်လိုက်သည်နှင့် မျိုးနွယ်လူငယ်
တွေရဲ့ ဆူညံတဲ့ အားပေးသံတွေ နားထဲ ဒလိမ့်ခေါက် 
ဝင်လာ၏။
   
     ဒိုသိုင်းကျမ်းခန်းမဆောင်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်း
ခွဲခြမ်းထား၏။ အရှေ့ပိုင်းတွင် သိုင်းကျမ်းစဉ်ကို ထားရှိပြီး
အနောက်ပိုင်းတွင် ကြီးမားတဲ့ တိုက်ခိုက်ရေးလေ့ကျင့်ကွင်း 
လုပ်ထားသည်။ အခုလေ့ကျင့်ရေးကွင်းထဲမှာ လူတွေ စုရုံး
နေကြပြီး ကွင်းအလယ်ထဲက လူနှစ်ယောက်ကို ကြည့်ရှု့
အားပေးနေကြသည်။ 

   "အကိုကြီး ရှောင်နင်ရဲ့ ချီအတွင်းစွမ်းအင်ကိုကြည့်လိုက်
ပါဦး.. ဘယ်လောက်လောက် နက်ရှိုင်းလိုက်သလဲ.. သူက
အဆင့် ၈ ရောက်နေပြီးမလား... "

 "ဟုတ်တာပေါ့... လွန်ခဲ့တဲ့ နှစ်လတုန်းက အကိုကြီး ရှောင်
နင်က အဆင့်တက်သွားပြီး အခု အဆင့်၈ မှာ ရှိနေပြီး.. "

  " သူက အဆင့်၈ ဆိုပေမဲ့ အခု ရှင်းအာက အဆင့်၉ လေ..
ရှင်းအာကို နိုင်ဖို့ဆိုတာ မလွယ်လောက်ဘူး... အခွင့်အရေး
နည်းတယ်... "

   " မမရှင်းအာရေ... ကြိုးစားထား!!!! "

     လေ့ကျင့်ရေးကွင်းထဲက ပွဲကြည့်ပရိသတ် အားပေးသံ
တွေ ကြားလိုက်ရအချိန်မှာ ရှောင်ယွင် ခြေလှမ်းရပ်လိုက်၍
လေ့ကျင့်ကွင်းဆီ လှမ်းမျှော်ကြည့်လိုက်သည်။ နောက်ဆုံး
မှာတော့ သူရှာနေတဲ့လူကို တွေ့လိုက်သည်။ ခရမ်းရောင်
ဖျော့ဖျော့အရောင်အင်္ကျီနှင့် ကောင်မလေး တယောက်..!

 " ဒီကောင်မလေး ဘယ်လိုလုပ်ပြီး သူများနဲ့ တိုက်ခိုက်ဖို့ 
အချိန်အားနေတာလဲ?? "

    ဒါပေမဲ့ အရှေ့ဘက်အပိုင်းကိုသာ ဆက်သွားခဲ့ပြီး အခန်း
အတွင်းရှိ သိုင်းကျမ်းစင်ပေါ်က အနက်ရောင် သိုင်းကျမ်းစာ
လိပ်တလိပ်ကို လက်ဦးတည့်ရာရွေးယူလိုက်သည်။ စာလိပ်
ကိုဖြန့်ကြည့်လိုက်တော့ ကြီးမားတဲ့ အဝါရောင် စာလုံးကြီး
ပေါ်လာ၏။ 

    " အလယ်တန်း ဟွာင်းအဆင့်: တောင်ဖြိုလက်ဝါးသိုင်း"

   သိုင်းကျမ်းစင်အနားမှာ တောင်ဖြိုလက်ဝါးသိုင်းအညွန်းစာ
ကိုဖတ်ရင်း လေ့ကျင့်ရေးကွင်းအလယ်က ပိုမိုပြင်းထန်လာ
ဟန်ရှိတဲ့ပြိုင်ပွဲကိုလည်း တချက်ချက် လှမ်းကြည့်လိုက်၏။

   လေ့ကျင့်ရေးကွင်းမှာ အုပ်စုနှစ်စု ကွဲဟန်ရှိပြီး အနောက်
ဘက်အုပ်စုမှာ ဆူညံပွက်လောရိုက်နေသလောက် အရှေ့
ဘက်အုပ်စုကတော့ တည်ငြိမ်အေးဆေးလှ၏။

    ရှင်းအာ၏ ပြိုင်ဘက်မှာ အသက် ၁၇ လောက်ရှိသည့်
လူငယ်တဦးဖြစ်ပြီိး ရုပ်ဖြောင့်သူတယောက်လည်း ဖြစ်၏။
ဈေးမှာ တွေ့ခဲ့တဲ့ ဂျားလီယောင်နှင့် အရွယ်တူပင်ဖြစ်၏။

    လူငယ်၏ နာမည်မှာ ရှောင်နင်ဖြစ်ပြီး အကြီးအကဲတစ်
၏ မြေးလည်းဖြစ်သည်။ အသက်၁၇ မှာ အဆင့်၈ ကို 
ရောက်ရှိနေပြီးဖြစ်၍ မျိုးနွယ်လူငယ်ထဲမှာ ရှင်းအာတယောက်
သာ သူ့ထက် အဆင့်မြင့်သည်။ 

   ရှောင်နင်အပေါ် ရှောင်ယွင် ပုံမှန်ထက်မပိုတဲ့ ဆက်ဆံ
မှုရှိသည်။ တခါတရံ လမ်းမှာ ဆုံမိ၍ လောကွတ်စကား
အနည်းငယ်ဆိုပြီး စကားစကို ခပ်မြန်မြန်ပဲ ဖြတ်သည်။ 
သူ့အဖေနှင့် အကြီးအကဲတစ်တို့၏ မသင့်မြတ်မှုကြောင့်
ဖြစ်ကောင်းဖြစ်ပေမဲ့ သူ့ဆီကနေ မလိုမုန်းထားမှုတွေ 
ဖြစ်ပေါ်နေတာကို ရှောင်ယွင် အမြဲခံစားမိသည်။ ရှောင်ယွင်
ဒုက္ခိတဖြစ်သွားတဲ့အချိန်မှာလည်း ရှောင်ယွင်ကို တွေ့တိုင်း
မခံချင်အောင် အမြဲတစေ စနောက်ပြောင်လှောင်ခဲ့သည်။ 

   အတွေးတွေကို မောင်းထုတ်လိုက်ပြီး ပေါ့ပါးစွာပြုံးလိုက်
ကာ တောင်ဖြိုလက်ဝါးသိုင်းကိုသာ အသည်းသန်ဖတ်တော့
သည်။

            လေ့ကျင့်ရေးကွင်းအတွင်းမှာ ရှင်းအာတယောက် 
ခရမ်းရောင်လိပ်ပြာလေးလို ပျံကာဝဲကာဖြင့် ရှောင်နင်၏ 
လျင်မြန်သွက်လက်တဲ့ ရိုက်ချက်တွေကို ရှောင်ရှားပုံမှာ 
လှပပြီး သပ်ရပ်သည်။ ချောမွတ်လှပတဲ့ သူမ၏မျက်နှာမှာ
လည်း မောပန်းနွမ်းလျတဲ့ဟန် လုံးဝမရှိဘဲ သက်သက်သာ
သာဖြင့် ယှဉ်ပြိုင်နေသလို ဖြစ်နေ၏။ 

     ရှောင်နင်၏ တိုက်ခိုက်မှုကို အေးဆေးစွာ ခုခံနေရင်း
ခန်းမဆောင်ကို ဝေ့ဝိုက်ကာ မျက်စိကစားလိုက်၏။ သူမ၏ 
လှုပ်ရှားမှုဟာ ရုတ်တရက် ရပ်တန့်သွားသည်။

     အရှေ့ဘက်ခန်းမဆောင်က လူငယ်၏မျက်ဝန်းနှင့်
အကြည့်ချင်းဆုံသွားပြီးနောက် လွတ်လပ်ပြီး ချိုမြိန်တဲ့ 
အပြုံးလေးတခု ရှင်းအာမျက်နှာလေးပေါ်မှာ ပွင့်ဖူးလာခဲ့၏။

    ရှင်းအာ၏ ရုတ်တရက် ပြုံးလိုက်တဲ့ အပြုံးလှလှလေးက 
ပွဲကြည့်ပရိသတ်ပုရိသအပေါင်းကိုပါ သူမအလှအပမှာ 
ယစ်မူးသွားစေ၏။

    " မမရှင်းအာ... သတိထား.. !! "
ရှင်းအာ သတိလက်လွတ်ဖြစ်နေအချိန်မှာပင် သတိပေးသံ
ဟာ ပရိသတ်ထဲကနေ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

   အနောက်ကရိုက်ခတ်လာတဲ့ အားလှိုင်းတချို့ကို ခံစားရ
၍ မျက်တောင်တွန့်သွားသည်။ ဒါပေမဲ့ လှုပ်ရှားမှု မပြုသေး
ဘဲ သိုင်းကျမ်းစင်အနားက ရှောင်ယွင်ကိုသာ ဆက်ကြည့်
နေခဲ့၏။

     တချိန်တည်းမှာပင် ရှောင်ယွင်ကလည်း ရှင်းအာ၏ကျော
ဘက်ဆီကို တိုးဝင်လာတဲ့ အလစ်ဝင်တိုက်ခိုက်မှုကို မြင်
လိုက်ရ၍ မျက်မှောင်ကြုံ့ပြီး  စိတ်ပူစွာ လှမ်းကြည့်လိုက်၏။

   ရှောင်ယွင်၏ စိတ်ပူတဲ့ အကြည့်ကို မြင်လိုက်ရ၍ ကျေနပ်
သွားကာ ကျီစယ်သည့်သဘောဖြင့် ရှင်းအာ မျက်လုံးမှိတ်ပြ
လိုက်သည်။ တပြိုင်နက်မှာပင် ဘယ်ဘက်ခြမ်းကို ခြေလှမ်း
လေးတလှမ်း ရွေ့လျားလိုက်၏။ ထိုခြေလှမ်းချက်ကပင်
ရှောင်ရှင်းအာ၏ နောက်ကျောကနေ  အလစ်ဝင်တိုက်ခိုက်
မှုကိုလည်း ရှောင်ပြီးသား ဖြစ်သွား၏။

        ရှောင်လိုက်ပြီးသည်နှင့်တပြိုင်နက် သူမ၏ ဖြူဥတဲ့ 
လက်ဟာ ရွှေရောင်ကဲ့သို့ တောက်ပသွားပြီး အရှေ့ထိုး
လိုက်သော သူမ၏လက်သည် ပိတ်ဆို့ထားတဲ့ ရှောင်နင်၏ 
လက် နှစ်ဖက်ကြားထဲ လူးလွန့်ဖောက်ထွက်သွားပြိး
ရှောင်နင်၏ ရင်ဘက်အရှေ့ကို  ရောက်သွားပြီးနောက် 
တဆက်တည်းမှာပင် လက်ဝါးချက်ကို အသာအယာ  ရိုက်
ထုတ်လိုက်သည်။ 

     ရိုက်ထုတ်ပြီးသည်နှင့် ရှောင်နင်၏ လွင့်ထွက်သွားတဲ့ 
တန်ပြန်အရှိန်ကို ရှင်းအာ ခန္ဓာကိုယ်ကို လှလှပပတပတ်
လှည့်လိုက်ပြီး  ချေဖျက်လိုက်သည်။ ရှောင်နင်မှာတော့ 
အနောက်ကို ဆယ့်နှစ်လှမ်း လောက် နောက်ဆုတ်လိုက်ရ
ပြီး လေ့ကျင့်ရေးကွင်းအပြင်ဘက်ထိ ရောက်သွားသည်။ 

    ရှောင်နင်ကို တကွက်တည်းဖြင့် အနိုင်ယူပြလိုက်၍ ပွဲ
ကြည့်ပရိသတ်အားလုံး သြဘာသံတွေ ဆူညံသွား၏။

" ဟီဟီ... ရှင်းအာညီမလေးက မျိုးနွယ်ထဲမှာ တကယ့်ထိပ်
ဆုံးပဲ... ညီမလေးက အရမ်းတော်တာပဲ..."
  ရှင်းအာရဲ့ ကို ရှုံးလိုက်ရပေမဲ့ ရှောင်နင် အပြုံးမပျက်ဘဲ
ကွင်းအလယ်ဆီ ပြန်လျှောက်ဝင်လာသည်။

ရှင်းအာကို ကြည့်တဲ့ ရှောင်နင်၏အကြည့်မှာ စွဲလမ်းတဲ့
ချစ်ခြင်းတွေ ထိန်းမရ သိမ်းမရ ပေါ်လွင်နေ၏။

   ထုံးစံအရသာ အကိုကြီး ညီမလေး ခေါ်ဝေါ်နေရပေမဲ့ 
တကယ်တမ်းကျ ရှောင်မျိုးနွယ်မှာ သွေးမတော်သားမစပ်
တဲ့ သူတွေ အများကြီးရှိသည်ကို ရှောင်နင်နားလည်ထား
သည်။ ဒါကြောင့် သူနှင့် ရှင်းအာ ဘာမှ သွေးမတော်စပ်ဘူး
ဆိုတာ သူသိထားသည်။ 

  ရှောင်နင်၏ ဆန္ဒပြင်းပြတဲ့ အကြည့်တွေကို မသိသလိုပင်
  ရှင်းအာ ခေါင်းခါပြကာ လေးစားစွာ  ပြန်ဖြေ၏။
" အကိုရှောင်နင်က အနိုင်ပေးလိုက်တာပါ.. "

    ဖြေလိုက်ပြီးသည်နှင့် တပြိုင်နက် ရှောင်နင်၏ တုံ့ပြန်မှု
ကို လုံးဝ မကြည့်တော့ဘဲ ခန်းမဆောင်အရှေ့ဘက်အပိုင်း
ကိုသာ မျက်နှာမှာ အပြုံးကြီးကြီး ချိတ်ထားကာ ခြေလှမ်း
ကြဲကြဲဖြင့် ပြေးသွားတော့သည်။ 

    အားလုံးက ဝိုင်းကြည့်နေတာမို့ ရှင်းအာ၏ခြေလှမ်းတိုင်း
ကို သတိထားမိကာ သူမဦးတည်သွားရာ နေရာကို လှမ်း
ကြည့်လိုက်ကြရာ ကျမ်းစင်နေရာမှာ ရှိနေတဲ့ ရှောင်ယွင်
ကို တွေ့မြင်သွားကြ၏

   ပရိသတ်အားလုံးရဲ့ မျက်စိအာရုံဟာ ရှောင်ယွင်ဆီကို
ရောက်ရှိနေကြပေမဲ့ ရှောင်ယွင် ခေါင်းတောင် မမော့ကြည့်
ဘဲ သူ၏ကိုယ်ပိုင်ကမ္ဘာလေးမှာသာ အလုပ်ရှုပ်နေ၏။

/////

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...