Followers

Chapter 8

အပိုင်း ၈   ထူးဆန်းတဲ့ လူကြီး

          ခန်းမကြီးကနေ ခံစားချက်ကင်းမဲ့စွာ ထွက်ခွာလာ
ပြီးနောက် လုပ်စရာရှိတာတွေကိုလုပ်သည်။ ပြီးနောက်
မျိုးနွယ်စံအိမ်၏ အနောက်ဘက်မှာ တည်ရှိတဲ့ တောင်ပေါ်
ကို ဖြည်းဖြည်း တက်သွား၏။ တောင်ထိပ်ပေါ်မှာ ထိုင်ချ
လိုက်ပြီး အဝေးက  မြူတွေ ရစ်ဆိုင်းနေတဲ့ တောင်တန်း
ကြီးကို ငြိမ်သက်စွာ ထိုင်ငေးကြည့်နေ၏။ မြူတွေ ရစ်ဆိုင်း
နေတဲ့ တောင်တန်းကတော့ ဂျားမာအင်ပါယာရဲ့ နာမည်
ကြီး မှော်တောရိုင်းကောင်တောင်တန်းကြီးဖြစ်ပေသည်။ 
   
       " ဟားဟား စွမ်းအား... စွမ်းအား... ဒီကမ္ဘာမှာ စွမ်း
အားမှမရှိရင် မင်းဟာ ချီးထုပ်ပဲ...။ ချီးထုပ်တောင်မှ
ဘယ်သူမှ မနင်းချင်တဲ့ ချီးထုပ်.. "
   တကိုယ်လုံးလှုပ်ခါသွားအောင် အော်လိုက်၏။ မိမိကိုယ်
ကို လှောင်ရယ်လိုက်တဲ့ အသံဟာ တောင်ကြောတခုလုံး
ပျံနှံ့သွားသည်။ ရယ်သံထဲမှာ ဝမ်းနည်းခြင်း တွေ ရောပါ
လွင့်သွားသလိုပဲ... 

     ဆံပင်ကို ဆုပ်ဆွဲပြီး အောက်နှုတ်ခမ်းကို ဖိကိုက်မိ၏။
ငန်ကျိကျိအရသာ သွေးတွေ ပါးစပ်ထဲ ဝင်ကုန်၏။ ခန်းမ
ဆောင်မှာ ခံစားချက်တွေ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ နလန်ရိရွမ်
ရဲ့ စကားက သူ့ရင်ကို ဓားနဲ့ မွှန်သလို ခံစားခဲ့ရ၏။
    
     ဘယ်လက်ဖဝါးက သွေးဒဏ်ရာကို ကြည့်ပြီး

 " နောက်တခါ ဒီလိုစော်ကားခြင်းမျိုး မကြုံစေရဘူး.. "   
ရှောင်ယွင်အသံက အက်ကွဲနေပေမဲ့ ပြတ်သားသည်။

    " ဟဲဟဲ... ကောင်လေး.. မင်းကိုကြည့်ရတာ အကူအညီ
လိုနေပြီး ထင်တယ်.. "
   
    ရှောင်ယွင် ကျိန်ဆိုနေတဲ့အချိန်မှာ အိုမင်းတဲ့ ရယ်သံကို
နားထဲမှာ ကြားလိုက်ရ၏
   
     ရှောင်ယွင် မျက်နှာပျက်သွားပြီး ကမန်းကန်းနောက်
လှည့်ကြည့်လိုက်၏။ စွန်ရဲလို စူးရှတဲ့ မျက်လုံးနှင့် ပတ်ဝန်း
ကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း အရိပ်အယောင် 
တခုမှ မတွေ့ပေ။ 
    
   ရှောင်ယွင် မျက်ကလူးဆံပျာ ဖြစ်နေချိန်မှာပဲ 
ထူးဆန်းတဲ့ရယ်သံက ထပ်မံ ကြားရပြန်၏။
 "ဟီဟီ... ရှာမနေနဲ့... ငါက မင်းရဲ့လက်ချောင်းမှာ ... "
 
   ရှောင်ယွင် ကြောင်တောင်တောင် ဖြစ်သွားပြီး ညာဘက်
လက်က လက်စွပ်ကို ကြည့်လိုက်၏

   " ဒီကနေ စကားပြောနေတာလား..? "
ရှောင်ယွင် ရင်တွေ တဒိန်းဒိန်းခုန်နေပေမဲ့ ကြိုးစားထိန်းပြီး
ခပ်တည်တည်ဖြင့် မေးလိုက်၏။
   
   " ကောင်လေး.. မင်း အတော်လေးကို တည်ငြိမ်တာပဲ...
အိနြေ္ဒပျက်လောက်တဲ့အထိ မကြောက်ဘူးပဲ... " 
   မခံချိမခံသာ အသံက လက်စွပ်ကနေ ထွက်လာ၏။
  
     " ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ဒီလက်စွပ်မှာ ရှိနေရ
တာလဲ... ခင်ဗျား ဘာလုပ်ချင်နေတာလဲ..? "

      စိတ်ငြိမ်အောင်ထားပြီး အရေးကြီးဆုံးမေးခွန်းကို မေး
လိုက်၏။

    " ငါဘယ်သူလဲဆိုတာ သိဖို့မလိုပါဘူး... မင်းကို
အန္တရယ်မပေးပါဘူး.. ဟားဟားဟား  နောက်ဆုံးတော့
အားကောင်းတဲ့ စိတ်ဝိညာဉ်ရှိတဲ့သူကို ရရှိခဲ့တာပဲ.. 
ကံကောင်းလိုက်တာကွာ... ဟီဟီ သုံးနှစ်လုံးလုံး မင်း
ရဲ့လက်ဆောင်ကို တကယ် ကျေးဇူးတင်တယ်ဟေ့.. 
မဟုတ်ရင် အခုချိန်အထိ အိပ်ပျော်နေဦးမှာပဲ.. "
     
      " လက်ဆောင်.. ? "
 
ရှောင်ယွင် နားမလည်လိုက်ပေ။ ခနကြာမှ ရှောင်ယွင်
မျက်နှာမည်းမှောင်သွားပြီး အေးစက်တဲ့စကားလုံးတွေ
ထွက်လာ၏။

" ငါ့ Dou ချီစွမ်းအင်တွေ ပျောက်ကွယ်သွားတာ ခင်ဗျား
လုပ်လိုက်တာလား.. "
  
   " ဟီဟီ ငါလုပ်လိုက်တာ.. ကောင်လေး ငါ့ကို စိတ်မဆိုးပါနဲ့.. "

  " ခွေးသူတောင်းစား...  "

    တည်ငြိမ်တဲ့ ရှောင်ယွင် အရူးတယောက်လို ဒေါသ
ထွက်သွား၏။ မျက်နှာမှာ ဒေါသအပြည့်နှင့် အမေပေးခဲ့တဲ့
လက်စွပ်လည်း သတိမရတော့ပေ။ လက်စွပ်ကိုချွတ်လိုက်
ပြီး ချောက်ကမ်းပါးအောက်ကို အားကုန်လွှဲပစ်၏။ 
 
    လက်ကနေ လက်စွပ် လွတ်ထွက်သွားချင်း ရှောင်ယွင် 
အသိစိတ်ပြန်ဝင်လာ၏။ ကမန်းကတန်း  လိုက်ဖမ်းပေမဲ့ 
လက်စွပ်ကတော့ တောင်အောက်ကို ကျသွားပြီး။

    ချောက်အောက်က မြူကြားထဲကို ကျဝင်သွားတဲ့
လက်စွပ်ကို ကြည့်ပြီး ရှောင်ယွင် ကြောင်ရပ်နေမိ၏။
ဒေါသထွက်နေတာလည်း နောက်ဆုံး ရပ်သွားပြီးနောက်
အသိစိတ်ဝင်လာ၏။ နဖူးကို ဖြန်းခနဲ ရိုက်လိုက်ပြီး 
 နှမြောတသစွာ 

" အရူးပဲကွာ အရမ်းမိုက်မဲတာပဲ မိုက်လိုက်လေခြင်း... "

     သုံးနှစ်လုံးလုံးအရှက်ရခဲ့ရတဲ့ တရားခံဟာ
သူအမြဲဝတ်ဆင်ထားတဲ့ လက်စွပ်ကြောင့်ဆိုတာ သိ
လိုက်ရတော့ ရူးမတတ်ဖြစ်သွားတော့ကြောင့် ဖြစ်၏။

    ချောက်ကမ်းပါးစွန်းမှာ အကြာကြီးထိုင်ခဲ့ပြီးနောက်
ရှောင်ယွင် ဘာမှ မတတ်နိုင်ခဲ့ဘဲ ခေါင်းကိုသာ လှုပ်ယမ်း
နေမိ၏။ မတ်တပ်ရပ်လိုက်ပြီး တောင်အောက်ပြန်ဆင်းရန် 
ဟန်ပြင်လိုက်ချိန်မှာပဲ ရှောင်ယွင် မျက်လုံးပြူးကျယ်သွား
သည်။ သူအရှေ့က အရာကိုသာ တုန်ယင်နေတဲ့ လက်
ချောင်းဖြင့်သာ လက်ညိုးထိုးနေတော့၏။

    ရှောင်ယွင်အရှေ့မှာ အနက်ရောင်လက်စွပ် လေထဲ
ပေါလောပေါ်နေ၏။  ဒါပေမဲ့ လက်စွပ်ကနေ ဖောက်ထွင်း
မြင်ရတဲ့ မှန်သားလို ပုံသဏ္ဌာန်ရှိတဲ့ ပုဂ္ဂိုလ်အိုတယောက်
ထွက်လာချိန်မှာတော့ ရှောင်ယွင် အကြီးအကျယ် 
ထိတ်လန့်သွား၏။
     
   " ဟီဟီ.. ကောင်လေး.. အရမ်းစိတ်ဆိုးဖို့ မလိုပါဘူးကွ..
မင်းရဲ့ Dou စွမ်းအင်ကို သုံးနှစ်လောက်ပဲ ယူသုံးမိတာပါ.. "  
မင်သက်ငေးမောနေတဲ့ ရှောင်ယွင်ကို ကြည့်ပြီး ပြုံးပြ
လိုက်၏။

     ရှောင်ယွင် နှုတ်ခမ်းရွဲ့လိုက်ပြီး ဒေါသကို မျိုချလိုက်
သည်။ 
  
      " ဒီမှာ အဘိုးကြီး... ဒီလက်စွပ်ထဲမှာ ပုန်းနေခဲ့တာပဲ..
ကျွန်တော့် Dou ချီစွမ်းအင်ကို ခင်ဗျားခိုးယူခဲ့တာ
အဲဒါက ကျွန်တော့်ကို ဘယ်လောက်တောင် နာကျင်စေခဲ့
ရသလဲဆိုတာ ခင်ဗျားမြင်တယ်မလား.. " 

     " ဒါပေမဲ့ သုံးနှစ်လောက် အနိုင်ကျင့်ခံခဲ့ရတော့ အခု
မင်း တော်တော်လေးကို ရင့်ကျက်လာပြီးမဟုတ်လား...
မဟုတ်ရင် ဒီလိုမျိုး အတွေးအခေါ်တွေ ရင့်ကျက်ပြီး
သည်းခံနိုင်စွမ်းတွေ ရှိလာလိမ့်မယ်လို့ လွန်ခဲ့တဲ့သုံးနှစ်
တုန်းက မင်းထင်ခဲ့လား.. "
      
     ရှောင်ယွင် မျက်ခုံးတွန့်ကွေးသွား၏ ဒါပေမဲ့ သူရဲ့
အမူအရာက စတင်တည်ငြိမ်လာသည်။ ဒေါသပြေပြီး
နောက် ရှောင်ယွင်နည်းနည်းပျော်သွား၏။ သူရဲ့ Dou
အတွင်းစွမ်းအင် ဘာလို့ပျောက်ကွယ်သွားသလဲဆိုတာ
သိသွားပြီး။ ဒါဆို သူ့စွမ်းအားတွေ ပြန်ရလာတော့မယ်။

     ဒုက္ခိတဆိုပြီး အားလုံးက ဝိုင်းသမုတ်ခဲ့ကြတဲ့ သူ့ဘဝ
ကို အဖတ်ပြန်ဆယ်နိုင်တော့မယ်ဆိုတာကို တွေးရင်း
ဘဝတဖန်ပြန်လည်မွေးဖွားလာရသလို ခံစားလိုက်ရ၏။
သူ့အရှေ့က လူကြီးကိုလည်း အရင်လို စိတ် သိပ်အနှောင့်
အယှက်မဖြစ်တော့သလို ထင်လာသည်။
     
      တခုခု ပျောက်ဆုံးပြီးမှ သူ့ရဲ့တန်ဖိုးသိသည်။
ပျောက်ပြီးမှ ပြန်ရခဲ့ရင် ပိုပြီး တန်ဖိုးထားတတ်ကြ၏။
  
     လက်ကောတ်ဝတ်ကို အသာအယာလှည့်လိုက်ပြီး
ရှောင်ယွင် အသက်ပြင်းရှည် မှုတ်ထုတ်လိုက်၏။ 
" ခင်ဗျား ဘယ်သူလဲဆိုတာ မသိပေမဲ့ ကျွန်တော် 
သိချင်တာတစ်ခုက ဒီလက်စွပ်မှာ ဆက်နေပြီး ကျွန်တော်
ရဲ့ Dou အတွင်းစွမ်းအင်ကို ဆက်ခိုးနေဦးမှာလား... 
ဒါဆိုရင် နောက်တယောက်ကို ထပ်ရှာလိုက်ပါ..ခင်ဗျား
အတွက် ကျွန်တော်မလုပ်နိုင်ဘူး... " 

  " ဟဟ တခြားသူတွေက မင်းလောက်မှ စိတ်ဝိညာဉ်
အာရုံခံစားမှု မကောင်းကြဘူး... " လူကြီးသည် သူ့၏
မုတ်ဆိတ်မွှေးကို သပ်ချလိုက်ပြီးနောက် " ငါလည်း 
ထွက်လာပြီးဆိုတော့ မင်းခွင့်မပြုဘဲနဲ့ မင်းရဲ့ Dou 
စွမ်းအင်ကို မစုပ်ယူတော့ပါဘူး.. "

    ရှောင်ယွင် စွေကြည့်လိုက်ပြီး သရော်အပြုံးပြုံးလိုက်၏။
ဘာစကားမှထပ်မဆိုတော့။ ထိုလူကြီး ဘယ်လောက်ပဲ
ပြောပြော ရှောင်ယွင် နားမဝင်တော့ပေ။ လက်စွပ်ကိုလည်း
မဝတ်တော့ဖို့လည်း ဆုံးဖြတ်လိုက်၏

   " ကောင်လေး... မင်း ထိပ်ဆုံးမရောက်ချင်ဘူးလား...
တခြားသူတွေ မင်းကိုလေးစားမှာကို မလိုချင်ဘူးလား.. "
ဒီလူကြီးနဲ့ ဘာမှ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ထားပေ
မဲ့ ဒီစကားကြားချိန်မှာ ရှောင်ယွင် ရင်ခုန်သံတွေ မြန်ဆန်
သွား၏။ 
  
     " ကျွန်တော့်ရဲ့ Dou စွမ်းအင်တွေ ဘာလို့ ပျောက်သွား
တာလဲဆိုတာ သိပြီးပြီး။ ပြီးတော့ ကျွန်တော့်အရည်အချင်း
နဲ့ဆိုရင် ဘာလို့ ခင်ဗျားအကူအညီကို ယူရဦးမှာလဲ.. "
 အသက်ပြင်း ပါးပါးလေး မှုတ်ထုတ်လိုက်ပြီး အသာအယာ
ပြောလိုက်၏။ လောကကြီးမှာ ဘယ်အရာမှ အလကား
မရဘူးဆိုတာ ရှောင်ယွင်နားလည်သည်။ ဒီလိုထူးဆန်းတဲ့
လူကြီးဆီက အကူအညီကို ယူဖို့တာက ကောင်းတဲ့အကြံ
မဟုတ်ပေ။ 
    
     " ကောင်လေး... မင်းရဲ့အစွမ်းအစတွေက အတော်
ကောင်းတယ်လို့ ဆိုပေမဲ့ အခု မင်း အသက် ၁၅ နှစ်ရောက်
နေပြီး.. Dou Qi အဆင့် ၃ ပဲရှိသေးတယ်.. နောက်နှစ်မှာ
မင်းရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားလာတော့မယ်လို့
ပြောသံကြားတယ်... တနှစ်အတွင်း မင်းရဲ့ အစွမ်းအစနဲ့ 
အစွမ်းကုန်ကြိုးစားမယ်ဆိုရင်တောင် အဆင့်၇ ကိုရောက်ပါ့
မလား... ဟဲ ပြီးတော့ နောက်သုံးနှစ်မှာ ယှဉ်ပြိုင်ဖို့ စိန်ခေါ်
ထားတဲ့ ကောင်မလေးကလည်း အရည်အချင်းမရှိတာ
လည်းမဟုတ်.. ဆိုတော့ မင်း သူ့ကို အနိုင်ယူဖို့ ကိစ္စက
လွယ်တဲ့ကိစ္စ မဟုတ်ဘူး.. "  
လူကြီးမှာ အတော်အသက်ကြီးပုံရသည်။ မျက်နှာ အရေး
အကြောင်းတွေ တွန့်လိမ်နေ၏။ 

     " ခင်ဗျားသာ မခိုးယူခဲ့ရင် ဒီလိုဖြစ်လာခဲ့မယ်လို့ 
ခင်ဗျား ထင်မလား..  ခွေးသူတောင်းစားအိုကြီး.!!! "
လူကြီး၏စကားမှာ  ရှောင်ယွင်၏အားနည်းချက်ကို 
စော်ကားနေသလို ဖြစ်နေ၍ ရှောင်ယွင် ဒေါသတလိပ်လိပ်
ထွက်လာကာ မျက်နှာမည်းလာပြီး ဆဲဆိုလိုက်၏

    ရှောင်ယွင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြန်၏။ ဘယ်
လိုပင်ကျိန်ဆဲနေပါစေ အရင်သူ့အခြေအနေကို ပြန်မရတော့
ဘူး။ Dou ချိစွမ်းအင် လေ့ကျင့်ခြင်းမှာ ခိုင်မာတဲ့ အုတ်မြစ်
ရှိဖို့လို၏။ အသက်လေးနှစ်ကနေ စကျင့်ခဲ့တာ ခြောက်နှစ်
ကြာမှ အဆင့်၉ ကို ရောက်ခဲ့၏။ တနှစ်တာကာလအတွင်း
အဆင့်၇ ကို ရောက်ဖို့ရာ ခက်ခဲလွန်းလှပါ၏။

    စိတ်ပျက်ပျက်နှင့် သက်ပြင်းချလိုက်ပြီး ဟိတ်ဟန်များတဲ့
လူကြီးကို တချက်ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်ကို
တွန့်ရုံလေး ကွေးလိုက်ပြီး မေးလိုက်၏။
" ခင်ဗျားမှာ ဖြေရှင်းဖို့ နည်းလမ်း ရှိလို့လား.. "

     " ရှိရင် ရှိမှာပေါ့... " မရေမရာ ဖြေလိုက်၏။

    " တနှစ်အတွင်း အဆင့်၇ အထိ ရအောင် ကူညီပေးမယ်
ဆိုရင် သုံးနှစ်လောက် ကျွန်တော့်ဆီက Dou ချီစွမ်းအင်
ခိုးယူခဲ့တာကို ခွင့်လွှတ်ပေးမယ်... ဘယ်လိုလဲ? "
ရှောင်ယွင် အကဲစမ်းပြီး မေးလိုက်၏။

      " ဟီဟီ.. ဉာဏ်ကောင်းတဲ့ ကလေးပဲ..."

     " တကယ်လို့ မကူညီနိုင်ဘူးဆိုရင် အသုံးမဝင်တဲ့လူကို
ဘာလို့ ဘေးနားမှာ ထားနေဦးမှာလဲ... တခြားကြုံရာလူကို
ပဲ သွားရှာလိုက်ပါ... "  
    တွေ့ကရာလူဆီကနေ Dou စွမ်းအင်စုပ်ယူလို့မရမှန်း
သိ၍ ရှောင်ယွင်အကျပ်ကိုင်လိုက်ခြင်းဖြစ်၏။ လောလော
ဆယ် အသာစီးရနေခိုက် အမြတ်ထွက်အောင် လုပ်ရမည်။ 
     
    " ဟင့် ပါးနပ်ချက်က... ၁၅ နှစ်သား လူငယ်တယောက်
နဲ့တောင်မတူတာ့ဘူး..သုံးနှစ်ဆိုတဲ့ အတိုင်းအတာက မင်း
ကို တကယ်ရင့်ကျက်အောင် လုပ်ပေးလိုက်သလိုပဲ....
ငါ့အစီအစဉ်တွေ ပြောင်းပြန်ဖြစ်ကုန်တော့မှာပဲ... "
       ပါးနပ်လွန်းတဲ့ ရှောင်ယွင်ကို ကြည့်ပြီး လူကြီး အံသြမိ
ပြီး ခေါင်းကိုသာ အသာယမ်းနေမိတော့၏။
 
     ရှောင်ယွင် ပုခုံးတွန့်ပြလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်၏။
  " ကျွန်တော်ဆီမှာ ဆက်နေချင်သေးရင် ရိုးသားမှုရှိရ
မယ်.. ဟုတ်ပြီးလား.. "

     " တော်တော်စွာတဲ့ ကောင်လေးပဲ... ကောင်းပြီး..
သဘောတူတယ်.. နောက်ပြီး မင်းဆီကအကူအညီလည်း
လိုသေးတယ်.."
   သဘောတူလိုက်တဲ့အသံနဲ့ ပြောလိုက်ပြီး ခေါင်းညိတ်
သဘောတူလိုက်ပြီး မြေပြင်ပေါ် ဆင်းသက်လိုက်၏။

    ရှောင်ယွင်ကို သေချာအကဲခတ်ကြည့်ပြီး လျှိ့ဝှက်တဲ့ 
အပြုံးတခု ရိပ်ခနဲ ဖြစ်လာ၏။ ချက်ချင်းပဲ ပြန်တည်သွား၏။
ခဏတာ တွေးဆနေပြီးနောက် ကောတ်ကာငင်ကာ
မေးလိုက်၏။

           " မှော်ဆေးပညာရှင်တယောက်ဖြစ်ချင်လား... "
/////////

ကျေးဇူးပြုပြီး တခုတော့ ကူညီပေးပါ။ အခုရေးထားတဲ့စာတွေဖတ်ရတာအဆင်ပြေရဲ့လား။ စာစီိထားတာ တချို့ဖုန်းတွေမှာ ဖတ်ရတာ အလယ်မှာ စာတန်းကျန်နေတာတို့ ရှိလိမ့်မယ်။ ကျွန်တော့်မှာ ဖတ်ရတာအဆင်ပြေတယ်။ bro တို့ ဖုန်းမှာ အဆင်မပြေခဲ့ရင် ပြောပါ။ ကျွန်တော်တမျိုးပြောင်း
ပေးလိုက်မယ်။ အခုဖုန်းမှာ စာတန်းကျန်ခဲ့ရင် phone setting မှာ display ကနေ font size ဒါမှမဟုတ် text size ကို သေးလိုက်ခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။ အဆင်မပြေခဲ့ရင် မန့်ပေးပါ။ အဆင်ပြေတဲ့ နည်းလမ်းနှင့်
ကြိုးစားကြည့်ပါမယ်။ ကျေးဇူးပါ။

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...