Followers

Chapter 24

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 24.  အရာအားလုံးက အနာဂတ်အတွက်ပါ

     ပထမတန်းလေလံခန်းမကနေ ထွက်လာခဲ့ပြီးနောက် 
ရှောင်ယွင် စစ်ဆေးရေးခန်းဆီကို ပြန်လာခဲ့သည်။ စစ်ဆေး
ရေးလူကြီးရဲ့ ရိုသေလေးစားနေတဲ့ အကြည့်ကို ရင်ဆိုင်ရင်း
စိတ်ရှည်စွာ စောင့်ဆိုင်းနေရသည်။

 မိနစ်အနည်းငယ်အကြာမှာ ခပ်သုတ်သုတ် လျှောက်လာ
တဲ့ ခြေလှမ်းသံကို ကြားလိုက်ပြီး လူရိပ်နှစ်ခုနှင့် တံခါးတွန်း
ဖွင့်လိုက်တဲ့အသံကိုလည်း ကြားလိုက်သည်။ 

"ဟင်ဟင်... အခြေခံဆေးလုံးပိုင်ရှင်က ဒီလူကြီးမင်းများ
လား.. ဝူတန်မြို့ကို ပထမဆုံးရောက်ဖူးခဲ့တာလာရှင့်.. "

မွှေးပျံ့လှတဲ့ ရေမွှေးရနံ့နှင့်အတူ လူကို ယစ်မူးစေလောက်
တဲ့ နှစ်သက်ဖွယ် ရယ်သံချိုချို နှင့် ရှောင်ယွင် မလှမ်းမကမ်း
မှာ ကြားလိုက်သည်။ ရှောင်ယွင်ရဲ့ တည်ငြိမ်တဲ့ စိတ်ကိုပင်
ရယ်သံလေးက ဘောင်ဘင်ခတ် လှိုင်းထသွားစေသည်။

မြူဆွယ်တတ်တဲ့မိန်းမဟု စိတ်ထဲကနေပြောလိုက်မိပြီး
မျက်တောင်တွန့်ချိုးသွားသည်။ထို့နောက် ကိုယ်ကိုလှည့်
လိုက်ပြီး အနောက်မှာ အနီရောင်ဝတ်စုံနှင့် ရပ်နေတဲ့ မိန်း
ကလေးကို ကြည့်လိုက်သည်။

အနီးကပ်မြင်ရတော့ ရဖေးရဲ့ ဆွဲဆောင်မှုရှိတဲ့အလှအပကို
အသိအမှတ်ပြုမိပြန်သည်။ ဖမ်းစားနိုင်မှုအပြည့်ရှိတဲ့ မျက်
 နှာပေါ်မှာ အရည်ကြည်လဲ့နေတဲ့ မျက်လုံးနှင့် ရှည်လျား
ကော့ညွတ်တဲ့မျက်တောင်တို့က ယောင်္ကျားပေါင်းများစွာ
ကို နှောင်ကြိုးတွေ ရစ်ပတ်ခဲ့ဖူးတဲ့ဟန် ထင်ရသည်။ 
ဖြုဥနေတဲ့ လည်တိုင်ကျော့ကျော့ကနေ အောက်ဘက်ကို
ဆက်ကြည့်ရင်း ရှောင်ယွင်အကြည့်ဟာ သူမ၏ ရင်နှစ်မြွာ
ကြားမှာ လုံးဝနစ်ဝင်သွားသည်။ သူမ၏ ပင်ကိုသဘာဝ
အလှက တည်ငြိမ်တတ်တဲ့ ရှောင်ယွင်ကိုတောင် လွှမ်းမိုး
သွားခဲ့သည်။

ရှောင်ယွင်မျက်နှာမှာ နီရဲလာခဲ့ပေမဲ့ ကံကောင်းစွာ သူ့မျက်
 နှာကို အဝတ်နက်ဖြင့် ဖုံးထား၍ တော်သေးသည်။ စိတ်ကို
ပြန်တည်ငြိမ်လာအောင် ထိန်းချုပ်လိုက်ပြီး ခေါင်းကို ညိတ်
ပြလိုက်သည်။ အဲ့ဒီအချိန်မှာပဲ ရွဲ့လော်အသံက ထွက်ပေါ်
လာသည်။ 
" လေလံပွဲ အဆင်ပြေတယ်မလား.. ပိုက်ဆံ ပေးပါ.. လုပ်
စရာ ရှိသေးတယ်.. "

အဝတ်ရုံအနက်နှင့်လူ၏ အရွယ်ကို စိတ်ဝင်စားဟန်ပုံစံဖြင့်
ရဖေး လက်ကလေးဖြင့် ပါးစပ်အုပ်ခါ ခိုးခိုးခစ်ခစ်ရယ်ဟန်
ပြုကာ ခနအကြာမှာ အရယ်ရပ်လိုက်ပြီး 
" နည်းနည်းလောက်စောင့်ပေးပါရှင်.. လိုအပ်တဲ့ စာရွက်စာ
တမ်း လုပ်နေတုန်းမို့လို့ပါရှင်... "

ခေါင်းညိတ်လိုက်ပြီး ရှောင်ယွင် ပါးစပ် ထပ်မဟတော့ချေ။
ရဖေးကိုလည်း ဆက်မကြည့်တော့ဘဲ တိတ်ဆိတ်စွာ နေ
လိုက်သည်။

အဝတ်နက်ဖြင့် ဖုံးကွယ်ထားပြီး ထူးခြားတဲ့ လူကြီးပုံစံကို
ကြည့်ပြီး ရဖေး မျက်တောင်တွန့်မိသည်။ ကြည့်ရတာ သူမ
၏ ဂုဏ်ယူရတဲ့ အလှအပက ဒီလူဆီမှာ လုံးဝသက်ရောက်
မှု မရှိပါလား.. ။

ဒီလူကြီးဟာ မည်သို့သော ပုဂ္ဂိုလ်ဖြစ်သနည်း... ရဖေး နှုတ်
ခမ်းလေးကို စူလိုက်ရင်း အဝတ်ရုံနက်နှင်ရှောင်ယွင်ကို 
ခေါင်းအစခြေအဆုံးအကဲခတ်ကြည့်သည်။ ယင်းပုဂ္ဂိုလ်၏ 
ထူးခြားတဲ့သဲလွန်စ ရလိုရငြား အသွင်အပြင်တခုချင်းစီကို
ဂရုတစိုက် မသိမသာ ကြည့်သည်။

ရှောင်ယွင်ကို အကဲခတ်လေ့လာရင်း နောက်ဆုံး စိတ်ပျက်
သွားပြီး အကြံကုန်သွားတဲ့ အကြည့်နဲ့ ကုနီကို ကြည့်လိုက်
သည်။ အကြည့်ချင်းဆုံသွားပြီးနောက် သူမနှုတ်ခမ်းကိုက်
လိုက်ကာ ရှောင်ယွင်ကို လှည့်မေးလိုက်သည်။

" လူကြီးမင်း.. အဆင့်တံဆိပ်မပါတဲ့ မှော်ဆေးပညာရှင်ဆို
တာ တွေ့ရဖို့ အင်မတန်ကိုရှားပါးလှပါတယ်.. ဖြစ်နိုင်မယ်
ဆိုရင် လူကြီးမင်းရဲ့ နာမည်ကို သိလို့ရမလားရှင်.."

" ဟွန့် မိန်းကလေး ဒီနေရာကို လာရင် နာမည်ပြောပြဖို့ လို
လား.. "  ဝတ်ရုံဆီကနေ ရွဲ့လော်အသံက အေးစက်စွာ
ထွက်ပေါ်လာသည်။

" ဟီဟီ ရဖေးက သိချင်ယုံ သက်သက်ပါ.. လူကြီးမင်း
မပြောချင်လည်း ရဖေး အတင်းမတိုက်တွန်းတော့ပါဘူး.. "
ရဖေး ခပ်ဖွဖွလေး ရယ်ပြီး ပြောလိုက်သည်။

ရှောင်ယွင် မျက်နှာဖုံးအနက်ထဲနေ အနီရောင်ဝတ်စုံကြား
ထဲက ဖြုဖွေးဝင်းမွတ်တဲ့ ရဖေး ခြေထောက်သွယ်သွယ်ကို 
ကြည့်နေမိသည်။ သူမ၏ အချိုးအဆစ်ပြေပြစ်တဲ့ အလှအပ
ကိုလည်း သဘောကျမိသည်။ ပြီးတော့သူ့ကိုယ်သူလည်း 
တိတ်တဆိတ် သတိပေးနေသည်။ ယခုလို ထိပ်တန်းလေ
လံအခန်းအနားမှူးဖြစ်ဖို့ဆိုတာ သူမဟာ သာမန်မိန်းမလှ
လေး မဖြစ်နိုင်ပေ။ အားလုံးက အလှအပဆိုတာ ဒုက္ခဟု ဆို
ကြသော်လည်း ဝူတန်တမြို့လုံး သူမကို ချစ်ရေးဆိုသူမရှား
လှပေ။ ဒါပေမဲ့ ဒီကနေ့အထိ တစ်ယောက်မှ မအောင်မြင်ခဲ့
ကြချေ။ သူမနောက်ကွယ်က ပထမတန်းလေလံအိမ်တော်
ကို အပြစ်တင်ကြပေမဲ့ လှပတဲ့ သူမကို တစ်ယောက်မှ 
အပြစ်မဆိုကြချေ။

ဒီလို လိမ္မာပါးနပ်တဲ့ အမျိုးသမီးတစ်ယောက်အနားမှာ ရှိနေ
သည့်အတွက် ရှောင်ယွင် ရေခဲတောင်ထိပ် တက်ရသကဲ့
သို့ လွန်စွာ သတိထားနေရသည်။ သူ့ဆီကနေ တခုခု ရှာ
တွေ့သွားမည်ကို အလွန်စိုးရိမ်မိသည်။ ကံကောင်းစွာဖြင့်
သူ့ဆရာလေသံအရ ရွဲ့လော်လည်း သူမ၏ မြုဆွယ်တာကို
ဘာမှမဖြစ်ဘဲ တည်ငြိမ်စွာ ရှိနေခြင်းဖြစ်သည်။ 

ရွဲ့လော်၏ ပြတ်သားတဲ့ အပိုအလိုမရှိစကားကြောင့် ရဖေး
မည်သည့်အချက်အလက်မျှ ရယူနိုင်ခြင်း မရှိခဲ့ပေ။ နောက်
ဆုံးမှာတော့ အချက်အလက်အစ်အောက်မေးမည့်အကြံကို
လက်လျှော့လိုက်ပြီး အဲ့ဒီအစား ပြုံးလိုက်ပြီး ဖန်သားကတ်
ပြားလေးတစ်ခု ဆွဲထုတ်လိုက်သည်။ ကတ်ပြားပေါ်မှာ
ပထမတန်းမိသားစုတံဆိပ်ပါရှိပြီး 
" လူကြီးမင်း... ဒါက ပထမတန်းလေလံအိမ်တော်ရဲ့ အထူး
ပုဂ္ဂိုလ်ကတ်ပါ... ဒီကတ်သာပါမယ်ဆိုရင် ပထမတန်းမိသား
စုရဲ့ ဘယ်လေလံဋ္ဌာနမှာမဆို အထူးပုဂ္ဂိုလ်အဖြစ် ဆက်ဆံ
ပေးကြမှာ ဖြစ်တယ်... နောက်ပြီးတော့ အခွန်ကိုလည်း 
၅ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းပဲ ယူမှာ ဖြစ်ပါတယ်.. "

ဒါကို ကြားလိုက်ရတော့ ရှောင်ယွင် မျက်ခုံးမြင့်တက်သွား
၏။ ဘာမှမရတာထက်စာရင် ဒီလိုအခွင့်အရေးမျိုး ကို
သူ ပိုသဘောကျသည်။ ထို့ကြောက့် တချက် စဉ်းစားဟန်
ပြုပြီး ဖန်သားကတ်ပြားကို ယူလိုက်သည်။ 

ရှည်သွယ်ပြီး ဖြူဖျော့တဲ့ လက်ချောင်းတွေဟာ ဝက်ရုံနက်
အောက်ကနေ ထွက်လာသည်ကို ကြည့်ပြီး ရဖေးမျက်ဝန်း
မှာ ပဟေဋ္ဌိတွေ ဖြစ်ပေါ်လာသည်။ ပြောဆိုနေတဲ့စကား
သံအရ သေချာပေါက် လူကြီးသံဖြစ်ပေမဲ့ ဘာကြောင့် သူ့
လက်ချောင်းတွေက လူငယ်လက်လိုဖြစ်နေရတာလဲ...?  
သူကဘယ်သူများလဲ...? 

ထိုအချိန်မှာပင် အစေခံမလေးတစ်ယောက် အခန်းတွင်းဝင်
လာပြီး အစိမ်းရောင်ကတ်တစ်ခုကို ရဖေးဆီ ရိုသေစွာဖြင့်
ကမ်းပေးလိုက်သည်။

" လူကြီးမင်း... အခြေခံဆေးက ရွှေဒင်္ဂါး အပြား ၄၀၀၀၀ 
နဲ့ လေလံချိုးသွားပါတယ်... လေလံအခွန် ၂ ရာခိုင်းနှုန်း
တွက်ပြီး နှုတ်ထားပြီးပါပြီး... ကျန်တာ ဒီကတ်ထဲမှာပါ.. "
ရဖေး ပြုံးရင်း ဆိုရင်း ကတ်ကို ထပ်မံကမ်းပေးလိုက်သည်။ 

အစိမ်းရောင်ကတ်ကို လက်ခံယူရင်း ရှောင်ယွင် နှလုံးခုန်
သံ မြန်နေသည်။ အစိမ်းရောင်ကတ်ထဲက ဒင်္ဂါးအပြား
၄၀၀၀၀ က သူ Dou Zhe အဆင့်ကို ကောင်းကောင်း
ရောက်သွားနိုင်အောင် အလုံအလောက် ထောက်ပံ့ပေးနိုင်
မည့် သူ့ပိုက်ဆံပဲ ဖြစ်သည်။ 

ပိုက်ဆံရပြီးမို့ ရှောင်ယွင် ဒီမှာ ဆက်လုပ်ရန် ကိစ္စမရှိတော့
ပေ။ ထို့ကြောင့် အေးဆေးစွာ လက်နှစ်ဖက်ကို ဆုပ်လိုက်
ပြီး အိုမင်းရှတတဲ့ အသံဖြင့် မေးလိုက်သည်။
" အခုပြီးပြီးဆိုတော့... သွားလို့ရပြီးလား... ? "

"ဟင်ဟင်... ရပါပြီးရှင် နောက်နောင် ဆေးလုံးလေးတွေ
လေလံပစ်ချင်တယ်ဆိုရင်... ပထမတန်းလေလံဋ္ဌာနကို 
သတိရလိုက်ပါရှင်... " ရဖေး ပြုံးလိုက်၏။

" အင်း.. " ရှောင်ယွင် ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်လိုက်ပြီး
မတ်တပ်ရပ်လိုက်ပြီးနောက် စမ်းသပ်ရေးခန်းမကနေ ထွက်
ခွာသွားသည်။ 

တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ ရှောင်ယွင်အရိပ်ကို 
ကြည့်ပြီး ရဖေးမျက်နှာပေါ်က အပြုံးဟာ တစ်စစ ပျောက်
ကွယ်သွားပြီး အနီးရှိ ကုလားထိုင်ပေါ် ဗုန်းခနဲ ထိုင်ချလိုက်
သည်။ 

 " ဦးလေးကုနီ... သူက တကယ်ပဲ မှော်ဆေးပညာရှင်
လား... "
တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက် ရဖေး ငြိမ်သက်
နေမှုကို ဖျက်ဆီးလိုက်သည်။ 

" ဟုတ်တယ်... သူ့ရဲ့ မှော်ဆေးပညာကျွမ်းကျင်မှုက ငါ့
ထက်သာတယ်... အဲလို အဆင့်၂ အခြေခံ မှော်ဆေးလုံးမျိုး
ငါလည်း မဖော်တတ်ဘူး.. "  ကုနီ အသက်ပြင်းချပြီး
ဖြေလိုက်သည်။ 

" သူ့ဆေးအညွန်းနဲ့ဆိုရင်ရော.. " 
ရဖေ မျက်နှာ အနည်းငယ်ရှုံ့မဲ့နေပြီး အန္တရာယ်ရှိတဲ့ စကား
ကို မဆင်မခြင် ပြောလိုက်သည်။

ရဖေးစကားကို ကြားလိုက်ရ၍ ကုနီမျက်နှာပြောင်းလဲသွား
ပြီး ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။ 

" ဆေးအညွန်းဆိုတာ မှော်ဆေးပညာရှင်ရဲ့ အသက်ပဲ...
ကျေးဇူးပြုပြီး ဒီနည်းလမ်းကို မတွေးပါနဲ့တော့... လျှို့ဝှက်
ပြီး ထူးခြားတဲ့ မှော်ဆေးပညာရှင်ကို မဆင်မခြင် ဒေါသ
ထွက်စေခဲ့ရင် ပထမတန်းမိသားစုတောင်မှ ဒီကိစ္စ ဖြေရှင်း
ရခက်လိမ့်မယ်... လွန်ခဲ့တဲ့ တစ်ဆယ်နှစ်အချိန်တုန်းက 
ဂျားမာအင်ပါယာမှာ နာမည်ကျော်ကြားတဲ့ ချဲ့မိသာစု
က ဆေးဘုရင်ကုဟီ ကိုဒေါသထွက်စေခဲ့တယ်... အဲဒါနဲ့
ကုဟီက Dou Wang လေးယောက်လွှတ်လိုက်ပြီး အဲဒီ
မိသားစုတစ်ခုလုံးကို ချေမှုန်းလိုက်တယ်... ဒီကိစ္စကို ဂျား
မာအင်ပါယာ နန်းတွင်းကတောင် ဝင်မပါရဲခဲ့ဘူး... "

"ငါတို့မိသားစုက ချဲ့မိသားစုထက် ပိုပြီးအင်အားကြီးမား
တယ်ဆိုပေမဲ့ အဲလိုထူးခြားတဲ့ မှော်ဆေးပညာရှင်ကို ရန်စ
တာ ကောင်းတဲ့အရာမဟုတ်ဘူး... မှော်ဆေးပညာရှင်ဆို
တာ ပျားအုံလိုပဲကွ... သူ့ကို သွားထိုးလိုက်တာနဲ့ မရေတွက်
 နိုင်တဲ့ အပေါင်းအသင်းတွေ ... သူ့ဆီမှာ ကျေးဇူးအတင်ခံ
ချင်တဲ့ ထိပ်သီးသိုင်းပညာရှင်တွေ... အကုန်လုံးခေါ်လာခဲ့
မှာ... "

ချောက်ခြားသွားတဲ့ ကုနီကို ကြည့်ပြီး ရဖေး ခါးသီးစွာ ပြုံး
လိုက်ပြီး သူမ၏နဖူးပြင်ကို နှိပ်နယ်လိုက်ကာ
" ဦးလေးကုနီကလဲ... ဘာတွေ ပြောနေတာလဲ...အဲဒါတွေ
ကို မတွေးပါဘူး... ဒီနှစ်တွေမှာ ရဖေး ဒီလိုပဲ ဘာမှ မလေ့
လာဘဲ ထိုင်နေတယ်လို့ထင်လို့လား.. " 

" သတိပေးတာပါ... "
ရဖေးစကားကို ကြားလိုက်၍ ကုနီ အသက်ကောင်းကောင်း
ရှုရတော့သည်။ ရဖေး တခုခု ဆိုးဆိုးဝါးဝါး လုပ်လိုက်မိမှာ
ကို သူ အမှန်ပင် ထိတ်လန့်နေသည်။ 

ရဖေး နှုတ်ခမ်းစူထားလိုက်ပြီး မေးထောက်ကာ အသက်
ပြင်းချလိုက်မိသည်။  

မှော်ဆေးပညာရှင်တွေက တကယ့် အန္တရာယ်ရှိတဲ့ လူတွေ
ပဲ... ဒါပေမဲ့ ဘာလို့ ငါ့မှာ အဲလိုအရည်အချင်း မရှိရတာလဲ..?

...........

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...