အခန်း ၁၈ အဆင့်မြင့် ရွှင်းအဆင့် ရှစ်ဆပြင်းထန်သိုင်း
အေးစက်စက်အကြည့်များကို လျစ်လျူရှုလိုက်ပြီး သိုင်း
စာလိပ်ကို ကိုင်ယူသွားကာ သိုင်းကျမ်းခန်းမဆောင်ကြီး
ကြပ်သူထံ စာရင်းသွားပေးလိုက်သည်။ ထို့နောက် ရှင်းအာ
နှင့်အတူ စကားတပြောပြောဖြင့် သိုင်းကျမ်းခန်းမဆောင်
ကနေ ပေါ့ပါးစွာ လှည့်ပြန်လာခဲ့ကြ၏။
" ကောင်စုတ်လေး မင်းစောင့်နေလိုက်ပါ... မျိုးနွယ်အိမ်
ကနေ မောင်းထုတ်ခံထိတဲ့ အချိန်ကျရင် မင်းကို ကောင်း
ကောင်း လက်စားချေပြမယ်... ခေါင်းဆောင်က ကာကွယ်
မပေးထားရင် မင်းဆိုတာအလကားကောင်ပဲ... "
ရှောင်ယွင်တို့ ထွက်ခွာသွားတဲ့ လမ်းဘက်ကို ကြည့်ရင်း
ရှောင်နင် စိတ်ထဲ တေးထားလိုက်သည်။ သူ့ရင်ထဲက
ဒေါသမီးရဲ့ ပူလောင်မှုကို ခံစားနေရသည်။ သူ့ရဲ့ဒေါသကို
လွှဲချသည့်အနေဖြင့် သိုင်းကျမ်းစင်ကို ရိုက်ချလိုက်တဲ့အခါ
စင်ပေါ်မှာ လက်ဝါးရာ ပါးပါးလေး ထင်ကျန်သွား၏။
သိုင်းကျမ်းခန်းမဆောင်ကနေ လှည့်ပြန်လာပြီးနောက်
အနီးအနားမှာရှိတဲ့ တောင်ပေါ်ကို ရှင်းအာနှင့်အတူ လိုက်
လည်ပေးခဲ့ပြီး အခန်းပြန်ရောက်တဲ့အချိန်မှာတော့ တော်
တော် မိုးချုပ်နေပါပြီး။
အခန်းအထဲရောက်လာပြီးနောက် တံခါးကို သေချာပိတ်
လိုက်ကာ ပခုံးနှစ်ဖက်ကို အကြောလျှော့လိုက်သည်။
သိုင်းကျမ်းစာလိပ်ကို စားပွဲပေါ်တင်လိုက်ပြီး အခါးရည်
တခွက် ငှဲ့သောက်လိုက်ပြီး စိတ်ထဲမှာ ရှင်းအာကို လက်
ဖျားခါကာ ချီးကျူးလိုက်၏။
" ဒီမိန်းကလေး.. တော်တော်လျှောက်နိုင်တာပဲ... "
" အဲ့ဒီမိန်းကလေးရဲ့ နောက်ခံသမိုင်းက ရိုးရိုးမဟုတ်ဘူးပဲ.."
အသက်ကြီးကြီးအသံက အခန်းထဲမှာ ပဲ့တင်ထပ်သွား၏။
နွမ်းလျစွာ ခေါင်းမော့ကြည့်လိုက်တော့ သရဲဝိညာဉ်လို
ပုံရိပ်နှင့် ရွဲ့လော်ကို မြင်လိုက်၏။ ရှောင်ယွင် နှုတ်ခမ်းကို
တင်းတင်းစေ့လိုက်ပြီးနောက်
" ရှင်းအာ နောက်ကြောင်းကို ဆရာသိလား..?"
" အင်း နည်းနည်းသိတယ်လို့ ထင်ရတာပဲ... "
ရွဲ့လော် ပြုံးလိုက်၏။ ရှောင်ယွင်ရဲ့ စပ်စုမေးမြန်းတော့မဲ့
အကြည့်ကို တွေ့လိုက်သည်နှင့်
" မမေးနဲ့... အခုမေးလည်း မထူးဘူး... အဲ့ဒါကို အာရုံမစိုက်
တာ အကောင်းဆုံးပဲ..တခုပြောနိုင်တာက ကောင်မလေးရဲ့
နောက်ခံက အတော်လေးကို အင်အားတောင့်တယ်.. "
ရှောင်ယွင် အတော်လေးစိတ်ပျက်သွားကာ ရွဲ့လော်ကို
တိတ်တိတ်လေး လက်ခလယ်ထောင်ပြလိုက်သည်။
( TNL: 😆😆 တော်တော်ဆိုးတဲ့ကောင်ပါကွာ.. )
......................
" ဟွန့် ဘာလို့ဒီလိုအစုတ်ပလုတ်တွေ ကျင့်ဖို့ ယူလာတာ
လဲ... အချိန်တွေ ပေါနေတယ်လို့ ထင်နေတာလား.. ? "
ရွဲ့လော် စားပွဲဆီ ရွေ့သွားပြီး စာလိပ်ကို ဖြည့်ကြည့်လိုက်
နောက် စိတ်ပျက်တဲ့ လေသံဖြင့် ပြောလိုက်သည်။
" အစုတ်ပလုတ်.. ? "
ရှောင်ယွင် ငိုချင်သွား၏။
" လေဟာနယ်လက်ဝါးသိုင်းက လွဲပြီး တခြားဘယ်သိုင်းကို
မှ မတတ်ခဲ့ဘူးလေ...အရင်တုန်းကလည်း ဒိုစွမ်းအင်ပဲ မရပ်
မနားလေ့ကျင့်ဖို့ပဲ လုပ်ခဲ့တယ် ... အခုလည်း သိုင်းကျမ်း
ခန်းမဆောင်က အလကားရတဲ့ ဟွာင်းအဆင့်သိုင်းကျမ်း
ကလွဲပြီး တခြားသိုင်းကျမ်းမှမရှိတာ.. ဒါကို မလေ့လာထား
ရင် လာမဲ့ အရွယ်ရောက်ခြင်းအခမ်းအနားမှာ သူများတွေ
ကို ဘယ်လိုယှဉ်ပြိုင်ရမှာလဲ.. "
ရှောင်ယွင် လေ့ကျင့်မည့်သိုင်း ရှိပေမဲ့ မရှိသလိုပင်
ဟန်ဆောင်ကာ ခွေးလေးတကောင်လို သနားစရာကောင်း
တဲ့ မျက်လုံးမျိုး ဖြင့် ရွဲ့လော်ကို အသေအချာ ကြည့်နေလိုက်၏
" အို့ဟို... ငါဆီက သိုင်းကျမ်းကို မလိမ့်တပတ်ပြောပြီး
လိုချင်နေတာပဲ.. အဟက် "
ပါးနပ်တဲ့ ရွဲ့လော် ချက်ချင်းပဲ ရှောင်ယွင် ဘာကို စကား
လမ်းကြောင်းဖော်နေလဲဆိုတာ သဘောပေါက်သွား၏။
" သိုင်းကျမ်းများ ဘာအထင်ကြီးစရာရှိလို့လဲ.. မှော်ဆေး
ပညာသာသင်.. အဲ့ဒီအခါကျရင် လူတွေ မင်းကို သိုင်းကျမ်း
တွေ အတင်းပေးနေကြမှာ... "
ရွဲ့လော် အေးဆေးပဲ ပြုံးလိုက်သည်။ စူပုပ်ပုပ်ဖြစ်နေတဲ့
ရှောင်ယွင်မျက်နှာကိုတော့ လျစ်လျူရှုထားလိုက်၏။
" ဒါပေမဲ့ အဆင့်မြင့်သိုင်းကျမ်းတခုခုကို အခုလိုနေပြီးလေ"
ရှောင်ယွင် စိတ်ဓာတ်ခပ်ကျကျ ဖြစ်နေပြီး။
ရှောင်ယွင် အမူအရာကို ကြည့်ပြီး ရွဲ့လော် အားပါးတရ
ရယ်ချလိုက်ကာ
" အတော်လေး သနားဖို့ကောင်းပေမဲ့ မင်းက ငါ့တပည့်ပဲလေ..
ဒုက္ခိတဘဝကို မရောက်လိုက်ဘူးဆိုတော့ တခုခုတော့
သင်ပေးရမှာပေါ့.. "
ရွဲ့လော်စကားကို ကြားလိုက်ရတော့ ရှောင်ယွင် ပြန်တက်
ကြွသွား၏။ ထူးဆန်းတဲ့ သူ့ဆရာက ဘယ်လိုဆန်းပြားတဲ့
သိုင်းကျမ်းမျိုး ပေးမလဲဆိုတာ သိချင်စိတ်ပြင်းပြသွား၏။
" လေဟာနယ်လက်ဝါးသိုင်းက ရွှင်းအဆင့်ဆိုပေမဲ့ ရွှင်း
အဆင့်သိုင်းကျမ်းတွေမှာ သူက နည်းနည်းအဆင့်နိမ့်သေး
တယ်.. အခု မင်းရဲ့ ဒိုစွမ်းအင်က အားမကောင်းသေးဘူးဆို
တော့ ရွှင်းအဆင့်လည်း ဖြစ်ပြီး ဒိုစွမ်းအင်လည်း သိပ်မသုံး
ရဘဲ ဒိုစွမ်းအင် အဆင့်၅ နဲ့တင် လုံလောက်တဲ့ သိုင်းကျမ်း
တခုကို သင်ပေးမယ်.. "
" ရွှင်းအဆင့် ဘယ်လောက်အတန်းလဲ.. ? "
ရွှင်းအဆင့်သိုင်းကျမ်းဟု ကြားလိုက်ရ၍ ရှောင်ယွင်၏မျက်
လုံးနှစ်လုံး တောက်ပလာကာ နှုတ်ခမ်းသပ်ပြီး မေးလိုက်၏။
" ငါထင်တာတော့ အဆင့်မြင့် ရွှင်းအဆင့်သိုင်းပဲ... မှတ်မိ
သလောက်တော့ ဒီသိုင်းပိုင်ရှင်က တောင်းတောင်းပန်ပန်နဲ့
ပေးလို့လက်ခံလိုက်ရတာပဲ.. တော်တော်ဇွဲကောင်းတဲ့လူပဲ..
အဲဒါနဲ့ သိုင်းကျမ်းကို လက်ခံလိုက်ပြီး ဆေးလုံးတလုံး လုပ်
ပေးလိုက်ရတာပဲ... "
ရွဲ့လော် အေးအေးဆေးဆေးပဲ ပြောသွား၏။ ရွဲ့လော်ပြော
သွားတဲ့လေသံအရဆို ဒီ အဆင့်မြင့် ရွှင်းအဆင့်သိုင်းကျမ်း
ဟာ သူ့အမြင်မှာ စုတ်ချာတဲ့သိုင်းကျမ်းတခုလိုပဲ ထင်ရသည်။
" အဆင့်မြင့်? ရွှင်းအဆင့်? တောင်းပန်ပြီးတော့တောင်
ပေးခဲ့တယ်..??? "
ရှောင်ယွင် နဖူးကြောရှုံ့သွားလောက်တဲ့အထိ မျက်လုံးပြူး
သွား၏။ ရှောင်မျိုးနွယ်မှာ ရှိရှိသမျှသိုင်းကျမ်းတွေထက်
တောင် အဆင့်မြင့်နေတဲ့ ဒီသိုင်းကျမ်းက ရွဲ့လော်မျက်လုံး
ထဲမှာ ဘာမှအသုံးမဝင်တဲ့သိုင်းလို့ပဲ ထင်နေတာပါလား..။
ရှောင်ယွင် ငိုရမလား ရယ်မလားလို့ တောင် မသိတော့ဘူး။
" မျက်စိမှိတ်ပြီး စိတ်ကို စူးစိုက်ထား.. ဒီသိုင်းကို သင်ပေး
မယ်.. "
ရှောင်ယွင်ကို အမိန့်ပေးလိုက်ပြီးနောက် ရွဲ့လော်လက်ညိုး
ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ယွင်နဖူးပြင်ကို တို့လိုက်သည်။
ရှောင်ယွင် ခေါင်း နည်းနည်းနာကျင်သွားပြီး များပြားလှတဲ့
အချက်အလက်တွေ ခေါင်းထဲ တရဟော ဝင်လာသလို
ခံစားလိုက်ရ၏။
" ရှစ်ဆပြင်းထန်သိုင်းကျမ်း... အဆင့်မြင့် ရွှင်းအဆင့်
သိုင်းကျမ်း... အနီးကပ်တိုက်ခိုက်မှုအတွက် သိုင်းကျမ်း..
ထိုးနှက်တိုက်ခိုက်မှုအတွက် အဓိက ဖြစ်ပြီး ကျွမ်းကျင်သွား
ရင် မတူညီတဲ့အားရှစ်မျိုးအထိ ရိုက်ချက်ထုတ်နိုင်ပြီး ထုတ်
လိုက်တဲ့ စွမ်းအားဟာ အဆင့်နိမ့် ဒီအဆင့် သိုင်းစွမ်းအား
နှင့် ညီမျှသည်။
မျက်လုံးပြန်ဖွင့်လိုက်ပြီး ဝေဝါးသွားတဲ့ အမြင်အာရုံ ပြန်
ကြည်လင်လာပြီးနောက် ခေါင်းထဲရောက်သွားတဲ့ အချက်
အလက်ကို မွှေနှောက်လေ့လာလိုက်တဲ့အခါ ရှောင်ယွင်
ပင့်သက်ရှိုက်လိုက်သည်။ တိုက်ခိုက်မှုက အဆင့်နိမ့်
ဒီအဆင့် သိုင်းစွမ်းအားနဲ့ ညီမျှတယ်ဆိုပါလား..?
ဒိုချီကုန်းမြေမှာ သိုင်းကျမ်းမှာပဲဖြစ်ဖြစ် ဒိုအတွင်းစွမ်းအင်
ကျင့်စဉ်မှာပဲ ဖြစ်ဖြစ် ရွှင်းအဆင့်နှင့် ဒီအဆင့်တို့မှာ အလွန့်
လွန် ကွာခြားလှသည်။ ဒီအဆင့် သိုင်းကျမ်းဆိုတာ ကွဲပြား
ပြီး ပြည့်စုံတဲ့ အဆင့်တခုဖြစ်သည်။ အခု ရှစ်ဆပြင်းထန်
သိုင်းကွက်က ဒီအဆင့် သိုင်းကွက်ကို ယှဉ်နိုင်သည်တဲ့လား..
ရှောင်ယွင် တံတွေးကို ခြောက်ကပ်စွာ မျိုချလိုက်ပြီး
မျက်လုံးနှစ်လုံးကလည်း ကြောင်တောင်တောင် ဖြစ်
သွား၏။ တကယ်လို့ သူ ဒီသိုင်းကို တတ်မြောက်သွားရင်
အဆင့်၎ စွမ်းအားလောက်နဲ့ ရှောင်နင်ကို ပြန်ချလို့ရပြီး..။
" ဟေ့ အရမ်းကြီးမတွေးနေနဲ့.. ရှစ်ဆပြင်းထန်သိုင်းက ဒို
စွမ်းအား ကို အရမ်းအသုံးမပြုပေမဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို
ပြန်ထိစေတယ်ကွ.. ဒီသိုင်းက အနီးကပ်ချတဲ့နေရာမှာ သုံး
တာ.. မင်းရဲ့ လက်သေးသေး ခြေထောက်သေးသေး နဲ့
ဒီသိုင်းကွက် ကိုထုတ်သုံးလိုက်ရင် အရိုးကျိုးသွားပြီး ရန်သူ
ကို ထိတောင် မထိလိုက်ရဘဲ ဖြစ်သွားမယ်.. "
ရွဲ့လော်ရဲ့ စကားက ရှောင်ယွင် စိတ်လှုပ်ရှားနေတာတွေ
ကို ရေအေးအေးနဲ့ ဆေးချလိုက်သလိုပဲ။
ရှောင်ယွင် တချက် ငြိမ်ကျသွားပြီးနောက် အလောတကြီး
ထပ်မေးလိုက်၏။
" ဒါဆို ခန္ဓာကိုယ်ကို ဘယ်လို သန်မာလာအောင် လုပ်ရ
မလဲ..? "
" ဒိုစွမ်းအင်ကို တိုးပွားအောင် လုပ်ခြင်းဟာ ခန္ဓာကိုယ်ကို
သန်မာအောင် လုပ်တဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းပဲ
ဒိုစွမ်းအင် တိုးများလေ ခန္ဓာကိုယ်သန်မာလာလေပဲ...
ဟုတ်ပြီး.. တကယ်လို့ မြန်မြန်ရောက်ချင်ရင်တော့ ပြင်ပ
လှုံ့ဆော်မှု တခုခုကို သုံးလို့ရတယ်.."
ရွဲ့လော်ရဲ့ မျက်လုံးမှာ ကျီစယ်လိုတဲ့အရိပ်အယောင်တခု
တောက်ပလာ၏။
" ဘယ်လိုပြင်ပလှုံ့ဆော်မှုလဲ..?"
ပြုံးနေတဲ့ ရွဲ့လော်မျက်နှာကို ကြည့်နေရင်း ရှောင်ယွင်
အန္တရာယ်အငွေ့အသက် ကို ရုတ်တရုက် ခံစားလိုက်ရ၏။
" အရိုက်ခံရမယ်.. များများအရိုက်ခံလေ ကောင်းလေပဲ..
ဟားဟားဟား... "
ရွဲ့လော်ရဲ့ အေးစက်စက် ရယ်သံကြောင့် ရှောင်ယွင်
မျက်နှာတခုလုံး တောင့်တင်းသွားသည်။
No comments:
Post a Comment