အခန်း ၂ ဒိုချီကုန်းမြေဒေသကြီး
ကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်ပြာမှာ ငွေလကြီးဟာထိန်ထိန်သာနေသည်။ ချောက်ကမ်းပါးထိပ်အစွန်းလေးမှာ ရှောင်ယွင်လေးဟာ မြက်ခင်းပြင်မှာ လဲလျောင်းနေ၏။ သူ့ပါးစပ်မှာ မြက်ပင်ရိုးတံလေး ကိုက်ထားတယ်။ရှောင်ယွင်မှာ ဖြည်းဖြည်းဝါးရင်း မြက်ပင်ရဲ့ ခါးသက်အရသာကို ဖြည်းဖြည်းချင်းအရသာခံနေသည်။ သူသည် လက်တဖက်ကို မြှောက်လိုက်ပြီး မျက်လုံးကို ဖုံးအုပ်ထားလိုက်တယ်။ လက်ချောင်းကြားထဲကနေ လမင်းကြီးကို ငေးကြည့်နေရင်း
" ဟူးး "
နေ့လယ်တုန်းက စမ်းသပ်ပွဲကို ပြန်သတိရသွားပြီ ရှောင်ယွင် အသက်ပြင်းချမိ၏။ ထို့နောက် သူ့လက်နှစ်ဖက်စလုံးကို ဦးခေါင်းအောက် ခုလိုက်သည်။ သူ့အကြည့်တွေကလည်း ရီဝေနေသည်။
" ဆယ့်ငါးနှစ်... ဟင်?!... "
အဓိပ္ပါယ်ဖော်ဆောင်ဖို့ခက်တဲ့ စကားလုံးတွေ ရှောင်ယွင် ရေရွတ်မိပြန်သည်။ ရှောင်ယွင်နှလုံးသားထဲက လျှို့ဝျက်ချက်ကို သူတယောက်သာသိ၏။ သူဟာ ဒီလောကက လူတဦးမဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ဝိညာဉ်လိပ်ပြာလည်း ဒီလောကနဲ့ မသက်ဆိုင်ပါဘူး။ ကမ္ဘာလို့ ခေါ်တဲ့ ဂြိုဟ်ပြာကနေ လာခဲ့တာဖြစ်သည်။ ဒီလောကကို ရောက်ရှိလာတဲ့ ထူးဆန်းတဲ့ ကံကြမ္မာကို သူနားမလည်ခဲ့ဘူး။ အတန်ကြာအောင်နေပြီးမှ လောကအသစ်ကို ရောက်ရှိနေမှန်း သူနားလည်ခဲ့သည်။ သူအရွယ်ကြီးလာလေ ဒီလောကအသစ်နဲ့ ပိုအကျွမ်းဝင်လာခဲ့သည်။ ဒီလောကကို ဒိုချီကုန်းမြေဒေသကြီး လို့ခေါ်ကြသည်။ သိုင်းဝတ္ထူကလို မှော်ပညာ အမျိုးမျိုးမရှိပါဘူး။ဒိုချီစွမ်းအင် တခုသာ ဒီလောကရဲ့ အဓိက ဖြစ်လေ၏။ ဒီတိုက်ပေါ်မှာ မျိုးဆက်များစွာတို့၏ အဆင့်ဆင့်ကြိုးစားခဲ့မှုကြောင့် ဒိုချီစွမ်းအင်ကျင့်ကြုံမှုဟာအကောင်းဆုံးအခြေကို ရောက်ခဲ့၏။ဒိုချီစွမ်းအင် နဲ့ပတ်သတ်ပြီး ဗဟုသုတ နားလည်မှုတွေ.. ကျယ်ကျယ်ပြန့်ပြန့်သိလာသည်နှင့်အမျှ ဒိုချီစွမ်းအင်၏ သြဇာလွှမ်းမိုးမှုလည်း သာမန်လူတွေအထိ သက်ရောက်မှုကြီးမားလာသည်။ ဒိုချီစွမ်းအင် နှင့် လူတွေ၏နေ့စဉ်ဘဝတွေကို ခွဲခြားလို့မရတော့ပေ။ ဒီမြေပေါ်မှာ ဒိုချီစွမ်းအင် ဆိုတာ မရှိမဖြစ်ပါပဲ။
ဒိုချီစွမ်းအင်၏ထူးကဲသော အခြေအနေကြောင့် မူလကျင့်စဉ်ကနေ ခွဲဖြာလာသော ဒိုချီကျင့်စဉ် အမျိုးမျိုးလည်း မှိုလိုပေါက်လာပါတော့သည်။ တချို့သော ကျင့်စဉ်အသစ်တွေက တခြားကျင့်စဉ် တွေထက် ပိုကောင်းမွန်၏။
ကျင့်စဉ်တွေကို လေ့လာအကဲဖြတ်ပြီးနောက် ဒိုချီစွမ်းအင် ကျင့်စဉ်တွေကို အမျိုးအစား လေးမျိုးနှင့် အဆင့် နှစ်ဆင့် ခွဲလိုက်သည်။၎င်းတို့မှာ ထျင်း.... ဒိ.... ရွှင်း.... ဟွာင်း....။
အပိုင်းတွေတိုင်းမှာ မူလအဆင့် အလယ်အဆင့် အဆင့်မြင့် သုံးမျိုး ခွဲပြန်သည်။
ချီကျင့်စဉ်လို့လည်း ခေါ်သေးတဲ့ ဒိုချီကျင့်စဉ်မှာ ကျင့်စဉ်အဆင့်ကလည်း လေ့ကျင့်သူ၏ အနာဂတ်ရလဒ်ကို သက်ရောက်မှုရှိတယ်။ ဥပမာအနေဖြင့် ဒိုကျဲ အဆင့်ကျင့်စဉ်သမားနှစ်ယောက်သည် အဆင့်နေရာတူသော်လည်း အလယ်ဆင့် ရွှင်းကျင့်စဉ်သမားက အဆင့်မြင့် ဟွာင်းကျင့်စဉ်သမားထက် ပိုစွမ်းအားကြီးသည်။
ဒိုချီကုန်းမြေဒေသကြီးတွင် မှာ လူတယောက်၏အင်အားကို တိုင်းတာခြင်း သုံးနည်း ဖြင့် အကဲဖြတ်ကြသည်။
ပထမတခုသည် လူတယောက်၏ သန်မာမှုပဲဖြစ်သည်။ လူတယောက်ဟာ ဒိုကျဲအဆင့်မှာပဲရှိနေပြီး ထျန်းအဆင့်ရှားပါးကျင့်စဉ်ကိုလေ့ကျင့်ခဲ့ရင်တောင်မှ ဒိုရှီ အဆင့်တယောက်ကို အနိုင်ယူဖို့ ခက်ခဲနေဦးမည်။
ဒုတိယတခုက ချီကျင့်စဉ်ပဲ ဖြစ်သည်။ တကယ်လို့ လူနှစ်ယောက်ဟာ သန်မာမှု တူညီနေရင်တောင်မှ အချင်းချင်း ယှဉ်ပြိုင်သည့်အခါ ကျင့်စဉ်အဆင့်မြင့်သူက ပိုအရေးသာမှာဖြစ်သည်။
နောက်ဆုံးတခုကတော့ ဒိုသိုင်းပညာပဲ ဖြစ်သည်။နာမည်နှင့်လိုက်ညီစွာ ဒိုသိုင်းဆိုတာကလည်း ဒိုချိစွမ်းအင်ကိုအသုံးပြုရတာပဲဖြစ်၏။ ဒိုသိုင်းပညာမှာလည်း အဆင့်တွေရှိပါသည်။ သူတို့ကိုလည်း တျန်း... ဒိ... ရွှင်း... ဟွာင်း အဆင့်လေးဆင့် ထပ်ခွဲထားပြန်သည်။
ဒိုချီကုန်းမြေဒေသကြီးတွင် ဒိုသိုင်းပညာရပ်တွေက မရေမတွက်နိုင်အောင် ရှိသည်။ ဒါပေမဲ့ သာမန်လူတွေအများစု ရရှိထားတာကတော့ ဟွာင်းအမျိုးအစားသိုင်းကျမ်းပဲ ဖြစ်၏။ အဆင့်မြင့်တဲ့ သိုင်းကျမ်းတတ်မြောက်ချင်ရင်တော့ ဂိုဏ်းတခုခု ဒါမှမဟုတ် ဒိုချီကျောင်းတော်တခုခုကို ဝင်ရောက်ဖို့လိုမည်။ တချို့ကံကောင်းတဲ့သူတွေဆိုရင် ဘိုးဘွားပိုင် ဒိုသိုင်းကျမ်းတွေရှိကြ၏။ အဲ့ဒီသိုင်းကျမ်းနဲ့ ကိုယ့်ရဲ့ ချီကျင့်စဉ်များကို ပေါင်းသုံးလိုက်သည့်အခါ သာမန်လူတွေထက် အစွမ်းပိုထက်သွားမည်။ အဲ့ဒီသုံးချက်က လူတယောက်၏ စွမ်းအားကို တိုင်းတာတဲ့ အခြေခံအချက်ဖြစ်သည်။ အဲ့ဒါကြောင့် ဒိုချီကျင့်စဉ်ကောင်းကောင်းရထားတဲ့သူဟာ အနာဂတ်မှာ ပိုအကျိုးရှိစေပါသည်။ ဒါပေမဲ့ အဆင့်မြင့် ဒိုချီကျင့်စဉ်ဆိုတာ သာမန်လူတွေအတွက် ပိုင်ဆိုင်ဖို့ဆိုတာ ခက်လှပါသည်။ ဟွာင်းအဆင့် သိုင်းကျမ်းတွေသာ သုံးနိုင်သည်။ တချို့ မျိုးနွယ်စုကြီး ဒါမှမဟုတ် ဂိုဏ်းငယ်တွေမှာ ရွှင်းအဆင့် သိုင်းကျမ်းရှိ၏။ ဥပမာ ရှောင်မျိုးနွယ်မှာ ခေါင်းဆောင်တယောက်သာ ကျင့်ခွင့်ရှိတဲ့ ခြင်္သေ့ဒေါသဟိန်းဟောက်သံသိုင်းကျမ်းသည် ထိပ်သီးသိုင်းကျမ်းဖြစ်သည်။ ယင်း သိုင်းကျမ်းသည် လေဓာတ်ဗဟိုပြု ရွှင်းအဆင့် အလယ်တန်း ချီကျင့်စဉ်ဖြစ်၏။
ရွှင်းအဆင့်၏ အထက်မှာ ဒိ အဆင့် ရှိသည်။ ဒါပေမဲ့ဒိ အဆင့်ကျင့်စဉ်ဆိုရင် ပထမတန်းဂိုဏ်းချုပ် ဒါမှမဟုတ် အင်ပါယာကြီးတွေမှာသာ ရှိနိုင်သည်။ ထျန်းအဆင့်ကျင့်စဉ်ဆိုရင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာလောက်ကသာ တခါပေါ်လာဖူးသည်။
ဒီအတိုင်းဆိုရင် သာမန်လူတယောက်အတွက် ထျန်းကျင့်စဉ် ရဖို့ဆိုတာ နတ်ပြည်တက်တာထက် ပိုခက်နေသည်။ ဒိုချီကုန်းမြေဒေသမှာ လူမျိုးပေါင်းထောင်ချီရှိသည်။ မြောက်ပိုင်းမှာ လူရိုင်းအနွယ်တွေနေထိုင်သည်။ ခွန်းအား အရမ်းကြီးမားပြီး သားကောင်ကြီးတွေရဲ့အသက်ဝိညာဉ်နှင့် ပေါင်းစပ်ကူးလူးနိုင်ကြသည်။ တောင်ပိုင်းမှာ အသိဉာဏ်မြင့် တိရစ္ဆာန်မျိုးနွယ်တွေ နေထိုင်သလို ရက်စက်ကြမ်းကြုတ်မှုနှင့်တွဲပြီး နာမည်ကျော်တဲ့ အမှောင်မျိုးနွယ်စုလည်း ရှိသည်။
ဒိုချီဒေသကြီးသည် ကျယ်ပြောသလောက် အညတရရွက်ပုန်းသီးသမားများလည်း များစွာရှိ၏။ သူတို့ သေဆုံးသွားတဲ့အခါနောက်မှာ သူတို့ကျင့်ကြံလာခဲ့တဲ့ ဒိုချီကျင့်စဉ်တွေကို နေရာတနေရာမှာ ထားရှိခဲ့ကြတယ်။ ကံကောင်းသူတချို့သာ တွေ့ရှိခဲ့ကြသည်။ ဒိုချီကုန်းမြေဒေသမှာ စကားတခွန်းရှိသည်။
"တနေ့မှာ သင် ချောက်ကနေပြုတ်ကျပြီးတော့ ဂူထဲရောက်သွားရင်တောင်မကြောက်နဲ့။ အရှေ့ကိုသာ နှစ်လှမ်းတိုးလျှောက်လိုက်ပါ။သင် ထိပ်သီးတယောက် ဖြစ်ရင်ဖြစ်သွားနိုင်တယ်"
သိပ်မှန်တဲ့စကားတခွန်းပါ။ နှစ်ပေါင်းတထောင်အတွင်း ဒီလိုမျိုး ကံကောင်းပြီး ထိပ်သီးဖြစ်သွားသူတွေမရေတွက်နိုင်လောက်အောင်ပါပဲ။
အဲလို ဇာတ်လမ်းတွေကြောင့် ထိပ်သီး ဒိုချီကျင့်စဉ် တွေ့လိုတွေ့ငြား ချောက်ကမ်းပါးမှာ ထိုင်စောင့်သူလည်းရှိခဲ့သည်။ ချောက်ကမ်းပါးထဲ ခုန်ချသူလည်းရှိခဲ့သည်။ အများစုကတော့ ခြေကျိုးလက်ကျိုး နှင့်သာ ပြန်လာခဲ့ရသည်။ ဘာပဲပြောပြော ဒိုချီကုန်းမြေဒေသတစ်ခုလုံးမှာ ရှာဖွေ မတွေ့ရှိရသေးတဲ့ အံသြဖွယ်ရာတွေ အများကြီး ရှိနေပါသေးသည်။
ဒိုချီကျင့်စဉ်ကို ကျင့်ခြင်းဖြင့် အစစ်အမှန် ဒိုကျဲ တစ်ယောက် ဖြစ်လာနိုင်သည်။ အဲလိုဖြစ်နိုင်ဖို့ ရှောင်ယွင်အတွက်တော့ ဝေးကွာနေဆဲဖြစ်သည်။ " ထြီး.. "
ရှောင်ယွင် မြက်ရွက်ပြား ကိုထွေးထုတ်လိုက်၏။ ခုန်ထလိုက်ပြီးနောက် ဝေဒနာအပြည့်နှင့် ကောင်းကင်ပေါ် မျက်နှာမူပြီး အော်ဟစ် ဆဲရေတိုင်းထွာလိုက်သည်။
" $#^#$&...... နင် ငါ့ကို ဒီကိုပို့လိုက်တာ မသန်မစွမ်းဘဝမျိုး ဖြစ်စေချင်ခဲ့တာလား တောက် "
အရင်ဘဝမှာ ရှောင်ယွင်သည် သာမန်လူသား တယောက်ဖြစ်ခဲ့သည်။ ငွေကြေးနှင့်မိန်းမ အရှုပ်အရှင်းလည်းမရှိခဲ့ဘူး။ဒိုချီကုန်းမြေဒေသကို ရောက်လာခဲ့ချိန်မှာ နှစ်ဘဝ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကြောင့် သူ့ရဲ့စိတ်ဝိညာဉ်က သူများထက် ပိုထက်မြက်သည်။
ဒိုချီကုန်းမြေဒေသတွင်တွင် လူတယောက်၏စိတ်ဝိညာဉ်သည် မွေးရာပါထက်မြက်မှုသာရှိသည်။ အသက်အရွယ်ကြီးပြင်းလာ၍ ပိုထက်မြက်ချင်မှ ထက်မြက်ပါလိမ့်မည်။ လူတယောက်၏စိတ်ဝိညာဉ်စွမ်းအင် ပိုထက်မြက်လာအောင် လေ့ကျင့်နိုင်တဲ့ ချီကျင့်စဉ်မရှိခဲ့ဘူး။ ထျန်းအဆင့် ချီကျင့်စဉ်တောင်မှ မဖြစ်နိုင်ပါဘူး။ ဒါကို လူတိုင်းသိကြ၏။
စိတ်ဝိညာဉ်၏ထက်မြက်မှုကြောင့် ရှောင်ယွင်၏ကျင့်ကြံမှုမှာ အထောက်အကူဖြစ်ခဲ့ပြီး ပါရမီရှိသူဟုနာမည်ပေးခြင်းခံရသည်။
သာမန်လူတယောက်ဟာ အောင်မြင်ဖို့ အစွမ်းအစရှိရင်တောင်မှ သတိမှန်မှန်ကန်ကန်မထားနိုင်ရင် အရှုံးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ရှောင်ယွင်လည်း အဲဒါတွေ သတိမထားမိလို့ သူ ဒိုရှီချီ ကို စတင်ကျင့်အချိန်မှာ ပုံမှန်ပဲသွားရမဲ့အစား ပါရမီရှင်လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။
တကယ်၍ ဘာအမှားမှ မဖြစ်ခဲ့ဘူးဆိုရင် ရှောင်ယွင်ဟာပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ကြီးပြင်းလာမှာဖြစ်သည်။ ဒါပေမဲ့ ကံမကောင်းစွာဖြင့် အသက် ၁၁ နှစ်မှာ ပါရမီရှင်နာမည်ဟာ သူဆီကနေ ထွက်ပြေးသွား၏။ သူရဲ့ ပါရမီရှင်နာမည်ကနေအသုံးမကျတဲ့သူ ဖြစ်သွားပြီး အားလုံးရဲ့ ရယ်မောခြင်းကို ခံစားခဲ့ရသည်။ .......
နှစ်ကြိမ်လောက် အော်ဆဲလိုက်ပြီးနောက် ရှောင်ယွင် စိတ်ပြန်ငြိမ်သက်ခဲ့သည်။ သူ ရူးခါသွားရင်တောင်မှ သူကြိုးစားပမ်းစားကျင့်ကြံရလာခဲ့တဲ့ ဒိုချီဝဲကတော့ ပြန်မရနိုင်တော့ပါဘူး။ ပြန်စဉ်းစားမိတော့ ခေါင်းခါလိုက်ပြီး စိတ်ပျက်မိသည်။
နောက်ပြီး သူ့ခန္ဓာကိုယ်မှာ ဘာဖြစ်သွားသလဲဆိုတာ သူလည်း သေသေချာချာမသိဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကို နေ့တိုင်း ပြန် စစ်ဆေးသည်။ထူးထူးခြားခြားအရာတခုမှ မတွေ့ခဲ့ဘူး။ သူ့ရဲ့စိတ်ဝိညာဉ်က တနေ့တခြား ပို ထက်မြက်လာသလို ဒိုချီစွမ်းအင် စုပ်ယူနိုင်စွမ်းက အရင်ကထက် ပိုစုပ်ယူလာနိုင်သည်။ ဒါဟာ သူမညံ့ဘူးဆိုတာ ပြသနေသလိုပါပဲ။ ဒါပေမဲ့ စုပ်ယူလိုက်တဲ့ ဒိုချီစွမ်းအင်က အကြောင်းပြချက်ရှာမတွေ့ဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွား၏။ ဒီထူးဆန်းတဲ့ အဖြစ်ကြောင့် ရှောင်ယွင်ဝမ်းနည်းခဲ့ရသည်။
အသက်ပြင်းကို ခက်ခက်ခဲခဲချလိုက်ပြီးနောက် ရှောင်ယွင် သူလက်တဖက်ကို မြှောက်ကြည့်လိုက်သည်။ သူရဲ့လက်ချောင်းပေါ်မှာ အနက်ရောင်လက်စွပ်တကွင်းရှိသည်။ လက်စွပ်ပုံစံမှာ အတော်ရှေ့ကျသည်။ အမျိုးအမည်မသိရတဲ့ သတ္တုတမျိုးဖြင့် သွန်းလုပ်ထားသည်။ နောက်ပြီး လက်စွပ်ကိုယ်ထည်မှာလည်း ကနုတ်လိုင်းမှိန်မှိန်လေး ရှိနေသေးသည်။ ဒီလက်စွပ်ဟာ ရှောင်ယွင်အမေမဆုံးခင်တုန်းက ပေးခဲ့တဲ့နောက်ဆုံးအမွေဖြစ်၏။ အသက်လေးနှစ်ကစပြီး ဝတ်ဆင်ခဲ့သည်။ ဆယ်နှစ်ကျော်ကြာခဲ့ပြီးလည်း ရှောင်ယွင်အမြတ်နိုးဆုံးပစ္စည်းတခု ဖြစ်နေဆဲပဲ။
ရှောင်ယွင် လက်စွပ်ကိုကြည့်ပြီး ဝမ်းနည်းအပြုံးဖြင့်..
" ဒီနှစ်အတောတွင်းမှာ တကယ်ခက်ခဲခဲ့တာပဲ အမေ "
အသက်ပြင်း တချက်မှုတ်ထုတ်လိုက်သည်။ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ တောအုပ်ဘက်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီးနောက်
" အဖေလား... အဖေ အဲဒီမှာလား... " ရှောင်ယွင် ဒိုရှီချီ အဆင့် ၃ မှာရောက်ရှိနေပေမဲ့ သူ၏အာရုံခံစားမှုမှာ ဒိုကျဲ အဆင့် ၅ ထက်တောင် ပိုထက်မြက်သည်။ အမေဆီ သတိရနေတဲ့အချိန်တွင် တောအုပ်ဘက်ကနေ လှုပ်ရှားမှုတချို့ကို ခံစားရသည်။
တောအုပ်ထဲမှာ ခနတိတ်ဆိတ်သွားပြီး လူကြီးတယောက်၏အသံက ထွက်ပေါ်လာသည်။
" ဟားဟား ယွင်လေး တော်တော်နောက်ကျနေပြီး ဘာလို့ ဒီမှာ နေနေတာလဲ.. "
သစ်ကိုင်းလှုပ်ခါသွားသည်။ လူတယောက် ခုန်ထွက်လာပြီး လရောင်အောက်မှာ သူ့သားကို အပြုံးနှင့် ကြည့်နေသည်။
အကောင်းစား မီးခိုးရောင်အဝတ်အစား ဝတ်ဆင်ထားပြီး သူ့ရဲ့ခြေလှမ်းတိုင်းမှာအပျော့စားဖိအားတခုကို ခံစားရသည်။ ထူထဲသော မျက်ခုံးတစုံကလည်း ခန့်ညားမှုကို ပိုတိုးစေသည်။ သူကတော့ လက်ရှိရှောင်မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး ဒိုရှီ အဆင့် ၅ တယောက်ဖြစ်သည်။ နာမည်ကတော့ ရှောင်ကျန်းးးး! " အဖေရော ညဘက် အနားမယူဘူးလား? "
အဖေကိုကြည့်ရင်း ရှောင်ယွင် ပိုပြုံးလာသည်။
ရှောင်ယွင် ဘဝနှစ်ခု ရှိခဲ့ပေမဲ့ ယခုဘဝအဖေသည် သူကျရှုံးခက်ခဲချိန်မှာ အားပေးနှစ်သိမ့်ခဲ့သည်။ အဲဒါကြောင့် အဖေလို့သာ ခေါ်သည်။ " ယွင်လေး... နေ့လည်တုန်းကအကြောင်းကိုစဉ်းစားနေတုန်းပဲလား " လမ်းလျှောက်ရင်း ရှောင်ကျန်းမေးလိုက်သည်။
" ဟားဟား ဘာလို့ စဉ်းစားရမှာလဲ... ဒါတွေ ကြိုသိနေတာပဲ.... "
အပြုံမပျက်ဘဲ ခေါင်းခါပြလိုက်သည်။
" အင်းးး... " နုနယ်တဲ့မျက်နှာလေးကို ကြည့်ရင်း ရှောင်ကျန်း အသက်ပြင်းချလိုက်သည်။ ပြီးတော့ ကောတ်ကာငင်ကာ မေးလိုက်သည်။
" ယွင်လေး အခု အသက်၁၅ နှစ် ရှိပြီးမလား "
" ဟုတ်တယ် အဖေ "
" နောက်တနှစ်ဆို အရွယ်ရောက်ခြင်းအခမ်းအနားကို သားတက်ရောက်ရတော့မယ် "
ရှောင်ကျန်း နာကျင်အပြုံးဖြင့် သားကိုကြည့်နေမိသည်။
" ဟုတ်ကဲ့ အဖေ တနှစ်ပဲလိုတော့တယ်.. "
ရှောင်ယွင် တည်တည်ငြိမ်ငြိမ်ပဲ အဖြေပေးလိုက်သည်။ လက်နှစ်ဖက်ကတော့ တင်းတင်းဆုပ်ထားလိုက်သည်။ အဖေ ဘာကိုဆိုလိုသလဲဆိုတာ ရှောင်ယွင် ကောင်းကောင်းသဘောပေါက်သည်။ အရွယ်ရောက်ခြင်း အခမ်းအနားကို ဆင်နွှဲပြီးရင် ရွေးချယ်စရာနှစ်ခုကြုံရြတော့မည်။ သိုင်းကျင့်ဖို့ ပါရမီမပါလာခဲ့ဘူးဆိုရင်ဒိုချီခန်းမဆီကိုသွားပြီး မျိုးနွယ်၏ ချီကျင့်စဉ်တခုကို ရယူပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး။ အဲ့ဒီအစား မျိုးနွယ်၏စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် သာမန်ကိစ္စဝစ္စတွေမှာ နေရာချတာဝန်ယူရမှာမှာဖြစ်တယ်။ ဒါကမျိုးနွယ်၏စည်းမျဉ်းဖြစ်ပြီး မျိုးနွယ်ခေါင်းဆောင်တောင်မှ ဒါကို ပြောင်းလဲလို့ မရပါဘူး။
ပြီးတော့ အသက် ၂၅ နှစ်မှာလည်း ဒိုကျဲအဆင့်ကိုမရောက်ခဲ့ရင်လည်း မျိုးနွယ်ကနေ အသိအမှတ်ပြုခြင်း မခံရတော့ဘူး။
" တောင်းပန်ပါတယ်.. ယွင်လေး နောက်တနှစ်နေလို့မှ ဒိုရှီချီ အဆင့် ၇ ကို မရောက်ခဲ့ရင်.. အဖေက သားကို မျိုးနွယ်ရဲ့စီးပွားရေးတစ်နေရာကို ပို့ရလိမ့်မယ်။ ပြီးတော့ ဒီဆုံးဖြတ်ချက်ကိုလည်း အဖေတယောက်တည်းဆုံးဖြတ်ရတာမဟုတ်ဘူး။ဟိုခွေးအိုတွေကလည်း အဖေအမှားလုပ်မှာကို စောင့်နေတာ.. "
ရှောင်ယွင်ရဲ့မတုန်လှုပ်တဲ့ပုံကို ကြည့်ပြီး ရှောင်ကျန်း စိတ်မကောင်းစွာ ရှင်းပြလိုက်သည်။
" အဖေ သားအကောင်းဆုံးကြိုးစားပါ့မယ်နောက်နှစ် သား ဒိုရှီချီ အဆင့် ၇ ကိုသေချာပေါက်ရောက်စေရမယ်... "
ရှောင်ယွင် အပြုံးမပျက်ဘဲ ပြောလိုက်သည်။ " တနှစ်ထဲနဲ့ အဆင့်လေးဆင့်.. အင်း အရင်လိုမျိုးဆို မျှော်လင့်လို့ရသေးတယ်။ အခုတော့ မမျှော်လင့်ရဲဘူး.."
အဖေစိတ်ချမ်းသာအောင်လို့သာ ပြောရသည်။ သူ့စိတ်ထဲမှာ လျော့ရဲနေသည်။
ရှောင်ယွင်ရဲ့ အခြေအနေကို သိပြီးသားမို့ ရှောင်ကျန်းအသက်ပြင်းသာချမိသည်။ တစ်နှစ်အတွင်းမှာ အဆင့်လေးဆင့်ခုန်တက်ဖို့ကိစ္စက ခက်ခဲမှန်း သိသည်။
ရှောင်ယွင်ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။
" ကဲ ညလည်းနက်ပြီး။ ပြန်နားတော့.. မနက်ဖြန်အရေးကြီးဧည့်သည်ရှိတယ်.. အမူအရာမပျက်စေနဲ့.."
" ဧည့်သည်? ဘယ်သူတွေလဲ? "
ရှောင်ယွင်စပ်စုလိုက်သည်။
" မနက်ဖြန် သိမှာပေါ့.. "
ရှောင်ယွင်ကို တချက်ဝေ့ကြည့်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။
အနက်ရောင် လက်စွပ်ကို ပွတ်သပ်ရင်း ခေါင့်မော့လိုက်သည်။ ပြီးတော့ တိုးတိုးလေး ရေရွတ်လိုက်သည်။
" စိတ်မပူနဲ့ အဖေ သားအကောင်းဆုံးကြိုးစားပါ့မယ်.." ရှောင်ယွင် ခေါင်းမော့ထားချိန်မှာ အနက်ရောင်လက်စွပ် ဖျက်ကနဲ့ အလင်းဖျော့ဖျော့လေး လင်းသွားသည်။ ဘယ်သူမှ မသိလိုက်ခင် မျက်တောင်တခတ်မှာပဲ ပြန်မှိတ်သွားသည်။
Followers
Chapter 2
Subscribe to:
Post Comments (Atom)
Chapter 153
အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...
-
အပိုင်း ( ၁၂၁ ) ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း Battle Through The Heavens အရှိန်ပြင်းစွာ ကျဆင်းနေသော ရေတံခွန်မှာ အောက်ခြေ က ကျောက်တုံးတွေကိ...
-
အပိုင်း ( ၉၆ ) - ကတိကဝတ် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း Battle Through The Heavens ဝူတန်မြို့၏ မိသားစုနှစ်စုကြား စီးပွားရေးတိုက်ပွဲတွင် ရှေ...
-
အပိုင်း (၁၃၉ ) နီလာခရမ်းအမြုတေကို ရယူခြင်း ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း Battle through the Heavens ++++++++++++++++ “ အဆင့် ၃.. ဟုတ်လား.....
No comments:
Post a Comment