Followers

Chapter 4

အခန်း ၄  တိမ်မြူဂိုဏ်း 

  ခန်းမဆောင်ထဲမှာ ရှောင်းကျန်း၊ အကြီးအကဲ
သုံးယောက်တို့သည် သူစိမ်းလူကြီးနှင့်  
စိတ်ပါဝင်စားစွာ စကားပြောဆိုနေသည်။
ထိုလူကြီး ကိုကြည့်ရတာ အရေးကြီးကိစ္စတခု
ရှိဟန်တူသည်။ ပြောတော့မည်ဟန်ပြင်လိုက် ပြန်
မျိုသိပ်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်နှင့်။ 
ဘေးနားက ကလေးမလေးကလည်း မသိမသာ
အကြည့်ဖြင့် တွန်းအားပေးနေသည်။ 
   
လူကြီးစကားပြောနေတာကို နားထောင်ရင်း ရှောင်
ယွင် ပျင်းရိလာသည်။ ခေါင်းကလည်း တဖြည်းဖြည်း
ငုံ့လာသည်။ 
    
" အကိုရှောင်ယွင် သူတို့ကဘယ်သူတွေလဲဆိုတာ
သိလား "
ငြီငွေ့ရာကနေ အိပ်ပျော်လုဆဲဆဲ ဖြစ်နေတဲ့ ရှောင်
ယွင်ကို ရှင်းအာ မေးလိုက်ပြီး သူမ၏ရှေ့ဟောင်း
စာအုပ်ကိုဖွင့်လိုက်သည်။
  
" နင် သိနေလား... " 
ရှင်းအာ ကိုထူးဆန်းစွာ ကြည့်လိုက်၏။
   
" ဟိုမှာမြင်လား အင်္ကျီလက်တန်းပေါ်မှာ ငွေဓားနဲ့
တိမ် အမှတ်အသားကို တွေ့လား.. " 
ရှင်းအား မပွင့်တပွင့်အပြုံးလေးနဲ့ ပြောလိုက်သည်။
    
ဟင်?  ရှောင်ယွင် သေချာပြန်ကြည့်လိုက်သည်။
သူတို့သုံးယောက်၏အင်္ကျီလက်တန်းပေါ်မှာ တိမ်ပုံနှင့်
လင်းလက်နေတဲ့ဓားတလက် အမှတ်အသားကို ချည်
ထိုးထားသည်ကို ကောင်းကောင်းမြင်လိုက်ရသည်။ 
   
" သူတို့က တိမ်မြူဂိုဏ်းကလား... ?!" 
ရှောင်ယွင် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
     
အပြင်လောကဘက်ကို မထွက်ဖူးပေမဲ့ စာအုပ်တွေ
ဖတ်ထားသောကြောင့် တိမ်မြူဂိုဏ်အကြောင်းသိထား
သည်။ ရှောင်ယွင်တို့ နေထိုင်သည့် ဝူတန်မြို့ဆိုတာ
ဂျားမာအင်ပါယာရဲ့ နယ်ပယ်တခုသာ ဖြစ်သည်။ 
မြို့ကြီးထဲက တမြို့လို့ဆိုနိုင်ပေမဲ့ အင်ပါယာနှင့်ယှဉ်ရင်
သေးငယ်နေပါသေးသည်။ ပြီးတော့ မြို့အနောက်မှာ
လည်း မှော်မွန်းစတားတောင်တန်းကြီး လည်း
ရှိသည်။ ( မွန်းစတား= သတ္တဝါဆန်း )
      
ဒီမြို့ထဲမှာဆိုရင်တော့ ရှောင်မျိုးနွယ်အုပ်စုက 
အကြီးဆုံးပါပဲ။ နောက်ထပ် ပြိုင်ဘက် မျိုးနွယ်အုပ်စု
နှစ်စု ရှိသေးသည်။ ဒါပေမဲ့ ၂၄ နှစ်တိုင်အောင် 
ပရိပက္ခဖြစ်ပြီး သွေးချောင်းစီးခဲ့ပြီးနောက်
ရှောင်မျိုးနွယ်အုပ်စုကို အာမခံရဲတော့ပါဘူး။ 
      
ဝူတန်မြို့မှာ ရှောင်မျိုးနွယ်က အင်အားအကြီးဆုံးဟု
ပြောရင် ဂျားမာအင်ပါယာမှာ တိမ်မြူဂိုဏ်းက အင်အား
အကြီးဆုံးဟုလည်း ပြောနိုင်သည်။ ရှောင်မျိုးနွယ်နဲ့
တိမ်မြူဂိုဏ်း နှစ်ခုကြား ကွာဟချက်က အရမ်းကြီးမား
ပါတယ်။ အဲဒါကြောင့် အမြဲမျက်နှာတည်ပြီခက်ထန်တဲ့
ရှောင်ယွင်အဖေ ရှောင်ကျန်းတောင်မှ ဧည့်သည်တွေ
ကို ဖော်ဖော်ရွေရွေ ဆက်ဆံနေရသည်။ 
  
" သူတို့ ဒီကို ဘာလာလုပ်တာလဲ... "
လေသံတိုးတိုးဖြင့် ရှောင်ယွင် ကပ်မေးလိုက်ပြန်သည်။
    
ရှင်းအာ လက်ချောင်းသွယ်လေးတွေ 
စာရွက်လှန်နေတာ ရပ်လိုက်ပြီး 
" အကိုရှောင်ယွင်ကြောင့် ဖြစ်မယ်ထင်တယ်... "
 
ရှင်းအာစကားကိုကြားလိုက်တော့ တချက်ကြောင်သွား
သည်။ ရှောင်ယွင်  ခေါင်းခါလိုက်ပြီး 
" ငါ? သူတို့နဲ့ ဘာပတ်သတ်မှုမှ မရှိခဲ့ဘူးလေ "

" ဟိုမိန်းခလေး နာမည်ကို သိလား... " 
ရှင်းအာ မေးဆတ်ပြလိုက်သည်။ 

ရှင်းအာ ညွန်ပြတဲ့ မိန်းခလေးမျက်နှာကို ကြည့်ပြီး
နဖူးတွန့်ပြီး ပြန်စဉ်းစားသည်။ အရင်ကတွေ့ခဲ့ဖူးသလား
ဆိုတာ သတိပြန်မရတော့။ 
  " မသိတော့ဘူး။ နင်ရောသိလား?... "

"  သူမက နလန် ရိရွမ်..! "
ရှင်းအာရဲ့မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာ
ဖြစ်လာ၏။
   
    ရှောင်ယွင်ရဲ့ မျက်နှာ မာကျောသွားသည်။
" နလမ်ရိရွမ် ဟုတ်လား ? .....ဂျားမာအင်ပါယာရဲ့
 ခြင်္သေ့နှလုံးသားတပ်မှူး နလန်ကျင်ရဲ့ မြေးမိန်းခလေး
ပြီးတော့ ငါမမွေးခင်ကတည်းက လူကြီးချင်းသဘောတူ
စေ့စပ်ထားပေးတဲ့ ငါ့ဇနီးလောင်းက သူလား? "

" အင် အရင်တုန်းက နလန်ကျင်နဲ့ ရှောင်ယွင်အဘိုးက
တကယ့်ညီအကိုအရင်းလိုပဲ ခင်ခဲ့ကြတာ... ပြီးတော့
အကိုနဲ့ နလန်ရိရွမ် မွေးတာလည်း ရှေ့ဆင့်နောက်ဆင့်
ပဲလေ.... အဲဒါနဲ့ အကိုတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့
သဘောတူခဲ့ကြတယ်... ဒါပေမဲ့ အကိုရှောင်ယွင်မွေးပြီး
သုံးနှစ်လောက်မှာ အဘိုးက ရန်သူတွေနဲ့ တိုက်ခိုက်ရင်း
ကွယ်လွန်ခဲ့တယ်... အဲဒီအချိန်ကစပြီး ရှောင်မျိုးနွယ်နဲ့
နလန်မိသားစု ဆက်ဆံရေးဟာ တဖြည်းဖြည်း လျော့
ရဲလာခဲ့တာပဲ... " 
    
ရှင်းအာ ခနရပ်လိုက်သည်။သူ့ရဲ့ စကားမှာ နစ်မျော
နေတဲ့ ရှောင်ယွင်ကို ကြည့်ပြီး စကားဆက်ပြန်သည်။

" နလန်ကျင်ဟာ မာနကြီးရုံတင်မကဘူး... ကတိတခွန်း
အပေါ်မှာလည်း အရမ်းအလေးထားတယ်.. ဒီလက်ထပ်
တာကို သူပဲဆုံးဖြတ်ခဲ့တာလေ.. အကိုရှောင်ယွင် ပြီးခဲ့
တဲ့ နှစ်တုန်းက အခြေအနေဆိုး နာမည်ပျက်ခဲ့ပေမဲ့
သူ ဒီမင်္ဂလာပွဲကို ဖျက်သိမ်းဖို့ လုံးဝ ပြန်စဉ်းစားမှာ မဟုတ်ဘူး... " 
   
    " ဒါဆို ဒီအဘိုးကြီးက တော်တော်ခေါင်းမာတာပဲ..  "
ရှောင်ယွင် ပြုံးလိုက်၏။ 
  
" နလန်မိသားစုမှာ ဘယ်ကိစ္စမဆို နလန်ကျင်ရဲ့ 
ဆုံးဖြတ်ချက်ကိုပဲ အတည်ယူရတယ်... အခုရိရွမ်
မင်္ဂလာကိစ္စမှာ ဘယ်သူမှ အရှေ့တက်ပြီးအတွန့် မတက်ရဲ့ကြဘူး... " 
ရှင်းအာရဲ့ မျက်ဝန်းလှလှတွေက ရှောင်ယွင်ကို 
ဖျတ်ခနဲ ကြည့်ပြီး ဆက်ပြောပြန်သည်။ 
" ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရိရွမ်ဟာ တိမ်မြူဂိုဏ်း
ခေါင်းဆောင်ရဲ့ တပည့်ဖြစ်လာတယ်။ ငါးနှစ်တာကာလ
အတွင်း နလန်ရိရွမ်ဟာ သူရဲ့ အရည်အချင်းတွေကို
မယုံနိုင်စရာကောင်းလောက်အောင် ပြသနိုင်ခဲ့တယ်...
လူတယောက်ဟာ သူ့ဘဝကို သူ့ခွန်အားနဲ့ ပြောင်းလဲနိုင်ပြီးဆိုရင်
သူ့ဘဝမှာ သူမကြိုက်ဆုံးအရာတခုကို ပြောင်းလဲပစ်ဖို့
အပြင်းအထန်ကြိုးစားမှာပဲ... အဲလိုပဲ အခု နလန်ရိရွမ်
အမုန်းဆုံးအရာက အကိုရှောင်ယွင်နဲ့ လက်ထပ်ဖို့
ကတိခံထားတာကိုပဲ... " 

" ဒါဆို ပြောချင်တာက အခုသူဒီကိုလာတာ သဘောတူ
ကြောင်းလမ်းထားတာကို ဖျက်သိမ်းဖို့ပေါ့ ?... "

ရှောင်ယွင် မျက်နှာ မဲမှောင်သွားသည်။ ဒေါသအပြင်း
အထန်ထွက်သွားသည်။ နလန်ရိရွမ်က သူ့ကို
သတို့သားအနေနဲ့ လက်မခံနိုင်တာကြောင့်မဟုတ်။
မျိုးနွယ်စုအားလုံးရဲ့အရှေ့မှာ မင်္ဂလာကြောင်းလမ်းတာ
ကိုဖျက်သိမ်းဖို့ ကြိုးစားခြင်းကြောင့်ဖြစ်သည်။
တကယ်၍ အဲလိုဖြစ်ခဲ့ရင် မျိုးနွယ်စုအတွင်း သူ့အဖေ၏
ဂုဏ်သိက္ခာနဲ့ လေးစားမှု ကျဆင်းသွားမည်။ 

ရှောင်ယွင် အသက်ဖြည်းဖြည်းရှုသွင်းသည်။ ရှုသွင်း
လိုက်တဲ့လေအေးဖြင့် ဒေါသကို ငြိမ်သက်သွားအောင်
ကြိုးစားသည်။ သူ့ရဲ့ အင်္ကျီလက်ရှည်ထဲမှာ လက်သီးကို
ကျစ်နေအောင်ဆုပ်ထားသည်။ ငါသာ Dou Shi 
တယောက်ဆိုရင် ဒီလိုမျိုးဘယ်သူလာစော်ကားရဲမှာလဲ။
 
မှန်သည်။ရှောင်ယွင်သာ Dou Shi အဆင့်ဆိုရင်
နလန်ရိရွမ်၏အနောက်မှာ တိမ်မြူဂိုဏ်းတခုလုံးရပ်ရင်
တောင်မှ သူမ ဒီလိုမျိုးလာစော်ကားနိုင်မှာမဟုတ်ဘူး။
အသက် ၁၅ နှစ်နဲ့ Dou Shi အဆင့်ကို အောင်မြင်ခဲ့သူ
ဟာ ဒီ Dou Qi ကုန်းမြေမှာ အနည်းငယ်သာရှိခဲ့သည်။
အဲဒီလူတွေဟာ အခုဆိုရင် Dou Qi ကမ္ဘာမှာ သြဇာ
အကြီးမားဆုံး ပုဂ္ဂိုလ်တွေ ဖြစ်နေပြီးဖြစ်သည်။ 

    ရှောင်ယွင်ရဲ့ အင်္ကျီလက်ရှည်အထဲကို သေးသွယ်
နုနယ်တဲ့ လက်ဖဝါးလေး ဝင်လာပြီး ရှောင်ယွင်လက်
ကိုဆုပ်ကိုင်သည်။ 
" အကိုရှောင်ယွင်.... တကယ်လို့လက်ထပ်ပွဲကို သူ
ဖျက်သိမ်းခဲ့မယ်ဆိုရင် ဒါဟာ သူ့ရဲ့ဆုံးရှုံးမှုပဲ... 
သေချာတယ် နောက် နှစ်အနည်းအငယ်အတွင်း 
ဒီကနေ့သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူနောင်တရနေပါလိမ့်
မယ်.. "

" နောင်တ... ? " ရှောင်ယွင် လှောင်ရယ်လိုက်သည်။
" အခု လက်ရှိ ငါ့ရဲ့ အရည်အချင်းနဲ့ အဲလိုတောင်
မာနမကြီးနိုင်ပါဘူး... " 

ရှောင်ယွင် စကားပြောနေရင်းနဲ့ လေသံပြောင်းပြီး 
" ခန နေစမ်းပါဦး... ရှင်းအာ.. အခု သူတို့အကြောင်းကို
ဘာလို့ ဒီလောက်တောင် သိနေရတာလဲ... ငါ့အဖေ
တောင် တချို့အကြောင်းတွေကို သိတာမဟုတ်ဘူး..
ဘယ်လိုလုပ်ပြီး ဒါတွေအကုန်သိနေရတာလဲ? "

ရှင်းအာ မျက်နှာတည်သွားသည်။ ဒါပေမဲ့ စကား
တလုံးမှ ထွက်မလာဘူး။
ရှင်းအာ ဖြေဖို့အတွက် ရှောင်တိမ်းနေတာကို ကြည့်ပြီး
ရှောင်ယွင် မတတ်နိုင်ဘဲ ပြုံးလိုက်သည်။ 
ရှင်းအာသည် ရှောင်မျိုးနွယ်မှာ နေသော်လည်း သူနဲ့
ရှောင်ယွင်ဟာ သွေးတော်သားစပ်ခြင်းမရှိပေ။ 
ပြီးတော့ ရှင်းအာ မိဘကိုလည်း မမြင်ဖူးသလို အဲဒီ့
အကြောင်းကိုလည်း သူအဖေဆီမှာ မေးကြည့်လည်း 
ခေါင်းသာ ခါပြပြီး ဘာတခွန်းမှ မပြောပြခဲ့။
မကြာခင်မှာပဲ ရှင်းအာမိဘအကြောင်းဟာ မမေးအပ်တဲ့
အကြောင်းအရာဖြစ်လာသလို တခါတလေ
 အဲဒီအကြောင်းပြောဖို့တောင်ကြောက်ရွံ့လာကြသည်။
     
    ရှောင်ယွင်အတွက်တော့ ရှင်းအာ၏နောက်ကြောင်း
ကိုအမြဲဖုံးကွယ်ထားတာက ဉာဏ်မမှီတဲ့ ကိစ္စဖြစ်သည်။
ဘယ်လိုပင် လိမ္မာပါးနပ်စွာ အစ်အောက်မေးသော်
လည်း ရှင်းအာ နှုတ်ဆိတ် ခပ်မဆိတ်ပဲနေသည်။

" အင် ဟုတ်ပါပြီး မပြောချင်ရင်လည်း မပြောပါနဲ့တော့ "
ခေါင်းကို ယမ်းလိုက်သည်။ ရှောင်ယွင်မျက်နှာ 
ရုတ်တရက် မည်းမှောင်သွားသည်။ နလန်ရိရွမ်ရဲ့ 
ခနခန အချက်ပြနေခြင်း၏အောက်မှာ ဧည့်သည်လူကြီး
နောက်ဆုံး မတ်တပ်ရပ်လိုက်လေပြီး... 

" ဟွန့် နောက်ဆုံးတော့ တိမ်မြူဂိုဏ်းရဲ့ ပါဝါကို သုံး
ပြီး အဖေကို ဖိအားပေးတော့မယ်ပေါ့လေ... အဲဒီ့
နလန်ရိရွမ်က အရှက်မရှိတဲ့ အကွက်တွေ သုံးနေတာပဲ.."
ရှောင်ယွင်ရင်ထဲမှာ  ဒေါသအစိုင်အခဲတွေ စတင်ဖွဲ့တည်လာသည်။
//////////////////

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...