Followers

Chapter 11

အပိုင်း ၁၁   ဈေး

             ဒိုချီတိုက်မှာ မွန်းစတားအမြုတေ ကို မှော်စွမ်းအင်
ပုံဆာင်ခဲလို့လည်း သိကြသည်။ မွန်းစတားအမြုတေဆိုတာ 
မွန်းစတားကောင်ရဲ့ ခန္ဓာကိုယ်ထဲက ဗဟိုစွမ်းအင်အစုအခဲ
ဖြစ်သည်။ အဲဒီအမြုတေထဲမှာ အရိုင်းထည်သက်သက်ဖြစ်
တဲ့ ကမ္ဘာ့စွမ်းအင်တွေ ကိန်းဝပ်နေခြင်းဖြစ်သည်။ အင်မ
တန်ကို အရိုင်းဆန်တဲ့ ကမ္ဘာ့စွမ်းအင်ကြောင့် Dou Wang 
အဆင့်ရှိသူတောင်မှ မွန်းစတားအမြုတေ ကိုစွန့်စားပြီး 
မစုပ်ယူရဲပေ။

     မွန်းစတားအမြုတေကို တိုက်ရိုက်မစုပ်ယူနိုင်ပေမဲ့ 
မှော်ဆေးပညာရပ်မှာတော့ ဒါဟာ အဓိကပါဝင်ပစ္စည်း
ဖြစ်သည်။ မွန်းစတားအမြုတေစွမ်းအင်ကို မှော်ဆေးပညာ
က ပြန်လည်သန့်စင်ပေးကာ ဆေးဖက်ဝင်အပင်အချို့နှင့်
ပေါင်းစပ်ပေးပြီးနောက် ခွန်းအားကို တိုးမြှင့်ပေးနိုင်တဲ့
ဈေးကြီးပြီး လိုချင်ဖွယ်ကောင်းတဲ့ ဆေးလုံးရလာမည်။ 

    နောက်အသုံးဝင်သေးတာက မွန်းစတားအမြုတေကို
လက်နက်မှာ ထည့်သွင်းတပ်ဆင်နိုင်သည်။တပ်ဆင်ခြင်း
အားဖြင့် လက်နက်၏ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်စေနိုင်ရုံ
သာမက ထူးခြားသော ဒိုချီအစွမ်းသက်ရောက်မှုကိုပါ 
ရရှိစေသည်။ အဲဒါကြောင့် ဒိုချီတိုက်မြေမှာ မွန်းစတား
အမြုတေက အရောင်းကောင်းဆုံး ပစ္စည်းတခုဖြစ်ခဲ့သည်။

    လက်နက်တွင်သာမက အမြုတေကို ချပ်ဝတ်တန်ဆာ
 နှင့် တခြားခုခံရေးအသုံးအဆောင်ပစ္စည်းတွေမှာ ထည့်
သွင်း နိုင်သည်။ ချပ်ဝတ်တန်ဆာမှာ  ထည့်သွင်းပေးခြင်း
ဖြင့်အလွန်ကောင်းမွန်တဲ့ ခုခံမှုအစွမ်းရရှိစေပြီး အန္တရယ်
ကျရောက်တဲ့အချိန်မှာ ဝတ်ဆင်သူကို ဒိုချီစွမ်းအင်အကာ
အကွယ်အလွှာမျိုးနှင့် ကာကွယ်ပေးထားပါသေးသည်။

    အမျိုးမျိုးအထွေထွေ အသုံးဝင်မှုကြောင့် မွန်းစတားအမြု
တေသည် အရောင်းကောင်းဆုံး ပစ္စည်းဖြစ်ခဲ့သည်။ Dou 
Zhe အဆင့်တောင်မက မှော်ဆေးပညာရှင်များကိုယ်တိုင်
အရည်အသွေးမြင့်ဆေးလုံး ဖော်စပ်ဖို့ အဆင်မြင့်မွန်းစတား
အမြုတေ ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ရှာတတ်ကြသည်။

    ဝယ်လိုအား အရမ်းများတဲ့အတွက် ဒိုချီကုန်းမြေမှာ 
မွန်းစတားအမြုတေကို လွယ်လွယ်ကူကူဝယ်၍မရနိုင်ပေ။
အကယ်၍ လေလံပွဲ ဒါမှမဟုတ် တခြားပုံစံမျိုးဖြင့် တွေ့ရှိခဲ့
လျှင် ချက်ချင်း ဈေးကြီးပေး၍ ဝယ်လိုက်ကြမည်ဖြစ်သည်။ 

   မွန်းစတားအမြုတေကို ဈေးကြီးပေးဝယ်ယူနေခြင်း
ကြောင့် မွန်းစတားကို လိုက်လံဖမ်းဆီးပြီး အသက်မွေးကြ
တဲ့ ကြေးစားအဖွဲ့ များစွာရှိသည်။ ဒါပေမဲ့ မွန်းစတားအမဲ
လိုက်သည့်အလုပ်မှာ လွယ်ကူသော အရာမဟုတ်ချေ။
   
    ပထမအချက်အနေဖြင့် မွန်းစတားအကောင်တွေက 
အလွန်တရာ အင်အားကြီးမားသလို ဉာဏ်နီဉာဏ်နက်
လည်းများသည်။ အရိုင်းဆန်တဲ့ မွေးရာပါသဘာဝ ကြောင့်
လည်းဖြစ်သလို ထူးခြားစွာ တိုက်ခိုက်တတ်တဲ့ ပုံစံတွေ
ကြောင့် အင်အားခြင်းအဆင့် တူနေရင်တောင်မှ မွန်းစတား
အကောင်တွေက လူသားထက် ပိုသာသည်။ ထူးချွန်တဲ့
အရည်အချင်းနှင့်စွမ်းအားမရှိဘဲ မွန်းစတားအကောင်တွေ
ကို အမဲလိုက်ပါက မွန်းစကားအကောင်ကို အမဲလိုက်ရန်
ဘယ်လိုမှ မဖြစ်နိုင်ပေ။ အမြုတေကို ရဖို့မဆိုနှင့် အသက်
ပင် ဆုံးရှုံးနိုင်သည်။ 
      
     မွန်းစတားအကောင်တိုင်းမှာ အမြုတေရှိချင်မှ ရှိသည့်
အတွက် မွန်းစတားအကောင်ကို သတ်နိုင်ခဲ့ရင်တောင်
အမြုတေကို ရချင်မှ  ရလိမ့်မည်။ မွန်းစတားအကောင်ကို
သတ်ဖို့ လူအင်အားတဝက်လောက် ဆုံးရှုံးသွားပေမဲ့
အမြုတေမရခဲ့တဲ့ အဖြစ်မျိုး ကြုံခဲ့ရတဲ့ ကြေးစားအဖွဲ့တွေ
များစွာရှိသည်။ ဒီလိုအဖြစ်မျိုး ဒိုချီကုန်းမြေမှာ အချိန်တိုင်း
တွေ့ရ ကြားရသည်။  

----------

         ကွေ့ကောက်နေတဲ့ လမ်းကြားထဲ ရှင်းအာနှင့်အတူ
 လျှောက်လာခဲ့ပြီးနောက် တောင်ဘက်အစွန်းကျတဲ့ ဈေး
တန်းဘက်ဆီကို ရောက်ရှိလာခဲ့ကြသည်။ ဝူတန်မြို့မှာ
အလယ်လတ်အတန်းအစားလောက်ရှိတဲ့ ဈေးတန်းအနည်း
ငယ်ရှိတယ်။ ဒီဆိုင်တွေအားလုံးကို မျိုးနွယ်စုသုံးစုထဲက
တစု ချုပ်ကိုင်ထားကြသည်။ ယခု ရှောင်ယွင်ရောက်ရှိနေ
တဲ့ ဆိုင်က ရှောင်မျိုးနွယ်၏ထိန်းချုပ်မှုအောက်မှာရှိနေတဲ့
ဈေးတန်းတတန်းဖြစ်သည်။ 

        ရှောင်မျိုးနွယ်၏ထိန်းချုပ်မှုအောက်ဟု ဆိုသော်လည်း
အမှန်တကယ်က အမှာစာလက်ခံခြင်းနှင့်လုံခြုံရေးကိုသာ
တာဝန်ယူရခြင်း ဖြစ်ပေသည်။ အပြန်အလှန်အနေဖြင့် ဈေး
ဆိုင်နေရာယူထားတဲ့ ကြေးစားအဖွဲ့ ဒါမှမဟုတ် ကုန်သည်
တွေက အခွန်အခပေးရသည်။ ဒီထုံးစံကို ဒိုချီကုန်းမြေမှာ 
ကျင့်သုံး လာတာ တော်တော်ကြာခဲ့ပြီး ဒါကို ဆန့်ကျင်လို
သူ အတော်ရှား၏။

        ဈေးအဝင်ပေါက်မှာ လုံခြံရေးနှစ်ယောက် စောင့်ကြပ်
နေပြီး ၎င်းတို့ဟာ ရှောင်မျိုးနွယ်မှဖြစ်ကြသည်။ ရှောင်ယွင်နှင့် 
ရှင်းအာ ကို သေချာမှတ်မိနေ၍ လမ်းဖယ်ပေးကာ ကမန်း
ကတန်း အရိုအသေပေးလိုက်သည်။ 

     ခေါင်းအသာညိတ်လိုက်ပြီး အထဲကို လှမ်းဝင်လိုက်
သည်။အထဲတွင် ပြည့်နှက်စည်းကားနေတဲ့ လူအုပ်ကိုကြည့်
ရင်း ရှောင်ယွင် နှုတ်ခမ်းသပ်လိုက်မိ၏။ ဒါကြောင့်ဈေးဆိုင်
တွေကို မျိုးနွယ်စုက အထူးတင်းကြပ်ထားတာကိုး..
ဒီလောက်လူဝင်များနေမှတော့ အကျိုးအမြတ်ကလည်း 
ရမှာမနည်းဘူး...

     " တတိယသခင်လေး.. မိန်းခလေးရှင်းအာ ဘာအလိုရှိ
ပါသလဲ... တခုခု ဝယ်မလို့လား.. " 

အင်မတန်များတဲ့ လူအုပ်ကို ကြည့်ရင်း မျက်စိနောက်နေ
စဉ် အနောက်ဘက်ကနေ ကြားလိုက်ရသည်။

     အနောက်လှည့်ကြည့်လိုက်တော့ လူ ခုနှစ်ယောက် ရှစ်
ယောက်လောက် ရှောင်မျိုးနွယ်ဝတ်စုံဝတ်ဆင်ပြီး ရပ်နေ
တာကိုမြင်လိုက်သည်။ စကားပြောလိုက်တဲ့သူက အသက်
၃၀လောက်ရှိပြီး ရင့်ကျက်တဲ့သူတယောက်ဖြစ်ပုံရသည်။ 
ကြယ် ၆ လုံး တံဆိပ်တွေ့လိုက်၍ Dou Zhe အဆင့် ၆ 
တယောက်ဖြစ်မှန်း သိလိုက်သည်။ 

      ရှောင်ယွင်အကဲခတ်ကြည့်နေတာသတိပြုမိ၍ ရိုးသား
စွာပြုံးလိုက်ပြီး 
     " တတိယ သခင်လေး.. ကျွန်တော့်ကို ပိုင်အန်လို့ခေါ်
ပါတယ်.ခေါင်းဆောင်က ကျွန်တော့်ကို ဒီမှာ တာဝန်ချထား
ပါတယ်။ ဒီဈေးရဲ့ လုံခြုံရေးတာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့
ခေါင်းဆောင်အနေနဲ့ပါ... အော် အရင်တုန်းက သခင်လေး
မွေးနေ့မှာ ကျွန်တော်ပိုင်အန် တက်ရောက်ခဲ့ပါသေးတယ်.."

    " အိုးး ဦးလေး ပိုင်အန်ပဲ... "

       ဟန်ဆောင်ပြီး ရေလိုက်ငါးလိုက် ပြန်ပြောလိုက်သည်။ 
ဒါပေမဲ့ သူ့နှုတ်ဆက်စကားက ရှောင်ယွင်ကို ကျေနပ်စေ
သည်။ အဖေကိုယ်တိုင်က ဒီမှာ တာဝန်ပေးထားတော့ ပိုင်
အန်က အဖေ့ရဲ့ သစ္စာရှိ လူယုံပဲ ဖြစ်ရမယ်။

    ရှောင်မျိုးနွယ်အုပ်စုဟာ အရမ်းကြီးပြီး သြဇာတိက္ကမနှင့်
ပြည့်ဝတဲ့ အုပ်စုမဟုတ်ပေမဲ့ မျိုးနွယ်အတွင်းမှာ မတူညီတဲ့
အုပ်စုလေးတွေ ခွဲထားကြသည်။ တကယ်၍ ပိုင်အန်သာ
တခြားအုပ်စုဘက်တော်သားဆိုရင် ယခုလိုမျိုး လာနှုတ်
ဆက်ပြီး ချိုချိုသာသာ လာပြောနေမည် မဟုတ်ပေ။

   " အပြင်မထွက်ရတာ ကြာလို့ ပျင်းပြီး လျှောက်ကြည့်နေ
တာပါ.... ဦးလေးပိုင်အန် လုပ်စရာရှိတာလုပ်နော် အားမနာ
နဲ့နော်..  ကိစ္စတခုခုလိုအပ်လာရင် လာရှာလိုက်ပါ့မယ်.. "

     ရှောင်ယွင်ရဲ့ငယ်ရွယ်တဲ့ အသံက တခြားသခင်လေးလို
မျိုး ဝင့်ကြွားတဲ့ဟန် လုံးဝမရှိဘဲနဲ့ သူ့အသံက နူးညံ့ပြီး 
လေးစားမှုရှိ၏။ သူ့အသံကို ကြားလိုက်ရင်တောင် ပီတီဖြစ်
ပြီး ပျော်ရွှင်သွားနိုင်၏။ 

    ပိုင်အန်တယောက် အပြုံးပန်းဝေကာ ပီတိတွေဖြာသွား
လေသည်။ ခေါင်းညိတ်ပြလိုက်ပြီး 

" ဒါဆို သခင်လေး အေးအေးဆေးဆေး ဈေးပတ်လိုက်ပါ
ဦး.. ဒီဈေးမှာ ကျွန်တော်တို့လူတွေက ဖြန့်ထားတော့ 
အကြောင်းတခုခုရှိရင် လှမ်းခေါ်လိုက်လို့ရတယ်.. "

      ရှောင်ယွင် အသာခေါင်းညိတ်ပြလိုက်ပြီးနောက် 
ရှင်းအာကို လက်ဆွဲကာ လူအုပ်ကြားထဲ တိုးဝင်သွားသည်။ 
ခနအကြာ ပိုင်အန်မြင်ကွင်းမှ ရှောင်ယွင်တို့နှစ်ယောက်
ရောနှောပျောက်ကွယ်သွားသည်။ 

      " ပ့ါလိ... လူနှစ်ယောက်ကို သခင်လေးနောက် လိုက်
သွားခိုင်းလိုက်... ပြီးတော့ ဈေးထဲက သူခိုးတွေကိုလည်း 
သတိပေးလိုက်..သခင်လေးနဲ့ ရှင်းအာကို အနှောင့်အယှက်
ပေးမိခဲ့ရင် ဒီဈေးမှာ သူတို့အေးဆေးနေရလိမ့်မယ့်မထင်
နဲ့လို့... " 

   ရှောင်ယွင်တို့နောက်ကျောကို မမြင်ရသည်နှင့် အနောက်
လှည့်ပြီး အမိန့်ပေးလိုက်သည်။ သူ့၏ ရိုးသားတဲ့မျက်နှာ
ဟာ  အလေးအနက်ထားပြီးဆောင်ရွက်တတ်တဲ့ဟန်
 ပြောင်းလဲသွား၏။

     " ဟုတ်ကဲ့ ခေါင်းဆောင်.. " လက်အောက်ငယ်သား
တယောက်က ဖြေလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ကာ
နောက်ထပ်လူနှစ်ယောက်ကို ခေါ်ပြီး လူအုပ်ကြားထဲ တိုး
ဝင်သွားသည်။ 

   " ဟားဟား တတိယသခင်လေးက အရမ်းကိုယဉ်ကျေး
တာပဲ   သူနဲ့ ဆက်ဆံပြောဆိုရတာ အရမ်းအဆင်ပြေတယ်.. "

သူ့လူသုံးယောက် လူအုပ်ကြား ရောနှောဝင်ရောက်သွာတာ
ကို ကြည့်ရင်း ပြုံးလိုက်မိ၏။ ဒါပေမဲ့ တချက်ပါပဲ မျက်မှောင်
ကြုံ့ကာ ရေရွတ်လိုက်ပြန်သည်။ 

" တတိယသခင်လေးလို လူကောင်းတယောက်ကိုမှ... ဟူးး
အင်းလေ အဲဒါက စိတ်မကောင်းစရာပဲ.. "

   ပိုင်အန် စိတ်မကောင်းစွာ ခေါင်းခါလိုက်ပြီး လက်အောက်
ငယ်သားနှင်အတူ ဈေးကို ကင်းလှည့်ထွက်သွားသည်။ 

...................

ရှောင်ယွင်အနောက်ကို ပျင်းရိစွာ လိုက်ပါနေရင်း ရှင်းအာ
မသိမသာ အနောက်ကို လှည့်ကြည့်လိုက်ကာ ပြုံးလိုက်
၏။ 
         " အကိုရှောင်ယွင်... ပိုင်အန်ဆိုတဲ့လူက တကယ့်
လူကောင်းပဲ"

    အင်း တချက်သာ ဖြေလိုက်ပြီး ဘေးတန်းက ဈေးဆိုင်ကို
သာမန်ကာလျှံကာကြည့်လာခဲ့သည်။    ရှောင်ယွင်ရဲ့ စိတ်
အာရုံ ဖြန့်ကျက်မှုက  ပုံမှန်လူတွေထက်  ပိုအစွမ်းထက်ပြီး 
အနောက်မှာ အစောင့်တွေ လိုက်ပါနေတာကို သတိပြုမိ
သည်။ အနောက်လှည့်ကြည့်လိုက်ပြီး လမ်းလျှောက်နှေး
လိုက်ကာ ရှင်းအာနှင့် ဘေးတိုက် လျှောက်လိုက်ပြီး ရှင်း
အာ ဘက်ကို ခေါင်းငဲ့လိုက်ကာ  ကျီစယ်လိုက်၏။ 

     " ဒိုချီအဆင့် ၉ နဲ့ အနောက်က အစောင့် ၃ ယောက်ကို 
အာရုံခံနိုင်တယ်.. ရှင်းအာက အရမ်းတော်တာပဲ.."

ရှောင်ယွင်လုပ်တတ်တဲ့ပုံစံကိုအတုခိုးကာ သူမရဲ့ပုခုံးကို 
ချစ်ဖို့ကောင်းအောင် တွန့်ပြလိုက်သည်။ ပြီးတော့ သူမလုပ်
နေကျအတိုင်း ပြုံးပြီး တိတ်တိတ်နေသည်။ 

( TNL: အဆင့်၉ နဲ့ မသိနိုင်ပါ။ ရှင်းအာက လှမ်းထောက်
နိုင်၍ထူးဆန်းနေခြင်းဖြစ်သည်)

အသံတိတ်နေတဲ့ ရှင်းအာကို ကြည့်ပြီး ရှောင်ယွင်ပြုံးလိုက်
မိ၏။ ရှင်းအာရဲ့ခေါင်းကို ညင်ညင်သာသာလေး ပုတ်လိုက်
ပြီး လေသံတိုးတိုးဖြင့် 
   
" ရှင်းအာရဲ့ဘဝအမှန်ကို မသိပေမဲ့ ဘာပဲပြောပြော
ရှင်းအာက ရှောင်ယွင်ရဲ့ညီမလိုပါပဲ.. အနာဂတ်မှာ 
ဘာကိစ္စပဲဖြစ်ဖြစ် ညီမကို ကာကွယ်ပေးမယ်.. "

 ပေါ့ပါးစွာ ပြုံးလိုက်ပြီး ဘေးချင်းကပ်လျှောက်နေရာကနေ
အရှေ့ကို ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ 

  လှမ်းနေတဲ့ ခြေအစုံရပ်သွားပြီး သူမကိုခပ်တိုးတိုးပြော
သွားတဲ့ ရှောင်ယွင်ကိုသာ ငေးကြည့်နေမိတော့သည်။
ခနတာအတွင်း နူးညံ့တဲ့မျက်နှာပြင်မှာ အပြုံးပန်းလေး
တပွင့် ပွင့်လန်းလာသည်။ 
  
    ခေါက်တုံ့ခေါက်ပြန် လူအုပ်ကြားမှာ သူမပုံရိပ်ဟာ အထီး
တည်း  ကြာပန်းပွင့်လေး ငွားစွင့်စွင့်ပွင့်လန်းနေသကဲ့သို့...

 " ညီမတဲ့လား..  ရှင်းအာက လောဘကြီးတဲ့မိန်းခလေးဆို
ပေမဲ့.. "   
       ဦးခေါင်းလေးကို စောင်းပြီး တိုးတိုးရေရွတ်လိုက်သည်။
ပြီး ရှောင်ယွင်အနောက်ကို မပြေးရုံတမယ် အမှီလိုက်သွား
သည်။

.........

ဘေးတန်းက ဈေးဆိုင်တန်းတွေကို သွားရင်းလာရင်း သေ
ချာအကဲခတ်နေသော ရှောင်ယွင်အနား ကပ်လိုက်သွားရင်း
 ဈေးတန်းရဲ့ လူအရှုပ်ဆုံးနဲ့ အတွင်းဘက်အကျဆုံး နေရာ
ကို ရောက်လာခဲ့ကြသည်။ ဒီနေရာမှာ အများအားဖြင့် 
ပိုက်ဆံအတော်သင့်ရှိတဲ့သူ ဒါမှမဟုတ် စွမ်းအားမြင့်တဲ့
သူတွေလောက်ပဲ ရောင်းဝယ်လာလုပ်တာများပါတယ်။ 

   ရှောင်ယွင် မွန်းစတားအမြုတေ လိုက်ရှာကြည့်နေအချိန်
ရှင်းအာ ပျင်းရိလာပြီး သန်းရှင်းသပ်ရပ်တဲ့ဈေးဆိုင်တဆိုင်
ထဲကို ဝင်ကြည့်လေသည်။ ဖြူနုသော သူမလက်ကလေး
ဟာ အစိမ်းရောင်နုနုလက်ကောက်ကို ကောက်ယူလိုက်
၏။ လက်ကောက်ကို ထူးခြားတဲ့ အရာတွေနဲ့ တန်ဆာ
ဆင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ငွေရေခဲ ဓာတ်ပါလို့ ပူပြင်းတဲ့ 
အချိန်မှာတောင် ကိုင်တွယ်ရတာ အေးမြလို့နေသည်။ 
လက်ကောက်မှာ အပြောင်ပုံစံဖြစ်နေပေမဲ့ ပုံသဏ္ဌာန်မှာ 
လက်ရာကောင်းမှန်းသိသာသည်။ 

    ဝယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ ရှောင်ယွင်ကို 
ပိုက်ဆံအကုန်ချေးလိုက်တာကို သတိရသွားသည်။ ပြန်
လှည့်လိုက်တဲ့အချိန်မှာ ဆိုင်ရှင်အဖိုးကြီးကို တွေ့လိုက်၍
အားနာစွာ ခေါင်းခါပြလိုက်ပြီး ပြုံးလိုက်သည်။
လက်ကောက်ကို ပြန်ချလိုက်ပြီး အရှေ့ကိုဆက်သွားသည်။
သူမ၏စိတ်အမူအကျင့်နှင့်ဆို   ရှောင်ယွင်ကိုတောင်မှ သူမ
အတွက် တခုခုဝယ်ပေးဖို့ ပြောမှာမဟုတ်ပေ။ 

     အရှေ့ကို ဆက်သွားကာ ပျင်းရိလာ၍ ရှောင်ယွင်ဆီ 
ပြန်လှည့်ရန် စဉ်းစားလိုက်ချိန်မှာပဲ ကျယ်လောင်တဲ့
ရယ်သံတခု အရှေ့ဆီကနေ ကြားလိုက်၏။ 

    " ဟာ ဟိုမှာ  မိန်းခလေးရှောင်ရှင်းအာ မဟုတ်လား..?
ဟားဟား ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်မှတ်လိုက်ဘူး...
ကံကြမ္မာ က မျက်နှာသာပေးလိုက်တာပဲ.. "

   မျက်မှောင်ကြုံ့လိုက်ပြီး အသံလာရာ အရပ်ကို လှည့်
ကြည့်လိုက်သည်။ တန်ဖိုးကြီး အဝတ်အစားဝတ်ဆင်ထား
တဲ့ လူငယ်တယောက်နှင့် နောက်လိုက်တစုကို တွေ့လိုက်သည်။ 
  
    လူငယ်ဟာ အသက် ၂၀ အရွယ်ရှိပြီး အတော်လေး
ကြည့်ကောင်းပါတယ်။ မျက်နှာ အနည်းငယ်ဖြူနုပြီး
မျက်လုံးမှာတော့ စိတ်လှုပ်ရှားဟန် ပေါ်နေကာ အရှေ့က
ရှောင်ရှင်းကိုသာ စူးစိုက်ကြည့်နေသည်။ အကြည့်ထဲမှာ
တပ်မက်ခြင်းလက္ခဏာ တွေ ထိန်းမရသိမ်းမရ ပေါ်လွင်နေသည်။
   
///////////////////

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...