Followers

Chapter 28

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 28.   လေဟာနယ်လက်ဝါးကို အဆင့်မြှင့်ခြင်း

သစ်သားစည်ပိုင်းထဲမှာ ထိုင်လျက် သူ့ခန္ဓာကိုယ်လည်း 
အေးစက်စက် ဆေးရည်ထဲမှာ နစ်မြုပ်လျက် ရှိသည်။ 
တည်ငြိမ်တဲ့ ဆေးစွမ်းအင်ကို လည်း လေ့ကျင့်ခြင်းနှင့်
အတူ စုပ်ယူလျက်ရှိသည်။ ပုံမှန်နည်းလမ်းအရ အဆင့်
၇ သို့ ရောက်ပြီလျှင် အနားယူပြီး ပြန်လည်ပြင်ဆင်ရသေး
သည်။ သို့ပေမဲ့ ရှောင်ယွင်အတွက် အခြေခံဆေးရည်ရှိ
သည့်အတွက် အနားယူဖို့ မလိုအပ်ချေ။ သူ့၏အနေအထား
မှာ အမြင့်ဆုံး အခြေအနေမှာ ရှိနေသည်။ 

သစ်သားစည်ပိုင်းထဲမှာ အတန်ကြာထိုင်နေပြီး စိတ်လှုပ်
ရှားနေမှုတွေ တည်ငြိမ်သွားပြီးနောက် နောက်ဆုံး ပျင်းရိ
လေးတွဲ့စွာ ထလိုက်သည်။ ခန္ဓာကိုယ်မှာ ကပ်ကျံနေတဲ့
ဆေးရည်စက်တွေက ယိုစီးလာရာ နေအလင်းရောင်
ကြောင့် တလက်လက် တောက်ပနေသည်ဟု ထင်မှတ်ရ
သည်။ 

ပျင်းရိစွာ အကြောဆန့်လိုက်ရာ ခန္ဓာကိုယ်က အရိုးအဆစ်
များက အသုံးမပြုရသေးတဲ့ အရိုးအဆစ်အသစ်များအလား
ကြွပ်ဆတ်ဆတ်အသံများ ထွက်ကုန်သည်။ 

ခေါင်းကို အသာအယာပဲ လှည့်လိုက်ရင်း ကုတင်ပေါ်ကို
ညာလက်ထောက်လိုက်ပြီး အဝတ်တစ်စုံ ဆွဲယူလိုက်သည်။

အဝတ်အစားကို ဝတ်ဆင်နေရင်း လေသံတိုးတိုးဖြင့်
" ခံစားရတာ အရမ်းကောင်းတာပဲ... ငါ့ရဲ့ ဒိုစွမ်းအင်က 
နည်းနည်းတိုးလာပြီး... ဒါဆိုရင် တစ်စုံတစ်ယောက်ရဲ့
လုပ်ရပ်တွေကို ဟန့်တားလို့ရနိုင်ပြီးပေါ့ "

" ကံဆိုးတာက လေဟာနယ်လက်ဝါးသိုင်းက တိုက်ခိုက်
တဲ့နေရာမှာ စွမ်းအားမရှိတာက ခက်တယ်.. ရန်သူဆီကနေ
သွေးတွေ စုပ်လို့ရတယ် ဆိုတာကလည်း ငါ့ထက် ဒိုချီစွမ်း
အင် နိမ့်တဲ့ လူတွေအပေါ်ပဲ သက်ရောက်မှုရှိတာ.. ငါ့ထက်
အဆင့်မြင့်တဲ့သူနဲ့ တွေ့ရင် ကံဆိုးမှာပဲ.. " 

လေဟာနယ်လက်ဝါးသိုင်းရဲ့ အားနည်းချက်ကို စဉ်းစား
ရင်း ရှောင်ယွင် စိတ်ပျက်မိသည်။ ဒီသိုင်းက သိပ်မကောင်း
ပေမဲ့လည်း ဒါဟာ သူ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ဒိုစွမ်းအင်
ကျင့်စဉ်ပဲ မဟုတ်လား... 

သစ်သားစည်ပိုင်းထဲကနေ ထွက်ဖို့ ခြေလှမ်းစလိုက်တဲ့
အချိန်မှာပဲ အကြံတစ်ခု ခေါင်းထဲဝင်လာပြီးနောက် ရှောင်
ယွင် နှုတ်ခမ်းစူပြီး တချက်စဉ်းစားလိုက်သည်။

သူ့မျက်လုံးက တောက်ပလာပြီ ထို့နောက်  ညာဘက်လက်
ကို ဖြည်းဖြည်ချင်း လက်သီးဆုပ်လိုက်ပြီး ပန်းအိုးတစ်လုံး
၏ ခြေတစ်လှမ်းအကွာ မှာ လက်ကို ရှေ့ဆန့်ထုတ်လိုက်
သည်။ ပြီးတော့ ပန်းအိုးကို လုံးဝမကြည့်ဘဲ လက်သီးကို
သာ စူးစိုက်ပြီး ကြည့်လိုက်သည်။ 

ရှောင်ယွင် အတွင်းစွမ်းအင်ကို အသုံးမပြုဘဲ လက်ဝါး
ပုံစံ ပြောင်းထုတ်လိုက်သည်။ 

ထို့နောက် နှုတ်ခမ်းသပ်လိုက်ပြီးနောက် အတွင်းလမ်း
ကြောင်း သတ်မှတ်ခြင်းနဲ့ စုစည်းမှုတွေကို မလုပ်ဘဲ 
လက်ဝါးပြင်ကနေ ဒိုချီစွမ်းအင်ကို ရိုက်ထုတ်လိုက်သည်။ 

အတွင်းလမ်းကြောင်း မသုံးဘဲ ဒိုချီစွမ်းအင်ကို ရုတ်ခြည်း
ထုတ်နိုင်ဖို့ဆိုတာ Da Dou Shi အဆင့်လောက်ရောက်မှ
လုပ်နိုင်မည်။ ယခု ရှောင်ယွင် လုပ်လိုက်သည်က အလယ်
လတ် လေပြင်းတစ်ခုသာ ဖြစ်ပေါ်လာခဲ့သည်။ 

သူ့ လက်ဝါးပြင်က လေပြင်းလှိုင်းဟာ ပန်းအိုးဆီ ရောက်
သွားပြီး စားပွဲပေါ်ကနေ ပြုတ်ကျလုမတတ် ဖြစ်စေသည်။ 

သူ့လက်ဝါးကနေ ဒိုချီစွမ်းအင် ထွက်အောင် မရိုက်ထုတ်နိုင်
ပေမဲ့ မျက်နှာမှာ အူမြူးတာတွေ ဖုံးမရဖိမရ ဖြစ်သွားပြီး
လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ ခြေလှမ်းကို အနောက်
ဘက် နှစ်လှမ်းလောက် ဆုတ်လိုက်သည်။ ထို့နောက် ပန်း
အိုးကို လက်ဝါးဖြင့် ပြန်ချိန်လိုက်ပြီး မာန်သွင်းပြီး အော်
လိုက်သည်။
" လေဟာနယ် လက်ဝါးးး "
သန်မာတဲ့ ဆွဲငင်အားတစ်ခု ဖြစ်ပေါ်လာပြီး သူ့လက်ဝါးဆီ
ကို ပန်းအိုးဟာ ချာလပတ်ရမ်းပြီး ပြေးဝင်လာသည်။
လက်ဝါးဆီ မရောက်ခင် သုံးပေအလိုမှာ ဆွဲငင်အားဟာ
ပျောက်ကွယ်သွားပြီး ရှောင်ယွင် ဒိုချိစွမ်းအင်ကို လျင်မြန်
စွာ ရိုက်ထုတ်လိုက်သည်။ လက်ဝါးပြင်မှာ လေပြင်းတစ်ခု 
ချက်ချင်းပဲ ထွက်ပေါ်လာပြီး အရှိန်နဲ့ ပြေးဝင်လာတဲ့ပန်းအိုး
ကို ထိမှန်သွားသည်။ 

" ခွမ်း!! "

တန်ပြန်အားနှစ်ခု လေထဲဆုံသွားပြီး ဆန့်ကျင်ဘက်အား
 နှစ်ခုတွေ့ဆုံခြင်းက ပန်အိုးကို အစိတ်စိတ်အမွှာမွှာ ကွဲ
အက်သွားစေသည်။
( ရှောင်ယွင်က ပန်းအိုးခွဲရတာ ကြိုက်တဲ့ပုံပဲ)

ပန်းအိုးကွဲတာကို ကြည့်ပြီး ရှောင်ယွင် အံ့သြဝမ်းသာသွား
သည်။ ဆွဲငင်အားနဲ့ တွန်းကန်အား ဆန့်ဘက်ဘက် နှစ်ခု 
ဆုံတွေ့ခြင်းက သူထင်ထားတာထက် ပိုပြီး အဖျက်
စွမ်းအားကောင်းနေသည်မဟုတ်လား..

အခုလို စမ်းသပ်လိုက်ရ၍ ရှိသမျှဒိုစွမ်းအင် ကုန်လုနီးနီးဖြစ်
သွားသော်လည်း ရှောင်ယွင် အလွန်စိတ်လှုပ်ရှားလျက် ရှိ
သည်။ တွန်းကန်အားအတွက် သူသုံးလိုက်တာက ဒိုချီစွမ်း
အင် အရမ်းသုံးစွဲရပြီး အကျိုးသက်ရောက်မှုက သာမန်မျှ
သာဖြစ်သည်။ တကယ်၍ လေဟာနယ်လက်ဝါးသိုင်းလို 
တွန်းကန်အားအတွက် အဆင်မြင့်သိုင်းတစ်ခုခုသာ ပိုင်
ဆိုင်ထားမည်ဆိုလျှင် ယခုထက်ပိုပြီး အကျိုးသက်ရောက်
မှု ရှိလိမ့်မည်။ 

" ကောင်လေး.. တော်တယ်ဟေ့.. လေဟာနယ်လက်ဝါး
သိုင်းကို ပိုအစွမ်းထက်အောင် တွေးနိင်တာ မဆိုးဘူးပဲ.."

အနက်ရောင်လက်စွပ်လေးဟာ လှုပ်ခါသွားပြီးနောက် ရွဲ့
လော်ရဲ့ တစ္ဆေဝိညာဉ်လို ခန္ဓာကိုယ်က ပေါလောပေါ် ထွက်
လာပြီး ပန်းအိုးအပိုင်းပိုင်းအစစကို ကြည့်ရင်း ရှောင်ယွင်ကို
ချီးကျူးအမွှမ်းတင်လိုက်သည်။

ရှောင်ယွင်ပြုံးသွားပြီး မျက်လုံးလေးကလယ်ကလယ်ဖြင့်
သူ့ဆရာကို ကြည့်လိုက်သည်။ နောက် မျက်နှာမှာ ဝမ်း
နည်းယောင်ယောင်ဖြစ်သွားပြီး အသနားခံပုံစံ ဖြစ်သွား
သည်။

" တကယ်လို့ တွန်းကန်အားအစွမ်းပါတဲ့ အဆင့်မြင့်သိုင်း
တစ်ခုခုလောက်ကို လေ့ကျင့်လိုက်မယ်ဆိုရင် အဆင့်နိမ့်
ရွှင်းအဆင့် လေဟာနယ် လက်ဝါးသိုင်းအစွမ်းက အဆင့်
မြင့် ရွှင်းအဆင့် ဖြစ်သွားနိုင်တယ်... "
ရှောင်ယွင်ရဲ့ သနားစရာမျက်နှာကို မမြင်ဘဲ ရွဲ့လော်
တစ်ယောက်တည်း ရေရွတ်နေသည်။ 

" ဆရာ.. လေဟာနယ်လက်ဝါးလို လက်နက်မသုံးရတာမျိုး
ကို ဇောင်းပေးထားတဲ့ သိုင်းဆိုတာ အလွန့်လွန်ရှားတယ်ဆို
တာ ဆရာသိတယ်မလား.. လေဟာနယ်လက်ဝါးသိုင်း
တောင်မှ အလွန်ကံကောင်းလို့ရလာတာ.. လေဟာနယ်
သိုင်းလိုမျိုး ဒိုချီသိုင်းတစ်ခုခုကို ဆရာက ကျွန်တော့်ကို
ဘယ်မှာ ရှာစေချင်တာလဲ... " 
ရှောင်ယွင် စိတ်ဓာတ်ကျစွာ ခေါင်းကုတ်ပြီး ပြောလိုက်၏။

" သနားစရာမျက်နှာ လုပ်ထားတာကို ရပ်လိုက်တော့...
မင်း ငါ့ဆီက သိုင်းကျမ်းကို တောင်းချင်နေတာ ငါသိတယ် "
ရွဲ့လော် ဒေါသထွက်သံဖြင့် ပြောလိုက်သည်။

" အဲလို ဆန့်ကျင်ဘက်အားနှစ်ခု တွဲသုံးဖို့ အတွေးဝင်တာ
မင်းတစ်ယောက်တည်းပဲ မဟုတ်ဘူး.. ပြီးတော့ လက်နက်
မသုံး ကိုယ်တိုင်သွားတိုက်စရာမလိုဘဲ လေဟာနယ်လက်
ဝါးလိုမျိုး အဝေးကနေ သုံးလို့ရတဲ့ သိုင်းလိုမျိုး နှစ်ခုပိုင်ဆိုင်
ထားဖို့ဆိုတာ အင်မတန်ရှားတယ်ကွ.. အဲ့ဒါကြောင့် ဘယ်
သူ့မှ အဲဒီ့အကျိုးသက်ရောက်မှုနှစ်ခုကို ပေါင်းစပ်ပြီး မသုံးရ
လိုက်ကြရဘူး.."

" ဆရာ့ဆီမှာတောင် မရှိဘူးပေါ့??"  
ရှောင်ယွင်မျက်နှာ အိုကျသွားသည်။ တွန်းကန်အားကို
ထုတ်ပေးနိုင်တဲ့ သိုင်းကျမ်းမရှိဘဲနဲ့ ပြီးတော့ သူ့ကိုယ်ပိုင်
ဒိုချီစွမ်းအင်ကို သုံးမယ်ဆိုရင်လည်း ဒါဟာ သိပ်ပြီး အဆင်
ပြေတဲ့အရာ မဟုတ်ဘူး။ 

ရှောင်ယွင်ရဲ့ စိတ်ဓာတ်ကျနေတဲ့ မျက်နှာကို ကြည့်ပြီး
ရွဲ့လော် နဖူးပြင်ကို နှိပ်ထားရင်း ပြုံးလိုက်သည်။ 
ခနအကြာမှ စကားဆက်ပြောသည်။
" အရင်တုန်းက ငါ့ဆီမှာ ဆေးလုံးလာတောင်းတဲ့လူတစ်
ယောက်ရှိခဲ့ဖူးတယ်ကွ...  ငါ့အထင် အဲဒီတုန်းက လေဟာ
နယ်သိုင်းကျမ်းလိုမျိုး သိုင်းကျမ်းတစ်ခုကို ဆေးဖိုးအနေနဲ့
ယူခဲ့မိတယ်ထင်တာပဲ.. ငါ့မှာ သူပြောတဲ့ ဆေးလုံးမရှိခဲ့ဘူး
ဆိုရင် အဲလိုလူနဲ့ အဆက်အဆံမလုပ်ပါဘူးကွာ... ဟင်း..
တော်တော်ကြာခဲ့ပါပြီး.. ဒီနေ့သာ ဒီအကြောင်းမပြောမိဘူး
ဆိုရင် ငါ တကယ်ကို သတိမေ့သွားမှာ သေချာတယ်.."

" ဟုတ်ပြီး.. ရှာတွေ့ပြီး.. "
ပြောနေရင်း နဖူပြင်မှာ နှိပ်ထားတဲ့ လက်ချောင်းကို ရှောင်
ယွင်နဖူးဆီ ပြောင်းကပ်ပေးလိုက်သည်။ 

လက်ချောင်းမှတဆင့်  သိုင်းကျမ်းစာအမြောက်အများဟာ
ရှောင်ယွင်ဆီကို အလျင်အမြန် ကူးလူးပြောင်းရွှေ့သွားပြီး
ခနတာမျှသာ ကြာမြင့်ပြီးနောက် လက်ခံရရှိလိုက်တဲ့ သိုင်း
ကျမ်းကို ရှောင်ယွင် လေ့လာသိရှိလိုက်သည်။ 

" မီးလက်ဝါးသိုင်း!!.. အဆင့်နိမ့် ရွှင်းအဆင့် သိုင်းကျမ်း..
ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်အောင် လုပ်နိုင်တယ်.. "

မဆန်းပြားတဲ့ သိုင်းနာမည်နဲ့ ရိုးစင်းလှတဲ့ သိုင်းအညွန်းက
အဆင့်နိမ့် ရွှင်းအဆင့်သိုင်းကျမ်းကို ခပ်ညံ့ညံ့သိုင်းကျမ်း
တစ်ခုလို့ ထင်မှတ်စေနိုင်သည်။ 

" ဒီသိုင်းရဲ့ မူလတီထွင်သူက ပန်းပဲဆရာတစ်ယောက်ပဲ..
သူ့ဘဝတခုလုံးကို ပန်းပဲဖိုမှာပဲ ကုန်ဆုံးသွားစေခဲ့သူတစ်
ယောက်ပေါ့.. ပန်းပဲဖိုထဲက မီးတွေကြောင့်ပေါ့.. သူ ဒီသိုင်း
ကို ထွင်လိုက်တာ အနှစ်နှစ်ဆယ်လောက် ကြာသွားတယ်.."
ခပ်ညံ့ညံ့သိုင်းတစ်ခုလို့ ထင်ပြီး မျက်နှာတင်းနေတဲ့ ရှောင်
ယွင်ကို ကြည့်ပြီး ရွဲ့လော် ခပ်ဟဟလေးရယ်ပြီး ပြော
လိုက်သည်။

ရှောင်ယွင်လေး မျက်လုံးကို ကစားလိုက်ရင်း ပန်းပဲဆရာကို
လည်း အတော်အထင်ကြီးသွားသည်။ ဒိုချီသိုင်းတစ်ခုကို
ဖန်တီးဖို့ဆိုတာ အင်မတန်ထူးချွန်တဲ့ သူမှသာ ဖြစ်နိုင်ပြီး
ခပ်ညံ့ညံ တူကိုင်တတ်ရုံ ပန်းပဲဆရာတွေ ဖန်တီးနိုင်တဲ့ 
အရာမဟုတ်ပေ။ 

မီးလက်ဝါးသိုင်းက လေ့လာရတာ မခက်ခဲသည့်အပြင် 
ရွဲ့လော်အကူအညီပါ ရနေ၍ အချိန်နှစ်နာရီအတွင်း သိုင်း
အခြေခံသဘောတရားကို ဖမ်းဆုပ်နားလည်နိုင်ခဲ့သည်။

ရှောင်ယွင် အခန်းထဲမှာ ရပ်နေလိုက်ပြီး တစ်လုံးပဲ ကျန်
တော့တဲ့ နောက်ဆုံးပန်းအိုးကို ကြည့်လိုက်သည်။ ပြီး
နောက် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး လက်သီးဆုပ်လိုက်
သည်။ 

" လေဟာနယ်လက်ဝါး!!! "

အားကောင်းတဲ့ စုပ်ယူအားကြောင့် ပန်းအိုးဟာ ရှောင်ယွင်
ဆီကို ပြေးဝင်လာသည်။ အရှိန်နဲ့ ပျံဝင်လာတဲ့ ပန်းအိုးကို
မျက်တောင်မခတ်ဘဲ ကြည့်နေရင်း လေဟာနယ်လက်ဝါး
သိုင်းကို ရပ်ချလိုက်ပြီး ချက်ချင်းပဲ မီးလက်ဝါးသိုင်း၏ ချီ
အတွင်းလမ်းကြောင်းကို နှိုးဆွလိုက်သည်။ 

" မီးလက်ဝါး!! "

ရှောင်ယွင်နဖူးပြင်ဆီကို ပန်းအိုးထိမှန်တော့မည့်ဆဲဆဲမှာ 
သူ့လက်ဝါးပြင်မှ  ပြင်းထန်တဲ့ လေပွေပြင်းဟာ တကိုယ်လုံး
လွှမ်းခြုံသွားပြီး အခန်းတစ်ခုလုံးမှာ ရှိတဲ့ အရာဝတ္ထု
တွေလည်း ရုတ်တရက် မုန်းတိုင်းအကြား ရောက်သွား
သည့်အလား လေပွေနှင်ရာ လိုက်ပါသွားသည်။ 

" ခွမ်း..!! "
ပန်းအိုး ကွဲအက်သံဟာ နောက်ထပ်ထွက်ပေါ်လာခဲ့သည်။
ဒါပေမဲ့ ဒီတကြိမ်မှာတော့ အားနှစ်ခု တွေ့ဆုံခြင်းကြောင့်
အပိုင်းပိုင်းအစစမဖြစ်တော့ဘဲ နူးညံ့တဲ့ အဖြူမှုန့်အဖြစ်
ပြောင်းသွားသည်။ 

" အစွမ်းထက်တယ်!!  "

အဖြူမှုန့်တွေ တစ်ကိုယ်လုံးပေါ် ကပ်လွင့်လာ၍ ရှောင်ယွင်
ခုန်ပေါက်ရှောင်ရှားလိုက်သည်။ ပန်းအိုးအမှုန့်တွေကို ပြန်
ကြည့်ပြီး မျက်လုံးနှစ်လုံးဟာ တောက်ပသွားသည်။ ဒီသိုင်း
နှစ်ခုကို ကျွမ်းကျင်သွားပြီ မရပ်ဘဲ တဆက်တည်း ပြောင်း
သုံးနိုင်ပြီဆိုရင် သတိမရှိတဲ့ ရန်သူကို ကောင်းကောင်း 
ဒုက္ခပေးလို့ ရပြီး။

အဖြူမှုန့်တွေကို တစ်ကိုယ်လုံး ပတ်ခါနေရင်း သူ့အတွက်
အရှေ့သုံးလမှာ လေ့ကျင့်ဖို့ သင်ခန်းစာအသစ်တစ်ခု တိုး
သွားပြီဟု သိလိုက်သည်။ 

နောက်သုံးလဆိုရင် အရွယ်ရောက်ခြင်းအခမ်းအနား
ကျင်းပတော့မည်။ 

" ဟားဟား... အရွယ်ရောက်ခြင်းအခမ်းအနားမှာ ငါ အရူး
ကောင်တစ်ယောက်လို ဖြစ်နေမှာပဲလို့ လူတွေက မျှော်လင့်
နေကြမှာပဲ.. ဟားဟား "

ပြန့်ကြဲနေတဲ့ အခန်းလယ်မှာ ရှောင်ယွင် အေးစက်စွာ ရယ်
မောလိုက်သည်။ 
................

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...