Followers

Chapter 21

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 21.   ကွက်လပ်

အဆင့် ၂ မှော်ဆေးပညာရှင် ကုနီ
ပထမတန်းလေလံပွဲဆိုတာ ဝူတန်မြို့ရဲ့ အကြီးဆုံးလေလံ
အိမ်တော်တခုဖြစ်ပြီး ဂျားမာ အင်ပါယာရဲ့ အချမ်းသာဆုံး 
မိသားစုထဲက တစုဖြစ်တဲ့ ပထမတန်းမိသားစု၏ ဋ္ဌာနခွဲ
တစ်ခုဖြစ်သည်။ 
    
   ပထမတန်းမိသားစုဟာ အလွန့်လွန် ရှေးကျတဲ့ မိသားစု
ဖြစ်ပြီး ဂျားမာအင်ပါယာမှာ ရာစုနှစ်ခုစာမျှ အတော်လေး 
အင်အားကြီးမားခဲ့ဖူးသည်။ ပထမတန်းမိသားစုရဲ့ကွန်
ရက်က အတော်လေးကျယ်ပြန့်ပြီး ကောလာဟလသတင်း 
အချို့ကလည်းပထမတန်းမိသားစုက ဂျားမာအင်ပါယာနန်း
တွင်းနှင့်ပင်ခိုင်မာတဲ့ဆက်ဆံရေးရှိသည်ဟုလည်း အခိုင်
အမာ ဆိုကြ၏။

အင်ပါယာနိုင်ငံအတွင်းမှာ ပထမတန်းမိသားစု၊ နလန်မိ
သားစု နှင့် မီအာမိသားစု တို့ဟာ အကြီးဆုံးမိသားစု သုံးစု 
ဖြစ်ကြပြီး ကုန်သွယ်ရေးနှင့်စစ်အင်အားအပိုင်းမှာလည်း 
အသီးသီး ဆက်နွယ်မှု ရှိကြသည်။ 

လေလံပွဲကနေ အကျိုးအမြတ်များစွာ ရမည်ဆိုတာကို သိရှိ
ကြပေမဲ့ လေလံအိမ်ရဲ့ နောက်ကွယ်မှာ ပထမတန်း မိသား
စု၏ အရှိန်အဝါကြောင့် ဘယ်သူမှ ပထမတန်းလေလံအိမ်
ကို အံတုပြီးမယှဉ်ပြိုင်ရဲကြချေ။

..........,
  
လမ်းအဆုံးမှာ တည်ရှိနေသည့် လေလံအိမ်ကို လှမ်းမြင်
လိုက်သည်နှင့် ရှောင်ယွင် ဘေးလမ်းကျဉ်းလေးဘက်ကို 
ချိုးဝင်လိုက် ပြီးနောက် အနက်ရောင်ဝတ်ရုံကို ထုတ်ပြီး 
ဝတ်ဆင်လိုက်၏။
 (TNL: ဟယ်ရီပေါ်တာကားထဲက ဝတ်စုံလိုပါပဲ.. )

  အနက်ရောင်ဝတ်ရုံက ရှောင်ယွင်မျက်နှာကို ကာပေးထား
ရုံမက သူ့ရဲ့အရပ်အမောင်းကိုလည်း လူကြီးတယောက်၏
ကိုယ်လုံးကိုယ်ထည်မျိုးဖြစ်စေသည်။ ဤဝတ်ရုံဝတ်ဆင်
ထားလိုက်ရင် ရှင်းအာကိုယ်တိုင်ကြည့်ရင်တောင် ရှောင်
ယွင်မှန်း သိလိုက်မှာ မဟုတ်ဘူး။ အနက်ရောင်ဝတ်ရုံနှင့်
လူကြီးတယောက်ဟုသာ ထင်မှတ်သွားမည်။
  
  တကိုယ်လုံး ခြုံဝတ်လိုက်ပြီးနောက် ရှောင်ယွင် စိတ်အေး
သွားသည်။ ဒီလို ဂရုစိုက်တာ အခြားကြောင့်မဟုတ်ပါဘူး။
အခြေခံဆေးက အရမ်းတန်ဖိုးရှိပါသည်။ မျိုးနွယ်စုတစ်စု 
အနေဖြင့် အခြေခံဆေးဆိုတာ အရမ်းကိုဆွဲဆာင်မှုရှိပါ
သည်။ မျိုးနွယ်ထဲမှာ တဦးတယောက်က ဆေးကို 
အမြောက်အများ ထုတ်ပေးနိုင်မယ်ဆိုရင်  ဒါဟာ မျိုးနွယ်
အတွက် အထူးသဖြင့် လူငယ်အပိုင်းအတွက် သူတို့၏ လေ့
ကျင့်နှုန်းကို မြှင့်တင်ပေးနိုင်ပြီး ဒါတွေကမျိုးနွယ်စု၏ အနာ
ဂတ်အင်အားမှာ အကူအညီဖြစ်စေမည်။အနာဂတ်မှာ
လည်း မျိုးနွယ်ကို ဦးဆောင်နိုငသူတွေ ဖြစ်လာကြမည်။

မျိုးနွယ်အတွင်း ဒီဆေးလုံးကိစ္စကို သိခဲ့ရင် ရှောင်ယွင်
အတွက် ဖြေရှင်းရခက်မည့် ပြဿနာ ဖြစ်လာနိုင်သည်။ 
ဒါကို ရှောင်ရှားဖို့အတွက် ရှောင်ယွင် ရုပ်ဖျက်ဖို့ပဲ ရွေးချယ်
ချယ်လိုက်ခြင်းဖြစ်သည်။ 

  ကျောက်စိမ်းဖြူပုလင်းကို ဝတ်ရုံထဲမှာ  သေချာစွာ ဖွက်
ကိုင်ထားပြီး ထို့နောက် လမ်းကြားထဲနေ ထွက်လာခဲ့ကာ 
လမ်းမ၏အဆုံးမှာ ရှိနေတဲ့ လေလံအိမ်ဆီကို ဦးတည်လှမ်း
သွားသည်။ 

လုံခြုံရေးအစောင့်တွေရဲ့ အလစ်မပေးတတ်တဲ့ အကြည့်
တွေအောက်မှာ ရှောင်ယွင် အေးအေးဆေးဆေး ခပ်တည်
တည်ပဲ  လေလံအိမ်တော်ထဲကို ဆက်တိုက် ဝင်သွားလိုက်
သည်။

အိမ်တော်ထဲ ဝင်လျှင်ဝင်ချင်း ချက်ချင်းပဲ အေးမြမှုကို ထိ
တွေ့ခံစားလိုက်ရ၍ နေပူဒဏ်ကြောင့် ပင်ပန်း နွမ်းနယ်နေ
တာတွေဟာ လုံးဝ ပြေပျောက်သွားကာ နေရာအသစ်တစ်
ခုဆီကို ရောက်ရှိသွားသကဲ့သို့ ထင်မှတ်စေနိုင်လောက်
အထိ အေးမြလှသည်။

   ကြီးကျယ်ခန်းနားတဲ့ ခန်းမဆီကို အိနြေ္ဒရရဖြင့် ဖြတ်
လျှောက်ွားနေရင်း အခန်းတခန်းကို လှမ်းတွေ့လိုက်သည်။ 
အခန်းအဝင်ပေါက်တံခါးဝရှိ  တောက်ပတဲ့စာလုံးကတော့
                         " စစ်ဆေးခြင်းအခန်း"

  ရှောင်ယွင် အဲ့ဒီအခန်းထဲကို ဝင်သွားလိုက်သည်။ အခန်း
ထဲမှာ ပစ္စည်းပစ္စယတွေ သိပ်မရှိဘဲ အလယ်လတ်အရွယ် 
လူကြီးတယောက် ထိုင်နေသည်ကိုသာ တွေ့လိုက်၏။ 
တံခါးဖွင့်သံကြားလိုက်ရ၍ ထိုလူကြီး ခေါင်းထောင်ကြည့်
လိုက်ရာ အနက်ရောင်ဝတ်ရုံနှင့်ရှောင်ယွင် ကို မြင်လိုက်
သည်။ မျက်တောင်တွန့်သွားပြီး စိတ်မသိုးမသန့်ဖြစ်သွား
ပေမဲ့ လေလံအိမ်မှာ လုပ်သက်ရင့်ကျွမ်းကျင်နေပြီးမို့လို့
ချက်ချင်းပင် အပြုံးမျက်နှာယူလိုက်ကာ

 " လူကြီးမင်း ဘာအလိုရှိပါသလဲ... ပစ္စည်းတခုခု စစ်ဆေးမ
လို့လား... "

" ဟုတ်တယ်.. "
ဝတ်ရုံကနေ ခြောက်ကပ်ပြီး အသက်ကြီးကြီးအသံက 
ထွက်ပေါ်လာသည်။ ဒီအသံက ရွဲ့လော်ဖြေလိုက်တဲ့အသံ 
ဖြစ်၏။

ရှောင်ယွင် အရှေ့တိုးလှမ်းလိုက်ပြီး ထိုလူကြီး၏အရှေ့က 
စားပွဲခုံပေါ်ကို  ကျောက်စိမ်းဖြူပုလင်းထုတ်ပြီး တင်ပေး
လိုက်၏။ 

" ဒီဟာက... ? "  ပုလင်းကိုကြည့်ပြီး စစ်ဆေးသူလူကြီးဟာ
ခေါင်းရှုပ်ထွေးသွား၏။ ထို့နောက် ပုလင်းကို သေချာ
ဂရုတစိုက် ကြည့်ပြီး ပုလင်းကို နှာခေါင်းတေ့ပြီး ရှုသွင်းကာ 
အနံခံလိုက်သည်။ ချက်ချင်းပင် မျက်နှာအမူအရာ တုန်လှုပ်
ပြောင်းလဲသွားပြီး ရှောင်ယွင်ကို ရိုသေလေးစားဟန်ဖြင့်

" လူကြီးမင်းက... မှော်ဆေးပညာရှင်တယောက်လား..?"

" မှန်တယ်... " ရှောင်ယွင်ဝတ်ရုံအောက်ကနေ ရွဲ့လော်
ပြန်ဖြေလိုက်သည်။

" ဒီပုလင်းထဲက ဆေးလုံးက ဘာအမျိုးအစားလဲဆိုတာသိ
လို့ရမလား... ဘာအတွက်သုံးဖို့အတွက်လဲ... ? "

မှော်ဆေးပညာရှင်တယောက်ဟု သိလိုက်ရတဲ့အတွက် စစ်
ဆေးရေးလူကြီးဟာ ပို၍ပို၍လေးစားလာတဲ့ လေသံဖြင့် 
မေးလိုက်၏။ 

  " အခြေခံဆေး..!!! ဒိုစွမ်းအင်လေ့ကျင့်ခြင်းရဲ့ အမြန်နှုန်း
ကို တိုးမြှင့်ပေးတယ်.. ဒါပေမဲ့ Dou Zhe အဆင့်အောက်
သမားတွေ အတွက်ပဲ သုံးလို့ရတယ်... "

 ရွဲ့လော်စကားကို ကြားလိုက်ရတဲ့အချိန်မှာ စစ်ဆေးတဲ့လူ
ကြီး အလွန်အံ့သြသွား၏။ " အိုးးးး ဒီဆေးအစွမ်းက ဒိုစွမ်း
အင်ကို မြှင့်တင်ပေးနိုင်တယ်...!!!! "
 
အားလုံးသိထားကြသည်မှာ ဒိုအတွင်းစွမ်းအင်ကို သတ်
မှတ်ထားတဲ့နည်းလမ်းအတိုင်း လေ့ကျင့်ရမည်ဖြစ်ပြီး 
စတင်လေ့ကျင့်သူတွေအတွက် သူ့တို့၏ အတွင်းစွမ်းအင်
လမ်းကြောင်းဟာ အားနည်းချက်ဖြစ်နေသည်။ တကယ်၍ 
အတွင်းလမ်းကြောင်းမသန်မာသေးတဲ့ လေ့ကျင့်သူတွေသုံး
လိုက်ရင် ဆေးအစွမ်းပြင်းထန်လွန်းခဲ့ရင် အတွင်းလမ်း
ကြောင်းတွေ ပေါက်ကွဲပြီး သေဆုံးရလိမ့်မည်။

" ကျွန်တော့်ရဲ့ဆေးက ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး..
ပြီးတော့ ဆေးအစွမ်းကလည်း အင်မတန်ကို ညင်သာတာ.. 
အဲလိုမျိုးတွေ မဖြစ်စေရပါဘူး... အဲ့ဒီအတွက် ခင်ဗျား ဘာမှ 
စိတ်မပူပါနဲ့... "  

စစ်ဆေးရေးလူကြီး ဘာတွေးနေသလဲဆိုတာ ရိပ်မိလိုက်ပြီး
နောက် အသံသြပြီး ရှတတဖြစ်နေတဲ့လေသံဖြင့် ရွဲ့လော်
အေးဆေးစွာ ရှင်းပြလိုက်၏။

လူကြီး၏အမူအရာက နောက်တမျိုး ပြောင်းလဲသွားပြန်
သည်။ ကျောက်စိမ်းပုလင်းကို သေသေချာချာကိုင်ပြီး စား
ပွဲပေါ် ဂရုတစိုက် ပြန်ချလိုက်ပြီးနောက် ရိုသေလေးစားစွာဖြင့်
" လူကြီးမင်း... အချိန်ခဏလောက် စောင့်ဆိုင်းပေးလို့ရ
မလား... လေလံအိမ်ခေါင်းဆောင် လူကြီးမင်းကုနီကို လာ
စစ်ပေးဖို့ သွားပြောမလို့ပါ... "

" ကောင်းပြီး.. မြန်မြန်လေး "
ရှောင်ယွင် လက်ကိုဝှေ့ယမ်းပြောလိုက်ပြီးနောက် ခွင့်မ
တာင်းဘဲ အားမနာစွာ အနားမှာ ရှိတဲ့ ထိုင်ခုံပေါ် ထိုင်ချ
လိုက်သည်။ 

ထိုလူကြီးလည်း ခေါင်းကို သွက်သွက်ညိတ်ပြီး အခန်းကနေ 
အလောတကြီးနိုင်စွာ ထွက်သွားသည်။

 ထိုင်ခုံမှာ ထိုင်နေရင်း ရှောင်ယွင် တိတ်တိတ်ဆိတ်ဆိတ်
ပဲ နေပြီး ရွဲ့လော်ကိုလည်း စကားတခွန်းမှ မပြောဘဲနေ၏။ 
ဒီနေရာက သူများနေရာဖြစ်၍ သတိထားနေရခြင်းဖြစ်သည်
။ ခိုးနားထောင်နေမဲ့လူ မရှိဘူးဟု မပြောနိုင်ဘူးမဟုတ်လား။

  အခန်းတွင် ခနအကြာ စောင့်နေပြီးနောက် စစ်ဆေးရေလူ
ကြီးပြန်ရောက်လာခဲ့သည်။ သူနှင့်အတူ အစိမ်းရောင်
အဝတ်နှင့် ဆံပင်အနည်းငယ်ဖြူနေတဲ့အကြီးအကဲ
တယောက် ပါလာခဲ့သည်။

 အကြီးအကဲရဲ့အင်္ကျီရင်ဘက်မှာ ဘာ ကြယ်အမှတ်အသား
မှ မရှိပါဘူ။ ဒါပေမဲ့ မှော်ဆေးမီးဖိုပုံစံလိုမျိုး အမှတ်အသား
ရှိပြီး အဲ့ဒီပုံပေါ်မှာ တောက်ပတဲ့ ငွေရောင် လိုင်းနှစ်လိုင်းရှိ
နေပါသည်။ 
 
" လူကြီးမင်း.. သူကတော့ ကျွန်တော်တို့လေလံအိမ်တော်
ရဲ့ ခေါင်းဆောင်ကုနီပါ..Da Dou Shi အဆင့်၃ တယောက်
လည်း ဖြစ်သလို မှော်ဆေးပညာရှင်အဆင့်၂ လည်း ဖြစ်ပါ
တယ်.. "

စစ်ဆေးရေးလူကြီးဟာ ရိုသေလေးစားစွာ မိတ်ဆက်ပေး
လိုက်ပါသည်။ 

 အကြီးအကဲ၏ဂုဏ်ပုဒ်ကို ကြားလိုက်ရတဲ့အချိန်မှာ ရှောင်
ယွင်မျက်ခုံးက သိသိသာသာ မြင့်တက်သွားသည်။ 
ရွဲ့လော်ကလွဲပြီး တခြားမှော်ဆေးပညာရှင်ကို ပထမဆုံး
အကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ အဲဒါကြောင့် အကြီးအကဲ
ကို သေချာစွာ အကဲပြန်ခတ်လိုက်သည်။

အကြီးအကဲမှာ နီမြန်းတဲ့မျက်နှာမျိုးရှိပြီး သူ့ရဲ့ အစိမ်းရောင်
အဝတ်က ကြည့်ရတာ သာမန်လို့ ထင်ရပေမဲ့ ငွေရောင်
အလင်းတွေက တချက်ချက် အဝတ်ကနေ ဖြတ်၍ လင်း
လင်းတက်လာသည်။ ဒါဟာ အဝတ်ထဲမှာ မွန်းစတား
အမြုတေကို ထည့်သွင်းချုပ်လုပ်ထားတာ သိသာနေပါ
သည်။ အကြီးအကဲ၏ ပုံမှန်မျက်နှာအမူအရာမှာပင် စိတ်
ကြီးဝင်နေတဲ့ဟန် ကိုမြင်ရနိုင်ပြီး ဒါဟာ မှော်ဆေးပညာရှင်
လုံးမှာ ရှိတတ်တဲ့ မာနစိတ်ထားတစ်ခုဖြစ်သည်။ 
 
ရှောင်ယွင် အကဲခတ်နေတဲ့ အချိန်မှာပဲ ကုနီလည်း 
အရှေ့က ရှောင်ယွင်ကို သေချာလေ့လာကြည့်လိုက်၏။ 
မှော်ဆေးပညာရှင်ဆိုတာ ဒီလို ဒိုစွမ်းအင်သမားလို မဟုတ်
တ်ပါဘူး။ သူတို့ကို နယ်ပယ်အသီးသီးကနေ အလိုရှိနေကြ
သည်။ အဲ့ကြောင့် ရှောင်ယွင်ကိုအကဲခတ်နေရင်း ဘယ်
မှော်ဆေးပညာရှင် ဖြစ်နေမလဲဆိုတာပါဆန်းစစ်ကြည့်မိ
သည်။

စစ်ဆေးရေးလူကြီးဟာ စားပွဲပေါ်က ကျောက်စိမ်းပုလင်းကို 
သေချာစွာ ကောက်ယူလိုက်ပြီး ကုနီလက်ထဲကို ကမ်းပေး
လိုက်သည်။

ကျောက်စိမ်းပုလင်း လက်ထဲကို ရောက်လာသည်နှင့်ရှေ့ဦး
စွာ ဆေးလုံးရဲ့ မွှေးပျံတဲ့ ရနံ့ကို မျက်လုံးမှိတ်ကာ ရှုသွင်းပြီး 
အနံ့ခံလိုက်သည်။ ထို့နောက် ပုလင်းကို အနည်းငယ်စောင်း
လိုက်သည်။ အစိမ်းရောက်အရည်လေးတစက်ဟာ ပုလင်း
 နှုတ်ခမ်းဝမှာ လေးတွဲ့စွာ တွဲခိုလာပြီး ကုနီရဲ့ လက်ဝါးပြင်
အလယ်တည့်တည့်ဆီကို ကျသွား၏။

လက်ဝါးပြင်ထက်က အစိမ်းရောင်အရည်တစက်ကို စိုက်
ကြည့်ရင်း အကြီးအကဲကုနီက ငွေအပ်တချောင်းကို ဆတ်
ခနဲ ဆွဲထုတ်လိုက်သည်။ ငွေအပ်ထိပ်ဖျားမှာ  ဒိုစွမ်းအင် 
အနည်းငယ်လှုပ်ခါကစားနေသည်။ အပ်ကို ဆွဲထုတ်လိုက်
ပြီးနောက် အစိမ်းရောင်အရည်ထဲကို အပ်ထိပ်ကို နှစ်လိုက်
ကာ ဖြည်းဖြည်းလေးမွှေလိုက်သည်။ 

 အပ်ဖြင့် မွှေနေရင်း ကုနီ၏မျက်နှာဟာ လေးနက်တဲ့အသွင် 
ပြောင်းလဲလာသည်။ ခနအကြာမှာ ရပ်လိုက်ပြီး အစိမ်းရော
င် အရည်ကို ပုလင်းထဲ ပြန်ထည့်လိုက်သည်။ ပြီးနောက် 
ရှောင်ယွင် ကို တဖန်ပြန်လှည့်ကြည့်လိုက်သည်။ စိတ်ကြီး
ဝင်နေတဲ့မျက်နှာမှာ အခုတော့ လေးစားစပြုတဲ့ဟန် ဖြစ်
ပေါ်လာသည်။ စစ်ဆေးရေးလူကြီးဘက်ကို လှည့်ပြီး 

" ဒီဆေးက အဆင့်၂ ရှိတဲ့ဆေးပဲ.. မင်းပြောတာ မှန်တယ်.. "

 ထိုအခါမှ စစ်ဆေးရေးလူကြီးလည်း စိတ်ပေါ့ပါးစွာ လေ
မှုတ်ထုတ်လိုက်ပြီး ရှောင်ယွင်ကို စိတ်လှုပ်ရှားစွာ ပြုံးပြပြီး 

" လူကြီးမင်း.. အခု ဒီဆေးလုံးကို လေလံတင်ဖို့ စိတ်ကူးရှိလား"

 " ဟုတ်တယ်..ဖြစ်နိုင်ရင် မြန်မြန်လေလံတင်ပေးလို့လား..."

" ဟဲဟဲ ကိစ္စမရှိပါဘူး.. လူကြီးမင်း ဒါကို ယူပြီး ပထမလေ
လံခန်းမှာ စောင့်နေလိုက်ပါ.. ကံကောင်းတာက လေလံပွဲ
က စတော့မှာ... ဒါဆိုရင် ဆေးလုံးက သိပ်မကြာခင် လေ
လံရတော့မယ်.. "

စစ်ဆေးရေးလူကြီးက ပြုံးရင် အနက်ရောင်သတ္တုကတ်ပြား
ကိုကမ်းပေးလိုက်သည်။

"ကောင်းပြီး.. "
ရှောင်ယွင် ကတ်ပြားကို လှမ်းယူလိုက်ပြီး ဘာမှမပြော
တော့ဘဲ အခန်းကနေ ချက်ချင်း လှည့်ထွက်လိုက်သည်။ 

" ဆရာကုနီ... အဲ့ဒီလူက တကယ့်ပဲ မှော်ဆေးပညာရှင်လား.."

ရှောင်ယွင် ထွက်ခွာသွားပြီး မမြင်ရတော့မှ စစ်ဆေးရေးလူ
ကြီးက ကုနီအနားကပ်ကာ ခပ်တိုးတိုးလေး မေးလိုက်၏။

" အမှန်ပဲ..သူက မှော်ဆေးပညာရှင်ပဲ..သူ့ရဲ့ ထက်မြက်တဲ့ 
စိတ်ဝိညာဉ်.. အင်း.. ဘယ်လိုမှ မမှားနိုင်ဘူး... "

 ကုနီ ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ ဒါပေမဲ့ မျက်မှောင်
တွန့်ကာ " ဒါပေမဲ့ သူက ဘယ်ကလာတာလဲ... ဝူတန်မြို့
မှာ အဆင့်၂ ရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်တဲ့ မှော်ဆေး
ပညာရှင်ရှိတယ်ဆိုတာ မကြားမိသေးပါဘူး.. " ဟု ရေရွတ်
လိုက်သည်။ 

" နည်းနည်း စုံစမ်းကြည့်ပေးရမလား.. "

အကြီးအကဲကုနီ မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါလိုက်ကာ
" မလုပ်နဲ့ဦး.. မှော်ဆေးပညာရှင်တွေအားလုံးက ထူးဆန်း
တဲ့စိတ်တမျိုးရှိကြတယ်.. သူ့ရဲ့ နောက်ကြောင်းကို ဖော်
ထုတ်နေတာကို သတိပြုမိရင် လေလံပွဲအပေါ် သံသယ
တခုခု ဝင်သွားလိမ့်မယ်.. ထူးခြားတဲ့ မှော်ဆေးပညာရှင်
တယောက်ကို  အမြင်မကြည်အောင် မလုပ်တာ အကောင်း
ဆုံးပဲ... "

ထို့နောက် အနောက်လှည့်ပြီး အေးဆေးစွာဖြင့်
" ငါတို့ လေလံပွဲကို စိတ်မပျက်စေဖို့ ဘာလုပ်ရမလဲဆိုတာ 
သိတယ်မလား.. "

" ဟုတ် သဘောပေါက်ပါပြီး.. "

" မှတ်ထားပါ...ငါတို့ သူ့ကို မိတ်ဆွေ မဖွဲ့နိုင်ခဲ့ရင်တောင်မှ 
သူ့ကို သွားပြီးစော်ကားလို့မရဘူး..ဒါမှမဟုတ်ဘဲ သွား
စော်ကားမိခဲ့ရင်...... !!"

ကုနီ အခန်းပြင်ကို ရောက်သွားပြီးဖြစ်သော်လည် သူ့ရဲ့
အေးစက်တဲ့ စကားလုံးတွေ အခန်းထဲမှာ ပဲ့တင်ထပ်ကျန်
နေဆဲ...

..................

No comments:

Post a Comment

Chapter 153

အပိုင်း ( ၁၅၃ ) - အဆိပ်ဆိုးခန္ဓာကိုယ် ကောင်းကင်ဘုံသို့ စစ်ပြိင်ခြင်း သီးသန့်နေရာကဲ့သို့ ဖြစ်နေပါသော ချိုင့်ဝှမ်းအတွင်းမှာ ရှော...